• Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
Tuesday, January 26, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

ပါတော်မူပြီးနောက် ပထမဆုံးတော်လှန်တိုက်ခိုက်ခဲ့သူ (သို့) ဝန်းသိုစော်ဘွားကြီး

by Thutamm
July 24, 2019
Reading Time: 1min read
0
ပါတော်မူပြီးနောက် ပထမဆုံးတော်လှန်တိုက်ခိုက်ခဲ့သူ (သို့) ဝန်းသိုစော်ဘွားကြီး
Share on FacebookShare on Twitter

မြန်မာ့သမိုင်းတွင် ပါတော်မူပြီးနောက် အင်္ဂလိပ်တို့အား ပထမဆုံးတိုက်ခိုက်ခဲ့သူမှာ ဝန်းသိုစော်ဘွားကြီး ဦးအောင်မြတ်ဖြစ်သည်။ မဟာဝံသသီရိဇယသိုဟုံဘွား ဘွဲ့စံ ဝန်းသိုစော်ဘွားကြီးအား ဦးရွှေသာ နှင့် ဒေါ်ဒွန်းဖြူ ခေါ် သုဝဏ္ဏာကယဒေဝီ တို့မှ ၁၈၆၂ခုနှစ်တွင် ဝန်းသိုမြို့၌ မွေးဖွားခဲ့သည်။

ငယ်စဉ်က ဝန်းသိုဆရာတေ်ာ ဦးဂုဏ ထံတွင် ပညာသင်ခဲ့ပြီး အရွယ်ရောက်လာသည့်အခါ စော်ဘွားကြီးက သားဖြစ်သူကို ကင်းဝန်မင်းကြီးထံ အပ်နှံကာ နန်းဓလေ့ နှင့် အုပ်ချုပ်ရေးပညာရပ်များကို သင်ယူစေခဲ့သည်။ ထို့နောက် သီပေါမင်းထံ ၌ ကွမ်းရေတော်ကိုင်စာရေးအဖြစ် အမှုထမ်းခဲ့သည်။ ဦးအောင်မြတ်သည် စာပေကျမ်းဂန် ၊ ကဗျာ ၊ လင်္ကာ ၊ ဗေဒင် ၊ သမိုင်း ၊ အုပ်ချုပ်ရေး ၊ ဆေးပညာ စသည့် ပညာရပ်မျိုးစုံကို ကျွမ်းကျင်တတ်မြောက်ခဲ့သည်။

၀န်းသိုစော်ဘွား ဦးရွှေသာ မိုးကောင်းမြို့ဝန်ဖြစ်ပြီးနောက် ဦးအောင်မြတ်သည် အသက် ၂၁နှစ်အရွယ်တွင် ဝန်းသိုစော်ဘွား ရာထူးကို ဆက်ခံခဲ့သည်။ မိုးညှင်းဒေသမှ ဗိုလ်ဝခေါင်းဆောင်သော သူပုန်များကို အောင်မြင်စွာနှိမ်နှင်းနိုင်သဖြင့် သီပေါမင်းက အားရတော်မူပြီး ဦးအောင်မြတ်အား ‘မောရိယ မဟာဝံသ သီရိသုဓမ္မာရာဇာ’ ဘွဲ့အားချီးမြှင့် ခဲ့သည်။

ထို့နောက် သက်တူရွယ်တူဖြစ်သူ စကားစော်ဘွားသမီး စောရွှေကြည်နှင့် လက်ထပ်ခဲ့သည်။ ထိုစဉ်အတွင်း အင်္ဂလိပ်တို့က မန္တလေးကို သိမ်းရာ ဦးအောင်မြတ်သည် လူသူလက်နက်စုဆောင်းကာ အခြေအနေကို စောင့်ပြီး တိုက်ခိုက်ရန် ကြိုးစားခဲ့သည်။

အင်္ဂလိပ်တို့အား ပြန်မတိုက်ခိုက်ရန် ဆရာဖြစ်သူ ကင်းဝန်မင်းကြီးထံမှ စာရောက်လာသလို ၊ ငယ်ဆရာ ဦးဂုဏ ကလည်း ဖြောင်းဖြခဲ့သည်။ ဆရာနှစ်ပါးကို လေးစားသဖြင့် နာခံပြီး သစ်လုပ်ငန်း နှင့် စပါးလုပ်ငန်းများကို လုပ်ရင်းအေးအေးဆေးဆေးနေသည်။ သို့သော် ဦးအောင်မြတ်၏လုပ်ငန်းနေရာများကို ရယူလိုသည့် မသမာသူများက ဦးအောင်မြတ်စီးပွားရှာနေခြင်းမှာ ငွေကြေးစုဆောင်းပြီး အင်္ဂလိပ်တို့အားတိုက်ရန်ဖြစ်သည် ဟု ကုန်းချောခဲ့ကြသည်။

အင်္ဂလိပ်တို့ကလည်း ဦးအောင်မြတ်အား နေပြည်သို့လာရောက်အစစ်ဆေးခံရန် ကင်းဝန်မင်းကြီးအား အကြောင်းကြားစေသည်။ ကင်းဝန်မင်းကြီးက အကြောင်းကြားရာ ဦးအောင်မြတ်က နေပြည်တော်သို့လည်း မလာလိုကြောင်း ၊ တပါးကျွန်လည်း မခံလိုကြောင်း ၊ အရိုအသေမပြုနိုင်ကြောင်း အကြောင်းပြန်ခဲ့သည်။

သည့်အတွက် ကင်းဝန်မင်းကြီးကိုယ်တိုင်လိုက်ပြီး ဦးအောင်မြတ်အားတွေ့ရန်လာသော်လည်း ဦးအောင်မြတ်မှာ မိုးကောင်းရောက်နေသဖြင့် မတွေ့သွားခဲ့ရ။ အင်္ဂလိပ်တို့ကလည်း ဦးအောင်မြတ်အား ရာထူး ငွေကြေး များစွာဖြင့်စည်းရုံးခဲ့သော်လည်း မရ။ နောက်ဆုံးတွင် အင်္ဂလိပ်တို့သည် တပ်တစ်တပ်အား လွှတ်လိုက်ပြီး ဦးအောင်မြတ်တို့ သားအဖနှစ်ယောက်အား ဖမ်းဆီးရန် အမိန့်ထုတ်လိုက်သည်။

ဦးအောင်မြတ်ကလည်း ဝန်းသိုပတ်လည်တွင် သစ်တပ်မြို့ရိုးများ ၊ ကင်းများတည်ဆောက်ကာ ၊ လူသူလက်နက်စုဆောင်းပြီး အသင့်စောင့်နေခဲ့သည်။ မှန်ကင်းတောင်စခန်းတွင် အင်္ဂလိပ်တို့နှင့် ဦးအောင်မြတ်တပ်များ တိုက်ပွဲဖြစ်ပွားရာ အင်္ဂလိပ်တို့ရှုံးပြီး ဆုတ်ခွာခဲ့ရသည်။ ဆုတ်ခွာသွားသောတပ်အား လိုက်လံတိုက်ခိုက်ရာ အင်္ဂလိပ်စစ်ဗိုလ်တစ်ဦး နှင့်တပ်သား သုံးဦးကျဆုံးခဲ့ပြီး တိုက်ပွဲဖြစ်သည့်နေရာတွင် ကျွန်းတိုင်ကြီးတစ်တိုင် စိုက်ထူထားခဲ့သည်။

ထိုအချိန်မှ စ၍ ဦးအောင်မြတ်၏ အမည်သည် ကျော်ကြားလာခဲ့သည်။ အင်္ဂလိပ်တို့သည် အင်အားဖြည့်တင်းပြီးနောက်တစ်ကြိမ်ချီတက်ပြန်ရာ ဦးအောင်မြတ်တပ်များ၏ တိုက်ခိုက်မှုကို ခံရပြန်သည်။ သို့သော် ဒီတစ်ကြိမ်တွင် အင်္ဂလိပ်တို့က လူအင်အားလက်နက်အင်အားများစွာ သာလွန်သဖြင့် ဦးအောင်မြတ်တပ်များ နောက်ဆုတ်ကာ တော်ထဲသို့မျှားခေါ်ခဲ့သည်။ နေရာကျွမ်းကျင်မှုကြောင့် အင်္ဂလိပ်တပ်များကို အကျအဆုံးများအောင်တိုက်နိုင်ခဲ့သည်။ ကျိုင်းခွင်တောင်ကုန်းတွင် အင်္ဂလိပ်စစ်သားများသေဆုံးသည့်နေရာတွင် စိုက်ထူထားသည့် ကျောက်တိုင်ကို ယနေ့ထိတိုင်တွေ့မြင်နိုင်သေးသည်။

ထိုနေ့တွင်ပင် ဗိုလ်ကြီး ဟတ်ချင်ဆန် ဦးဆောင်သော အင်္ဂလိပ်တပ်နှင့် ဥက္ကံမြို့အနီးတွင် ဆက်လက်တိုက်ခိုက်ခဲ့သေးရာ နှစ်ဖက်စလုံးအကျအဆုံးများပြီး ဗိုလ်ကြီး ဟတ်ချင်ဆန်လည်း ဒါဏ်ရာရခဲ့သည်။ ထိုဒါဏ်ရာနှင့်ပင် မကြာမီသေဆုံးခဲ့သည်။ လူအင်အားလက်နက်အင်အား မမျှသေ်ာလည်း မျိုးချစ်စိတ်ပြင်းထန်လှသဖြင့် ဝန်းသိုစော်ဘွားကြီးဦးဆောင်သော တပ်များသည် အင်္ဂလိပ်တို့အား နေရာအနှံ့မှ တိုက်ခိုက်ရင်း အခက်အခဲဖြစ်စေခဲ့သည်။

ထိုအချိန်အထိ အင်္ဂလိပ်တို့က ဦးအောင်မြတ်အား သူပုန်ဟု မကြေငြာပဲ သူတို့ဘက်ကိုလာပါက ရာထူး ၊ စည်းစိမ်အမြောက်အများပေးပြီး အေးဆေးစွာနေရမည်ဟု ကမ်းလှမ်းခဲ့ပြန်သည်။ ဝန်းသိုစော်ဘွားကြီးလက်မခံသဖြင့် လက်အောက်ငယ်သားများ ကို ပေးကမ်းစည်းရုံးရာ စိတ်မခိုင်သော တပ်သားများမှာ အင်္ဂလိပ်တို့ဘက်ပါသွားခဲ့သည်။ ဝန်းသိုတပ်အင်အားလည်း တဖြည်းဖြည်းနည်းလာခဲ့ရသည်။ ကျန်လူများနှင့် ဆက် လက်တိုက်ခိုက်လျှင်ရသေးသော်လည်း အင်အားချင်းကွာခြားလွန်းလှသဖြင့် အတိုက်အခိုက်ရပ်ရန် ဆုံးဖြတ်ခဲ့သည်။

သို့သော် အင်္ဂလိပ်တို့ လက်အောက်ကို မဝင်ပဲ ယူနန်စန်းတာမြို့တွင် သွားရောက်နေထိုင်ခဲ့သည်။ အင်္ဂလိပ်တို့၏ အပေးအယူကိုလက်ခံလျှင် အေးဆေးစွာနေရမည်ဖြစ်သော် လည်း သူတပါးလက်အောက်တွင် မနေလိုသော စော်ဘွားကြီးသည် စပါးအလုပ် လုပ်ရင်း ၊ ဆေးကုရင်း ကြပ်တည်းစွာနေထိုင်ခဲ့သည်။ အသက်အရွယ်ကြီးရင့်လာသောအခါ မဟာဒေဝီက ပြန်လာရန် အတန်တန်ခေါ်သဖြင့် နေရပ်သို့ ပြန်လာခဲ့သည်။

အင်္ဂလိပ်အစိုးရက ထိုခေတ်ငွေ ၁၀၀ ထောက်ပံသည်။ လာရောက်ပေးသည့်ငွေအား သားသမီးများ အားယူစေပြီး ကိုယ်တိုင်က လောကုတ္တရာဘက်တွင်သာ အားထုတ်နေခဲ့သည်။ ဂျပန်တို့လက်ထက်တွင်လည်း အင်္ဂလိပ်တို့ကဲ့သို့ပင် လစဉ် ငွေ ၁၀၀ စီထောက်ပံ့ခဲ့သည်။ လွတ် လပ်ရေးရပြီးနောက် မြန်မာအစိုးရက ဝန်းသိုစော်ဘွားကြီးအားကျေးဇူးဆပ်သည့်အနေဖြင့် သခင်ကိုယ်တော်မှိုင်းနှင့်တန်းတူ လစဉ် ငွေ ၅၀၀ စီပေးခဲ့သည်။ စော်ဘွားကြီးသည် ၁၉၆၅ခုနှစ် ဇန်နဝါရီလ ၅ရက်နေ့ အသက် ၁၀၃နှစ် အရောက်တွင်ကွယ်လွန် အနိစ္စရောက်ခဲ့သည်။

Ref;
တစ်ချိန်က ထင်ရှားခဲ့သောပုဂ္ဂိုလ်ကြီးများ – ရွှေဥသြ
မြန်မာ့စွယ်စုံကျမ်း
ကိုလိုနီခေတ်အဘိဓာန် – မြဟန်

Tags: myanmar historymyanmar people
Next Post
မာယာလူမျိုးတို့ရဲ့ မြို့တော် Chichen Itza

မာယာလူမျိုးတို့ရဲ့ မြို့တော် Chichen Itza

Discussion about this post

No Result
View All Result

Categories

Tag

amazing ancient knowledge animals architecture buddhism buddhism monk chemistry cities countries empires feeling health health knowledge history inventions kaung htet knowledge military motivation myanmar history myanmar knowledge myanmar people myanmar places news pagodas photos places planets plants rivers science science knowledge Sport Sport people successful tech thinking tips world actors world companies world history world knowledge world news world people world places

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

Follow Us

Facebook

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!