Friday, March 5, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

နေ့စဉ်သုံးပစ္စည်းများမှ အလွယ်တကူပေါက်ကွဲနိုင်သော ဓာတုပစ္စည်း ၁၀ မျိုး

by Thutamm
September 8, 2019
Reading Time: 2min read
0
နေ့စဉ်သုံးပစ္စည်းများမှ အလွယ်တကူပေါက်ကွဲနိုင်သော ဓာတုပစ္စည်း ၁၀ မျိုး
Share on FacebookShare on Twitter

(Unicode)

ရေးသားသူ – ကောင်းစည်သူ

မိမိတို့ပတ်ဝန်းကျင်တွင်အမြဲတစေ ရှိနေသည့် သန့်ရှင်းရေးပစ္စည်း၊ အရောင်တင်ဆီ၊ဆေးဝါး စသည့် အရာများတွင်ပေါက်ကွဲစေနိုင်သည့် ပစ္စည်းများပါရှိကြောင်း လူ အများက မသိရှိကြချေ။ယေဘုယျအားဖြင့် နေ့စဉ်သုံး ပစ္စည်းများတွင် ပေါက်ကွဲစေနိုင်သည့် ဓာတုပစ္စည်းများသည် အနည်းငယ်မျှသာပါရှိသဖြင့် လုံခြုံစိတ်ချစွာ အသုံး ပြု နိုင်ကြသော်လည်း ယင်းတို့ကို အလွန်အကျွံ သုံးစွဲပါက ကြီးမားသော အန္တရာယ်များနှင့် ရင်ဆိုင်ရဖွယ်ရှိပေသည်။

အကြမ်းဖက်တိုက်ခိုက်ရေးသမားများသည် နေ့စဉ်သုံးပစ္စည်းများဖြင့် ဖောက်ခွဲရေး လုပ်ငန်းများပြုလုပ်နိုင်ရန် လေ့လာနေကြခြင်း၏ အဓိက တရားခံသည် ပေါက် ကွဲစေနိုင်သည့် ဓာတုပစ္စည်း အမျိုးအမည်များကို အလွယ်တကူရရှိနိုင်သည့် အင်တာနက်ဟု ဆိုရမည်ဖြစ်သည်။သြစတြေလျနိုင်ငံအစိုးရသည် ဓာတုဗေဒပစ္စည်းများ လုံခြုံမှု စီမံချက်တစ်ရပ်ကို ဆောင်ရွက်ရာတွင် အန္တရာယ်ရှိသော ဓာတုပစ္စည်းများကို ပြည်သူများ သိရှိကြစေရန် အင်တာနက်တွင် တင်ခဲ့သည်။သံသယဖြစ်ဖွယ် အနေအထားများကို လုံခြုံရေးဆိုင်ရာ အရေးပေါ် တယ်လီဖုန်းသို့ ဆက်သွယ်နိုင်ရန်စီမံခဲ့ပြီး ဓာတုပစ္စည်းအမည် ၉၆ မျိုးကို ဖော်ပြခဲ့သဖြင့် အကြမ်းဖက်မည့်သူများက ယင်းအချက်အလက်များကို ရယူနိုင်ခဲ့သည်ဟု ဆိုသည်။

၁၀ ။ အမိုးနီးယား နိုက်ထရိတ် (Ammonium Nitrate)

အမိုးနီးယား နိုက်တြိတ်ကို ၁၉၄၀ ပြည့်နှစ်များက ခဲယမ်းများပြုလုပ်ရန် အမြောက်အများ ထုတ်လုပ်ခဲ့ပြီး ဒုတိယကမ္ဘာစစ် ပြီးဆုံးချိန်တွင် မြေသြဇာများထုတ်လုပ်ရာတွင် တွင် အသုံးပြုခဲ့သည်။မြေသြဇာတွင် အမိုးနီးယား ပါဝင်နှုန်းမြင့်မားမှု၊ ထုတ်လုပ်မှုစရိတ်သက်သာမှုတို့ကြောင့် အမိုးနီးယား နိုက်တြိတ်ကို နိုက်ထရိုဂျင်နှင့် အမိုးနီးယား အရင်း အမြစ်တစ်ခုအဖြစ် အသုံးပြုခဲ့ကြသည်။ထို့ကြောင့်၂၀၁၃ ခုနှစ်က ဖြစ်ပွားခဲ့သည့် အမေရိကန်ပြည်ထောင်စု တက္ကဆက်ပြည်နယ်အနောက်ပိုင်းရှိ ဓာတ်မြေသြဇာစက်ရုံပေါက်ကွဲ မီး လောင် မှုသည် အလွန်ပြင်းထန် ကြီးမားခဲ့သည်။

ယင်းပေါက်ကွဲမှုကြောင့် အနီးဝန်းကျင်ရှိ လယ်ယာမြေစိုက်ခင်းများအားလုံးပြားချပ်သွားကာ လူ၁၅ ဦးသေဆုံး၍ ၂၀၀ ကျော်ဒဏ်ရာရရှိခဲ့သည်။ အိမ်ခြေ ၅၀၀ သည် အမှိုက်ပုံများအဖြစ်သို့ ပြောင်းလဲသွားခဲ့ကာ အမိုးနီးယား နိုက်ထရိတ်အပါအဝင် အန္တရာယ်ကြီးမားသည့် ဓာတုပစ္စည်းများသိုလှောင်ထားခဲ့သော နေရာသည် ၉၃ ပေကျယ်သည့် တွင်းပေါက်ကြီး ဖြစ်သွားခဲ့ပြီး ပေါက်ကွဲမှုပြင်းအားသည် ၂ ဒသမ ၁ ရှိသည့် ငလျင်တစ်ခုနှင့် တူညီခဲ့သည်။အမိုးနီးယား နိုက်ထရိတ်သည် သာမာန်အားဖြင့် ပြင်းထန်မှု မရှိ သော် လည်း မီးနှင့် ထိပါက ပြင်းထန်စွာပေါက်ကွဲလေ့ရှိသည့် ဓာတုပစ္စည်းဖြစ်သည်။ယင်းပေါက်ကွဲမှုသည် အမေရိကန်သမိုင်းတွင် အဆိုးရွားဆုံးသော စက်မှုလုပ်ငန်းမတော်တဆ ဖြစ်ပွားမှု တစ်ခုအဖြစ် မှတ်တမ်းဝင်ခဲ့သည်။

၁၉၄၇ ခုနှစ်တွင် တက္ကဆက် မြို့တော် ဆိပ်ကမ်းတွင် အမိုးနီးယား နိုက်ထရိတ် တန် ၂၃၀၀ တင်ဆောင်ထားသည့် သင်္ဘောတွင် သောက်လက်စ စီးကရက်ကို အမှတ်တမဲ့ လွှင့်ပစ်ရာမှ မီးလောင်ပေါက်ကွဲမှုဖြစ်ပွားခဲ့ကာ အမိုးနီးယား နိုက်ထရိတ် တင်ဆောင်ထားသည့် အခြားသင်္ဘောတစ်စီးကိုပါ ကူးစက်ပေါက်ကွဲခဲ့သည်။ယင်းပေါက်ကွဲမှုသည် ၁၀မိုင် ကွာဝေးသည့် Galveston မြို့အထိ ထိခိုက်ခဲ့ပြီး ဆိပ်ကမ်းအတွင်းရှိ ရေနံချက်စက်ရုံနှင့် ဓာတုဗေဒလှောင်ကန်များကိုပါ မီးစွဲလောင်ခဲ့သဖြင့်လူ ၅၈၁ ဦး အသက်ဆုံးရှုံးခဲ့သည်။

အမိုးနီးယားနိုက်ထရိတ်ကို အကြမ်းဖက်တိုက်ခိုက်မှု အချို့တွင် အသုံးပြုခဲ့ကြရာ ၁၉၉၅ ခုနှစ်တွင် အုတ်ကလာဟိုးမားမြို့၌ ဓာတ်မြေသြဇာအိတ်များတင်ဆောင်လာသည့် ထရပ်ကားဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့သဖြင့်လူ ၁၆၈ ဦး သေဆုံးခဲ့သည်။ထို့အတူ ၂၀၁၁ ခုနှစ်က နော်ဝေနိုင်ငံ အောစလိုတွင် အမိုးနီးယား နိုက်ထရိတ်ကို အသုံးပြု၍ ဗုံးခွဲတိုက်ခိုက် မှုတွင် လူ ရှစ်ဦးသေဆုံးခဲ့သည်။ထို့ကြောင့် ၂၀၁၁ ခုနှစ်တွင် အမေရိကန်နိုင်ငံ ပြည်တွင်းလုံခြုံရေးဌာနက ဒြပ်ပေါင်းပစ္စည်းများ ရောင်းချမှုကို ကန့်သတ်ခဲ့သည်။

၉။ ဗျူတိန်း Butane

ဗျူတိန်းသည် ရေနံမှထုတ်လုပ်သည့် ဓာတ်ငွေ့ရည်ဖြစ်ကာ အော်ဂဲနစ် ပစ္စည်းများပျက်စီးရာမှ ထွက်ပေါ်သည့် ဇီဝရုပ်ကြွင်းလောင်စာဖြစ်ပြီး ဓာတ်ငွေ့မီးခြစ်များနှင့် မီးဖိုများတွင် ဗျူတိန်းကို အဓိက သုံးစွဲကြသည်။မော်တော်ယာဉ်များနှင့် အပူပေးကိရိယာများတွင်သုံးစွဲသည့် ဓာတ်ငွေံရည် (LPG) သည် ဗျူတိန်းနှင့် ရေနံကို ပေါင်းစပ်ထားသည့် လောင်စာဖြစ်ကာ မီးလောင်လွယ်သည့် အငွေ့ဖြစ်သည်။ထို့အတူ ဗျူတိန်းသည် ယိုစိမ့်ကာ မီးနှင့် ထိတွေ့ပါက အလွယ်တကူ ပေါက်ကွဲနိုင်သည်။

၂၀၁၈ ခုနှစ် မတ်လ ၆ ရက်တွင် မီရှီဂန်ပြည်နယ်၊ Gaylord တွင် ဗျူတိန်းကို အသုံးပြုသည့် ဆေးခြောက် ဓာတ်ခွဲခန်းတစ်ခု မီးလောင်ပေါက်ကွဲခဲ့ရာ တာဝန်ရှိသူများက ဆေးခြောက်မှ ထုတ်လုပ်သည့် အရာတစ်ခုခုဖြင့် ဗျူတိန်းကို ပေါက်ကွဲစေခဲ့သည်ဟု ယူဆခဲ့သည်။ဓာတ်ခွဲခန်းတွင်ရှိနေသူများသည် ထူးခြားသော ဒဏ်ရာများရရှိခဲ့ပြီးဒဏ် ရာရ ရှိသူနှစ်ဦးကို အနီးစပ်ဆုံး ဆေးရုံမှတစ်ဆင့် မီးလောင်ကျွမ်းမှုဌာနသို့ ရဟတ်ယာဉ်ဖြင့် သယ်ယူခဲ့ရသည်။ပေါက်ကွဲမှုကြောင့် ဓာတ်ခွဲခန်းအဆောက်အအုံနံရံများ ပြိုကျ ပျက်စီး ခဲ့သည်။

၂၀၁၇ ခုနှစ်ကလည်း စင်္ကာပူနိုင်ငံတွင် သေကြောင်းကြံသူတစ်ဦးသည် မိမိကို မိမိဓာတ်ငွေ့ဖြင့် မီးရှို့ရန်ကြံစည်ခဲ့ရာတွင် ကားအတွင်းမှ ဗျူတိန်းဓာတ်ငွေ့ဗူးများကို ဖွင့်၍စီးကရက်တစ်လိပ်ကိုမီးညှိကာ မီးကူးစေခဲ့သည်။မီးလောင်ပေါက်ကွဲနေစဉ် သူသည် ကားအတွင်းမှ ထွက်လာခဲ့သော်လည်း ပေါက်ကွဲမှုကြောင့် အခြားကားရှစ်စီးနှင့် သူငှားရမ်းလာသည့် ကားကိုပါ ထိခိုက်ခဲ့သည်။ အသက် ၃၂ နှစ် အရွယ်ရှိ ထိုသူက တရားရုံးတွင်အပြစ်ရှိကြောင်းဝန်ခံခဲ့သည်။

၈။ နိုက်ထရိုမီသိန်း Nitromethane

ပြိုင်ကားမောင်းသူများအတွက် ကား၏ စွမ်းဆောင်ရည်ကို မြင့်မားစေနိုင်စွမ်းရှိသည့် လောင်စာဆီကို ၇၅ နှစ် ကြာ သုတေသနပြု ရှာဖွေခဲ့ကြပြီးနောက် နိုက် ထရို မီသိန်းသည် အကောင်းဆုံးပစ္စည်းဖြစ်ကြောင်း တွေ့ရှိခဲ့ကြသည်။နိုက်ထရိုဂျင်ဓာတ်ငွေ့ကို များစွာ ထည့်ထားခြင်းဖြင့် အင်ဂျင်ပျက်စီးလုအချိန်မှာပင် နိုက်ထရို မီသိန်းသည် မော်တော်ကားအင်ဂျင်ကို အားဖြည့်ပေးနိုင်ကြောင်း တွေ့ရှိခဲ့ကြသည်။နိုက်ထရိုမီသိန်းသည် အောက်ဆီဂျင်ကို သယ်ယူထားနိုင်ကာ လေမပါဘဲလောင်ကျွမ်းနိုင်ပြီးတွန်းကန်အားကို ပေးနိုင်သဖြင့် တစ်ချိန်က ဒုံးကျည် များပစ်လွှတ်ရာတွင် လောင်စာ အဖြစ်အသုံးပြုခဲ့သည်။

နိုက်ထရိုမီသိန်းကို စက်မှုသုံးပစ္စည်းအဖြစ်ပျော်ဝင်ပစ္စည်းများကို သန့်စင်ရာတွင်လည်း အသုံးပြုနိုင်ကာ ပိုးသတ်ဆေးများ၊ အိမ်သုံးဆေးဝါးများပေါင်းစပ်ခြင်းနှင့် အရောင်တင်ခြင်းတို့တွင် သုံးစွဲကြသည်။ထို့ကြောင့် Dow ဓာတုပစ္စည်း ကုမ္ပဏီသည် နိုက်ထရို မီသိန်း ပါရှိသည့် ကုန်ပစ္စည်းများကို နှစ် ၅၀ ကျော်ကြာ ထုတ်လုပ်ခဲ့သည်။ယင်းတို့၏ ထုတ်ကုန်များ၏ အန္တရာယ်ရှိသည့် အခြေအနေများကို နားလည်သဘောပေါက်ကာ လုံခြုံစိတ်ချစွာ ကိုင်တွယ်ခြင်းဖြင့် စိတ်မချရသော အခြေအနေများကို ရှောင်ရှားနိုင်ကာ အန္တရာယ်လုံးဝမဖြစ်နိုင်ကြောင်း ပြောဆိုခဲ့သည်။

အန္တရာယ်ရှိသည့် အနေအထားဟူသည် အက်ဆစ်များ၊ အယ်လ်ကာလီနှင့် အက်ဆစ် ဓာတ်ပြုထားသည့် ဘေ့စ်များ၊အမိုးနီးယား ပါဝင်ပစ္စည်းများနှင့် ဓာတ်ပြုလွယ်သော ဓာတုပစ္စည်းများကို ဆိုလိုသည်။အပူချိန်နှင့် ဖိအားမြင့်မားချိန်များတွင် နိုက်ထရိုမီသိန်းကို ကိုင်တွယ်ခြင်းသည် အလွန်အန္တရာယ်များသည်။ဓာတ်ပစ္စည်းများ ဖိတ်စင်မှုကြောင့် လေ ထု ညစ်ညမ်းမှုသည် အန္တရာက်ကျရောက်နိုင်သည့် အဆင့်အထိ မြင့်တက်လာပါက နိုင်ထရိုမီသိန်းသည် အငွေ့ပျံနိုင်သည်။ယင်းအချိန်များတွင်ပေါက်ကွဲမှုကို ကာကွယ် နိုင်သည့် ပစ္စည်းများကို အသုံးပြု၍ ဖိတ်စင်သွားသည့် ဓာတုပစ္စည်းကို သိမ်းဆည်း သန့်စင်ကြရသည်။

သန့်စင်သော နိုက်ထရိုမီသိန်းသည် အဆိပ်သင့်မှုနည်းပါးသည်ဟု ဆိုသော်လည်း ရှူရှိုက်မိပါက အသက်ရှူ လမ်းကြောင်းနှင့် ဗဟို နာဗ်ကြောစနစ်များကို ဒုက္ခပေးနိုင်ကာ အသက်ရှူကြပ်ခြင်း၊ မူးနောက်ရီဝေခြင်း၊ခေါင်းကိုက်ခြင်း၊ သတိမေ့မျောခြင်းမှသည် အသက်ဆုံးရှုံးသည်အထိ ဖြစ်ပွားနိုင်သည်။ဓာတ်ခွဲခန်းများတွင် တိရိစ္ဆာန်များ ဖြင့် စမ်းသပ် ချက်များအရ နိုက်ထရိုမီသိန်းသည် ကင်ဆာရောဂါကိုဖြစ်စေနိုင်ကြောင်းတွေ့ရှိခဲ့သည်။

၇။ ပိခရစ်အက်ဆစ် Picric Acid

ပိခရစ်အက်ဆစ်သည် ၁၀ ရာခိုင်နှုန်းထက်မပိုသော ရေနှင့် ထိတွေ့ပါက စိုစွတ်သော အဝါရောင်ပုံဆောင်ခဲသို့မဟုတ် ပျစ်ချွဲချွဲ အရာတစ်ခုအဖြစ်သို့ ပြောင်းလဲ သွား လေ့ရှိသည်။ယင်းအနေအထားကို ခြောက်သွေ့အောင်ပြုလုပ်လိုက်ပါက ပေါက်ကွဲနိုင်သည့် အန္တရာယ်ကိုဖြစ်ပေါ်စေနိုင်သဖြင့် စိုစွတ်နေမှုကိုထိန်းသိမ်းထားရသည်။ပိခရစ် အက်ဆစ်ကို ဓာတုခြည်မျှင်များကို ဆေးဆိုးရာတွင်အသုံးပြုသကဲ့သို့ မီးခြစ်ဆံနှင့် ပေါက်ကွဲပစ္စည်းများ ထုတ်လုပ်ခြင်း၊ မှန်များကို အရောင်ထည့်သွင်းခြင်း၊ကြေးပြားပေါ်တွင် ပုံဖော်ခြင်း တို့တွင်လည်း အသုံးပြုသည်။သို့သော် ပိခရစ်အက်ဆစ်သည် အဆိပ်သင့်မှုဖြစ်ပေါ်နိုင်သဖြင့် သုံးစွဲမှု နည်းပါးသည်။

ဟီရိုရှီးမား အနုမြူ ဗုံးထုတ်လုပ်ရာတွင် ပိခရစ်အက်ဆစ် ပါဝင်ခဲ့သည်။ပထမကမ္ဘာစစ်အတွင်း ၁၉၁၇ ခုနှစ်တွင် အမေရိကန်နိုင်ငံသည် မဟာမိတ်များဖြစ်သည့် ဗြိတိန်နှင့် ပြင်သစ် နိုင်ငံများသို့ ခဲယမ်းမီးကျောက်တန် ၃၀၀၀ ကို ပေ ၃၂၀ ရှည်လျားသည့် SS Mont-Blanc သင်္ဘောဖြင့် တင်ပို့ခဲ့သည်။ယင်းခဲယမ်းမီးကျောက်များတွင် TNT ယမ်းမှုန့် များနှင့် ပိခရစ်အက်ဆစ် အပါအဝင် လေယာဉ်သုံး လောင်စာဆီ စည် ၄၀၀ ပါဝင်ခဲ့ရာ လေဘာတီ ရုပ်ထုအလေးချိန်၏ ၁၃ ဆခန့်ရှိခဲ့သည်။Halifax ဆိပ်ကမ်းသို့ SS Mont-Blanc သင်္ဘော ရောက်ရှိလာချိန်တွင် ဆိပ်ကမ်းမှ ထွက်လာသည့် ပေ ၄၃၀ ရှည်သော SS Imo သင်္ဘောနှင့် တိုက်မိခဲ့ကာ လောင်စာဆီထည့်ထားသည့် စည်များမီးလောင်ခဲ့သည်။

လျှို့ဝှက်ကုန်စည်များတင်ဆောင်ထားကြောင်းသိရှိခဲ့ကြသည့် သင်္ဘောသားများသည် အသက်ကယ်လှေများဖြင့် ထွက်ပြေးခဲ့ကြသည်။SS Mont-Blanc သည် ၁၈ မိနစ်ကြာ မီးလောင်ကျွမ်းခဲ့ပြီး နံနက် ၉ နာရီ ၄ မိနစ်တွင်ပေါက်ကွဲခဲ့သည်။ ပိခရစ်အက်ဆစ် အပါအဝင် လောင်စာဆီများ ပေါက်ကွဲမှုသည် အရပ်လေးမျက်နှာသို့ တစ်နာရီ လျှင် ၃၄၀ မိုင်နှုန်းဖြင့် လွင့်စင်ခဲ့ရာ လူ ၂၀၀၀ နီးပါးသေဆုံး၍ ၉၀၀၀ ကျော်ဒဏ်ရာ ရရှိခဲ့ပြီး လူ ၂၅၀၀၀ မှာ အိုးမဲ့အိမ်မဲ့ ဖြစ်သွားခဲ့သည်။သင်္ဘောအနီးဆုံးရှိ လူများသည် ပျောက်ကွယ်သွားခဲ့ကာ အချို့သည် အကျိုးအပဲ့ အပျက်အစီးများ ထိမှန်ခြင်း ခံခဲ့ရပြီး အဆောက်အအုံများသည် ပြိုလဲပျက်စီးခဲ့သည်။ပေါက်ကွဲမှုကြောင့် ဆူနာမီရေလှိုင်းကြီးများလည်း ဖြစ်ပေါ်ခဲ့ကာ SS Mont-Blanc သင်္ဘော၏ ကျောက်ဆူးသည် နှစ်မိုင် အကွာအဝေးသို့ လွင့်ထွက်သွားခဲ့သည်။

၆။ တက်ထရန်နိုက်ထရိတ် Erythritol Tetranitrate

ရေမရောထားသည့် အာသရီတော တက်ထရန်နိုက်ထရိတ်သည် အပူချိန်သို့မဟုတ်တုန်ခါမှုလွန်ကဲခြင်းကြောင့် ပေါက်ကွဲနိုင်သဖြင့် လက်ထရို့စ်ဖြင့် ရော စပ်ပြီးမှသာ သုံးစွဲကြရသည်။ထုတ်လုပ်ရန် လွယ်ကူသဖြင့် ယင်း ဓာတုပစ္စည်းကို ဝါသနာရှင်များက မိမိတို့အိမ်မှာပင်ပြုလုပ်နိုင်ကြသည်။ယင်းပစ္စည်းသည် သွေးကြောများ ကို ကျယ်စေသည့် သတ္တိရှိသည်။

၂၀၁၇ ခုနှစ် ဧပြီလတွင် မြောက်အိုင်ယာလန်နိုင်ငံမှ ၁၄ နှစ်အရွယ် လူငယ်တစ်ယောက်သည် အကြမ်းဖက်မှု တစ်ခုတွင်ပါဝင်ပတ်သက်မှုဖြင့် တရားစွဲဆိုခြင်းခံခဲ့ရသည်။ သူသည် ဆိုဗီယက်ခေတ် စက်သေနတ်တစ်ခုကိုရရှိနိုင်ရန် ကြိုးပမ်းခဲ့ကြောင်း နှင့် အာသရီတော တက်ထရန်နိုက်ထရိတ် ပြုလုပ်သည့် လမ်းညွှန်စာရွက်စာတမ်းများကို လက်ဝယ် တွေ့ရှိခဲ့ကြောင်း စွပ်စွဲခံခဲ့ရသည်။သူသည် စက်သေနတ်တစ်ခုပြုလုပ်၍ ယမ်းတောင့် ၁၀၀ ရရှိရန်ကိုပါ ကြိုးစားခဲ့သည်ဟု ဆိုသည်။တရားရုံး အာမခံပေးသည့်မူ အရ ယင်း လူငယ်သည် ကွန်ပျူတာကို သုံးစွဲခွင့်မရခဲ့သော်လည်း နောက်ပိုင်းတွင် တားမြစ်ချက်ကို ဖယ်ရှားပေးခဲ့ကာ ပညာသင်ယူမှုအတွက် အင်တာနက်မှ ရှာဖွေမှုများကို ပြုလုပ်ခွင့် ပေးခဲ့သည်။မိဘနှင့် ဆရာများ၏ ကြီးကြပ်မှုဖြင့် သူ့ကို ညနေ ငါးနာရီမှ ည ရှစ်နာရီ အကြား ကွန်ပျူတာကိုင်တွယ်ခွင့်ပေးခဲ့သည်။ ယင်းလူငယ်အား အခြားတစ်ဦးတစ်ယောက်ကို ခြိမ်းခြောက်ရန် ကြံစည်ခဲ့ကြောင်းစွပ်စွဲခဲ့သည်။

၂၀၁၀ ပြည့်နှစ်တွင် အမေရိကန်နိုင်ငံ၊ ကာလီဖိုးနီးယားပြည်နယ်တွင် ဆာဗီးယားဇာတိ အသက် ၅၄ နှစ်အရွယ် ဆော့ဖ်ဝဲ အင်ဂျင်နီယာဟောင်းတစ်ဦးအား လက် လုပ်ပေါက်ကွဲပစ္စည်းအများအပြားကို လက်ဝယ်တွေ့ရှိမှုဖြင့် ဖမ်းဆီးခဲ့သည်။အာဏာပိုင်များက သူ၏ အိမ်တွင် ကြမ်းခင်းမှ မျက်နှာကြက်သို့ သွယ်တန်းထားသည့် ဝင်္ကပါ လမ်း ုတွင် ပေါက်ကွဲပစ္စည်းများကို တွေ့ရှိခဲ့သည်။လက်ပစ်ဗုံးကျွမ်းကျင်သူများသည် ကိုး ပေါင်လေးသည့် ပေါက်ကွဲပစ္စည်းများမှ စနက်တံကို ဖြတ်ခဲ့ရသည့်တိုင် အလွန် ကြီးမားသော အန္တရာယ်များ ဆက်လက် ရှိနေခဲ့သည်။ သူ၏ အိမ်မှ အာသရီတော တက်ထရန်နိုက်ထရိတ် အပါအဝင် ဓာတုပစ္စည်းများကို တွေ့ရှိခဲ့သည်။ ယင်းဓာတုပစ္စည်းများသည် ၂၀၀၁ ခုနှစ်က အကြမ်းဖက်သမားများက ဖိနပ်အတွင်းထည့်လာကာ လေယာဉ်တစ်စီးအား ဗုံးခွဲရန်ကြိုးပမ်းခဲ့စဉ်က အသုံးပြုခဲ့သော ပစ္စည်းများနှင့် တူညီနေခဲ့သည်။ယင်းတို့အပြင် မျက်နှာဖုံးစွပ်များ၊အပြာရောင် ရဲဝတ်စုံ တီရှပ်များ၊လက်ကိုင်သေနတ်များ၊စနက်တံများ၊လုပ်လက်စ လက်ပစ်ဗုံးများကို တွေ့ရှိခဲ့သဖြင့် ထောင်ဒဏ် နှစ် ၃၀ ပြစ်ဒဏ်ချမှတ်ခဲ့သည်။

၅။ ယမ်းမှုန့်များ Gunpowder

လူသားများသည် အနုမြူဗုံးကို မတီထွင်နိုင်မီက မသေဆေးကို ရှာဖွေခဲ့ကြသကဲ့သို့ ကြေက်စရာအကောင်းဆုံး လူသတ်လက်နက်များကိုလည်း ရှာဖွေခဲ့ကြသည်။ တရုတ် ဓာတုဗေဒ ပညာရှင်များသည် သက်စောင့်ဆေး ပြဒါးရှင်လုံး (Elixirs) ကို သုတေသနပြုခဲ့ကြစဉ် အေဒီ ၈၅၀ ပြည့်နှစ်တွင် ယမ်းမှုန့်ကို တွေ့ရှိခဲ့ကြသည်။ ပညာရှင်တစ်ဦးသည် စမ်းသပ်မှုပြုလုပ်ရန် ပိုတက်ဆီယမ်ဆာလ်လဖိတ်ကို ကန့်၊ မီးသွေးတို့နှင့် ရောစပ်ကြည့်ခဲ့ရာမှ မျက်နှာနှင့် လက်များ မီးလောင်ခံခဲ့ရသည်။ယင်းသို့ စမ်းသပ်နေ စဉ်မှာပင် မီးခိုးနှင့် မီးတောက်များထွက်ပေါ်လာကာ အိမ်ကိုလောင်ကျွမ်းသွားခဲ့သည်။

ယမ်းကို တွေ့ရှိမှုကို တရုတ်တို့သည် တစ်ဦးတည်း ထိန်းသိမ်းပိုင်ဆိုင်ခဲ့ပြီး ၁၃ ရာစုတွင်ဥရောပတိုက်သို့ ရှေးဟောင်း ကုန်သွယ်ရေး လမ်းကြောင်းဖြစ်သည့် ပိုးလမ်း မကြီးမှ တစ်ဆင့်ရောက်ရှိခဲ့သည်။ဥရောပတိုက်မှတစ်ဆင့် ယမ်းမှုန့်နည်းပညာသည် ကမ္ဘာအနှံ့သို့ရောက်ရှိခဲ့ကာ လက်နက်တိုင်းနီးပါးတွင် အသုံးပြုသည့် အခြေခံ ပစ္စည်း တစ်ခုဖြစ်လာခဲ့ပေသည်။အစောပိုင်းတွင် ယမ်းဖြင့် မီးလောင်စေသည့် မြားများ၊ အမြောက်များမှသည် လက်ပစ်ဗုံးများအထိ ထုတ်လုပ်နိုင်ခဲ့ကြသည်။

မျက်မှောက်ခေတ်တွင် ယမ်းမှုန့်သည် အပြင်းထန်ဆုံးပေါက်ကွဲအားကို မရရှိစေသည့်တိုင် ခေတ်မီလက်နက်များထုတ်လုပ်ရာတွင် အခြေခံပစ္စည်းတစ်ခုအဖြစ် အသုံး ပြုနေဆဲဖြစ်ပေသည်။ခေတ်မီ လက်နက်များတွင် ယမ်းမှုန့်များထည့်သွင်းထားသည့် ကျည်ကပ်များ၊ကျည်ဖူးများကို အသုံးပြုကာ ယမ်းမှုန့်များကို ပေါက်ကွဲစေရန် ခလုပ်ဖြင့် မီးကူးစေသည်။ယမ်းမှုန့်များသည် ပေါက်ကွဲမှု နှေးကွေးသော်လည်း တင်းကျပ်စွာ သိပ်သည်းထားပါက လျင်မြန်စွာပေါက်ကွဲနိုင်သဖြင့် လူကို သေစေနိုင်သည်။၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလတွင် အိန္ဒိယနိုင်ငံတွင် ဘုရားကျောင်းတစ်ခုအတွင်း တရားမဝင်သိုလှောင်ထားသောယမ်းမှုန့်များပေါက်ကွဲမှုကြောင့် လူနှစ်ဦးသေဆုံး၍ ငါးဦး ဒဏ်ရာရရှိခဲ့သည်။ ယမ်းမှုန့်များပေါက်ကွဲမှုကြောင့် မီတာ ၁၀၀ ပတ်လည်ရှိ အဆောက်အအုံများ၏ တံခါးပေါင်များကျိုးသွားခဲ့ပေသည်။

၄။ ခဲဆိပ် Lead Styphnate

ခဲကို တူရိယာပစ္စည်းများထုတ်လုပ်ရာတွင် အောက်ခံဆေးအဖြစ်သုံးစွဲသကဲ့သို့ တံတားကြီးများ၏ ဆိုင်းကြိုးများနှင့် ပေါက်ကွဲပစ္စည်းများတွင်လည်း အသုံးပြုသည်။ အမေရိကန်နိုင်ငံတွင် အောက်ခံသုတ်ဆေး အားလုံးနီးပါးတွင် ခဲဆိပ်ကို ထည့်သွင်း ထုတ်လုပ်ကြသည်။စစ်တပ်များတွင် တံတားဆိုင်းကြိုးများ၊ အပူကြောင့် ပေါက်ကွဲနိုင်သည့် ပစ္စည်းများ၊စွမ်းအင် တစ်ခုခု ထွက်သည့် ပစ္စည်းများမှ အပူကို ထောက်လှမ်းနိုင်သည့် လျှပ်စစ်ပစ္စည်းများထုတ်လုပ်ရာတွင် ခဲဆိပ်ကို ထည့်သွင်းအသုံးပြုသည်။

ခဲဆိပ်သည် အသုံးဝင်သော စွမ်းအင်ပစ္စည်းတစ်ခုဖြစ်သော်လည်း ခဲသည် ထုတ်လုပ်ချိန်နှင့်အသုံးပြုချိန်များတွင် ပတ်ဝန်းကျင်ကို ဆိုးဆိုးရွားရွားထိခိုက်စေသည့် အဆိပ် တစ်မျိုးဖြစ်ပေသည်။ခဲဆိပ်နှင့် ယမ်းမှုန့်များကို သေနတ်နှင့် ကျည်ဆံထုတ်လုပ်မှုတွင်သုံးစွဲရသဖြင့် သေနတ်ကိုင်သမားများ၏ ကျန်းမာရေးကို ဆိုးရွားစွာထိခိုက်နိုင်သည့်ပစ္စည်း ဖြစ်လာခဲ့သည်။ထို့ကြောင့် သေနတ်ကို လူတိုင်းကိုင်ခွင့်ရှိသည့် အမေရိကန်နိုင်ငံတွင် ခဲဆိပ်သင့်သည့် ပြဿနာများဖြစ်လာခဲ့သည်။အမေရိကန်နိုင်ငံတွင် သေနတ်ပစ်လေ့ကျင့် ကွင်း ၁၆၀၀၀ မှ ၁၈၀၀၀ အကြားရှိနေကာ ယင်းကွင်းများတွင်သေနတ်ပစ်လေ့ကျင့်ပေးသူဦးရေ တစ်သန်းအထိရှိပေသည်။လူသန်း ၂၀ ခန့်သည် ယင်းသေနတ်ပစ်ကွင်းများတွင် အပျင်းပြေ လာရောက်ပစ်ခတ်လေ့ရှိကြသည်။

သုတေသန ပြုလုပ်ချက်များအရ သေနတ်များကို အသုံးပြုသူများသည် ခဲဆိပ်သင့်နိုင်သည့် အန္တရာယ်ရှိကာ ကျည်ဆံများနှင့် ပစ်ကွင်းအတွင်းရှိ လေထုထဲမှ ခဲမှုန့် များ သည် သေနတ်ပစ်ခတ်သူ၏ သွေးထဲသို့အန္တရာယ်ဖြစ်စေနိုင်သည့် အဆင့်သို့ ရောက်ရှိစေနိုင်ကြောင်းတွေ့ရှိခဲ့သည်။ ကျည်ဆန် များ၏ ၃၅ ရာခိုင်နှုန်းကို ခဲဆိပ်နှင့် ခဲဒိုင် အောက်ဆိုဒ်တို့ဖြင့် ပြုလုပ်ထားသည်။သေနတ်ပစ်ခတ်မှုကြောင့် ထွက်လာသည့် ခဲမှုန်များသည် အသက်ရှူ လမ်းကြောင်းမှ တစ်ဆင့် သွေးအတွင်းသို့ ရောက်ရှိနိုင်သကဲ့သို့ အဝတ်အစားများတွင်ကပ်ပါလာကာ မိမိတို့အိမ်အထိရောက်ရှိလာနိုင်ပေသည်။ခဲမှုန်များသည် ဆေးလိပ်သောက်ခြင်း၊ အစာစားခြင်း၊ ရေသောက်ခြင်းတို့မှတစ်ဆင့် ခန္ဓာကိုယ် အတွင်းသို့ရောက်ရှိသွားကြသည်။

ချက်သမ္မတနိုင်ငံ၊ Vlasim တွင် ၂၀၁၅ ခုနှစ်က Sellier & Bellot ခဲယမ်းစက်ရုံတွင် ခဲဆိပ်များပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ လူသုံးဦး သေဆုံးခဲ့သည်။ စက်ရုံကိုစစ် ဆေးမှု ပြုလုပ်ရန် အထူးပြုလုပ်ထားသည့် စက်ရုပ်ကို အသုံးပြု၍ ဝင်ရောက်စေခဲ့ရသည်။ခဲဆိပ ်ပမာဏ အနည်းငယ်မျှသည်ပင် မီးနှင့် လျှပ်စစ်ကြောင့် အလွယ်တကူ ပေါက် ကွဲနိုင်ပေသည်။ယင်းစက်ရုံမှ တစ်ရက်လျှင် ကျည်ကပ် နှစ်သန်းထုတ်လုပ်ခဲ့ပေသည်။

၃။ နိုက်ထရို ဆယ်လူလို့စ် Nitrocellulose

နိုက်ထရစ်အက်ဆစ်နှင့် ဆယ်လူလို့စ်ကို ဓာတ်ပြုကာ ထုတ်လုပ်သည့် နိုက်ထရို ဆယ်လူလို့စ်သည် အဆိပ်သင့်မှု နည်းသော်လည်း မီးလောင်နိုင်စွမ်းမြင့်မားသည့် ဓာတု ပစ္စည်းဖြစ်သည်။နိုက်ထရိုဂျင် ပါဝင်မှု ၁၂ ဒသမ ၆ ရာခိုင်နှုန်းကျော်လွန်သည့် နိုက်ထရို ဆယ်လူလို့စ်ကို ပေါက်ကွဲစေနိုင်သည့် ဒြပ်ပေါင်းပစ္စည်းအဖြစ် သတ်မှတ်ထားသည်။ယင်း ဒြပ်ပေါင်းကို ၁၉ ရာစုမှ စ၍ သုတ်ဆေးများ၊ ပလတ်စတစ်၊ တွန်းကန်အားကိုဖြစ်စေသည့် ပစ္စည်းများ၊ အရောင်တင် သံချောင်းများ၊ မီးရှူးမီးပန်းများ၊ ဆေးဝါးများ၊ ပေါက်ကွဲ ပစ္စည်း များ၊အပေါ်လွှာ ပစ္စည်းများ၊ပင်ပေါင်ဘောလုံးများ၊ မီးခိုးမဲ့ ယမ်းမှုန့်များ စသည့် များစွာသော ပစ္စည်းများထုတ်လုပ်ရာတွင်သုံးစွဲခဲ့သည်။အစောပိုင်းကာလများတွင် ဓာတ်ပုံ၊ ဓာတ် မှန်နှင့် ဖလင်တို့တွင် အသုံးပြုခဲ့သည်။

တရုတ်နိုင်ငံ၊တီရန်ကျင်းတွင် ၂၀၁၅ ခုနှစ်တွင် ဖြစ်ပွားခဲ့သည့် ဓာတုစက်ရုံတစ်ခု ပေါက်ကွဲမှုသည် တရုတ်နိုင်ငံသမိုင်းတွင် အဆိုးရွာဆုံး စက်မှုလုပ်ငန်း မတော်တဆမှု အဖြစ် လူ ၁၇၃ ဦးသေဆုံးကာ အဆောက်အအုံ ၃၀၀ ကျော် နှင့်မော်တော်ယာဉ် ၁၂၀၀၀ ကျော် ပျက်စီးခဲ့ပြီး အမေရိကန်ဒေါ်လာ ၁ ဒသမ ၁ ဘီလီယံ ဆုံးရှုံးခဲ့သည်။ သေဆုံး သူများအနက် မီးသတ်သူများနှင့်ရဲများက အရေအတွက်အများဆုံးဖြစ်ခဲ့ကာ အလောင်းရှစ်လောင်းကို မတွေ့ရှိခဲ့ချေ။မီးလောင်ပေါက်ကွဲမှု၏ အဓိက အကြောင်းရင်းသည် နိုက်ထရို ဆယ်လူလို့စ် ကြောင့်ဖြစ်ကြောင်း စုံစမ်းဖော်ထုတ်နိုင်ခဲ့သည်။ စက်ရုံကို တရားမဝင် လည်ပတ်ရာမှပေါက်ကွဲမှုဖြစ်ခဲ့သဖြင့် အစိုးရအရာရှိများနှင့် စက်ရုံမှ ဝန်ထမ်းများ စုစုပေါင်း ၄၉ ဦးကို ထောင်ဒဏ်များနှင့် စက်ရုံမှူးကို ဆိုင်းငံ့သေဒဏ်ချမှတ်ခဲ့သည်။

၂။ အက်ဆီတုန်း ပါအောက်ဆိုဒ် Acetone Peroxide

အမေရိကန်နိုင်ငံသည် ၂၀၁၅ ခုနှစ်တွင် အင်တာနက်ခြိမ်းခြောက်မှုများကို နှိမ်နင်းခဲ့ရာ ယင်းသို့ လုပ်ဆောင်ရခြင်းအကြောင်းရင်းတွင် အက်ဆီတုန်း ပါအောက်ဆိုဒ် သည် ပထမဆုံးသော ဓာတုပစ္စည်းအနက် တစ်ခုအဖြစ်ပါဝင်ခဲ့သည်။ထိုစဉ်က အင်တာနက်ပေါ်တွင် ဗုံးပြုလုပ်နည်း လမ်းညွှန်များတက်လာခဲ့ရာ အစိုးရက ပြင်းထန်သော ခြိမ်းခြောက်မှုဟု သတ်မှတ်ခဲ့သည်။ပြည်ထဲရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက ယင်း post များကို အရေးယူ၍ တာဝန်ရှိသူများကို ဖော်ထုတ်နိုင်ရန် G8 နှင့် ဥရောပ နိုင်ငံများနှင့် ပူးပေါင်း ဆောင်ရွက်နေကြောင်း နှင့်ယင်း Post ကို ရယူ၍ ဗုံးပြုလုပ်ရန် ကြိုးပမ်းသူ မည်သူမဆို အကြမ်းဖက်ရန် ကြိုတင်ပြင်ဆင်မှုကို ကာကွယ်သည့် ဥပဒေအရ အပြစ်ရှိကြောင်း ပြောဆိုခဲ့ သည်။

သာမာန် အိမ်သုံးပစ္စည်းများဖြစ်သည့် ချေးချွတ်ဆေး၊ပိုးသတ်ဆေး၊အရောင်တင်ဆီစသည်တို့ကို မှန်ကန်သော အချိုးအစားအတိုင်းရောစပ်ပါက အက်ဆီတုန်း ပါအောက် ဆိုဒ် အခဲများကို ရရှိနိုင်သည်။ အလွယ်တကူရရှိနိုင်သောအက်ဆီတုန်း ပါအောက်ဆိုဒ်ကို အလှပြင်ပစ္စည်းများနှင့် ရှေးဦးသူနာပြုလုပ်ငန်းသုံးပစ္စည်းများ ထုတ်လုပ်ရာတွင်သုံးစွဲခဲ့ရာမှ နောက်ပိုင်းတွင် အသေခံ ဗုံးခွဲသူများ အသုံးပြုသည့် ပစ္စည်းတစ်ခုဖြစ်လာခဲ့သည်။ အက်ဆီတုန်း ပါအောက်ဆိုဒ်၏ ဓာတုဗေဒအမည်သည် TATP ဖြစ်ကာ ပေါက်ကွဲစွမ်းသည် TNT နှင့် တူညီပေသည်။အပူရှိန်၊ ပွတ်တိုက်မှု ၊ ရှော့ဖြစ်မှု များကြောင့် အလွယ်တကူပေါက်ကွဲနိုင်သည့် အက်ဆီတုန်း ပါအောက်ဆိုဒ်ကို အကြမ်းဖက်သမားများက စေတန်နတ်ဆိုး၏ မိခင်ဟု ခေါ်ဆို ခဲ့ကြသည်။

ပါရီမြို့တွင်ဖြစ်ပွားခဲ့သည့် ၂၀၁၅ ခုနှစ် အကြမ်းဖက်တိုက်ခိုက်မှုတွင် အက်ဆီတုန်း ပါအောက်ဆိုဒ် ကို အသုံးပြုခဲ့ကာ အကြမ်းဖက်သမား ခုနစ်ယောက်သည် ဗုံး ထောင် ဖောက်ခွဲခဲ့သဖြင့် လူ ၁၃၀ သေဆုံးကာ ၉၉ ဦး ဒဏ်ရာ ပြင်းထန်စွာရရှိခဲ့သည်။အလွယ်တကူရရှိနိုင်ပြီး ထောက်လှမ်းရန်ခက်ခဲ့သည့် TATP သည် ဗုံးများပြုလုပ်ရာတွင် အဓိက ပစ္စည်းတစ်ခုဖြစ်လာခဲ့ကာ ၂၀၀၅ ခုနှစ်နှင့် ၂၀၀၆ ခုနှစ်များတွင် လန်ဒန်၊တက္ကဆက်နှင့် အုတ်ကလာ ဟိုးမားတို့တွင် TATP ဗုံးများဖြင့် တိုက်ခိုက်မှုများဖြစ်ပေါ်ခဲ့သည်။

၁။ နိုက်ထရို ဂလိုင်စလင်း Nitroglycerin

နိုက်ထရို ဂလိုင်စလင်းသည် ရင်ဘတ်အောင့်သူများအားကုသသည့် အငွေ့ပျံလွယ်သော သွေကြောချဲ့ဆေးဖြစ်ကာ သွေးကြောများကို ကျယ်စေ၍ နှလုံးကို သွေးလွှတ်အား လွယ်ကူကောင်းမွန်လာစေသည်။သို့သော် ယင်းဆေးကို အလွန်အကျွံသုံးစွဲပါက ဖျားနာခြင်း၊ စိတ်ရှုပ်ထွေးခြင်း၊ခေါင်းကိုက်ခြင်း၊မူးဝေခြင်း၊ပျို့အန်ခြင်း၊ အသက်ရှူကြပ်ခြင်း၊ အမြင်ေ၀ဝါးခြင်းစသည်တို့ ဖြစ်ပေါ်လာနိုင်ကာ သေဆုံးသည်အထိ အန္တရာယ်ရှိသည်။ နိုက်ထရို ဂလိုင်စလင်းကို ပန်းသေရောဂါကာကွယ်ဆေးနှင့် တစ်ပြိုင်တည်း သုံးစွဲလျှင် သွေးဖိအား ရုတ်ရက်ကျဆင်းမှုကိုဖြစ်စေနိုင်သည်။

သို့သော် နိုက်ထရို ဂလိုင်စလင်း တစ်မျိုးတည်းကို ပန်းသေရောဂါကုသရန်သုံးစွဲနိုင်ကြောင်း အမျိုးသား ၂၂၀ ကို စမ်းသပ်တွေ့ရှိခဲ့သည်။ နိုက်ထရို ဂလိုင်စလင်းသည် ၁၀ မိနစ်အတွင်း လိင်စိတ်နိုးကြားစေနိုင်ကြောင်း ယူကေ သုတေသီများက တွေ့ရှိခဲ့ကြသည်။သုံးစွဲသူ ၃၀ ရာခိုင်နှုန်းကမူ ခေါင်းကိုက်ခြင်းနှင့် ကယောက်ခြောက်ခြားဖြစ်ခြင်းတို့ကို ခံစားကြရကြောင်း ပြောဆိုခဲ့ကြသည်။ ဆေးပညာနယ်ပယ်တွင် အသုံးပြုသည့် နိုက်ထရို ဂလိုင်စလင်းသည် ဖောက်ခွဲပစ္စည်းများတွင် အဓိက သုံးစွဲနိုင်သည့် ဓာတု ပစ္စည်းတစ်ခုလည်းဖြစ်သည်။ယင်း ဓာတုပစ္စည်းကို ၁၈၄၆ ခုနှစ်တွင် Ascanio Sobrero က ပြုလုပ်နိုင်ခဲ့ကာ ယမ်းနက်ထက် ပိုမိုပေါက်ကွဲအားပြင်းထန်ကြောင်း တွေ့ရှိခဲ့သည်။

အဲဖရက် နိုဗယ်လ်သည် စက်မှု လုပ် ငန်းများတွင်သုံးစွဲရန် နိုက်ထရို ဂလိုင်စလင်းကို ပထမဆုံး စမ်းသပ်ကာ ပေါက်ကွဲစေနိုင်သည့် ထိပ်ပိတ်၊ သစ်သား ပလတ်ပေါက်တို့ကို ယမ်းမှုန့်များဖြည့်သိပ်၍ မီးကူးကာ ပေါက်ကွဲစေခဲ့သည်။နိုဗယ်လ်သည် နိုက်ထရို ဂလိုင်စလင်းကို သတ္ထု တူးဖော်မှု လုပ်ငန်းများတွင်သုံးစွဲရန် ရည်ရွယ်ခဲ့သည်။နိုဗယ်လ်၏ အရေးကြီးသော တီထွင်မှု တစ်ရပ်သည် နိုက်ထရို ဂလိုင်စလင်းကို Kieselguhr နှင့် ပေါင်းစပ်လျက် အချောင်းများပြုလုပ်ကာ တွင်းများတူးဖော်ရာတွင် ထည့်သွင်းအသုံးပြုခြင်းဖြစ်ပေသည်။နိုဗယ်လ်သည် ထိပ်ပိတ်ကို ပိုမိုကောင်းမွန်စေရန် ပြုလုပ်နိုင်ခဲ့ပြီး ယင်းတို့ကို ဒိုင်နမိုက်ဟု အမည်ပေးခဲ့ရာ အကျိုးပြုလုပ်ငန်းသုံးဖောက်ခွဲပစ္စည်းအဖြစ်သာမက လူများကို သေစေသည့် ဖောက်ခွဲပစ္စည်းအဖြစ်ပါ သုံးစွဲလာခဲ့ကြပေသည်။

10 Explosive Substances In Everyday Items

ကောင်းစည်သူ
၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလထုတ် သုတစွယ်စုံမဂ္ဂဇင်းမှ

(Zawgyi)

ေန႔စဥ္သုံးပစၥည္းမ်ားမွ အလြယ္တကူေပါက္ကြဲႏိုင္ေသာ ဓာတုပစၥည္း ၁၀ မ်ဳိး

ေရးသားသူ – ေကာင္းစည္သူ

မိမိတို႔ပတ္၀န္းက်င္တြင္အျမဲတေစ ရွိေနသည့္ သန္႕ရွင္းေရးပစၥည္း၊ အေရာင္တင္ဆီ၊ေဆး၀ါး စသည့္ အရာမ်ားတြင္ေပါက္ကြဲေစႏိုင္သည့္ ပစၥည္းမ်ားပါရွိေၾကာင္း လူ အမ်ားက မသိရွိၾကေခ်။ေယဘုယ်အားျဖင့္ ေန႕စဥ္သုံး ပစၥည္းမ်ားတြင္ ေပါက္ကြဲေစႏိုင္သည့္ ဓာတုပစၥည္းမ်ားသည္ အနည္းငယ္မွ်သာပါရွိသျဖင့္ လုံျခဳံစိတ္ခ်စြာ အသုံး ျပဳ ႏိုင္ၾကေသာ္လည္း ယင္းတို႕ကို အလြန္အကၽြံ သုံးစြဲပါက ၾကီးမားေသာ အႏၱရာယ္မ်ားႏွင့္ ရင္ဆိုင္ရဖြယ္ရွိေပသည္။

အၾကမ္းဖက္တိုက္ခိုက္ေရးသမားမ်ားသည္ ေန႕စဥ္သုံးပစၥည္းမ်ားျဖင့္ ေဖာက္ခြဲေရး လုပ္ငန္းမ်ားျပဳလုပ္ႏိုင္ရန္ ေလ့လာေနၾကျခင္း၏ အဓိက တရားခံသည္ ေပါက္ ကြဲေစႏိုင္သည့္ ဓာတုပစၥည္း အမ်ိဳးအမည္မ်ားကို အလြယ္တကူရရွိႏိုင္သည့္ အင္တာနက္ဟု ဆိုရမည္ျဖစ္သည္။ၾသစေၾတလ်ႏိုင္ငံအစိုးရသည္ ဓာတုေဗဒပစၥည္းမ်ား လုံျခဳံမႈ စီမံခ်က္တစ္ရပ္ကို ေဆာင္ရြက္ရာတြင္ အႏၱရာယ္ရွိေသာ ဓာတုပစၥည္းမ်ားကို ျပည္သူမ်ား သိရွိၾကေစရန္ အင္တာနက္တြင္ တင္ခဲ့သည္။သံသယျဖစ္ဖြယ္ အေနအထားမ်ားကို လုံျခဳံေရးဆိုင္ရာ အေရးေပၚ တယ္လီဖုန္းသို႕ ဆက္သြယ္ႏိုင္ရန္စီမံခဲ့ၿပီး ဓာတုပစၥည္းအမည္ ၉၆ မ်ိဳးကို ေဖာ္ျပခဲ့သျဖင့္ အၾကမ္းဖက္မည့္သူမ်ားက ယင္းအခ်က္အလက္မ်ားကို ရယူႏိုင္ခဲ့သည္ဟု ဆိုသည္။

၁၀ ။ အမိုးနီးယား ႏိုက္ထရိတ္ (Ammonium Nitrate)

အမိုးနီးယား ႏိုက္ၾတိတ္ကို ၁၉၄၀ ျပည့္ႏွစ္မ်ားက ခဲယမ္းမ်ားျပဳလုပ္ရန္ အေျမာက္အမ်ား ထုတ္လုပ္ခဲ့ျပီး ဒုတိယကမၻာစစ္ ၿပီးဆုံးခ်ိန္တြင္ ေျမၾသဇာမ်ားထုတ္လုပ္ရာတြင္ တြင္ အသုံးျပဳခဲ့သည္။ေျမၾသဇာတြင္ အမိုးနီးယား ပါ၀င္ႏႈန္းျမင့္မားမႈ၊ ထုတ္လုပ္မႈစရိတ္သက္သာမႈတို႕ေၾကာင့္ အမိုးနီးယား ႏိုက္ၾတိတ္ကို ႏုိက္ထရိုဂ်င္ႏွင့္ အမိုးနီးယား အရင္း အျမစ္တစ္ခုအျဖစ္ အသုံးျပဳခဲ့ၾကသည္။ထို႕ေၾကာင့္၂၀၁၃ ခုႏွစ္က ျဖစ္ပြားခဲ့သည့္ အေမရိကန္ျပည္ေထာင္စု တကၠဆက္ျပည္နယ္အေနာက္ပိုင္းရွိ ဓာတ္ေျမၾသဇာစက္ရုံေပါက္ကြဲ မီး ေလာင္ မႈသည္ အလြန္ျပင္းထန္ ၾကီးမားခဲ့သည္။

ယင္းေပါက္ကြဲမႈေၾကာင့္ အနီး၀န္းက်င္ရွိ လယ္ယာေျမစိုက္ခင္းမ်ားအားလုံးျပားခ်ပ္သြားကာ လူ၁၅ ဦးေသဆုံး၍ ၂၀၀ ေက်ာ္ဒဏ္ရာရရွိခဲ့သည္။ အိမ္ေျခ ၅၀၀ သည္ အမိႈက္ပုံမ်ားအျဖစ္သို႕ ေျပာင္းလဲသြားခဲ့ကာ အမိုးနီးယား ႏိုက္ထရိတ္အပါအ၀င္ အႏၱရာယ္ႀကီးမားသည့္ ဓာတုပစၥည္းမ်ားသိုေလွာင္ထားခဲ့ေသာ ေနရာသည္ ၉၃ ေပက်ယ္သည့္ တြင္းေပါက္ၾကီး ျဖစ္သြားခဲ့ၿပီး ေပါက္ကြဲမႈျပင္းအားသည္ ၂ ဒသမ ၁ ရွိသည့္ ငလ်င္တစ္ခုႏွင့္ တူညီခဲ့သည္။အမိုးနီးယား ႏိုက္ထရိတ္သည္ သာမာန္အားျဖင့္ ျပင္းထန္မႈ မရွိ ေသာ္ လည္း မီးႏွင့္ ထိပါက ျပင္းထန္စြာေပါက္ကြဲေလ့ရွိသည့္ ဓာတုပစၥည္းျဖစ္သည္။ယင္းေပါက္ကြဲမႈသည္ အေမရိကန္သမိုင္းတြင္ အဆိုးရြားဆုံးေသာ စက္မႈလုပ္ငန္းမေတာ္တဆ ျဖစ္ပြားမႈ တစ္ခုအျဖစ္ မွတ္တမ္း၀င္ခဲ့သည္။

၁၉၄၇ ခုႏွစ္တြင္ တကၠဆက္ ၿမိဳ႕ေတာ္ ဆိပ္ကမ္းတြင္ အမိုးနီးယား ႏိုက္ထရိတ္ တန္ ၂၃၀၀ တင္ေဆာင္ထားသည့္ သေဘၤာတြင္ ေသာက္လက္စ စီးကရက္ကို အမွတ္တမဲ့ လႊင့္ပစ္ရာမွ မီးေလာင္ေပါက္ကြဲမႈျဖစ္ပြားခဲ့ကာ အမိုးနီးယား ႏိုက္ထရိတ္ တင္ေဆာင္ထားသည့္ အျခားသေဘၤာတစ္စီးကိုပါ ကူးစက္ေပါက္ကြဲခဲ့သည္။ယင္းေပါက္ကြဲမႈသည္ ၁၀မိုင္ ကြာေ၀းသည့္ Galveston ၿမိဳ႕အထိ ထိခိုက္ခဲ့ျပီး ဆိပ္ကမ္းအတြင္းရွိ ေရနံခ်က္စက္ရုံႏွင့္ ဓာတုေဗဒေလွာင္ကန္မ်ားကိုပါ မီးစြဲေလာင္ခဲ့သျဖင့္လူ ၅၈၁ ဦး အသက္ဆုံးရႈံးခဲ့သည္။
အမိုးနီးယားႏိုက္ထရိတ္ကို အၾကမ္းဖက္တိုက္ခိုက္မႈ အခ်ိဳ႕တြင္ အသုံးျပဳခဲ့ၾကရာ ၁၉၉၅ ခုႏွစ္တြင္ အုတ္ကလာဟိုးမားၿမိဳ႕၌ ဓာတ္ေျမၾသဇာအိတ္မ်ားတင္ေဆာင္လာသည့္ ထရပ္ကားျဖင့္ ေဖာက္ခြဲ တိုက္ခိုက္ခဲ့သျဖင့္လူ ၁၆၈ ဦး ေသဆုံးခဲ့သည္။ထို႕အတူ ၂၀၁၁ ခုႏွစ္က ေနာ္ေ၀ႏိုင္ငံ ေအာစလိုတြင္ အမိုးနီးယား ႏိုက္ထရိတ္ကို အသုံးျပဳ၍ ဗုံးခြဲတိုက္ခိုက္ မႈတြင္ လူ ရွစ္ဦးေသဆုံးခဲ့သည္။ထို႕ေၾကာင့္ ၂၀၁၁ ခုႏွစ္တြင္ အေမရိကန္ႏိုင္ငံ ျပည္တြင္းလုံျခဳံေရးဌာနက ျဒပ္ေပါင္းပစၥည္းမ်ား ေရာင္းခ်မႈကို ကန္႕သတ္ခဲ့သည္။

၉။ ဗ်ဴတိန္း Butane

ဗ်ဴတိန္းသည္ ေရနံမွထုတ္လုပ္သည့္ ဓာတ္ေငြ႕ရည္ျဖစ္ကာ ေအာ္ဂဲနစ္ ပစၥည္းမ်ားပ်က္စီးရာမွ ထြက္ေပၚသည့္ ဇီ၀ရုပ္ၾကြင္းေလာင္စာျဖစ္ျပီး ဓာတ္ေငြ႕မီးျခစ္မ်ားႏွင့္ မီးဖိုမ်ားတြင္ ဗ်ဴတိန္းကို အဓိက သုံးစြဲၾကသည္။ေမာ္ေတာ္ယာဥ္မ်ားႏွင့္ အပူေပးကိရိယာမ်ားတြင္သုံးစြဲသည့္ ဓာတ္ေငြံရည္ (LPG) သည္ ဗ်ဴတိန္းႏွင့္ ေရနံကို ေပါင္းစပ္ထားသည့္ ေလာင္စာျဖစ္ကာ မီးေလာင္လြယ္သည့္ အေငြ႕ျဖစ္သည္။ထို႕အတူ ဗ်ဴတိန္းသည္ ယိုစိမ့္ကာ မီးႏွင့္ ထိေတြ႕ပါက အလြယ္တကူ ေပါက္ကြဲႏိုင္သည္။

၂၀၁၈ ခုႏွစ္ မတ္လ ၆ ရက္တြင္ မီရွီဂန္ျပည္နယ္၊ Gaylord တြင္ ဗ်ဴတိန္းကို အသုံးျပဳသည့္ ေဆးေျခာက္ ဓာတ္ခြဲခန္းတစ္ခု မီးေလာင္ေပါက္ကြဲခဲ့ရာ တာ၀န္ရွိသူမ်ားက ေဆးေျခာက္မွ ထုတ္လုပ္သည့္ အရာတစ္ခုုခုျဖင့္ ဗ်ဴတိန္းကို ေပါက္ကြဲေစခဲ့သည္ဟု ယူဆခဲ့သည္။ဓာတ္ခြဲခန္းတြင္ရွိေနသူမ်ားသည္ ထူးျခားေသာ ဒဏ္ရာမ်ားရရွိခဲ့ၿပီးဒဏ္ ရာရ ရွိသူႏွစ္ဦးကို အနီးစပ္ဆုံး ေဆးရုံမွတစ္ဆင့္ မီးေလာင္ကၽြမ္းမႈဌာနသို႕ ရဟတ္ယာဥ္ျဖင့္ သယ္ယူခဲ့ရသည္။ေပါက္ကြဲမႈေၾကာင့္ ဓာတ္ခြဲခန္းအေဆာက္အအုံနံရံမ်ား ျပိဳက် ပ်က္စီး ခဲ့သည္။

၂၀၁၇ ခုႏွစ္ကလည္း စကၤာပူႏိုင္ငံတြင္ ေသေၾကာင္းၾကံသူတစ္ဦးသည္ မိမိကို မိမိဓာတ္ေငြ႕ျဖင့္ မီးရိႈ႕ရန္ၾကံစည္ခဲ့ရာတြင္ ကားအတြင္းမွ ဗ်ဴတိန္းဓာတ္ေငြ႕ဗူးမ်ားကို ဖြင့္၍စီးကရက္တစ္လိပ္ကိုမီးညွိကာ မီးကူးေစခဲ့သည္။မီးေလာင္ေပါက္ကြဲေနစဥ္ သူသည္ ကားအတြင္းမွ ထြက္လာခဲ့ေသာ္လည္း ေပါက္ကြဲမႈေၾကာင့္ အျခားကားရွစ္စီးႏွင့္ သူငွားရမ္းလာသည့္ ကားကိုပါ ထိခိုက္ခဲ့သည္။ အသက္ ၃၂ ႏွစ္ အရြယ္ရွိ ထိုသူက တရားရုံးတြင္အျပစ္ရွိေၾကာင္း၀န္ခံခဲ့သည္။

၈။ ႏိုက္ထရိုမီသိန္း Nitromethane

ျပိဳင္ကားေမာင္းသူမ်ားအတြက္ ကား၏ စြမ္းေဆာင္ရည္ကို ျမင့္မားေစႏိုင္စြမ္းရွိသည့္ ေလာင္စာဆီကို ၇၅ ႏွစ္ ၾကာ သုေတသနျပဳ ရွာေဖြခဲ့ၾကၿပီးေနာက္ ႏိုက္ ထရို မီသိန္းသည္ အေကာင္းဆုံးပစၥည္းျဖစ္ေၾကာင္း ေတြ႕ရွိခဲ့ၾကသည္။ႏိုက္ထရိုဂ်င္ဓာတ္ေငြ႕ကို မ်ားစြာ ထည့္ထားျခင္းျဖင့္ အင္ဂ်င္ပ်က္စီးလုအခ်ိန္မွာပင္ ႏိုက္ထရို မီသိန္းသည္ ေမာ္ေတာ္ကားအင္ဂ်င္ကို အားျဖည့္ေပးႏိုင္ေၾကာင္း ေတြ႕ရွိခဲ့ၾကသည္။ႏိုက္ထရိုမီသိန္းသည္ ေအာက္ဆီဂ်င္ကို သယ္ယူထားႏိုင္ကာ ေလမပါဘဲေလာင္ကၽြမ္းႏိုင္ၿပီးတြန္းကန္အားကို ေပးႏိုင္သျဖင့္ တစ္ခ်ိန္က ဒုံးက်ည္ မ်ားပစ္လႊတ္ရာတြင္ ေလာင္စာ အျဖစ္အသုံးျပဳခဲ့သည္။

ႏိုက္ထရိုမီသိန္းကို စက္မႈသုံးပစၥည္းအျဖစ္ေပ်ာ္၀င္ပစၥည္းမ်ားကို သန္႕စင္ရာတြင္လည္း အသုံးျပဳႏိုင္ကာ ပိုးသတ္ေဆးမ်ား၊ အိမ္သုံးေဆး၀ါးမ်ားေပါင္းစပ္ျခင္းႏွင့္ အေရာင္တင္ျခင္းတို႕တြင္ သုံးစြဲၾကသည္။ထုိ႕ေၾကာင့္ Dow ဓာတုပစၥည္း ကုမၸဏီသည္ ႏိုက္ထရို မီသိန္း ပါရွိသည့္ ကုန္ပစၥည္းမ်ားကို ႏွစ္ ၅၀ ေက်ာ္ၾကာ ထုတ္လုပ္ခဲ့သည္။ယင္းတို႕၏ ထုတ္ကုန္မ်ား၏ အႏၱရာယ္ရွိသည့္ အေျခအေနမ်ားကို နားလည္သေဘာေပါက္ကာ လံုျခဳံစိတ္ခ်စြာ ကိုင္တြယ္ျခင္းျဖင့္ စိတ္မခ်ရေသာ အေျခအေနမ်ားကို ေရွာင္ရွားနိုင္ကာ အႏၱရာယ္လုံး၀မျဖစ္ႏိုင္ေၾကာင္း ေျပာဆိုခဲ့သည္။

အႏၱရာယ္ရွိသည့္ အေနအထားဟူသည္ အက္ဆစ္မ်ား၊ အယ္လ္ကာလီႏွင့္ အက္ဆစ္ ဓာတ္ျပဳထားသည့္ ေဘ့စ္မ်ား၊အမိုးနီးယား ပါ၀င္ပစၥည္းမ်ားႏွင့္ ဓာတ္ျပဳလြယ္ေသာ ဓာတုပစၥည္းမ်ားကို ဆိုလိုသည္။အပူခ်ိန္ႏွင့္ ဖိအားျမင့္မားခ်ိန္မ်ားတြင္ ႏိုက္ထရိုမီသိန္းကို ကိုင္တြယ္ျခင္းသည္ အလြန္အႏၱရာယ္မ်ားသည္။ဓာတ္ပစၥည္းမ်ား ဖိတ္စင္မႈေၾကာင့္ ေလ ထု ညစ္ညမ္းမႈသည္ အႏၱရာက္က်ေရာက္ႏိုင္သည့္ အဆင့္အထိ ျမင့္တက္လာပါက ႏိုင္ထရိုမီသိန္းသည္ အေငြ႕ပ်ံႏိုင္သည္။ယင္းအခ်ိန္မ်ားတြင္ေပါက္ကြဲမႈကို ကာကြယ္ ႏိုင္သည့္ ပစၥည္းမ်ားကို အသုံးျပဳ၍ ဖိတ္စင္သြားသည့္ ဓာတုပစၥည္းကို သိမ္းဆည္း သန္႕စင္ၾကရသည္။

သန္႕စင္ေသာ ႏိုက္ထရိုမီသိန္းသည္ အဆိပ္သင့္မႈနည္းပါးသည္ဟု ဆိုေသာ္လည္း ရွဴရိႈက္္မိပါက အသက္ရွဴ လမ္းေၾကာင္းႏွင့္ ဗဟို နာဗ္ေၾကာစနစ္မ်ားကို ဒုကၡေပးႏိုင္ကာ အသက္ရွဴၾကပ္ျခင္း၊ မူးေနာက္ရီေ၀ျခင္း၊ေခါင္းကိုက္ျခင္း၊ သတိေမ့ေမ်ာျခင္းမွသည္ အသက္ဆုံးရႈံးသည္အထိ ျဖစ္ပြားႏိုင္သည္။ဓာတ္ခြဲခန္းမ်ားတြင္ တိရိစၧာန္မ်ား ျဖင့္ စမ္းသပ္ ခ်က္မ်ားအရ ႏိုက္ထရိုမီသိန္းသည္ ကင္ဆာေရာဂါကိုျဖစ္ေစႏိုင္ေၾကာင္းေတြ႕ရွိခဲ့သည္။

၇။ ပိခရစ္အက္ဆစ္ Picric Acid

ပိခရစ္အက္ဆစ္သည္ ၁၀ ရာခိုင္ႏႈန္းထက္မပိုေသာ ေရႏွင့္ ထိေတြ႕ပါက စိုစြတ္ေသာ အ၀ါေရာင္ပုံေဆာင္ခဲသို႕မဟုတ္ ပ်စ္ခၽြဲခၽြဲ အရာတစ္ခုအျဖစ္သို႕ ေျပာင္းလဲ သြား ေလ့ရွိသည္။ယင္းအေနအထားကို ေျခာက္ေသြ႕ေအာင္ျပဳလုပ္လိုက္ပါက ေပါက္ကြဲႏိုင္သည့္ အႏၱရာယ္ကိုျဖစ္ေပၚေစႏိုင္သျဖင့္ စိုစြတ္ေနမႈကိုထိန္းသိမ္းထားရသည္။ပိခရစ္ အက္ဆစ္ကို ဓာတုျခည္မွ်င္မ်ားကို ေဆးဆိုးရာတြင္အသုံးျပဳသကဲ့သို႕ မီးျခစ္ဆံႏွင့္ ေပါက္ကြဲပစၥည္းမ်ား ထုတ္လုပ္ျခင္း၊ မွန္မ်ားကုိ အေရာင္ထည့္သြင္းျခင္း၊ေၾကးျပားေပၚတြင္ ပုံေဖာ္ျခင္း တို႕တြင္လည္း အသုံးျပဳသည္။သို႕ေသာ္ ပိခရစ္အက္ဆစ္သည္ အဆိပ္သင့္မႈျဖစ္ေပၚႏိုင္သျဖင့္ သုံးစြဲမႈ နည္းပါးသည္။

ဟီရိုရွီးမား အႏုျမဴ ဗုံးထုတ္လုပ္ရာတြင္ ပိခရစ္အက္ဆစ္ ပါ၀င္ခဲ့သည္။ပထမကမၻာစစ္အတြင္း ၁၉၁၇ ခုႏွစ္တြင္ အေမရိကန္ႏိုင္ငံသည္ မဟာမိတ္မ်ားျဖစ္သည့္ ျဗိတိန္ႏွင့္ ျပင္သစ္ ႏိုင္ငံမ်ားသုိ႕ ခဲယမ္းမီးေက်ာက္တန္ ၃၀၀၀ ကို ေပ ၃၂၀ ရွည္လ်ားသည့္ SS Mont-Blanc သေဘၤာျဖင့္ တင္ပို႕ခဲ့သည္။ယင္းခဲယမ္းမီးေက်ာက္မ်ားတြင္ TNT ယမ္းမႈန္႕ မ်ားႏွင့္ ပိခရစ္အက္ဆစ္ အပါအ၀င္ ေလယာဥ္သုံး ေလာင္စာဆီ စည္ ၄၀၀ ပါ၀င္ခဲ့ရာ ေလဘာတီ ရုပ္ထုအေလးခ်ိန္၏ ၁၃ ဆခန္႕ရွိခဲ့သည္။Halifax ဆိပ္ကမ္းသို႕ SS Mont-Blanc သေဘၤာ ေရာက္ရွိလာခ်ိန္တြင္ ဆိပ္ကမ္းမွ ထြက္လာသည့္ ေပ ၄၃၀ ရွည္ေသာ SS Imo သေဘၤာႏွင့္ တိုက္မိခဲ့ကာ ေလာင္စာဆီထည့္ထားသည့္ စည္မ်ားမီးေလာင္ခဲ့သည္။

လွ်ိဳ႕၀ွက္ကုန္စည္မ်ားတင္ေဆာင္ထားေၾကာင္းသိရွိခဲ့ၾကသည့္ သေဘၤာသားမ်ားသည္ အသက္ကယ္ေလွမ်ားျဖင့္ ထြက္ေျပးခဲ့ၾကသည္။SS Mont-Blanc သည္ ၁၈ မိနစ္ၾကာ မီးေလာင္ကၽြမ္းခဲ့ၿပီး နံနက္ ၉ နာရီ ၄ မိနစ္တြင္ေပါက္ကြဲခဲ့သည္။ ပိခရစ္အက္ဆစ္ အပါအ၀င္ ေလာင္စာဆီမ်ား ေပါက္ကြဲမႈသည္ အရပ္ေလးမ်က္ႏွာသို႕ တစ္နာရီ လွ်င္ ၃၄၀ မိုင္ႏႈန္းျဖင့္ လြင့္စင္ခဲ့ရာ လူ ၂၀၀၀ နီးပါးေသဆုံး၍ ၉၀၀၀ ေက်ာ္ဒဏ္ရာ ရရွိခဲ့ၿပီး လူ ၂၅၀၀၀ မွာ အိုးမဲ့အိမ္မဲ့ ျဖစ္သြားခဲ့သည္။သေဘၤာအနီးဆုံးရွိ လူမ်ားသည္ ေပ်ာက္ကြယ္သြားခဲ့ကာ အခ်ိဳ႕သည္ အက်ိဳးအပဲ့ အပ်က္အစီးမ်ား ထိမွန္ျခင္း ခံခဲ့ရၿပီး အေဆာက္အအုံမ်ားသည္ ၿပိဳလဲပ်က္စီးခဲ့သည္။ေပါက္ကြဲမႈေၾကာင့္ ဆူနာမီေရလိႈင္းၾကီးမ်ားလည္း ျဖစ္ေပၚခဲ့ကာ SS Mont-Blanc သေဘၤာ၏ ေက်ာက္ဆူးသည္ ႏွစ္မိုင္ အကြာအေ၀းသို႕ လြင့္ထြက္သြားခဲ့သည္။

၆။ တက္ထရန္ႏိုက္ထရိတ္ Erythritol Tetranitrate

ေရမေရာထားသည့္ အာသရီေတာ တက္ထရန္ႏိုက္ထရိတ္သည္ အပူခ်ိန္သို႕မဟုတ္တုန္ခါမႈလြန္ကဲျခင္းေၾကာင့္ ေပါက္ကြဲႏိုင္သျဖင့္ လက္ထရို႕စ္ျဖင့္ ေရာ စပ္ျပီးမွသာ သုံးစြဲၾကရသည္။ထုတ္လုပ္ရန္ လြယ္ကူသျဖင့္ ယင္း ဓာတုပစၥည္းကို ၀ါသနာရွင္မ်ားက မိမိတို႕အိမ္မွာပင္ျပဳလုပ္ႏိုင္ၾကသည္။ယင္းပစၥည္းသည္ ေသြးေၾကာမ်ား ကို က်ယ္ေစသည့္ သတိၱရွိသည္။

၂၀၁၇ ခုႏွစ္ ဧၿပီလတြင္ ေျမာက္အိုင္ယာလန္ႏိုင္ငံမွ ၁၄ ႏွစ္အရြယ္ လူငယ္တစ္ေယာက္သည္ အၾကမ္းဖက္မႈ တစ္ခုတြင္ပါ၀င္ပတ္သက္မႈျဖင့္ တရားစြဲဆိုျခင္းခံခဲ့ရသည္။ သူသည္ ဆိုဗီယက္ေခတ္ စက္ေသနတ္တစ္ခုကိုရရွိႏိုင္ရန္ ႀကိဳးပမ္းခဲ့ေၾကာင္း ႏွင့္ အာသရီေတာ တက္ထရန္ႏိုက္ထရိတ္ ျပဳလုပ္သည့္ လမ္းညႊန္စာရြက္စာတမ္းမ်ားကို လက္၀ယ္ ေတြ႕ရွိခဲ့ေၾကာင္း စြပ္စြဲခံခဲ့ရသည္။သူသည္ စက္ေသနတ္တစ္ခုျပဳလုပ္၍ ယမ္းေတာင့္ ၁၀၀ ရရွိရန္ကိုပါ ၾကိဳးစားခဲ့သည္ဟု ဆိုသည္။တရားရုံး အာမခံေပးသည့္မူ အရ ယင္း လူငယ္သည္ ကြန္ပ်ဴတာကို သုံးစြဲခြင့္မရခဲ့ေသာ္လည္း ေနာက္ပိုင္းတြင္ တားျမစ္ခ်က္ကို ဖယ္ရွားေပးခဲ့ကာ ပညာသင္ယူမႈအတြက္ အင္တာနက္မွ ရွာေဖြမႈမ်ားကို ျပဳလုပ္ခြင့္ ေပးခဲ့သည္။မိဘႏွင့္ ဆရာမ်ား၏ ၾကီးၾကပ္မႈျဖင့္ သူ႕ကို ညေန ငါးနာရီမွ ည ရွစ္နာရီ အၾကား ကြန္ပ်ဴတာကိုင္တြယ္ခြင့္ေပးခဲ့သည္။ ယင္းလူငယ္အား အျခားတစ္ဦးတစ္ေယာက္ကို ျခိမ္းေျခာက္ရန္ ၾကံစည္ခဲ့ေၾကာင္းစြပ္စြဲခဲ့သည္။

၂၀၁၀ ျပည့္ႏွစ္တြင္ အေမရိကန္ႏိုင္ငံ၊ ကာလီဖိုးနီးယားျပည္နယ္တြင္ ဆာဗီးယားဇာတိ အသက္ ၅၄ ႏွစ္အရြယ္ ေဆာ့ဖ္၀ဲ အင္ဂ်င္နီယာေဟာင္းတစ္ဦးအား လက္ လုပ္ေပါက္ကြဲပစၥညး္အမ်ားအျပားကို လက္၀ယ္ေတြ႕ရွိမႈျဖင့္ ဖမ္းဆီးခဲ့သည္။အာဏာပိုင္မ်ားက သူ၏ အိမ္တြင္ ၾကမ္းခင္းမွ မ်က္ႏွာၾကက္သို႕ သြယ္တန္းထားသည့္ ၀ကၤပါ လမ္း ုတြင္ ေပါက္ကြဲပစၥည္းမ်ားကို ေတြ႕ရွိခဲ့သည္။လက္ပစ္ဗုံးကၽြမ္းက်င္သူမ်ားသည္ ကိုး ေပါင္ေလးသည့္ ေပါက္ကြဲပစၥည္းမ်ားမွ စနက္တံကို ျဖတ္ခဲ့ရသည့္တိုင္ အလြန္ ၾကီးမားေသာ အႏၱရာယ္မ်ား ဆက္လက္ ရွိေနခဲ့သည္။ သူ၏ အိမ္မွ အာသရီေတာ တက္ထရန္ႏိုက္ထရိတ္ အပါအ၀င္ ဓာတုပစၥည္းမ်ားကို ေတြ႕ရွိခဲ့သည္။ ယင္းဓာတုပစၥည္းမ်ားသည္ ၂၀၀၁ ခုႏွစ္က အၾကမ္းဖက္သမားမ်ားက ဖိနပ္အတြင္းထည့္လာကာ ေလယာဥ္တစ္စီးအား ဗုံးခြဲရန္ၾကိဳးပမ္းခဲ့စဥ္က အသုံးျပဳခဲ့ေသာ ပစၥည္းမ်ားႏွင့္ တူညီေနခဲ့သည္။ယင္းတို႔အျပင္ မ်က္ႏွာဖုံးစြပ္မ်ား၊အျပာေရာင္ ရဲ၀တ္စုံ တီရွပ္မ်ား၊လက္ကိုင္ေသနတ္မ်ား၊စနက္တံမ်ား၊လုပ္လက္စ လက္ပစ္ဗုံးမ်ားကို ေတြ႕ရွိခဲ့သျဖင့္ ေထာင္ဒဏ္ ႏွစ္ ၃၀ ျပစ္ဒဏ္ခ်မွတ္ခဲ့သည္။

၅။ ယမ္းမႈန္႕မ်ား Gunpowder

လူသားမ်ားသည္ အႏုျမဴဗုံးကို မတီထြင္ႏိုင္မီက မေသေဆးကို ရွာေဖြခဲ့ၾကသကဲ့သို႕ ေၾကက္စရာအေကာင္းဆုံး လူသတ္လက္နက္မ်ားကိုလည္း ရွာေဖြခဲ့ၾကသည္။ တရုတ္ ဓာတုေဗဒ ပညာရွင္မ်ားသည္ သက္ေစာင့္ေဆး ျပဒါးရွင္လုံး (Elixirs) ကို သုေတသနျပဳခဲ့ၾကစဥ္ ေအဒီ ၈၅၀ ျပည့္ႏွစ္တြင္ ယမ္းမႈန္႕ကို ေတြ႕ရွိခဲ့ၾကသည္။ ပညာရွင္တစ္ဦးသည္ စမ္းသပ္မႈျပဳလုပ္ရန္ ပိုတက္ဆီယမ္ဆာလ္လဖိတ္ကို ကန္႕၊ မီးေသြးတို႕ႏွင့္ ေရာစပ္ၾကည့္ခဲ့ရာမွ မ်က္ႏွာႏွင့္ လက္မ်ား မီးေလာင္ခံခဲ့ရသည္။ယင္းသို႕ စမ္းသပ္ေန စဥ္မွာပင္ မီးခိုးႏွင့္ မီးေတာက္မ်ားထြက္ေပၚလာကာ အိမ္ကိုေလာင္ကၽြမ္းသြားခဲ့သည္။

ယမ္းကို ေတြ႕ရွိမႈကို တရုတ္တို႕သည္ တစ္ဦးတည္း ထိန္းသိမ္းပိုင္ဆိုင္ခဲ့ၿပီး ၁၃ ရာစုတြင္ဥေရာပတိုက္သို႕ ေရွးေဟာင္း ကုန္သြယ္ေရး လမ္းေၾကာင္းျဖစ္သည့္ ပိုးလမ္း မၾကီးမွ တစ္ဆင့္ေရာက္ရွိခဲ့သည္။ဥေရာပတိုက္မွတစ္ဆင့္ ယမ္းမႈန္႕နည္းပညာသည္ ကမၻာအႏွံ႕သို႕ေရာက္ရွိခဲ့ကာ လက္နက္တိုင္းနီးပါးတြင္ အသုံးျပဳသည့္ အေျခခံ ပစၥည္း တစ္ခုျဖစ္လာခဲ့ေပသည္။အေစာပိုင္းတြင္ ယမ္းျဖင့္ မီးေလာင္ေစသည့္ ျမားမ်ား၊ အေျမာက္မ်ားမွသည္ လက္ပစ္ဗုံးမ်ားအထိ ထုတ္လုပ္ႏိုင္ခဲ့ၾကသည္။

မ်က္ေမွာက္ေခတ္တြင္ ယမ္းမႈန္႕သည္ အျပင္းထန္ဆုံးေပါက္ကြဲအားကို မရရွိေစသည့္တိုင္ ေခတ္မီလက္နက္မ်ားထုတ္လုပ္ရာတြင္ အေျခခံပစၥည္းတစ္ခုအျဖစ္ အသုံး ျပဳေနဆဲျဖစ္ေပသည္။ေခတ္မီ လက္နက္မ်ားတြင္ ယမ္းမႈန္႕မ်ားထည့္သြင္းထားသည့္ က်ည္ကပ္မ်ား၊က်ည္ဖူးမ်ားကို အသုံးျပဳကာ ယမ္းမႈန္႕မ်ားကို ေပါက္ကြဲေစရန္ ခလုပ္ျဖင့္ မီးကူးေစသည္။ယမ္းမႈန္႕မ်ားသည္ ေပါက္ကြဲမႈ ေႏွးေကြးေသာ္လည္း တင္းက်ပ္စြာ သိပ္သည္းထားပါက လ်င္ျမန္စြာေပါက္ကြဲႏိုင္သျဖင့္ လူကို ေသေစႏိုင္သည္။၂၀၁၈ ခုႏွစ္ ေဖေဖာ္၀ါရီလတြင္ အိႏၵိယႏိုင္ငံတြင္ ဘုရားေက်ာင္းတစ္ခုအတြင္း တရားမ၀င္သိုေလွာင္ထားေသာယမ္းမႈန္႕မ်ားေပါက္ကြဲမႈေၾကာင့္ လူႏွစ္ဦးေသဆုံး၍ ငါးဦး ဒဏ္ရာရရွိခဲ့သည္။ ယမ္းမႈန္႕မ်ားေပါက္ကြဲမႈေၾကာင့္ မီတာ ၁၀၀ ပတ္လည္ရွိ အေဆာက္အအုံမ်ား၏ တံခါးေပါင္မ်ားက်ိဳးသြားခဲ့ေပသည္။

၄။ ခဲဆိပ္ Lead Styphnate

ခဲကို တူရိယာပစၥည္းမ်ားထုတ္လုပ္ရာတြင္ ေအာက္ခံေဆးအျဖစ္သုံးစြဲသကဲ့သို႕ တံတားၾကီးမ်ား၏ ဆိုင္းၾကိဳးမ်ားႏွင့္ ေပါက္ကြဲပစၥည္းမ်ားတြင္လည္း အသုံးျပဳသည္။ အေမရိကန္ႏိုင္ငံတြင္ ေအာက္ခံသုတ္ေဆး အားလုံးနီးပါးတြင္ ခဲဆိပ္ကို ထည့္သြင္း ထုတ္လုပ္ၾကသည္။စစ္တပ္မ်ားတြင္ တံတားဆိုင္းၾကိဳးမ်ား၊ အပူေၾကာင့္ ေပါက္ကြဲႏိုင္သည့္ ပစၥည္းမ်ား၊စြမ္းအင္ တစ္ခုခု ထြက္သည့္ ပစၥည္းမ်ားမွ အပူကို ေထာက္လွမ္းႏိုင္သည့္ လွ်ပ္စစ္ပစၥည္းမ်ားထုတ္လုပ္ရာတြင္ ခဲဆိပ္ကို ထည့္သြင္းအသုံးျပဳသည္။

ခဲဆိပ္သည္ အသုံး၀င္ေသာ စြမ္းအင္ပစၥည္းတစ္ခုျဖစ္ေသာ္လည္း ခဲသည္ ထုတ္လုပ္ခ်ိန္ႏွင့္အသုံးျပဳခ်ိန္မ်ားတြင္ ပတ္၀န္းက်င္ကို ဆိုးဆိုးရြားရြားထိခိုက္ေစသည့္ အဆိပ္ တစ္မ်ိဳးျဖစ္ေပသည္။ခဲဆိပ္ႏွင့္ ယမ္းမႈန္႕မ်ားကို ေသနတ္ႏွင့္ က်ည္ဆံထုတ္လုပ္မႈတြင္သုံးစြဲရသျဖင့္ ေသနတ္ကိုင္သမားမ်ား၏ က်န္းမာေရးကို ဆိုးရြားစြာထိခိုက္ႏိုင္သည့္ပစၥည္း ျဖစ္လာခဲ့သည္။ထို႕ေၾကာင့္ ေသနတ္ကို လူတိုင္းကိုင္ခြင့္ရွိသည့္ အေမရိကန္ႏိုင္ငံတြင္ ခဲဆိပ္သင့္သည့္ ျပႆနာမ်ားျဖစ္လာခဲ့သည္။အေမရိကန္ႏိုင္ငံတြင္ ေသနတ္ပစ္ေလ့က်င့္ ကြင္း ၁၆၀၀၀ မွ ၁၈၀၀၀ အၾကားရွိေနကာ ယင္းကြင္းမ်ားတြင္ေသနတ္ပစ္ေလ့က်င့္ေပးသူဦးေရ တစ္သန္းအထိရွိေပသည္။လူသန္း ၂၀ ခန္႕သည္ ယင္းေသနတ္ပစ္ကြင္းမ်ားတြင္ အပ်င္းေျပ လာေရာက္ပစ္ခတ္ေလ့ရွိၾကသည္။

သုေတသန ျပဳလုပ္ခ်က္မ်ားအရ ေသနတ္မ်ားကို အသုံးျပဳသူမ်ားသည္ ခဲဆိပ္သင့္ႏိုင္သည့္ အႏၱရာယ္ရွိကာ က်ည္ဆံမ်ားႏွင့္ ပစ္ကြင္းအတြင္းရွိ ေလထုထဲမွ ခဲမႈန္႕ မ်ား သည္ ေသနတ္ပစ္ခတ္သူ၏ ေသြးထဲသို႕အႏၱရာယ္ျဖစ္ေစႏိုင္သည့္ အဆင့္သို႕ ေရာက္ရွိေစႏိုင္ေၾကာင္းေတြ႕ရွိခဲ့သည္။ က်ည္ဆန္ မ်ား၏ ၃၅ ရာခိုင္ႏႈန္းကို ခဲဆိပ္ႏွင့္ ခဲဒိုင္ ေအာက္ဆိုဒ္တို႕ျဖင့္ ျပဳလုပ္ထားသည္။ေသနတ္ပစ္ခတ္မႈေၾကာင့္ ထြက္လာသည့္ ခဲမႈန္မ်ားသည္ အသက္ရွဴ လမ္းေၾကာင္းမွ တစ္ဆင့္ ေသြးအတြင္းသို႕ ေရာက္ရွိႏိုင္သကဲ့သို႕ အ၀တ္အစားမ်ားတြင္ကပ္ပါလာကာ မိမိတို႕အိမ္အထိေရာက္ရွိလာႏိုင္ေပသည္။ခဲမႈန္မ်ားသည္ ေဆးလိပ္ေသာက္ျခင္း၊ အစာစားျခင္း၊ ေရေသာက္ျခင္းတို႕မွတစ္ဆင့္ ခႏၶာကိုယ္ အတြင္းသို႕ေရာက္ရွိသြားၾကသည္။

ခ်က္သမၼတႏိုင္ငံ၊ Vlasim တြင္ ၂၀၁၅ ခုႏွစ္က Sellier & Bellot ခဲယမ္းစက္ရုံတြင္ ခဲဆိပ္မ်ားေပါက္ကြဲမႈျဖစ္ပြားခဲ့ရာ လူသုံးဦး ေသဆုံးခဲ့သည္။ စက္ရုံကိုစစ္ ေဆးမႈ ျပဳလုပ္ရန္ အထူးျပဳလုပ္ထားသည့္ စက္ရုပ္ကို အသုံးျပဳ၍ ၀င္ေရာက္ေစခဲ့ရသည္။ခဲဆိပ ္ပမာဏ အနည္းငယ္မွ်သည္ပင္ မီးႏွင့္ လွ်ပ္စစ္ေၾကာင့္ အလြယ္တကူ ေပါက္ ကြဲႏိုင္ေပသည္။ယင္းစက္ရုံမွ တစ္ရက္လွ်င္ က်ည္ကပ္ ႏွစ္သန္းထုတ္လုပ္ခဲ့ေပသည္။

၃။ ႏိုက္ထရို ဆယ္လူလို႕စ္ Nitrocellulose

ႏိုက္ထရစ္အက္ဆစ္ႏွင့္ ဆယ္လူလို႕စ္ကို ဓာတ္ျပဳကာ ထုတ္လုပ္သည့္ ႏိုက္ထရို ဆယ္လူလို႕စ္သည္ အဆိပ္သင့္မႈ နည္းေသာ္လည္း မီးေလာင္ႏိုင္စြမ္းျမင့္မားသည့္ ဓာတု ပစၥည္းျဖစ္သည္။ႏိုက္ထရိုဂ်င္ ပါ၀င္မႈ ၁၂ ဒသမ ၆ ရာခိုင္ႏႈန္းေက်ာ္လြန္သည့္ ႏိုက္ထရို ဆယ္လူလို႕စ္ကို ေပါက္ကြဲေစႏိုင္သည့္ ျဒပ္ေပါင္းပစၥည္းအျဖစ္ သတ္မွတ္ထားသည္။ယင္း ျဒပ္ေပါင္းကို ၁၉ ရာစုမွ စ၍ သုတ္ေဆးမ်ား၊ ပလတ္စတစ္၊ တြန္းကန္အားကိုျဖစ္ေစသည့္ ပစၥည္းမ်ား၊ အေရာင္တင္ သံေခ်ာင္းမ်ား၊ မီးရွဴးမီးပန္းမ်ား၊ ေဆး၀ါးမ်ား၊ ေပါက္ကြဲ ပစၥည္း မ်ား၊အေပၚလႊာ ပစၥည္းမ်ား၊ပင္ေပါင္ေဘာလုံးမ်ား၊ မီးခိုးမဲ့ ယမ္းမႈန္႕မ်ား စသည့္ မ်ားစြာေသာ ပစၥည္းမ်ားထုတ္လုပ္ရာတြင္သုံးစြဲခဲ့သည္။အေစာပိုင္းကာလမ်ားတြင္ ဓာတ္ပုံ၊ ဓာတ္ မွန္ႏွင့္ ဖလင္တို႕တြင္ အသုံးျပဳခဲ့သည္။

တရုတ္ႏိုင္ငံ၊တီရန္က်င္းတြင္ ၂၀၁၅ ခုႏွစ္တြင္ ျဖစ္ပြားခဲ့သည့္ ဓာတုစက္ရုံတစ္ခု ေပါက္ကြဲမႈသည္ တရုတ္ႏိုင္ငံသမိုင္းတြင္ အဆိုးရြာဆုံး စက္မႈလုပ္ငန္း မေတာ္တဆမႈ အျဖစ္ လူ ၁၇၃ ဦးေသဆုံးကာ အေဆာက္အအုံ ၃၀၀ ေက်ာ္ ႏွင့္ေမာ္ေတာ္ယာဥ္ ၁၂၀၀၀ ေက်ာ္ ပ်က္စီးခဲ့ျပီး အေမရိကန္ေဒၚလာ ၁ ဒသမ ၁ ဘီလီယံ ဆုံးရႈံးခဲ့သည္။ ေသဆုံး သူမ်ားအနက္ မီးသတ္သူမ်ားႏွင့္ရဲမ်ားက အေရအတြက္အမ်ားဆုံးျဖစ္ခဲ့ကာ အေလာင္းရွစ္ေလာင္းကို မေတြ႕ရွိခဲ့ေခ်။မီးေလာင္ေပါက္ကြဲမႈ၏ အဓိက အေၾကာင္းရင္းသည္ ႏိုက္ထရို ဆယ္လူလို႕စ္ ေၾကာင့္ျဖစ္ေၾကာင္း စုံစမ္းေဖာ္ထုတ္ႏိုင္ခဲ့သည္။ စက္ရုံကို တရားမ၀င္ လည္ပတ္ရာမွေပါက္ကြဲမႈျဖစ္ခဲ့သျဖင့္ အစိုးရအရာရွိမ်ားႏွင့္ စက္ရုံမွ ၀န္ထမ္းမ်ား စုစုေပါင္း ၄၉ ဦးကို ေထာင္ဒဏ္မ်ားႏွင့္ စက္ရုံမွဴးကို ဆိုင္းငံ့ေသဒဏ္ခ်မွတ္ခဲ့သည္။

၂။ အက္ဆီတုန္း ပါေအာက္ဆိုဒ္ Acetone Peroxide

အေမရိကန္ႏိုင္ငံသည္ ၂၀၁၅ ခုႏွစ္တြင္ အင္တာနက္ျခိမ္းေျခာက္မႈမ်ားကို ႏွိမ္နင္းခဲ့ရာ ယင္းသို႕ လုပ္ေဆာင္ရျခင္းအေၾကာင္းရင္းတြင္ အက္ဆီတုန္း ပါေအာက္ဆိုဒ္ သည္ ပထမဆုံးေသာ ဓာတုပစၥည္းအနက္ တစ္ခုအျဖစ္ပါ၀င္ခဲ့သည္။ထိုစဥ္က အင္တာနက္ေပၚတြင္ ဗုံးျပဳလုပ္နည္း လမ္းညႊန္မ်ားတက္လာခဲ့ရာ အစိုးရက ျပင္းထန္ေသာ ျခိမ္းေျခာက္မႈဟု သတ္မွတ္ခဲ့သည္။ျပည္ထဲေရး၀န္ၾကီးဌာနမွ ေျပာေရးဆိုခြင့္ရွိသူ တစ္ဦးက ယင္း post မ်ားကို အေရးယူ၍ တာ၀န္ရွိသူမ်ားကို ေဖာ္ထုတ္ႏိုင္ရန္ G8 ႏွင့္ ဥေရာပ ႏိုင္ငံမ်ားႏွင့္ ပူးေပါင္း ေဆာင္ရြက္ေနေၾကာင္း ႏွင့္ယင္း Post ကို ရယူ၍ ဗုံးျပဳလုပ္ရန္ ၾကိဳးပမ္းသူ မည္သူမဆို အၾကမ္းဖက္ရန္ ၾကိဳတင္ျပင္ဆင္မႈကို ကာကြယ္သည့္ ဥပေဒအရ အျပစ္ရွိေၾကာင္း ေျပာဆိုခဲ့ သည္။

သာမာန္ အိမ္သုံးပစၥည္းမ်ားျဖစ္သည့္ ေခ်းခၽြတ္ေဆး၊ပိုးသတ္ေဆး၊အေရာင္တင္ဆီစသည္တို႕ကို မွန္ကန္ေသာ အခ်ိဳးအစားအတိုင္းေရာစပ္ပါက အက္ဆီတုန္း ပါေအာက္ ဆိုဒ္ အခဲမ်ားကို ရရွိႏိုင္သည္။ အလြယ္တကူရရွိႏိုင္ေသာအက္ဆီတုန္း ပါေအာက္ဆိုဒ္ကို အလွျပင္ပစၥည္းမ်ားႏွင့္ ေရွးဦးသူနာျပဳလုပ္ငန္းသုံးပစၥည္းမ်ား ထုတ္လုပ္ရာတြင္သုံးစြဲခဲ့ရာမွ ေနာက္ပိုင္းတြင္ အေသခံ ဗုံးခြဲသူမ်ား အသုံးျပဳသည့္ ပစၥည္းတစ္ခုျဖစ္လာခဲ့သည္။ အက္ဆီတုန္း ပါေအာက္ဆိုဒ္၏ ဓာတုေဗဒအမည္သည္ TATP ျဖစ္ကာ ေပါက္ကြဲစြမ္းသည္ TNT ႏွင့္ တူညီေပသည္။အပူရွိန္၊ ပြတ္တိုက္မႈ ၊ ေရွာ့ျဖစ္မႈ မ်ားေၾကာင့္ အလြယ္တကူေပါက္ကြဲႏိုင္သည့္ အက္ဆီတုန္း ပါေအာက္ဆိုဒ္ကို အၾကမ္းဖက္သမားမ်ားက ေစတန္နတ္ဆိုး၏ မိခင္ဟု ေခၚဆို ခဲ့ၾကသည္။

ပါရီၿမိဳ႕တြင္ျဖစ္ပြားခဲ့သည့္ ၂၀၁၅ ခုႏွစ္ အၾကမ္းဖက္တိုက္ခိုက္မႈတြင္ အက္ဆီတုန္း ပါေအာက္ဆိုဒ္ ကို အသုံးျပဳခဲ့ကာ အၾကမ္းဖက္သမား ခုနစ္ေယာက္သည္ ဗုံး ေထာင္ ေဖာက္ခြဲခဲ့သျဖင့္ လူ ၁၃၀ ေသဆုံးကာ ၉၉ ဦး ဒဏ္ရာ ျပင္းထန္စြာရရွိခဲ့သည္။အလြယ္တကူရရွိႏိုင္ျပီး ေထာက္လွမ္းရန္ခက္ခဲ့သည့္ TATP သည္ ဗုံးမ်ားျပဳလုပ္ရာတြင္ အဓိက ပစၥည္းတစ္ခုျဖစ္လာခဲ့ကာ ၂၀၀၅ ခုႏွစ္ႏွင့္ ၂၀၀၆ ခုႏွစ္မ်ားတြင္ လန္ဒန္၊တကၠဆက္ႏွင့္ အုတ္ကလာ ဟိုးမားတို႕တြင္ TATP ဗုံးမ်ားျဖင့္ တိုက္ခိုက္မႈမ်ားျဖစ္ေပၚခဲ့သည္။

၁။ ႏိုက္ထရို ဂလိုင္စလင္း Nitroglycerin

ႏိုက္ထရို ဂလိုင္စလင္းသည္ ရင္ဘတ္ေအာင့္သူမ်ားအားကုသသည့္ အေငြ႕ပ်ံလြယ္ေသာ ေသြေၾကာခ်ဲ႕ေဆးျဖစ္ကာ ေသြးေၾကာမ်ားကို က်ယ္ေစ၍ ႏွလုံးကို ေသြးလႊတ္အား လြယ္ကူေကာင္းမြန္လာေစသည္။သို႕ေသာ္ ယင္းေဆးကို အလြန္အကၽြံသုံးစြဲပါက ဖ်ားနာျခင္း၊ စိတ္ရႈပ္ေထြးျခင္း၊ေခါင္းကိုက္ျခင္း၊မူးေ၀ျခင္း၊ပ်ိဳ႕အန္ျခင္း၊ အသက္ရွဴၾကပ္ျခင္း၊ အျမင္ေ၀၀ါးျခင္းစသည္တို႕ ျဖစ္ေပၚလာႏိုင္ကာ ေသဆုံးသည္အထိ အႏၱရာယ္ရွိသည္။ ႏိုက္ထရို ဂလိုင္စလင္းကို ပန္းေသေရာဂါကာကြယ္ေဆးႏွင့္ တစ္ျပိဳင္တည္း သုံးစြဲလွ်င္ ေသြးဖိအား ရုတ္ရက္က်ဆင္းမႈကိုျဖစ္ေစႏိုင္သည္။

သို႕ေသာ္ ႏိုက္ထရို ဂလိုင္စလင္း တစ္မ်ိဳးတည္းကို ပန္းေသေရာဂါကုသရန္သုံးစြဲႏိုင္ေၾကာင္း အမ်ိဳးသား ၂၂၀ ကို စမ္းသပ္ေတြ႕ရွိခဲ့သည္။ ႏိုက္ထရို ဂလိုင္စလင္းသည္ ၁၀ မိနစ္အတြင္း လိင္စိတ္ႏိုးၾကားေစႏိုင္ေၾကာင္း ယူေက သုေတသီမ်ားက ေတြ႕ရွိခဲ့ၾကသည္။သုံးစြဲသူ ၃၀ ရာခိုင္ႏႈန္းကမူ ေခါင္းကိုက္ျခင္းႏွင့္ ကေယာက္ေျခာက္ျခားျဖစ္ျခင္းတို႕ကို ခံစားၾကရေၾကာင္း ေျပာဆိုိုခဲ့ၾကသည္။ ေဆးပညာနယ္ပယ္တြင္ အသုံးျပဳသည့္ ႏိုက္ထရို ဂလိုင္စလင္းသည္ ေဖာက္ခြဲပစၥည္းမ်ားတြင္ အဓိက သုံးစြဲႏိုင္သည့္ ဓာတု ပစၥည္းတစ္ခုလည္းျဖစ္သည္။ယင္း ဓာတုပစၥည္းကို ၁၈၄၆ ခုႏွစ္တြင္ Ascanio Sobrero က ျပဳလုပ္ႏိုင္ခဲ့ကာ ယမ္းနက္ထက္ ပိုမိုေပါက္ကြဲအားျပင္းထန္ေၾကာင္း ေတြ႕ရွိခဲ့သည္။

အဲဖရက္ ႏိုဗယ္လ္သည္ စက္မႈ လုပ္ ငန္းမ်ားတြင္သုံးစြဲရန္ ႏိုက္ထရို ဂလိုင္စလင္းကို ပထမဆုံး စမ္းသပ္ကာ ေပါက္ကြဲေစႏိုင္သည့္ ထိပ္ပိတ္၊ သစ္သား ပလတ္ေပါက္တို႕ကို ယမ္းမႈန္႕မ်ားျဖည့္သိပ္၍ မီးကူးကာ ေပါက္ကြဲေစခဲ့သည္။ႏိုဗယ္လ္သည္ ႏိုက္ထရို ဂလိုင္စလင္းကို သတၳဳ တူးေဖာ္မႈ လုပ္ငန္းမ်ားတြင္သုံးစြဲရန္ ရည္ရြယ္ခဲ့သည္။ႏုိဗယ္လ္၏ အေရးၾကီးေသာ တီထြင္မႈ တစ္ရပ္သည္ ႏိုက္ထရို ဂလိုင္စလင္းကို Kieselguhr ႏွင့္ ေပါင္းစပ္လ်က္ အေခ်ာင္းမ်ားျပဳလုပ္ကာ တြင္းမ်ားတူးေဖာ္ရာတြင္ ထည့္သြင္းအသုံးျပဳျခင္းျဖစ္ေပသည္။ႏိုဗယ္လ္သည္ ထိပ္ပိတ္ကို ပိုမိုေကာင္းမြန္ေစရန္ ျပဳလုပ္ႏိုင္ခဲ့ၿပီး ယင္းတို႕ကို ဒိုင္နမိုက္ဟု အမည္ေပးခဲ့ရာ အက်ိဳးျပဳလုပ္ငန္းသုံးေဖာက္ခြဲပစၥည္းအျဖစ္သာမက လူမ်ားကို ေသေစသည့္ ေဖာက္ခြဲပစၥည္းအျဖစ္ပါ သုံးစြဲလာခဲ့ၾကေပသည္။

10 Explosive Substances In Everyday Items

ေကာင္းစည္သူ
၂၀၁၉ ခုႏွစ္ ေဖေဖာ္၀ါရီလထုတ္ သုတစြယ္စုံမဂၢဇင္းမွ

Tags: chemistryworld knowledge

Related Posts

လင်းပိုင် နဲ့ လင်းရှူး ဘာကွာသလဲ
Knowledge

လင်းပိုင် နဲ့ လင်းရှူး ဘာကွာသလဲ

လင်းပိုင်(Dolphin) တွေကိုတော့ စာတွေ ပုံတွေထဲမှာ မကြာခဏ ဖတ်ဖူး မြင်ဖူးကြတဲ့အတွက် တော်တော်များများ သိကြပြီး ဖြစ်မှာပါ။ လင်းရှူး(Porpoise) တွေကိုတော့ နာမည်သာ ကြားဖူးကြပြီး သိတဲ့သူ နည်းမယ် ထင်ပါတယ်။ ဒီတခါတော့ လင်းပိုင် နဲ့...

ဟိုချီမင်းမြို့ အကြောင်း သိကောင်းစရာ
Knowledge

ဟိုချီမင်းမြို့ အကြောင်း သိကောင်းစရာ

ဟိုချီမင်းမြို့ဟာ အရှေ့တောင်အာရှ နိုင်ငံတနိုင်ငံဖြစ်တဲ့ ဗီယက်နမ် ရဲ့ အရှေ့တောင်ပိုင်းမှာတည်ရှိပြီး နိုင်ငံရဲ့ လူဦးရေအများဆုံးနဲ့ အကြီးဆုံးမြို့ဖြစ်ပါတယ်။ ဆိုင်ဂုံမြစ်အနီးမှာ တည်ရှိပြီး သမိုင်းထဲမှာတော့ ဆိုင်ဂုံ ဆိုတဲ့အမည်နဲ့ ထင်ရှားခဲ့တဲ့ ဗီယက်နမ်မြို့တော်ဟောင်း ဖြစ်ပါတယ်။ ဟိုချီမင်းမြို့ဟာ ဗီယက်နမ်ရဲ့ စီးပွားရေး...

လင်းယုန် နဲ့ သိမ်းငှက် ဘာကွာသလဲ
Knowledge

လင်းယုန် နဲ့ သိမ်းငှက် ဘာကွာသလဲ

အမဲလိုက်ငှက်အမျိုးအစားတွေဖြစ်ကြတဲ့ လင်းယုန်(eagle) နဲ့ သိမ်းငှက်(hawk) တို့ဟာ အက်ကဆစ်ပစ်ထရီဒီ မျိုးရင်းထဲမှာ ပါဝင်နေပါတယ်။ ကမ္ဘာပေါ်မှာ လင်းယုန်အမျိုးအစား ၆၀ ကျော်ရှိပြီး သိမ်းငှက်အမျိုးအစားကတော့ ၂၅၀ ကျော်အထိ ရှိတယ်လို့ သိရပါတယ်။ လင်းယုန် နဲ့ သိမ်းငှက်တွေဟာ...

ကမ္ဘာပေါ်က ဝန်ထမ်းအများဆုံး ကုမ္ပဏီကြီး ၅ ခု
Knowledge

ကမ္ဘာပေါ်က ဝန်ထမ်းအများဆုံး ကုမ္ပဏီကြီး ၅ ခု

ကမ္ဘာပေါ်မှာ ဝန်ထမ်းဦးရေအလိုက် အကြီးဆုံး ကုမ္ပဏီကြီးတွေ စာရင်းမှာတော့ အမေရိကန် ၊ တရုတ် ၊ ထိုင်ဝမ် ၊ ဂျာမနီ နဲ့ ယူကေ နိုင်ငံတွေက ကုမ္ပဏီတွေက ဦးဆောင်နေပါတယ်။ ကုမ္ပဏီအများစုကတော့ လက်လီစတိုးဆိုင် ၊...

Next Post
ဟိုင်းအီနာကောင် ဆိုသည်မှာ

ဟိုင်းအီနာကောင် ဆိုသည်မှာ

Discussion about this post

No Result
View All Result

Categories

Tag

amazing ancient knowledge animals architecture buddhism buddhism monk chemistry cities countries empires feeling health health knowledge history inventions kaung htet knowledge military motivation myanmar history myanmar knowledge myanmar people myanmar places news pagodas photos places planets plants rivers science science knowledge Sport Sport people successful tech thinking tips world actors world companies world history world knowledge world news world people world places

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!