Tuesday, March 2, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

ပထမဆုံးဂြိုဟ်တုကို အောင်မြင်စွာ လွှတ်တင်နိုင်ခဲ့တဲ့ သီရိလင်္ကာနိုင်ငံ

by Thutamm
August 17, 2019
Reading Time: 1min read
0
ပထမဆုံးဂြိုဟ်တုကို အောင်မြင်စွာ လွှတ်တင်နိုင်ခဲ့တဲ့ သီရိလင်္ကာနိုင်ငံ
Share on FacebookShare on Twitter

သီရိလင်္ကာနိုင်ငံဟာ ပထမဆုံးအကြိမ်အနေနဲ့ ကျောင်းသားနှစ်ယောက်တည်ဆောက်ထားတဲ့ ဂြိုဟ်တုကို ကမ္ဘာပတ်လမ်းကြောင်းထဲကို အောင်မြင်စွာ လွှတ်တင်နိုင်ခဲ့ပါတယ်။ လွှတ်တင်လိုက်တဲ့ ဂြိုဟ်တုရဲ့အမည်ကို ရာဝဏ-၁ (Ravana-1) လို့ အမည်ပေးထားပြီး အဲဒီဂြိုဟ်တုကို နိုင်ငံတကာ အာကာသစခန်း ( (International Space Station – ISS)က တဆင့် ကမ္ဘာပတ်လမ်းကြောင်းထဲကို လွှတ်တင်နိုင်ခဲ့တာဖြစ်ပါတယ်။

ဒီလိုလွှတ်တင်မှုမှာ သီရိလင်္ကာနိုင်ငံအပြင် ဂျပန် နဲ့ နီပေါနိုင်ငံနိုင်ငံမှ အခြားဂြိုဟ်တု ၂လုံးလည်း ပါဝင်နေပြီး  ၃ခုလုံးကိုပေါင်းကာ BIRDS-3 လို့အမည်ပေးထားပါတယ်။ ရာဝဏ-၁ ဂြိုဟ်တုကို တည်ဆောက်သူနှစ်ဦးကတော့ ဂျပန်နိုင်ငံ ကျူရှုးနည်းပညာတက္ကသိုလ်(Kyushu Institute of Technology)မှာ အာကာသပညာရပ်ကို လေ့လာသင်ကြားနေတဲ့ သီရိလင်္ကာနိုင်ငံသား Tharindu Dayaratne နဲ့ Dulani Chamika တို့နှစ်ဦးဖြစ်ပါတယ်။

ရာဝဏ-၁ ဂြိုဟ်တုရဲ့ပုံသဏ္ဍာန်ကတော့ ကုဗပုံဖြစ်ပြီး အရွယ်အစားကတော့ အလျား ၁၁.၃စင်တီမီတာ ၊ အနံ ၁၀စင်တီမီတာ နဲ့ အမြင့် ၁၀စင်တီမီတာ သာ ရှိပါတယ်။ အလေးချိန် ၂.၃ပေါင်ခန့်သာရှိတဲ့ ဒီဂြိုဟ်တုကို လွန်ခဲ့တဲ့ ၃ရက် ဇွန်လ ၁၇ရက်နေ့ သီရိလင်္ကာစံတော်ချိန် မွန်းလွဲ ၃နာရီ ၄၅မိနစ်မှာ အောင်မြင်စွာ လွှတ်တင်နိုင်ခဲ့တာဖြစ်ပါတယ်။

ဒီဂြိုဟ်တုကို ဂျပန်အာကာသစူးစမ်းလေ့လာရေး အေဂျင်စီ(Japan Aerospace Exploration Agency) ထံ ဖေဖော်ဝါရီလ ၁၈ ရက်နေ့က တရားဝင်လွှဲပြောင်းပေးခဲ့ပြီး အဲဒီကတဆင့် ဧပြီ ၁၇ ရက်နေ့မှာ နိုင်ငံတကာအာကာသစခန်းသို့ အမေရိကန်အာကာသယာဉ် Cygnus-1 နဲ့ ပို့ဆောင်ပေးခဲ့တာ ဖြစ်ပါတယ်။

ဒီဂြိုဟ်တုဟာ တစ်စက္ကန့်လျှင် ၇.၆ကီလိုမီတာနှုန်းနဲ့ တစ်နေ့လျှင် ၁၅ကြိမ်ခန့် ကမ္ဘာကိုလှည့်ပတ်လိမ့်မယ်လို့ ခန့်မှန်းထားကြပါတယ်။ရာဝဏ-၁ ဂြိုဟ်တုဟာ ကမ္ဘာ့မြေပြင် အမြင့် ကီလိုမီတာ ၄၀၀ လောက်ကနေ သိရိလင်္ကာနိုင်ငံ နဲ့ အနီးတဝိုက်နိုင်ငံတွေရဲ့ ပုံရိပ်တွေရိုက်ကူးခြင်း နဲ့ အခြားသုတေသနဆိုင်ရာ လုပ်ငန်းစဉ် ၄ခုကို လုပ်ဆောင်သွားမှာဖြစ်ပါတယ်။

ဒီဂြိုဟ်တုရဲ့ အနိမ့်ဆုံး သက်တမ်းကို တစ်နှစ်ခွဲလို့ခန့်မှန်းပေမယ့် ငါးနှစ်လောက်အထိလည်း လုပ်ငန်းတွေကို လုပ်ဆောင်နိုင်ကောင်း လုပ်ဆောင်နိုင်လိမ့်မယ်လို့ ဆိုပါတယ်။ ဒီဂြိုဟ်တုဟာ သီရိလင်္ကာနိုင်ငံအတွက် ကမ္ဘာ့အာကာသနည်းပညာ ရပ်ဝန်းထဲကို ပထမဆုံး ဝင်ရောက်လာခဲ့တဲ့ ခြေလှမ်းလည်းဖြစ်ပါတယ်။

VIDEO

Ref :
India Time News

Tags: tech

Related Posts

ပလတ်စတစ်စားတဲ့ ရောနှောဘက်တီးရီးယားကို ဖန်တီးကြသူများ
news

ပလတ်စတစ်စားတဲ့ ရောနှောဘက်တီးရီးယားကို ဖန်တီးကြသူများ

ဒီတပတ်တော့ ပလပ်စတစ်ကို ခြေဖျက်တဲ့ bacterial cocktail လို့ခေါ်တဲ့ ရောနှောဘက်တီးရီးယားကို ဟန်ဂေရီက ဇီဝဓါတုပညာရှင် ၂ ဦး ဖန်တီးလိုက်တဲ့ အကြောင်း ပြောပြပေးပါမယ်။ Liz Madaras။ ။ “ကျမတို့က Poliloop ကုမ္ပဏီကို...

သံမဏိလူသား ပြိုင်ပွဲမှာ နောက်ဆုံးပန်းဝင်တဲ့အထိ ယှဉ်ပြိုင်နိုင်ခဲ့တဲ့ ဒေါင်း လူငယ်လေး
Amazing

သံမဏိလူသား ပြိုင်ပွဲမှာ နောက်ဆုံးပန်းဝင်တဲ့အထိ ယှဉ်ပြိုင်နိုင်ခဲ့တဲ့ ဒေါင်း လူငယ်လေး

ဒေါင်း(Down) ဆိုတာကတော့ Down Syndrome(ဒေါင်းဆင်ဒရုန်း) ကိုပြောတာဖြစ်ပါတယ်။ မြန်မာမှာတော့ ဒေါင်းဆင်တုံး လို့ပဲ အလွယ်တကူခေါ်ဝေါ်နေကြတဲ့ ရောဂါဖြစ်ပါတယ်။ အဖြစ်အများဆုံး မျိုးရိုးဗီဇဆိုင်ရာ ရောဂါတမျိုးဖြစ်ပြီး ဒီရောဂါခံစားနေရသူတွေရဲ့ မျက်နှာသွင်ပြင်တွေဟာ တူညီနေလေ့ရှိပါတယ်။ စာရေး စာဖတ် သင်ကြားဖို့ ခက်ခဲလေ့ရှိပြီး...

နာဆာရဲ့ အာကာသ သန့်စင်ခန်းဒီဇိုင်းပြိုင်ပွဲမှာ အနိုင်ရသွားတဲ့ ၉နှစ်သား
Amazing

နာဆာရဲ့ အာကာသ သန့်စင်ခန်းဒီဇိုင်းပြိုင်ပွဲမှာ အနိုင်ရသွားတဲ့ ၉နှစ်သား

အမေရိကန်ရဲ့ အမျိုးသား အာကာသနှင့် လေကြောင်း ဦးစီးဌာန (နာဆာ) က ကျင်းပတဲ့ ၂၀၂၀ ခုနှစ် Lunar Loo Challenge ပြိုင်ပွဲမှာ ချန်ပီယံအဖြစ် အနိုင်ရရှိသွားသူကတော့ Zyson Kang Zy Sun...

ကိုဗစ် ကူးစက်ခံလိုက်ရတဲ့ သမ္မတ ဒေါ်နယ်ထရမ့်
news

ကိုဗစ် ကူးစက်ခံလိုက်ရတဲ့ သမ္မတ ဒေါ်နယ်ထရမ့်

အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့် နဲ့ Melania Trump တို့ဟာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံခဲ့ရတယ်လို့ သောကြာနေ့ မနက်ပိုင်းမှာ ထုတ်ဖော် ကြေငြာသွားခဲ့ပါတယ်။ သမ္မတ ဒေါ်နယ်ထရမ့်ဟာ အသက် ၇၄နှစ်ရှိပြီဖြစ်တာကြောင့် ကိုရိုနာဗိုင်းရပ်စ်တိုက်ခိုက်မှုကို ခံရတဲ့ အစိုးရိမ်ရဆုံး အသက်အပိုင်းအခြားမှာ...

Next Post
ပင်လယ်ရေအောက်မှာ မောင်းနှင်နိုင်မယ့် ရေအောက်ဆိုင်ကယ်

ပင်လယ်ရေအောက်မှာ မောင်းနှင်နိုင်မယ့် ရေအောက်ဆိုင်ကယ်

Discussion about this post

No Result
View All Result

Categories

Tag

amazing ancient knowledge animals architecture buddhism buddhism monk chemistry cities countries empires feeling health health knowledge history inventions kaung htet knowledge military motivation myanmar history myanmar knowledge myanmar people myanmar places news pagodas photos places planets plants rivers science science knowledge Sport Sport people successful tech thinking tips world actors world companies world history world knowledge world news world people world places

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!