• Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
Saturday, January 23, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

ပါဠိကျမ်းစာအသင်းကြီး၏ ဥက္ကဋ္ဌ Isaline Blew Horner

by Thutamm
January 20, 2020
Reading Time: 1min read
0
ပါဠိကျမ်းစာအသင်းကြီး၏ ဥက္ကဋ္ဌ Isaline Blew Horner
Share on FacebookShare on Twitter

ရေးသားသူ – ဘိက္ခု ကေသရ

သူမ၏ အမည်မှာ အိုင်စလင်း ဗလူး အော်နာ ဟုခေါ်သည်။ အင်္ဂလိပ် လို Isaline Blew Horner အတိုကောက် I.B Horner ဟု ထင်ရှားပါသည်။ သူမအား အင်္ဂလန်နိုင်ငံ၊ အက်ဆက် (Essex) ပြည်နယ်ရှိ ဝဲသမ်စတူး (Walthamstow) ၌ ၁၈၉၆ ခု၊ မတ်လ ၃၀ ရက်တွင် မွေးဖွားခဲ့သည်။ ကိန်းဘရစ်တက္ကသိုလ်ရှိ နယူးဟမ်း (Newnham) အမျိုးသမီးကောလိပ်မှ ကျင့်ဝတ်သိပ္ပံ(moral sciences) နှင့် ၁၉၁၇ တွင် ဘွဲ့ရသည်။ တက္ကသိုလ်၌ဆက်နေရာ ၁၉၁၈ ခုတွင် လက်ထောက်စာကြည့်တိုက်မှူးအဖြစ်လည်းကောင်း၊ ၁၉၂၀ တွင် စာကြည့်တိုက်မှူးအဖြစ်လည်းကောင်း အလုပ်ရသည်။ ၁၉၂၁ တွင် သီရိလင်္ကာ၊ အိန္ဒိယနှင့် မြန်မာနိုင်ငံများသို့ လည်ပတ်စဉ် ဗုဒ္ဓဘာသာနှင့် ထိတွေ့ခွင့် ရသည်။

အင်္ဂလန်သို့ ပြန်ပြီးနောက် နယူးဟမ်းကောလိပ်၏ အသင်းဝင်အဖြစ် ၁၉၂၃ ခုတွင် ဝင်သည်။ ၁၉၂၈ ရောက်သော် ဆာရာစမစ်ဆန် သုတေသနအသင်းတွင် ပါဠိရေးရာ ပထမဆုံးအသင်းဝင် ဖြစ်လာသည်။ ၁၉၃၀ ပြည့်တွင် ပထမဆုံးစာအုပ် ရှေ့ဦးဗုဒ္ဓဘာသာကိုးကွယ်သော အမျိုးသမီးများ (Women Under Primitive Buddhism) ကို ထုတ်ဝေသည်။ ၁၉၃၄ ခုတွင် ကိန်းဘရစ်တက္ကသိုလ်မှ ဝိဇ္ဇာဘွဲ့ ရသည်။ ၁၉၃၉ မှ ၄၉ ခုများကို ကိန်းဘရစ်အုပ်ချုပ်ရေးအဖွဲ့တွင် ပါဝင်ခဲ့သည်။

၁၉၄၂ ခုတွင် ပါဠိကျမ်းစာအသင်း၏ ဂုဏ်ထူးဆောင်အတွင်းရေးမှူး ဖြစ်လာသည်။ မိဘများ၏ ကျန်းမာရေးအခြေအနေနှင့် အသင်း၌ ထိရောက်စွာ လှုပ်ရှားနိုင်ရေးအတွက် လန်ဒန်သို့ ၁၉၄၃ ခုတွင် ပြောင်းနေသည်။ ၁၉၅၉ ခုတွင် အသင်း၏ ဥက္ကဋ္ဌနှင့် ဘဏ္ဍာထိန်း ဖြစ်လာသည်။ ထိုမှစ၍ ဥက္ကဋ္ဌအဖြစ် တာဝန်ယူသည်မှာ ကွယ်လွန်သည်ထိပင် ဖြစ်သည်။

သူမ သည် ၁၉၅၉ မှသည် ကွယ်လွန်ချိန် ၁၉၈၁ အထိ အင်္ဂလန် နိုင်ငံ၏ နာမည်ကျော် ပါဠိကျမ်း စာအသင်းကြီး (PTS) ၏ ဥက္ကဋ္ဌ အဖြစ် ဆောင် ရွက်ခဲ့သည်။ ထို အချက်လက်များမှာ သာမာန် မျှသာ ထင်ဖွယ်ရှိသည်။ သို့ရာတွင် သူမ ၏ ပါဠိ စာပေ၊ အထူးသဖြင့် ပိဋကတ်စာပေနှင့် ပတ်သက် သော ဆောင်ရွက်ချက်များကို သိရလျှင်မူ သာမာန် မဟုတ်ကြောင်း ဝန်ခံကြရပေမည်။

ပါဠိဘာသာဖြင့် ရှိနေသောဗုဒ္ဓမြတ်စွာ၏ ဓမ္မ၊ ဝိနယ ကျမ်းစာများ အား အင်္ဂလိပ် ဘာသာပြန်ဆို၍ အနောက် တိုင်း သားများ၏ နားတွင် ဗုဒ္ဓ တည်းဟုသော နာမတော် ကို ယူဆောင်ပြောပြ သိရှိစေသော ပါဠိစာပေ ဗုဒ္ဓ စာပေပညာရှင် တို့ တွင် အိုင်စလင်း ဗလူးအော်နာ သည် ထိပ်တန်းကပါဝင်နေ၍ ရှေးဦး ပညာရှင်တစ်ဦးလည်း ဖြစ်ခဲ့ပါသည်။

1938-1966 ခုနှစ် နှစ်ပေါင်း (၃၀) ခန့် အချိန်ယူ၍ တစ်တွဲချင်း ဘာသာပြန်ဆိုခဲ့သော ဝိနည်း ငါးကျမ်း ဘာသာပြန် ကျမ်းကြီး မှာ စာမျက်နှာပေါင်း (၃၀၀၀) ခန့် ရှိ၍ ခြောက်တွဲရှိလေသည်။ ထိုမျှသာမကသေး သူမသည် မဓုရတ္ထဝိလာသိနီ အမည်ရှိသော ဗုဒ္ဓ ဝံသ ပါဠိတော်၏ အဖွင့်ကျမ်းကိုလည်း အင်္ဂလိပ် ဘာသာသို့ ပြန်ဆိုခဲ့ပါ၏။ မဇ္ဈိမနိကာယ် သုံးကျမ်း ကိုလည်း ဘာသာပြန်ဆိုခဲ့ပါ၏။

နာမည်ကျော် မိလိန္ဒပဥှာကျမ်း ကိုလည်း ဘာသာ ပြန် ဆိုခဲ့ပါ၏။ ခုဒ္ဒကနိကာယ်မှ ဝိမာနဝတ္ထုနှင့် ပေတဝတ္ထု ပါဠိတော်တို့ကိုလည်း ဘာသာပြန်ဆို ခဲ့ပါ၏။ဗုဒ္ဓဝံသ ပါဠိတော်နှင့် စရိယာ ပိဋကတ်ပါဠိ တော်ကိုလည်း ဘာသာပြန်ဆိုခဲ့ပါ၏။ ထို့ ပြင်လည်း ဗုဒ္ဓဝါဒ နှင့်ပတ်သက်သော အခြားကျမ်းစာ အချို့ နှင့် ဗုဒ္ဓဝါဒလေ့လာရေးတွင် ပညာရှင်လောက၌ အထောက်ကူများ စွာပေးသော ဆောင်းပါးပေါင်း များစွာလည်း ရေးသားခဲ့သည်သာမက အခြားပညာ ရှင်တို့၏ ပါဠိ၊ အင်္ဂလိပ် ဘာသာပြန် ကျမ်းစာများ ကို လည်း တည်းဖြတ်ပေးခဲ့လေသည်။

သူမသည် ဓမ္မပဒ အင်္ဂလိပ်ဘာသာပြန်ကို ဖတ်ရူမိရာမှ ဗုဒ္ဓဝါဒကို စတင် စိတ်ဝင်စား လာခဲ့ခြင်းဖြစ်သည်ဟု ဆိုပါ၏။ ထိုမှ တစ်ဆင့် ပါဠိဘာသာစကားအား စွမ်းစွမ်းတမံ လေ့လာ သင်ယူခဲ့၍ အနောက်တိုင်းတွင် ဗုဒ္ဓမြတ်စွာ၏ ဓမ္မ၊ ဝိနယ အဆုံးမတရားများ ပြန့်နှံ့ စေရေးအတွက် ဆိုခဲ့သည့် အတိုင်း အားထုတ်ခဲ့ခြင်းဖြစ်လေသည်။ သူမသည် ဘဝတစ်လျှောက် အိမ်ထောင်မပြုဘဲ တစ်ကိုယ်တည်းနေထိုင်ခဲ့၍ပါဠိကျမ်းစာအသင်းကြီး အတွက် လည်း များစွာ လှူဒါန်းခဲ့သည်ဟု ဆို၏။

၁၉၆၄ ခုတွင် သီရိလင်္ကာတက္ကသိုလ်မှ ပါဠိစာပေ၌ ပြောင်မြောက်စွာဆောင်ရွက်လုပ်ကိုင်မှုကြောင့် ဂုဏ်ထူးဆောင်ပါမောက္ခဘွဲ့ ပေးသည်။ ၁၉၇၇ ခုတွင် နိဗ္ဗနာလန္ဒမဟာဝိဟာရတက္ကသိုလ်မှ ဂုဏ်ထူးဆောင်ပါမောက္ခဘွဲ့ ပေးပြန်သည်။ ၁၉၈၀ ခုတွင် ဒုတိယမြောက် အဲလိဇဘတ်ဘုရင်မက ဗုဒ္ဓစာပေ၌ ဘဝလုံးနှစ်ကာ ဆောင်ရွက်မှုကြောင့် အိုဘီအီးဘွဲ့ ပေးသည်။

၁၉၈၁ ခု၊ ဧပြီလ ၂၅ ရက်တွင် လန်ဒန်၌ ကွယ်လွန်သည်။ အသက် ၈၅ နှစ် အရွယ် သူမကွယ်လွန်သောအခါ တွင်မူ မပြီးပြတ်သေးသော ဇာတ်တော်ဘာသာပြန်များကို ကျန်ရစ်ခဲ့သော စာရွက်စာတမ်းများတွင် တွေ့ ကြရသည်ဟု သိရ၏။ ကွယ်လွန် ခါနီးအထိ ကြိုးစား အားထုတ်ခဲ့သော ပညာရှင် ဆရာမကြီး ပင်ဖြစ်တော့၏။ အလွန်လေးစားမိပါသည်။

ထို ဝိနည်းငါးကျမ်းခြောက်တွဲအား အွန်လိုင်း ဒီဂျစ်တယ် မီဒီယာများဖြင့် လေ့လာရ လွယ်ကူ စေရန် အင်္ဂလန်မှ ဆရာတော်တစ်ပါးက တစ်ပေါင်း တည်း စီမံပေးထား၍ စာမျက်နှာတစ်ခုချင်းစီ အလွယ်တကူ ရွေးချယ် ဖတ်ရှုနိုင်ရန်လည်း လင့်များ ထည့်ပေးထားပါသည်။ ကျေးဇူးများလှ ပါသည်။

ဗုဒ္ဓမြတ်စွာ ၏ တရားတော်များ ကမ္ဘာ အရပ်ရပ်သို့ ပြန့်နှံ့ ၍ ပညာမျက်စိတွင် ကိလေသာမြူနည်း ပါး သူများ၊ ထွက်မြောက်ကြောင်း တရားတို့အား အလွယ်တကူသိရှိနိုင်လောက် သော ပညာပါရမီ ပြည့်စုံကြသူ များသည် ထို ထူးမြတ်သော ကြုံခဲ လှစွာသော ဗုဒ္ဓမြတ်စွာ၏ တရားတော်တို့ အား တွေ့ ထိသိရှိခွင့် ရရှိကြပါစေသတည်း။

အားလုံးကိုယ်စိတ်နှစ်ဖြာချမ်းသာကြပါစေ။

ဘိက္ခု ကေသရ

Tags: world people
Next Post
ဧရာမ ကုန်တင်သင်္ဘောကြီး Blue Marlin ဆိုသည်မှာ

ဧရာမ ကုန်တင်သင်္ဘောကြီး Blue Marlin ဆိုသည်မှာ

Discussion about this post

No Result
View All Result

Categories

Tag

amazing ancient knowledge animals architecture buddhism buddhism monk chemistry cities countries empires feeling health health knowledge history inventions kaung htet knowledge military motivation myanmar history myanmar knowledge myanmar people myanmar places news pagodas photos places planets plants rivers science science knowledge Sport Sport people successful tech thinking tips world actors world companies world history world knowledge world news world people world places

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

Follow Us

Facebook

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!