• Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
Tuesday, January 19, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

ပလတ်စတစ် (၇)မျိုး အကြောင်း

by Thutamm
December 8, 2020
Reading Time: 2min read
0
ပလတ်စတစ် (၇)မျိုး အကြောင်း
Share on FacebookShare on Twitter

မူရင်းရေးသားသူ – Naymyo Nwe

လူတွေ နေ့စဉ် သုံးစွဲနေရတဲ့ ပလတ်စတစ် ပစ္စည်း (၇)မျိုး နဲ့ ပတ်သက်ပြီး အကျဉ်းချုပ် ရှင်းပြထားတဲ့ Jill Tooley ရဲ့ ဆောင်းပါးတို ကို ဘာသာပြန်ထားပါတယ်။ ပလတ်စတစ် ဆိုတာ အားလုံးတူတူပဲလေ။ မှား၏။ ပလတ်စတစ်ကို ၇ မျိုးခွဲခြားထားပါတယ်။ ဒါကို SPI code လို့ခေါ်ပြီး ထုတ်လုပ်တဲ့ ပစ္စည်း အောက်ခြေတွေမှာ တံဆိပ်နှိပ်ပေးထားပါတယ်။ ပြန်လည်သန့်စင်ထုတ်လုပ်တဲ့အခါ လိုအပ်တဲ့ ဓါတုဗေဒ ဆေးတွေကို မှန်မှန်ကန်ကန်သုံးစွဲနိုင်ဖို့ရည်ရွယ်တာလည်း ဖြစ်ပါတယ်။

၁။ PETE သို့ PET ပေါ်လီရပ်သလင်း တယ်ရာဖာလိပ် (polyethylene terephthalate )

ဒီအမျိုးအစားနဲ့ ထုတ်လုပ်ရင် အစားအစာသိမ်းဆည်းတဲ့ ဗူးတွေ အများစုဖြစ်တတ်ပြီး အများစုကို ပြန်လည်သန့်စင်သုံးစွဲနိုင်ပါတယ်။ တစ်ခါတစ်လေ အနံ့ဆိုးတွေ စုပ်ယူဖို့လည်း အသုံးချနိုင်ပါတယ်။ ဆောင်းဝတ် အဝတ်အစားတွေမှာလည်း ထည့်သွင်းအသုံးချကြသလို အဓိကအားဖြင့် ဆေးပစ္စည်းထည့်ဗူး၊ ကြိုး၊ ဘီး စတာတွေမှာလည်း အသုံးချနိုင်ပါတယ်။

၂။ HDPE သို့ PEHD ဟိုဒ်ဒန်စတီ ပိုလီရပ်သလင်း (High Density Polyethylene )

နံပါတ် ၂ ကုဒ် ရ အမျိုးအစားဖြစ်တဲ့ HDPE နဲ့ ထုတ်လုပ်တဲ့ ပလတ်စတစ် အမျိုးအစားဟာ လုံခြုံစိတ်ချရမှုရှိပြီး အစားအစာထဲကို ဓါတုဗဒ အ ဆ ိပ်တွေ စိမ့်ဝင်မှု မရှိပါဘူး။ ဒါပေမယ့် အစားအစာ အတွက် သုံးစွဲခြင်း မရှိတဲ့ HDPE ပလတ်စတစ်ကို အစားအစာထုတ်ပိုးမှုအတွက် ပြန်လည်အသုံးချခြင်းမျိုး မလုပ်သင့်ပါဘူး။ ပုံမှန်အားဖြင့် ပြန်လည် သန့်စင်သုံးစွဲနိုင်ပါတယ်။ နို့ဘူး၊ ခေါင်းလျှော်ရည်၊ အစွန်းချွတ် ဆေးရည်၊ ဆပ်ပြာဗူး စတာတွေမှာ သုံးလေ့ရှိပါတယ်။ ဒီ ပလတ်စတစ် အမျိုးအစားကိုတော့ အိမ်မှာပဲ အပူပေးပြုပြင်ပြီး ပလတ်စတစ် သစ်သား၊ အရုပ် စတာတွေ အဖြစ် ပြန်လည် အသုံးချနိုင်ပါတယ်။

၃။ PVC ပေါ်လီဗိုင်းနယ် ကလိုရိုက်(ဒ)(polyvinyl chloride)

နံပါတ် ၃ ကုဒ် ဖြစ်တဲ့ PVC ကို လူသိများပါတယ်။ ပုံမှန် ပြန်လည် အသုံးချဖို့ ခက်ခဲပြီး နည်းပညာ၊ ဓါတုဗေဒ ဆေး အကူအညီ သုံးရပါတယ်။ အစားအစာ ထည့်သွင်းဖို့ အသုံးချလို့မရပဲ အဆိပ်အတောက်ဖြစ်နိုင်ပါတယ်။ အသုံးအများဆုံး အဖြစ် ရေပိုက်၊ လျှပ်စစ်ပစ္စည်းသုံးပိုက်များအဖြစ်သုံးကြပါတယ်။

၄။ LDPE လိုးဒန်စတီ ပိုလီရပ်သလင်း (Low Density Polyethylene)

နံပါတ် ၄ ဖြစ်တဲ့ LDPE ကတော့ ပုံမှန်အားဖြင့် ပြန်လည် အသုံးချဖို့ခက်ခဲပါတယ်။ အချို့နေရာများမှာတော့ ပြန်လည်ပြုပြင်အသုံးချကြပါတယ်။ အသုံးချတဲ့အခါ ဓါတုဗေဒ အဆိပ်အတောက်တွေကို ထိတွေ့တဲ့ ပစ္စည်းတွေထဲသို့ ပို့လွှတ်တတ်တာကို သတိထားရပါလိမ့်မယ်။ မြန်မာနိုင်ငံမှာ သုံးစွဲနေတဲ့ ပလတ်စတစ် အများစု ကို အစားအသောက် ထည့်တာ အန္တရာယ် အလွန်များပါတယ်။ အဓိက အားဖြင့် ပရိဘောဂများ၊ အမှိုက်ပုံး စတာတွေမှာ အသုံးချကြပါတယ်။

၅။ PP ပေါ်လီ ပရိုပိုလင်း (Polypropylene)

ကုဒ် နံပါတ် ၅ ဖြစ်တဲ့ ပေါ်လီ ပရိုပိုလင်းကတော့ ပြန်လည် အသုံးပြုလို့ရပေမယ့် PETE နဲ့ HDPE လို လွယ်လွယ်နဲ့တော့ မရပါဘူး။ ခံနိုင်ရည်မြင့်ပြီး အပူရှိန်ကိုခံနိုင်ပါတယ်။ အပူ အအေး ခွက်၊ ဒိန်ချဉ်ဘူး၊ ဆေးဘူး စသည်ဖြင့် အသုံးပြုလေ့ရှိပါတယ်။ အချို့ ဘူး အဖုံးတွေ မှာလည်း အသုံးပြုကြပါတယ်။ ပေါ်လီ ပရိုပိုလင်း ကို ပြုပြင်ပြီး ဘက်ထရီ ကြိုး၊ အမှိုက်လည်း တံမြက်စည်း စသည်ဖြင့် ပြန်လည် အသုံးချနိုင်ပါတယ်။

၆။ PS ပိုလီ စတိုင်ရင်း (Polystyrene)

ပိုလီ စတိုင်ရင်း ကိုတော့ စတိုင်ရိုဖုန်း လို့ လူသိများပါတယ်။ ကုဒ် နံပါတ် ၅ ဖြစ်ပြီးတော့ ပြန်လည်သန့်စင် အသုံးပြုဖို့ ခက်ခဲပါတယ်။ တစ်ခါသုံး ကော်ဖီခွက်၊ အစားအသောက်ထည့် ဗူး၊ ပါကင်ထုပ်ရန် ပစ္စည်း စတဲ့ နေရာတွေမှာ အသုံးပြုပါတယ်။ ပြန်လည်ပြုပြင်ပြီးတဲ့အခါ အပူခံပစ္စည်း၊ ကားလိုင်စင်ပြား အခွံ၊ ပေတံ စသည့်ဖြင့် အသုံးချနိုင်ပါတယ်။

၇။ အမျိုးအစား အစုံ

နံပါတ် ၇ ကတော့ အခြား အမျိုးအစား ၆ ခုထဲမှာ မဝင်တဲ့ ပလတ်စတစ် အမျိုးအားလုံးကို စုပြီး သတ်မှတ်တာဖြစ်ပါတယ်။ ပိုလီ ကာဗွန်နိတ် (Polycarbonate)၊ ပိုလီလက်တိုက်ဒ် (Polylactide) တို့ ပါဝင်ပါတယ်။ ဒီအမျိုးအစားတွေက ပြန်လည် သန့်စင် အသုံးပြုဖို့ ခက်ခဲပါတယ်။ ပိုလီ ကာဗွန်နိတ် ကို ရေလှောင်ကန်၊ CD ပြား၊ စတာတွေမှာ အသုံးပြုပါတယ်။ ဒီ အမျိုးအစားထဲမှ ပြန်လည် သန့်စင် အသုံးပြုတဲ့အခါ ပလတ်စတစ် သစ်သား အနေနဲ့ သုံးနိုင်ပါတယ်။

Naymyo Nwe

Tags: knowledge
Next Post
စကြဝဠာထဲက နှိုင်းယှဉ်မှု ပုံရိပ်များ

စကြဝဠာထဲက နှိုင်းယှဉ်မှု ပုံရိပ်များ

Discussion about this post

No Result
View All Result

Categories

Tag

amazing ancient knowledge animals architecture buddhism buddhism monk chemistry cities countries empires feeling health health knowledge history inventions kaung htet knowledge military motivation myanmar history myanmar knowledge myanmar people myanmar places news pagodas photos places planets plants rivers science science knowledge Sport Sport people successful tech thinking tips world actors world companies world history world knowledge world news world people world places

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

Follow Us

Facebook

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!