(Unicode)
ရေးသားသူ- ခင်ရတနာ (မြန်မာ့အလင်း)
ရန်ကုန်မြို့သည် ကုန်းဘောင်မင်းဆက်၏ ပထမဆုံးမင်းဖြစ်သော အလောင်းမင်းတရားကြီးလက်ထက်တွင် ရန်ကုန်ဟု စတင်သမုတ်ခြင်းခံရချိန်မှ စ၍ ကုန်သွယ်ရေးနှင့် ပင်လယ်ဆိပ်ကမ်းမြို့အင်္ဂါရပ်နှင့်အညီ အကောက်ဝန်များ၊ ဆိပ်ကမ်းတာဝန်ခံများဖြင့် စနစ်တကျကုန်သွယ်ခြင်းပြုလုပ်ခဲ့ရာ မြို့ကြီးတစ်ခုဖြစ် သည်။
ဗြိတိသျှတို့ ရန်ကုန်ကို သိမ်းပိုက်ပြီးသည့်အခါ မြန်မာမင်းများထက် ပိုမို စနစ်ကျသည့် စီးပွားရေးစီမံခန့်ခွဲမှုကို ဆောင်ရွက်ခဲ့သည်။ ထိုခေတ်ကာလ များတွင် ကုန်သွယ်ရေးကို စနစ်ကျနသည့် အခွန်အကောက်များဖြင့် တိကျစွာ ကိုင်တွယ်သော ဌာနကြီးတစ်ခုကို ရန်ကုန်မြို့ ကမ်းနားလမ်းပေါ်တွင် တည်ဆောက်ခဲ့သည်။ ထိုအဆောက်အအုံကြီးသည် ယနေ့တိုင် စီးပွားရေး နှင့် သက်ဆိုင်သည့် အခွန်အခများနှင့် ကုန်သွယ်ရေးကို ထိန်းချုပ်ထားနိုင်ဆဲ ပင်ဖြစ်သည်။ ထိုအဆောက်အအုံကို အင်္ဂလိပ်ခေတ်က Burma Customs ဟု ခေါ်ဝေါ်ခဲ့ကြပြီး ယနေ့ခေတ်တွင် အကောက်ခွန်ဦးစီးဌာနဟု ခေါ်ဝေါ်ကြသည်။
မြန်မာ့အခွန်အကောက်များ၏ ရာဇဝင်ကို လေ့လာကြည့်သည့်အခါ ၁၇၅၅ ခုနှစ်တွင် ဒဂုံမြို့ကို အလောင်းမင်းတရားသိမ်းပိုက်ပြီးနောက် အမည်သစ် ရန်ကုန်ဖြင့် ဆိပ်ကမ်းမြို့ဖြစ်လာခဲ့သည်။ အလောင်းမင်းတရားသည် ၁၇၅၄ ခုနှစ်တွင် အမေရိကန်လူမျိုး မစ္စတာဂရီဂိုရီကို အကောက်ဝန်အဖြစ် တာဝန်ပေးအပ်ခဲ့ပြီး ပထမဆုံးအဖြစ် ရန်ကုန်မြို့တော်ခန်းမ နေရာအနီးတွင် သစ်နှင့်ဝါးတို့ဖြင့် တည်ဆောက်သည့် အကောက်ခွန်ရုံးကို ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။ သို့သော် အကောက်ခွန်ရုံးကို ပုသိမ်သို့ ခေတ္တပြောင်းရွှေ့ခဲ့ဖူးပြီး ၁၇၆ဝ ပြည့်နှစ် ဆင်ဖြူရှင်မင်းလက်ထက်တွင် ဒုတိယအကြိမ်အဖြစ် ရန်ကုန် တွင် အကောက်ခွန်ရုံးကို ပြန်လည်အခြေစိုက် ဖွင့်လှစ်ခဲ့သည်။ ထိုအချိန် တွင်မူ အကောက်ခွန်အရာရှိမှာ မစ္စတာဂျိုးဇက်ဇာဗီရာဖြစ်ကြောင်း မြန်မာ့ အကောက်ခွန်သမိုင်းမှ သိရှိရသည်။
မြန်မာလူမျိုးများအနက် ဦးကျော်ရေးဆိုသူမှာ ပထမဆုံး အကောက် ဝန်ဖြစ်လာခဲ့ပြီး ၁၈၁၉ ခုနှစ်နောက်ပိုင်း ဘကြီးတော်မင်းလက်ထက်တွင်မူ စပိန်နိုင်ငံသား မစ္စတာအန်းကေ့ချ်လန်စီဂိုဆိုသူက အကောက်ဝန်အဖြစ် အမှုထမ်းခဲ့ကြောင်း သိရသည်။ ၁၈၂၄ ခုနှစ် ပထမအင်္ဂလိပ်-မြန်မာ စစ်ပွဲ အပြီးတွင်လည်း ထိုသူကပင် အခွန်အကောက်ဆိုင်ရာများကို ဆက်လက် တာဝန်ယူခဲ့သည်။ သာယာဝတီမင်းလက်ထက် (၁၈၃၇ ခုနှစ်မှ ၁၈၄၆ ခုနှစ်)တွင် လမ်းမတော်ဆိပ်ကမ်းအနီးသို့ အကောက်ခွန်ရုံးကို ပြောင်းရွှေ့ဖွင့်လှစ်ခဲ့ပြီး နိုင်ငံတကာ အကောက်ခွန် လုပ်ထုံးလုပ်နည်းများကို အမှီပြုကာ ခေတ်မီသည့် အကောက်ခွန်စနစ်သစ်ကို အသုံးပြုခဲ့ပြီး စနစ်ကျသည့် ကုန်သွယ်မှုကို စတင်နိုင်ခဲ့သည်။
၁၈၅၂ ခုနှစ် ဒုတိယ အင်္ဂလိပ်-မြန်မာစစ်ပွဲအပြီးတွင် အင်္ဂလိပ်တို့သည် မြန်မာနိုင်ငံ၏ ပင်လယ်ဆိပ်ကမ်းမြို့အဖြစ် ရန်ကုန်ကိုသတ်မှတ်ကာ ပထမဆုံး ကမ်းနားလမ်းမကြီးကို စတင်ပြုပြင်ခဲ့သည်။ သာယာလှပ စေရန်အတွက် သစ်လုံးများ အစီအရီကာရံထားသည့် ခံတပ်ကိုဖျက်သိမ်းကာ ခိုင်ခံ့သည့် ကမ်းနားကို တည်ဆောက်အပြီး ကမ်းနားလမ်းတစ်ဖက်တွင် ထိုခေတ်ထိုအခါက ခေတ်မီခမ်းနားသည့် အဆောက်အအုံသစ်ကြီးများကို စတင်တည်ဆောက်ခဲ့ရာ ကမ်းနားလမ်း အမှတ် (၁၃၂)တွင် အကောက် ခွန်ရုံးသစ်ကြီး စတင်ပေါ်ထွက်လာသည်။
ထို့ပြင် အကောက်ခွန်နည်းဥပဒေကိုလည်း ကာလကတ္တား အကောက် ခွန်နည်းဥပဒေအတိုင်း ၁၈၅၂ ခုနှစ်ဒီဇင်ဘာ ၁၉ ရက်တွင် ပြဋ္ဌာန်းခဲ့ပြီး မြန်မာပြည်မှ တွင်းထွက်နှင့် သယံဇာတများကို စတင်ထုတ်ယူသည်။ ၁၈၈၆ ခုနှစ် မြန်မာနိုင်ငံကို ဗြိတိသျှအင်ပါယာအတွင်းသို့ သွတ်သွင်းလိုက်ချိန်တွင် ကုန်သွယ်မှုသည် ပိုမိုမြင့်တက်လာခဲ့ပြီး ၁၉၁၃ ခုနှစ်အရောက်တွင် နှစ်ပေါင်း ၄ဝ ကျော်ကြာမြင့်လာခဲ့ပြီဖြစ်သည့် အကောက်ခွန်ရုံးကို ဖြိုချကာ လေးထပ် အမြင့်ရှိသည့် ရုံးသစ်ကြီးကို စတင်တည်ဆောက်ရာ ၁၉၁၅ ခုနှစ်တွင် ပြီးစီးခဲ့ပြီး ၁၉၁၆ ခုနှစ်တွင် Burma Custom House အဖြစ် ပြန်လည်ဖွင့်လှစ်နိုင်ခဲ့ကြောင်း သိရသည်။
အဆိုပါအဆောက်အအုံသည် အလွန်ပင်တိကျသေသပ်သည့် ကွန်ကရစ် အဆောက်အအုံအမျိုးအစားဖြစ်ပြီး အဖြူရောင်မျှော်စင်တစ်ခုနှင့် နှစ်ဖက်မြင် နာရီတို့ကို ထိပ်ဦးတွင်မြင်တွေ့ရသည်။ စိတ်ဝင်စားဖွယ် အကောင်းဆုံးအရာမှာ ကိုလိုနီခေတ်၏ သရုပ်မှန်ကို ထင်ဟပ်စေသည့် အဆောင်အယောင်တစ်ခုအနေဖြင့် သိမ်းပိုက်ခံနယ်မြေတစ်ခုမှ အဆောက် အအုံဆိုသည်ကို အလွယ်တကူ သိရှိနိုင်ခြင်းဖြစ်သည်ဟု ရန်ကုန်မြို့ပြအခင်း အကျင်းကို ရေးဆွဲခဲ့သည့် မစ္စတာ ဒါလဟိုစီက ပြီးစီးချိန်တွင် ပြောကြားခဲ့ဖူး ကြောင်း အကောက်ခွန်ရုံးသမိုင်းကြောင်းစာအုပ်တွင် ဖော်ပြထားသည်။
စကော့ချ်လူမျိုး ဗိသုကာပညာရှင် မစ္စတာ ဂျွန်ဘာ့ချ်က ဒီဇိုင်းရေးဆွဲ ပေးထားခြင်းဖြစ်ပြီး အဆိုပါ ဗိသုကာပညာရှင်သည် အိန္ဒိယအစိုးရ လက်အောက်တွင် အလွန်ထင်ရှားကျော်ကြားသူဖြစ်သည်။ အိန္ဒိယရှိ အစိုးရပိုင် ရုံးဌာနပေါင်းများစွာကိုလည်း ဒီဇိုင်းရေးဆွဲခဲ့သူတစ်ဦးဖြစ်သည်။ အနောက် နိုင်ငံတို့မှ ထင်ရှားသည့် အဆောက်အအုံဒီဇိုင်းများကို လက်ရှိသူရောက်ရှိ ရာ ဒေသ၏ရာသီဥတု၊ စီးပွားရေးအခြေအနေများပေါ်တွင် မူတည်ကာ အကောင်းမွန်ဆုံး အဆောက်အအုံဒီဇိုင်းကို ပုံဖော်နိုင်သူအဖြစ် ကျော်ကြား ကြောင်း သိရသည်။
မစ္စတာဂျွန်ဘာ့ချ်သည် အကောက်ခွန်ရုံးကြီး၏ ဗိသုကာဒီဇိုင်းကို တစ်နှစ် နီးပါးအချိန်ယူကာရေးဆွဲထားခြင်းဖြစ်ပြီး ၁၉၁၁ခုနှစ်တွင် ဒီဇိုင်းရေးဆွဲပြီးစီး ခဲ့သည်။ မကြာမီတွင် ကုန်ကျစရိတ်များကို တွက်ချက်ကာ တည်ဆောက်ရေး လုပ်ငန်းများစတင်အကောင်အထည်ဖော်ခဲ့သည်။ အဆောက်အအုံကြီးကို အကောင်အထည်ဖော်တည်ဆောက်ကြသူများမှာ မစ္စတာကလက်ခ်နှင့် ဂျရစ်ချ် တို့ဖြစ်ကြောင်းသိရပြီး ထိုသူတို့သည် အကောက်ခွန်ရုံးအပြင် မြန်မာတယ်လီ ဂရပ်ရုံးကြီးကိုပါ တည်ဆောက်ပေးခဲ့ကြသူများဖြစ်သည်။
ကမ်းနားလမ်းတွင်ဖြစ်သည့်အပြင် ရန်ကုန်မြို့တည်ခါစ ဖြစ်ခြင်းကြောင့် အထပ်မြင့်အဆောက်အအုံတစ်ခုဖြစ်လာစေရန်အတွက် တည်ဆောက်သူ အင်ဂျင်နီယာများ အတော်ပင်စိတ်ပူပန်ခဲ့ရဟန်ရှိပြီး တည်ဆောက်စဉ်တွင် သံပေါင်များအပြင် သံမဏိပေါင်များကိုပါ တွဲဖက်အသုံးပြုခြင်း၊ ဖောင်ဒေးရှင်း ပြုလုပ်စဉ်တွင်လည်း သံထည်များစွာကို ထည့်သွင်းအသုံးပြုခြင်းဖြင့် မြေပြိုခြင်း၊ မြေသားနိမ့်ဆင်းခြင်းစသည့် အန္တရာယ်များအတွက် နှစ်ပေါင်းများစွာ အဓွန့် ရှည်စေရန် ရည်ရွယ်တည်ဆောက်ခဲ့ရကြောင်း ရှေးဟောင်းအဆောက်အအုံ ၃ဝ သမိုင်းတွင် ရေးသားဖော်ပြထားသည်။
ဗိသုကာဒီဇိုင်းများတွင် နာရီစင်အဖြစ် မျှော်စင်၌ပင် တပ်ဆင်ရန်ဖြစ်သော် လည်း ထိုစဉ်က နိုင်ငံတကာတွင် ခေတ်မီသည့် အဆောက်အအုံများ၌ မျက်နှာပြင် နှစ်ဖက်ပါသည့် နာရီများကို မျှော်စင်တွင်မတပ်ဘဲ အဆောက်အအုံ ၏ ပသာဒအဖြစ်တွဲဆက်ထားသည့်ပုံကိုယူကာ ပြောင်းလဲတပ်ဆင်ထားသည်။ အပေါ်ဆုံးထပ်သည် အရေးပေါ်ကိစ္စများဆောင်ရွက်ရန်နှင့် ဝန်ထမ်းများနေထိုင် ရန်အတွက် တည်ဆောက်ထားသည့် ပုံစံဖြစ်သည်ကို မြင်တွေ့ရသည်။
ဗြိတိသျှအစိုးရလက်အောက်တွင် ကုန်သွယ်ရေကြောင်းသည် အဓိက တင်ပို့ရာ လမ်းကြောင်းဖြစ်ခြင်းကြောင့် အခွန်အကောက်ကိစ္စရပ်များကို အများဆုံး ဆောင်ရွက်ကြရသည်။ ဆိပ်ကမ်းဝန်နှင့် အကောက်ဝန်တို့ကို မြန်မာဘုရင်များလက်ထက်တော်က ပူးတွဲထားရှိသော်လည်း အင်္ဂလိပ်တို့ လက်ထက်တွင်မူ ခွဲခြားကာ အကောက်ခွန်ရုံးက ပို့ကုန်သွင်းကုန်ဆိုင်ရာ ကိစ္စရပ်များအားလုံးကို နိုင်ငံတော်အတွက် အခွန်ကောက်ခံပေးခဲ့ပြီး လက်လှည့် သင့်ရာ စားတော်ခေါ်သည့်စနစ်အရ မြန်မာလူမျိုးကုန်သည်တို့မှာ နေရာမရဘဲ နိုင်ငံတကာမှ ကုန်သည်များ ခြေချင်းလိမ်ကာ ကုန်သွယ်မှု ဆောင်ရွက်ခဲ့သည့် အချိန်လည်းဖြစ်သည်။
ထိုခေတ်က ကုန်သည်တစ်ဦး၏ ပြောကြားချက်အရ ”၁၉၄၂ ခုနှစ် မှာ ရန်ကုန်ရဲ့ အခွန်အကောက်တွေဟာ အလွန်ကို များပြားခဲ့တယ်။ အခွန် ဘဏ္ဍာတွေကို သုံးစွဲရာမှာလည်း စနစ်ကျမှုမရှိခဲ့ဘူး။ ဗြိတိသျှအစိုးရအတွက် တော့ ရန်ကုန်ဆိပ်ကမ်းရဲ့ အကောက်ခွန်တွေကနေ အဆပေါင်းများစွာ အခွန် အခတွေ ရနေကြတယ်” ဟု ရေးသားဖော်ပြထားသည်ကို ရှေးဟောင်း အဆောက်အအုံ ၃ဝ စာအုပ်အတွင်း ရေးသားသုတေသနပြုစုထားသည်။
အဆိုပါအဆောက်အအုံကြီးမှာ ထုထည်ကြီးမားသည့်အပြင် အဆောက် အအုံ၏ဒီဇိုင်းမှာလည်း ကျစ်လျစ်မှု၊ လျှို့ဝှက်မှု၊ ထိန်းချုပ်မှုတို့ကို ကိုယ်စား ပြုထားသည့် ဒီဇိုင်းတစ်ခုဖြစ်ပြီး အသေးစိတ်ခြယ်မှုန်းချက်များအရ ပြတင်း တံခါးများ၏ ဒီဇိုင်းသည်ပင် အဓိပ္ပာယ်များစွာ ခိုအောင်းနေကြောင်း အဆိုပါ စာအုပ်၌ ဖော်ပြထားသည်။
အေးစိမ့်သော သဘာဝအအေးဓာတ်သည် အအေးပေးစက်ပင်မလို လောက်အောင် အကောက်ခွန်ရုံးသည် ထုထည်ကြီးမားလှသည်။ မြင့်မားသော မျက်နှာကြက်များကလည်း ထူးခြားမှုတစ်ခုဖြစ်သည်။ အဆောင်ဆောင် အခန်းခန်းတို့တွင် ယနေ့အထိ ပုံမှန်လုပ်ငန်းခွင်ဝင်ရောက်နေသူတို့မှာ ပျားပန်း ခတ်မျှ များပြားလှသည်။ နိုင်ငံတော်ဘဏ္ဍာအဖြစ် စနစ်တကျ ရောက်ရှိလာမည့် အခွန်အခတို့ကို စိစစ်ကောက်ခံရင်း ယနေ့ဆိုပါက နှစ်ပေါင်း ၁ဝဝ ပြည့်ခဲ့ပြီ ဖြစ်ပြီး ဝန်ထမ်းပေါင်း ၂၃ဝဝ ကျော်တို့အား ယနေ့တိုင် ထမ်းပိုးထားဆဲပင်ဖြစ် သည်။ နှစ်ပေါင်း ၁ဝဝ တိုင်အောင် ကြာရှည်ခဲ့ပြီဖြစ်သည့်တိုင်အောင် သစ်လွင်ဆဲ၊ ကြံ့ခိုင်ဆဲဖြစ်ကာ နိုင်ငံတော်၏အကျိုးကို ဆောင်ရွက်ဆဲပင်ဖြစ် ပါကြောင်း။ ။
ခင်ရတနာ (မြန်မာ့အလင်း)
၂၀၁၆ခုနှစ် ၊ ဇန်နဝါရီလ ၁၇ ရက်နေ့ထုတ် ၊ မြန်မာ့အလင်းသတင်းစာမှ
(Zawgyi)
ႏွစ္ေပါင္း ၁၀၀ တိုင္ တာ၀န္ေက်ပြန္ခဲ့ေသာ ကမ္းနားလမ္းမွ အေကာက္ခြန္ရံုးႀကီး
ေရးသားသူ- ခင္ရတနာ (ျမန္မာ့အလင္း)
ရန္ကုန္ၿမိဳ႕သည္ ကုန္းေဘာင္မင္းဆက္၏ ပထမဆံုးမင္းျဖစ္ေသာ အေလာင္းမင္းတရားႀကီးလက္ထက္တြင္ ရန္ကုန္ဟု စတင္သမုတ္ျခင္းခံရခ်ိန္မွ စ၍ ကုန္သြယ္ေရးႏွင့္ ပင္လယ္ဆိပ္ကမ္းၿမိဳ႕အဂၤါရပ္ႏွင့္အညီ အေကာက္ဝန္မ်ား၊ ဆိပ္ကမ္းတာဝန္ခံမ်ားျဖင့္ စနစ္တက်ကုန္သြယ္ျခင္းျပဳလုပ္ခဲ့ရာ ၿမိဳ႕ႀကီးတစ္ခုျဖစ္ သည္။
ၿဗိတိသွ်တို႔ ရန္ကုန္ကို သိမ္းပိုက္ၿပီးသည့္အခါ ျမန္မာမင္းမ်ားထက္ ပိုမို စနစ္က်သည့္ စီးပြားေရးစီမံခန္႔ခြဲမႈကို ေဆာင္ရြက္ခဲ့သည္။ ထိုေခတ္ကာလ မ်ားတြင္ ကုန္သြယ္ေရးကို စနစ္က်နသည့္ အခြန္အေကာက္မ်ားျဖင့္ တိက်စြာ ကိုင္တြယ္ေသာ ဌာနႀကီးတစ္ခုကို ရန္ကုန္ၿမိဳ႕ ကမ္းနားလမ္းေပၚတြင္ တည္ေဆာက္ခဲ့သည္။ ထိုအေဆာက္အအံုႀကီးသည္ ယေန႔တိုင္ စီးပြားေရး ႏွင့္ သက္ဆိုင္သည့္ အခြန္အခမ်ားႏွင့္ ကုန္သြယ္ေရးကို ထိန္းခ်ဳပ္ထားႏိုင္ဆဲ ပင္ျဖစ္သည္။ ထိုအေဆာက္အအံုကို အဂၤလိပ္ေခတ္က Burma Customs ဟု ေခၚေဝၚခဲ့ၾကၿပီး ယေန႔ေခတ္တြင္ အေကာက္ခြန္ဦးစီးဌာနဟု ေခၚေဝၚၾကသည္။
ျမန္မာ့အခြန္အေကာက္မ်ား၏ ရာဇဝင္ကို ေလ့လာၾကည့္သည့္အခါ ၁၇၅၅ ခုႏွစ္တြင္ ဒဂံုၿမိဳ႕ကို အေလာင္းမင္းတရားသိမ္းပိုက္ၿပီးေနာက္ အမည္သစ္ ရန္ကုန္ျဖင့္ ဆိပ္ကမ္းၿမိဳ႕ျဖစ္လာခဲ့သည္။ အေလာင္းမင္းတရားသည္ ၁၇၅၄ ခုႏွစ္တြင္ အေမရိကန္လူမ်ိဳး မစၥတာဂရီဂိုရီကို အေကာက္ဝန္အျဖစ္ တာဝန္ေပးအပ္ခဲ့ၿပီး ပထမဆံုးအျဖစ္ ရန္ကုန္ၿမိဳ႕ေတာ္ခန္းမ ေနရာအနီးတြင္ သစ္ႏွင့္ဝါးတို႔ျဖင့္ တည္ေဆာက္သည့္ အေကာက္ခြန္႐ံုးကို ဖြင့္လွစ္ခဲ့ေၾကာင္း သိရသည္။ သို႔ေသာ္ အေကာက္ခြန္႐ံုးကို ပုသိမ္သို႔ ေခတၱေျပာင္းေရႊ႕ခဲ့ဖူးၿပီး ၁၇၆ဝ ျပည့္ႏွစ္ ဆင္ျဖဴရွင္မင္းလက္ထက္တြင္ ဒုတိယအႀကိမ္အျဖစ္ ရန္ကုန္ တြင္ အေကာက္ခြန္႐ံုးကို ျပန္လည္အေျခစိုက္ ဖြင့္လွစ္ခဲ့သည္။ ထိုအခ်ိန္ တြင္မူ အေကာက္ခြန္အရာရွိမွာ မစၥတာဂ်ိဳးဇက္ဇာဗီရာျဖစ္ေၾကာင္း ျမန္မာ့ အေကာက္ခြန္သမိုင္းမွ သိရွိရသည္။
ျမန္မာလူမ်ိဳးမ်ားအနက္ ဦးေက်ာ္ေရးဆိုသူမွာ ပထမဆံုး အေကာက္ ဝန္ျဖစ္လာခဲ့ၿပီး ၁၈၁၉ ခုႏွစ္ေနာက္ပိုင္း ဘႀကီးေတာ္မင္းလက္ထက္တြင္မူ စပိန္ႏိုင္ငံသား မစၥတာအန္းေက့ခ်္လန္စီဂိုဆိုသူက အေကာက္ဝန္အျဖစ္ အမႈထမ္းခဲ့ေၾကာင္း သိရသည္။ ၁၈၂၄ ခုႏွစ္ ပထမအဂၤလိပ္-ျမန္မာ စစ္ပြဲ အၿပီးတြင္လည္း ထိုသူကပင္ အခြန္အေကာက္ဆိုင္ရာမ်ားကို ဆက္လက္ တာဝန္ယူခဲ့သည္။ သာယာဝတီမင္းလက္ထက္ (၁၈၃၇ ခုႏွစ္မွ ၁၈၄၆ ခုႏွစ္)တြင္ လမ္းမေတာ္ဆိပ္ကမ္းအနီးသို႔ အေကာက္ခြန္႐ံုးကို ေျပာင္းေရႊ႕ဖြင့္လွစ္ခဲ့ၿပီး ႏိုင္ငံတကာ အေကာက္ခြန္ လုပ္ထံုးလုပ္နည္းမ်ားကို အမွီျပဳကာ ေခတ္မီသည့္ အေကာက္ခြန္စနစ္သစ္ကို အသံုးျပဳခဲ့ၿပီး စနစ္က်သည့္ ကုန္သြယ္မႈကို စတင္ႏိုင္ခဲ့သည္။
၁၈၅၂ ခုႏွစ္ ဒုတိယ အဂၤလိပ္-ျမန္မာစစ္ပြဲအၿပီးတြင္ အဂၤလိပ္တို႔သည္ ျမန္မာႏိုင္ငံ၏ ပင္လယ္ဆိပ္ကမ္းၿမိဳ႕အျဖစ္ ရန္ကုန္ကိုသတ္မွတ္ကာ ပထမဆံုး ကမ္းနားလမ္းမႀကီးကို စတင္ျပဳျပင္ခဲ့သည္။ သာယာလွပ ေစရန္အတြက္ သစ္လံုးမ်ား အစီအရီကာရံထားသည့္ ခံတပ္ကိုဖ်က္သိမ္းကာ ခိုင္ခံ့သည့္ ကမ္းနားကို တည္ေဆာက္အၿပီး ကမ္းနားလမ္းတစ္ဖက္တြင္ ထိုေခတ္ထိုအခါက ေခတ္မီခမ္းနားသည့္ အေဆာက္အအံုသစ္ႀကီးမ်ားကို စတင္တည္ေဆာက္ခဲ့ရာ ကမ္းနားလမ္း အမွတ္ (၁၃၂)တြင္ အေကာက္ ခြန္႐ံုးသစ္ႀကီး စတင္ေပၚထြက္လာသည္။
ထို႔ျပင္ အေကာက္ခြန္နည္းဥပေဒကိုလည္း ကာလကတၱား အေကာက္ ခြန္နည္းဥပေဒအတိုင္း ၁၈၅၂ ခုႏွစ္ဒီဇင္ဘာ ၁၉ ရက္တြင္ ျပ႒ာန္းခဲ့ၿပီး ျမန္မာျပည္မွ တြင္းထြက္ႏွင့္ သယံဇာတမ်ားကို စတင္ထုတ္ယူသည္။ ၁၈၈၆ ခုႏွစ္ ျမန္မာႏိုင္ငံကို ၿဗိတိသွ်အင္ပါယာအတြင္းသို႔ သြတ္သြင္းလိုက္ခ်ိန္တြင္ ကုန္သြယ္မႈသည္ ပိုမိုျမင့္တက္လာခဲ့ၿပီး ၁၉၁၃ ခုႏွစ္အေရာက္တြင္ ႏွစ္ေပါင္း ၄ဝ ေက်ာ္ၾကာျမင့္လာခဲ့ၿပီျဖစ္သည့္ အေကာက္ခြန္႐ံုးကို ၿဖိဳခ်ကာ ေလးထပ္ အျမင့္ရွိသည့္ ႐ံုးသစ္ႀကီးကို စတင္တည္ေဆာက္ရာ ၁၉၁၅ ခုႏွစ္တြင္ ၿပီးစီးခဲ့ၿပီး ၁၉၁၆ ခုႏွစ္တြင္ Burma Custom House အျဖစ္ ျပန္လည္ဖြင့္လွစ္ႏိုင္ခဲ့ေၾကာင္း သိရသည္။
အဆိုပါအေဆာက္အအံုသည္ အလြန္ပင္တိက်ေသသပ္သည့္ ကြန္ကရစ္ အေဆာက္အအံုအမ်ိဳးအစားျဖစ္ၿပီး အျဖဴေရာင္ေမွ်ာ္စင္တစ္ခုႏွင့္ ႏွစ္ဖက္ျမင္ နာရီတို႔ကို ထိပ္ဦးတြင္ျမင္ေတြ႕ရသည္။ စိတ္ဝင္စားဖြယ္ အေကာင္းဆံုးအရာမွာ ကိုလိုနီေခတ္၏ သ႐ုပ္မွန္ကို ထင္ဟပ္ေစသည့္ အေဆာင္အေယာင္တစ္ခုအေနျဖင့္ သိမ္းပိုက္ခံနယ္ေျမတစ္ခုမွ အေဆာက္ အအံုဆိုသည္ကို အလြယ္တကူ သိရွိႏိုင္ျခင္းျဖစ္သည္ဟု ရန္ကုန္ၿမိဳ႕ျပအခင္း အက်င္းကို ေရးဆြဲခဲ့သည့္ မစၥတာ ဒါလဟိုစီက ၿပီးစီးခ်ိန္တြင္ ေျပာၾကားခဲ့ဖူး ေၾကာင္း အေကာက္ခြန္႐ံုးသမိုင္းေၾကာင္းစာအုပ္တြင္ ေဖာ္ျပထားသည္။
စေကာ့ခ်္လူမ်ိဳး ဗိသုကာပညာရွင္ မစၥတာ ဂြၽန္ဘာ့ခ်္က ဒီဇိုင္းေရးဆြဲ ေပးထားျခင္းျဖစ္ၿပီး အဆိုပါ ဗိသုကာပညာရွင္သည္ အိႏၵိယအစိုးရ လက္ေအာက္တြင္ အလြန္ထင္ရွားေက်ာ္ၾကားသူျဖစ္သည္။ အိႏၵိယရွိ အစိုးရပိုင္ ႐ံုးဌာနေပါင္းမ်ားစြာကိုလည္း ဒီဇိုင္းေရးဆြဲခဲ့သူတစ္ဦးျဖစ္သည္။ အေနာက္ ႏိုင္ငံတို႔မွ ထင္ရွားသည့္ အေဆာက္အအံုဒီဇိုင္းမ်ားကို လက္ရွိသူေရာက္ရွိ ရာ ေဒသ၏ရာသီဥတု၊ စီးပြားေရးအေျခအေနမ်ားေပၚတြင္ မူတည္ကာ အေကာင္းမြန္ဆံုး အေဆာက္အအံုဒီဇိုင္းကို ပံုေဖာ္ႏိုင္သူအျဖစ္ ေက်ာ္ၾကား ေၾကာင္း သိရသည္။
မစၥတာဂြၽန္ဘာ့ခ်္သည္ အေကာက္ခြန္႐ံုးႀကီး၏ ဗိသုကာဒီဇိုင္းကို တစ္ႏွစ္ နီးပါးအခ်ိန္ယူကာေရးဆြဲထားျခင္းျဖစ္ၿပီး ၁၉၁၁ခုႏွစ္တြင္ ဒီဇိုင္းေရးဆြဲၿပီးစီး ခဲ့သည္။ မၾကာမီတြင္ ကုန္က်စရိတ္မ်ားကို တြက္ခ်က္ကာ တည္ေဆာက္ေရး လုပ္ငန္းမ်ားစတင္အေကာင္အထည္ေဖာ္ခဲ့သည္။ အေဆာက္အအံုႀကီးကို အေကာင္အထည္ေဖာ္တည္ေဆာက္ၾကသူမ်ားမွာ မစၥတာကလက္ခ္ႏွင့္ ဂ်ရစ္ခ်္ တို႔ျဖစ္ေၾကာင္းသိရၿပီး ထိုသူတို႔သည္ အေကာက္ခြန္႐ံုးအျပင္ ျမန္မာတယ္လီ ဂရပ္႐ံုးႀကီးကိုပါ တည္ေဆာက္ေပးခဲ့ၾကသူမ်ားျဖစ္သည္။
ကမ္းနားလမ္းတြင္ျဖစ္သည့္အျပင္ ရန္ကုန္ၿမိဳ႕တည္ခါစ ျဖစ္ျခင္းေၾကာင့္ အထပ္ျမင့္အေဆာက္အအံုတစ္ခုျဖစ္လာေစရန္အတြက္ တည္ေဆာက္သူ အင္ဂ်င္နီယာမ်ား အေတာ္ပင္စိတ္ပူပန္ခဲ့ရဟန္ရွိၿပီး တည္ေဆာက္စဥ္တြင္ သံေပါင္မ်ားအျပင္ သံမဏိေပါင္မ်ားကိုပါ တြဲဖက္အသံုးျပဳျခင္း၊ ေဖာင္ေဒးရွင္း ျပဳလုပ္စဥ္တြင္လည္း သံထည္မ်ားစြာကို ထည့္သြင္းအသံုးျပဳျခင္းျဖင့္ ေျမၿပိဳျခင္း၊ ေျမသားနိမ့္ဆင္းျခင္းစသည့္ အႏၲရာယ္မ်ားအတြက္ ႏွစ္ေပါင္းမ်ားစြာ အဓြန္႔ ရွည္ေစရန္ ရည္ရြယ္တည္ေဆာက္ခဲ့ရေၾကာင္း ေရွးေဟာင္းအေဆာက္အအံု ၃ဝ သမိုင္းတြင္ ေရးသားေဖာ္ျပထားသည္။
ဗိသုကာဒီဇိုင္းမ်ားတြင္ နာရီစင္အျဖစ္ ေမွ်ာ္စင္၌ပင္ တပ္ဆင္ရန္ျဖစ္ေသာ္ လည္း ထိုစဥ္က ႏိုင္ငံတကာတြင္ ေခတ္မီသည့္ အေဆာက္အအံုမ်ား၌ မ်က္ႏွာျပင္ ႏွစ္ဖက္ပါသည့္ နာရီမ်ားကို ေမွ်ာ္စင္တြင္မတပ္ဘဲ အေဆာက္အအံု ၏ ပသာဒအျဖစ္တြဲဆက္ထားသည့္ပံုကိုယူကာ ေျပာင္းလဲတပ္ဆင္ထားသည္။ အေပၚဆံုးထပ္သည္ အေရးေပၚကိစၥမ်ားေဆာင္ရြက္ရန္ႏွင့္ ဝန္ထမ္းမ်ားေနထိုင္ ရန္အတြက္ တည္ေဆာက္ထားသည့္ ပံုစံျဖစ္သည္ကို ျမင္ေတြ႕ရသည္။
ၿဗိတိသွ်အစိုးရလက္ေအာက္တြင္ ကုန္သြယ္ေရေၾကာင္းသည္ အဓိက တင္ပို႔ရာ လမ္းေၾကာင္းျဖစ္ျခင္းေၾကာင့္ အခြန္အေကာက္ကိစၥရပ္မ်ားကို အမ်ားဆံုး ေဆာင္ရြက္ၾကရသည္။ ဆိပ္ကမ္းဝန္ႏွင့္ အေကာက္ဝန္တို႔ကို ျမန္မာဘုရင္မ်ားလက္ထက္ေတာ္က ပူးတြဲထားရွိေသာ္လည္း အဂၤလိပ္တို႔ လက္ထက္တြင္မူ ခြဲျခားကာ အေကာက္ခြန္႐ံုးက ပို႔ကုန္သြင္းကုန္ဆိုင္ရာ ကိစၥရပ္မ်ားအားလံုးကို ႏိုင္ငံေတာ္အတြက္ အခြန္ေကာက္ခံေပးခဲ့ၿပီး လက္လွည့္ သင့္ရာ စားေတာ္ေခၚသည့္စနစ္အရ ျမန္မာလူမ်ိဳးကုန္သည္တို႔မွာ ေနရာမရဘဲ ႏိုင္ငံတကာမွ ကုန္သည္မ်ား ေျခခ်င္းလိမ္ကာ ကုန္သြယ္မႈ ေဆာင္ရြက္ခဲ့သည့္ အခ်ိန္လည္းျဖစ္သည္။
ထိုေခတ္က ကုန္သည္တစ္ဦး၏ ေျပာၾကားခ်က္အရ ”၁၉၄၂ ခုႏွစ္ မွာ ရန္ကုန္ရဲ႕ အခြန္အေကာက္ေတြဟာ အလြန္ကို မ်ားျပားခဲ့တယ္။ အခြန္ ဘ႑ာေတြကို သံုးစြဲရာမွာလည္း စနစ္က်မႈမရွိခဲ့ဘူး။ ၿဗိတိသွ်အစိုးရအတြက္ ေတာ့ ရန္ကုန္ဆိပ္ကမ္းရဲ႕ အေကာက္ခြန္ေတြကေန အဆေပါင္းမ်ားစြာ အခြန္ အခေတြ ရေနၾကတယ္” ဟု ေရးသားေဖာ္ျပထားသည္ကို ေရွးေဟာင္း အေဆာက္အအံု ၃ဝ စာအုပ္အတြင္း ေရးသားသုေတသနျပဳစုထားသည္။
အဆိုပါအေဆာက္အအံုႀကီးမွာ ထုထည္ႀကီးမားသည့္အျပင္ အေဆာက္ အအံု၏ဒီဇိုင္းမွာလည္း က်စ္လ်စ္မႈ၊ လွ်ဳိ႕ဝွက္မႈ၊ ထိန္းခ်ဳပ္မႈတို႔ကို ကိုယ္စား ျပဳထားသည့္ ဒီဇိုင္းတစ္ခုျဖစ္ၿပီး အေသးစိတ္ျခယ္မႈန္းခ်က္မ်ားအရ ျပတင္း တံခါးမ်ား၏ ဒီဇိုင္းသည္ပင္ အဓိပၸာယ္မ်ားစြာ ခိုေအာင္းေနေၾကာင္း အဆိုပါ စာအုပ္၌ ေဖာ္ျပထားသည္။
ေအးစိမ့္ေသာ သဘာဝအေအးဓာတ္သည္ အေအးေပးစက္ပင္မလို ေလာက္ေအာင္ အေကာက္ခြန္႐ံုးသည္ ထုထည္ႀကီးမားလွသည္။ ျမင့္မားေသာ မ်က္ႏွာၾကက္မ်ားကလည္း ထူးျခားမႈတစ္ခုျဖစ္သည္။ အေဆာင္ေဆာင္ အခန္းခန္းတို႔တြင္ ယေန႔အထိ ပံုမွန္လုပ္ငန္းခြင္ဝင္ေရာက္ေနသူတို႔မွာ ပ်ားပန္း ခတ္မွ် မ်ားျပားလွသည္။ ႏိုင္ငံေတာ္ဘ႑ာအျဖစ္ စနစ္တက် ေရာက္ရွိလာမည့္ အခြန္အခတို႔ကို စိစစ္ေကာက္ခံရင္း ယေန႔ဆိုပါက ႏွစ္ေပါင္း ၁ဝဝ ျပည့္ခဲ့ၿပီ ျဖစ္ၿပီး ဝန္ထမ္းေပါင္း ၂၃ဝဝ ေက်ာ္တို႔အား ယေန႔တိုင္ ထမ္းပိုးထားဆဲပင္ျဖစ္ သည္။ ႏွစ္ေပါင္း ၁ဝဝ တိုင္ေအာင္ ၾကာရွည္ခဲ့ၿပီျဖစ္သည့္တိုင္ေအာင္ သစ္လြင္ဆဲ၊ ႀကံ့ခိုင္ဆဲျဖစ္ကာ ႏိုင္ငံေတာ္၏အက်ိဳးကို ေဆာင္ရြက္ဆဲပင္ျဖစ္ ပါေၾကာင္း။ ။
ခင္ရတနာ (ျမန္မာ့အလင္း)
၂၀၁၆ခုႏွစ္ ၊ ဇန္န၀ါရီလ ၁၇ ရက္ေန႔ထုတ္ ၊ ျမန္မာ့အလင္းသတင္းစာမွ
Discussion about this post