Tuesday, March 2, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

ပင်လယ်နက် ဆိုသည်မှာ

by Thutamm
August 10, 2019
Reading Time: 1min read
0
ပင်လယ်နက် ဆိုသည်မှာ
Share on FacebookShare on Twitter

ရေးသားသူ – Academy

ပင်လယ်နက်(Black Sea) သည် ကုန်းတွင်းပိုင်းပင်လယ်ဖြစ်ပြီး ဥရောပအရှေ့တောင်ပိုင်း နှင့် အာရှမိုင်းနားဒေသ အကြားတွင်တည်ရှိသည် ။ ပင်လယ်နက် နှင့် အေဂျင်ပင်လယ်အား အစ္စတန်ဘူ ရေလက်ကြား နှင့် ဆက်သွယ်ထားသည် ။ ရိုမေးနီးယားနိုင်ငံ ၊ ဘူဂေးရီးယားနိုင်ငံ နှင့် တူရကီ နိုင်ငံ ၊ ယူကရိန်းနိုင်ငံ ၊ ရုရှား ၊ ဂျော်ဂျီယာနိုင်ငံများ၏ ပိုင်နက်နယ်မြေများသည် ပင်လယ်နက် ပါတ်ဝန်းကျင်တွင်တည်ရှိသည်။

ပင်လယ်နက် သည် အရှေ့မှ အနောက်သို့ ၇၅၀မိုင် ၊ အနံ အကျယ်ဆုံးနေရာမှာ ၃၈၀မိုင်အထိ ရှိကာ ဧရိယာစတုရန်းမိုင်ပေါင်း ၁၆၈၅၀၀ အထိကျယ်ဝန်းသည် ။ ပင်လယ်နက်ထဲသို့ ဥရောပအလယ်ပိုင်း နှင့် အရှေ့ဖက်ဒေသများမှ မြစ်များစွာစီးဝင်ပြီးထိုအထဲတွင် Dnieper, Dniester, Southern Bug, Don နှင့် Danube မြစ်များပါဝင်သည် ။ ထို့အတူ အာရှမိုင်းနားဒေသမှ Yeşil Irmak, Kızılırmak, နှင့် Sakarya မြစ်များသည်လဲ Black Sea ထဲသို့စီးဝင်သည် ။ ပင်လယ်ကြီး၏ ရေအနက်ဆုံးဒေသမှာ ၇၂၅၀ ပေ အထိ ရေအနက်ရှိသည် ။

အစ္စတန်ဘူလ် နှင့် ပင်လယ်နက်

အများအားဖြင့် ဆောင်းရာသီအချိန်များတွင် ဤဒေသသို့မြောက်ဖက်မှ လေပြင်းများ ကျရောက်ကာ မိုးသက် မုန်တိုင်းများတိုက်ခတ်လေ့ရှိတတ်သည် ။Black Sea ဒေသ တွင်ငါးကြင်း နှင့် အခြားငါးများ ပေါများစွာတွေ့ရှိနိုင်သည်။  ထူးခြားသည်မှာ ပင်လယ်၏ အပေါ်ပိုင်းရေများ(upper water ) သည် ရေနက်ပိုင်းရေများ(deep water) နှင့် ရောနှောပေါင်းစပ်သွားခြင်းမရှိပဲ အလွှာတစ်လွှာစီရှိနေခြင်းဖြစ်သည်။ အနက်ပေ ၆၀၀ ဝန်းကျင်အထက်မှာ အပေါ်ပိုင်းဖြစ်ပြီး ၆၀၀ ဝန်းကျင်အောက်ဘက်မှာ ရေနက်ပိုင်းဖြစ်သည်။ ရေနက်ပိုင်းရေတွင် အဆိပ်အတောက်များပင် ပါဝင်သည်ဟု ဆိုကြသည်။

ဤဒေသ၏ အဓိက ပင်လယ်ဆိပ်ကမ်းများမှာ ယူကရိန်းတို့၏ Odessa , Kherson နှင့် Sevastopol ဆိပ်ကမ်း ၊ ဂျော်ဂျီယာနိုင်ငံ၏ P’ot’i နှင့် Bat’umi ဆိပ်ကမ်း ၊ ရုရှားနိင်ငံ၏ Novorossiysk ဆိပ်ကမ်း၊ ရိုမေးနီးယားနိင်ငံ၏ Constanţa ဆိပ်ကမ်း ၊ ဘူဂေးရီးယား နိင်ငံ၏ Burgas နှင့် Varna ဆိပ်ကမ်း ၊ တူရကီတို့ ၏ Ereğli, Samsun, Sinop, နှင့် Trabzon ဆိပ်ကမ်းများဖြစ်ကြသည် ။

သမိုင်း

ဂရိခေတ်တုန်းက ပင်လယ်နက်(Black Sea) ကို Inhospitable Sea ဟုခေါ်သည်။ အဓိပ္ပါယ်မှာ ဖော်ရွှေမှုကင်းမဲ့သောပင်လယ် ဖြစ်သည်။ ရေးလမ်းကြောင်းသွားလာရန်ခက်ခဲခြင်းနှင့် ထိုစဉ် ကမ်းခြေတစ်လျှောက်နေထိုင်ကြသော လူများစုများသည် သင်္ဘောများကို ရန်ပြုတတ်သဖြင့် ထိုနာမည်ပေးထားခြင်းဖြစ်သည်။ ပင်လယ်နက် ဟုခေါ်ခြင်းမှာ ဟိုက်ဒရိုဂျင်ဆာလဖိုက်ပါဝင်မှုလွန်ကဲသည့် အနက်ရောင်ရွှံ့များပါဝင်ခြင်း နှင့် ဆောင်းရာသီ မှုန်တိုင်းများပြင်းထန်သည့်အချိန် ပင်လယ်ပြင်ကိုအဝေးမှကြည့်လျှင် အမည်းရောင်ရေပြင်ကြီးသဖွယ်တွေ့မြင်ရသဖြင့် သင်္ဘောသားများက ပေးထားကြခြင်းဖြစ်သည်။

ပင်လယ်နက် ထဲတွင် ရှေးနှစ်ပေါင်းများစွာအချိန်မှစ၍ ကုန်စည်ကူးသန်းရောင်းဝယ်ရန် သွားလာခဲ့ကြသည် ။ ဂရိခေတ် ၊ ရိုမန်ခေတ် များတွင် ဤဒေသ တချို့ကို သိမ်းယူပြီး ကုန်စည်ကူးသန်းရောင်းဝယ်ခဲ့ကြသည် ။ အရှေ့ရောမအင်ပါယာဖြစ်သည့် Byzantine အင်ပါယာသည် ယနေ့တူရကီနိင်ငံ အစ္စတန်ဘူဒေသတွင် အခြေစိုက်ပြီးနောက် ဤဒေသသည် အဓိက ကူးသန်းရောင်းဝယ်ရာနေရာ ဖြစ်လာခဲ့သည် ။

အေဒီ ၁၄၅၃ – အချိန်တွင် Byzantine အင်ပါယာ ပျောက်ကွယ်ပြီး အော်တိုမင်အင်ပါယာ အင်အား ကြီးထွားလာခဲ့ပြီးနောက် အစ္စတန်ဘူရေလက်ကြားကို ပိတ်ဆို့ကာ အော်တိုမင်များသည် နိင်ငံခြား ကူးသန်းရောင်းဝယ်မှုဟူသမျှ ကိုပိတ်ပင်ထားခဲ့ကြသည် ။ထိုကဲ့သို့ပိတ်ဆို့ထားမှုသည် ရာစုနှစ် ၃စုကြာမြင့်ခဲ့သည် ။ ၁၈ရာစု အစောပိုင်းနှစ်များမှ စတင်ကာ ပင်လယ်နက်ဒေသ တွင် အော်တိုမင်များသည်
ရုရှားတို့၏ စိန်ခေါ်မှု များ နှင့် ရင်ဆိုင်လာခဲ့ရသည် ။ ဤဒေသတွင် Crimean War စစ်ပွဲပြီးဆုံးပြီးနောက် Treaty of Paris စာချုပ်အရ ပင်လယ်နက်ဒေသအား စစ်မဲ့ဇုံအဖြစ်သတ်မှတ်ကာ နိင်ငံတကာ ကုန်သွယ်မှုအတွက် ဖွင့်ပေးခဲ့ရသည် ။

၁၈၇၀ခုနှစ်တွင် ရုရှား အင်ပါယာ၏ ဘုရင် Alexander II သည် ပဲရစ်စာချုပ် အရ စစ်မဲ့ဇုံကို ပယ်ဖျက်ကာ ရုရှားရေတပ်ကို Black Sea ဒေသ တွင် အထိုင်ချထားခဲ့သည် ။ ထိုအခါ အော်တိုမင်များသည် အစ္စတန်ဘူရေလက်ကြားကိုပိတ်ဆို့ခဲ့သဖြင့် ရုရှား နှင့် အော်တိုမင်တူရကီများစစ်ပွဲဖြစ်ပွားခဲ့သည် ။

Russo-Ottoman War ( ၁၈၇၇ – ၁၈၇၈ ) ခုနှစ် အချိန်က ရုရှားတို့သည် အော်တိုမင်များကို အောင်နိင်ခဲ့ပြီး Black Sea ၏ ပင်လယ်ထွက်ပေါက်များကိုပြန်လည်ရရှိခဲ့သည် ။ ပထမကမ္ဘာစစ်အချိန်တုန်းကလည်း ရုရှားရေတပ်သည် Black Sea ထဲမှနေ၍ အော်တိုမင်များ အား အောင်မြင်စွာတိုက်ထုတ်နိင်ခဲ့သည် ။

Academy

Tags: world knowledge

Related Posts

လင်းပိုင် နဲ့ လင်းရှူး ဘာကွာသလဲ
Knowledge

လင်းပိုင် နဲ့ လင်းရှူး ဘာကွာသလဲ

လင်းပိုင်(Dolphin) တွေကိုတော့ စာတွေ ပုံတွေထဲမှာ မကြာခဏ ဖတ်ဖူး မြင်ဖူးကြတဲ့အတွက် တော်တော်များများ သိကြပြီး ဖြစ်မှာပါ။ လင်းရှူး(Porpoise) တွေကိုတော့ နာမည်သာ ကြားဖူးကြပြီး သိတဲ့သူ နည်းမယ် ထင်ပါတယ်။ ဒီတခါတော့ လင်းပိုင် နဲ့...

ဟိုချီမင်းမြို့ အကြောင်း သိကောင်းစရာ
Knowledge

ဟိုချီမင်းမြို့ အကြောင်း သိကောင်းစရာ

ဟိုချီမင်းမြို့ဟာ အရှေ့တောင်အာရှ နိုင်ငံတနိုင်ငံဖြစ်တဲ့ ဗီယက်နမ် ရဲ့ အရှေ့တောင်ပိုင်းမှာတည်ရှိပြီး နိုင်ငံရဲ့ လူဦးရေအများဆုံးနဲ့ အကြီးဆုံးမြို့ဖြစ်ပါတယ်။ ဆိုင်ဂုံမြစ်အနီးမှာ တည်ရှိပြီး သမိုင်းထဲမှာတော့ ဆိုင်ဂုံ ဆိုတဲ့အမည်နဲ့ ထင်ရှားခဲ့တဲ့ ဗီယက်နမ်မြို့တော်ဟောင်း ဖြစ်ပါတယ်။ ဟိုချီမင်းမြို့ဟာ ဗီယက်နမ်ရဲ့ စီးပွားရေး...

လင်းယုန် နဲ့ သိမ်းငှက် ဘာကွာသလဲ
Knowledge

လင်းယုန် နဲ့ သိမ်းငှက် ဘာကွာသလဲ

အမဲလိုက်ငှက်အမျိုးအစားတွေဖြစ်ကြတဲ့ လင်းယုန်(eagle) နဲ့ သိမ်းငှက်(hawk) တို့ဟာ အက်ကဆစ်ပစ်ထရီဒီ မျိုးရင်းထဲမှာ ပါဝင်နေပါတယ်။ ကမ္ဘာပေါ်မှာ လင်းယုန်အမျိုးအစား ၆၀ ကျော်ရှိပြီး သိမ်းငှက်အမျိုးအစားကတော့ ၂၅၀ ကျော်အထိ ရှိတယ်လို့ သိရပါတယ်။ လင်းယုန် နဲ့ သိမ်းငှက်တွေဟာ...

ကမ္ဘာပေါ်က ဝန်ထမ်းအများဆုံး ကုမ္ပဏီကြီး ၅ ခု
Knowledge

ကမ္ဘာပေါ်က ဝန်ထမ်းအများဆုံး ကုမ္ပဏီကြီး ၅ ခု

ကမ္ဘာပေါ်မှာ ဝန်ထမ်းဦးရေအလိုက် အကြီးဆုံး ကုမ္ပဏီကြီးတွေ စာရင်းမှာတော့ အမေရိကန် ၊ တရုတ် ၊ ထိုင်ဝမ် ၊ ဂျာမနီ နဲ့ ယူကေ နိုင်ငံတွေက ကုမ္ပဏီတွေက ဦးဆောင်နေပါတယ်။ ကုမ္ပဏီအများစုကတော့ လက်လီစတိုးဆိုင် ၊...

Next Post
ပါရာဂွေးနိုင်ငံအကြောင်း သိကောင်းစရာ

ပါရာဂွေးနိုင်ငံအကြောင်း သိကောင်းစရာ

Discussion about this post

No Result
View All Result

Categories

Tag

amazing ancient knowledge animals architecture buddhism buddhism monk chemistry cities countries empires feeling health health knowledge history inventions kaung htet knowledge military motivation myanmar history myanmar knowledge myanmar people myanmar places news pagodas photos places planets plants rivers science science knowledge Sport Sport people successful tech thinking tips world actors world companies world history world knowledge world news world people world places

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!