Friday, March 5, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

ပထမ ကမ္ဘာစစ်မှာ သုံးခဲ့တဲ့ ဆန်းဆန်းပြားပြားစစ်ကားများ

by Thutamm
August 10, 2019
Reading Time: 1min read
0
ပထမ ကမ္ဘာစစ်မှာ သုံးခဲ့တဲ့ ဆန်းဆန်းပြားပြားစစ်ကားများ
Share on FacebookShare on Twitter

ဒီစာရင်းမှာပါတဲ့ တိုက်ပွဲဝင်စစ်ကားအများစုကို ၁၉၁၈ခုနှစ် ကျော်မှာ ထုတ်လုပ်ခဲ့ကြတာပါ ကုန်းလမ်းသွား သံချပ်ကာယာဉ်အများစုပါဝင်ခဲ့ပြီး အများစုက ပထမကမ္ဘာစစ်အတွင်း တည်ဆောက်ခဲ့ကြတာပါ။

ဥရောပကိုဗဟိုပြုပြီး တောက်လောင်ခဲ့တဲ့ ပထမကမ္ဘာစစ်မီးဟာ ၁၉၁၄ခုနှစ် ဇူလိုင်ကစတင်ပြီး နောင်လေးနှစ်အကြာ ၁၉၁၈ခုနှစ် နိုဝင်ဘာ ၁၁ ရက်နေ့မှာ ဂျာမန်တို့အရူံးပေးပြီး ဗာဆိုင်းစာချုပ်ချုပ်ဆိုကာ ပြီးဆုံးခဲ့ပါတယ်။ အခုမျှဝေပေးမှာကတော့ ဒီစစ်ပွဲမှာ သုံးခဲ့တဲ့ အထူးအဆန်းစစ်ကားတွေ အကြောင်းပါ။

၁၀။ Garford -Putilov သံချပ်ကာကား

ရုရှားနိုင်ငံထုတ် ကုန်းလမ်းသွား သံချပ်ကာတိုက်ခိုက်ရေးယာဉ်ဖြစ်ပြီး ပထမကမ္ဘာစစ်အစောပိုင်းထဲက ထုတ်လုပ်ခဲ့ပါတယ်။ သာမန်ကားတွေသွားလာရခက်တဲ့နေရာတွေကို အလွယ်တကူသွားနိုင်မယ်လို့ ဒီကားကိုတီထွင်ခဲ့ပေမဲ့ ထင်သလိုတော့မဖြစ်ခဲ့ပါဘူး။

၁၁တန်အထိ အလေးချိန်ရှိပြီး အင်ဂျင်ပါဝါမြင်းကောင်ရေက ၃၀ပဲ ရှိတာကြောင့် သံချပ်ကာယာဉ်ဟာ တစ်နာရီကို ၁၀-၁၁မိုင် အမြန်နှုန်းနဲ့သာ မောင်းနှင်နိုင်ပါတယ်။ ဒီကားရဲ့ဒီဇိုင်းဟာအရမ်းကြီးလွန်းနေတာကြောင့် အချို့စစ်ဆင်ရေးတွေမှာအကန့်အသတ်ရှိပါတယ်။

၉။ Ehrhard E v4

စစ်လက်နက် ထုတ်လုပ်တဲ့နေရာမှာ နာမည်ကြီးတဲ့ ဂျာမနီနိုင်ငံထုတ်ဖြစ်ပြီး ယနေ့အထိအသုံးပြုနေပြီးဖြစ်တဲ့ မြင့်မားပြီး ကိုယ်ထည်ကို အပြားဆိုဒ်ထုတိလုပ်ထားတဲ့ သံချပ်ကာယာဉ်တွေအတွက် ပထမဆုံးဥပမာဖြစ်ခဲ့ပါတယ်။

ပထမကမ္ဘာစစ် နဲ့ ဒုတိယကမ္ဘာစစ်ကာလအတွင်း ဂျာမန်ပြည်တွင်းမှာပဲ ရဲတပ်ဖွဲ့ဝင်တွေ ကင်းလှည့်ရာတွင်အသုံးပြုခဲ့ပါတယ် ၉တန်နီးပါးအလေးချိန်ရှိပြီး စစ်သားရှစ်ဦးမှကိုးဦးအထိ လိုက်ပါနိုင်ပါတယ်။ စက်သေနက်သုံးလက်အထိ တစ်ပြိုင်နက်တပ်ဆင်အသုံးပြုနိုင်တဲ့ သံချပ်ကာယာဉ်ဖြစ်ပါတယ်။

၈။ Austin သံချပ်ကာကား

ဥရောပမှာ Austin ဇိမ်ခံကားတွေခေတ်စားပြီးနောက် ပထမကမ္ဘာစစ်အတွက်ရည်ရွယ်ပြီး ဗြိတိန်တို့ ထုတ်လုပ်ခဲ့တဲ့ သံချပ်ကာယာဉ်ဖြစ်ပါတယ်။ ကုန်းလမ်းသွား တိုက်ခိုက်ရေးယာဉ်ကို ရုရှားတပ်မတော်က ပထမကမ္ဘာစစ်အတွင်းသာမက ရုရှားပြည်တွင်းစစ်ကာလအတွင်း ဝယ်ယူသုံးစွဲပြီး လူသိများလာတဲ့ သံချပ်ကာယာဉ်ဖြစိပါတယ်။

၇။ Bussing A5p

ပထမကမ္ဘာစစ်အတွင်း ဂျာမနီနိုင်ငံထုတ် သံချပ်ကာယာဉ်ဖြစ်ပါတယ်။ ၁၉၁၆ခုနှစ် ထဲက အကန့်အသတ်နဲ့ စတင်ထုတ်လုပ်ခဲ့ပါတယ်။ အပိုင်း ၆ပိုင်းပါ ဆလင်ဒါပုံစံ ထရပ်ကားအင်ဂျင်ဟာ ဒီကားရဲ့ပင်မဓာက်အားသိုလှောင်ရေးကို ထောက်ပံ့ပေးထားပါတယ်။ ကြီးမားတဲ့သံချပ်ကာကိုယ်ထည်ရှိပြီး လူဆယ်ဦးအထိ စီးနှင်းနိုင်ပါတယ်။

ကားမှာတပ်ဆင်ထားတဲ့ 7.92mm စက်သေနက် ၃လက်ကို အသုံးပြုဖို့ လူ၆ဦးအထိ လိုပါတယ်။ M608,M615 စတဲ့ စက်သေနတ် အမျိုးအစားအစားတွေ အသုံးပြုနိုင်ပါတယ်။ ဒါ့အပြင် 20mm ရှိတဲ့ အမြောတ်တွေကိုလည်း တပ်ဆင်အသုံးပြုနိုင်ပါတယ်။ ဂျာမန်ထုတ် Bussing A5pတွေကို ဥရောပအရှေ့ဘက်စစ်မျက်နှာတွေမှာ အသုံးပြုခဲ့ကြပါတယ်။

၆။ Jeffery သံချပ်ကာကား

ဒီကားတွေကို အမေရိကန်အခြေစိုက် Thomas B jeffery ကုမ္ပဏီက ၁၉၁၅ခုနှစ် မှာ kenosha wisconsin မှာ တည်ဆောက်ခဲ့ပါတယ်။ ၁၉၁၆ခုနှစ်မှာ အမေရိကန်ဗိုလ်ချုပ် Joh Pershay က ဒေသဆိုင်ရာအချက်အလက်နဲ့ မြေပြင်အနေအထား စူးစမ်းဖို့ နယူးမက္ကဆီကို ကိုလံဘတ်အရပ်ရှိ pancho villa စူးစမ်းရေးစခန်းမှာ ဒီကားနဲ့ လေ့ကျင့်စေခဲ့ပါတယ်။ စစ်ပွဲတွေမှာ အသုံးပြုခဲ့တယ်ဆိုတဲ့မှတ်တမ်းတွေမရှိပေမဲ့ အမေရိကန်စစ်တပ်ရဲ့ မှတ်တမ်းတွေအရ အားထားရတဲ့ တိုက်ခိုက်ရေးယာဉ်တစ်စီးဖြစ်ပါတယ်။

၅။ Lanchester

ဗြိတိန်တပ်မတော်ရဲ့တိုက်ပွဲဝင်စစ်ကားတစ်စီးဖြစ်တဲ့ Lanchester အမျိုးအစား တိုက်ခိုက်ရေး သံချပ်ကာယာဉ်တွေကို ပထမကမ္ဘာစစ်အတွင်းက တီထွင်ခဲ့ပါတယ်။ Rolls -Royce ကားတွေပြီးရင် ဗြိတိန်မှာအများဆုံးထုတ်လုပ်ခဲ့တဲ့ကားအမျိုးအစားဖြစ်ပါတယ်။ဒီကားတွေရဲ့ ဒီဇိုင်းကို လေတပ်စခန်းတွေ နဲ့ မြေပြင်ကိုပြန်လည်ဆင်းသက်လာတဲ့ လေယာဉ်မှူးတွေကို အထောကိအပံ့ရစေရန် ရည်ရွယ်ချက်နဲ့ ဆွဲခဲ့တာဖြစ်ပါတယ်။

၅။ Rolls-Royes Armoured Car,1914

ဗြိတိန်နိုင်ငံထုတ် ဒီကားတွေကို ပထမကမ္ဘာစစ် နဲ့ ဒုတိယကမ္ဘာစစ်အစောပိုင်းကာလတွေမှာ အသုံးပြုခဲ့ပါတယ်။ အထူးသဖြင့် အရှေ့အလယ်ပိုင်း စစ်မျက်နှာတွေမှာ ကျယ်ကျယ်ပြန့်ပြန့် သုံးစွဲခဲ့ပါတယ်။ ၁၉၂၀ ၊ ၁၉၂၄ ခုနှစ်တွေမှာ ပြန်လည်ဆန်းသစ်ခဲ့ပါတယ်။ ယင်းနောက်ပိုင်း ၁၉၂၀၊၁၉၂၄ model ဆိုပြီး ခွဲခြားသုံးစွဲခဲ့ရပါတယ်။

၁၉၄၀ခုနှစ် မှာတော့ ဒီကား ၃၄စီးအထိ ဝယ်ယူအသုံးပြုနေတ ဲ့အီဂျစ်အမှတ် ၁၁ လက်နက်ကိုင်မြင်းစီးတပ်ရင်းက ယင်းကားတွေမှာ တပ်ဆင်ထားတဲ့ ဆုံလည်အမြောတ်တွေကို ဖယ်ရှားပြီး အမိုးဖွင့်သံချပ်ကာများအဖြစ် ဆန်းသစ်ခဲ့ပါတယ်။ ယင်းနေရာတွေမှာ 303လက်မစက်သေနက်၊ မီးခိုးဗုန်း၊ လောင်ချာ၊ တင့်ကားပစ်ရိုင်ဖယ် များ တပ်ဆင်ထားတဲ့ တပ်ဖွဲ့ဝင်တွေထားရှိအသုံးပြုခဲ့ပါတယ်။

၄။ Charron Girrodot et Voigt , 1902

ပြင်သစ်နိုင်ငံထုတ် သံချပ်ကာယာဉ်ဖြြစ်ပီး ဂျော်ဂျီယာနိုင်ငံသား အင်ဂျင်နီယာတစ်ဦးဖြစ်တဲ့ မီခီလီနာကာရှက်ဇီလာက ဒီဇိုင်းဆွဲပေးခဲ့တာပါ။ ကားမှာ စက်သေနက်တစ်လက်တပ်ဆင်ပေးထားပြီး သံချပ်ကာအထူက7mm ထူပါတယ် တစ်နာရီ ၅၀ကီလိုမီတာ အထိသွားနိုငိပါတယ်။

၃။ Davidson automobile battery သံချပ်ကာကား

Davidson လို့ အမည်ရတဲ့ ဗြိတိန်လူမျိုးတစ်ဦးဟာ အနောက်မြောက်ပိုင်း ဗြိတိန်ဘုရင့်တပ်မတော်က ဗိုလ်လောင်းများနဲ့ ရေတပ်အကယ်ဒမီမှ သင်တန်းသားများကို ဦးဆောင်ပြီး အီလီနော့မှာရှိတဲ့ Highland parkမှာ ဒီကားကိုဒီဇိုင်းထုတ်တီထွင်ခဲ့တာပါ။ Davidson နဲ့သူတပည့်တွေဟာ အပိုင်း၂ပိုင်းခွဲ တည်ဆောက်ခဲ့ပါတယ်။

ဒီကားပေါ်မှာ Colt -30စက်သေနက်တွေ တပ်ဆင်ခဲ့ပါတယ်။ဒီကုန်းလမ်းသွားသံချပ်ကာယာဉ်တွေဟာ ဖန်ပြွန်ပုံရေနွေးငွေ့ဘွိုင်လာတွေကို အသုံးပြုခဲ့ပါတယ်။ ဘွိုင်လာအတွင်းရှိ ရေ level ပြောင်းလဲမူကြောင့် ဒီကားတွေက တောင်ကုန်းတွေကို တက်ဖို့ခက်နေပါတယ်။ ဒါကြောင့် Davison က တပ်ဆင်ထားတဲ့ သံချပ်ကာတွေကို ပိုပေါ့အောင်ဆန်းသစ်ပြီး တစ်စီးကို စတာလင်ပေါင် ၁၀၀၀ နဲ့ အီလီနွိုက်မှာရှိတဲ့ Highland park အကယ်ဒမီပရဝုဏ်မှာ ထပ်မံဖန်တီးခဲ့ရပါတယ်။

၂။ Motor war car , 1899

ဗြိတိန်လူမျိုးတီထွင်ရေးသမား F.R. Simms ရဲ့ ဒုတိယမြောက်တီထွင်မူပါ။ ဒီကားတွေဟာ ကမ္ဘာပထမဆုံးသံချပ်ကာ ကားတွေဖြစ်ပါတယ်။ ဒီကားတွေမှာ ပစ်ဆင်တစ်ခုပါပြီး သံချပ်ကာဟာ 6mmအထိ ထူပါတယ်။ မြင်းကောင်ရေ 16hp ၊ 3.3litre ရှိဆလင်ဒါပုံအပိုင်းလေးပိုင်းပါတဲ့ connstat Daimier အင်ဂျင် တပ်ဆင်ထားတဲ့ ဒီကားဟာ တစ်နာရီကို ၁၄.၅ကီလိုမီတာအထိ ရွေ့လျားနိုင်ပါတယ်။

၁။ သံချပ်ကာလေးဘီးကား Armored Quadricycle, 1898

ဘီးလေးဘီးပါတဲ့ သံချပ်ကာဆိုင်ကယ်ဟာ ပထမဆုံး စစ်ဘက်ဆိုင်ရာသုံး ဓာက်ဆီအင်ဂျင်နဲ့ ကုန်းလမ်းသွားယာဉ်ဖြစ်ပါတယ်။ ဗြိတိန်လူမျိုး FR Simm က ဒီဇိုင်းထုတ်တီထွင်ခဲ့တာပါ။ De Dion Bouton အမည်ရတဲ့ ကုန်းလမ်းသွားသံချပ်ကာယာဉ်ရဲ့ အရှေ့ဘီးပေါ်က အတန်းမှာ စက်သေနတ်တစ်ခုကို ထည့်သွင်းတည်ဆောက်ခဲ့တာပါ။

မောင်းနှင်သူကို ကာကွယ်ပေးနိုင်ဖို့ သတ္ထုဒိုင်းတစ်ခုကိုလည်း အရှေ့ဘက်ပိုင်းမှာ တပ်ဆင်ပေးခဲ့ပါတယ်။ မောင်းနှင်သူဟာ စက်သေနတ်ကို အလွယ်တကူပစ်ခတ်နိုင်ဖို့လည်း ဒီဇိုင်းထုတ်ထားပါတယ်။

Ref:
www.wonderslist.com

Tags: militaryworld history

Related Posts

လင်းပိုင် နဲ့ လင်းရှူး ဘာကွာသလဲ
Knowledge

လင်းပိုင် နဲ့ လင်းရှူး ဘာကွာသလဲ

လင်းပိုင်(Dolphin) တွေကိုတော့ စာတွေ ပုံတွေထဲမှာ မကြာခဏ ဖတ်ဖူး မြင်ဖူးကြတဲ့အတွက် တော်တော်များများ သိကြပြီး ဖြစ်မှာပါ။ လင်းရှူး(Porpoise) တွေကိုတော့ နာမည်သာ ကြားဖူးကြပြီး သိတဲ့သူ နည်းမယ် ထင်ပါတယ်။ ဒီတခါတော့ လင်းပိုင် နဲ့...

ဟိုချီမင်းမြို့ အကြောင်း သိကောင်းစရာ
Knowledge

ဟိုချီမင်းမြို့ အကြောင်း သိကောင်းစရာ

ဟိုချီမင်းမြို့ဟာ အရှေ့တောင်အာရှ နိုင်ငံတနိုင်ငံဖြစ်တဲ့ ဗီယက်နမ် ရဲ့ အရှေ့တောင်ပိုင်းမှာတည်ရှိပြီး နိုင်ငံရဲ့ လူဦးရေအများဆုံးနဲ့ အကြီးဆုံးမြို့ဖြစ်ပါတယ်။ ဆိုင်ဂုံမြစ်အနီးမှာ တည်ရှိပြီး သမိုင်းထဲမှာတော့ ဆိုင်ဂုံ ဆိုတဲ့အမည်နဲ့ ထင်ရှားခဲ့တဲ့ ဗီယက်နမ်မြို့တော်ဟောင်း ဖြစ်ပါတယ်။ ဟိုချီမင်းမြို့ဟာ ဗီယက်နမ်ရဲ့ စီးပွားရေး...

လင်းယုန် နဲ့ သိမ်းငှက် ဘာကွာသလဲ
Knowledge

လင်းယုန် နဲ့ သိမ်းငှက် ဘာကွာသလဲ

အမဲလိုက်ငှက်အမျိုးအစားတွေဖြစ်ကြတဲ့ လင်းယုန်(eagle) နဲ့ သိမ်းငှက်(hawk) တို့ဟာ အက်ကဆစ်ပစ်ထရီဒီ မျိုးရင်းထဲမှာ ပါဝင်နေပါတယ်။ ကမ္ဘာပေါ်မှာ လင်းယုန်အမျိုးအစား ၆၀ ကျော်ရှိပြီး သိမ်းငှက်အမျိုးအစားကတော့ ၂၅၀ ကျော်အထိ ရှိတယ်လို့ သိရပါတယ်။ လင်းယုန် နဲ့ သိမ်းငှက်တွေဟာ...

ကမ္ဘာပေါ်က ဝန်ထမ်းအများဆုံး ကုမ္ပဏီကြီး ၅ ခု
Knowledge

ကမ္ဘာပေါ်က ဝန်ထမ်းအများဆုံး ကုမ္ပဏီကြီး ၅ ခု

ကမ္ဘာပေါ်မှာ ဝန်ထမ်းဦးရေအလိုက် အကြီးဆုံး ကုမ္ပဏီကြီးတွေ စာရင်းမှာတော့ အမေရိကန် ၊ တရုတ် ၊ ထိုင်ဝမ် ၊ ဂျာမနီ နဲ့ ယူကေ နိုင်ငံတွေက ကုမ္ပဏီတွေက ဦးဆောင်နေပါတယ်။ ကုမ္ပဏီအများစုကတော့ လက်လီစတိုးဆိုင် ၊...

Next Post
လွန်ခဲ့သော အနှစ် ၂၀၀၀ က ဘဝကို ပြန်မြင်နိုင်စွမ်းရှိသူ

လွန်ခဲ့သော အနှစ် ၂၀၀၀ က ဘဝကို ပြန်မြင်နိုင်စွမ်းရှိသူ

Discussion about this post

No Result
View All Result

Categories

Tag

amazing ancient knowledge animals architecture buddhism buddhism monk chemistry cities countries empires feeling health health knowledge history inventions kaung htet knowledge military motivation myanmar history myanmar knowledge myanmar people myanmar places news pagodas photos places planets plants rivers science science knowledge Sport Sport people successful tech thinking tips world actors world companies world history world knowledge world news world people world places

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!