Thursday, February 25, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

ပြင်သစ်နိုင်ငံက ကားတာဝါ

by Thutamm
November 25, 2019
Reading Time: 1min read
0
ပြင်သစ်နိုင်ငံက ကားတာဝါ
Share on FacebookShare on Twitter

ကားတွေကို အဆင့်ဆင့်ထပ်ကာကွန်ကရစ်နဲ့တည်ဆောက်ထားတဲ့ ဒီပုံကို အင်တာနက်ပေါ်မှာ မကြာခဏ မြင်ဖူးကြမှာပါ။ ဘာလဲလို့ သိချင်တဲ့သူတွေအတွက် ဗဟုသုတ အဖြစ်ဝေမျှလိုက်ပါတယ်။

တကယ်တော့ဒါဟာ Long Term Parking လို့ခေါ်တဲ့ ကျောက်တုံးအနုပညာတစ်ခုဖြစ်ပြီး ပြင်သစ်နိုင်ငံ ၊ Jouy-en-Josas ဒေသမှာ တည်ရှိပါတယ်။

ဒီထူးထူးခြားခြားအရာမှာ ပြင်သစ်ရဲ့ အထင်ကရ ကားအစီးပေါင်များစွာ ကို ကွန်ကရစ်အလေးချိန် ပေါင် ၄၀၀၀၀ ခန့်နဲ့ပေါင်းစပ်တည်ဆောက်ထားတာဖြစ်ပါတယ်။ ဒီအနုပညာကို ဖန်တီးခဲ့သူကတော့ ပြင်သစ်-အမေရိကန် အနုပညာရှင်တစ်ယောက်ဖြစ်တဲ့ Armand Pierre Fernandez ဖြစ်ပါတယ်။ သူ့ကို Arman လို့ပဲခေါ်ကြပါတယ်။

Arman ဟာ ဂန္ထဝင်ပန်းချီဆရာကြီး ဗင်းဆင့်ဗန်ဂိုးကို အလွန်အားကျခဲ့သူဖြစ်ပြီး ငယ်စဉ်ကတည်းက ပန်းချီဆွဲတော်ခဲ့သူတစ်ယောက်ဖြစ်ပါတယ်။ ၁၉၆၀ ဝန်းကျင်အထိ ပန်းချီဆွဲခြင်းကိုသာ တစိုက်မတ်မတ် လုပ်ခဲ့ပြီးတဲ့နောက်မှာတော့ ဆန်းသစ်တဲ့ အနုပညာဖန်တီးမှုပေါင်းများစွာကိုပါ ပြုလုပ်ခဲ့ပါတယ်။

Long Term Parking ကတော့ Arman ရဲ့ဖန်တီးမှုပေါင်းများစွာထဲက ထင်ရှားတဲ့ ခေတ်ပြိုင်အနုပညာ contemporary art တစ်ခုဖြစ်ပါတယ်။ ၁၉၈၂ခုနှစ်က Cartier Foundation ရုံးချုပ်ဟောင်းရဲ့ရှေ့မှာ ဒီအရာကို ဖန်တီးခဲ့တာဖြစ်ပြီး ဒီဖန်တီးမှုမှာ သုံးထားတဲ့ ကားအစစ်တွေဟာ တကယ့်ကားအစစ်တွေဖြစ်ပါတယ်။

အမြင့်ပေ ၆၀ ၊ အကျယ်ပေ ၂၀ ရှိပြီး စုစုပေါင်းကားအစီးပေါင်း ၅၉ စီးကိုအသုံးပြုထားပါတယ်။ တည်ဆောက်မှုစရိတ်အနေနဲ့ အဲဒီအချိန်က ပြင်သစ်ငွေ ၁သန်းခန့်ကုန်ကျခဲ့ပြီး ပြင်သစ်သူဌေးကြီး Jean Hamon က ထောက်ပံ့ပေးခဲ့ပါတယ်။

Arman ဟာ အခုဖန်တီးမှုနဲ့တူတဲ့ အနုပညာလက်ရာတစ်ခုကို လက်ဘနွန်နိုင်ငံမှာလည်း ၁၉၉၅ခုနှစ်က ဖန်တီးခဲ့ပြီး Hope of Peace လို့ အမည်ပေးထားပါတယ်။ Hope of Peace ကိုတော့ တင့်ကား နဲ့ အခြားစစ်သုံးယာဉ်အစီးပေါင်း ၇၈ စီးနဲ့ ဖန်တီးထားပါတယ်။

Long Term Parking လို့ခေါ်တဲ့ ဒီအရာဟာ အခုအချိန်မှာတော့ ကမ္ဘာလှည့်တွေ တကူးတက လာကြည့်ရတဲ့ နေရာတစ်ခုဖြစ်နေပါပြီ။ Arman ဟာ ၂၀၀၅ခုနှစ်က ကွယ်လွန်သွားခဲ့ပြီ ဖြစ်ပေမယ့် သူဖန်တီးခဲ့တဲ့ အနုပညာလက်ရာပေါင်း များစွာဟာ ကမ္ဘာတလွှားမှာ ကျန်ရှိနေဆဲပါ။

Tags: world places
Next Post
အများအကျိုးအတွက် ကိုယ့်ဘဝကိုမြုပ်နှံရင်း ဧကပေါင်း ၃၀၀ ကျယ်ဝန်းတဲ့သစ်တောကို စိုက်ပျိုးခဲ့သူ

အများအကျိုးအတွက် ကိုယ့်ဘဝကိုမြုပ်နှံရင်း ဧကပေါင်း ၃၀၀ ကျယ်ဝန်းတဲ့သစ်တောကို စိုက်ပျိုးခဲ့သူ

Discussion about this post

No Result
View All Result

Categories

Tag

amazing ancient knowledge animals architecture buddhism buddhism monk chemistry cities countries empires feeling health health knowledge history inventions kaung htet knowledge military motivation myanmar history myanmar knowledge myanmar people myanmar places news pagodas photos places planets plants rivers science science knowledge Sport Sport people successful tech thinking tips world actors world companies world history world knowledge world news world people world places

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!