ကမ္ဘာအမြင့်ဆုံးတောင်လို့ ဆိုလိုက်တာနဲ့ အာရှတိုက်မှာရှိတဲ့ ဧဝရတ်တောင်ကို ပြေးမြင်မိကြမှာပါ။ ဒါပေမဲ့ နေစကြဝဠာ အတွင်းမှာဆို ရင်တော့ ဧဝရတ်တောင်ထက်ပိုမိုမြင့်မားတဲ့တောင် (၁၂)တောင်အထိရှိကာ ကမ္ဘာဂြိုလ် ရဲ့အမြင့်ဆုံးတောင်ကြီးဟာ နံပါတ်(၁၃)နေရာကနေ ရပ်တည်နေတာကိုတွေ့ရပါတယ်။ အချက်အလက်တွေအရဆိုရင်တော့ Hawaii မှာတည်ရှိတဲ့ Mauna Kea တောင်ဟာ ဆိုရင် အောက်ခြေကနေတောင်ထိပ်အထိ ပေ(၃၃၁၀၀)အထိမြင့်မားပြီးယင်းပမာဏ ဟာဧဝရတ်တောင်
ထက် ပိုမိုမြင့်မားနေပါတယ်။
ဒါပေမဲ့ Mauna Kea တောင် ဟာပင်လယ်သမုဒ္ဒရာအောက်ကြမ်းပြင်မှာတည်ရှိနေတာကြောင့် စံနှုန်းထားတိုင်းတာမှု အတွင်းမပါဝင်ခဲ့တာကြောင့် ကမ္ဘာအမြင့်ဆုံးတောင်အဖြစ် သတ်မှတ်ခြင်းမခံခဲ့ရပါဘူး။ ဒီတခါ မျှဝေပေးချင်တာကတော့ နေစကြဝဠာ (Solar system) အတွင်းမှာရှိတဲ့ အမြင့်ဆုံးတောင်ကြီး (၁၀)ခုရဲ့အကြောင်းအရာအချက်အလက်အချို့ဖြစ်ပါတယ်။
(၁၀) limb Mountain
Oberon ကို Uranus (4) အဖြစ်လည်းသိကြပြီး ယူရေးနပ်ဂြိုလ်ရဲ့အပြင်ဘက်အကျဆုံး မှာပါဝင်နေတဲ့ဂြိုလ်ရံလအဖြစ်လူသိများပါတယ်။ Oberton ဟာနေစကြဝဠာ အတွင်းမှာတော့ နဝမမြောက်အကြီးဆုံးဖြစ်တဲ့အပြင် ဒုတိယမြောက်ယူရေနီယံသိပ်သည်းဆအ များဆုံးလလည်းဖြစ်ပါတယ်။
Oberon ရဲ့အရှေတောင်စွန်းမှာတော့ limb Mountain တည်ရှိနေပြီး ယင်းတောင်ကြီးရဲ့အမြင့်ဟာ (၁၁)ကီလိုမီတာ(၇ မိုင်နီးပါး) မြင့်မားပြီး တောင်ထိပ်မှာတော့ အချင်း(၃၇၅)မီတာလောက် အကျယ်ရှိတဲ့ ချိုင့်ဝှမ်းကြီးတစ်ခုပါရှိပါတယ်။ Oberton ရဲ့မျက်နှာပြင်အတွင်းပိုင်းဟာ အလွန်နက်ရှိုင်းတဲ့ချောက်ကြီးများစွာ နဲ့အက်ကွဲတည်ရှိနေတာဖြစ်ပါတယ်။
(၉) Arsia Mons
Mars ဂြိုလ်အီကွေတာအနီးမှာတည်ရှိတဲ့ မီးတောင်(၃)လုံးအနက်မှာပါဝင်တဲ့ Arsia Mons မီးတောင်ကြီးဟာလည်း နေစကြဝဠာရဲ့အကြီးဆုံးတောင်စာရင်းမှာပါဝင်ပြီး (၇.၃)မိုင်လောက်မြင့်မားပါတယ်။ Arsia Mons ဆိုတဲ့အမည်ကိုတော့ အီတလီနက္ခတ်ဗေဒပညာရှင်တစ်ယောက်ဖြစ်တဲ့ Giovanni Schiaparelli ကပေးခဲ့ခြင်းဖြစ်ပြီး ရောမဒဏ္ဍာရီအတွင်းက Arsia သစ်တောရဲ့အမည်ကိုယူပြီးပေးခဲ့တာဖြစ်ပါတယ်။
Arsia Mons မီးတောင်ဟာ အချင်း (၁၀၈) ကနေ (၁၃၈)ကီလိုမီတာအထိရှိတဲ့ အလွန်ကြီးမားတဲ့ မီးတောင်ဝကြီးတွေကိုပိုင်ဆိုင်ထားပါတယ်။ နောက်ပိုင်းလေ့လာမှုတွေမှာတော့ အဲဒီတောင်ကြီးပေါ်မှာ အလွန်မြင့်မားတဲ့ ရေခဲမြစ်တွေသာမက နိမ့်ပါးတဲ့ရေခဲမြစ်တွေပါ ရှိနေတယ်လို့ သိခဲ့ရပါတယ်။ (၂၀၀၇)ခုနှစ်ကရိုက်ကူးခဲ့တဲ့ Mars ဂြိုလ်ဆိုင်ရာအာကာသဓာတ်ပုံတွေမှာတော့ Arsia Mons မီးတောင်ရဲ့ နံဘေးမှာ ဂူဝင်ပေါက်(၇)ခုအထိတွေ့ရှိခဲ့တယ်လို့သိရပါတယ်။
(၈) Euboea Montes
ဂျူပီတာဂြိုလ်ရဲ့ဂြိုလ်ရံလ Io ပေါ်မှာတည်ရှိတဲ့ Euboea Montes အမည်ရတဲ့တောင်ဟာ (၆.၄)မိုင်ကနေ (၈.၃)မိုင်လောက်အထိအမြင့်ရှိပြီး အလွန်ဒြပ်ထုပမာဏကြီးမားတဲ့ ကျောက်သားစိုင်ကြီးတိမ်းစောင်းမှုကနေဖြစ်ပေါ်လာရတယ်လို့သိရပါတယ်။ ယင်းဖြစ် စဉ်ကပဲကြီးမားတဲ့မြေသားစိုင်ပြိုကွဲမှုပုံစံများစွာဖြစ်ခဲ့ပြီး Euboea Montes တောင်ကတော့ ဘောလုံးဏ္ဍာန် အပိုင်းအစတစ်ခုအဖြစ်တည်ရှိနေခဲ့ပါတယ်။
(၇) Elysium Mons
Mars ဂြိုလ်ရဲ့အရှေ့ဘက်အခြမ်းမှ ာတည်ရှိတဲ့ Elysium Mons ဟာ (၇.၈)မိုင်လောက်မြင့် မားတဲ့မီးတောင်တစ်ခုဖြစ်ပါတယ်။ နေစကြဝဠာ ရဲ့ အမြင့်ဆုံးတောင်စာရင်းမှာပါဝင်လာတဲ့ Elysium Mons ချော်ရည်ချော်ခဲတွေဝန်းပတ်ထားတဲ့ မြေပြန့်လွင်ပြင်တစ်ခုရဲ့အပေါ် မှာတည်ရှိနေတာဖြစ်ပြီး အချင်းမိုင်(၁၅၀)လောက် ကြီးမားပါတယ်။ ယင်း တောင်ထိပ်အတွင်းမှာပဲ အချင်းမိုင် (၈.၇)လောက်ရှိတဲ့မီးတောင်ထိပ်ဝကြီးတည် ရှိနေပါတယ်။ Elysium Mons ကိုတော့ မားဂြိုလ်ပတ်လမ်းအတွင်းကိုလွှင့်တင်ခဲ့တဲ့ Mariner 9 ဂြိုလ်တုက (၁၉၇၂)ကတည်းကတွေ့ရှိခဲ့တာဖြစ်ပါတယ်။
(၆) Ionian Mons East Ridge
ဂျူပီတာဂြိုလ်ရဲ့ဂြိုလ်ရံလ Io ပေါ်မှာတည်ရှိတဲ့ Ionian Mons East Ridge ဟာ Io မှတော့အမြင့်ဆုံးတောင်ဖြစ်ပြီး (၇.၉)မိုင်လောက်မြင့်မားပါတယ်။ ယင်းတောင်ဟာ မြင်း ကွေး(၂)ခုခုံးနေတဲ့တောင်ရိုးနှစ်ခုပါရှိပြီး အဆင့်လိုက်ပုံစံတည်ရှိနေတာလည်းဖြစ်ပါ တယ်။
(၅) Ascraeus Mons
Mars ဂြိုလ်ပေါ်မှာပဲ တည်ရှိနေတဲ့ Ascraeus Mons ဟာကြီးမားတဲ့တောင်စွယ်တန်း များစွာကို ပိုင်ဆိုင်ထားပြီးဂြိုလ်ရဲ့ Tharsis Region လို့သတ်မှတ်ထားတဲ့နေရာမှာပါဝင်နေတဲ့ မီးတောင်ကြီးတစ်ခုဖြစ်ပါတယ်။ ယင်းမီးတောင်ကြီးဟာ (၉.၃)မိုင်လောက်မြင့်မားပြီး (1971)ခုနှစ်ကတည်းက Mariner 9 အာကာသယာဉ်ကနေရှာဖွေတွေ့ရှိခဲ့တာဖြစ်ပါတယ်။ ယခင်ကတော့ Ascraeus Mons ဟာမားဂြိုလ်ရဲ့မြောက်ဘက်စွန်းပိုင်းမှာတည် ရှိနေတဲ့အပြင် ဂြိုလ်တုပေါ်ကနေကြည့်ရင်မြင်နိုင်တဲ့မားဂြိုလ်ရဲ့ အပေါ်ပိုင်းမျက်နှာပြင်နေ ရာအပိုင်းကြီး(၄)ခုအနက်က တစ်ခုအပါအဝင်ဖြစ်တာကြောင့် North Spot လို့လည်း ခေါ်ဆိုပါတယ်။
ယင်းမျက်နှာပြင်ကြီးတွေကလည်း မားဂြိုလ်မှာကျရောက်လေ့ရှိတဲ့သဲမုန် တိုင်းဒဏ်ကြောင့် သဲတွေ၊ဖုန်တွေနဲ့အစဉ်ဖုံးအုပ်လျက်ရှိနေပြီး သဲဖုန်တွေကင်းစင်ချိန် ရောက်မှသာ မြင့်မားတဲ့မီးတောင်ကြီးတစ်ခုဖြစ်တယ်ဆိုတာလေ့သူတွေကသတိထား မိခဲ့ကြတာဖြစ်ပါတယ်။ Ascraeus Monsဆိုတဲ့အမည်ကိုတော့ (၁၉၇၃)ရောက်ချိန်မှ အာကာသပညာရှင်တွေက သတ်မှတ်ပေးခဲ့တာဖြစ်တယ်လို့သိရပါတယ်။
(၄) Boosaule Montes
ဂျူပီတာဂြိုလ်ရဲ့ဂြိုလ်ရံလ Ioရဲ့မျက်နှာပြင်မှာ တောင်ပေါင်း (၁၃၅)ထက်မနည်းတွေ့ရှိခဲ့ တယ်လို့သိရပြီးယင်းတောင်တွေအနက်မှာ အလွန်ကြီးမားတဲ့မီးတောင်ရှင်ကြီးတွေလည် ပါဝင်လို့နေပါတယ်။ Io အတွင်းက တောင်အများစုဟာ Tectonic လို့သိကြတဲ့အပေါ်ယံ အလွှာတွေမှာမြေသားဖွဲ့စည်းပုံပျက်ပြီးနောက်ဆက်တွဲပြောင်းလဲမှုဖြစ်စဉ်တွေကြောင့် ဖြစ်ပေါ်လာရတာဖြစ်ပါတယ်။ ယင်းမြေသားဖွဲ့စည်းတည်ဆောက်ပုံတွေဟာ south Boosaule Montes မှာဆိုရင် ပျှမ်းမျှအား ဖြင့်မြေသား(၄)မိုင်လောက်အမြင့်အဆုံး (၁၀.၉)မိုင်လောက်အထိကိုဖြစ်သွားလေ့ရှိပါ တယ်။
တောင်အချို့ဆိုရင် အလွန်ကြီးမား တဲ့မြေသားမှုန်တွေဖွဲ့စည်းပုံနဲ့တစ်ခါတစ်ရံမှာဆိုရင် (၉၈)မိုင်လောက်အထိကိုမြင့်မားသွားလေ့ရှိတတ်ကြောင်းတွေ့ရှိခဲ့ရပါတယ်။ ယင်းနောက်မှာတော့ ခိုင်မြဲတဲ့မြေသားစိုင်အဖြစ် မူလအမြင့်ထက်လျော့နည်းတဲ့ပမာဏနဲ့တောင်တွေဖြစ်လာလေ့ရှိပါတယ်။ Boosaule Montes ကတော့ (၁၀.၉)မိုင်ကနေ (၁၁.၃)မိုင်လောက်အထိမြင့်မားပြီး နေစကြဝဠာ အတွင်းအမြင့်ဆုံးတောင်အဖြစ်ပါဝင်လာခဲ့ပါတယ်။
(၃) Equatorial Ridge
Saturn ဂြိုလ်ကိုပတ်လျက်တည်ရှိတဲ့ဂြိုလ်ငယ်တစ်ခုဖြစ်တဲ့ Iapetus ဟာ စေတန်ရဲ့ တတိယမြောက်အကြီးဆုံးဂြိုလ်ငယ်ဖြစ်ပြီးနေစကြဝဠာအတွင်းမှာတော့ (၁၁)ခုမြောက် အကြီးဆုံးဂြိုလ်ဖြစ်ပါတယ်။ Iapetus ဂြိုလ်ကိုတော့ အရောင်(၂)မျိုးပြောင်းလဲနိင်တဲ့ ဂြိုလ်အဖြစ်လူသိများပြီး (၂၀၀၇)ခုနှစ်ကစတင်တွေ့ရှိခဲ့ပါတယ်။ တွေ့ရှိချက်တွေမှာ တော့ထူးခြားချက်များစွာရှိနေခဲ့ပြီး ယင်းဂြိုလ်ရဲ့(၄)ပုံ(၃)ပုံလောက်ဟာအလွန်ကြီးမားတဲ့ တောင်ကြောကြီးတစ်ခုဟာသွယ်တန်းလျက်ရှိပါတယ်။
Ipetus ရဲ့အီကွေတာမျဉ်းတစ် လျှောက်သွယ်တန်းနေတဲ့ယင်းတောင်တန်းကြီး ကီလိုမီတာ (၁၃၀၀)လောက်ရှည်လျား ပြီး (၁၃)ကီလိုမီတာမြင့်ကာ (၂၀)ကီလိုမီတာအထိကျယ်ဝန်းပါတယ်။ အချို့တောင် ကြောထိပ်တွေကတော့ ပတ်ဝန်းကျင်မှာရှိတဲ့မြေပြင်ထက် (၂၀)ကီလိုမီတာ(၁၂)မိုင်အထိ အထိမြင့်မား ကြတာကိုတွေ့ရပါတယ်။ ယင်းတောင်ကြောကြီးဖြစ်ပေါ်လာရတဲ့ အကြောင်းအရင်းကိုတော့ယခုတိုင်လေ့လာနေ ဆဲဖြစ်ပြီး အကြောင်းပြချက်(၄)ခုလောက် တော့ရှိမယ်လို့ ပညာရှင်တွေက တွတ်ဆထားတာတော့ရှိပါတယ်။ ဘာကြောင့် နေစကြဝဠာအတွင်းမှာအမြင့်ဆုံးသောတောင်ကြောကြီးဖြစ်တဲ့ Equatorial Ridge ဟာ Lapetus ရဲ့အီကွေတာကို ကန့်သတ်ထားသလိုတည်ရှိနေတာကတော့ ဆန်းပြားပါတယ်။
(၂) Olympus Mons
Olympus Mons ဆိုတာကတော့များစွာသောတောင်စွယ်တွေ ဝန်းရံလျက်ရှိတဲ့ Mars ဂြိုလ်ပေါ်ကတောင်ကြီးဖြစ်ပြီး (၁၄)မိုင်လောက်အမြင့်ရှိပါတယ်။ ယင်းပမာဏ ဟာကမ္ဘာအမြင့်ဆုံးတောင်အဖြစ်သတ်မှတ်ထားတဲ့ ဧဝရတ်တောင်ရဲ့ (၃)ဆလောက်ဖြစ် ပြီး Marsဂြိုလ်မှာတော့ Olympus Mons ဟာသက်တမ်းအနုဆုံးနဲ့ အကြီးဆုံးသောမီး တောင်ကြီးဖြစ်ပါတယ်။
Olympus Monsဟာ Mars ရဲ့ Amazonian Peroid အတွင်းဖြစ်တည်ခဲ့တာလို့ယူဆကြပြီး (၁၉)ရာစုနှောင်းပိုင်းကာလကတည်းက နက္ခတ် ဗေဒပညာရှင်တွေစတင်ရှာတွေ့ခဲ့တဲ့ ကမ္ဘာမြေပြင်ပကတောင်ကြီးဖြစ်ပါတယ်။ မူလက တော့ Olympus Mons ရဲ့တည်နေရာအနေအထားကိုတောင်လို့တစ်သတ်မှတ်တည်း မယူဆနိုင်သေးပဲ လူလိုက်ပါခြင်းမရှိတဲ့ အာကာသလေ့လာရေးယာဉ်တွေဆီက ရတဲ့ ဓာတ်ပုံမှတ်တမ်းတွေအပြီးမှသာ Olympus Mons ကိုတောင်အဖြစ်သတ်မှတ်ခဲ့ကြတာ ဖြစ်ပါတယ်။
(၁) Rheasilvia Central Peak
Rheasilvia ဟာ ဂြိုလ်ငယ်တစ်ခုဖြစ်တဲ့ Vesta ရဲ့အထင်ရှားဆုံးသောမျက်နှာပြင်အပိုင်း ဖြစ်ပြီး ဥက္ကာခဲတစ်ခုခုဝင်တိုက်မိခြင်းကြောင့်ဖြစ်ပေါ်လာတဲ့ မီးတောင်ဝကြီးတစ်ခုဖြစ်နိုင်တယ်လို့ ပညာရှင်တွေကသုံးသပ်နေကြပါတယ်။ Rheasilvia ရဲ့အချင်းဟာဆိုရင် (၃၁၄)မိုင်လောက်ကိုကျယ်ဝန်းပြီး (၁၉၉၇)ခုနှစ်လောက်ကတည်းကပညာရှင်တွေက Hubble Space Telescopeကိုအသုံးပြုပြီး ဖွေတွေ့ရှိခဲ့တာဖြစ်ပါတယ်။
ဒါပေမဲ့အမည်ကိုတော့မပေးနိုင်သေးပဲ Dawn အာကာသ စူစမ်းရေးယာဉ်ရောက်ရှိသွားခဲ့တဲ့ (၂၀၁၁)ခုနှစ်အချိန်ရောက်မှသာ Rheasilvia ဆိုတဲ့ အမည်ကိုပေးနိုင်ခဲ့တယ်လို့သိရပါတယ်။ Rheasilvia Central Peak ဟာ(၁၄)မိုင် လောက်အမြင့်ရှိပြီး တောင်ရဲ့ အမည်ကိုတော့ ရောမသမိုင်းဒဏ္ဍာရီထဲက နတ်ဘုရားမလည်း ဖြစ်၊ရောမကိုတည်ထောင်သူတွေဖြစ်တဲ့ Romulus နဲ့ Remus တို့ရဲ့မိခင်လည်းဖြစ်တဲ့ Rhea Silvia ရဲ့အမည်ကိုပေးအပ်ခဲ့ပါတယ်။