Saturday, March 6, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

နေရာတနေရာတည်းမှာပဲ နှစ်ပေါင်း ၄၀ နီးပါး ဓာတ်ပုံရိုက်ခဲ့ကြတဲ့သားအဖ

by Thutamm
August 21, 2020
Reading Time: 10min read
0
နေရာတနေရာတည်းမှာပဲ နှစ်ပေါင်း ၄၀ နီးပါး ဓာတ်ပုံရိုက်ခဲ့ကြတဲ့သားအဖ
Share on FacebookShare on Twitter

သင့်ကလေးကို ပြုစုပျိုးထောင်နေစဉ်မှာ သူတို့ကို ကိုယ့်မျက်စိရှေ့မှာ မြင်နေရတဲ့အတွက် သူတို့တဖြည်းဖြည်းပြောင်းလဲလာတာကို သတိထားမိဖို့ခက်ပါတယ်။ သင်သတိထားမိလိုက်တဲ့အချိန်မှာတော့ သူတို့ဟာ ဆယ်ကျော်သက်အရွယ်ရောက်လာပြီ ၊မကြာခင်မှာပဲ အထက်တန်းကျောင်းပြီး ၊ တက္ကသိုလ်တက်ပြီးတော့ သူတို့ရဲ့ကိုယ်ပိုင်မိသားစုကို ထူထောင်ကြပါတော့တယ်။

တရုတ်နိုင်ငံက ဓာတ်ပုံဆရာတယောက်ဖြစ်တဲ့ Hua Yunqing ကတော့ ဒါနဲ့ပတ်သက်လို့ သူ့သမီးဖြစ်သူ နဲ့ ပထမဆုံးဓာတ်ပုံရိုက်ခဲ့ပြီးတဲ့နောက် အိုင်ဒီယာတခု ရရှိခဲ့ပါတယ်။ သူ့အကြံကတော့ အမှတ်တရကို ထိန်းသိမ်းတဲ့အနေနဲ့ တူညီတဲ့နေရာမှာပဲ သမီးဖြစ်သူနဲ့ တနှစ်ကို တခါဓာတ်ပုံရိုက်ထားဖို့ ဖြစ်ပါတယ်။ သူဟာ သူ့ရဲ့အကြံကို တရုတ်အရှေ့ပိုင်း Jiangsu ပြည်နယ် Zhenjiang မြို့ရေကန်အနီးမှာ ၁၉၈၀ က စလို့ စတင်ခဲ့ပါတယ်။ ယခု ၂၀၁၉ ခုနှစ်ရောက်တဲ့အထိတိုင် အမြဲလိုလို ဓာတ်ပုံတွေရိုက်ကူးခဲ့တာဖြစ်ပါတယ်။

ပထမဆုံး ဓာတ်ပုံရိုက်ကူးခဲ့စဉ်က Yunqing ရဲ့အသက်ဟာ ၂၇နှစ်ဖြစ်ပြီး သမီးဖြစ်သူကတော့ ၁နှစ် အရွယ်ပဲ ရှိပါသေးတယ်။ ပထမတော့ ဘာအစီအစဉ်မှ မရှိသေးပဲ ဓာတ်ပုံကိုကြည့်ရင်းနဲ့ အလွန်နှစ်သက်ပြီး ဒီအကြံကို ရရှိခဲ့တာဖြစ်ပါတယ်။ သူတို့ သားအဖ ရိုက်ကူးထားတဲ့ ဓာတ်ပုံတွေကို ကြည့်တဲ့အခါ တနှစ် နဲ့ တနှစ် ဘာတွေ ဘယ်လိုပြောင်းလဲသွားသလဲဆိုတာ သိသာထင်ရှားစွာ မြင်ရမှာ ဖြစ်ပါတယ်။
“ဓာတ်ပုံရိုက်တုန်းက သာမန်ပါပဲ။ ဒီအတိုင်းပဲရိုက်ကူးဖြစ်ခဲ့တာပါ။ ရိုက်ထားတဲ့ ဓာတ်ပုံကို ပြန်ကြည့်ရင်းနဲ့မှ သဘောကျသွားခဲ့ပြီး နောက်နှစ်မှာလည်း ထပ်ရိုက်ဖြစ်ခဲ့တာပါ” လို့ Yunqing က ဆိုပါတယ်။

“အခုတော့ ဒီဓာတ်ပုံတွေဟာ မိသားစုအတွက် အမှတ်တရဖြစ်လာတာပေါ့။ နှစ်တိုင်းမပျက်မကွက် ရိုက်ခဲ့တယ်ဆိုပေမယ့် ဓာတ်ပုံတွေကိုကြည့်ရင် ၁နှစ်မပါ တာကိုတွေ့ရမှာပါ။ ဟုတ်ပါတယ်။ ၁၉၉၈ ခုနှစ်မှာ အားလပ်ရက်အနေနဲ့ ကျွန်တော့်သမီးက နိုင်ငံခြားကို ရောက်နေခဲ့လို့ ဓာတ်ပုံရိုက်ခွင့်မရခဲ့ပါဘူး။”

” အခုတော့ ကျွန်တော်က အဖိုးကြီးဖြစ်နေပြီ။ ဓာတ်ပုံရိုက်စက ၁နှစ်အရွယ် သမီးက အခုတော့ ကလေး နှစ်ယောက်ရဲ့ မိခင်ဖြစ်နေပြီလေ။ ကျွန်တော်က ၆၇နှစ် ၊ သမီးကတော့ ၄၁နှစ်ပေါ့” လို့ Yunqing က ပြောခဲ့ပါတယ်။ ကဲ…နှစ်ပေါင်း ၄၀ အတွင်း သူတို့သားအဖ ဘယ်လိုတွေပြောင်းလဲသွားကြသလဲဆိုတာ ဓာတ်ပုံတွေကြည့်ရင်း သိနိုင်မှာပါ။

1980

1981

1982

1983

 

1984

1985

1986

1987

1988

1989

1990

1991

1992

1993

1994

1995

1996

1997

1999

2000

2001

2002

2003

2004

2005

2006

2007

2008

2009

2010

2011

2012

2013

2014

2015

2016

2017

2018

2019

Tags: amazingphotos

Related Posts

တဘဝလုံးနီးပါး သံ အဆုတ် စက်ထဲမှာ နေခဲ့ရသူ
Amazing

တဘဝလုံးနီးပါး သံ အဆုတ် စက်ထဲမှာ နေခဲ့ရသူ

ပိုလီယိုဗိုင်းရပ်စ်ကြောင့်ဖြစ်တဲ့ ပိုလီယို အကြောသေရောဂါ Poliomyelitis ဟာ တချိန်က လူသားတို့ကို အကြီးအကျယ် ဒုက္ခပေးခဲ့ဖူးပါတယ်။ ခေတ်မီ ကာကွယ်ဆေးတွေကြောင့် ယခုအချိန်မှာတော့ ရောဂါခံစားရသူ ရှားပါးသွားပြီဖြစ်ပေမယ့် ခံစားနေရသူ အနည်းငယ်သော အရေအတွက်တော့ ရှိနေဆဲပါ။ အမေရိကန်နိုင်ငံ တက်ဆက်ပြည်နယ်...

ကမ္ဘာတလွှား အလှပဆုံးသော ရေခဲဂူများ
Amazing

ကမ္ဘာတလွှား အလှပဆုံးသော ရေခဲဂူများ

ရေခဲပြင်လိုဏ်ဂူများ Glacier Cave များသည် ရေခဲမြစ်များအတွင်းရှိသော ဖွဲ့စည်းမှု ပုံစံတမျိုးဖြစ်ပြီး အများစုက ရေခဲဂူများဟု အလွယ်တကူပင်ခေါ်လေ့ရှိသည်။ ဂူအမျိုးအစားများစွာအနက်က တမျိုးဖြစ်ပြီး တနှစ်ပတ်လုံးရေခဲနေတတ်သော ရခဲမြစ်များအောက်ရှိ ကျောက်သားလိုဏ်ဂူများကိုလည်း ရေခဲဂူဟုပင် ခေါ်ကြလေ့ရှိသည်။ ရေခဲဂူအများစုမှာ ရေခဲမြစ်၏ အောက်ခြေတွင်...

၁ ဂါလန်ကို ဒေါ်လာ ၃၉သန်း တန်တဲ့ ကမ္ဘာ့တန်ဖိုးအကြီးဆုံးအရည်
Amazing

၁ ဂါလန်ကို ဒေါ်လာ ၃၉သန်း တန်တဲ့ ကမ္ဘာ့တန်ဖိုးအကြီးဆုံးအရည်

ကမ္ဘာပေါ်မှာ ကင်းမြီးကောက်မျိုးစိတ်ပေါင်း ၂၀၀၀ ခန့်ရှိပေမယ့် ဒီအထဲက မျိုးစိတ် ၄၀ ခန့်ကသာ အဆိပ်ပြင်းထန်ပါတယ်။ တချို့ကင်းမြီးကောက်တွေရဲ့ အဆိပ်ကတော့ လူကို အသက်အန္တရာယ် ရှိစေနိုင်တဲ့အထိပြင်းထန်ပြီး ဒီအထဲမှာ deathstalker ကင်းမြီးကောက်တွေလည်း ပါဝင်ပါတယ်။ သူတို့ရဲ့အဆိပ်ရည်က အလွန်တန်ဖိုးရှိပြီး...

မြင်ရခဲတဲ့ ကမ္ဘာတလွှားက ရောင်စုံပုံရိပ်များ
Amazing

မြင်ရခဲတဲ့ ကမ္ဘာတလွှားက ရောင်စုံပုံရိပ်များ

ဒီတခါမှာလည်း လွန်ခဲ့တဲ့ ၁၀ စုနှစ်များစွာက ကမ္ဘာတလွှားမှာ ရိုက်ကူးခဲ့တဲ့ ရှားပါးပုံရိပ်တွေကို ဝေမျှပေးလိုက်ပါတယ်။ ဒီဓာတ်ပုံတွေဟာ မူရင်းက အဖြူအမည်းသာဖြစ်ပေမယ့် ဒီဘက်ခေတ်ဓာတ်ပုံနည်းပညာတွေနဲ့ မွမ်းမံလိုက်တဲ့အခါမှာတော့ ရောင်စုံဓာတ်ပုံတွေဖြစ်လာပါတယ်။ အဖြူ အမည်းနဲ့ ဆိုရင် ထင်ထင်ရှားရှား မြင်ရမှာ မဟုတ်ပဲ...

No Result
View All Result

Categories

Tag

amazing ancient knowledge animals architecture buddhism buddhism monk chemistry cities countries empires feeling health health knowledge history inventions kaung htet knowledge military motivation myanmar history myanmar knowledge myanmar people myanmar places news pagodas photos places planets plants rivers science science knowledge Sport Sport people successful tech thinking tips world actors world companies world history world knowledge world news world people world places

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!