• Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
Thursday, January 21, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

ပထမဆုံး မဟာဝိဇ္ဇာဘွဲ့ ရရှိခဲ့သူ ဒေါက်တာ တီသံပြာ

by Thutamm
August 31, 2019
Reading Time: 1min read
0
ပထမဆုံး မဟာဝိဇ္ဇာဘွဲ့ ရရှိခဲ့သူ ဒေါက်တာ တီသံပြာ
Share on FacebookShare on Twitter

ငယ်စဉ်ဘဝ

ဒေါက်တာ တီသံပြာ၏ နာမည်အပြည့်အစုံမှာ (Theodore Tha Bya)ဖြစ်သည်။ အဓိပ္ပာယ်မှာ ဘုရားသခင် ပေးသော သံပြာ ဖြစ်သည်။ ဒေါက်တာ တီသံပြာ ခေါ် စောတီသံပြာကို (၁၈၄၂)ခုနှစ် ပုသိမ်မြို့အပိုင် ကျုံလာရွာတွင် မွေးဖွားသည်။ (၆)နှစ်သားအရွယ်တွင် ဖခင်သေဆုံး၍ မိခင်၏ ကျွေးမွေးစောင့်ရှောက်မူ့ဖြင့် ကြီးပြင်း လာခဲ့ရသည်။ စောတီသံပြာသည် ငယ်စဉ်က မိခင်၏ သွန်သင်မှုကို တသွေမတိမ်းနာခံတတ်သော သားလိမ္မာ တစ်ဦးဖြစ်သည်။ ငယ်စဉ် ကလေးအရွယ် ကပင် ကျွဲကျောင်းပြီး ဝမ်းစာရှာဖွေပြီး မိခင်၏ ဝန်ထုပ်ကို ကူညီ ထမ်းရွက်ခဲ့သည်။ စောတီသံပြာ (၈)နှစ်သားအရွယ်တွင် ကျုံလာရွာကို ဓားပြများ ဝင်ရောက် မီးရှို့သဖြင့် တစ်ရွာလုံးပြာကျခဲ့လေသည်။

ထိုကြောင့် ကျုံလာ ရွာထက် ပိုမိုလုံခြုံသည့် ကျုံတာ ရွာသို့ တစ်ရွာလုံး ပြောင်းရွေ့ နေထိုင်ရလေသည်။ ငယ်စဉ်ကပင် ကြည့်တတ်၊ မှတ်တတ် လေ့လာ စူးစမ်းတတ်ခြင်းနှင့် နားလည် လွယ်ကူတတ်သော မွေးရာပါ ပင်ကိုယ် အရည်အချင်းများ ရှိသောကြောင့် ဦးလေးတော်သူ ဦးရွှေငုံက သူ၏ ဆေးပညာ အရိုက်အရာကို ခံယူစေရန် ရည်ရွယ်ခဲ့သည်။ ဦးလေး ဦးရွေငုံက ဆေးမြစ် များကို တူး၍ မှတ်သား စေလေသည်။ စောတီသံပြာ လည်း ဦးလေး ခိုင်းသမျှကို ဂရုတစိုက် ကြိုးစားလုပ်ကိုင်ကာ မှတ်သားစေလေသည်။ စောတီသံပြာ (၁၀)နှစ်သားအရွယ်တွင် ဒုတိယ စစ်ပွဲ ဖြစ်လာသဖြင့် သူတို့သားအမိမှာ ကျုံတာရွာတွင် ဆက်လက်မနေနိုင်တော့ပဲ ပုသိမ်မြို့သို့ ပြောင်းရွှေ့နေထိုင်ခဲ့ကြရလေသည်။

ပညာသင် ဘဝ နှင့် ပုသိမ်

ပုသိမ်တွင် အမေရိကန်နှစ်ခြင်း သာသနာပြုအဖွဲ့မှ ဖွင့်လှစ်သော သာသနာကြောင်း၌ သူပညာ သင်ကြားခွင့်ရခဲ့သည်။ ထိုသာသနာကျောင်း ကရင်စာကို အဓိက ထားသင်ကြားပြီး ပထဝီ၊ သင်္ချာ စသော ကျောင်းစာများအပြင် တောင်းပလုံးယက်ခြင်း၊ လက်သမားလုပ်ငန်းစသည့် လက်တွေ့အသက်မွေးဝမ်းကျောင်း ပညာများကိုလည်း တွဲဘက် သင်ကြားပေးသည့် ကျောင်းလည်း ဖြစ်လေသည်။ ထိုကျောင်းသည် နောင်တွင် ကိုးဆူ အကယ်ဒမီကျောင်း ဖြစ်လာ လေသည်။ ထိုစဉ်က သူသင်ကြားရသော ကရင်စာများမှာ အမေရိကန် နှစ်ခြင်း သာသနာပြု အဖွဲ့မှ ဒေါက်တာ ဂျော်နသန်ဝိတ် (၁၈၃၀)ခုနှစ်တွင် တီထွင်သောစကောကရင်စာ နှင့် (၁၈၄၀)ခုနှစ်က ဘုန်းတော်ကြီး ဘရေတန် တီထွင်သော ပိုးကရင်စာ တို့ဖြစ်သည်။ ပိုး၊ စကော စာနှစ်မျိုးလုံးမှာ မြန်မာ၊ မွန်ဗျည်းအက္ခရာအပေါ် အခြေခံထားခြင်း ဖြစ်သည်။

အင်္ဂလိပ် မြန်မာ ဒုတိယစစ်ပွဲအပြီး မွန်နှင့် မြန်မာနယ်များကို အင်္ဂလိပ် စစ်တပ်က သိမ်းပိုက်လိုက်သည့် အခါတွင် မော်လမြိုင်၌ အခြေပြုနေသော အမေရိကန်နှစ်ခြင်း သာသနာပြုအဖွဲ့သည် ရန်ကုန်သို့ ပြောင်းရွေ့ အခြေချ လိုက်တော့သည်။ ထို့နောက် အောက်မြန်မာပြည်ရှိ ပုသိမ်၊ ပြည်၊ ပဲခူးစသော ဒေသများ၌ သာသနာပြုလုပ်ငန်း စတင်ဆောင်ရွက်နေတော့သည်။ သာသနာပြု လုပ်ငန်း များ မှာ သာသနာပြု လုပ်ငန်း သက်သက် မဟုတ်ဘဲ စာပေသင်ကြားမှု နှင့် ဆေးဝါး ကုသမှုများကိုလည်း ပူးတွဲဆောင်ရွက်သဖြင့် ဒေသခံလူမျိုးများမှာ စာပေများ တတ်မြောက်လာကြပြီး သာသနာပြု လုပ်ငန်းအဖို့လည်း ပိုမို၍ အခြေခိုင် မြဲလာခဲ့သည်။ (၁၈၅၄) ခုနှစ်တွင် ပုသိမ်နှင့် ဟင်္သာတသို့ သာသနာပြုမှု စတင်ဆောင်ရွက်ခဲ့သည်။

အမေရိကား သို့

ဓနုဖြူမြို့တွင် ဘုန်းတော်ကြီး ဒီအယ်လ်ဘရေတန် တည်ထောင်သော သာသနာပြု ကျောင်းဖွင့်ပွဲတွင် စောတီသံပြာတို့ သားအမိ တက်ရောက်ခဲ့ကြသည်။ စောတီသံပြာ တို့ သားအမိ နှင့် ရန်ကုန်မြို့မှ ရောက်ရှိလာသော သာသနာပြုဆရာ မစ္စတာဗင်တန် တို့ ဇနီးမောင်နှံ နှင့် ပထမဦးဆုံး တွေ့ဆုံခဲ့ပါသည်။ သာသနာပြုဆရာ မစ္စတာဗင်တန်တို့ ဇနီးမောင်နှံသည် စောတီသံပြာ ၏ ဖျတ်လတ်မှုကို သဘောကျသည်။ ထို့ကြောင့် ဓနုဖြူမှ အစည်းအဝေးပွဲ ပြီးသည့်အခါ စောတီသံပြာကို ရန်ကုန်သို့ ခေါ်ဆောင်ခဲ့သည်။ ရန်ကုန်မှ တဆင့် အမေရိကန်သို့ ပညာသင် ခေါ်ဆောင် သွားရန်ဖြစ်သည်။ သို့သော် မစ္စတာဗင်တန်သည် သာသနာ လုပ်ငန်းတွင် မနားမနေ လုပ်ဆောင်ရာမှ ပင်ပန်းမှု ဒါဏ်များကြောင့် (၁၈၅၈) ခုနှစ်တွင် ကွယ်လွန် သွားခဲ့ရာ စောတီသံပြာ၏ အမေရိကန်သို့ ပညာသင်သွားရန် အစီအစဉ်မှာ ယာယီရပ်ဆိုင်းသွားခဲ့ရသည်။

ထိုသို့ရှိစဉ် သာသနာပြု ဆရာ မစ္စတာအင်ဂေါင်၏ ဇနီး မစ္စအင်ဂေါင်၏ ကျေးဇူးဖြင့် တီသံပြာအ မေရိကန်သို့သွားရန် အကြောင်းတိုက်ဆိုင်လာပြန်သည်။ မစ္စတာအင်ဂေါင်လ်တို့၏ ဇနီးမောင်နှံမှာ မော်လမြိုင် ရန်ကုန် နှင့်ရခိုင် တို့တွင် အတူတကွ သာသနာပြု ဆောင်ရွက်ခဲ့ သူများဖြစ်သည်။ သာသနာပြုနေစဉ်မှာပင် မစ္စတာအင်ဂေါင်လ် (၁၈၅၆)ခုနှစ်တွင် ကွယ်လွန်သွားခဲ့သည်။ (၁၈၆၅)ခုနှစ်တွင် မစ္စတာ အင်ဂေါင်လ် ၏ ဇနီး မစ္စက်အင်ဂေါင် အမေရိကန် သို့ ပြန်မည်ဖြစ်ရာ တီသံပြာလည်း လိုက်ပါခွင့်ရခဲ့လေသည်။ ထိုအချိန်တွင် တီသံပြာသည် (၂၃)နှစ် သာရှိသေးသည်။

ပညာသင်ကြားရေး အခက်အခဲ

ဖြစ်သည့်နည်းနှင့် အမေရိကန်သို့ လိုက်လာခဲ့ရသဖြင့် ပထမဦးဆုံး ရင်ဆိုင်ရသော အခက်အခဲမှာ စားရေး သောက်ရေးပင် ဖြစ်လေသည်။ ဒုတိယ အခက်အခဲမှာ ပညာ သင်ကြားခွင့် ရရေးပင် ဖြစ်လေသည်။ တီသံပြာ အမေရိကန်သို့ ရောက်ပြီးနောက် ပထမဦးဆုံး နယူးယောက်တွင် အခြေချဖြစ်သည်။ ထို့နောက် ဘော့စတွန်သို့ ရောက်လာသည်။ သူ ပထမ ဦးဆုံး လုပ်ရသော အလုပ်မှာ သတင်းစာရောင်းသော လုပ်ငန်းဖြစ်သည်။ ကျောင်းနေရန် အတွက် သတင်းစာ ရောင်းရင်း ငွေကြေး စုဆောင်းသည်။ ထို့နောက် မီးရထား ကုမ္ပဏီ တခု၌ မီးရထားလမ်း ဖောက်လုပ် သည့် လုပ်ငန်းတွင် မြေတိုင်းစာရေးအဖြစ် အလုပ်ရသည်။ မီးရထားလမ်း ပြီးသောအခါ ဇလီဖားတုံးများကို ဦးချိုဖြင့် ကော်သွားတတ်သော ကျွဲရိုင်းများကို ပစ်ခတ် ရသော အလုပ် ရပြန်သည်။

ပထမဆုံး မဟာဝိဇ္ဇာဘွဲ့

ဤနည်းဖြင့် စောတီသံပြာ မိမိ ကျောင်းစရိတ် ကို မိမိရှာကာ ပညာသင်ကြားခဲ့ရာမှ (Shurleff) တက္ကသိုလ်သို့ပထမဆုံးတင်ရောက်ခဲ့သည်။ထိုတက္ကသိုလ်မှ ၁၈၆၈ခုနှစ် စက်တင်ဘာလတွင် ရိုချက်စတာတက္ကသိုလ်သို့ထပ်မံတက်ရောက်ခွင့်ရခဲ့ပြီ တက်ရောက်ခွင့်ရချိန်တွင်အသက်မှာ ၂၆နှစ်ရှိပြီဖြစ်သည်။ ရိုချက်စတာတက္ကသိုလ်တွင်ဒုတိယနှစ်ကစတင် တက်ရောက်ခွင့်ရခဲ့ပြီသူအဓိကယူသောဘာသာရပ်မှာ ဂရိနှင့်လက်တင်စာပေများဖြစ်သည်။ ၁၈၇၁ခုနှစ်၊ ဇွန်လ(၂၈)ရက်နေ့တွင် တက္ကသိုလ်တွင်ပြု လုပ်သည့် ဘွဲ့နှင်းသဘင်အခမ်းအနားစင်မြင့်ပေါ်သို့ ဘွဲ့ယူခဲ့ပြီ အမေရိကန်ပြည်ထောင်စုတွင် ပထမဆုံး ဘွဲ့ရရှိခဲ့သော အာရှနိုင်ငံသားအဖြစ်မှတ်တမ်းတင် ဂုဏ်ပြုခြင်းခံခဲ့ရသည်။

အလုပ် လုပ်ရင်းမှ ပညာကို ဆက်လက် သင်ကြားခဲ့ရာ (၆)နှစ်အကြာ (၁၈၇၁)ခုနှစ်တွင် ဝိဇ္ဇာဘွဲ့ကိုဆွတ်ခူး ရရှိခဲ့သည်။ နောက်ထပ်နှစ် နှစ်ဆက်လက်သင်ကြားခဲ့ပြီး မဟာဝိဇ္ဇာဘွဲ့ကို ဆက်လက် ရရှိပြန်သည်။ ထိုခေတ် က အမေရိကန်လို နိုင်ငံမျိုးတွင် မြန်မာ နိုင်ငံသားများ အနက် ပထမဆုံး မဟာဝိဇ္ဇာဘွဲ့ကို ဆွတ်ခူးရရှိသူမှာလည်း သူပဲဖြစ်သည်။ အရပ်အမောင်း ၆ပေလောက်ရှိသည်။ မျက်နှာမှာ (၄)ထောင့် ပုံသဏ္ဍာန် ရှိသည်။ အလွန် တည်ကြည် ခန့်ညားသည်။ ဘွဲ့ရပြီးသောအခါ သူ့အား အလုပ်ခန့်ရန် လိုသူများ အများအပြားရှိသော်လည်း မိမိအမျိုးသားကို ပြန်လည်အလုပ်အကျွေးပြုရန် ဆုံးဖြတ်ချက်ချထားသော တီသံပြာသည် မည်သည့် နိုင်ငံသား၏ အလုပ်ကိုမှ လက်ခံခြင်း မပြုခဲ့တော့ ဘာသာရေး ဆိုင်ရာ စာပေများကို လေ့လာဆည်းပူးခဲ့သည်။

မြန်မာပြည် ပြန်ရောက်ခြင်း

အမေရိကန် ပြည်ထောင်စု မှ မဟာဝိဇ္ဇာဘွဲ့ ဖြင့် ပြန်လာသူဖြစ်၍ ထိုစဉ်က ဗြတိသျှ အုပ်ချုပ်ရေး ယန္တရားက ဌာနဆိုင်ရာ ရာထူးဖြင့် ဆွဲဆောင်ခဲ့သော်လည်း သူသည် အလုံရပ် ပဲခူး ကရင်ကျောင်း ၏ ကျောင်းဆရာ အဖြစ်နှင့် မြန်မာနိုင်ငံလုံးဆိုင်ရာ နှစ်ခြင်း အသင်းတော်ကြီး၏ အကျိုးဆောင် အတွင်းရေးမူး အဖြစ်သာ အမှုတော်ကိုထမ်းခဲ့သည်။ ပြန်ရောက်ပြီးနောက် ဦးစွာပထမ ပဲခူးကရင် အထက်တန်းကျောင်း ယခု အထက (၁)အလုံတွင် ကျောင်းဆရာ ဝင်လုပ်သည်။ ထို့နောက် မိမိအမျိုးသား အတွက် စာအုပ်များကို ပြုစုရေးသားခဲ့ရာ စုစုပေါင်း (၂၅)အုပ် ပြုစုနိုင်ခဲ့သည်။

ဤသို့ မိမိ အမျိုးသားများ အတွက် ပြန်လည် အကျိုးပြုနိုင်ခဲ့သော အကျိုးထူးကြီးမှာ သူ့အား ပညာရေး လမ်းကြောင်းပေါ်သို့ ပထမဆုံး တက်ပို့ပေးခဲ့သော သာသနာပြုဆရာ ဗင်တန်၏ ကျေးဇူးကြောင့်သာ ဖြစ်ကြောင်း တီသံပြာ မမေ့ခဲ့ချေ။ ထိုကြောင့် ကျေးဇူးရှင်အတွက် သူ ကိုယ်တိုင် ဦးဆောင်ပြီး ဗင်တန် ခန်းမဆောင်ကို ဆောက်လုပ်ခဲ့လေသည်။ သူသည် တဘက်တွင် ကျောင်းဆရာဖြစ်၍ တဘက်တွင် သာသနာအကျိုးဆောင်တစ်ဦး ဖြစ်သည်။

ဒေါက်တာဖြစ်ပြီ

ယင်းသို့ ကျောင်းအုပ်အဖြစ်အမှု့ထမ်းရင်း တဘက်မှာလည်း ခရစ်ယာန်အကျိုးကို လုပ်ဆောင်နေစဉ် ဆရာကြီးသည် ခရစ်ယာန်ဘာသာစာပေကို ပြုစုခဲ့သည်။ ခရစ်ယာန် သာသနာ ပြန့်ပွားရေး နှင့် စာပေပို့ချမှု လုပ်ငန်းများကို လုပ်ဆောင်ခဲ့သော တီသံပြာ အား ဂိုချက်စလား တက္ကသိုလ်မှ ဘာသာတရား နှင့် ဆိုင်သော ဂုဏ်ထူးပါရဂူ (D-D)ဘွဲ့ကို ထပ်မံချီးမြင့်ခဲ့လေသည်။ သူသည် ခရစ်ယာန်ဘာသာ စာပေပြုစုမှု အတွက် ခရစ်ယာန် စာပေ ဒေါက်တာဘွဲ့ ကို ဆွတ်ခူးရရှိသည် ဆရာကြီး၏ ဘွဲ့အပြည့်အစုံမှာ (MADD) ဖြစ်သည်။

ဒေါကလူ ဖွဲ့စည်းခြင်း

ဒေါက်တာ တီသံပြာ သည် ပညာရေးနှင့် ခရစ်ယာန်ဘာသာရေးအကျိုးကို ထမ်းဆောင်နေရာမှာ အမျိုးသားရေး ကိုလည်းမမေ့မလျှော့ (၁၈၈၁)ခုနှစ်၌ သူ ဦးဆောင်ဦးရွက် ပြုလျှက် ဒေါကလူ ခေါ် ကရင်အမျိုးသား အစည်းအရုံး ကို ပထမဆုံး တည်ထောင်ခဲ့သူဖြစ်သည်။ ဒေါကလု ဟူသည့် ကရင်ဘာသာ၏ စကားအသံထွက်မှာ တစ်ပေါင်း တစ်စည်းတည်း တစ်ညီတစ်ညွတ်တည်း ဟူ၍ ဖြစ်သည်။ ကရင့်အမျိုးသား အစည်းအရုံး ၏ အတိုကောက် အခေါ်မှာ ကေအဲန်အေ ဖြစ်သည်။

ကေအဲန်အေကို ကရင်လူမျိုးတို့က ဒေါကလု ဟုခေါ်သည်။ ကေအဲန်အေ ကို (၁၈၈၁)ခုနှစ်တွင် ဖွဲစည်းခဲ့သည်။ ပထမဆုံး ဥက္ကဋ္ဌမှာ ဒေါက်တာ တီသံပြာဖြစ်သည်။ ယင်းဒေါကလု ကရင် အမျိုးသား အစည်းအရုံးသည် အိန္ဒိယပြည် ကွန်ဂရက် ဖွဲ့စည်းခြင်း ထက်ပင် (၂)နှစ်စောသည်။ အိန္ဒိယပြည် အမျိုးသား ကွန်ဂရက် ကို (၁၈၈၃)ခုနှစ်တွင် ဖွဲ့စည်းထားသည်။

၁၈၇၅ခုမှ ၁၈၈၁ခုထိရန်ကုန်တွင်သင်းအုပ်ဆရာ အဖြစ်လည်ကောင်း၊ ၁၈၈၅ခုတွင်မြူနီစီပယ်မင်းကြီးအဖြစ်လည်ကောင်း ၊အမေရိကန်သာသနာပြုနှစ်ခြင်းအဖွဲ့တွင်၁၈၇၅ခုမှ ၁၈၉၆ခုထိဆရာအဖြစ်လည်ကောင်း ၊ ရန်ကုန်တွင်ခိုကိုးရာမဲ့ကရင်များစောင့်ရှောက်ရေးအဖွဲ့တွင် ၁၈၉၁ခု မှ ၁၉၂၀ထိလည်ကောင်း၊ ကရင်အမျိုးသားအဖွဲ့(National Karen Association)တွင် ၁၈၈၁ခု မှ ၁၉၀၃ထိလည်ကောင်းတာဝန် ထမ်းဆောင်ခဲ့သည်။

ထို့ပြင်စာအုပ်ပေါင်းများစွာကိုလည်းအင်္ဂလိပ်ဘာသာသိုလည်ကောင်း ကရင်ဘာသာဖြစ်လည်းကောင်း ရေးသားခဲ့ပါသည်။ ထင်ရှားသည့်စာအုပ်များမှာ Sormons in Karen; A Karen Arithmetic; A Kern Mensuration of Plane Surfaces With Land Surveying; Karen Customs Ceremonies and Poetry; The Karens; Their Persecutions and Hardsips, 1824-1854; The Karens and Their Progress 1854-1914; Karen Folk-lore Tales နှင့် ရော်ဘင်ဆင်ကရူဆိုးစာအုပ် ကရင်ဘာသာတို့မှာထင်ရှားခဲ့သည်။

ရိုချက်စတာတက္ကသိုလ်က၁၉၁၈ခုနှစ်တွင်ဘာသာရေး ဂုဏ်ထူးဆောင်ဒေါက်တာဘွဲ့ကိုချီးမြင့်ခဲ့ပါသည်။ ၁၉၂၀ ခုနှစ်အောက်တိုဘာ၂၉ရက်နေ့တွင် ဒေါက်တာတီသံပြာ သည်ကွန်လွယ်သွားခဲ့ပါသည်။

ပါမောက္ခကြီးမျက်ရည်ကျစေခဲ့သောစာအုပ်

၁၉၂၆ခုနှစ်တွင်လူရွယ်တစ်ယောက်သည် ငြိုးငယ်သောမျက်နှာဖြင့် ရိုချက်စတာ တက္ကသိုလ်သို့ရောက်လာခဲ့ကာ ကျောင်းအုပ်ဆရာပါမောက္ခဆရာကြီးရပ်ရ်ရီးစ်ကို တွေ့ခွင့်တောင်းသောအခါ ပါမောက္ခကြီးကတွေ့ခွင့်ပေးလိုက်ပါသည်။ ထိုအခါလူငယ်က

“ကျတော်ဒီတက္ကသိုလ်ကြီးအတွက် စာအုပ်တစ်အုပ် လှူဒါန်းခြင်လို့ပါ ကျတော်နာမည်ပီတာမလာတူပါ။ဒေါက်တာတီသံပြားရဲ့တူပါ”ဟုဆိုလေသည်။

ပါမောက္ခကြီးသည် ဒေါက်တာတီသံပြားနာမည်ကြား ၍မျက်လုံးအရောင်တောက်ပသွားပြီ
“ဒေါက်တာကလှူခိုင်းတာလား”

“ဟုတ်ပါတယ် သူလှူ ခိုင်းလိုက်တာပါ”

“သူကျန်းကျန်းမာမာရှိရဲ့လား”

“ကျန်ခဲ့တဲ့နှစ်ကပဲဆုံးသွားပြီ”

ထိုအခါပါမောက္ခကြီးမှာချက်ခြင်းပင်မျက်နှာငြိုးငယ် သွားကာပြောစရာစကားမရှိသည့်အလား အခန်းတစ်ခုလုံးတိတ်ဆိတ်သွားပြီး လူရွယ်၏လက်မှစာအုပ်ကိုယူကြည့်လိုက်ကာ အလွန်အမင်း စိတ်ထိခိုက်သောအသံဖြင့်
“ကျတော်အတော်ဝမ်းနည်းစိတ်ထိခိုက်ရပါတယ် ဘာလို့လည်းဆိုတော့ ဒီအထုပ္ပတ္တိကိုမဖတ်တတ်လို့ ပါပဲ ခင်ဗျာဦးလေးဟာ ဒီတက္က္တသိုလ်ကိုအတော်လေး အမှတ်ရှိပုံရတယ် ဒီလိုအမှတ်တရနှင့်ပြုစုထားတဲ့မှတ် တမ်းစာအုပ်ကို ကျတော်တို့ထိမ်းသိမ်းထားပါမယ်”ဟုဆိုကာ Rush Rhees စာကြည့်တိုက်ရှားပါးစာအုပ် များနှင့်အထူးထိန်းသိမ်းထားရမည့်စာအုပ်ဌာနတွင်သိမ်းဆည်းထားခဲ့သည့်မှာ ယခုတိုင်ပင်ဖြစ်ပါတော့ သည်။

ထိုစာအုပ်ကားဒေါက်တာတီသံပြားကရင်ဘာသာဖြင့့်် နောက်ဆုံးရေးသားခဲ့သောကိုယ်ရေးအထုပ္ပတ္တိThe Pilgrim စာအုပ်ပင်တည်း။ ဒေါက်တာတီသံပြားသည် အင်္ဂလိပ် မြန်မာလို ကျွမ်းကျင်တတ်မြောက်ပါသော်လည်း မိမိ၏အမျိုးမိမိ၏စာပေကိုမမေ့မပျောက်ပဲစံပြတစ်ဦးအနေဖြင့် ထိမ်းသိမ်းထားခဲ့ပါသည်။ရေးသားခဲ့ပါသည်။

သူယုံကြည်ကိုးကွယ်သောဘာသာ သူ၏အမျိုးများ အတွက်တစ်သက်တာပေးဆပ်ခဲ့ခြင်းဖြင့် နောက်လူနောက်သားများကိုရှေ့ဆောင်လမ်းပြလုပ်ခဲ့ပေသည်။ အမေရိကန်လိုနိုင်ငံ၏ထင်ရှားသောတက္ကသိုလ်ကြီး ၏စာကြည့်တိုက်ထဲ၌ ကရင်စာပေဖြင့်ရေးသားထား သောစာအုပ်သည်ဂုဏ်ယူဝင့်ကြွားလျက်နေလေပြီ။

ကိုးကား
မောင်စင်ကြယ်. မြန်မာပြည်ချစ် ကရင်အမျိုးသား ခေါင်းဆောင်များ
Karen History & Civilization Heritage

 

Tags: myanmar people
Next Post
အမေရိကန် မှာရှိတဲ့ ဦးသန့်ကျွန်း

အမေရိကန် မှာရှိတဲ့ ဦးသန့်ကျွန်း

Discussion about this post

No Result
View All Result

Categories

Tag

amazing ancient knowledge animals architecture buddhism buddhism monk chemistry cities countries empires feeling health health knowledge history inventions kaung htet knowledge military motivation myanmar history myanmar knowledge myanmar people myanmar places news pagodas photos places planets plants rivers science science knowledge Sport Sport people successful tech thinking tips world actors world companies world history world knowledge world news world people world places

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

Follow Us

Facebook

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!