• Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
Wednesday, January 20, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

ပုဂံ သမိုင်းဝင် ဆပ္ပဒစေတီတော်

by Thutamm
September 25, 2020
Reading Time: 1min read
0
ပုဂံ သမိုင်းဝင် ဆပ္ပဒစေတီတော်
Share on FacebookShare on Twitter

ဆရာကြီး ပါရဂူ ရေးသားသော ပုဂံခရီးသည် စာအုပ်မှ

ဆပ္ပဒစေတီသည် ပုဂံ၏ သမိုင်းဝင် ထင်ရှားသော စေတီတစ်ဆူ ဖြစ်သော်လည်း ပုဂံ၌ တည်ရှိမနေဘဲ ညောင်ဦးတွင် တည်ရှိနေသည်။ ရန်ကုန်မြို့လယ်ရှိ ဆူးလေဘုရား ပတ်လည် ယာဉ်သွားလမ်းနှင့် လူသွားလမ်းများပေါ်၌ ယာဉ်များ၊ ခရီးသွား ခရီးလာများ ဥဒဟို သွားလာနေကြ သော်လည်း ဆူးလေဘုရား ပေါ်တက်၍ ဘုရားဝတ်ပြုသူမှာ အလွန်တရာမှ အရေအတွက် နည်းပါးသည်။ ဆပ္ပဒစေတီလည်း ထိုနည်းအတိုင်းပင်။

စေတီဘေးက ယာဉ်သွားလမ်းကြောင်းနှင့် လူသွားလမ်းကြောင်းပေါ်၌ ယာဉ်များ၊ ခရီးသွားခရီးလာများ အဆက်မပြတ် သွားလာနေကြသော်လည်း စေတီပေါ်တက်၍ ဘုရားဖူးသူမှာမူ တစ်ထောင် တစ်ယောက်မရှိပေ။ တကူးတက ပုဂံ၊ ညောင်ဦးသွားပြီး ဘုရားဖူးကြသည့် ဘုရားဖူးခရီးသည်များပင် ဤစေတီသို့ မရောက်ကြပေ။ သို့ရာတွင် စေတီဘေးတွင် ယာဉ်လမ်း၊ လူသွားလမ်း ရှိနေသဖြင့် ဤစေတီမှာ မဖူးချင် မြင်လျက်သား ဖြစ်နေသည်။ သို့သော် သမိုင်း သုတေသီများမှတစ်ပါး သာမန် ဘုရားဖူးများနှင့် ခရီးသွား ခရီးလာများမှာမူ ဤစေတီ၏ သမိုင်းဝင် အနက်အဓိပ္ပါယ်ကို မသိ မမြင်ကြဘဲ ပုဂံဘုရားအို ဘုရားပျက်များထဲက သာမန် ဘုရား တစ်ဆူ၊ စေတီ တစ်ဆူလောက်သာ အောက်မေ့ကြသည်။

ဤပုဂံခရီးသည် သည်ပင် ပုဂံသို့ လေးကြိမ်တိတိ ရောက်သော်လည်း စတုတ္ထအကြိမ်ရောက်မှ သမိုင်းခြေရာ ကောက်လို၍ ဤစေတီသို့ သွားရောက်ခြင်း ဖြစ်သည်။ ပုဂံတစ်နေရာ၌ စတည်းချနေသော ပုဂံခရီးသည်သည် ညောင်ဦးသွားသော ကိုယ်ပိုင်ကားကြုံနှင့် လိုက်လာသည်။ စေတီသည် ညောင်ဦး-ကျောက်ပန်းတောင်း ကားလမ်း ညောင်ဦးအထွက် လက်ယာဘက်ကပ်လျက် တည်ရှိသည်။ တစ်နည်း ပြောရလျှင် ညောင်ဦးသို့ တောင်ဘက်မှအဝင် ကားလမ်းဘေး၌ တည်ရှိနေသည်။ စေတီ၏ ပရိဝုဏ်၌ အာရုံခံတန်ဆောင်း မရှိပေ။ ဘုရားအို ဘုရားပျက်တစ်ဆူ အဖြစ်ဖြင့်သာ နေပူကျဲကျဲထဲ၌ ထီးထီးကြီး တည်ရှိနေသည်။ ပရိဝှဏ် အပြင်ဘက်၌မူ သစ်ပင် တစ်ပင်နှစ်ပင် ပေါက်နေသည်။

ပုဂံခရီးသည်သည် လှေကားဆယ်ထစ်လောက် ရှိသော အုတ်လှေကားကို ပေါင်းကူးထားသည့် မုခ်ပေါက်မှ ဝင်လျက် ရင်ပြင်ပေါ်တက်သွားသည်။ ရင်ပြင်ပေါ်၌ လူသူအရိပ်အယောင် တစ်ယောက်မျှပင် မတွေ့ရပေ။ စေတီရင်ပြင်၏ ဘေးပတ်လည်၌ ယာဉ်များနှင့် လမ်းသွားလမ်းလာများ ဥဒဟိုလှုပ်ရှား သွားလာနေကြသော်လည်း ပရိဝှဏ် အတွင်း၌မူ ငြိမ်သက်နေသည်။ အပြုအပြင် အမွမ်းအမံ လုံး၀ မရှိဘဲ ရှေးဟောင်း ပကတိအသွင် အုတ်နီရောင်ထနေသော စေတီတစ်ဆူ တည်းသာလျှင် ငေါင်းစင်းစင်းကြီး တည်းရှိနေသည်။

ပုဂံခရီးသည်သည် စေတီကို အုတ်ခုံဖိနပ်တော်မှ အထက် ထုပိကာအထိ အောက်မှ အထက်သို့ လည်းကောင်း၊ အထက်မှ အောက်သို့လည်းကောင်း အပြန်ပြန် အထပ်ထပ် မျက်စိ ကစားကြည့်လိုက်သည်။စေတီမှာ ဂူဘုရားမဟုတ်ဘဲ သီဟိုဠ်စေတီပုံ ရိုးရိုး မြေစိုက်စေတီ ပုထိုးမျှသာ ဖြစ်သည်။ အောက်ခံ ဖိနပ်တော်မှာ လေးထောင့်ပုံ ဖြစ်သည်။ အုတ်ခံဖိနပ်တော်ပေါ်၌ တည်ထားသော ခေါင်းလောင်းပုံ သဏ္ဌာန်စေတီကို ဖူးတွေ့ရသည်။ ခေါင်းလောင်းပုံသဏ္ဌာန်စေတီ အထက်၌ရှိသော ဓါတ်တော်တိုက်မှာလည်း လေးထောင့်ပုံသဏ္ဌာန်ပင် ဖြစ်သည်။ ဓါတ်တော်တိုက်၏ အထက်၌ကား ထုပိကာအထွတ်ကို ပုံသဏ္ဌာန် ခပ်ဆန်းဆန်း ပြုလုပ်ထားသည်။

ထုပိကာအထွတ်၏ ထိပ်ပိုင်းမှတစ်ပါး စေတီသည် ပင်ကိုယ်အတိုင်း အပြည်အစုံပင် ကျန်ရှိနေသေးသည်။ ဆပ္ပဒစေတီသည် ညောင်ဦးမြို့အတွင်း၌ တစ်မူ ထူးခြားစွာ တည်ရှိလျက် ရှေးအတိတ်က စပြီး ယခုကာလအထိ ပုဂံခရီးသည်များအား ဂိတ်ဝမှ ဆီးကြို နေသကဲ့သို့ပင်ထင်နေရသည်။ ပုဂံ ခရီးသည်သည် ဆပ္ပဒစေတီကို ဖူးမြော်ရင်း ကုန်းဘောင်ခေတ်၊ အင်းဝခေတ်၊ ပင်းယခေတ်တို့ကို ကျော်လွန်လျက် ရှေးအတိတ် သမိုင်း ပုဂံခေတ်ဆီသို့ အာရုံရောက်သွားသည်။

အနော်ရထာမင်းကြီး လက်ထက်တွင် မြန်မာနှင့် သီဟိုဠ် (သီရိလင်္ကာ)ဆက်သွယ်မှုသည် အတော်ပင် ခိုင်မာနေပြီ။ အနော်ရထာ မတိုင်မီကပင် မြန်မာနှင့် သီဟိုဠ်သည် သာသနာရေး ဆက်သွယ်မှု ရှိနေပြီ။ ထိုအချိန်၌ သီဟိုဠ်က မြန်မာနိုင်ငံကို “ရာမညဒေသ” ဟုခေါ်သည်။ စင်စစ် “ရာမညဒေသ” ဟူသည်မှာ မွန်နိုင်ငံကို ခေါ်သည့် ဝေါဟာရ စကားလုံး ဖြစ်သော်လည်း သီဟိုဠ်က ဆိုလိုသည့် “ရာမညဒေသ” မှာ မြန်မာတစ်နိုင်ငံလုံးကို ခြုံ၍ ခေါ်သည့် အမည်နာမ ဖြစ်သည်။

အနော်ရထာမင်းကြီးသည် သီဟိုဠ်ဘုရင် ပထမ ဝိဇယဗာဟု (အေဒီ-၁၀၅၅ -၁၁၁၀) ထံသို့ သံတမန် အဖွဲ့တစ်ဖွဲ့ စေလွှတ်လျက် ဗုဒ္ဓစွယ်တော်ကို တောင်းခံခဲ့လေသည်။ ထိုအချိန်က မြန်မာနှင့် သီဟိုဠ်သည် သာသနာရေး အရသာ မကဘဲ နိုင်ငံရေးအရလည်း ဆက်သွယ်မှု ရှိနေပြီ။ သီဟိုဠ်ဘုရင် ဝိဇယဗာဟုသည် အိန္ဒိယတောင်ပိုင်းမှ စောလ (ဒမိလ) လူမျိုးများ ကျူးကျော်တိုက်ခိုက် လာသောအခါ စီးပွားရေး၊ သာသနာရေးမှစ၍ အစစအရာရာ ချွတ်ခြုံကျသွားခဲ့သည်။ ထိုအချိန်က သီဟိုဠ်သာသနာသည် မည်မျှ ယိမ်းယိုင်သွားသနည်းဆိုလျှင် ဥပသမ္ပပဒကံ စသော သံဃာ့ကံ ဆောင်ရွက်ရန်အတွက်ပင် အရည်အချင်းပြည့် မထေရ်များ ရှားပါးနေသဖြင့် ဦးရေပြည့်အောင် မနည်း ရှာဖွေရလေသည်။

ယင်းအခြေအနေတွင် သီဟိုဠ်ဘုရင်သည် အနော်ရထာမင်းကြီးထံ သံတမန်အဖွဲ့ စေလွှတ်လျက် ရာမညဒေသမှ ရဟန်းသံဃာတော်များကို ပင့်ဖိတ်ခဲ့လေသည်။ ယင်းသို့ တစ်ပြည်ထောင်နှင့် တစ်ပြည်ထောင်၊ တစ်မင်းနှင့် တစ်မင်း ချစ်ကြည်သော ဆက်သွယ်မှုရှိသောကြောင့် ပုဂံအနော်ရထာမင်းကို “သီဟိုဠ်ဘုရင် ဝိဇယဗာဟု၏ အကြည်တော်ဘုရင်” ဟုပင် ခေါ်ဝေါ်သမှုပြုကြသည်။

သီဟိုဠ် (သီရိလင်္ကာ)နှင့် မြန်မာသည် ယင်းသို့ နိုင်ငံရေးအရ လည်းကောင်း၊ သာသနာရေးအရ လည်းကောင်း ဆက်သွယ်မှု ရှိနေသောကြောင့် မြန်မာနိုင်ငံမှ ရဟန်းသံဃာတော်များသည် သီဟိုဠ်နှင့် လမ်းပေါက်နေကြသည်။ မြန်မာနိုင်ငံမှ သီဟိုဠ်သို့ ပထမဦးဆုံး ကြွသောရဟန်းတော်မှာ ပံ့သကူမထေရ် ဖြစ်သည်။ ကျန်စစ်သားမင်းကြီး၏ မြေးတော် အလောင်းစည်သူမင်းကြီး ကံကုန် သွားသောအခါ သားတော်နရသူက ထီးနန်းဆက်ခံသည်။ သားတော် အကြီး မင်းရှင်စောသည် အဝေးရောက်နေ၍ ထီးနန်း လက်လွတ်သွားသောကြောင့် လက်လွတ်သွားသော ထီးနန်းကို တိုက်ခိုက်ယူရန် ချီတက် လာလေသည်။

ဤတွင် နရသူက ပံ့သကူမထေရ်အား “နောင်တော်အား နန်းလွှဲအပ်ပါမည်” ဟုပြော၍ စေ့စပ်ခိုင်းသည်။ ပံ့သကူမထေရ်က ကြားဝင်၍ ဖြန်ဖြေသည်။ နရသူသည် နောင်တော် မင်းရှင်စောအား နန်းကိုမူ လွှဲအပ်သည်။ သို့ရာတွင် ညတွင်းချင်းပင် ဖယ်ရှားပစ်လိုက်လေသည်။ ထိုအခါ ပံ့သကူမထေရ်သည် နရသူအား မျက်ပြီး ပုဂံတွင် မနေတော့ဘဲသီဟိုဠ် ကြွသွားသည်။ နရပတိစည်သူမင်းကြီး နန်းတက်မှ ပုဂံပြန်ကြွ လာလေသည်။

ပံ့သကူမထေရ်နောက် သီဟိုဠ်သို့ ဒုတိယကြွလာသော ရဟန်းတော်မှာ ဌက်ပစ်တောင်ဂိုဏ်း၏ ဦးစီးနာယက ဥတ္တရာဇီ၀ မထေရ် ဖြစ်သည်။ပံ့သကူမထေရ်သည် ဥတ္တရာဇီဝမထေရ် အရင် သီဟိုဠ် ကြွသော ရဟန်းတော် ဖြစ်သည်။ သို့ရာတွင် “သီဟိုဠ်သွား ပထမ ဓမ္မခရီးသည်” ဘွဲ့ကို မရပေ။ သူ၏ ခရီးမှာ ဓမ္မခရီးသက်သက် မဟုတ်သောကြောင့် ဖြစ်တန်ရာ၏။ ယင်းဘွဲ့ကို ရသူကား ဥတ္တရာဇီ၀ မထေရ် ဖြစ်သည်။

ခရစ်နှစ် ၁၁၈၀ တွင် ဥတ္တရာဇီ၀ မထေရ် ခရီးစထွက်သည်။ ခရီးအစ၌ သင်္ဘောဆိပ်ရှိရာ ပုသိမ်သို့ လာရသည်။ ဥတ္တရာဇီ၀ မထေရ်နှင့်အတူ ရဟန်းအချို့အပြင် ဆပ္ပဒ အမည်ရှိ သာမဏေ တစ်ပါးလည်းပါသွားသည်။ ဆပ္ပဒသည် ပုသိမ်ကျေးလက် ဆပ္ပဒရွာသား မွန်အမျိုးသား ဖြစ်သည်။ ဆပ္ပဒ ရွာသား ဖြစ်သောကြောင့် သူ့အမည်သည်လည်း ဆပ္ပဒဟု တွင်နေသည်။ ပုဂံခေတ်က ဆပ္ပဒရွာမှာ ယခုခေတ် ပုသိမ် ငပုတော ဖြစ်သည်ဟု အဆိုရှိသည်။

သီဟိုဠ်ကျွန်းတွင် ဥတ္တရာဇီ၀ မထေရ်သည် သီဟိုဠ်ရဟန်း သံဃာတော်များနှင့် ပုလဲနံပ သင့်သွားသည်။ နှစ်နိုင်ငံမှ ရဟန်းတော်များသည် ရေမြေဒေသအရ ကွဲပြားခြားနားနေသော်လည်း သူတို့၏ ပင်မ၊ သူတို့၏ရေသောက်မြစ်မှာ တစ်ခုတည်း ဟု ယူဆကြသည်။ မူလပင်မမှာ မဇ္ဈိမဒေသမှ ဗုဒ္ဓသာသနာ ဖြစ်သည်။

မဇ္ဈိမဒေသ၌ အသောကမင်းကြီးလက်ထက် တတိယ သင်္ဂါယနာတင်ပြီးသောအခါ သာသနာပြု မထေရ်များသည် ကိုးတိုင်း ကိုးဌါနသို့ သာသနာပြု ခရီး ကြွကြသည်။ ကိုးတိုင်း ကိုးဌါနထဲ၌ လင်္ကာဒီပကျွန်းနှင့် သုဝဏ္ဍဘုမ္မိလည်း ပါဝင်သည်။ သီဟိုဠ်သို့ ရှင်မဟာမဟိန္ဒ ကြွရောက်ပြီး သုဝဏ္ဍဘုမ္မိသို့ သောဏနှင့် ဥတ္တရမထေရ်တို့ ကြွရောက်ကြသည်။ ဥတ္တရာဇီ၀ မထေရ်သည် သောဏနှင့် ဥတ္တရမထေရ် တို့မှ ဆင်းသက်လာသည့် တပည့်အနွယ် ဖြစ်သည်။ သီဟိုဠ်ရဟန်းများကား ရှင်မဟာမဟိန္ဒ၏ တပည့်အဆက်အနွယ်များ ဖြစ်သည်။

ထို့ကြောင့် သူတို့သည် ရေမြေဒေသအလိုက် ကွဲပြားခြားနား နေသော်လည်း မူလမြစ်ဖျားခံရာမှာ တစ်ခုတည်းသာဖြစ်၏ဟု ယူဆကြပြီးလျှင်သံဃာ့ကံကို တစ်ပေါင်းတည်း တစ်စည်းတည်း ပြုကြသည်။ ဥတ္တရာဇီဝနှင့် ပါလာသည့် ဆပ္ပဒသာမဏေမှာ အသက်စေ့ပြီး ရဟန်းပြုချိန် ရောက်နေပြီဖြစ်၍ သီဟိုဠ်ရောက် မြန်မာရဟန်းများနှင့် သီဟိုဠ်ရဟန်းများသည်ညီညွတ်စွာ စုပေါင်းပြီးလျှင် ဆပ္ပဒသာမဏေအား ပဉ္စင်းခံ ပေးလိုက်ကြလေသည်။ ဆပ္ပဒသည် “သီဟိုဠ်သွား ဒုတိယ ဓမ္မခရီးသည်” ဘွဲ့အမည်ရရှိသူ ဖြစ်သွားလေသည်။

ဥတ္တရာဇီဝမထေရ်သည် သီဟိုဠ် ဘုရား၊ ပုထိုးများကို လှည့်လည် ဖူးမျှော်လျက် သာသနာရေးကိစ္စများကို ပြုလုပ်ဆောင်ရွက်ပြီးသောအခါ မြန်မာနိုင်ငံသို့ ပြန်ကြွလာသည်။ သို့ရာတွင် သူနှင့်အတူ ပါသွားသော သီဟိုဠ်ရောက်မှ ရဟန်းဖြစ်သည့် ဆပ္ပဒမှာမူ အပြန်ခရီး၌ ဥတ္တရာဇီဝမထေရ်နှင့်ပြန်လိုက် မလာတော့ပေ။ ပိဋကတ်စာပေ သင်ကြား ဆည်းပူးရန် သီဟိုဠ်၌ ကျန်ရစ်ခဲ့သည်။ မိမိတိုင်းပြည် ပြန်သွားပါက အဆွေအမျိုး ကြောင့်ကြဗျာပါဒကြောင့် စာဖြောင့်ဖြောင့် သင်ကြားနိုင်မည် မဟုတ်ပေ။ သီဟိုဠ်၌ကား လွတ်လွတ်လပ်လပ် စာသင်ကြား လေ့လာနိုင်သည်။ ယင်းစိတ်ကူးဖြင့် သီဟိုဠ်၌ နေရစ်ခဲ့ခြင်း ဖြစ်သည်။

ထိုအချိန်ကား သီဟိုဠ် ပရက္ကမဗာဟု စိုးမိုး အုပ်ချုပ်နေချိန် ဖြစ်သည်။ ပရက္ကမဗာဟုသည် ဘုန်းလက်ရုံးနှင့် ပြည်စုံသည်။ သူ၏ ရေတပ်သည်အိန္ဒိယတောင်ပိုင်းနှင့် အင်ဒိုချိုင်းနားကျွန်းဆွယ် တစ်ခွင်အထိ ကျက်စားနေလေသည်။ ၁၁၆၄ ခုနှစ်၊ နန်းတက်ချိန်မှစ၍ ပရက္ကမဗာဟုသည် ဗုဒ္ဓသာသနာကိုထွန်းကားပြန့်ပွားအောင် ဆောင်ရွက်သည်။ သူ့လက်ထက်တွင် သီဟိုဠ်၌ ဗုဒ္ဓသာသနာ အခြေအနေသည် တိုးတက် ကောင်းမွန်နေသည်။ နေပြည်တော်ဖြစ်သည့် ပိုလန္ဒရု၀ ၌ ရဟန်း သံဃာတော်များအတွက် ကျောင်းတိုက်များကို အများအပြား ဆောက်လုပ် လှူဒါန်းသည်။ ရှင်ဗုဒ္ဓဃောသ၏ အဋ္ဌကထာ ကျမ်းများကို ဖွင့်ဆိုသည့် ဋီကာကျမ်းများကို ရဟန်းပေါင်း တစ်ထောင်စုပြီး တစ်နှစ်တည်းဖြင့် အပြီးရေးသား ကြသည်။

ပရက္ကမဗာဟုသည် ပုဂံမင်းဆက် ဘုရင်များဖြစ်သည့် နရသူ၊ မင်းယဉ်နရသိင်္ခ၊ နရပတိစည်သူတို့နှင့် ခေတ်ပြိုင်ဖြစ်သည်။ မြန်မာနိုင်ငံမှ ဆပ္ပဒသီဟိုဠ်ရောက်နေသည်မှာ ထိုခေတ် ထိုကာလဝန်းကျင် တွင် ဖြစ်သည်။ နိုင်ငံကလည်း အေးချမ်းသာယာနေသည်။သာသနာကလည်း ထွန်းကားနေသည်။ ပါဠိပိဋကတ် သင်ကြားလေ့လာမှုကလည်း ပြန့်ပွားခေတ်စားနေသည်။ ထိုအချိန်၊ ထိုဝန်းကျင်၌ နေရ၍ ဆပ္ပဒသည် ပါဠိပိဋကတ်နှင့်အဖွင့်အဋ္ဌကထာ ကျမ်းများ၊ ဋီကာကျမ်းများကို သင်ကြား လေ့လာရသည်မှာ အလွန် အဆင်ပြေနေသည်။ တော်ပေ့ ကျော်ပေ့ဆိုသည့် သီဟိုဠ် ပညာရှင် ရဟန်းတော်များထံ ဆည်းကပ်ပြီး တကယ့်ပညာတတ်တစ်ဦး ဖြစ်အောင် ကြိုးစား အားထုတ်သည်။ မြန်မာနိုင်ငံတွင် သင်ကြားလေ့လာမှုမရှိသေးသည့် ကျမ်းစာများကို သင်ကြားသည်။ သီဟိုဠ်ကျွန်း၏ သာသနာရေး ဓလေ့ထုံးစံနှင့် အစဉ်အလာများကိုလည်း မှတ်ယူသည်။ သီဟိုဠ်ကျွန်းရှိ ဗုဒ္ဓယဉ်ကျေးမှုနှင့် စေတီပုထိုးများကိုလည်း လေ့လာသည်။

သီဟိုဠ်ကျွန်း၌ ဆပ္ပဒ နေထိုင် သီတင်းသုံးနေသည်မှာ ဆယ်နှစ်ဆယ်မိုးကြာသွားပြီ။ အတောင်အလက်လည်း စုံလာပြီ။ ရဟန်းငယ် ဘဝမှမထေရ်ဘ၀ ရောက်လာပြီ။ ပိဋကတ် ကျမ်းစာများကိုလည်း အဠကထာဋီကာများနှင့် တကွ သင်ယူတတ်မြောက်ပြီးလေပြီ။ မိမိဇာတိ နိုင်ငံ၏ခေါ်သံကို ကြားနေရပြီ။

ဥတ္တရာဇီဝမထေရ် သီဟိုဠ်ရောက်စဉ်က သီဟိုဠ် ရဟန်းတော်များနှင့်တစ်ပေါင်းတည်း သံဃာ့ကံ သံဃာ့ကိစ္စ ပြုလုပ် ဆောင်ရွက်နိုင်သော်လည်း သီဟိုဠ်၌ အနေကြာသွားသော ဆပ္ပဒကမူ သီဟိုဠ်သာသနာသြဇာလွှမ်းမိုးမှု ခံရပြီး မြန်မာရဟန်းများ အပေါ် အမြင်တစ်မျိုး မြင်လာသည်။ မြန်မာနိုင်ငံ ပြန်ရောက်သွားသည့်အခါ ပုဂံပြည်ရှိ ရဟန်းများနှင့်သံဃာ့ကံ သံဃာ့ကိစ္စတို့ကို အတူတကွ မပြုလုပ်လိုက မိမိတစ်ဦးတည်းငေါင်းစင်းစင်း ဖြစ်နေလိမ့်မည်။ ပုဂံပြည်တွင် သံဃာ့ကံ သံဃာ့ကိစ္စကိုမိမိ စိတ်တိုင်းကျ ပြုလုပ်ဆောင်ရွက်ရန် သီဟိုဠ်ကျွန်းမှ မိမိနှင့်အတူစိတ်သဘောတူ အကျင့်သိက္ခာတူ ရဟန်းလေးပါးကို မိမိနှင့်တစ်ပါးတည်းပုဂံသို့ ခေါ်ဆောင်သွားရပါမူ ပုဂံတွင် သံဃာ့ကံ သံဃာ့ကိစ္စ ပြုလုပ်ဆောင်ရွက်ရေးအတွက် အခက်အခဲ တွေ့လိမ့်မည် မဟုတ်ပေ။

ယင်းသို့ စဉ်းစားစိတ်ကူးပြီးလျှင် ဆပ္ပဒသည် သီတင်းသုံးဖော် ဖြစ်ကြသော တာမရလိပ္ပတိသား သီဝလိမထေရ်၊ ကမ္ဘောဇမင်း၏ သားတော်တာမလိန္ဒမထေရ်၊ ကိဉ္စပူရသား အာနန္ဒာမထေရ်၊ သီဟိုဠ်ကျွန်းသားရာဟုလမထေရ်တို့ကို ခေါ်ပြီးလျှင် ၁၁၈၁-၁၁၈၂ ခုနှစ်၌ မြန်မာနိုင်ငံပြန်လာသည်။ မထေရ်ငါးပါးတို့သည် သင်္ဘောကြုံနှင့် လိုက်လာကြရာ ပုသိမ်သို့ ဝါဆိုခါနီး ကပ်ရောက် လာကြသည်။ ဝါဆိုချိန် ကပ်နေပြီဖြစ်၍ ပုဂံသို့ ဆက်မသွားတော့ဘဲ ပုသိမ်၌ တစ်ဝါ ဆိုကြသည်။ ပုသိမ်၌ ယင်းရဟန်းတော်များ ဝါကပ်သော ကျောင်းတိုက်တည်ရာနှင့် အရာမ် တံတိုင်းများသည်နောက်နှစ်ပေါင်းများစွာ ကြာသည့်အထိ ပုသိမ်မြို့ဟောင်း၏ တောင်ဘက်၌ တည်ရှိနေသည်။ ယင်း ရဟန်းတော်များ သမုတ်သွားခဲ့သော သိမ်တော်ရာလည်း ယခုထက်တိုင် ပုသိမ်မြို့၌ ရှိနေသည်။

သီတင်းဝါလကျွတ်သော အခါကျမှ ဆပ္ပဒမထေရ်သည် အဖော် ရဟန်းလေးပါးနှင့်အတူတကွ ပုဂံသို့ ကြွလေသည်။ ပုဂံရောက်သောအခါ ဆပ္ပဒ ရင်ဆို့သွားသည်။ သူ့ဆရာရင်း ဥတ္တရာဇီ၀ မထေရ်သည် သူ ပုဂံမရောက်ခင်ကလေး ကပ်ပြီး ပျံလွန်တော်မူသွားသည်။ မိမိ၏ ကျေးဇူးရှင်ဆရာနှင့် ရှင်ကွဲ ကွဲနေရာမှ ဖူးတွေ့ရန် အားခဲထားသော်လည်း မဖူးတွေ့လိုက်ရဘဲ ရက်ပိုင်းကလေး တေ့လွဲ လွဲပြီး သေကွဲ ကွဲသွားရသည်ဖြစ်၍ ယူကျုံးမရ ဖြစ်သွားလေသည်။ ဆပ္ပဒသည် သူ့ဆရာ၏ သင်္ချိုင်းဂူသို့ သွားလျက် “တပည့်တော်သည် ဆရာအရှင်မြတ်အား ကျေးဇူးဆပ်သည့် အနေဖြင့် ဆရာအရှင်မြတ်လိုလား တောင့်တသည့်အတိုင်း ဗုဒ္ဓ သာသနာ ကြီးပွား တိုးတက်ရာ တိုးတက်ကြောင်းကို ကြိုးပမ်းဆောင်ရွက်ပါမည်”ဟု အဓိဋ္ဌာန် ပြုလိုက် လေသည်။

ဆပ္ပဒသည် လူမျိုးစုအစွဲ ရှိသည်။ ပုဂံသာသနာ၌ ယခင်က မိမိဆရာ မွန်လူမျိုး ဥတ္တရာဇီဝသည် အကြီးအမှူးဖြစ်သည်။ ယခု သူပြန်ရောက်လာသည့်အခါတွင်ကား မြန်မာ ရဟန်းများကား အကြီးအမှူး ဖြစ်နေကြသည်။ ထို့ပြင်သီဟိုဠ် သာသနာ့ ဂိုဏ်းစွဲလည်း ဆပ္ပဒတွင် မှီခိုကိန်းအောင်း နေပြီ။ လူမျိုးစုအစွဲနှင့် ဂိုဏ်းဂဏစိတ်သည် ဆပ္ပဒ အား ပုဂံ၌ သီဟိုဠ် သံဃာ့ဂိုဏ်းသစ်တစ်ဂိုဏ်း တည်ထောင်ရန် လှုံ့ဆော် ခဲ့လေသည်။ ထို့ကြောင့် ဟံသာဝတီမွန်ဘုရင် ဓမ္မစေတီ ရေးထိုးထားသော ကလျာဏီ ကျောက်စာ၌ပင် ဆပ္ပဒသီးခြားဂိုဏ်း ထောင်ခြင်းမှာ “မာနဝသေန” (မာန်ကြောင့်) ဟု ရေးထိုးမှတ်တမ်း တင်ထားသည်။

မည်သို့ပင် ဖြစ်စေ သီဟိုဠ်ကျွန်းမှ “မဟာဝိဟာရ နိကာယ” ဂိုဏ်းသည်မြန်မာနိုင်ငံ၌ ခြေကုတ် ရရှိသွားလေပြီ။ ဆပ္ပဒသည် မြန်မာနိုင်ငံ၌ သီဟိုဠ်သံဃာ့ဂိုဏ်းကို စတင် တည်ထောင်သော ဂိုဏ်းခေါင်းဆောင် ဖြစ်သည်။ထိုအချိန်မှစ၍ ပုဂံ၌ သံဃာ့ဂိုဏ်း နှစ်ဂိုဏ်း ကွဲသွားသည်။ ပထမဂိုဏ်း၏ပင်မမှာ ရာမညတိုင်း သထုံဖြစ်ပြီး ဒုတိယဂိုဏ်း၏ မြစ်ဖျားခံရာမှာ သီဟိုဠ်ကျွန်းဖြစ်သည်။ ရာမညတိုင်း သထုံမှ ရှင်အရဟံ ဆောင်ကြဉ်းလာသော ပထမဂိုဏ်းကို “ပုရိမသံဃာ” သို့မဟုတ် “ပုရိမဂိုဏ်း” (ရှေးဦးဂိုဏ်း) ဟူ၍လည်းကောင်း၊ သီဟိုဠ်ကျွန်းမှ ဆပ္ပဒ ဆောင်ကြဉ်းလာသော ဒုတိယဂိုဏ်းကို “ပစ္ဆိမသံဃာ” သို့မဟုတ် “ပစ္ဆိမဂိုဏ်း” (နောက်ပေါ်ဂိုဏ်း) ဟူ၍ လည်းကောင်း ခေါ်ဝေါ် သမုတ်ကြသည်။

ထိုအချိန်၌ ပုဂံပြည်ရှင် ဘုရင်မှာ နရပတိစည်သူ ဖြစ်သည်။ ဘုရင်သည် ဆပ္ပဒနှင့် မထေရ်လေးပါးအား အကျင့်သိက္ခာနှင့် ပညာအရာတွင် ထူးချွန်သူများဖြစ်ခြင်းကြောင့် များစွာ ကြည်ညို လေးစားသည်။ ဘုရင်၏ထောက်ပံ့အားပေးမှုဖြင့် မထေရ်ငါးပါးသည် ဧရာဝတီမြစ်ထဲတွင် ဥဒကုက္ခေပ ရေသိမ်အဖြစ် လှေဖောင်ဖွဲ့လျက် ပဉ္စင်းလောင်းများစွာကို ပဉ္စင်းခံပေးသည်။ ထိုအချိန်မှစ၍ သီဟိုဠ်သံဃာဂိုဏ်းသည် တဖြည်းဖြည်းကြီးပွား တိုးတက်လာရာ ပုဂံ၌သာမကတော့ဘဲ မြန်မာနိုင်ငံ အခြားဒေသများသို့အထိ ပြန့်ပွား သွားလေသည်။

ပုဂံခရီးသည်၏ အာရုံသည် အတိတ်မှ ပစ္စပ္ပုန်ဆီသို့ ပြန်ရောက် လာသည်။ ဆပ္ပဒ မထေရ် တည်ထားသော သီဟိုဠ်စေတီ ပုထိုး ပုံသဏ္ဌာန် ဆပ္ပဒစေတီသည် နှစ်ပေါင်း (၉၀၀) နီးပါးမျှ ကြာရှိပြီ ဖြစ်သော်လည်း ပုဂံခေတ်၏ သမိုင်းတစ်ကွက်ကို ပြောပြနေတုန်းပင် ဖြစ်သည်။ သီဟိုဠ်သွား ဒုတိယဓမ္မ ခရီးသည် ဆပ္ပဒ မထေရ်၏ အတ္ထုပ္ပတ်ကို ရေးစပ်သီကျူး နေတုန်းပင်ဖြစ်သည်။ ပုဂံ ခရီးသည် စီးနင်းလိုက်ပါသွားသော ကားသည် ညောင်ဦးမှ ပုဂံသို့ ဦးတည်နေပြီ။ သို့သော် ခရီးသည်ကမူ ဆပ္ပဒ စေတီတွင် မမြင်ရသောအက္ခရာစာလုံးများဖြင့် ရေးထိုး မှတ်တမ်းတင်ထားသည့် ဆပ္ပဒ ၏ အတ္ထုပ္ပတ်ကို စိတ်ထဲက ဖတ်နေတုန်းပင် ရှိသေးသည်။

ဆရာကြီး ပါရဂူ ရေးသားသော ပုဂံခရီးသည် စာအုပ်မှ

——- —— ———

(Zawgyi)

ပုဂံ သမုိင္း၀င္ ဆပၸဒေစတီေတာ္

ဆရာႀကီး ပါရဂူ ေရးသားေသာ ပုဂံခရီးသည္ စာအုပ္မွ

ဆပၸဒေစတီသည္ ပုဂံ၏ သမုိင္း၀င္ ထင္ရွားေသာ ေစတီတစ္ဆူ ျဖစ္ေသာ္လည္း ပုဂံ၌ တည္ရွိမေနဘဲ ေညာင္ဦးတြင္ တည္ရွိေနသည္။ ရန္ကုန္ျမိဳ႕လယ္ရွိ ဆူးေလဘုရား ပတ္လည္ ယာဥ္သြားလမ္းႏွင့္ လူသြားလမ္းမ်ားေပၚ၌ ယာဥ္မ်ား၊ ခရီးသြား ခရီးလာမ်ား ဥဒဟုိ သြားလာေနၾက ေသာ္လည္း ဆူးေလဘုရား ေပၚတက္၍ ဘုရား၀တ္ျပဳသူမွာ အလြန္တရာမွ အေရအတြက္ နည္းပါးသည္။ ဆပၸဒေစတီလည္း ထုိနည္းအတုိင္းပင္။

ေစတီေဘးက ယာဥ္သြားလမ္းေၾကာင္းႏွင့္ လူသြားလမ္းေၾကာင္းေပၚ၌ ယာဥ္မ်ား၊ ခရီးသြားခရီးလာမ်ား အဆက္မျပတ္ သြားလာေနၾကေသာ္လည္း ေစတီေပၚတက္၍ ဘုရားဖူးသူမွာမူ တစ္ေထာင္ တစ္ေယာက္မရွိေပ။ တကူးတက ပုဂံ၊ ေညာင္ဦးသြားျပီး ဘုရားဖူးၾကသည့္ ဘုရားဖူးခရီးသည္မ်ားပင္ ဤေစတီသုိ႕ မေရာက္ၾကေပ။ သုိ႕ရာတြင္ ေစတီေဘးတြင္ ယာဥ္လမ္း၊ လူသြားလမ္း ရွိေနသျဖင့္ ဤေစတီမွာ မဖူးခ်င္ ျမင္လ်က္သား ျဖစ္ေနသည္။ သုိ႕ေသာ္ သမုိင္း သုေတသီမ်ားမွတစ္ပါး သာမန္ ဘုရားဖူးမ်ားႏွင့္ ခရီးသြား ခရီးလာမ်ားမွာမူ ဤေစတီ၏ သမုိင္း၀င္ အနက္အဓိပၸါယ္ကုိ မသိ မျမင္ၾကဘဲ ပုဂံဘုရားအုိ ဘုရားပ်က္မ်ားထဲက သာမန္ ဘုရား တစ္ဆူ၊ ေစတီ တစ္ဆူေလာက္သာ ေအာက္ေမ့ၾကသည္။

ဤပုဂံခရီးသည္ သည္ပင္ ပုဂံသုိ႕ ေလးၾကိမ္တိတိ ေရာက္ေသာ္လည္း စတုတၳအၾကိမ္ေရာက္မွ သမုိင္းေျခရာ ေကာက္လုိ၍ ဤေစတီသုိ႕ သြားေရာက္ျခင္း ျဖစ္သည္။ ပုဂံတစ္ေနရာ၌ စတည္းခ်ေနေသာ ပုဂံခရီးသည္သည္ ေညာင္ဦးသြားေသာ ကုိယ္ပုိင္ကားၾကံဳႏွင့္ လုိက္လာသည္။ ေစတီသည္ ေညာင္ဦး-ေက်ာက္ပန္းေတာင္း ကားလမ္း ေညာင္ဦးအထြက္ လက္ယာဘက္ကပ္လ်က္ တည္ရွိသည္။ တစ္နည္း ေျပာရလွ်င္ ေညာင္ဦးသုိ႕ ေတာင္ဘက္မွအ၀င္ ကားလမ္းေဘး၌ တည္ရွိေနသည္။ ေစတီ၏ ပရိ၀ုဏ္၌ အာရုံခံတန္ေဆာင္း မရွိေပ။ ဘုရားအုိ ဘုရားပ်က္တစ္ဆူ အျဖစ္ျဖင့္သာ ေနပူက်ဲက်ဲထဲ၌ ထီးထီးၾကီး တည္ရွိေနသည္။ ပရိ၀ွဏ္ အျပင္ဘက္၌မူ သစ္ပင္ တစ္ပင္ႏွစ္ပင္ ေပါက္ေနသည္။

ပုဂံခရီးသည္သည္ ေလွကားဆယ္ထစ္ေလာက္ ရွိေသာ အုတ္ေလွကားကုိ ေပါင္းကူးထားသည့္ မုခ္ေပါက္မွ ၀င္လ်က္ ရင္ျပင္ေပၚတက္သြားသည္။ ရင္ျပင္ေပၚ၌ လူသူအရိပ္အေယာင္ တစ္ေယာက္မွ်ပင္ မေတြ႕ရေပ။ ေစတီရင္ျပင္၏ ေဘးပတ္လည္၌ ယာဥ္မ်ားႏွင့္ လမ္းသြားလမ္းလာမ်ား ဥဒဟုိလွဳပ္ရွား သြားလာေနၾကေသာ္လည္း ပရိ၀ွဏ္ အတြင္း၌မူ ျငိမ္သက္ေနသည္။ အျပဳအျပင္ အမြမ္းအမံ လုံး၀ မရွိဘဲ ေရွးေဟာင္း ပကတိအသြင္ အုတ္နီေရာင္ထေနေသာ ေစတီတစ္ဆူ တည္းသာလွ်င္ ေငါင္းစင္းစင္းၾကီး တည္းရွိေနသည္။

ပုဂံခရီးသည္သည္ ေစတီကို အုတ္ခုံဖိနပ္ေတာ္မွ အထက္ ထုပိကာအထိ ေအာက္မွ အထက္သုိ႕ လည္းေကာင္း၊ အထက္မွ ေအာက္သုိ႕လည္းေကာင္း အျပန္ျပန္ အထပ္ထပ္ မ်က္စိ ကစားၾကည့္လုိက္သည္။ေစတီမွာ ဂူဘုရားမဟုတ္ဘဲ သီဟုိဠ္ေစတီပုံ ရုိးရုိး ေျမစုိက္ေစတီ ပုထုိးမွ်သာ ျဖစ္သည္။ ေအာက္ခံ ဖိနပ္ေတာ္မွာ ေလးေထာင့္ပုံ ျဖစ္သည္။ အုတ္ခံဖိနပ္ေတာ္ေပၚ၌ တည္ထားေသာ ေခါင္းေလာင္းပုံ သဏၭာန္ေစတီကို ဖူးေတြ႕ရသည္။ ေခါင္းေလာင္းပုံသဏၭာန္ေစတီ အထက္၌ရွိေသာ ဓါတ္ေတာ္တုိက္မွာလည္း ေလးေထာင့္ပုံသဏၭာန္ပင္ ျဖစ္သည္။ ဓါတ္ေတာ္တုိက္၏ အထက္၌ကား ထုပိကာအထြတ္ကို ပုံသဏၭာန္ ခပ္ဆန္းဆန္း ျပဳလုပ္ထားသည္။

ထုပိကာအထြတ္၏ ထိပ္ပုိင္းမွတစ္ပါး ေစတီသည္ ပင္ကုိယ္အတုိင္း အျပည္အစုံပင္ က်န္ရွိေနေသးသည္။ ဆပၸဒေစတီသည္ ေညာင္ဦးျမိဳ႕အတြင္း၌ တစ္မူ ထူးျခားစြာ တည္ရွိလ်က္ ေရွးအတိတ္က စျပီး ယခုကာလအထိ ပုဂံခရီးသည္မ်ားအား ဂိတ္၀မွ ဆီးၾကိဳ ေနသကဲ့သုိ႕ပင္ထင္ေနရသည္။ ပုဂံ ခရီးသည္သည္ ဆပၸဒေစတီကို ဖူးေျမာ္ရင္း ကုန္းေဘာင္ေခတ္၊ အင္း၀ေခတ္၊ ပင္းယေခတ္တုိ႕ကို ေက်ာ္လြန္လ်က္ ေရွးအတိတ္ သမုိင္း ပုဂံေခတ္ဆီသုိ႕ အာရုံေရာက္သြားသည္။

အေနာ္ရထာမင္းၾကီး လက္ထက္တြင္ ျမန္မာႏွင့္ သီဟုိဠ္ (သီရိလကၤာ)ဆက္သြယ္မွဳသည္ အေတာ္ပင္ ခုိင္မာေနျပီ။ အေနာ္ရထာ မတုိင္မီကပင္ ျမန္မာႏွင့္ သီဟုိဠ္သည္ သာသနာေရး ဆက္သြယ္မွဳ ရွိေနျပီ။ ထုိအခ်ိန္၌ သီဟုိဠ္က ျမန္မာႏုိင္ငံကို “ရာမညေဒသ” ဟုေခၚသည္။ စင္စစ္ “ရာမညေဒသ” ဟူသည္မွာ မြန္ႏုိင္ငံကုိ ေခၚသည့္ ေ၀ါဟာရ စကားလုံး ျဖစ္ေသာ္လည္း သီဟုိဠ္က ဆုိလုိသည့္ “ရာမညေဒသ” မွာ ျမန္မာတစ္ႏုိင္ငံလုံးကုိ ျခံဳ၍ ေခၚသည့္ အမည္နာမ ျဖစ္သည္။

အေနာ္ရထာမင္းၾကီးသည္ သီဟုိဠ္ဘုရင္ ပထမ ၀ိဇယဗာဟု (ေအဒီ-၁၀၅၅ -၁၁၁၀) ထံသုိ႕ သံတမန္ အဖြဲ႕တစ္ဖြဲ႕ ေစလႊတ္လ်က္ ဗုဒၶစြယ္ေတာ္ကုိ ေတာင္းခံခဲ့ေလသည္။ ထုိအခ်ိန္က ျမန္မာႏွင့္ သီဟုိဠ္သည္ သာသနာေရး အရသာ မကဘဲ ႏုိင္ငံေရးအရလည္း ဆက္သြယ္မွဳ ရွိေနျပီ။ သီဟုိဠ္ဘုရင္ ၀ိဇယဗာဟုသည္ အိႏၵိယေတာင္ပုိင္းမွ ေစာလ (ဒမိလ) လူမ်ဳိးမ်ား က်ဴးေက်ာ္တုိက္ခုိက္ လာေသာအခါ စီးပြားေရး၊ သာသနာေရးမွစ၍ အစစအရာရာ ခြ်တ္ျခံဳက်သြားခဲ့သည္။ ထုိအခ်ိန္က သီဟုိဠ္သာသနာသည္ မည္မွ် ယိမ္းယုိင္သြားသနည္းဆုိလွ်င္ ဥပသမၸပဒကံ စေသာ သံဃာ့ကံ ေဆာင္ရြက္ရန္အတြက္ပင္ အရည္အခ်င္းျပည့္ မေထရ္မ်ား ရွားပါးေနသျဖင့္ ဦးေရျပည့္ေအာင္ မနည္း ရွာေဖြရေလသည္။

ယင္းအေျခအေနတြင္ သီဟုိဠ္ဘုရင္သည္ အေနာ္ရထာမင္းၾကီးထံ သံတမန္အဖြဲ႕ ေစလႊတ္လ်က္ ရာမညေဒသမွ ရဟန္းသံဃာေတာ္မ်ားကုိ ပင့္ဖိတ္ခဲ့ေလသည္။ ယင္းသုိ႕ တစ္ျပည္ေထာင္ႏွင့္ တစ္ျပည္ေထာင္၊ တစ္မင္းႏွင့္ တစ္မင္း ခ်စ္ၾကည္ေသာ ဆက္သြယ္မွဳရွိေသာေၾကာင့္ ပုဂံအေနာ္ရထာမင္းကို “သီဟုိဠ္ဘုရင္ ၀ိဇယဗာဟု၏ အၾကည္ေတာ္ဘုရင္” ဟုပင္ ေခၚေ၀ၚသမွဳျပဳၾကသည္။

သီဟုိဠ္ (သီရိလကၤာ)ႏွင့္ ျမန္မာသည္ ယင္းသုိ႕ ႏုိင္ငံေရးအရ လည္းေကာင္း၊ သာသနာေရးအရ လည္းေကာင္း ဆက္သြယ္မွဳ ရွိေနေသာေၾကာင့္ ျမန္မာႏုိင္ငံမွ ရဟန္းသံဃာေတာ္မ်ားသည္ သီဟုိဠ္ႏွင့္ လမ္းေပါက္ေနၾကသည္။ ျမန္မာႏုိင္ငံမွ သီဟုိဠ္သို႕ ပထမဦးဆုံး ၾကြေသာရဟန္းေတာ္မွာ ပံ့သကူမေထရ္ ျဖစ္သည္။ က်န္စစ္သားမင္းၾကီး၏ ေျမးေတာ္ အေလာင္းစည္သူမင္းၾကီး ကံကုန္ သြားေသာအခါ သားေတာ္နရသူက ထီးနန္းဆက္ခံသည္။ သားေတာ္ အၾကီး မင္းရွင္ေစာသည္ အေ၀းေရာက္ေန၍ ထီးနန္း လက္လြတ္သြားေသာေၾကာင့္ လက္လြတ္သြားေသာ ထီးနန္းကို တုိက္ခုိက္ယူရန္ ခ်ီတက္ လာေလသည္။

ဤတြင္ နရသူက ပံ့သကူမေထရ္အား “ေနာင္ေတာ္အား နန္းလႊဲအပ္ပါမည္” ဟုေျပာ၍ ေစ့စပ္ခုိင္းသည္။ ပံ့သကူမေထရ္က ၾကား၀င္၍ ျဖန္ေျဖသည္။ နရသူသည္ ေနာင္ေတာ္ မင္းရွင္ေစာအား နန္းကိုမူ လႊဲအပ္သည္။ သုိ႕ရာတြင္ ညတြင္းခ်င္းပင္ ဖယ္ရွားပစ္လုိက္ေလသည္။ ထုိအခါ ပံ့သကူမေထရ္သည္ နရသူအား မ်က္ျပီး ပုဂံတြင္ မေနေတာ့ဘဲသီဟုိဠ္ ၾကြသြားသည္။ နရပတိစည္သူမင္းၾကီး နန္းတက္မွ ပုဂံျပန္ၾကြ လာေလသည္။

ပံ့သကူမေထရ္ေနာက္ သီဟုိဠ္သုိ႕ ဒုတိယၾကြလာေသာ ရဟန္းေတာ္မွာ ဌက္ပစ္ေတာင္ဂုိဏ္း၏ ဦးစီးနာယက ဥတၱရာဇီ၀ မေထရ္ ျဖစ္သည္။ပံ့သကူမေထရ္သည္ ဥတၱရာဇီ၀မေထရ္ အရင္ သီဟုိဠ္ ၾကြေသာ ရဟန္းေတာ္ ျဖစ္သည္။ သုိ႕ရာတြင္ “သီဟုိဠ္သြား ပထမ ဓမၼခရီးသည္” ဘြဲ႕ကုိ မရေပ။ သူ၏ ခရီးမွာ ဓမၼခရီးသက္သက္ မဟုတ္ေသာေၾကာင့္ ျဖစ္တန္ရာ၏။ ယင္းဘြဲ႕ကုိ ရသူကား ဥတၱရာဇီ၀ မေထရ္ ျဖစ္သည္။

ခရစ္ႏွစ္ ၁၁၈၀ တြင္ ဥတၱရာဇီ၀ မေထရ္ ခရီးစထြက္သည္။ ခရီးအစ၌ သေဘၤာဆိပ္ရွိရာ ပုသိမ္သုိ႕ လာရသည္။ ဥတၱရာဇီ၀ မေထရ္ႏွင့္အတူ ရဟန္းအခ်ဳိ႕အျပင္ ဆပၸဒ အမည္ရွိ သာမေဏ တစ္ပါးလည္းပါသြားသည္။ ဆပၸဒသည္ ပုသိမ္ေက်းလက္ ဆပၸဒရြာသား မြန္အမ်ဳိးသား ျဖစ္သည္။ ဆပၸဒ ရြာသား ျဖစ္ေသာေၾကာင့္ သူ႕အမည္သည္လည္း ဆပၸဒဟု တြင္ေနသည္။ ပုဂံေခတ္က ဆပၸဒရြာမွာ ယခုေခတ္ ပုသိမ္ ငပုေတာ ျဖစ္သည္ဟု အဆုိရွိသည္။

သီဟုိဠ္ကြ်န္းတြင္ ဥတၱရာဇီ၀ မေထရ္သည္ သီဟုိဠ္ရဟန္း သံဃာေတာ္မ်ားႏွင့္ ပုလဲနံပ သင့္သြားသည္။ ႏွစ္ႏုိင္ငံမွ ရဟန္းေတာ္မ်ားသည္ ေရေျမေဒသအရ ကြဲျပားျခားနားေနေသာ္လည္း သူတုိ႕၏ ပင္မ၊ သူတုိ႕၏ေရေသာက္ျမစ္မွာ တစ္ခုတည္း ဟု ယူဆၾကသည္။ မူလပင္မမွာ မဇိၩမေဒသမွ ဗုဒၶသာသနာ ျဖစ္သည္။

မဇိၩမေဒသ၌ အေသာကမင္းၾကီးလက္ထက္ တတိယ သဂၤါယနာတင္ျပီးေသာအခါ သာသနာျပဳ မေထရ္မ်ားသည္ ကုိးတုိင္း ကုိးဌါနသုိ႕ သာသနာျပဳ ခရီး ၾကြၾကသည္။ ကုိးတုိင္း ကိုးဌါနထဲ၌ လကၤာဒီပကြ်န္းႏွင့္ သု၀႑ဘုမၼိလည္း ပါ၀င္သည္။ သီဟုိဠ္သုိ႕ ရွင္မဟာမဟိႏၵ ၾကြေရာက္ျပီး သု၀႑ဘုမၼိသုိ႕ ေသာဏႏွင့္ ဥတၱရမေထရ္တုိ႕ ၾကြေရာက္ၾကသည္။ ဥတၱရာဇီ၀ မေထရ္သည္ ေသာဏႏွင့္ ဥတၱရမေထရ္ တုိ႕မွ ဆင္းသက္လာသည့္ တပည့္အႏြယ္ ျဖစ္သည္။ သီဟုိဠ္ရဟန္းမ်ားကား ရွင္မဟာမဟိႏၵ၏ တပည့္အဆက္အႏြယ္မ်ား ျဖစ္သည္။

ထုိ႕ေၾကာင့္ သူတုိ႕သည္ ေရေျမေဒသအလုိက္ ကြဲျပားျခားနား ေနေသာ္လည္း မူလျမစ္ဖ်ားခံရာမွာ တစ္ခုတည္းသာျဖစ္၏ဟု ယူဆၾကျပီးလွ်င္သံဃာ့ကံကုိ တစ္ေပါင္းတည္း တစ္စည္းတည္း ျပဳၾကသည္။ ဥတၱရာဇီ၀ႏွင့္ ပါလာသည့္ ဆပၸဒသာမေဏမွာ အသက္ေစ့ျပီး ရဟန္းျပဳခ်ိန္ ေရာက္ေနျပီျဖစ္၍ သီဟုိဠ္ေရာက္ ျမန္မာရဟန္းမ်ားႏွင့္ သီဟုိဠ္ရဟန္းမ်ားသည္ညီညြတ္စြာ စုေပါင္းျပီးလွ်င္ ဆပၸဒသာမေဏအား ပဥၥင္းခံ ေပးလုိက္ၾကေလသည္။ ဆပၸဒသည္ “သီဟုိဠ္သြား ဒုတိယ ဓမၼခရီးသည္” ဘြဲ႕အမည္ရရွိသူ ျဖစ္သြားေလသည္။

ဥတၱရာဇီ၀မေထရ္သည္ သီဟုိဠ္ ဘုရား၊ ပုထုိးမ်ားကို လွည့္လည္ ဖူးေမွ်ာ္လ်က္ သာသနာေရးကိစၥမ်ားကုိ ျပဳလုပ္ေဆာင္ရြက္ျပီးေသာအခါ ျမန္မာႏုိင္ငံသုိ႕ ျပန္ၾကြလာသည္။ သုိ႕ရာတြင္ သူႏွင့္အတူ ပါသြားေသာ သီဟုိဠ္ေရာက္မွ ရဟန္းျဖစ္သည့္ ဆပၸဒမွာမူ အျပန္ခရီး၌ ဥတၱရာဇီ၀မေထရ္ႏွင့္ျပန္လုိက္ မလာေတာ့ေပ။ ပိဋကတ္စာေပ သင္ၾကား ဆည္းပူးရန္ သီဟုိဠ္၌ က်န္ရစ္ခဲ့သည္။ မိမိတုိင္းျပည္ ျပန္သြားပါက အေဆြအမ်ဳိး ေၾကာင့္ၾကဗ်ာပါဒေၾကာင့္ စာေျဖာင့္ေျဖာင့္ သင္ၾကားႏုိင္မည္ မဟုတ္ေပ။ သီဟုိဠ္၌ကား လြတ္လြတ္လပ္လပ္ စာသင္ၾကား ေလ့လာႏုိင္သည္။ ယင္းစိတ္ကူးျဖင့္ သီဟုိဠ္၌ ေနရစ္ခဲ့ျခင္း ျဖစ္သည္။

ထုိအခ်ိန္ကား သီဟုိဠ္ ပရကၠမဗာဟု စုိးမုိး အုပ္ခ်ဳပ္ေနခ်ိန္ ျဖစ္သည္။ ပရကၠမဗာဟုသည္ ဘုန္းလက္ရုံးႏွင့္ ျပည္စုံသည္။ သူ၏ ေရတပ္သည္အိႏၵိယေတာင္ပုိင္းႏွင့္ အင္ဒုိခ်ဳိင္းနားကြ်န္းဆြယ္ တစ္ခြင္အထိ က်က္စားေနေလသည္။ ၁၁၆၄ ခုႏွစ္၊ နန္းတက္ခ်ိန္မွစ၍ ပရကၠမဗာဟုသည္ ဗုဒၶသာသနာကိုထြန္းကားျပန္႕ပြားေအာင္ ေဆာင္ရြက္သည္။ သူ႕လက္ထက္တြင္ သီဟုိဠ္၌ ဗုဒၶသာသနာ အေျခအေနသည္ တုိးတက္ ေကာင္းမြန္ေနသည္။ ေနျပည္ေတာ္ျဖစ္သည့္ ပိုလႏၵရု၀ ၌ ရဟန္း သံဃာေတာ္မ်ားအတြက္ ေက်ာင္းတုိက္မ်ားကို အမ်ားအျပား ေဆာက္လုပ္ လွဴဒါန္းသည္။ ရွင္ဗုဒၶေဃာသ၏ အ႒ကထာ က်မ္းမ်ားကုိ ဖြင့္ဆုိသည့္ ဋီကာက်မ္းမ်ားကို ရဟန္းေပါင္း တစ္ေထာင္စုျပီး တစ္ႏွစ္တည္းျဖင့္ အျပီးေရးသား ၾကသည္။

ပရကၠမဗာဟုသည္ ပုဂံမင္းဆက္ ဘုရင္မ်ားျဖစ္သည့္ နရသူ၊ မင္းယဥ္နရသိခၤ၊ နရပတိစည္သူတို႕ႏွင့္ ေခတ္ျပိဳင္ျဖစ္သည္။ ျမန္မာႏုိင္ငံမွ ဆပၸဒသီဟုိဠ္ေရာက္ေနသည္မွာ ထုိေခတ္ ထုိကာလ၀န္းက်င္ တြင္ ျဖစ္သည္။ ႏုိင္ငံကလည္း ေအးခ်မ္းသာယာေနသည္။သာသနာကလည္း ထြန္းကားေနသည္။ ပါဠိပိဋကတ္ သင္ၾကားေလ့လာမွဳကလည္း ျပန္႕ပြားေခတ္စားေနသည္။ ထုိအခ်ိန္၊ ထုိ၀န္းက်င္၌ ေနရ၍ ဆပၸဒသည္ ပါဠိပိဋကတ္ႏွင့္အဖြင့္အ႒ကထာ က်မ္းမ်ား၊ ဋီကာက်မ္းမ်ားကုိ သင္ၾကား ေလ့လာရသည္မွာ အလြန္ အဆင္ေျပေနသည္။ ေတာ္ေပ့ ေက်ာ္ေပ့ဆုိသည့္ သီဟုိဠ္ ပညာရွင္ ရဟန္းေတာ္မ်ားထံ ဆည္းကပ္ျပီး တကယ့္ပညာတတ္တစ္ဦး ျဖစ္ေအာင္ ၾကိဳးစား အားထုတ္သည္။ ျမန္မာႏုိင္ငံတြင္ သင္ၾကားေလ့လာမွဳမရွိေသးသည့္ က်မ္းစာမ်ားကို သင္ၾကားသည္။ သီဟုိဠ္ကြ်န္း၏ သာသနာေရး ဓေလ့ထုံးစံႏွင့္ အစဥ္အလာမ်ားကိုလည္း မွတ္ယူသည္။ သီဟုိဠ္ကြ်န္းရွိ ဗုဒၶယဥ္ေက်းမွဳႏွင့္ ေစတီပုထုိးမ်ားကိုလည္း ေလ့လာသည္။

သီဟုိဠ္ကြ်န္း၌ ဆပၸဒ ေနထုိင္ သီတင္းသုံးေနသည္မွာ ဆယ္ႏွစ္ဆယ္မုိးၾကာသြားျပီ။ အေတာင္အလက္လည္း စုံလာျပီ။ ရဟန္းငယ္ ဘ၀မွမေထရ္ဘ၀ ေရာက္လာျပီ။ ပိဋကတ္ က်မ္းစာမ်ားကိုလည္း အဠကထာဋီကာမ်ားႏွင့္ တကြ သင္ယူတတ္ေျမာက္ျပီးေလျပီ။ မိမိဇာတိ ႏုိင္ငံ၏ေခၚသံကို ၾကားေနရျပီ။

ဥတၱရာဇီ၀မေထရ္ သီဟုိဠ္ေရာက္စဥ္က သီဟုိဠ္ ရဟန္းေတာ္မ်ားႏွင့္တစ္ေပါင္းတည္း သံဃာ့ကံ သံဃာ့ကိစၥ ျပဳလုပ္ ေဆာင္ရြက္ႏုိင္ေသာ္လည္း သီဟုိဠ္၌ အေနၾကာသြားေသာ ဆပၸဒကမူ သီဟုိဠ္သာသနာၾသဇာလႊမ္းမုိးမွဳ ခံရျပီး ျမန္မာရဟန္းမ်ား အေပၚ အျမင္တစ္မ်ဳိး ျမင္လာသည္။ ျမန္မာႏုိင္ငံ ျပန္ေရာက္သြားသည့္အခါ ပုဂံျပည္ရွိ ရဟန္းမ်ားႏွင့္သံဃာ့ကံ သံဃာ့ကိစၥတုိ႕ကို အတူတကြ မျပဳလုပ္လုိက မိမိတစ္ဦးတည္းေငါင္းစင္းစင္း ျဖစ္ေနလိမ့္မည္။ ပုဂံျပည္တြင္ သံဃာ့ကံ သံဃာ့ကိစၥကိုမိမိ စိတ္တုိင္းက် ျပဳလုပ္ေဆာင္ရြက္ရန္ သီဟုိဠ္ကြ်န္းမွ မိမိႏွင့္အတူစိတ္သေဘာတူ အက်င့္သိကၡာတူ ရဟန္းေလးပါးကို မိမိႏွင့္တစ္ပါးတည္းပုဂံသုိ႕ ေခၚေဆာင္သြားရပါမူ ပုဂံတြင္ သံဃာ့ကံ သံဃာ့ကိစၥ ျပဳလုပ္ေဆာင္ရြက္ေရးအတြက္ အခက္အခဲ ေတြ႕လိမ့္မည္ မဟုတ္ေပ။

ယင္းသုိ႕ စဥ္းစားစိတ္ကူးျပီးလွ်င္ ဆပၸဒသည္ သီတင္းသုံးေဖာ္ ျဖစ္ၾကေသာ တာမရလိပၸတိသား သီ၀လိမေထရ္၊ ကေမၻာဇမင္း၏ သားေတာ္တာမလိႏၵမေထရ္၊ ကိဥၥပူရသား အာနႏၵာမေထရ္၊ သီဟုိဠ္ကြ်န္းသားရာဟုလမေထရ္တုိ႕ကို ေခၚျပီးလွ်င္ ၁၁၈၁-၁၁၈၂ ခုႏွစ္၌ ျမန္မာႏုိင္ငံျပန္လာသည္။ မေထရ္ငါးပါးတုိ႕သည္ သေဘၤာၾကံဳႏွင့္ လုိက္လာၾကရာ ပုသိမ္သုိ႕ ၀ါဆုိခါနီး ကပ္ေရာက္ လာၾကသည္။ ၀ါဆုိခ်ိန္ ကပ္ေနျပီျဖစ္၍ ပုဂံသုိ႕ ဆက္မသြားေတာ့ဘဲ ပုသိမ္၌ တစ္၀ါ ဆုိၾကသည္။ ပုသိမ္၌ ယင္းရဟန္းေတာ္မ်ား ၀ါကပ္ေသာ ေက်ာင္းတုိက္တည္ရာႏွင့္ အရာမ္ တံတုိင္းမ်ားသည္ေနာက္ႏွစ္ေပါင္းမ်ားစြာ ၾကာသည့္အထိ ပုသိမ္ျမိဳ႕ေဟာင္း၏ ေတာင္ဘက္၌ တည္ရွိေနသည္။ ယင္း ရဟန္းေတာ္မ်ား သမုတ္သြားခဲ့ေသာ သိမ္ေတာ္ရာလည္း ယခုထက္တုိင္ ပုသိမ္ျမိဳ႕၌ ရွိေနသည္။

သီတင္း၀ါလကြ်တ္ေသာ အခါက်မွ ဆပၸဒမေထရ္သည္ အေဖာ္ ရဟန္းေလးပါးႏွင့္အတူတကြ ပုဂံသုိ႕ ၾကြေလသည္။ ပုဂံေရာက္ေသာအခါ ဆပၸဒ ရင္ဆုိ႕သြားသည္။ သူ႕ဆရာရင္း ဥတၱရာဇီ၀ မေထရ္သည္ သူ ပုဂံမေရာက္ခင္ကေလး ကပ္ျပီး ပ်ံလြန္ေတာ္မူသြားသည္။ မိမိ၏ ေက်းဇူးရွင္ဆရာႏွင့္ ရွင္ကြဲ ကြဲေနရာမွ ဖူးေတြ႕ရန္ အားခဲထားေသာ္လည္း မဖူးေတြ႕လုိက္ရဘဲ ရက္ပုိင္းကေလး ေတ့လြဲ လြဲျပီး ေသကြဲ ကြဲသြားရသည္ျဖစ္၍ ယူက်ဳံးမရ ျဖစ္သြားေလသည္။ ဆပၸဒသည္ သူ႕ဆရာ၏ သခၤ်ဳိင္းဂူသုိ႕ သြားလ်က္ “တပည့္ေတာ္သည္ ဆရာအရွင္ျမတ္အား ေက်းဇူးဆပ္သည့္ အေနျဖင့္ ဆရာအရွင္ျမတ္လုိလား ေတာင့္တသည့္အတုိင္း ဗုဒၶ သာသနာ ၾကီးပြား တုိးတက္ရာ တုိးတက္ေၾကာင္းကုိ ၾကိဳးပမ္းေဆာင္ရြက္ပါမည္”ဟု အဓိ႒ာန္ ျပဳလုိက္ ေလသည္။

ဆပၸဒသည္ လူမ်ဳိးစုအစြဲ ရွိသည္။ ပုဂံသာသနာ၌ ယခင္က မိမိဆရာ မြန္လူမ်ဳိး ဥတၱရာဇီ၀သည္ အၾကီးအမွဴးျဖစ္သည္။ ယခု သူျပန္ေရာက္လာသည့္အခါတြင္ကား ျမန္မာ ရဟန္းမ်ားကား အၾကီးအမွဴး ျဖစ္ေနၾကသည္။ ထုိ႕ျပင္သီဟုိဠ္ သာသနာ့ ဂုိဏ္းစြဲလည္း ဆပၸဒတြင္ မွီခုိကိန္းေအာင္း ေနျပီ။ လူမ်ဳိးစုအစြဲႏွင့္ ဂုိဏ္းဂဏစိတ္သည္ ဆပၸဒ အား ပုဂံ၌ သီဟုိဠ္ သံဃာ့ဂုိဏ္းသစ္တစ္ဂုိဏ္း တည္ေထာင္ရန္ လွဳံ႕ေဆာ္ ခဲ့ေလသည္။ ထုိ႕ေၾကာင့္ ဟံသာ၀တီမြန္ဘုရင္ ဓမၼေစတီ ေရးထုိးထားေသာ ကလ်ာဏီ ေက်ာက္စာ၌ပင္ ဆပၸဒသီးျခားဂုိဏ္း ေထာင္ျခင္းမွာ “မာန၀ေသန” (မာန္ေၾကာင့္) ဟု ေရးထုိးမွတ္တမ္း တင္ထားသည္။

မည္သုိ႕ပင္ ျဖစ္ေစ သီဟုိဠ္ကြ်န္းမွ “မဟာ၀ိဟာရ နိကာယ” ဂုိဏ္းသည္ျမန္မာႏုိင္ငံ၌ ေျခကုတ္ ရရွိသြားေလျပီ။ ဆပၸဒသည္ ျမန္မာႏုိင္ငံ၌ သီဟုိဠ္သံဃာ့ဂုိဏ္းကို စတင္ တည္ေထာင္ေသာ ဂုိဏ္းေခါင္းေဆာင္ ျဖစ္သည္။ထုိအခ်ိန္မွစ၍ ပုဂံ၌ သံဃာ့ဂုိဏ္း ႏွစ္ဂုိဏ္း ကြဲသြားသည္။ ပထမဂုိဏ္း၏ပင္မမွာ ရာမညတုိင္း သထုံျဖစ္ျပီး ဒုတိယဂုိဏ္း၏ ျမစ္ဖ်ားခံရာမွာ သီဟုိဠ္ကြ်န္းျဖစ္သည္။ ရာမညတုိင္း သထုံမွ ရွင္အရဟံ ေဆာင္ၾကဥ္းလာေသာ ပထမဂုိဏ္းကုိ “ပုရိမသံဃာ” သုိ႕မဟုတ္ “ပုရိမဂုိဏ္း” (ေရွးဦးဂုိဏ္း) ဟူ၍လည္းေကာင္း၊ သီဟုိဠ္ကြ်န္းမွ ဆပၸဒ ေဆာင္ၾကဥ္းလာေသာ ဒုတိယဂုိဏ္းကို “ပစိၦမသံဃာ” သုိ႕မဟုတ္ “ပစၦိမဂုိဏ္း” (ေနာက္ေပၚဂုိဏ္း) ဟူ၍ လည္းေကာင္း ေခၚေ၀ၚ သမုတ္ၾကသည္။

ထုိအခ်ိန္၌ ပုဂံျပည္ရွင္ ဘုရင္မွာ နရပတိစည္သူ ျဖစ္သည္။ ဘုရင္သည္ ဆပၸဒႏွင့္ မေထရ္ေလးပါးအား အက်င့္သိကၡာႏွင့္ ပညာအရာတြင္ ထူးခြ်န္သူမ်ားျဖစ္ျခင္းေၾကာင့္ မ်ားစြာ ၾကည္ညိဳ ေလးစားသည္။ ဘုရင္၏ေထာက္ပံ့အားေပးမွဳျဖင့္ မေထရ္ငါးပါးသည္ ဧရာ၀တီျမစ္ထဲတြင္ ဥဒကုေကၡပ ေရသိမ္အျဖစ္ ေလွေဖာင္ဖြဲ႕လ်က္ ပဥၥင္းေလာင္းမ်ားစြာကို ပဥၥင္းခံေပးသည္။ ထုိအခ်ိန္မွစ၍ သီဟုိဠ္သံဃာဂုိဏ္းသည္ တျဖည္းျဖည္းၾကီးပြား တုိးတက္လာရာ ပုဂံ၌သာမကေတာ့ဘဲ ျမန္မာႏုိင္ငံ အျခားေဒသမ်ားသုိ႕အထိ ျပန္႕ပြား သြားေလသည္။

ပုဂံခရီးသည္၏ အာရုံသည္ အတိတ္မွ ပစၥပၸဳန္ဆီသို႕ ျပန္ေရာက္ လာသည္။ ဆပၸဒ မေထရ္ တည္ထားေသာ သီဟုိဠ္ေစတီ ပုထုိး ပုံသဏၭာန္ ဆပၸဒေစတီသည္ ႏွစ္ေပါင္း (၉၀၀) နီးပါးမွ် ၾကာရွိျပီ ျဖစ္ေသာ္လည္း ပုဂံေခတ္၏ သမုိင္းတစ္ကြက္ကို ေျပာျပေနတုန္းပင္ ျဖစ္သည္။ သီဟုိဠ္သြား ဒုတိယဓမၼ ခရီးသည္ ဆပၸဒ မေထရ္၏ အတၳဳပၸတ္ကို ေရးစပ္သီက်ဴး ေနတုန္းပင္ျဖစ္သည္။ ပုဂံ ခရီးသည္ စီးနင္းလုိက္ပါသြားေသာ ကားသည္ ေညာင္ဦးမွ ပုဂံသုိ႕ ဦးတည္ေနျပီ။ သုိ႕ေသာ္ ခရီးသည္ကမူ ဆပၸဒ ေစတီတြင္ မျမင္ရေသာ အကၡရာစာလုံးမ်ားျဖင့္ ေရးထုိး မွတ္တမ္းတင္ထားသည့္ ဆပၸဒ ၏ အတၳဳပၸတ္ကို စိတ္ထဲက ဖတ္ေနတုန္းပင္ ရွိေသးသည္။

ဆရာႀကီး ပါရဂူ ေရးသားေသာ ပုဂံခရီးသည္ စာအုပ္မွ

Tags: pagodas
Next Post
ဆာဟာရ သဲကန္တာရကြီးရဲ့ လျို့ဝှက်ချက်များ

ဆာဟာရ သဲကန္တာရကြီးရဲ့ လျို့ဝှက်ချက်များ

Discussion about this post

No Result
View All Result

Categories

Tag

amazing ancient knowledge animals architecture buddhism buddhism monk chemistry cities countries empires feeling health health knowledge history inventions kaung htet knowledge military motivation myanmar history myanmar knowledge myanmar people myanmar places news pagodas photos places planets plants rivers science science knowledge Sport Sport people successful tech thinking tips world actors world companies world history world knowledge world news world people world places

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

Follow Us

Facebook

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!