Sunday, March 7, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

ပညာရှင်ကြီး အာခီမီးဒီးစ် တီထွင်ခဲ့သော စစ်လက်နက်များ

by Thutamm
August 11, 2019
Reading Time: 1min read
0
ပညာရှင်ကြီး အာခီမီးဒီးစ် တီထွင်ခဲ့သော စစ်လက်နက်များ
Share on FacebookShare on Twitter

ကမ္ဘာသမိုင်းမှာ ထင်ရှားတဲ့ သင်္ချာ နဲ့ သိပ္ပံပညာရပ်ဆိုင်ရာ အတွေးအခေါ်ပညာရှင်ကြီး အာခီမီးဒီးစ်ကို ဂရိမြို့ပြနိုင်ငံတစ်ခုဖြစ်တဲ့ ဆိုင်ရာကျူးစ်မြို့မှာ ၂၈၇ ဘီစီ တုန်းကမွေးဖွားခဲ့ပါတယ်။ လူသားတွေအတွက် အကျိုးရှိစေမယ့် တီထွင်မှုများစွာကိုပြုလုပ်ခဲ့ပြီး သူရဲ့ထင်ရှားလှတဲ့တီထွင်မှုကတော့ အာခိမိဒိရဲ့ဝက်အူ လို့အမည်တွင်တဲ့ ယနေ့ခေတ်စက်မှုနဲ့တည်ဆောက်ရေးလုပ်ငန်းတွေအထိ အသုံးချနေရဆဲဖြစ်တဲ့ နည်းပညာရပ်ပဲဖြစ်ပါတယ်။

သူဟာသင်္ချာပညာရပ်၊ ဂျီသြေမေတြီပညာရပ်၊ ရူပဗေဒပညာရပ် ၊ စက်မှုဆိုင်ရာပညာရပ်၊ အရည်ဖိအားနဲ့ ဟန်ချက်ညီမျှမှုပညာရပ်တွေရဲ့ အခြေခံတွေ့ရှိချက်များစွာကို စူးစမ်းဖော်ထုတ်နိုင်ခဲ့ပြီး ယနေ့အချိန်ထိ ဒီပညာရပ်တွေအားလုံးရဲ့ ဖန်တီးသူဖခင်ကြီးအဖြစ်သတ်မှတ်ခြင်းကိုခံခဲ့ရသူဖြစ်ပါတယ်။

အာခီးမီးဒီစ်းဝက်အူ

ဒါ့အပြင် အာခီမီးဒီးစ်ဟာသူရဲ့သင်္ချာဘာသာရပ်နဲ့ စက်မှုနည်းပညာသီအိုရီတို့ကို အခြေခံပြီး စစ်လက်နက်တွေကို တီထွင်ခဲ့ပါသေးတယ်။ဒီလက်နက်တွေကိုတော့ သူရဲ့ဇာတိမြို့ဖြစ်တဲ့ ဆိုင်ရာကျူးစ်မြို့ကို လာရောက်တိုက်ခိုက်တဲ့ ရောမစစ်သည်တွေကို တိုက်ခိုက်ဖို့ရည်ရွယ်ပြီး တီထွင်ပေးခဲ့တာပါ။

ဆိုင်ရာကျူးမြို့ရဲ့ကာကွယ်ရေးစစ်သားတွေနဲ့ အာခီမီးဒီးစ်တို့ရဲ့ ပူးပေါင်းဆောင်ရွက်ခဲ့တာကြောင့် အင်အားကြီးမားတဲ့ရောမစစ်သည်တွေဟာ အကျအဆုံးအပျက်အစီးများစွာနဲ့ ကြုံတွေ့ခဲ့ရပါတယ်။

နောက်ပိုင်းမှာတော့ ဆိုင်ရာကျူးမြို့ဟာ ရောမတွေလက်ထဲရောက်ရှိခဲ့ပြီး အာခီမီးဒီးစ်ကိုယ်တိုင်အသတ်ခံခဲ့ရတာဖြစ်လို့ သူထွင်ခဲ့တဲ့လက်နက်တွေအတွက် တိကျတဲ့ သက်သေတွေမကျန်ရှိခဲ့တော့ပါဘူး။

သူနဲ့ခေတ်ပြိုင် သမိုင်းဆရာ အချို့နဲ့ နောက်ပိုင်းစမ်းသပ်ချက်တွေကရတဲ့အချက်အလက်တွေကြောင့်သာ သူရဲ့ဖန်တီးခဲ့ကြောင်း ကျွန်တော်တို့သိမြင်ခွင့်ရကြရတာပါ။ ဒီနေရာမှာ မျှဝေပေးချင်တာကတော့ အာခီမီးဒီးစ် တီထွင်ခဲ့တဲ့ လက်နက်တွေအကြောင်း ပဲဖြစ်ပါတယ်။

(၁) ကျောက်တုံးပစ်ကိရိယာ

၁ရာစုက ဂရိသမိုင်းဆရာနဲ့ အတွေးအခေါ်ပညာရှင် ပလုတက်က ဆိုင်ရာကျူးစ် ဘုရင်မာကျူးရပ်ရဲ့ စစ်သည်တွေကထူးဆန်းတဲ့ကျောက်တုံးပစ်ကိရိယာ(မြှားနဲ့ အခြားလောင်ကျွမ်းစေသောအရာတွေပါ ပါဝင်တဲ့) အဝေးပစ်လက်နက်တွေအသုံးပြုပြီး ရောမစစ်သည်တွေရဲ့ စစ်သဘောၤတွေကို တိုက်ခိုက်ခဲ့တဲ့အကြောင်း မှတ်တမ်းတင်ခဲ့ပါတယ်။

သူ့မှတ်တမ်းအရ ဒီလက်နက်တွေကိုတီထွင်သူဟာ အာခီမီးဒီးစ်ဖြစ်ပြီး ဝန်နဲ့လွှဲအားကိုအခြေခံကာ တီထွင်ထားတဲ့ဒီလက်နက်တွေဟာ ပေါင် ၇၀၀ခန့် လေးတယ်လို့ ဆိုပါတယ်။ ဆိုင်ရာကျူးစ်မြို့သားတွေဟာ မြို့တွင်းကနေ ဒီအဝေးပစ်လက်နက်အမျိုးအစားများစွာကို အသုံးပြုပြီး ရောမစစ်သည်တွေရဲ့ စစ်သဘောၤတွေကိုတိုက်ခိုက်ခဲ့သလို ရန်သူတပ်တွေပြိုကွဲသွားပါက အနီးကပ်တိုက်ခိုက်ခဲ့တဲ့နည်းတွေကို ကျင့်သုံးခဲ့ကြောင်း ဂရိအတွေးအခေါ်ပညာရှင် ပလုတက်က မှတ်တမ်းတင်ခဲ့တာပါ။

(၂) အာခီမီးဒီးစ်ရဲ့လက်သည်း

အာခီမီးဒီးစ်ရဲ့လက်သည်းလို့ တင်စားခေါ်ဆိုထားတဲ့ ဒီလက်နက်ဟာ ကုတ်အားရဲ့စွမ်းအင်ကို ပိုမိုထင်ရှားပေါ်လွင်စေတဲ့ လက်နက်တစ်ခုဖြစ်ပါတယ်။ အာခီမီးဒီးစ်ဟာ စက်သီးပါတဲ့ မောင်းတံတစ်ခုနဲ့ တွဲဆက်ထားပြီး ရှည်လျားတဲ့ကြိုးတွေမှာ လက်သည်းပုံတွယ်ချိတ်တွေကိုအသုံးပြုပြီး ရန်သူသင်္ဘောတွေရဲ့ သင်္ဘောထိပ်ဖျားတွေကို ခိုင်မြဲအောင်အရင်ပြုလုပ်ပါတယ်။

ဆိုင်ရာကျူးမြို့သား ခုခံသူတွေဟာ ကျူးကျော်သူ ရောမစစ်သင်္ဘောတွေကို အထက်ပါအတိုင်းပြုလုပ်ပြီး ယခုခေတ်ဝန်ချီစက်တွေအလုပ်လုပ်တဲ့အတိုင်း ရန်သူရဲ့သဘောၤထိပ်မှဆွဲမြှောက်ကာ နှစ်မြုပ်ပ်ပစ်ပါတော့တယ်။

ဒါအပြင် နောက်တစ်နည်းအနေနဲ့ ဆိုင်ရာကျူးကမ်းရိုးတန်းရှိ ကြမ်းတမ်းတဲ့ကျောက်ဆောင်တွေဆီ ရန်သူသင်္ဘောတွေကိုရောက်အောင်ဆွဲယူပြီး နှစ်မြုပ်ကြပါသေးတယ်။ ဒီနေရာမှာပါတဲ့ လက်သည်းပုံတွယ်ချိတ်တွေကို ဘယ်ကဘယ်လိုရောက်လာတာကိုတော့ တိတိကျကျမှတ်တမ်းတင်ထားခြင်းတော့ မရှိပါဘူး။

ဒီလိုကုတ်အားကို အသုံးပြုထားတဲ့ ကရိန်းလက်နက်တွေကတစ်ဆင့် အဝေးပစ်ကျောက်တုံးပစ်ကိရိယာအပါအဝင် စစ်လက်နက်တော်တော်များများကို ထုတ်လုပ်နိုင်ခဲ့ကြတယ်လို့ သမိုင်းပညာရှင်တွေက ဆိုကြပါတယ်။

(၃) လောင်ကျွမ်းစေသောမှန်(သို့) သေမင်းအလင်းတန်းများ

(၁၂)ရာစု လောက်ရောက်တဲ့အခါ သမိုင်းပညာရှင် John Tzetzes နဲ့ John Zonares တို့က အာခီမီးဒီးစ်ဟာ နေရောက်ခြည်ရဲ့ အပူစွမ်းအင်ကို ကြေးမုံမှန်မှာစုစည်းစေပြီး ဒီနည်းစနစ်ကို အသုံးပြုကာ ရောမသင်္ဘောအုပ်စုတွေကို လောင်ကျွမ်းစေခဲ့တယ် ဆိုတဲ့အကြောင်း အခိုင်အမာဖော်ပြခဲ့ပါတယ်။ခေတ်သစ်သိပ္ပံပညာရှင်အချို့နဲ့ သမိုင်းဆရာအချို့ကတော့ ဒီတင်ပြချက်အပေါ် သံသယရှိခဲ့ကြပါတယ်။

ဒါပေမဲ့ ၂၀၀၅ ခုနှစ်မှာတော့ Massachusetts နည်းပညာတက္ကသိုလ်က ကျောင်းသားအဖွဲ့ဟာ အာခီမီးဒီးစ်ရဲ့ နည်းအတိုင်းကြေးမုံပြားတွေကို စုစည်းပြီးကြီးမားတဲ့ ကြေးမုံခွက်သဖွယ်ဖြစ်အောင်စီမံခဲ့ကြပါတယ်။

ထို့နောက် နေရောင်ခြည်ကို ဒီကြေးမုံခွက်မှာစုစည်းစေပြီး အရာဝတ္ထုတွေကို လောင်ကျွမ်းစေခြင်းရှိမရှိ စမ်းသပ်ခဲ့ရာ အောင်မြင်ခဲ့တာကြောင့် အာခီမီးဒီးစ်တီထွင်ခဲ့တဲ့ ဒီနည်းပညာဟာ အမှန်တစ်ကယ်ဖြစ်ခဲ့ကြောင်းလက်ခံခဲ့ရပါတယ်။

(၄) ရေနွေးငွေ့အမြောက်

ဒီရေနွေးငွေ့အမြောက်ဟာ အာခီမီးဒီးစ်တီထွင်မှုတွေထဲက မေးခွန်းထုတ်စရာ လက်နက်ဖြစ်လာပါတယ်။ ဒါပေမဲ့ ထင်ရှားတဲ့ ဂရိအတွေးအခေါ်ပညာရှင်တွေဖြစ်တဲ့ Plutarch နဲ့ ပညာရှင်ကြီးလီယိုနာဒိုဒါဗင်ချီတို့ကတော့ ဒီလက်နက်ကို အာခီမီးဒီးစ်တီထွင်ခဲ့တာ မှန်ကန်ကြောင်း အခိုင်အမာဆိုကြပါတယ်။

အချို့သောသမိုင်းပညာရှင်တွေအဆိုအရတော့ ဒီလက်နက်အောက်မှာ မီးပြင်းဖိုတစ်ခုရှိပြီး မီးရဲ့အပူရှိန်ပြင်းအားကြောင့် သတ္ထုပြွန်အတွင်းရေနွေးငွေ့ရဲ့ တွန်းကန်အားဖြစ်လာပြီး သတ္ထုပြွန်ထဲက အမြောက်ဆံဟာ အရှိန်နဲ့ အရှေ့ကိုထွက်သွားတာဖြစ်တယ်လို့ သိရပါတယ်။

နောက်ပိုင်းမှာတော့ ဖျတ်စီးမှုစွမ်းအားပြင်းထန်တဲ့ အမြောတ်တွေအဖြစ် အဆင့်မြှင့်တင်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။ MITအင်ဂျင်နီယာကျောင်းကကျောင်းသားတွေက အာခီမီးဒီးစ်ရဲ့တီထွင်ချက်ဟာ လက်တွေ့အကျိုးသက်ရောက်မှုရှိကြောင်း စမ်းသပ်အတည်ပြုပေးနိုင်ခဲ့ပါတယ်။

ကျောင်းသားတွေ စမ်းသပ်ခဲ့တဲ့ဒီဇိုင်းကတော့ အာခီးမီးဒီစ်ရဲ့ တီထွင်မှုအပေါ်မှာ အခြေခံပြီး လီယိုနာဒိုက ပြန်ဆွဲခဲ့တဲ့ဒီဇိုင်းဖြစ်ပါတယ်။ ဒီအမြောက်ဟာ မီတာ(၃၀၀)မှ (၄၀၀)အကွာအဝေးအထိ ပစ်ခတ်နိုင်ပါကြောင်း စမ်းသပ်ချက်တွေအရ သိရပါတယ်။

သုတဇုန်

Tags: inventionskaung htetmilitaryworld people

Related Posts

လင်းပိုင် နဲ့ လင်းရှူး ဘာကွာသလဲ
Knowledge

လင်းပိုင် နဲ့ လင်းရှူး ဘာကွာသလဲ

လင်းပိုင်(Dolphin) တွေကိုတော့ စာတွေ ပုံတွေထဲမှာ မကြာခဏ ဖတ်ဖူး မြင်ဖူးကြတဲ့အတွက် တော်တော်များများ သိကြပြီး ဖြစ်မှာပါ။ လင်းရှူး(Porpoise) တွေကိုတော့ နာမည်သာ ကြားဖူးကြပြီး သိတဲ့သူ နည်းမယ် ထင်ပါတယ်။ ဒီတခါတော့ လင်းပိုင် နဲ့...

ဟိုချီမင်းမြို့ အကြောင်း သိကောင်းစရာ
Knowledge

ဟိုချီမင်းမြို့ အကြောင်း သိကောင်းစရာ

ဟိုချီမင်းမြို့ဟာ အရှေ့တောင်အာရှ နိုင်ငံတနိုင်ငံဖြစ်တဲ့ ဗီယက်နမ် ရဲ့ အရှေ့တောင်ပိုင်းမှာတည်ရှိပြီး နိုင်ငံရဲ့ လူဦးရေအများဆုံးနဲ့ အကြီးဆုံးမြို့ဖြစ်ပါတယ်။ ဆိုင်ဂုံမြစ်အနီးမှာ တည်ရှိပြီး သမိုင်းထဲမှာတော့ ဆိုင်ဂုံ ဆိုတဲ့အမည်နဲ့ ထင်ရှားခဲ့တဲ့ ဗီယက်နမ်မြို့တော်ဟောင်း ဖြစ်ပါတယ်။ ဟိုချီမင်းမြို့ဟာ ဗီယက်နမ်ရဲ့ စီးပွားရေး...

လင်းယုန် နဲ့ သိမ်းငှက် ဘာကွာသလဲ
Knowledge

လင်းယုန် နဲ့ သိမ်းငှက် ဘာကွာသလဲ

အမဲလိုက်ငှက်အမျိုးအစားတွေဖြစ်ကြတဲ့ လင်းယုန်(eagle) နဲ့ သိမ်းငှက်(hawk) တို့ဟာ အက်ကဆစ်ပစ်ထရီဒီ မျိုးရင်းထဲမှာ ပါဝင်နေပါတယ်။ ကမ္ဘာပေါ်မှာ လင်းယုန်အမျိုးအစား ၆၀ ကျော်ရှိပြီး သိမ်းငှက်အမျိုးအစားကတော့ ၂၅၀ ကျော်အထိ ရှိတယ်လို့ သိရပါတယ်။ လင်းယုန် နဲ့ သိမ်းငှက်တွေဟာ...

ကမ္ဘာပေါ်က ဝန်ထမ်းအများဆုံး ကုမ္ပဏီကြီး ၅ ခု
Knowledge

ကမ္ဘာပေါ်က ဝန်ထမ်းအများဆုံး ကုမ္ပဏီကြီး ၅ ခု

ကမ္ဘာပေါ်မှာ ဝန်ထမ်းဦးရေအလိုက် အကြီးဆုံး ကုမ္ပဏီကြီးတွေ စာရင်းမှာတော့ အမေရိကန် ၊ တရုတ် ၊ ထိုင်ဝမ် ၊ ဂျာမနီ နဲ့ ယူကေ နိုင်ငံတွေက ကုမ္ပဏီတွေက ဦးဆောင်နေပါတယ်။ ကုမ္ပဏီအများစုကတော့ လက်လီစတိုးဆိုင် ၊...

No Result
View All Result

Categories

Tag

amazing ancient knowledge animals architecture buddhism buddhism monk chemistry cities countries empires feeling health health knowledge history inventions kaung htet knowledge military motivation myanmar history myanmar knowledge myanmar people myanmar places news pagodas photos places planets plants rivers science science knowledge Sport Sport people successful tech thinking tips world actors world companies world history world knowledge world news world people world places

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!