ဆရာပါရဂူ ရဲ့ ပုဂံခရီးသည် စာအုပ်မှ
ရှေးဟောင်းမြန်မာသမိုင်း၌ ပါရှိသော ပုဂံမင်းဆက်ဘုရင်များထဲတွင် စောရဟန်းမင်းဟူ၍ စောရဟန်းဘွဲ့မည်တပ်ထားသော ဘုရင်နှစ်ပါးရှိသည်။ ယင်းတို့ကား ပုပ္ပါးစောရဟန်းမင်းနှင့် ညောင်ဦးစောရဟန်းမင်းတို့ ဖြစ်ကြသည်။ ညောင်ဦးစောရဟန်းမင်းသည် ၁၁ ရာစု ရှေးဦးပိုင်း ပုဂံဘုရင်ဖြစ်သည်။ အနော်ရထာဘုရင်လက်ထက် ဦးစွာ ကျောက်စာရေးထိုးခြင်းခံရသော ဘုရင်မှာ ညောင်ဦးစောရဟန်းမင်း ဖြစ်သည်။
ညောင်ဦးစောရဟန်းမင်းကို မြန်မာရာဇဝင်၌ တောင်သူကြီးမင်းဟူ၍လည်းခေါ်သည်။ သူ၏ သခွားယာခင်းထဲဝင်ပြီး သခွားသီးခူးစားသော သိင်္ဃိုမင်း အနိစ္စရောက်လေသော် မိဖုရားကြီးနှင့် မှူးမတ်အပေါင်းတို့က ကံတော်ကုန်သွားသော မင်းအစား အတင်းမင်းမြှောက်သဖြင့် စိုင်ကော်လို့ ချုံပေါ်ရောက်လာသူဖြစ်သည်။ အစပထမ၌ မိဖုရားကြီးနှင့် မှူးမတ်အပေါင်းတို့သည် သိင်္ဃိုမင်း ကံကုန်ကြောင်းကို ဖုံးဖိထားကြသည်။ ထို့နောက်မှ တောင်သူကြီးအား နန်းတော်သို့ခေါ်သွားကာ ရေမိုးသန့်စင်စေလျက် မင်းမြောက်တန်ဆာ ဆင်ယင်ပေးပြီးလျှင် နောက်တစ်နေ့ ညီလာခံကျမှ ဤသူကား ဘုရင်တည်းဟု ကြေညာလိုက်ခြင်း ဖြစ်သည်။
ညောင်ဦးစောရဟန်းမင်းသည် ပုဂံအရှေ့ဘက် ရှစ်မိုင်အကွာရှိ တုရင်တောင်တန်း၌ ရဟန်းတော်များ ကံကြီးကံငယ်ဆောင်ရန် သိမ်တစ်လုံးတည်ဆောက်ခဲ့သည်။ သို့သော်လည်း ထိုသိမ်အဆောက်အအုံမှာ ၁၂၁၂ ခုနှစ်ကပင် ပျက်စီးသွားခဲ့သည်။ ဘုရင်မင်းကြီးသည် ပုထိုးငါးဆူကိုလည်း တည်ဆောက်ခဲ့သည်။ ယင်းပုထိုးငါးဆူအနက် ယခုပုထိုးသားများသည် တစ်ဆူအပါအဝင်ဖြစ်သည်။ ပုထိုးသားများသည် ပုဂံရှိ စေတီပုထိုးများအနက် ဘွဲ့နာမည်တော်ဆန်းသော ပုထိုးတစ်ဆူဖြစ်သည်။
ပုဂံခရီးသည်သည် ပုထိုးသားများဘုရားသို့ ရောက်သွားသည်။
ပုထိုးသားများ ဘုရားသည် သဗ္ဗညုဘုရား၏ အနောက်တွင်ရှိသည်။ ငကျွဲနားတောင်းဘုရားမှ အနောက်ဘက်သွားသောလမ်းသည် ပုထိုးသားများဘုရား၏ အရှေ့ဘက်အပေါက်နှင့် တူရူဖြစ်သည်။ အထပ်တစ်ထပ်မျှသာ ရှိပြီး အရှေ့ဘက်မုခ်လှည့်နေသော ဘုရားဖြစ်သည်။ ဂူ၏အပေါ်ပိုင်းအလယ်မှ ပုထိုးကြီးတက်သွားသည်။ အပေါ်ဘက် တိုက်မကြီး၏အပြင်ဘက် အပေါ်ပိုင်း ဘေးပတ်လည်၌ ပုထိုးငယ်များ ပေါက်ထားသည်။ ပုံစံအနေအထားမှာ မိခင်ပုထိုးကြီးနှင့် သားပုထိုးငယ်များသဖွယ် ဖြစ်နေသည်။ ထို့ကြောင့် ပုထိုးသားများဟု ခေါ်တွင်ခြင်း ဖြစ်ဟန်တူသည်။
ပုထိုးသားများသည် အရွယ်အစား အတော်အတန်ကြီးမားသော စေတီပုထိုးဖြစ်သည်။ ကျယ်ပြန့်သော အာရုံခံ ရှိသည်။ ဉာဏ်တော် ၈၅ ပေ ရှိသည်။ ဖိနပ်တော်အကျယ်အဝန်းမှာ ၉၀ ပေ စတုရန်းဖြစ်သည်။ အာရုံခံမှာ ၅၀ ပေ စတုရန်းဖြစ်သည်။
ပုထိုး၏အလယ်တွင် ဗုဒ္ဓရုပ်ပွားတော်ကြီး စံပယ်တော်မူရာအခန်းနှင့် အတွင်းပတ်လမ်းရှိသည်။ လိုဏ်ဂူအတွင်း၌ အလင်းရောင်အားနည်းသည်ဖြစ်၍ မှုန်မှုန်မှိုင်းမှိုင်း ဖြစ်နေသည်။ အတွင်းပတ်လမ်း စင်္ကြံတစ်လျှောက်တွင်ကား အုတ်လေသာပြတင်းများမှ အလင်းရောင် မှုန်မှုန်မွှားမွှား ကျရောက်နေသည်။ ယင်းဗိသုကာလက်ရာမှာ ပုဂံခေတ်ဦး ဗိသုကာလက်ရာဖြစ်၍ မွန်ယဉ်ကျေးမှုဩဇာ လွှမ်းခြုံနေသည်ဟု ဆိုကြသည်။
အတွင်းပတ်လမ်း စင်္ကြံ၏အပြင်နံရံများ၌ ပန်းချီလက်ရာများရှိသည်။ ရှေးဟောင်း မွန်ဘာသာဖြင့် ကမ္ပည်းထိုးထားသည်။ အတွင်းခန်း ရုပ်ပွားတော်ကြီး၏ ဘေးနံရံအပေါ်ပိုင်း၌ ရှေးဟောင်းမွန်ဘာသာဖြင့် ဝိနည်းဒေသနာလာ အဆိုအမိန့်များကို ကမ္ပည်းရေးထိုးထားသည်။ လိုဏ်ဂူတော်အတွင်းရှိ နံရံမုခ်ကပ်များမှ ကျောက်ဆစ်လက်ရာ ဗုဒ္ဓဝင်ရုပ်တုတော်များနှင့် နံရံဆေးရေးပန်းချီလက်ရာများအား ၁၁ ရာစုခန့်က လက်ရာများဟု ခန့်မှန်းကြသည်။
ပုဂံခရီးသည်သည် ပုထိုးသားမျး ဂူဘုရားအတွင်း ဝင်ကြည့်သည်။ အောက်ထပ် အာရုံခံတွင်းအဝင် ထူးခြားသော ဗိသုကာလက်ရာ တစ်ခုကို တွေ့ရသည်။ ယင်းမှာ အုတ်ချပ်များကို လက်ယှက်ထိုး၍ ပေါင်းကူးထားခြင်း ဖြစ်သည်။ အောက်ထပ် အတွင်းဆောင်ပတ်လမ်းရှိ နံရံပန်းချီ ဆေးရေးများကိုမူ အလင်းရောင်အားနည်းသဖြင့် ကောင်းစွာမမြင်ရပေ။
တစ်ခါတုန်းက ပုဂံခရီးသည်သည် အိန္ဒိယနိုင်ငံရှိ အာဂျန္တာလိုဏ်ဂူသို့ ရောက်သွားသည်။ အာဂျန္တာဂူများမှာ ပို၍ နက်ရှိုင်းပြီး ပို၍ပင် အလင်းရောင်အားနည်းသည်။ ထို့ကြောင့် လိုဏ်ဂူများထဲတွင် လျှပ်စစ်မီးသီးများ တပ်ဆင်ထားပြီး လျှပ်စစ်မီးမသွယ်နိုင်သေးသော လိုဏ်ဂူများ၌ကား ခရီးသည်များရောက်လာချိန်၌ အနုပညာလက်ရာများကို ကောင်းစွာ ကြည့်ရှုလေ့လာနိုင်ရန် အတွက် အပြင်ဘက်မှ ဆလိုက်ထိုး၍လည်းကောင်း၊ နေရောင်ကို ရောင်ပြန်ဟပ်စေ၍လည်းကောင်း အလင်းရောင် ဖန်တီးပေးသည်။
ပုဂံဘုရားများတွင် လိုဏ်ဂူအတွင်းရှိ အနုပညာလက်ရာများကို ကောင်းစွာကြည့်ရှုလေ့လာနိုင်ရန်အတွက် တစ်နည်းနည်းဖြင့် အလင်းရောင်အစီအစဉ် ပြုလုပ်ထားသင့်သည်။ တချို့လိုဏ်ဂူအတွင်းတွင်မူ လျှပ်စစ်မီးများ သွယ်တန်းထားပြီးလေပြီ။ အပယ်ရတနာဘုရား ရောက်သွားချိန်တွင် လျှပ်စစ်မီးများ သွယ်နေဆဲဖြစ်၍ မီးကြိုးများကို ကျော်လွှားဖြတ်သန်းခဲ့ရသည်။
ရှေ့ဆောင် အာရုံခံ၏ဘေးတွင် လှေကားရှိသည်။ ယင်းလှေကားမှ တက်သွားလျှင် ပုထိုးအပေါ်ထပ်ရောက်သည်။ ပုဂံခရီးသည်သည် ပုထိုးအပေါ်ထပ် တက်သွားသည်။ အပေါ်ထပ်တွင် အလယ်ပုထိုးကြီး၏ဘေးရှိ လေးဖက် လေးမျက်နှာ၌ ဉာဏ်တော် အလယ်အလတ်စား ဆင်းတုတော်များ ကိုးကွယ်ထားသော ဂူငယ်ကလေးများကို တစ်ခုစီ ထုတ်ထားသည်။ မြောက်ဘက် ဂူငယ်ကလေးအတွင်းမှ ဆင်းတုတော်မှာ ပုဂံခေတ် မူလလက်ရာ ရာနှုန်းအတော်များများ ကျန်ရှိနေသေးသည်ကို တွေ့ရလေသည်။
ပုထိုးသားများ ဂူဘုရားပုံသဏ္ဌာန်မှာ စိတ်ဝင်စားစရာကောင်းသည်။ ဂူ၏အပေါ်ပိုင်း အလယ်မှ တက်သွားသော ပုထိုးကြီးမှာလည်း ခံ့ညားလှသည်။ ပုဂံခရီးသည်သည် ပုထိုးသားမျး အပေါ်ထပ်မှ ရှေ့နောက်ဝဲယာကို မျှော်ကြည့်လိုက်သည်။ ကြည်နူးဖွယ် ပုဂံဝန်းကျင်ရှုခင်းကို မျက်စိတစ်ဆုံး မြင်နေရသည်။
ပုထိုးသားများဘုရားကို မည်သူ တည်သနည်း။
ညောင်ဦးစောရဟန်းမင်းတည်သည်ဟု ဆိုသော ပုထိုးငါးဆူထဲတွင် ပုထိုးသားများအမည်ရှိ ဘုရားတစ်ဆူလည်း ပါဝင်သဖြင့် ပုထိုးသားများဘုရားကို ညောင်ဦးစောရဟန်းမင်းတည်သည်ဟု အစဉ်အလာ ယူဆလာခဲ့ကြသည်။ သို့ရာတွင် သမိုင်းသုတေသီတချို့က ‘ပုထိုးသားများ၏ ဗိသုကာလက်ရာမှာ အဆင့်မြင့်သော ဗိသုကာလက်ရာဖြစ်နေ၍ ပုထိုးသားများဘုရားကို အနော်ရထာမင်းကြီး၏ သထုံစစ်ပွဲမတိုင်မီက တည်သည်ဟု ပြောဖို့ရန် မလွယ်ပေ။ ယခု ပုထိုးသားများဘုရားသည် ညောင်ဦးစောရဟန်းမင်း တည်သော ပုထိုးငါးဆူထဲက တစ်ဆူအပါအဝင်ဖြစ်သော ပုထိုးသားများနှင့် နာမည်တူ အခြားပုထိုးတစ်ဆူသာ ဖြစ်ဖို့ ရှိသည်။ ယခု ပုထိုးသားများဘုရားတွင် တွေ့ရသော ပန်းချီလက်ရာများကို ထောက်၍ ပုထိုးသားများဘုရားမှာ ကျန်စစ်သားမတိုင်ခင် စောစောပိုင်းကာလလောက်က တည်သောဘုရားဖြစ်ဖို့ရှိသည်’ဟူ၍ ခန့်မှန်းကြသည်။
ဂူအတွင်း၌ နှောင်းခေတ်ကျမှ ရေးဆွဲသော ပန်းချီလက်ရာတစ်ခု၌ ‘မင်းလွင်’ ဟူသော စကားအသုံးအနှုန်းတစ်ခု ပါရှိသည်။ ယင်း မင်းလွင်ဟူသော စကားလုံးကို မင်းလုလင်(စောလူးမင်း)ဟု အနက်အဓိပ္ပါယ်ကောက်လျက် ပုထိုးသားများဘုရားကို စောလူမင်းတည်သည်ဟုလည်း တချို့က ဆိုကြသည်။
သို့ရာတွင် စောလူးမင်းသည် သူ၏ နန်းသက် ခုနစ်နှစ်ကာလအတွင်း ဗျာများနေရသော ဘုရင်ဖြစ်သည်။ သူ၏ ခမည်းတော် အနော်ရထာမင်းကြီး တည်သွားခဲ့သော မပြီးပြတ်သေးသည့် ရွှေစည်းခုံဘုရားကိုပင် အပြီးသတ် အချောကိုင်နိုင်သည့် အခြေအနေ မရှိခဲ့ပေ။ သူ့နောက် နန်းစံသော ကျန်စစ်သားက ရွှေစည်းခုံဘုရားကို ဆက်လက်မွမ်းမံရလေသည်။ မှန်နန်းရာဇဝင်၌လည်း စောလူးမင်းအကြောင်းကို ‘မင်းစောလူးကား လုပ်ရည်ကြံရည်မရှိ။ မှူးကြီးမတ်ရာတို့ကိုလည်း နှလုံးမကြည်အောင် ပြုတတ်သော အလေ့ရှိ၏။ ခမည်းတော်တည်သော ရွှေစည်းခုံ မပြီးသည်ကိုလည်း မလုပ်။ ပညာရှိတို့ လျှောက်သော စကားကိုလည်း မယူ။ အပျော်အရွှင်နှင့်သာနေ၏’ဟု ရေးသားထားသည်။ ထို့ကြောင့် ပုထိုးသားများဘုရားကို စောလူးမင်း တည်သည်ဆိုသည်မှာ ဖြစ်နိုင်ပါမည်လော။
ပုထိုးသားများဘုရား ညောင်ဦးစောရဟန်း တည်ကြောင်းကိုမူ ကျောက်စာ၌ အခိုင်အမာဆိုထားသည်။ ယင်းကျောက်စာ အရေးအသားကိုထောက်လျှင် ညောင်ဦးစောရဟန်းမင်းသည် ပုဂံဘုရင်များအနက် ရှေးဦးစွာ စေတီတည်သော ဘုရင်ဖြစ်ကြောင်း သိရှိရပေသည်။ ထို့ပြင် ပုဂံ၌ အနော်ရထာမင်းလက်ထက် မတိုင်မီကပင် စေတီပုထိုး စတင်တည်နေကြပြီဟူ၍လည်း သိရှိရပေသည်။ တွေ့ရှိရသော ကျောက်စာနှင့် စေတီပုထိုးများကိုထောက်လျှင် စောလူးမင်းသည် ဗုဒ္ဓဘာသာကို ယုံကြည်ကိုးကွယ်သော ကုသိုလ်ကောင်းမှုလိုလားသူ ဘုရင်တစ်ပါးဖြစ်ကြောင်း သိရှိရပေသည်။
——- —– ———-
(Zawgyi)
ပုဂံက ပုထိုးသားမ်ား
ဆရာပါရဂူ ရဲ႕ ပုဂံခရီးသည္ စာအုပ္မွ
ေရွးေဟာင္းျမန္မာသမိုင္း၌ ပါရွိေသာ ပုဂံမင္းဆက္ဘုရင္မ်ားထဲတြင္ ေစာရဟန္းမင္းဟူ၍ ေစာရဟန္းဘြဲ႕မည္တပ္ထားေသာ ဘုရင္ႏွစ္ပါးရွိသည္။ ယင္းတို႔ကား ပုပၸါးေစာရဟန္းမင္းႏွင့္ ေညာင္ဦးေစာရဟန္းမင္းတို႔ ျဖစ္ၾကသည္။ ေညာင္ဦးေစာရဟန္းမင္းသည္ ၁၁ ရာစု ေရွးဦးပိုင္း ပုဂံဘုရင္ျဖစ္သည္။ အေနာ္ရထာဘုရင္လက္ထက္ ဦးစြာ ေက်ာက္စာေရးထိုးျခင္းခံရေသာ ဘုရင္မွာ ေညာင္ဦးေစာရဟန္းမင္း ျဖစ္သည္။
ေညာင္ဦးေစာရဟန္းမင္းကို ျမန္မာရာဇဝင္၌ ေတာင္သူႀကီးမင္းဟူ၍လည္းေခၚသည္။ သူ၏ သခြားယာခင္းထဲဝင္ၿပီး သခြားသီးခူးစားေသာ သိဃႋုမင္း အနိစၥေရာက္ေလေသာ္ မိဖုရားႀကီးႏွင့္ မႉးမတ္အေပါင္းတို႔က ကံေတာ္ကုန္သြားေသာ မင္းအစား အတင္းမင္းေျမႇာက္သျဖင့္ စိုင္ေကာ္လို႔ ခ်ဳံေပၚေရာက္လာသူျဖစ္သည္။ အစပထမ၌ မိဖုရားႀကီးႏွင့္ မႉးမတ္အေပါင္းတို႔သည္ သိဃႋုမင္း ကံကုန္ေၾကာင္းကို ဖုံးဖိထားၾကသည္။ ထို႔ေနာက္မွ ေတာင္သူႀကီးအား နန္းေတာ္သို႔ေခၚသြားကာ ေရမိုးသန႔္စင္ေစလ်က္ မင္းေျမာက္တန္ဆာ ဆင္ယင္ေပးၿပီးလွ်င္ ေနာက္တစ္ေန႔ ညီလာခံက်မွ ဤသူကား ဘုရင္တည္းဟု ေၾကညာလိုက္ျခင္း ျဖစ္သည္။
ေညာင္ဦးေစာရဟန္းမင္းသည္ ပုဂံအေရွ႕ဘက္ ရွစ္မိုင္အကြာရွိ တုရင္ေတာင္တန္း၌ ရဟန္းေတာ္မ်ား ကံႀကီးကံငယ္ေဆာင္ရန္ သိမ္တစ္လုံးတည္ေဆာက္ခဲ့သည္။ သို႔ေသာ္လည္း ထိုသိမ္အေဆာက္အအုံမွာ ၁၂၁၂ ခုႏွစ္ကပင္ ပ်က္စီးသြားခဲ့သည္။ ဘုရင္မင္းႀကီးသည္ ပုထိုးငါးဆူကိုလည္း တည္ေဆာက္ခဲ့သည္။ ယင္းပုထိုးငါးဆူအနက္ ယခုပုထိုးသားမ်ားသည္ တစ္ဆူအပါအဝင္ျဖစ္သည္။ ပုထိုးသားမ်ားသည္ ပုဂံရွိ ေစတီပုထိုးမ်ားအနက္ ဘြဲ႕နာမည္ေတာ္ဆန္းေသာ ပုထိုးတစ္ဆူျဖစ္သည္။
ပုဂံခရီးသည္သည္ ပုထိုးသားမ်ားဘုရားသို႔ ေရာက္သြားသည္။
ပုထိုးသားမ်ား ဘုရားသည္ သဗၺညဳဘုရား၏ အေနာက္တြင္ရွိသည္။ ငကြၽဲနားေတာင္းဘုရားမွ အေနာက္ဘက္သြားေသာလမ္းသည္ ပုထိုးသားမ်ားဘုရား၏ အေရွ႕ဘက္အေပါက္ႏွင့္ တူ႐ူျဖစ္သည္။ အထပ္တစ္ထပ္မွ်သာ ရွိၿပီး အေရွ႕ဘက္မုခ္လွည့္ေနေသာ ဘုရားျဖစ္သည္။ ဂူ၏အေပၚပိုင္းအလယ္မွ ပုထိုးႀကီးတက္သြားသည္။ အေပၚဘက္ တိုက္မႀကီး၏အျပင္ဘက္ အေပၚပိုင္း ေဘးပတ္လည္၌ ပုထိုးငယ္မ်ား ေပါက္ထားသည္။ ပုံစံအေနအထားမွာ မိခင္ပုထိုးႀကီးႏွင့္ သားပုထိုးငယ္မ်ားသဖြယ္ ျဖစ္ေနသည္။ ထို႔ေၾကာင့္ ပုထိုးသားမ်ားဟု ေခၚတြင္ျခင္း ျဖစ္ဟန္တူသည္။
ပုထိုးသားမ်ားသည္ အ႐ြယ္အစား အေတာ္အတန္ႀကီးမားေသာ ေစတီပုထိုးျဖစ္သည္။ က်ယ္ျပန႔္ေသာ အာ႐ုံခံ ရွိသည္။ ဉာဏ္ေတာ္ ၈၅ ေပ ရွိသည္။ ဖိနပ္ေတာ္အက်ယ္အဝန္းမွာ ၉၀ ေပ စတုရန္းျဖစ္သည္။ အာ႐ုံခံမွာ ၅၀ ေပ စတုရန္းျဖစ္သည္။
ပုထိုး၏အလယ္တြင္ ဗုဒၶ႐ုပ္ပြားေတာ္ႀကီး စံပယ္ေတာ္မူရာအခန္းႏွင့္ အတြင္းပတ္လမ္းရွိသည္။ လိုဏ္ဂူအတြင္း၌ အလင္းေရာင္အားနည္းသည္ျဖစ္၍ မႈန္မႈန္မႈိင္းမႈိင္း ျဖစ္ေနသည္။ အတြင္းပတ္လမ္း စႀကႍတစ္ေလွ်ာက္တြင္ကား အုတ္ေလသာျပတင္းမ်ားမွ အလင္းေရာင္ မႈန္မႈန္မႊားမႊား က်ေရာက္ေနသည္။ ယင္းဗိသုကာလက္ရာမွာ ပုဂံေခတ္ဦး ဗိသုကာလက္ရာျဖစ္၍ မြန္ယဥ္ေက်းမႈဩဇာ လႊမ္းၿခဳံေနသည္ဟု ဆိုၾကသည္။
အတြင္းပတ္လမ္း စႀကႍ၏အျပင္နံရံမ်ား၌ ပန္းခ်ီလက္ရာမ်ားရွိသည္။ ေရွးေဟာင္း မြန္ဘာသာျဖင့္ ကမၸည္းထိုးထားသည္။ အတြင္းခန္း ႐ုပ္ပြားေတာ္ႀကီး၏ ေဘးနံရံအေပၚပိုင္း၌ ေရွးေဟာင္းမြန္ဘာသာျဖင့္ ဝိနည္းေဒသနာလာ အဆိုအမိန႔္မ်ားကို ကမၸည္းေရးထိုးထားသည္။ လိုဏ္ဂူေတာ္အတြင္းရွိ နံရံမုခ္ကပ္မ်ားမွ ေက်ာက္ဆစ္လက္ရာ ဗုဒၶဝင္႐ုပ္တုေတာ္မ်ားႏွင့္ နံရံေဆးေရးပန္းခ်ီလက္ရာမ်ားအား ၁၁ ရာစုခန႔္က လက္ရာမ်ားဟု ခန႔္မွန္းၾကသည္။
ပုဂံခရီးသည္သည္ ပုထိုးသားမ်း ဂူဘုရားအတြင္း ဝင္ၾကည့္သည္။ ေအာက္ထပ္ အာ႐ုံခံတြင္းအဝင္ ထူးျခားေသာ ဗိသုကာလက္ရာ တစ္ခုကို ေတြ႕ရသည္။ ယင္းမွာ အုတ္ခ်ပ္မ်ားကို လက္ယွက္ထိုး၍ ေပါင္းကူးထားျခင္း ျဖစ္သည္။ ေအာက္ထပ္ အတြင္းေဆာင္ပတ္လမ္းရွိ နံရံပန္းခ်ီ ေဆးေရးမ်ားကိုမူ အလင္းေရာင္အားနည္းသျဖင့္ ေကာင္းစြာမျမင္ရေပ။
တစ္ခါတုန္းက ပုဂံခရီးသည္သည္ အိႏၵိယႏိုင္ငံရွိ အာဂ်ႏၲာလိုဏ္ဂူသို႔ ေရာက္သြားသည္။ အာဂ်ႏၲာဂူမ်ားမွာ ပို၍ နက္ရႈိင္းၿပီး ပို၍ပင္ အလင္းေရာင္အားနည္းသည္။ ထို႔ေၾကာင့္ လိုဏ္ဂူမ်ားထဲတြင္ လွ်ပ္စစ္မီးသီးမ်ား တပ္ဆင္ထားၿပီး လွ်ပ္စစ္မီးမသြယ္ႏိုင္ေသးေသာ လိုဏ္ဂူမ်ား၌ကား ခရီးသည္မ်ားေရာက္လာခ်ိန္၌ အႏုပညာလက္ရာမ်ားကို ေကာင္းစြာ ၾကည့္ရႈေလ့လာႏိုင္ရန္ အတြက္ အျပင္ဘက္မွ ဆလိုက္ထိုး၍လည္းေကာင္း၊ ေနေရာင္ကို ေရာင္ျပန္ဟပ္ေစ၍လည္းေကာင္း အလင္းေရာင္ ဖန္တီးေပးသည္။
ပုဂံဘုရားမ်ားတြင္ လိုဏ္ဂူအတြင္းရွိ အႏုပညာလက္ရာမ်ားကို ေကာင္းစြာၾကည့္ရႈေလ့လာႏိုင္ရန္အတြက္ တစ္နည္းနည္းျဖင့္ အလင္းေရာင္အစီအစဥ္ ျပဳလုပ္ထားသင့္သည္။ တခ်ိဳ႕လိုဏ္ဂူအတြင္းတြင္မူ လွ်ပ္စစ္မီးမ်ား သြယ္တန္းထားၿပီးေလၿပီ။ အပယ္ရတနာဘုရား ေရာက္သြားခ်ိန္တြင္ လွ်ပ္စစ္မီးမ်ား သြယ္ေနဆဲျဖစ္၍ မီးႀကိဳးမ်ားကို ေက်ာ္လႊားျဖတ္သန္းခဲ့ရသည္။
ေရွ႕ေဆာင္ အာ႐ုံခံ၏ေဘးတြင္ ေလွကားရွိသည္။ ယင္းေလွကားမွ တက္သြားလွ်င္ ပုထိုးအေပၚထပ္ေရာက္သည္။ ပုဂံခရီးသည္သည္ ပုထိုးအေပၚထပ္ တက္သြားသည္။ အေပၚထပ္တြင္ အလယ္ပုထိုးႀကီး၏ေဘးရွိ ေလးဖက္ ေလးမ်က္ႏွာ၌ ဉာဏ္ေတာ္ အလယ္အလတ္စား ဆင္းတုေတာ္မ်ား ကိုးကြယ္ထားေသာ ဂူငယ္ကေလးမ်ားကို တစ္ခုစီ ထုတ္ထားသည္။ ေျမာက္ဘက္ ဂူငယ္ကေလးအတြင္းမွ ဆင္းတုေတာ္မွာ ပုဂံေခတ္ မူလလက္ရာ ရာႏႈန္းအေတာ္မ်ားမ်ား က်န္ရွိေနေသးသည္ကို ေတြ႕ရေလသည္။
ပုထိုးသားမ်ား ဂူဘုရားပုံသဏၭာန္မွာ စိတ္ဝင္စားစရာေကာင္းသည္။ ဂူ၏အေပၚပိုင္း အလယ္မွ တက္သြားေသာ ပုထိုးႀကီးမွာလည္း ခံ့ညားလွသည္။ ပုဂံခရီးသည္သည္ ပုထိုးသားမ်း အေပၚထပ္မွ ေရွ႕ေနာက္ဝဲယာကို ေမွ်ာ္ၾကည့္လိုက္သည္။ ၾကည္ႏူးဖြယ္ ပုဂံဝန္းက်င္ရႈခင္းကို မ်က္စိတစ္ဆုံး ျမင္ေနရသည္။
ပုထိုးသားမ်ားဘုရားကို မည္သူ တည္သနည္း။
ေညာင္ဦးေစာရဟန္းမင္းတည္သည္ဟု ဆိုေသာ ပုထိုးငါးဆူထဲတြင္ ပုထိုးသားမ်ားအမည္ရွိ ဘုရားတစ္ဆူလည္း ပါဝင္သျဖင့္ ပုထိုးသားမ်ားဘုရားကို ေညာင္ဦးေစာရဟန္းမင္းတည္သည္ဟု အစဥ္အလာ ယူဆလာခဲ့ၾကသည္။ သို႔ရာတြင္ သမိုင္းသုေတသီတခ်ိဳ႕က ‘ပုထိုးသားမ်ား၏ ဗိသုကာလက္ရာမွာ အဆင့္ျမင့္ေသာ ဗိသုကာလက္ရာျဖစ္ေန၍ ပုထိုးသားမ်ားဘုရားကို အေနာ္ရထာမင္းႀကီး၏ သထုံစစ္ပြဲမတိုင္မီက တည္သည္ဟု ေျပာဖို႔ရန္ မလြယ္ေပ။ ယခု ပုထိုးသားမ်ားဘုရားသည္ ေညာင္ဦးေစာရဟန္းမင္း တည္ေသာ ပုထိုးငါးဆူထဲက တစ္ဆူအပါအဝင္ျဖစ္ေသာ ပုထိုးသားမ်ားႏွင့္ နာမည္တူ အျခားပုထိုးတစ္ဆူသာ ျဖစ္ဖို႔ ရွိသည္။ ယခု ပုထိုးသားမ်ားဘုရားတြင္ ေတြ႕ရေသာ ပန္းခ်ီလက္ရာမ်ားကို ေထာက္၍ ပုထိုးသားမ်ားဘုရားမွာ က်န္စစ္သားမတိုင္ခင္ ေစာေစာပိုင္းကာလေလာက္က တည္ေသာဘုရားျဖစ္ဖို႔ရွိသည္’ဟူ၍ ခန႔္မွန္းၾကသည္။
ဂူအတြင္း၌ ေႏွာင္းေခတ္က်မွ ေရးဆြဲေသာ ပန္းခ်ီလက္ရာတစ္ခု၌ ‘မင္းလြင္’ ဟူေသာ စကားအသုံးအႏႈန္းတစ္ခု ပါရွိသည္။ ယင္း မင္းလြင္ဟူေသာ စကားလုံးကို မင္းလုလင္(ေစာလူးမင္း)ဟု အနက္အဓိပၸါယ္ေကာက္လ်က္ ပုထိုးသားမ်ားဘုရားကို ေစာလူမင္းတည္သည္ဟုလည္း တခ်ိဳ႕က ဆိုၾကသည္။
သို႔ရာတြင္ ေစာလူးမင္းသည္ သူ၏ နန္းသက္ ခုနစ္ႏွစ္ကာလအတြင္း ဗ်ာမ်ားေနရေသာ ဘုရင္ျဖစ္သည္။ သူ၏ ခမည္းေတာ္ အေနာ္ရထာမင္းႀကီး တည္သြားခဲ့ေသာ မၿပီးျပတ္ေသးသည့္ ေ႐ႊစည္းခုံဘုရားကိုပင္ အၿပီးသတ္ အေခ်ာကိုင္ႏိုင္သည့္ အေျခအေန မရွိခဲ့ေပ။ သူ႔ေနာက္ နန္းစံေသာ က်န္စစ္သားက ေ႐ႊစည္းခုံဘုရားကို ဆက္လက္မြမ္းမံရေလသည္။ မွန္နန္းရာဇဝင္၌လည္း ေစာလူးမင္းအေၾကာင္းကို ‘မင္းေစာလူးကား လုပ္ရည္ႀကံရည္မရွိ။ မႉးႀကီးမတ္ရာတို႔ကိုလည္း ႏွလုံးမၾကည္ေအာင္ ျပဳတတ္ေသာ အေလ့ရွိ၏။ ခမည္းေတာ္တည္ေသာ ေ႐ႊစည္းခုံ မၿပီးသည္ကိုလည္း မလုပ္။ ပညာရွိတို႔ ေလွ်ာက္ေသာ စကားကိုလည္း မယူ။ အေပ်ာ္အ႐ႊင္ႏွင့္သာေန၏’ဟု ေရးသားထားသည္။ ထို႔ေၾကာင့္ ပုထိုးသားမ်ားဘုရားကို ေစာလူးမင္း တည္သည္ဆိုသည္မွာ ျဖစ္ႏိုင္ပါမည္ေလာ။
ပုထိုးသားမ်ားဘုရား ေညာင္ဦးေစာရဟန္း တည္ေၾကာင္းကိုမူ ေက်ာက္စာ၌ အခိုင္အမာဆိုထားသည္။ ယင္းေက်ာက္စာ အေရးအသားကိုေထာက္လွ်င္ ေညာင္ဦးေစာရဟန္းမင္းသည္ ပုဂံဘုရင္မ်ားအနက္ ေရွးဦးစြာ ေစတီတည္ေသာ ဘုရင္ျဖစ္ေၾကာင္း သိရွိရေပသည္။ ထို႔ျပင္ ပုဂံ၌ အေနာ္ရထာမင္းလက္ထက္ မတိုင္မီကပင္ ေစတီပုထိုး စတင္တည္ေနၾကၿပီဟူ၍လည္း သိရွိရေပသည္။ ေတြ႕ရွိရေသာ ေက်ာက္စာႏွင့္ ေစတီပုထိုးမ်ားကိုေထာက္လွ်င္ ေစာလူးမင္းသည္ ဗုဒၶဘာသာကို ယုံၾကည္ကိုးကြယ္ေသာ ကုသိုလ္ေကာင္းမႈလိုလားသူ ဘုရင္တစ္ပါးျဖစ္ေၾကာင္း သိရွိရေပသည္။
Discussion about this post