ပုံကိုကြည့်ပြီး ပင်လယ်ဖျံ လို့ ထင်ကြတဲ့သူက ထင်ကြပါလိမ့်မယ်။ တကယ်တော့ ဒီအကောင်ဟာ သိပ္ပံအမည် Sirenia လို့ခေါ်တဲ့ Manatee ဆိုတဲ့အကောင်ဖြစ်ပါတယ်။ ဒီအကောင်တွေကို တခါတရံ မြန်မာနိုင်ငံကမ်းရိုးတန်းဒေသတွေမှာ တွေ့ရလေ့ရှိပြီး မြန်မာမှာတော့ ရေဝက်လို့ခေါ်ကြလေ့ရှိပါတယ်။ ဒါပေမယ့် သူ့ရဲ့နာမည်နောက်တမျိုးက Sea Cow ဖြစ်တဲ့အတွက် ပင်လယ်နွားလို့ပဲ ခေါ်ရမယ်ထင်ပါတယ်။ သုတဇုန် မိတ်ဆွေများအတွက် ဒီအကောင်တွေရဲ့အကြောင်းကို ဗဟုသုတ အဖြစ်ဝေမျှလိုက်ပါတယ်။
Manatee ဆိုတာကတော့ ရေမှာနေထိုင်ပြီးအပင်ကိုသာ စားသုံးတဲ့အလွန်ကြီးမားတဲ့ နို့တိုက်သတ္တဝါတစ်မျိုးပဲ ဖြစ်ပါတယ်။ Manatee တွေဟာ မျိုးစိတ်(၄)မျိုးလောက်ရှိပြီး ရေချိုအရပ်တွေမှာသာ အနေများကြပါတယ်။ Manatee တွေကို အာဖရိကအရှေဘက် ကမ်းရိုးတန်းဒေသ၊တောင်အမေရိက အရှေပိုင်းကမ်းခြေဒေသ၊ အမေရိကန် ပြည်ထောင် စုတောင်ပိုင်းနဲ့ အမေဇုန်မြစ်အတွင်းမှာ အများအားဖြင့်တွေ့ရလေ့ရှိပါတယ်။(သူနဲ့ မျိုးနွယ်တူ Dugong ဆိုတဲ့ ရေ တိရစ္ဆာန်တစ်မျိုးလည်း ရှိပါသေးတယ်။ Dugong တွေမှာတော့ ငါးတွေကိုအမြီးကား ပါရှိပါတယ်)
Manatee တွေဟာ ရေတိမ်တဲ့နေရာ၊ရွံနွံထူထပ်တဲ့နေရာ၊ ကမ်းခြေဧရိယာအနီးတစ်ဝိုက်မှာရှိတဲ့ အပူချိန်လုံလောက်စွာ ရရှိတဲ့နေရာတွေမှာနေထိုင် လေ့ရှိကြပါတယ်။ သူတို့ တွေဟာလူသားတွေကို အန္တရာယ်ပြုတဲ့ သတ္တဝါတွေမဟုတ်ပါဘူး။ သူတို့ရဲ့ အရေအတွက်ဟာ ယနေ့အချိန်မှာတော့ အလွန်လျော့နည်းလာတာကိုလည်းမြင်တွေ့ နေရပါတယ်။ ဒါကလည်း လူသားတွေကြောင့်ပဲဖြစ်ပြီး အထူးသဖြင့် စက်ရေယာဉ်တွေကို မဆင်မခြင်မောင်းနှင်မှု၊ စီးပွားဖြစ်ဖမ်းယူ သက်ဖြတ်မှုတွေကြောင့်ပဲ ဖြစ်ပါတယ်။
Manatee တွေဟာ walrus လို့ခေါ်တဲ့ အာတိတ်ပင်လယ်အတွင်းမှာနေထိုင်တဲ့ အစွယ်ရှိတဲ့ ပင်လယ်ဖျံတွေ၊ ဝေလငါးအသေးစားတွေနဲ့ ပုံသဏ္ဍာန်အားဖြင့် တူညီပါတယ်။ ဒါအပြင် Manatee တွေဟာ ကုန်းနေသတ္တဝါဖြစ်တဲ့ ဆင်တွေနဲ့အနီးကပ် ဆုံးတူညီနေတာကိုလည်း တွေ့ရှိရပါတယ်။ အချို့ဒေသတွေမှာတော့ Manatee တွေကို ပင်လယ်နွား (Sea Cow) လို့လည်းခေါ်ဆိုကြပြီး မီးခိုးရောင်နဲ့ မီးခိုးရောင်ရင့်ရင့် အရောင်ရှိပါတယ်။
Manateeတွေဟာ (၁၂)ပေလောက်ထိအရှည်ရှိပြီး အလေးချိန်ကတော့ ပေါင်(၁၀၀၀) ထက်မနည်းရှိပါတယ်။ သူတို့တွေရဲ့ ခန္ဓာကိုယ်ဟာ အလွန်ကြီးမားပေမဲ့ သူတို့ဟာ ရေထဲမှာတော့ လျှင်မြန်စွာလှုပ်ရှားနိုင်ကြပါတယ်။ လေ့လာမှုတွေအရတော့ သူတို့တွေဟာ လွန်ခဲ့တဲ့နှစ်သန်းပေါင်း (၆၀)အကြာ လောက်ကတော့ ကုန်းနေသတ္တဝါတွေဖြစ်ခဲ့ပြီး အဆင့်ဆင့်ပြောင်းလဲသွားတာ ဖြစ်တယ် လို့ ဆိုကြပါတယ်။
ရေငုပ်သမားတစ်ယောက်ရဲ့ ဖားခြေထောက်(flipper)နဲ့တူညီတဲ့ သူတို့ရဲ့ လက်သည်းတွေဟာ ဆင့်ကဲဖြစ်စဉ်တွေကနေ ပြောင်းလဲလာတဲ့ သတ္တဝါဖြစ်ကြောင်း အကောင်းဆုံးဥပမာပဲဖြစ်ပါတယ်။ Manatee တွေကတော့ flipper ကိုရေကူးခတ်ရာမှာသာ အသုံးပြုပြီး flipperေ တွဟာ အရှေကိုတွန်းပို့ပေးတဲ့ အပြင် ကူးခတ်ရာလမ်းကြောင်းကိုလည်း လိုအပ်သလိုပြောင်းလဲနိုင်အောင် ကူညီပေးပါတယ်။ ဒါအပြင် flipperတွေဟာ Manatee သားပေါက်ကောင်လေးတွေကို အစာကျွေးဖို့နဲ့ ကူးခတ်သယ်ဆောင်သွားရာမှာလည်း အသုံးဝင်ပါတယ်။
အခြားနို့တိုက်သတ္တဝါအများစုကတော့ လည်ပင်းမှာ Vertebrae အရိုး (၇)ခုအထိရှိကြပေမဲ့ Manatee တွေကတော့(၆)ခုသာရှိကြပါတယ်။ ဒါကြောင့် Manatee တွေရဲ့ဦးခေါင်းဟာ လှည့်လို့မရပဲ အနောက်ကို ပြန်လည်ကြည့်ချင်ရင်တော့ Manateeရဲ့ ခန္ဓာကိုယ်တစ်ခုလုံးကို ပြန်လှည့်ရပါတယ်။ သူတို့တွေဟာ သူတို့ရဲ့သက်တမ်းအားလုံးကို ရေထဲမှာသာကုန်ဆုံးကြရပါတယ်။
ဒါပေမဲ့ သူတို့မှာ အဆုတ်တွေပါရှိတာကြောင့် လေကိုရှူသွင်းဖို့တော့လိုအပ်ပါတယ်။ ဒါကြောင့် Manateeတွေဟာ ရေပြင်အထက်ကို တက်လာပြီး တစ်နေ့ကို(၃)မိနစ်၊(၄) မိနစ်လောက်တော့ ရေကူးခတ်ကြလေ့ရှိပါတယ်။တစ်နေ့တာလုံးအနေနဲ့ အများဆုံး(၁၅) မိနစ်လောက်တော့ လေထုနဲ့ထိတွေ့ကြပြီး အပူချိန်ပြောင်းလဲမှုဒဏ်ကိုတော့ ခံနိုင်အားအလွန်နည်းပါးတဲ့ တိရစ္ဆာန်ဖြစ်ပါတယ်။ Manatee တွေတည်ရှိတဲ့ရေပြင်ဟာ ရုတ်တရက် အပူချိန် ၆၀ ဒီဂရီဖာရင်ဟိုက်(၁၅.၅ ဒီဂရီ ဆဲစီးယပ်)အထိကျဆင်းသွားပါက Manateeအများစုဟာ အဆုတ်ရောင်ရောဂါ ကိုခံစားရပြီး သေဆုံးသွားတက်ပါတယ်။
ဒီအကောင်တွေနဲ့ အခြား ပင်လယ်နေနို့တိုက်သတ္တဝါတွေနဲ့ မတူညီတဲ့အချက်ကတော့ သူတို့ဟာ အသားစားသတ္တဝါမဟုတ်ပဲ အပင်၊အရွက်ကိုသာစားသုံးတဲ့ အချက်ဖြစ်ပါ တယ်။ တစ်နေ့ကို အသီး၊အပင်၊အရွက်စုစုပေါင်း (၁၀၀)ပေါင်လောက် ကိုစားသုံးကြပြီး ရေအောက်မှာအလေ့ကျပေါက်တဲ့ ရေညိုစတဲ့ အပင်တွေကို သာ အဓိကရှာဖွေ စားသုံးကြခြင်းဖြစ်ပါတယ်။
သူတို့တွေမှာ သွယ်တန်းစွာတည်ရှိတဲ့ အံသွား တွေပါရှိပြီး ဒီအံသွားတွေဟာ သူတို့သက်တမ်းတစ်လျောက်လုံး မပျက်မစီး တည်ရှိ နေတာလည်းဖြစ်ပါတယ်။ သင့်တင့်တဲ့အဟာရကိုမှီတင်းပြီး ကုန်းနေ သတ္တဝါတစ်ကောင်ရဲ့အမူအယာလို ရေထဲမှာပြုမှုနေထိုင်ပါတယ်။ သူတို့ရဲ့ ခန္ဓာကိုယ်အပြင်ပိုင်းကို ကြည့်ပြီး နားမပါဘူးလို့ ထင်ရပေမယ့် အတွင်ဘက်းပိုင်းမှာတော့ ကြီးမားတဲ့ နားပါရှိ တာကြောင့် အရာရာကိုကြားနိုင်ပါတယ်။
ဒါအပြင် Manateeတွေမှာ သေးငယ်တဲ့ မျက်စိတွေရှိနေပြီး သူတို့ရဲ့ အမြင်အာရုံကတော့ အတော်လေး ထက်မြက်တယ်လို့ဆိုရမှာပါ။ Manatee တွေဟာ တစ်ကောင်နဲ့တစ်ကောင်ဆက်သွယ်ရာမှာတော့ သူတို့ရဲ့ အသံကို အသုံးပြုပြီး ဆက်သွယ်လေ့ရှိပါတယ်။ သူတို့ရဲ့ အသံတွေဟာ ငှက်ကလေး မြည်သံ၊လူတစ်ယောက်လေချွန်သံ၊ စူးစူးရှရှ ပြတ်ပြတ်တောက်တောက် အော်သံလို ရှိပြီး ဒီလိုအသံနဲ့ဆက်သွယ်မှုတွေကို မိခင်(cow)နဲ့ သားပေါက်ကလေး(calf)တို့ အကြားမှာသာ အများအားဖြင့် ဆက်သွယ်မှုပြုကြပါတယ်။
ဒါအပြင် Manateeတွေရဲ့ အခြားသောဆက်သွယ်နည်းတွေကတော့ တစ်ကောင်နဲ့ တစ်ကောင်လာရောက်ထိတွေ့ခြင်း၊ အနံ့ပေးခြင်း၊ အသံနဲ့အချက်ပေးခြင်းတို့ကိုလည်း ပြုလုပ်လေ့ရှိပါတယ်။ ဒီလိုအပြုအမူတွေကိုတော့ Manateeအချင်းချင်း ဆော့ကစားတဲ့ အခါမှာဖြစ်စေ၊ မိတ်လိုက်တဲ့ အခါမှာဖြစ်စေ ပြုမှုလေ့ရှိကြပါတယ်။
Manateeတွေရဲ့ သားပေါက်ချိန်ကတော့ အလွန်နှေးပါတယ်။ Manatee အမတစ် ကောင်ဟာ မျိုးဆက်ပွားနိုင်တဲ့ အရွယ်ရောက်ဖို့ (၆)နှစ်ကနေ (၇) နှစ်အထိ အသက်အ ရွယ်လိုအပ်ပြီး အထီးတွေကတော့ (၁၀)နှစ်အထိ လိုအပ်ပါတယ်။ Manatee အမတွေဟာ မိတ်လိုက်ပြီး (၄)နှစ်ကနေ(၅)နှစ်ကာလရောက်မှသာ သားလောင်းကို စတင်သန္ဓေဆောင်ပါတယ်။ Manatee အမတစ်ကောင်ရဲ့ ကိုယ်ဝန်ဆောင်ကာလဟာ (၁၃)လလောက်ကြာမြင့်ပြီး တစ်ကောင်တည်းသော ရင်သွေးကိုသာမွေးဖွားပါတယ်။
မိခင်ဖြစ်သူဟာ သားငယ်ကို သန်မာလာတဲ့ အထိပြုစုလေ့ရှိပါတယ်။ Manatee အမတွေဟာ သားလောင်းကို ဖွားမြင် ပြီးနာရီပိုင်းအတွင်းမှာပဲ ရေမျက်နှာပြင်ထက်ကိုတက်ရောက်စေပြီး အသက်ရှူတဲ့ ဓလေ့ကို စတင်မိတ်ဆက်ပေးပါတယ်။ ဒါ့အပြင် ရေကူးခတ်ရာမှာလည်း ယှဉ်တွဲကူးခတ်လေ့ရှိ ပြီး Manatee မျိုးစိတ်တွေရဲ့ အမူအကျင့်ကို သိရှိစေပါတယ်။ Manatee သားပေါက်တွေဟာ မိခင်နဲ့ အတူ (၂)နှစ်လောက် အတူနေထိုင် လေ့ရှိပါတယ်။ Manatee တွေဟာ အသက်(၆၀)အထိ ရှင်သန်နေထိုင်နိုင်ကြပါတယ်။
VIDEO
Discussion about this post