• Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
Thursday, January 21, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

ကမ္ဘာကျော် ပဲရစ် မြို့တော် အကြောင်း

by Thutamm
September 11, 2020
Reading Time: 5min read
0
ကမ္ဘာကျော် ပဲရစ် မြို့တော် အကြောင်း
Share on FacebookShare on Twitter

ရေးသားသူ – Aung kaung htet (GAD)

ကမ္ဘာကျော်မြို့တော်ကြီးတွေအနက်ကတခုဖြစ်တဲ့ ပြင်သစ်နိုင်ငံရဲ့မြို့တော်ပဲရစ်(ပါရီ)ဟာဆိုရင်ပြင်သစ်နိုင်ငံ အလယ်ပိုင်းဒေသရဲ့မြောက်ဘက်စွန်းစိန့်မြစ်ရဲ့ကမ်းပါးတလျှောက်မှာတည်ရှိပါတယ်။ (၂၀၂၀)ခုနှစ်စာရင်း တွေအရတော့ ပဲရစ်မြို့တော်ရဲ့လူဦးရေဟာ (၂.၂)သန်းအထိရှိပါတယ်၊ (၁၉၂၁)ကာလကတော့ပဲရစ်မြို့ တော်ရဲ့လူဦးရေဟာ (၂.၉)သန်းအထိကိုရှိနေခဲ့တယ်လို့သိရပြီး (၁၉၅၄)ခုနှစ်ကနေ(၁၉၉၉)ခုနှစ်ကြားကာလ တွေမှာတော့ မြို့တော်လူဦးရေလျော့နည်းလာခဲ့ရာ (၁၉၉၉)ခုနှစ်မှတ်တမ်းတွေမှာဆိုရင် ပဲရစ်ရဲ့လူဦးရေဟာ (၂.၁၅)သန်းအထိလျော့ကျသွားခဲ့ဖူးပါတယ်။ ယင်းကာလနောက်ပိုင်းရောက်ချိန်မှသာ လူဦးရေတိုးတက်နှုန်းပြန်လည်မြင့်မားလာခဲ့တာလည်းဖြစ်ပါတယ်။

ပဲရစ်မြို့တော်ဟာစတုရန်းမိုင်(၄၁)မိုင်ခန့် ကျယ်ပြန့်ကာ စိန့်မြစ်ရဲ့ကမ်းပါးနှစ်ဘက်ဖြစ်တဲ့ Ile Saint-Louis နဲ့ Ile de la Cite ကျွန်းနှစ်ဘက်စလုံးမှာတည်ရှိနေတာဖြစ်ပြီး ယင်းနေရာအပိုင်းတွေကပဲ လက်ရှိမြို့တော်ပဲရစ်ရဲ့သက်တမ်းအရင့်ဆုံးသောအစိတ်အပိုင်းများအဖြစ်တည်ရှိနေတာလည်းဖြစ်ပါတယ်။ ခြုံငုံပြောရ မယ်ဆိုရင်တော့ ပဲရစ်မြို့တော်ဟာ ညီညာပြန့်ပြူးတဲ့မြေမျက်နှာသွင်ပြင်အနေအထားတရပ်ကိုပိုင်ဆိုင်ထားပြီးဒေသရဲ့အနိမ့်ဆုံးအပိုင်းတွေကတင် ပင်လယ်ရေမျက်နှာပြင်အထက် (၁၁၅)ပေမြင့်မားပါတယ်။ ပဲရစ်ဧရိ ယာအတွင်းထင်ရှားတဲ့တောင်ကုန်း၊တောင်တန်းဒေသတွေကိုလည်းပိုင်ဆိုင်ထားပြီး အမြင့်ဆုံးအပိုင်းကတော့ (၄၂၇)ပေအထိ မြင့်မားတဲ့ Montmartre တောင်ကုန်း ဖြစ်ပါတယ်။

ပဲရစ်မြို့တော်ကိုတော့ Celtic Senones မျိုးနွယ်ကနေဆင်းသက်လာတဲ့ Parisii တွေက ဘီစီ(၂၅၀)ကာလ ကတည်းကစတင်တည်ထောင်ခဲ့ကြပါတယ်။ အဲဒီမျိုးနွယ်စုတွေဟာ စိန့်မြစ်ကမ်းဘေးမှာရှိတဲ့ Ile de la Cite ကျွန်းပေါ်မှာ စတင်အခြေချနေထိုင်ခဲ့ကြပြီး တံတားတွေခံတပ်ကြီးတွေတည်ဆောက်ခဲ့ကြကာ ငွေဒင်္ဂါးသွန်းလုပ်ပြီး ဒေသတွင်းဥရောပသားတွေနဲ့ ကုန်သွယ်လုပ်ငန်းတွေအထိပြုလုပ်နိုင်ခဲ့ပါတယ်။

(၅၂)ဘီစီရောက်ချိန်မှာတော့ Titus Labienus ဦးဆောင်တဲ့ ရောမစစ်သည်တွေဟာ Parisii တွေကိုအောင် နိုင်ပြီး Gallo-Roman ခံတပ်မြို့တမြို့တဖြစ်လည်း Lutetia မြို့တော်ကိုတည်ထောင်ခဲ့ပါတယ်။ အေဒီ(၃) ရာစုရောက်ချိန်မှာတော့ Lutetia တဖြစ်လည်းပဲရစ်မြို့တော်ဟာ ခရစ်ယာန်ဘာသာဝင်အများစုရှိတဲ့မြို့ တော်ကြီးတခုအဖြစ်ရပ်တည်ခဲ့ပါတယ်။ ရောမအင်ပါယာပြိုကွဲသွားခဲ့တဲ့နောက်ပိုင်းမှာတော့ ပဲရစ်ဟာ Frank ဘုရင် Clovis(1) ရဲ့သိမ်းပိုက်ခြင်းကိုခံခဲ့ရပြီး အေဒီ(၅၀၈)ခုနှစ်ကနေစတင်ပြီးခမ်းနားတဲ့မြို့တော်တခုဖြစ်လာရန်အတွက် လိုအပ်တဲ့တည်ဆောက်မှုလုပ်ငန်းတွေကိုစတင်ခဲ့ပါတယ်။

(၉၈၇)အေဒီမှာတော့ ပဲရစ်ဟာပြင်သစ်တနိုင်ငံလုံးရဲ့မြို့တော်ကြီးဖြစ်လာခဲ့ပြီး ပြင်သစ်နိုင်ငံ ဉာဏ်သစ်အရေးတော်ပုံကာလဖြစ်တဲ့(၁၅)ရာစုကနေ(၁၇)ရာစုအစောပိုင်းကာလတွေမှာတော့ ပဲရစ်ဟာဥရောပတိုက်တခုလုံးရဲ့ အနုပညာ၊ ဗိသုကာနဲ့သိပ္ပံနည်းပညာရပ်ဆိုင်ရာဗဟိုချက်မမြို့တော်ကြီးတခုအဖြစ်သို့ရောက်ရှိလာခဲ့ပါ တယ်။ (၁၈၀၀)ပြည့်နှစ်၊အလယ်ပိုင်းကာလတွေမှာတော့ ပြင်သစ်ဘုရင် တတိယနပိုလီယံဟာ မြူနီစီပယ်ပညာရှင်ဖြစ်တဲ့ ပြင်သစ်နိုင်ငံသား Georges-Eugene Haussmann ကိုငှားရမ်းပြီး ပဲရစ်မြို့တော်ကိုခေတ်မီမြို့တော်ကြီး တခုဖြစ်လာဖို့ လိုအပ်တဲ့ပြုပြင်တည်ဆောက်ရေးလုပ်ငန်းတွေပြုလုပ်စေခဲ့ပါတယ်။ ယင်းနောက်မှာတော့ ပဲရစ်မြို့တော်ဟာ တဖက်တချက်မှာ သစ်ပင်တန်းများစွာပါဝင်တဲ့လမ်းမကျယ်ကြီးတွေ၊ပန်းခြံကြီးတွေ၊ ခေတ်မီ မိလ္လာသိမ်းစနစ်တွေ၊အခြားသောအများပိုင်အဆောက်အအုံတွေနဲ့အတူ အလွန်ကြီးမားတဲ့မြို့တော်တခုဖြစ်လာခဲ့ပါတယ်။

ဒုတိယကမ္ဘာစစ်ကာလဖြစ်တဲ့ (၁၉၄၀) ကနေ (၁၉၄၄)ခုနှစ်ကာလအထိပဲရစ်ဟာ ဂျာမန်တွေရဲ့သိမ်းပိုက်ခြင်းကို ခံခဲ့ရပါတယ်။ (၁၉၄၂) ကနေ(၁၉၄၄)ကာလတွေမှာဆိုရင် ဟစ်တလာရဲ့အမိန့်နဲ့ ပဲရစ်မြို့ခံ ဂျူးလူမျိုးများစွာဟာ အစုလိုက်အပြုံလိုက်သတ်ဖြတ်ခံရခြင်း၊ ပြည်နှင်ဒဏ်ပေးခံရခြင်းတို့ကို ခံစားခဲ့ရပါတယ်။ ယင်းနောက်မှာတော့ မဟာမိတ်တပ်တွေက ပဲရစ်ကိုဂျာမန်တွေလက်နေပြန်လည်သိမ်းပိုက်နိုင်ခဲ့ကြပါတယ်။

Paris ဆိုတဲ့အမည်ဟာ ယင်းအရပ်မှာစတင်အခြေချနေထိုင်ခဲ့ကြတဲ့ Celtic Parisii မျိုးနွယ်စုတွေကို အစွဲပြုခေါ်ဆိုတဲ့အမည်ဖြစ်ပါတယ်။ ဥရောပမှာတော့ ပဲရစ်ကို The City of light (La Ville Lumiere) ဆိုပြီး ရည်ညွှန်းကြလေ့ရှိပါတယ်။ အကြောင်းကတော့ ဥရောပမြို့တော်ကြီးတွေအနက်မှာဆိုရင် ပဲရစ်ဟာ ဉာဏ်သစ်အရေးတော်ပုံစတင်နိုင်အောင်စာပေဆိုင်ရာအမွေအနှစ်တွေနဲ့အလင်းပြခဲ့သလို Gas Street lighting (လမ်းဘေးမီးတိုင်)တွေပထမဆုံးထွန်းလင်းတဲ့မြို့တော်ကြီးတွေအနက်ကတခုအဖြစ်လည်းရှိနေခဲ့လို့ဖြစ်ပါ တယ်။ (၁၈၆၀)ပြည့်နှစ်မှာဆိုရင် ပဲရစ်မြို့တော်တွင်းမှာ Gas lamps (မီးအိမ်)ပေါင်း (၅၆၀၀၀)အထိကိုရှိနေခဲ့ပြီလို့သိရပါတယ်။

ဥရောပမှာတော့ ပဲရစ်မြို့တော်လို့ဆိုလိုက်တာနဲ့ ဖက်ရှင်ဒီဇိုင်း၊စာပေအနုပညာဆိုင်ရာအချက်အချာကျတဲ့ မြို့တော်တခုအဖြစ်သတ်မှတ်ခဲ့ကြတာဟာဆိုရင် နှစ်ပေါင်းရာချီကြာမြင့်ခဲ့ပြီဖြစ်ပါတယ်။ သမိုင်းဝင်ဖြစ်စဉ်၊ ဖြစ်ရပ်တွေ၊ အနုသုခုမပညာရပ်တွေအပြင် အထိမ်းအမှတ်အဆောက်အအုံပေါင်း (၁၈၀၃)၊ပြတိုက်(၁၇၃) ခုနဲ့အခြားသော ထူးဆန်းအံ့သြဖွယ်နေရာတွေတည်ရှိနေတာကလည်း ပဲရစ်ကိုအခြားသော ကမ္ဘာကျော်မြို့ တော်ကြီးတွေထက် ပိုမိုထူးခြားစေတာလည်းဖြစ်ပါတယ်။

ပဲရစ်လို့ဆိုလိုက်တာနဲ့ အားလုံးတွဲသိနေကြတဲ့နေရာကတော့ အီဖယ်မျှော်စင်(Eiffel Tower)ဖြစ်ပြီး ကမ္ဘာနဲ့ ချီပြီးကျော်ကြားတဲ့ ပြင်သစ်နိုင်ငံရဲ့ အမှတ်တံဆိပ်တခုဆိုရင်လည်းမမှားပါဘူး။ မျှော်စင်ကိုစတင်ဖွင့်လှစ်ချိန်က နှစ်လိုဖွယ်မကောင်းတဲ့နေရာအဖြစ်ကန့်ကွက်မှုများစွာရှိနေခဲ့ပါတယ်။ အီဖယ်မျှော်စင်ကို ဒီဇိုင်းဖော်တည်ဆောက်ခဲ့သူကတော့ Alexandre-Gustave Eiffel ဖြစ်ပြီး ပြင်သစ်တော်လှန်ရေးနှစ်(၁၀၀) ပြည့်မြောက်တဲ့အထိမ်းအမှတ်အနေနဲ့ကျင်းပတဲ့ (၁၈၈၉)ခုနှစ်ပဲရစ်ကုန်စည်ပြပွဲအတွက်ရည်ရွယ်တည် ဆောက်ခဲ့တာလည်းဖြစ်ပါတယ်။

မျှော်စင်ကြီးမှာတော့ သံမဏိအကန့်(Steel Section) ၁၅၀၀၀ လောက်နဲ့ သံမှိုပေါင်း(၂.၅.)သန်းလောက်နဲ့ဖွဲ့စည်းတည်ဆောက်ထားတယ်လို့သိရပါတယ်။ အီဖယ်မျှော်စင်ကြီးရဲ့အံ့ချီးဖွယ်ရာတည်ဆောက်ပုံဒီဇိုင်းကြောင့် ကမ္ဘာထိပ်တန်းဗိသုကာလက်ရာစာရင်းမှာထိပ်တန်းနေရာကနေပါဝင် နေခဲ့သလို ပြင်သစ်ပြည်ရဲ့ကမ္ဘာလှည့်ခရီးသည်အများဆုံးလာရောက်တဲ့နေရာအဖြစ်လည်းရှိနေတာကိုတွေ့ မြင်ရပါတယ်။

ပဲရစ်မှာတည်ရှိတဲ့ Louvre လုဗ် ပြတိုက်ဟာဆိုရင်လည်း ဧည့်သည်လာရောက်လည်ပတ်မှု အများဆုံး သောကမ္ဘာကျော်ပြတိုက်တခုဖြစ်ပြီး မူလကခံတပ်တခုအဖြစ်တည်ဆောက်ထားတဲ့ Louvre နန်းတော်အတွင်းမှာတည်ရှိပါတယ်။ Louvre နန်းတော်ကိုတော့ (၁၂)ရာစုနောက်ပိုင်းကာလကနေ(၁၃)ရာစုကာလအကြား ဘုရင်ဖိလစ်လက်ထက်မှ ာစတင်တည်ဆောက်ခဲ့တာဖြစ်ပါတယ်။ နာမည်ကျော်စွယ်စုံရပညာရှင်ကြီး လီယိုနာဒိုဒါဗင်ချီရဲ့နာမည်ကျော် မိုနာလီဇာ ပန်းချီကားတည်ရှိရာပြတိုက်တခုဖြစ်ပြီး လူတိုင်းတခါမြင် တသက်မေ့ပျောက်စရာကောင်းတဲ့ အနုပညာလက်ရာများစွာတည်ရှိရာနေရာအဖြစ်လည်းလူသိများထင်ရှားပါတယ်။

နာမည်ကျော် Notre-Dame Cathedral ခရစ်ယာန်ဘုရားရှိခိုးကျောင်းကတော့ပဲရစ်မြို့အလယ်က lle de la Cite မှာတည်ရှိပါတယ်။ ပြင်သစ်ပြည်ရဲ့နာမည်ကျော် French Gothic ဗိသုကာလက်ရာဒီဇိုင်းတွေနဲ့ပုံဖော် ထားတာဖြစ်ပြီး ပြင်သစ်နိုင်ငံအတွင်းမှာရှိတဲ့ ရိုမန်ကတ်သလစ်ဘုရားရှိခိုးကျောင်းတွေအနက်မှာတော့ အကြီးဆုံးနဲ့ ဗိသုကာလက်ရာအမြောက်ဆုံးသော အဆောက်အအုံတခုအဖြစ်တည်ရှိနေပါတယ်။

Notre-Dame Cathedral ကိုတော့ (၁၁၆၃)ခုနှစ်နဲ့(၁၃၄၅)ခုနှစ်အကြားတည်ဆောက်ခဲ့ပြီး ကမ္ဘာပေါ် မှာတော့ နိုင်ငံခြားသားလာရောက်လည်ပတ်မှုအများဆုံးသော ဘာသာရေးဆိုင်ရာအဆောက်အအုံံတခုအဖြစ် လည်းသတ်မှတ်နိုင်ပါတယ်။ ဒါပေမယ့် ဒီဘုရားကျောင်းကြီးဟာ ၂၀၁၉ ခုနှစ်က မီးအကြီးအကျယ်လောင်ခဲ့ပြီး ပြန်လည်မွမ်းမံမှုလုပ်ငန်းတွေလုပ်ကိုင်နေတာကြောင့် ၂၀၂၄ ခုနှစ်လောက်မှ ပြန်လည်ဖွင့်လှစ်နိုင်မယ်လို့ သိရပါတယ်။

ပဲရစ်မြို့တော်ရဲ့အခြားကျော်ကြားတဲ့ အဆောက်အအုံတခုကတော့ Arc de Triomphe ဖြစ်ပြီးပြင်သစ်ပထ မအင်ပါယာခေတ်ကာလနဲ့တော်လှန်ရေးကာလအတွင်းကပြင်သစ်စစ်သည်တော်ရဲ့အောင်ပွဲအထိမ်းမှတ်အ ဖြစ်တည်ဆောက်ခဲ့တာဖြစ်ပါတယ်။ အောင်ပွဲအထိမ်းအမှတ်မုဒ်ခုံးဟာဆိုရင် ပြင်သစ်စစ်ဘုရင်နပိုလီယံရဲ့ ဥရောပသိမ်းတိုက်ပွဲတွေအတွင်း တိုက်ခိုက်ခဲ့ကြတဲ့ ပြင်သစ်စစ်သည်တော်တွေကိုဂုဏ်ပြုတည်ဆောက်ထား တာဖြစ်ပြီး တည်ဆောက်တဲ့ခုနှစ်ကတော့ (၁၈၀၆)ခုနှစ်ကနေ(၁၈၃၆)ခုနှစ်ကြားကာလတွေမှာဖြစ်ပါတယ်။

Avenue des Champs-Elysees ဆိုတာကတော့ပဲရစ်မြို့တော်ရဲ့ထင်ရှားတဲ့ သစ်တောရိပ်သာလမ်းဖြစ်ပြီး ဓာတ်ပုံပညာရှင်အချို့ကတော့ ပြင်သစ်ပြည်ရဲ့ Avenue des Champs-Elysees တောတန်းလမ်းလေးဟာ ဆိုရင် ကမ္ဘာအလှဆုံးသောမြို့တွင်းတောလမ်းကြောင်းဖြစ်တယ်လို့မှတ်ချက်ပေးကြပါတယ်။ လမ်းမရဲ့တဖက်တချက်စီမှာ သစ်ပင်တွေနဲ့ပြည့်နှက်နေတဲ့ Avenue des Champs-Elyseesဟာဆိုရင်(၁.၂)မိုင် လောက်ရှည်လျားပြီး Arc de Triomphe နဲ့ de la Concorde နန်းတော်ကိုဆက်သွယ်ထားတဲ့လမ်းကြောင်း အဖြစ်ရှိနေပါတယ်။ ယင်းလမ်းတလျှောက်မှာဆိုရင်လည်း စားသောက်ဆိုင်တွေ၊ဖက်ရှင်စတိုးတွေ၊ပြတိုက်တွေနဲ့ နိုက်ကလပ်များစွာကိုဖွင့်လှစ်ထားရှိပါတယ်။

Musee d’Orsay ပြတိုက်ဟာလည်းပဲရစ်မြို့တော်မှာပဲတည်ရှိပြီးစိန့်မြစ်ရဲ့ဘယ်ဘက်ကမ်းပါးပေါ်၊ Louvre နန်းတော်နဲ့မျက်နှာချင်းဆိုင် မြစ်ဘက်ကို မျက်နှာမူလျက် အနေအထားနဲ့တည်ရှိနေပါတယ်။ သမိုင်းကြောင်းအရတန်ဖိုးမဖြတ်နိုင်တဲ့အနုပညာလက်ရာများစွာတည်ရှိနေတဲ့ပြတိုက်တခုဖြစ်ပြီး ပဲရစ်ရဲ့ကမ္ဘာလှည့်ခရီး သွားတွေကိုဆွဲဆောင်ရာ၊အဓိကနေရာတခုအဖြစ်လည်းတည်ရှိနေတာဖြစ်ပါတယ်။

နောက်ထပ် ထင်ရှားတဲ့နေရာတခုကတော့ ကမ္ဘာ့အလှဆုံးသင်္ချိုင်းလို့ တင်စားကြတဲ့ ဖရစ်ဒလရှဲ ( Père Lachaise) သင်္ချိုင်းဖြစ်ပါတယ်။ ပါရီမြို့ရဲ့ အရှေ့ဘက် ၁၁၀ဧက ကျယ်ဝန်းတဲ့မြေပေါ်မှာတည်ရှိပြီး ၁၈၀၄ခုနှစ် မေလ ၂၁ရက်နေ့မှာ ပြင်သစ်ဘုရင်နပိုလီယံက သင်္ချိုင်းအဖြစ်စတင်ဖွင့်လှစ်သတ်မှတ်ခဲ့ပါတယ်။ အခြားသင်္ချိုင်းတွေနဲ့ မတူတဲ့အချက်ကတော့ သေဆုံးသူတွေရဲ့အုတ်ဂူတွေကို တခမ်းတနားဒီဇိုင်းတွေ ၊ ရုပ်တုတွေနဲ့ ပုံဖော်ထားတာဖြစ်ပါတယ်။ သင်္ချိုင်းဖြစ်ပေမယ့် အလွန်ထူးခြားဆန်းပြားတဲ့ ဂူတွေ နဲ့ မြင်ကွင်းတွေကြောင့် နှစ်စဉ် လာရောက်ကြည့်ရှုလည်ပတ်သူပေါင်း ၃.၅သန်း အထက်မှာ ရှိနေပြီး လူအများဆုံးလာရောက်ကြည့်ရှုတဲ့ ကမ္ဘာ့နံပတ် ၁ သင်္ချိုင်းလည်းဖြစ်ပါတယ်။

ပဲရစ်မြို့တော်ရဲ့နောက်ထပ်အမှတ်အသားနေရာတခုကတော့ အဖြူရောင်အမိုးခုံးအတွင်း တိုင်လုံးနှစ်တန်း ပါရှိသော Sacre – Coeur ဘုရားကျောင်းဖြစ်ပြီး မြို့တော်ရဲ့အမြင့်ဆုံးအပိုင်းဖြစ်တဲ့ butte Montmarte တောင်ထိပ်ပိုင်းမှာတည်ရှိနေပါတယ်။ ထိုးထိုးထောင်ထောင်အဆောက်အအုံတခုဖြစ်တဲ့ Sacre – Coeur ဟာဆိုရင် စကျင်ကျောက်ကိုထုထွင်းတည်ဆောက်တဲ့အတွင်းအပြင် ဗိသုကာလက်ရာတွေနဲ့အခြားသော အတွင်းပိုင်းအပြင်အဆင်ဆန်းတွေကြောင့်နှစ်စဉ်လာရောက်လည်ပတ်သူများစွာရှိနေပါတယ်။

ပဲရစ်မြို့တော်တွင်းမှာတော့ တံတားပေါင်း (၃၇)ခုတည်ရှိလို့နေပါတယ်။ ယင်းအနက်က Pont Neuf ဟာ ဆိုရင် သက်တမ်းအရင့်ဆုံးသောတံတားတခုဖြစ်ပြီးရပ်ဆိုင်းလိုက်ပြန်လည်တည်ဆောက်လိုက်အနေအ ထားကနေ (၁၅၇၈) ကနေ (၁၆၀၇)ခုနှစ်အကြားကာလတွေမှာတည်ဆောက်ပြီးစီးခဲ့ပါတယ်။

ပဲရစ်မြို့တော်မှာဆိုရင်လမ်းပေါင်း(၆၁၀၀)လောက်တည်ရှိပြီးယင်းအနက် Rue de Vaugirard လမ်းပိုင်းဟာ ဆိုရင် (၂.၇)မိုင်လောက်ရှည်လျားပြီး ပဲရစ်ရဲ့အရှည်ဆုံးသောလမ်းအဖြစ်မှတ်တမ်းဝင်ထားပါတယ်။ အတိုဆုံးလမ်းကတော့ (၁၈.၇)ပေရှည်လျားပြီး (၁၀.၈)ပေသာကျယ်ပြန့်တဲ့ Rue des Degres လမ်းဖြစ် ပါတယ်။ မြို့တော်အတွင်းမှာပဲပန်းခြံနဲ့ဥယျာဉ်ပေါင်း (၄၅၀)လောက်တည်ရှိပြီး မြို့တော်ဧရိယာရဲ့ ၁၂၀၀ ဧက လောက်အထိကိုနေရာယူထားပါတယ်။ ယင်းအနက်က ပဲရစ်ရဲ့နာမည်ကျော်ဥယျာဉ်တွေကတော့Tuileries Garden နဲ့ Luxembourg Garden တို့ဖြစ်ပါတယ်။ ပဲရစ်မြို့တော်အတွင်းမှာတင်စိုက်ပျိုး ထားတဲ့သစ်ပင်အရေအတွက်က (၂၀၁၆)ခုနှစ်မှာတင် (၄၇၀၀၀၀)အထိကိုရှိနေပြီလည်းဖြစ်ပါတယ်။

ပဲရစ်ကို အခြေခံရိုက်ကူးထားတဲ့ ရုပ်ရှင်အရေအတွက်ကတင်ကားပေါင်း(၄၀၀)ကျော်ထက် မနည်းရှိနေတာဖြစ်ပြီး ယင်းအနက်က တရာကျော်လောက်ကတော့ပြင်သစ်အစိုးရရဲ့ အနုပညာဆိုင်ရာပရိုဂရမ် Art dt Essai ကနေရိုက် ကူးတာဖြစ်ပါတယ်။ ပဲရစ်ရဲ့နောက်ထပ်ထူးခြားချက်တော့ ယင်းမြို့တော်ကမ္ဘာထိပ်တန်းပေါင်မုန့်ဖုတ်ပညာ ရှင်တွေစုဝေးရာနေရာဖြစ်တယ်ဆိုတာပဲဖြစ်ပါတယ်။ (၂၀၁၆)ခုနှစ်စာရင်းတွေအရ ပဲရစ်မှာအခြေချနေထိုင်တဲ့ ပေါင်မုန့်ဖုတ်ပညာရှင်ဦးရေဟာ (၁၂၀၀)ကျော်အထိကိုရှိနေတာဖြစ်ပါတယ်။

ပဲရစ်မြို့သားတယောက်အဖြစ်နေထိုင်ရတဲ့အကျိုးကျေးဇူးဟာ နာမည်ကျော်ဟင်းလျာတွေစားသုံးခွင့်ရှိနေ တယ်လို့ဆိုရင်လည်းမမှားပါဘူး။ ထိပ်တန်းစားသောက်ဆိုင်တွေပဲ တမြို့လုံးမှာ အရေအတွက်(၄၀၀၀၀) ကိုရှိနေတာလည်းဖြစ်ပါတယ်။ Fluctuat nec mergitur ဆိုတဲ့ လက်တင်ဘာသာကနေလာတဲ့ လှိုင်းကြောင့်လူးလွန့်နိုင်ပေမဲ့ဘယ်တော့မှ မနစ်မြုပ်(မြန်မာလိုဆိုရင် လှိုင်းကြီးလှေအောက်) ဆိုတဲ့အားမာန်တက်ကြွဖွယ်ဆိုရိုးစကားဟာဆိုရင်လည်း ပဲရစ်မြို့တော်မှာ (၁၃၅၈)ခုနှစ်လောက်ကတည်းကပေါ်ပေါက်နေခဲ့တာဖြစ်ပါတယ်။

(၁၈၆၀)ခုနှစ်မှာ French Impressionism အမည်ရတဲ့အနုပညာလှုပ်ရှားမှုတခုပေါ်ပေါက်လာခဲ့ပြီး ဦးဆောင်ခဲ့သူတွေကလည်း ပဲရစ်အခြေစိုက် အနုပညာရှင်တွေဖြစ်တဲ့ Claude Monet နဲ့ Pierre-Auguste ဆိုသူတွေဖြစ်ပါတယ်။ (၁၉၂၀) ကနေ (၁၉၃၀)ကာလတွေမှာတော့ ပဲရစ်ဟာ အနုပညာနဲ့စာပေကဏ္ဍမှာ ကမ္ဘာဗဟိုအချက်အခြာနေရာအဖြစ် ရပ်တည်ခဲ့ကာနိုင်ငံတကာကအနုပညာရှင်တွေရဲ့အိမ်မက်ဟာ ပဲရစ်မြို့ ကို လာရောက်အနုပညာဆည်းပူးဖို့ဆိုတဲ့အထိကို ဖြစ်ခဲ့တာကိုတွေ့ရပါတယ်။

ကမ္ဘာကျော်စာပေဂီတပညာ ရှင်တွေဖြစ်တဲ့ Salvador Dali ၊ Pablo Picasso တို့အပြင် အင်္ဂလိပ်စာရေးဆရာတွေဖြစ်တဲ့ Ernest Hemingway၊ James Joyce ၊ James Baldwin ၊ Getrude Stein ၊ နဲ့ Ezra Pound တို့အားလုံးဟာ ပဲရစ် မှာပဲအခြေချပြီးသူတို့ရဲ့အနုပညာလုပ်ငန်းတွေကို လုပ်ကိုင်သွားခဲ့ကြပါတယ်။

Tags: cities
Next Post
အိန္ဒိယနိုင်ငံရဲ့ သမိုင်းတလျှောက် အချမ်းသာဆုံးပုဂ္ဂိုလ်

အိန္ဒိယနိုင်ငံရဲ့ သမိုင်းတလျှောက် အချမ်းသာဆုံးပုဂ္ဂိုလ်

Discussion about this post

No Result
View All Result

Categories

Tag

amazing ancient knowledge animals architecture buddhism buddhism monk chemistry cities countries empires feeling health health knowledge history inventions kaung htet knowledge military motivation myanmar history myanmar knowledge myanmar people myanmar places news pagodas photos places planets plants rivers science science knowledge Sport Sport people successful tech thinking tips world actors world companies world history world knowledge world news world people world places

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

Follow Us

Facebook

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!