Saturday, March 6, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

နာဇီတို့ရဲ့ အကျဉ်းသားများအပေါ် ထိတ်လန့်ဖွယ် စမ်းသပ်ချက်များ

by Thutamm
October 14, 2019
Reading Time: 1min read
0
နာဇီတို့ရဲ့ အကျဉ်းသားများအပေါ် ထိတ်လန့်ဖွယ် စမ်းသပ်ချက်များ
Share on FacebookShare on Twitter

(Unicode)

ဒုတိယကမ္ဘာစစ်အတွင်းက နာဇီတွေလုပ်ဆောင်ခဲ့တဲ့ ကြောက်ရွံထိတ်လန့်စရာ ရက်စက်မှုတွေဟာ အဆိုးရွားဆုံးဖြစ်ရပ်တွေဖြစ်ကြောင်းသိကြပြီးဖြစ်မှာပါ။ Holocust လို့ ခေါင်းစဉ်တပ်ထားတဲ့ လူမျိုးတုန်းသက်ဖြတ်မှုတွေဟာ သမိုင်းမှာအကျည်းတန်စေခဲ့ပြီး ဂျူးလူမျိုးသန်းနဲ့ချီပြီးသေဆုံးခဲ့ရပါတယ်။ နာဇီတို့ရဲ့ အမျိုးစုံသောရက်စက်မှုတွေထဲက အခြားလူသိနည်းတဲ့အကြောင်းအရာတွေရှိ ပါသေးတယ်။

ဒါတွေကတော့ ဂျာမန်အကျဉ်းထောင်တွေထဲက လူသားတွေကိုအစမ်းသပ်ခံတွေအဖြစ်ထားရှိပြီး သမရိုးကျမဟုတ်တဲ့ နည်းပညာတွေကိုစမ်းသပ်ခဲ့တာပါ။ရလဒ်အနေနဲ့ အစမ်းသပ်ခံတဲ့သူအဖို့မှာ အချိန်အကြာကြီးနာကျင်မှုကိုခံစားရပြီး နောက်ဆုံးမှာတော့ မချိမဆန့်သေဆုံးခဲ့ရတာပဲဖြစ်ပါတယ်။ ရက်စက်လွန်းတဲ့စမ်းသပ်ချက်တွေဖြစ်ပေမယ့် တချို့စမ်းသပ်ချက်ရဲ့တွေ့ရှိမှုတွေကတော့ လူသားတွေကို အကျိုးပြုခဲ့ပါတယ်။ ဒီတစ်ခါတော့ နာဇီတို့ရဲ့ လူသားများအပေါ် အရက်စက်ဆုံးသောလက်တွေ့စမ်းသပ်ချက်တချို့ကို ဗဟုသုတ အနေနဲ့မျှဝေလိုက်ပါတယ်။

(၁) ပင်လယ်ဆားငန်ရေစမ်းသပ်ချက်

ပင်လယ်ရေကို သောက်နိုင်/မသောက်နိုင် လက်တွေ့စမ်းသပ်ချက်ကိုတော့ Dachau စစ်ကြောရေးအကျဉ်းစခန်းက အကျဉ်းသားတွေနဲ့ စမ်းသပ်ခဲ့ပါတယ်။အကျဉ်းသားတွေကို အစားအစာနဲ့ ရေမတိုက်ကျွေးပဲ အုပ်စုလေးအုပ်စုခွဲထားလိုက်ပါတယ်။ပထမအုပ်စုကို ရေလုံးဝမတိုက်ပါဘူး။ ဒုတိယအုပ်စုကို ပင်လယ်ရေပဲတိုက်ပါတယ်။ တတိယအုပ်စုကိုတော့ Berka method(အဓိကသူတို့စမ်းသပ်တဲ့ နည်းလမ်းရရှိတဲ့ရေကို)သောက်စေပါတယ်။ စတုတ္ထအုပ်စုကိုတော့ ဆားမပျော်ဝင်အောင်စီမံထားတဲ့ ပင်လယ်ရေကို အတင်းအကျပ်သောက်စေပါတယ်။ မသောက်နိုင်တဲ့သူတွေကိုတော့ သွေးကြောထဲကို အပ်နဲ့ထိုးသွင်းစေပါတယ်။

လူသားတွေအတွက်ဘေးထွက်ဆိုးကျိုး အများကြီးပါပြီး စည်းစနစ်ကျနစွာ သန့်စင်ခြင်းမရှိတဲ့ရေကို နေ့စဉ်တိုက်ကျွေးခဲ့ရသူတွေဟာ ဝမ်းလျောခြင်း၊အကြောဆွဲရောဂါခံစားလာရခြင်း၊ သွေးလေခြောက်ခြားလာခြင်း၊ ရူးသွပ်သွားခြင်း နဲ့ နောက်ဆုံးမှာ သေဆုံးကုန်ကြရပါတယ်။ဒီစမ်းသပ်ချက်ဟာ အောင်မြင်မှုမရှိပဲ အသည်းနဲ့ ကျောရိုးဆိုင်ရာ ရောဂါတွေသာ ရရှိနိုင်တယ် လို့ နောက်ဆုံးမှာ နာဇီပညာရှင်တွေက မှတ်တမ်းတင်ခဲ့ကြပါတယ်။ ဒီစမ်းသပ်ချက်ဟာ အလွန်ဆိုးရွားခဲ့ပြီး အစမ်းသပ်ခံ အကျဉ်းသားအများစုဟာ ကြီးစွာပျက်စီးဆုံးရှုံးခဲ့ရပါတယ်။

(၂) အဆိပ်အတောက်ဆိုင်ရာ စမ်းသပ်ချက်

ဒီစမ်းသပ်ချက်ကို ပိုလန်နိုင်ငံက နာမည်ကျော် ဘရန်းရှဝတ်(Buchenwald)အကျဉ်းစခန်းက ဂျူးအကျဉ်းသားတွေနဲ့ စမ်းသပ်ခဲ့တာပါ။၁၉၄၃ ခုနှစ်မှာ ယင်းအကျဉ်းထောင်မှာရှိတဲ့ အကျဉ်သားအချို့ကို အဆိပ်တွေလျို့ဝှက်တိုက်ကျွေးပြီး အဆိပ်ရဲ့ပြင်းအားကို လူတစ်ဦးချင်းရဲ့ခံနိုင်ရည်အားနဲ့ အချိုးကျတွက်ချက်ပြီး စမ်းသပ်ခဲ့တာပါ။ အဆိပ်ကိုတော့ အစားအစာတွေထဲထည့်သွင်းပြီး ကျွေးခဲ့တာပါ။ လူအများစုကတော့ အဆိပ်ဒဏ်ကြောင့် အချိန်အနည်းငယ်မှာသေဆုံးခဲ့ပါတယ်။

သေဆုံးပြီးသူတွေကို ပြန်လည်ခွဲစိတ်ပြီး အစာအိမ်ထဲရောက်ရှိသွားတဲ့ အဆိပ်ပမာဏကို တိုင်းတာကြတာပါ။ တစ်နှစ်ခန့်ကြာတဲ့အခါမှာတော့ အစားအစာနဲ့တောင် မစမ်းသပ်တော့ပဲ ဒီအဆိပ်ပါတဲ့သေနတ်ကျည်ဆံနဲ့ အကျဉ်းသားတွေကိုပတ်ခတ်ပြီး ရုပ်အလောင်းတွေကိုပြန်လည်ခွဲစိတ်ကာ သူတို့တီထွင်တဲ့အဆိပ်ရဲ့ပြင်းအား အချက်အလက်ကိုရယုူပါတော့တယ်။ ဒီစမ်းသပ်ချက်ကို ကြားသိရတဲ့သူတိုင်းအံသြတုန်လှုပ်ကြမှာပဲ ဖြစ်ပါတယ်။

(၃) အရိုး၊ ကြွက်သား နဲ့ ဦးနှောက်ပြန်လည်အစားထိုးကုသခြင်း နဲ့ အရိုးအဆစ်ပွားခြင်း

ဒီစမ်းသပ်ချက်ကိုတော့ Ravensbruck အကျဉ်းထောင်က ဖမ်းဆီးခံအကျဉ်းသားတွေနဲ့ တစ်နှစ်လောက် စမ်းသပ်ခဲ့တာပဲဖြစ်ပါတယ်။ ရည်ရွယ်ချက်ကတော့ ဦးနှောက်ခွဲစိတ်ခြင်း အပါအဝင် လူခန္ဓာကိုယ်မှာရှိတဲ့ အစိတ်အပိုင်းတွေကို ပြောင်းလဲတပ်ဆင်နိုင်ရန်အတွက် ဖြစ်ပါတယ်။အကြောင်းတစ်ခုခုကြောင့် ဆုံးရူံးသွားရတဲ့ လူခန္ဓာကိုယ်နေရာအသီးသီးက အရိုးတွေကို အပင်တွေမှာကိုင်းကူးသလို ခန္ဓာကိုယ်အတွင်းကပဲ အသစ်ပြန်လည်ထွက်ပေါ်လာနိုင်တဲ့ ကုထုံးကို အကောင်အထည်ဖော်ချင်နေတာပါ။

အောင်မြင်မယ့် အနေအထားမရှိတာကို သိပေမယ့် အတင်းဇွတ်ရှေတိုးသလိုစမ်းသပ်ခဲ့ကြပါတယ်။ နာဇီဆရာဝန်တွေဟာ အကျဉ်းသားတွေရဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းက အရိုး၊ကြွက်သား၊အစိတ်အပိုင်းများစွာကို ခွဲစိတ်ရယူပြီး အခြားလှီးဖြတ်ပြီးအကျဉ်းသားတွေရဲ့ အစိတ်အပိုင်းတွေနဲ့ စမ်းသပ်အစားထိုးခဲ့ပါတယ်။ဒီစမ်းချက်မှာ များစွာသောအကျဉ်းသားတွေဟာ မခံမရပ်နိုင်အောင် ဝေဒနာခံစားရပြီး အသက်မသေခဲ့ရင်တောင် ဒုက္ခိတတစ်ယောက်အဖြစ် ကျန်သက်တမ်းတွေမှာ နေသွားကြရပါတယ်။

(၄) ငှက်ဖျားရောဂါစမ်းသပ်ချက်

နာဇီတွေဟာ သူတို့ရဲ့စမ်းသပ်ချက်တွေကို ဒုတိယကမ္ဘာစစ်ဖြစ်နေတဲ့ ကာလအတွင်း သုံးနှစ်ကျော်လောက်အထိ စမ်းသပ်ခဲ့ပါတယ်။ရှေတန်းစစ်မျက်နှာတွေမှာ တိုက်ခိုက်နေရတဲ့ ဂျာမနီစစ်သည်တွေဟာ ငှက်ဖျားရောဂါကြောင့် သေကြေပျက်ဆီးမှုများလာတာကြောင့် နာဇီတာဝန်ရှိသူတွေဟာ ဒီစမ်းသပ်ချက်ကို ဆောင်ရွက်ရဖို့ဖြစ်လာတာပါ။ Dachau အကျဉ်းစခန်းမှာရှိတဲ့ ကျန်းမာရေးကောင်းမွန်သော အကျဉ်းသား(၁၀၀၀)ခန့်ကို ငှက်ဖျားရောဂါဖြစ်စေတဲ့ခြင်တွေရဲ့ ကိုက်ခဲခြင်းကိုခံရအောင် အရင်စီမံပါတယ်။

မကြာခင်မှာပဲ ဒီလူတွေဟာ ငှက်ဖျားရောဂါစတင်ခံစားလာရပါတော့တယ်။ အဲဒီနောက်မှာတော့ နာဇီဆရာဝန်တွေဖော်စပ်ထားတဲ့ အမျိုးမျိုးသော ငှက်ဖျားပျောက်ဆေးပြင်းတွေကို တိုက်ကျွေးပါတော့တယ်။တစ်ခါတည်း အမြစ်ဖြတ်ဆေးတွေဖြစ်တာကြောင့် ပြင်းထန်လွန်ပြီး နေ့စဉ်သောက်သုံးနေရတာကြောင့် သေဆုံးသူအများအပြားရှိခဲ့ပါတယ်။ကျန်ရှိတဲ့သူတွေမှာလည်း အာရုံကြောဆိုင်ရာ ဝေဒနာတွေကို ဆိုးရွားစွာခံစားရပြီး လှုပ်ရှားပြောဆိုနိုင်ခြင်း မရှိအောင်ဖြစ်ခဲ့ရပါတယ်။

(၅)မီးလောင်ဗုံးစမ်းသပ်ချက်

၁၉၄၃-၁၉၄၄ ခုနှစ်မှာတော့ မီးလောင်ဗုံးမှာပါတဲ့ ဖော့စဖော ရပ်လောင်ကျွမ်းမှုကို ဆေးပညာနည်းအရကုသနိုင်မဲ့နည်းကို အကျဉ်းသားတွေကိုအသုံးပြုပြီး Buchenwald အကျဉ်းထောင်မှာ စမ်းသပ်ခဲ့ကြပါတယ်။အရင်ဆုံး အကျဉ်းသားတွေရဲ့အသားကို ဖောစဖောရပ်ဓာက်နဲ့ လောင်ကျွမ်းစေပြီး ဒဏ်ရာအနာတရဖြစ်လာကာမှ သူတို့တီထွင်ထားတဲ့ ကုသနည်းအတိုင်း စမ်းသပ်ကုသကြတာပါ။ အစမ်းသပ်ခံလူသားတွေအတွက်တော့ များစွာသောနာကျင်မှုကို မချိမဆန့်ခံစားခဲ့ကြရပါတယ်။

(Zawgyi)

နာဇီတို႔ရဲ႕ အက်ဥ္းသားမ်ားအေပၚ ထိတ္လန႔္ဖြယ္ စမ္းသပ္ခ်က္မ်ား

ဒုတိယကမာၻစစ္အတြင္းက နာဇီေတြလုပ္ေဆာင္ခဲ့တဲ့ ေၾကာက္႐ြံထိတ္လန႔္စရာ ရက္စက္မႈေတြဟာ အဆိုး႐ြားဆုံးျဖစ္ရပ္ေတြျဖစ္ေၾကာင္းသိၾကၿပီးျဖစ္မွာပါ။ Holocust လို႔ ေခါင္းစဥ္တပ္ထားတဲ့ လူမ်ိဳးတုန္းသက္ျဖတ္မႈေတြဟာ သမိုင္းမွာအက်ည္းတန္ေစခဲ့ၿပီး ဂ်ဴးလူမ်ိဳးသန္းနဲ႔ခ်ီၿပီးေသဆုံးခဲ့ရပါတယ္။ နာဇီတို႔ရဲ႕ အမ်ိဳးစုံေသာရက္စက္မႈေတြထဲက အျခားလူသိနည္းတဲ့အေၾကာင္းအရာေတြရွိ ပါေသးတယ္။

ဒါေတြကေတာ့ ဂ်ာမန္အက်ဥ္းေထာင္ေတြထဲက လူသားေတြကိုအစမ္းသပ္ခံေတြအျဖစ္ထားရွိၿပီး သမ႐ိုးက်မဟုတ္တဲ့ နည္းပညာေတြကိုစမ္းသပ္ခဲ့တာပါ။ရလဒ္အေနနဲ႔ အစမ္းသပ္ခံတဲ့သူအဖို႔မွာ အခ်ိန္အၾကာႀကီးနာက်င္မႈကိုခံစားရၿပီး ေနာက္ဆုံးမွာေတာ့ မခ်ိမဆန႔္ေသဆုံးခဲ့ရတာပဲျဖစ္ပါတယ္။ ရက္စက္လြန္းတဲ့စမ္းသပ္ခ်က္ေတြျဖစ္ေပမယ့္ တခ်ိဳ႕စမ္းသပ္ခ်က္ရဲ႕ေတြ႕ရွိမႈေတြကေတာ့ လူသားေတြကို အက်ိဳးျပဳခဲ့ပါတယ္။ ဒီတစ္ခါေတာ့ နာဇီတို႔ရဲ႕ လူသားမ်ားအေပၚ အရက္စက္ဆုံးေသာလက္ေတြ႕စမ္းသပ္ခ်က္တခ်ိဳ႕ကို ဗဟုသုတ အေနနဲ႔မွ်ေဝလိုက္ပါတယ္။

(၁) ပင္လယ္ဆားငန္ေရစမ္းသပ္ခ်က္

ပင္လယ္ေရကို ေသာက္ႏိုင္/မေသာက္ႏိုင္ လက္ေတြ႕စမ္းသပ္ခ်က္ကိုေတာ့ Dachau စစ္ေၾကာေရးအက်ဥ္းစခန္းက အက်ဥ္းသားေတြနဲ႔ စမ္းသပ္ခဲ့ပါတယ္။အက်ဥ္းသားေတြကို အစားအစာနဲ႔ ေရမတိုက္ေကြၽးပဲ အုပ္စုေလးအုပ္စုခြဲထားလိုက္ပါတယ္။ပထမအုပ္စုကို ေရလုံးဝမတိုက္ပါဘူး။ ဒုတိယအုပ္စုကို ပင္လယ္ေရပဲတိုက္ပါတယ္။ တတိယအုပ္စုကိုေတာ့ Berka method(အဓိကသူတို႔စမ္းသပ္တဲ့ နည္းလမ္းရရွိတဲ့ေရကို)ေသာက္ေစပါတယ္။ စတုတၳအုပ္စုကိုေတာ့ ဆားမေပ်ာ္ဝင္ေအာင္စီမံထားတဲ့ ပင္လယ္ေရကို အတင္းအက်ပ္ေသာက္ေစပါတယ္။ မေသာက္ႏိုင္တဲ့သူေတြကိုေတာ့ ေသြးေၾကာထဲကို အပ္နဲ႔ထိုးသြင္းေစပါတယ္။

လူသားေတြအတြက္ေဘးထြက္ဆိုးက်ိဳး အမ်ားႀကီးပါၿပီး စည္းစနစ္က်နစြာ သန႔္စင္ျခင္းမရွိတဲ့ေရကို ေန႔စဥ္တိုက္ေကြၽးခဲ့ရသူေတြဟာ ဝမ္းေလ်ာျခင္း၊အေၾကာဆြဲေရာဂါခံစားလာရျခင္း၊ ေသြးေလေျခာက္ျခားလာျခင္း၊ ႐ူးသြပ္သြားျခင္း နဲ႔ ေနာက္ဆုံးမွာ ေသဆုံးကုန္ၾကရပါတယ္။ဒီစမ္းသပ္ခ်က္ဟာ ေအာင္ျမင္မႈမရွိပဲ အသည္းနဲ႔ ေက်ာ႐ိုးဆိုင္ရာ ေရာဂါေတြသာ ရရွိႏိုင္တယ္ လို႔ ေနာက္ဆုံးမွာ နာဇီပညာရွင္ေတြက မွတ္တမ္းတင္ခဲ့ၾကပါတယ္။ ဒီစမ္းသပ္ခ်က္ဟာ အလြန္ဆိုး႐ြားခဲ့ၿပီး အစမ္းသပ္ခံ အက်ဥ္းသားအမ်ားစုဟာ ႀကီးစြာပ်က္စီးဆုံးရႈံးခဲ့ရပါတယ္။

(၂) အဆိပ္အေတာက္ဆိုင္ရာ စမ္းသပ္ခ်က္

ဒီစမ္းသပ္ခ်က္ကို ပိုလန္ႏိုင္ငံက နာမည္ေက်ာ္ ဘရန္းရွဝတ္(Buchenwald)အက်ဥ္းစခန္းက ဂ်ဴးအက်ဥ္းသားေတြနဲ႔ စမ္းသပ္ခဲ့တာပါ။၁၉၄၃ ခုႏွစ္မွာ ယင္းအက်ဥ္းေထာင္မွာရွိတဲ့ အက်ဥ္သားအခ်ိဳ႕ကို အဆိပ္ေတြလ်ိဳ႕ဝွက္တိုက္ေကြၽးၿပီး အဆိပ္ရဲ႕ျပင္းအားကို လူတစ္ဦးခ်င္းရဲ႕ခံႏိုင္ရည္အားနဲ႔ အခ်ိဳးက်တြက္ခ်က္ၿပီး စမ္းသပ္ခဲ့တာပါ။ အဆိပ္ကိုေတာ့ အစားအစာေတြထဲထည့္သြင္းၿပီး ေကြၽးခဲ့တာပါ။ လူအမ်ားစုကေတာ့ အဆိပ္ဒဏ္ေၾကာင့္ အခ်ိန္အနည္းငယ္မွာေသဆုံးခဲ့ပါတယ္။

ေသဆုံးၿပီးသူေတြကို ျပန္လည္ခြဲစိတ္ၿပီး အစာအိမ္ထဲေရာက္ရွိသြားတဲ့ အဆိပ္ပမာဏကို တိုင္းတာၾကတာပါ။ တစ္ႏွစ္ခန႔္ၾကာတဲ့အခါမွာေတာ့ အစားအစာနဲ႔ေတာင္ မစမ္းသပ္ေတာ့ပဲ ဒီအဆိပ္ပါတဲ့ေသနတ္က်ည္ဆံနဲ႔ အက်ဥ္းသားေတြကိုပတ္ခတ္ၿပီး ႐ုပ္အေလာင္းေတြကိုျပန္လည္ခြဲစိတ္ကာ သူတို႔တီထြင္တဲ့အဆိပ္ရဲ႕ျပင္းအား အခ်က္အလက္ကိုရယုူပါေတာ့တယ္။ ဒီစမ္းသပ္ခ်က္ကို ၾကားသိရတဲ့သူတိုင္းအံၾသတုန္လႈပ္ၾကမွာပဲ ျဖစ္ပါတယ္။

(၃) အ႐ိုး၊ ႂကြက္သား နဲ႔ ဦးေႏွာက္ျပန္လည္အစားထိုးကုသျခင္း နဲ႔ အ႐ိုးအဆစ္ပြားျခင္း

ဒီစမ္းသပ္ခ်က္ကိုေတာ့ Ravensbruck အက်ဥ္းေထာင္က ဖမ္းဆီးခံအက်ဥ္းသားေတြနဲ႔ တစ္ႏွစ္ေလာက္ စမ္းသပ္ခဲ့တာပဲျဖစ္ပါတယ္။ ရည္႐ြယ္ခ်က္ကေတာ့ ဦးေႏွာက္ခြဲစိတ္ျခင္း အပါအဝင္ လူခႏၶာကိုယ္မွာရွိတဲ့ အစိတ္အပိုင္းေတြကို ေျပာင္းလဲတပ္ဆင္ႏိုင္ရန္အတြက္ ျဖစ္ပါတယ္။အေၾကာင္းတစ္ခုခုေၾကာင့္ ဆုံး႐ူံးသြားရတဲ့ လူခႏၶာကိုယ္ေနရာအသီးသီးက အ႐ိုးေတြကို အပင္ေတြမွာကိုင္းကူးသလို ခႏၶာကိုယ္အတြင္းကပဲ အသစ္ျပန္လည္ထြက္ေပၚလာႏိုင္တဲ့ ကုထုံးကို အေကာင္အထည္ေဖာ္ခ်င္ေနတာပါ။

ေအာင္ျမင္မယ့္ အေနအထားမရွိတာကို သိေပမယ့္ အတင္းဇြတ္ေရွတိုးသလိုစမ္းသပ္ခဲ့ၾကပါတယ္။ နာဇီဆရာဝန္ေတြဟာ အက်ဥ္းသားေတြရဲ႕ ခႏၶာကိုယ္အစိတ္အပိုင္းက အ႐ိုး၊ႂကြက္သား၊အစိတ္အပိုင္းမ်ားစြာကို ခြဲစိတ္ရယူၿပီး အျခားလွီးျဖတ္ၿပီးအက်ဥ္းသားေတြရဲ႕ အစိတ္အပိုင္းေတြနဲ႔ စမ္းသပ္အစားထိုးခဲ့ပါတယ္။ဒီစမ္းခ်က္မွာ မ်ားစြာေသာအက်ဥ္းသားေတြဟာ မခံမရပ္ႏိုင္ေအာင္ ေဝဒနာခံစားရၿပီး အသက္မေသခဲ့ရင္ေတာင္ ဒုကၡိတတစ္ေယာက္အျဖစ္ က်န္သက္တမ္းေတြမွာ ေနသြားၾကရပါတယ္။

(၄) ငွက္ဖ်ားေရာဂါစမ္းသပ္ခ်က္

နာဇီေတြဟာ သူတို႔ရဲ႕စမ္းသပ္ခ်က္ေတြကို ဒုတိယကမာၻစစ္ျဖစ္ေနတဲ့ ကာလအတြင္း သုံးႏွစ္ေက်ာ္ေလာက္အထိ စမ္းသပ္ခဲ့ပါတယ္။ေရွတန္းစစ္မ်က္ႏွာေတြမွာ တိုက္ခိုက္ေနရတဲ့ ဂ်ာမနီစစ္သည္ေတြဟာ ငွက္ဖ်ားေရာဂါေၾကာင့္ ေသေၾကပ်က္ဆီးမႈမ်ားလာတာေၾကာင့္ နာဇီတာဝန္ရွိသူေတြဟာ ဒီစမ္းသပ္ခ်က္ကို ေဆာင္႐ြက္ရဖို႔ျဖစ္လာတာပါ။ Dachau အက်ဥ္းစခန္းမွာရွိတဲ့ က်န္းမာေရးေကာင္းမြန္ေသာ အက်ဥ္းသား(၁၀၀၀)ခန႔္ကို ငွက္ဖ်ားေရာဂါျဖစ္ေစတဲ့ျခင္ေတြရဲ႕ ကိုက္ခဲျခင္းကိုခံရေအာင္ အရင္စီမံပါတယ္။

မၾကာခင္မွာပဲ ဒီလူေတြဟာ ငွက္ဖ်ားေရာဂါစတင္ခံစားလာရပါေတာ့တယ္။ အဲဒီေနာက္မွာေတာ့ နာဇီဆရာဝန္ေတြေဖာ္စပ္ထားတဲ့ အမ်ိဳးမ်ိဳးေသာ ငွက္ဖ်ားေပ်ာက္ေဆးျပင္းေတြကို တိုက္ေကြၽးပါေတာ့တယ္။တစ္ခါတည္း အျမစ္ျဖတ္ေဆးေတြျဖစ္တာေၾကာင့္ ျပင္းထန္လြန္ၿပီး ေန႔စဥ္ေသာက္သုံးေနရတာေၾကာင့္ ေသဆုံးသူအမ်ားအျပားရွိခဲ့ပါတယ္။က်န္ရွိတဲ့သူေတြမွာလည္း အာ႐ုံေၾကာဆိုင္ရာ ေဝဒနာေတြကို ဆိုး႐ြားစြာခံစားရၿပီး လႈပ္ရွားေျပာဆိုႏိုင္ျခင္း မရွိေအာင္ျဖစ္ခဲ့ရပါတယ္။

(၅)မီးေလာင္ဗုံးစမ္းသပ္ခ်က္

၁၉၄၃-၁၉၄၄ ခုႏွစ္မွာေတာ့ မီးေလာင္ဗုံးမွာပါတဲ့ ေဖာ့စေဖာ ရပ္ေလာင္ကြၽမ္းမႈကို ေဆးပညာနည္းအရကုသႏိုင္မဲ့နည္းကို အက်ဥ္းသားေတြကိုအသုံးျပဳၿပီး Buchenwald အက်ဥ္းေထာင္မွာ စမ္းသပ္ခဲ့ၾကပါတယ္။အရင္ဆုံး အက်ဥ္းသားေတြရဲ႕အသားကို ေဖာစေဖာရပ္ဓာက္နဲ႔ ေလာင္ကြၽမ္းေစၿပီး ဒဏ္ရာအနာတရျဖစ္လာကာမွ သူတို႔တီထြင္ထားတဲ့ ကုသနည္းအတိုင္း စမ္းသပ္ကုသၾကတာပါ။ အစမ္းသပ္ခံလူသားေတြအတြက္ေတာ့ မ်ားစြာေသာနာက်င္မႈကို မခ်ိမဆန႔္ခံစားခဲ့ၾကရပါတယ္။

Tags: amazingkaung htetmilitaryworld history

Related Posts

လင်းပိုင် နဲ့ လင်းရှူး ဘာကွာသလဲ
Knowledge

လင်းပိုင် နဲ့ လင်းရှူး ဘာကွာသလဲ

လင်းပိုင်(Dolphin) တွေကိုတော့ စာတွေ ပုံတွေထဲမှာ မကြာခဏ ဖတ်ဖူး မြင်ဖူးကြတဲ့အတွက် တော်တော်များများ သိကြပြီး ဖြစ်မှာပါ။ လင်းရှူး(Porpoise) တွေကိုတော့ နာမည်သာ ကြားဖူးကြပြီး သိတဲ့သူ နည်းမယ် ထင်ပါတယ်။ ဒီတခါတော့ လင်းပိုင် နဲ့...

ဟိုချီမင်းမြို့ အကြောင်း သိကောင်းစရာ
Knowledge

ဟိုချီမင်းမြို့ အကြောင်း သိကောင်းစရာ

ဟိုချီမင်းမြို့ဟာ အရှေ့တောင်အာရှ နိုင်ငံတနိုင်ငံဖြစ်တဲ့ ဗီယက်နမ် ရဲ့ အရှေ့တောင်ပိုင်းမှာတည်ရှိပြီး နိုင်ငံရဲ့ လူဦးရေအများဆုံးနဲ့ အကြီးဆုံးမြို့ဖြစ်ပါတယ်။ ဆိုင်ဂုံမြစ်အနီးမှာ တည်ရှိပြီး သမိုင်းထဲမှာတော့ ဆိုင်ဂုံ ဆိုတဲ့အမည်နဲ့ ထင်ရှားခဲ့တဲ့ ဗီယက်နမ်မြို့တော်ဟောင်း ဖြစ်ပါတယ်။ ဟိုချီမင်းမြို့ဟာ ဗီယက်နမ်ရဲ့ စီးပွားရေး...

လင်းယုန် နဲ့ သိမ်းငှက် ဘာကွာသလဲ
Knowledge

လင်းယုန် နဲ့ သိမ်းငှက် ဘာကွာသလဲ

အမဲလိုက်ငှက်အမျိုးအစားတွေဖြစ်ကြတဲ့ လင်းယုန်(eagle) နဲ့ သိမ်းငှက်(hawk) တို့ဟာ အက်ကဆစ်ပစ်ထရီဒီ မျိုးရင်းထဲမှာ ပါဝင်နေပါတယ်။ ကမ္ဘာပေါ်မှာ လင်းယုန်အမျိုးအစား ၆၀ ကျော်ရှိပြီး သိမ်းငှက်အမျိုးအစားကတော့ ၂၅၀ ကျော်အထိ ရှိတယ်လို့ သိရပါတယ်။ လင်းယုန် နဲ့ သိမ်းငှက်တွေဟာ...

ကမ္ဘာပေါ်က ဝန်ထမ်းအများဆုံး ကုမ္ပဏီကြီး ၅ ခု
Knowledge

ကမ္ဘာပေါ်က ဝန်ထမ်းအများဆုံး ကုမ္ပဏီကြီး ၅ ခု

ကမ္ဘာပေါ်မှာ ဝန်ထမ်းဦးရေအလိုက် အကြီးဆုံး ကုမ္ပဏီကြီးတွေ စာရင်းမှာတော့ အမေရိကန် ၊ တရုတ် ၊ ထိုင်ဝမ် ၊ ဂျာမနီ နဲ့ ယူကေ နိုင်ငံတွေက ကုမ္ပဏီတွေက ဦးဆောင်နေပါတယ်။ ကုမ္ပဏီအများစုကတော့ လက်လီစတိုးဆိုင် ၊...

Next Post
မြန်မာပြည်ထွက် တန်ဖိုးမဖြတ်နိုင်သော အဖိုးတန်ကျောက်မျက်ရတနာ ၁၀ခု

မြန်မာပြည်ထွက် တန်ဖိုးမဖြတ်နိုင်သော အဖိုးတန်ကျောက်မျက်ရတနာ ၁၀ခု

Discussion about this post

No Result
View All Result

Categories

Tag

amazing ancient knowledge animals architecture buddhism buddhism monk chemistry cities countries empires feeling health health knowledge history inventions kaung htet knowledge military motivation myanmar history myanmar knowledge myanmar people myanmar places news pagodas photos places planets plants rivers science science knowledge Sport Sport people successful tech thinking tips world actors world companies world history world knowledge world news world people world places

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!