လက်ရှိအချိန်ထိနိုင်ငံတကာအာကာသစခန်းကိုနိုင်ငံ(၁၉)နိုင်ငံကနေလာရောက်လည်ပတ်သူပေါင်း (၂၃၉)ယောက်အထိ ရှိခဲ့ပြီးဖြစ်ပါတယ်။ ဒီအထဲမှာ အမေရိကန်က ၁၅၁ယောက် ၊ ရုရှား က ၄၇ယောက် ၊ ဂျပန်က ၉ယောက် ၊ ကနေဒါက ၈ယောက် ၊ အီတလီ ၅ယောက် ၊ ပြင်သစ် ၄ယောက် ၊ ဂျာမန် ၃ယောက် ၊ ဘယ်လ်ဂျီယံ ၊ ဘရာဇီး ၊ ဒိန်းမတ် ၊ ကာဇက်စတန် ၊ မလေးရှား ၊ နယ်သာလန် ၊ တောင်အာဖရိက ၊ တောင်ကိုရီးယား ၊ စပိန် ၊ ဆွီဒင် ၊ ယူအေအီး နဲ့ ယူကေ တို့မှ တစ်ယောက်စီ ပါဝင်ပါတယ်။
ဒီအာကာသစခန်းကို (၂၀၀၀)ပြည့်နှစ် ၊နိုဝင်ဘာလကတည်းက အာကာသ သုတေသနပိုင်းဆိုင်ရာလုပ်ငန်းတွေနဲ့ စတင်လည်ပတ်ခဲ့တယ်လို့သိရပါတယ်။ နိုင်ငံတကာအာကာသစခန်း( International Space Station) မှာ လက်ရှိတာဝန်ထမ်းဆောင်နေသူ (၆)ဦးအထိရှိနေပြီး သူတို့အားလုံးဟာ ကမ္ဘာဂြိုလ်ပတ်လမ်းကြောင်းအတွင်းမှာရှိတဲ့ (၁)စက္ကန့်ကို(၅)မိုင်နှုန်းနဲ့ ကမ္ဘာကိုမိနစ်(၉၀)မှာတစ်ကြိမ်နှုန်းပတ်နေရတဲ့ ဒီစခန်းမှာနေထိုင်ပြီး သုတေသနလုပ်ငန်းတွေကိုလုပ်ဆောင်နေကြတာဖြစ်ပါတယ်။
(၂၄)နာရီပြည့်တိုင်းမှာ နိုင်ငံတကာအာကာသစခန်းဟာ ကမ္ဘာကို(၁၆)ကြိမ်လောက် ပတ်ခဲ့ပြီးဖြစ်ပြီး ကမ္ဘာနေရာအလိုက်နေထွက်ချိန်နဲ့နေဝင်ချိန် (၁၆)ကြိမ်လောက်ကို ဖြတ်သန်းကျော်ဖြတ်ခဲ့ပြီးလည်းဖြစ်ပါတယ်။ နာဆာရဲ့ အမျိုးသမီးအာကာသယာဉ်မှူး Peggy Whitson ဆိုရင် အာကာသထဲမှာ အချိန်အကြာဆုံးနေထိုင်အလုပ်လုပ်ခဲ့သူဖြစ်ပြီး သူကမ္ဘာမြေပေါ်ပြန်ရောက်လာတဲ့ (၂၀၁၇) စက်တင်ဘာ(၂)ရက်နေ့အထိ အာကာသထဲမှာ (၆၆၅)ရက်ကြာအောင်အလုပ်လုပ်ခဲ့ပါ တယ်။
ကမ္ဘာဂြိုလ်ပတ်လမ်းအတွင်းရွေလျားနေတဲ့ နိုင်ငံတကာအာကာသစခန်းကြီးဟာ နေရောင်ကနေစွမ်းအင်ကို ရယူပျံသန်းနေတာကြောင့်လည်း ယင်းယာဉ်ကြီးကို တခါတရံမှာ ကမ္ဘာ့နေရာအချို့က ကောင်းကင်ပေါ်မှာ နံနက်ဝေလီဝေလင်းအချိန်နဲ့ညနေ နေဝင်ဆည်း ဆာချိန်တွေမှာမြင်တွေ့ကောင်း၊မြင်တွေ့နိုင်ပါတယ်။ နိုင်ငံတကာအာကာသစခန်းအတွင်းက အာကာသယာဉ်မှူးတွေနေထိုင်တဲ့နေရာနဲ့အလုပ်လုပ်ရာနေရာဟာ အိပ်ခန်း(၆)ခန်းတွဲပါနေအိမ်( အိပ်ခန်း(၆)ခန်း၊ ရေချိုးခန်း(၂)ခန်း၊ အားကစားခန်းမ၊ (၃၆၀)ဒီဂရီမြင်ကွင်းအထိမြင်နိုင်တဲ့ ဆောင်ထုတ်ပြတင်းပါ) တွေထက်ပိုမိုကြီးမားပါတယ်။
ပညာရှင်တွေဟာ နိုင်ငံတကာအာကာသစခန်းကို ဆွဲငင်အားအလွန်နည်းပါးတဲ့ (microgravity) အခြေအနေကနေ စူးစမ်းလေ့လာမှုတွေပြုလုပ်နေကြတာဖြစ်ပါတယ်။ ပုံမှန်လူတစ်ယောက်အဖို့ ယင်းအခြေအနေမှာဆိုရင် ခန္ဓာကိုယ်မှာရှိတဲ့အရိုးနဲ့ကြွက်သား ဆုံးရှုံးအားနည်းမှုတွေဖြစ်စေနိုင်တာကြောင့် နိုင်ငံတကာအာကာသစခန်းမှာတာဝန်ထမ်းဆောင်နေကြရတဲ့ အာကာသယာဉ်မှူးတွေအနေနဲ့ တစ်နေ့ကိုအနည်းဆုံး(၂)ကြိမ် လောက်လေ့ကျင့်ခန်းပြုလုပ်ပေးဖို့လိုပါတယ်။
ဒါအပြင်သူတို့ဟာ နိုင်ငံတကာအာကာသစခန်း ရဲ့တည်ဆောက်ရေးလုပ်ငန်းတွေ၊ အဆင့်မြင်တင်ရေးလုပ်ငန်းတွေ၊ ထိန်းသိမ်းရေးလုပ်ငန်းတွေကြောင့် (၁၉၉၈)ခုနှစ်၊ဒီဇင်ဘာလကနေယခုအချိန်ထိ အာကာသတွင်း လမ်းလျှောက်မှုအကြိမ်ရေ (၂၂၁)ကြိမ်လောက်ကိုပြုလုပ်ခဲ့ပြီးဖြစ်ပါ တယ်။
နိုင်ငံတကာ အာကာသစခန်းမှာတပ်ဆင်ထားတဲ့ solar array wingspan (နေရောင်ခြည်စွမ်းအင်သုံးတောင်ပံ)တွေဟာဆိုရင် ပေ(၂၄၀)လောက်အရှည်ရှိပါတယ်။ ယင်းပမာဏဟာ လက်ရှိကမ္ဘာပေါ်မှာအကြီးဆုံးလေယာဉ်တွေဖြစ်တဲ့ A380 ထက်ကို ပိုမိုရှည်လျားနေတာဖြစ်ပါတယ်။ နိုင်ငံတကာ အာကာသစခန်း ရဲ့အကြီးဆုံး တည်ဆောက်ရေးအပိုင်းတွေအတွက် အာကာသယာဉ်တွေနဲ့ အခောက်ပေါင်း ၄၂ခေါက်လောက် ပျံသန်းပေးပို့ခဲ့ရတာဖြစ်ပါတယ်။ ဒီ ၄၂ခေါက်မှာ အမေရိကန်အာကာသယာဉ်တွေနဲ့က အခေါက်ပေါင်း ၃၇ခေါက်ဖြစ်ပြီး ရုရှား Proton/Soyuz ရော့ကတ်တွေနဲ့က ၅ ကြိမ် ဖြစ်ပါတယ်။
လျှပ်စစ်စွမ်းအင်တွေကိုလည်း နိုင်ငံတကာအာကာသစခန်း အတွင်းအသုံးပြုထားပြီး စုစုပေါင်းဝါယာကြိုးအရှည်(၈)မိုင်လောက်ကိုအသုံးပြုပြီးယာဉ်အတွင်းဆက်သွယ်ထားပါတယ်။ တစ်ကြိမ်မှာဆိုရင်လူလိုက်ပါတဲ့ အာကာသယာဉ်(၆)စီး နဲ့ နိုင်ငံတကာအာကာသစခန်းကို ချိတ်ဆက်နိုင်ပါတယ်။ အာကာသလွန်းပြန်ယာဉ်တစ်စီးအနေနဲ့ ကမ္ဘာမြေကနေ နိုင်ငံတကာအာကာသစခန်း ကိုရောက်ရန်ကြာချိန်ဟာ (၆) နာရီကြာမြင့်မှာဖြစ်ပါတယ်။
စခန်းမှာရှိတဲ့အာကာသယာဉ်မှူးတွေအတွက် ထောက်ပို့ ပစ္စည်းတွေနဲ့ သိပ္ပံပညာရပ်ဆိုင်ရာအထောက်အကူပစ္စည်းတင်ပို့တဲ့ cargo spacecraft (အာကာသယာဉ်) မတူညီတဲ့အမျိုးအစား(၄)မျိုးအထိရှိပါတယ်။ ယင်းယာဉ်တွေအမည် ကတော့ Northrop Grumman’s Cygnus ၊ SpaceX’s Dragon ၊ JAXA’s HTV နဲ့ Russian Progress တို့ဖြစ်ပါတယ်။
Microgravity laboratory ပုံစံတည်ရှိနေတဲ့ နိုင်ငံတကာအာကာသစခန်းဟာလက်ရှိအချိန်ထိ အာကာသသိပ္ပံဆိုင်ရာစူးစမ်းလေ့လာ ရေးခရီးစဉ် (၅၈)ခုအထိ လက်ခံဆောင်ရွက်ပေးနိုင်ခဲ့ပြီး နိုင်ငံပေါင်း (၁၀၃)နိုင်ငံကျော် ကပညာရှင်တွေရဲ့ တွေ့ရှိမှုပေါင်း (၂၇၀၀)ထက်မနည်းကို အထောက်အကူပြုပေးနိုင်ခဲ့ပါတယ်။
၂၀၁၉ ခုနှစ်မတ်လက ဆိုရင် ဒီအာကာသစခန်းပတ်ခဲ့တဲ့ အပတ်ရေပေါင်းက ၁၁၆၁၇၈ပတ် ရှိခဲ့ပြီဖြစ်ပြီး ယင်းမှာတာဝန်ထမ်းဆောင်နေတဲ့အာကာသယာဉ်မှူးတွေကလည်း သန်းနဲ့ချီတဲ့ ကမ္ဘာ တည်နေရာပြပုံတွေနဲ့ အခြားပုံတွေကိုရိုက်ကူးမှတ်တမ်းတင်နိုင်ခဲ့ပါတယ်။ အမျိုးအစားမတူညီတဲ့သုသေသနပစ္စည်းတစ်ကြိမ်လျှင်အမယ်(၂၀)လောက်ဟာ နိုင်ငံတကာအာကာသစခန်းရဲ့အပြင်ဘက်မှာ စုပုံထားရှိနိုင်ပါတယ်။ ယင်းပစ္စည်းတွေကတော့ ကမ္ဘာ ကနေပေးပို့လိုက်တဲ့ပစ္စည်းကိရိယာတွေ၊ သိပ္ပံနည်းပညာဆိုင်ရာပစ္စည်းတွေ၊ Alpha Magnetic Spectrometer-02 ကဲ့သို့သော ဒြပ်မှုန်လေ့လာရေးပစ္စည်း တွေပါဝင် နေပါတယ်။
နိုင်ငံတကာအာကာသစခန်းဟာယခုချိန်ထိ ကမ္ဘာကနေ လအထိ အသွားအပြန်ခရီးအကွာအဝေးအထိသွားရောက်ခဲ့ပြီးဖြစ်ကာ နောက်ပိုင်းမှာတော့ ယာဉ်ရဲ့ Water Recovery system လျော့ချပြီးသုံးစွဲနေတဲ့ရေရဲ့(၆၅)ရာခိုင်နှုန်းလောက်(အရင် တစ်နေ့ကို ၁ဂါလံကနေ ၁/၃ ဂါလံသို့) ကို အာကာသပို့ ဆောင်ရေးယာဉ်ကနေပဲ တိုက်ရိုက်ပို့ဆောင်ပေးပါတယ်။ စခန်းရဲ့ဘေးကင်းလုံခြုံရေး အတွက် ဂြိုလ်ပတ်လမ်းအတွင်းမှာပဲ အာရုံခံ software monitors (၃၅၀ ၀၀၀)လောက်တပ် ဆင်ထားပြီး စခန်းအတွင်းပိုင်းက ကမ္ဘာလေထုဖိအားနဲ့တူညီအောင်စီမံထားတဲ့ထုထည် ကတော့ ကမ္ဘာပေါ်မှာပြေးဆွဲနေတဲ့ Boeing 747 လေယာဉ်တွေအတွင်းပိုင်းလေဖိအား နဲ့တူညီပါတယ်။
အာကာသစခန်းတစ်ခုလုံးရဲ့ထိန်းချုပ်ရေးစနစ်ကို ကွန်ပျူတာအလုံး (၅၀)ကျော်လောက်ကိုအသုံးပြုထားပါတယ်။ မြေပြင်ဆိုင်ရာဆက်သွယ်ရေးလုပ်ငန်း တွေအတွက် အာကာသစခန်းအတွင်းမှာ ဆော့ဝဲကုတ်လိုင်းပေါင်း (၃)သန်းကျော် လောက်တည်ရှိပြီး ဝေဟင်ဆက်သွယ်ရေးစနစ်အတွက်တော့ ဆော့ဝဲကုတ်နံပါတ် (၁.၅)သန်းကျော်လောက်ရှိနေတယ်လို့သိရပါတယ်။ နိုင်ငံတကာအာကာသစခန်းအ တွင်းမှာပါဝင်နေတဲ့ အမေရိကန်ရဲ့အပိုင်းတစ်ခုတည်းမှာတင် flight software code လိုင်းပေါင်း (၁.၅)သန်းလောက်ဟာdate nerwork (၁၀၀)လောက်ပါဝင်နေတဲ့ ကွန်ပျူတာ (၄၄)လုံးရဲ့ထိန်းချုပ်မှုအောက်မှာရှိနေပါတယ်။ ယင်းကွန်ယက်အတွင်းမှာပဲ လေထုဖိအား၊အပူချိန်၊နဲ့ ယာဉ်ရဲ့တည်နေရာကိုပြတဲ့ အချက်ပြစနစ်ပေါင်း ( ၄၀၀ ၀၀၀)လောက်အထိထုတ်လွှင့် ပြသနေပါတယ်။
နိုင်ငံတကာအာကာသစခန်းရဲ့ Pressurized Module Length (အာကာသတွင်းကလေ ထုဖိအားကို ကမ္ဘာလေထုဖိအားနဲ့တူညီအောင်စီမံထားတဲ့အပိုင်း) ဟာ (၁၆၇.၃)ပေ အထိရှိပါတယ်။ ယာဉ်ကိုထောက်ကန်ထားတဲ့အစိတ်အပိုင်းကတော့ (၃၅၇.၅)ပေ လောက်ရှိပြီး ယာဉ်ရဲ့စွမ်းအင်ကိုထုတ်ပေးတဲ့ Solar Array ရဲ့အရှည်က တော့ (၂၃၉.၄)ပေအထိရှည်လျားပါတယ်။ နိုင်ငံတကာအာကာသစခန်းတစ်ခုလုံးရဲ့ အလေးချိန်ကတော့ ( ၉၂၅ ၃၃၅)ပေါင်လောက်ရှိပြီးလူနေထိုင်နိုင်လောက်တဲ့အပိုင်းက တော့ ယာဉ်ရပ်နားတဲ့နေရာတွေမပါ (၁၃၆၉၆) ကုဗပေရှိပါတယ်။ Pressureized ထုထည်ကတော့ (၃၂ ၃၃၃)ကုဗပေ၊ယာဉ်ရဲ့အနံအကျယ်ကတော့ (၃၂ ၈၉၈)ကုဗပေ ရှိပြီး (၇၅)ကနေ (၉၀)ကီလိုဝပ်အထိဓာက်အားထုတ်လုပ်ပေးနိုင်တဲ့ Solar arrays (၈) ခုလောက်ကိုအသုံးပြုတည်ဆောက်ထားတာဖြစ်တယ်လို့သိရပါတယ်။
Discussion about this post