ပင်လယ်နီသည် အရှေ့မြောက်ဘက် အာရှဘက်ခြမ်း အာရပ်ကျွန်းဆွယ်နှင့် အနောက်တောင်ဘက် အာဖရိကတို့ကြားတွင် တည်ရှိသော ကုန်းတွင်းပိုင်းပင်လယ်ဖြစ်ပြီး အိန္ဒိယသမုဒ္ဒရာ၏ တစိတ်တဒေသ ဖြစ်သည်။
ပင်လယ်နီသည် ၁၄၀၀မိုင်ခန့် ရှည်လျားသော်လည်း အကျယ်မှာ ၂၂၁မိုင်ခန့်သာ ဖြစ်သည်။ အကျယ်အဝန်းအားဖြင့် စတုရန်းမိုင် ၁၆၉၀၀၀ ဖြစ်သည်။ အနက်ဆုံးနေရာသည် ၉၉၇၀ပေ ရှိပြီး ပျမ်းမျှအနက်မှာ ၁၆၀၈ပေ ဖြစ်သည်။ ပင်လယ်နီသည် မြောက်ဘက်အကျဆုံး အပူပိုင်းဒေသ ပင်လယ်လည်းဖြစ်သည်။
သင်္ဘောအများအပြားသည် ပင်လယ်နီကို ဖြတ်သန်း သွားလာကြသည်။ အကြောင်းမှာ စူးအက်တူးမြောင်းသည် ပင်လယ်နီကို မြေထဲပင်လယ်နှင့် ဆက်ထားပေးပြီး အခြားတစ်ဖက်မှာ အိန္ဒိယ သမုဒ္ဒရာသို့ ထွက်ပေါက်ဖြစ်သည်။ ကျောရိုးမရှိသည့်(invertebrate) သက်ရှိမျိုးစိတ်ပါင်း ၁၀၀၀ ခန့်သည် ပင်လယ်နီထဲတွင် ကျက်စားပြီး သန္တာကောင်ပေါင်း အမျိုးအစား ၂၀၀ခန့်လည်းရှိသည်။
ပင်လယ်နီသည် အရောင်သတ်မှတ်ချက် နှင့်ခေါ်ဝေါ်သော ပင်လယ် ၄ခု အနက်တစ်ခုဖြစ်သည်။ အခြားပင်လယ် ၃ခုမှာ ပင်လယ်နက် ၊ ပင်လယ်ဖြူ နှင့် ပင်လယ်ဝါ တို့ဖြစ်သည်။ ပင်လယ်နီ(Red Sea) ဟုခေါ်ရခြင်းနှင့် ပတ်သတ်၍ ယူဆချက်နှစ်မျိုးရှိသည်။ ပထမတစ်မျိုးမှာ တခါတရံ ရေပြင်ကို အနီရောင်ဖြစ်အောင် လုပ်ပေးနိုင်သည့် “အယ်လ်ဂျီ” တွေကြောင့် ၊ “ပင်လယ်နီ ” ဆိုတဲ့ အမည်ကို ရခြင်းဖြစ်သည်။
နောက်တစ်မျိုးမှာ ဂရိတို့ပေးထားသော ပင်လယ်၏ မူလအမည်ဖြစ်သည့် Erythra Thalassa မှ အင်္ဂလိပ်ဘာသာသို့ တိုက်ရိုက်ပြန်ဆိုခြင်းဖြစ်သည်။ ဟီးဘရူးဘာသာတွင်မူ Yam Suph (သို့) Sea of Reeds ဟု အဓိပ္ပါယ်ရသည်။ ပုံမှန်အားဖြင့်မူ ပင်လယ်နီ၏ ရေပြင်မှာ ပုံမှန်ပင်လယ်များကဲ့သို့ အပြာအရောင်သာဖြစ်သည်။
ပင်လယ်နီရှိ ရေများတွင် ဆား ပိုများပြီး အခြား ပင်လယ်များနှင့် နှိုင်းယှဉ်လျှင် ပိုမိုကြည်လင်သည်။ အကြောင်းမှာ ပင်လယ်နီ အတွင်းသို့ စီးဝင်သောမြစ် မရှိသလောက် နီးပါးဖြစ်၍ ဖြစ်သည်။ ပင်လယ်နီ အနီးပတ်ဝန်းကျင်၏ ရာသီဥတုမှာ ခြောက်သွေ့ပြီး ပူနွေးသည်။ ထို့အတွက်ကြောင့် ဥရောပနှင့် ကမ္ဘာ့အခြားအရပ်မှ လူတို့သည် ပင်လယ်နီသို့ အပန်းဖြေရန် လာရောက်ကြလေ့ ရှိသည်။ ပင်လယ်နီနှင့် ကပ်နေသော တိုင်းပြည်များမှာ အီဂျစ်နိုင်ငံ၊ ဆူဒန်နိုင်ငံ၊ အီရီထရီးယားနိုင်ငံ၊ ယီမင်နိုင်ငံ ၊ ဆော်ဒီအာရေဗျနိုင်ငံ၊ ဂျော်ဒန်နိုင်ငံ နှင့် အစ္စရေးနိုင်ငံတို့ ဖြစ်သည်။
မြောက်ဖက်အကျဆုံးတွင် ဆိုင်းနိင်းကျွန်းဆွယ်အား စူးအက်ပင်လယ်ကွေ့ နှင့် Aqaba ပင်လယ်ကွေ့ များ နှင့် ပိုင်းခြားထားသည် ။ ပင်လယ်နီ နှင့် မြေထဲပင်လယ် အား စူးအက်တူးမြောင်းဖြင့်ဆက်သွယ်ထားသည် ။ ထို့အတူ ပင်လယ်နီ မှ အေဒမ်ပင်လယ်ကွေ့အား Bab el Mandeb အမည်ရ ရေလက်ကြား မှတဆင့် ဖြတ်ကျော်နိုင်သည် ။
သမိုင်း
လွန်ခဲ့သည့် နှစ်ပေါင်း ၅၆သန်း နှင့် ၃၄သန်းကြား အချိန်က အာဖရိကတိုက်သည် တဖြည်းဖြည်းရွေ့လျှားလာခဲ့သည်။ ထို့နောက် အရှိန်ရလာခဲ့ပြီး နှစ်ပေါင်း ၃၄သန်း နှင့် ၂၃သန်းကြားတွင် ပင်လယ်နီဖြစ်ပေါ် လာခဲ့သည်ဟု ပညာရှင်များက ဆိုကြသည်။ ရှေးအီဂျစ်တို့က ဘီစီ ၂၅၀၀ခန့်ကတည်းက ပင်လယ်နီကို အသုံးပြုခဲ့သည်။ ဘီစီ ၁၅၀၀ ဝန်းကျင်ခန့် ဘုရင်မ ဟတ်ရှပ်ဆတ် လက်ထက်တွင် ရွှေမြေ ဟုခေါ်သော Punt သို့ ကုန်သွယ်ရန်အတွက် အသုံးပြုခဲ့သည်။ ထို့နောက် ဤဒေသသည် ရောမ အင်ပါယာပိုင်ဒေသဖြစ်လာခဲ့သည် ။
သြဂတ်စတပ်လက်ထက်တွင် ပင်လယ်နီသည် အိန္ဒိယနှင့် တရုတ်နိုင်ငံများသို့ ကုန်သည်ရာ အဓိကလမ်းကြောင်းဖြစ်ခဲ့သည်။ အေဒီ ၇ရာစုအချိန်မှစ၍ ဤဒေသတွင် မူဆလင်များ အင်အားကြီးထွားလာခဲ့ပြီးနောက် ဤဒေသကိုခြေကုပ်ယူကာ အာဖရိက အရှေ့ဖက်ဒေသ ‘ အာရှတိုက်အရှေ့ဖက်ဒေသ နှင့် ကူစည်ကူးသန်းပြီး သူတို့၏အယူဝါဒကို ချဲ့ထွင်ခဲ့ကြသည် ။ သို့သော်လည်း ပင်လယ်နီသည် ဥရောပတိုက်သားများအတွက်မူ အရေးပါသည့် ကုန်သွယ်လမ်းကြောင်းမဟုတ်ခဲ့ပေ ။
၁၈၆၉ – ခုနှစ်တွင် ဥရောပဒေသ မြေထဲပင်လယ် မှ ပင်လယ်နီသို့သွားလာနိင်သည် စူးအက်တူးမြောင်းကို ဖွင့်လှစ်နိင်ခဲ့သည် ။ ထိုအချိန်မှစ၍ Red Sea သည် ဥရောပ နှင့် အာရှ အရှေ့ဖက် ကုန်သွယ်မှု တွင် အဓိကကျသည့်ရေလမ်းကြောင်းဖြစ်လာခဲ့သည် ။ ပင်လယ်နီ ဒေသ၏ အဓိက ပင်လယ်ဆိပ်ကမ်းများမှာ အီဂျစ်မှ စူးအက် ၊ Al Quşayr ၊ ဆူဒန်မှ Sawākin ၊ အီသီယိုပီးယားမှ Massawa ၊ ဆော်ဒီအာရေဗျမှ Jiddah ၊ ယီမင်မှ Al Ḩudaydah နှင့် Mocha ဆိပ်ကမ်းများဖြစ်ကြသည် ။
Red Sea ဒေသ သည် အလွန်ပူပြင်းသောကြောင့် ပင်လယ်ကြီးသည် ရေငွေ့ပျံမှုမြင့်မားသည် ။ ဇူလိုင်လသည် အပူဆုံးလဖြစ်ပြီး ထိုအချိန်တွင် ပယ်လယ်ပြင်ကြီး၏ ပျမ်းမျှအပူချိန်မှာ ၉၀ဒီဂရီ ဖာရင်ဟိုက်အထိ ရှိနေတတ်သည်။ ထို့ကြောင့် ပင်လယ်နီ ၏ ပင်လယ်ရေသည် ဆားပါဝင်မှုအလွန်မြင့်မားသည့် ပင်လယ်ဖြစ်သည် ။
bigeye houndshark, starspotted smooth-hound, milk shark, snaggletooth shark စသည်ဖြင့် ငါးမန်းအမျိုးအစား ၄၄မျိုးကို ပင်လယ်နီတွင်တွေ့ရတတ်သည်။ လူများကို အများဆုံး အန္တရာယ်ပြုတတ်သည့် သတ္တဝါများမှာ ကျားငမန်း ၊ ကင်းမီးကောက်ငါး ၊ ယုန်ငါး ၊ stingrays(ငါးလိပ်ကျောက်တစ်မျိုး) တို့ဖြစ်ကြသည်။
Academy
Wikipedia
Facts of Red Sea
Discussion about this post