• Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
Monday, January 18, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

နာဇီဂျာမနီရဲ့ အကြီးဆုံး နာမည်ကျော်သင်္ဘောကြီး ဘစ်ဇ်မာခ့်

by Thutamm
September 1, 2019
Reading Time: 1min read
0
နာဇီဂျာမနီရဲ့ အကြီးဆုံး နာမည်ကျော်သင်္ဘောကြီး ဘစ်ဇ်မာခ့်
Share on FacebookShare on Twitter

တချိန်တုန်းက အင်အားကြီး နာဇီဂျာမနီဟာ ဟစ်တလာဦးဆောင်မှုနဲ့အတူ ကမ္ဘာကို လွှမ်းမိုးဖို့ကြိုးစားခဲ့ဖူးပါတယ်။ ဒီလိုကြိုးစားရာမှာ စစ်လက်နက် နဲ့ စစ်သုံးယာဉ် ၊ စစ်သင်္ဘောတွေဟာလည်း အရေးကြီးတဲ့ကဏ္ဍကနေ ပါဝင်ခဲ့ပါတယ်။ ဒီလို နာဇီစစ်သင်္ဘောတွေအများကြီးရှိတဲ့အထက် ဒီတစ်ခါမှာတော့ သုတဇုန်မိတ်ဆွေများအတွက် နာမည်အကြီးဆုံး နာဇီစစ်သင်္ဘောတစ်စီးဖြစ်တဲ့ BISMARCK ဘစ်ဇ်မာခ့်ရဲ့ အကြောင်းကို ဗဟုသုတ အနေနဲ့ မျှဝေသွားပါမယ်။

Bismarck စစ်သင်္ဘောဟာ နာဇီရေတပ်မတော်ရဲ့ ပထမဆုံးတည်ဆောက်ခဲ့တဲ့ Bismarck အမျိုးအစားစစ်သင်္ဘော နှစ်စင်းထဲက တစ်စင်းဖြစ်ပါတယ်။ နောက်တစ်စင်းဖြစ်တဲ့ သူ့ရဲ့ sister သင်္ဘောကတော့ Tirpitz တာပစ်ဇ် သင်္ဘောဖြစ်ပါတယ်။ သင်္ဘောရဲ့ အမည်ကိုတော့ ဂျာမန်အင်ပါယာရဲ့ ပထမဆုံး အဓိပတိ Otto von Bismarck ကို ဂုဏ်ပြုတဲ့အနေနဲ့ ပေးထားခြင်းဖြစ်ပါတယ်။

ဒီသင်္ဘောကြီးကို ဂျာမနီနိုင်ငံ ဟမ်းဘတ်မြို့က Blohm+Voss သင်္ဘောကျင်းမှာ တည်ဆောက်ခဲ့တာပါ။ ဒီသင်္ဘောကြီးကို ၁၉၃၆ခုနှစ်မှာ စတင်တည်ဆောက်ခဲ့ပြီး ၁၉၃၉ခုနှစ်တွင်တည်ဆောက်ပြီးစီးကာ ၁၉၄၀ခုနှစ်မှာတော့ တပ်တော်ဝင်နိုင်ခဲ့ပါတယ်။

သင်္ဘောကြီးရဲ့ အတိုင်းအတာကတော့ အလျား ၈၂၀ပေ ၊ အနံ ၁၁၈ပေ ၊ ရေစူး ၃၀.၅ပေ ရှိပြီး စုစုပေါင်းအလေးချိန်ကတော့ ၅၀၃၀၀ တန်ရှိပါတယ်။ အလွန်ထူထဲတဲ့ သတ္တုနဲ့ တည်ဆောက်ထားတာဖြစ်ပြီး ဒီသင်္ဘောကြီးရဲ့ သတ္တုအထူက ၁၄.၂လကမတောင် ရှိပါတယ်။ ဂျာမနီရဲ့အကြီးဆုံးစစ်သင်္ဘောကြီးဖြစ်ပြီး အဲဒီခေတ်အခါက UK စစ်သင်္ဘော HMS Vanguard က လွဲလို့ ဥရောပမှာ သူ့ထက်ကြီးတဲ့ သင်္ဘောမရှိပါဘူး။ ပါဝါအတွက်ကတော့ Blohm & Voss ဂီယာရေနွေးငွေ့တာဘိုင် ၃ လုံး ကို Wagner superheated ဘွိုင်လာ ၁၂ လုံးကို တွဲကာတပ်ဆင်ထားပြီး ၁၁၀၄၅၀ ကီလိုဝပ်ကို ထုတ်လုပ်ပေးနိုင်ကာ တစ်နာရီကို ၃၄.၅မိုင် အမြန်နှုန်းနဲ့ မောင်းနှင်နိုင်ပါတယ်။

Bismarck စစ်သင်္ဘောကြီးအတွက် အရာရှိ ၁၀၃ဦး နဲ့ အမှုထမ်း ၁၉၆၂ဦး လိုအပ်ပြီး ဒီလူ ၂၀၀၀ ကျော်ဟာ အပိုင်း ၁၂ခုခွဲကာ တာဝန်ထမ်းဆောင်ကြရပါတယ်။ အပိုင်း ၁ခုစီကို လူဦးရေ ၁၈၀ ကနေ ၂၂၀ အထိ တာဝန်ယူရပြီး ပထမ အပိုင်း ၆ ခုဟာ တိုက်ခိုက်ရေးလက်နက်တွေကို ကိုင်တွယ်ကြရပါတယ်။ ၇ခုမြောက် အပိုင်းမှာတော့ လက်သမားတွေ ၊ ထမင်းချက်တွေ အကူလုပ်သားတွေပါဝင်ပြီး ၈ခုမြောက်အပိုင်းမှာတော့ ခဲယမ်းမီးကျောက် စစ်ဆေးဖြည့်တင်းရေး တာဝန်ထမ်းဆောင်သူတွေ ပါဝင်ပါတယ်။ ၉ခုမြောက် အပိုင်းမှာ ရေဒီယိုအော်ပရေတာတွေ ၊ သတင်းအချက်အလက်ထောက်လှမ်းသူတွေ ၊ အချက်ပြသူတွေ ပါဝင်ပြီး ကျန်အပိုင်း ၃ပိုင်းမှာတော့ သင်္ဘောအင်ဂျင် ထိမ်းချုပ်မောင်းနှင်သူတွေပါဝင်ပါတယ်။

ဒီသင်္ဘောကြီးမှာ ၂၂မိုင်အကွာအဝေးထိပစ်နိုင်တဲ့ အမြောက်ကြီးပေါင်း ၈ ခု (38 cm SK C)  ၊ ကိုက်ပေါင်း ၂၅၀၀၀ခန့် အကွာအဝေးထိ ပစ်နိုင်တဲ့ အမြောက်ငယ် ၁၂ ခု (SK C/28) နဲ့ လေယာဉ်ပစ်အမြောက် ၄၀ ကျော်ကိုပါ တပ်ဆင်ထားပါတယ်။ သင်္ဘောကြီးဟာ Arado Ar 196 အမျိုးအစား ရေယာဉ်ပျံ ၄စီးကိုလည်း တင်ဆောင်နိုင်ပါသေးတယ်။

Bismarck သင်္ဘောကြီးကို ဂျာမန်ရေတပ် ကွန်မန်ဒါ ကတ်ပတိန် Ernst Lindemann က ဦးစီးပြီး ပထမဆုံးတိုက်ပွဲအနေနဲ့ Rheinübung စစ်ဆင်ရေးမှာ ပါဝင်ခဲ့ပါတယ်။ ၁၉၄၁ ခုနှစ် မေလ ၂၄ရက်နေ့မှာ စတင်ဖြစ်ပွားခဲ့တဲ့ ဒီတိုက်ပွဲတွေမှာ ဂျာမန်ရေတပ် နဲ့ ဗြိတိန်ရေတပ်တို့ ဟာ အတ္တလန္တိတ်သမုဒ္ဒရာထဲမှာ တိုက်ခိုက်ခဲ့ကြပါတယ်။ ဂျာမန်ရေတပ်က Bismarck  နဲ့အတူ ခရူဇာစစ်သင်္ဘော Prinz Eugen တို့က ဦးဆောင်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ တိုက်ပွဲတွေဟာ ဒိန်းမတ်ရေလက်ကြားမှာ စတင်ခဲ့ပြီး Bismarck နဲ့ အခြားဂျာမန်သင်္ဘောတွေရဲ့ လက်ချက်ကြောင့် ဗြိတိန်ရေတပ်က အကြီးဆုံးသင်္ဘောတစ်စင်းဖြစ်တဲ့ HMS Hood နစ်မြုပ်ခဲ့ရသလို နောက်သင်္ဘောတစ်စင်းဖြစ်တဲ့ HMS Prince of Wales ဟာလည်း ဆိုးဆိုးရွားရွားပျက်စီးမှုနဲ့အတူ ဆုတ်ခွာသွားခဲ့ရပါတယ်။

ဒီတိုက်ပွဲမှာ ဂျာမန်တို့နိုင်ခဲ့ပေမယ့် ဂျာမန်သင်္ဘော Prinz Eugen ကတော့ ဆိုးရွားစွာ ပျက်စီးသွားပြီး Bismarck ကိုယ်တိုင်လည်း လောင်စာ tank ထိခိုက်ပြီး ယိုစိမ့်မှုကြောင့် အမြန်နှုန်းနှေးသွားခဲ့ရပါတယ်။ ဒါကြောင့် Prinz Eugen ဟာ ပြန်လည်ပြင်ဆင်ရန်အတွက် ပြင်သစ်ဘက်ကို ထွက်ခွာသွားခဲ့ပြီးတဲ့နောက် Bismarck တစ်စီးတည်းသာ အတ္တလန္တိတ်သမုဒ္ဒရာထဲ ဆက်လက်မောင်းနှင်သွားခဲ့ပါတယ်။ သိပ်မကြာခင်မှာပဲ ဗြိတိန်ရဲ့ ထောက်လှမ်းရေး ရေယာဉ်ပျံတစ်စီးက Bismarck  ရဲ့ တည်နေရာကို ထောက်လှမ်းမိသွားတဲ့နောက် ဗြိတိန်က စစ်သင်္ဘော HMS King George V နဲ့ HMS Rodney တို့ဟာ တိုက်ခိုက်ဖို့အတွက် Bismarck  နောက်ကို လိုက်ခဲ့ပါတယ်။

Bismarck ကိုတကယ်တမ်း စတင်တိုက်ခိုက်ခဲ့ကြတာကတော့ ဗြိတိန်ရေတပ်မတော်ရဲ့ လေယာဉ်တင်သင်္ဘောတွေဖြစ်တဲ့ HMS Victorious  နဲ့ HMS Ark Royal တို့က သင်္ဘောဖျက်တိုပီဒိုတင်လေယာဉ်တွေဖြစ်ပါတယ်။ တိုက်လေယာဉ် ၁၅စီးခန့်ဟာ Bismarck ကို ဝိုင်းပြီးတိုက်ခိုက်ကြပေမယ့် Bismarck ဘက်ကလည်း လေယာဉ်ပစ်အမြောက်တွေနဲ့ ခုခံပြီး ပြန်တိုက်ခိုက်တာကြောင့် လေယာဉ်တချို့ပျက်စီးခဲ့ပါတယ်။ ဒါပေမယ့် တိုက်လေယာဉ်တွေရဲ့ တိုက်ခိုက်မှုကြောင့် Bismarck ရဲ့ တက်မ ပျက်စီးသွားခဲ့ရပါတယ်။

တိုက်လေယာဉ်တွေရဲ့ အကြိမ်ကြိမ်တိုက်ခိုက်မှုကို ခုခံနေရတဲ့ Bismarck ဟာ နောက်နေ့မှာတော့ သူ့နောက်ကိုလိုက်နေတဲ့ HMS King George V နဲ့ HMS Rodney တို့ရဲ့ အမီလိုက်ခြင်းကို ခံခဲ့ရပါတယ်။ သူတို့ဟာ ၁၂မိုင်အကွာအဝေးကနေ အမြောက်ကြီးတွေရဲ့ Bismarck ကို စတင်ပစ်ခတ်ခဲ့ကြပါတယ်။ ခုခံနေပေမယ့် အများအပြားဝိုင်းရံတိုက်ခိုက်ခံရတာကြောင့် Bismarck ရဲ့ လက်နက်စနစ်တွေ ပျက်စီးသွားခဲ့ရပါတယ်။

ဗြိတိန်သင်္ဘော ၄စီးဟာ Bismarck ကို အမြောက်အချက်ပေါင်း ၂၈၀၀ ခန့်ပစ်ခတ်ခဲ့ပြီး အချက် ၄၀၀ ခန့်တိုက်ရိုက်ထိမှန်ခဲ့ပါတယ်။ ဒါပေမယ့် ခိုင်ခန့်လွန်းတဲ့တည်ဆောက်ထားမှုကြောင့် Bismarck သင်္ဘောဟာ မြုပ်မသွားခဲ့ပါဘူး။ အရာရှိနဲ့ စစ်သားအများအပြား သေဆုံးသွားပြီး ခုခံနိုင်ခြင်းမရှိတော့တဲ့ Bismarck သင်္ဘောကို လက်ရဖမ်းပြီး အနီးဆုံးကမ်းကို ဆွဲယူဖို့ ဗြိတိန်ရေတပ်ဗိုလ်ချုပ်ကြီး Tovey က အမိန့်ပေးခဲ့ပါတယ်။ ဒါပေမယ့် Bismarck ပေါ်မှာ အသက်မသေပဲ ကျန်ရှိနေသေးတဲ့ ဂျာမန်သင်္ဘောသားတွေဟာ သင်္ဘောကြီးကို ရန်သူတွေလက်ထဲ မရောက်စေချင်တာကြောင့် သူတို့ကိုယ်တိုင်ပဲ Bismarck သင်္ဘောကြီးရဲ့ ဝမ်းဗိုက်ကိုဖွင့်ကာ နှစ်မြုပ်လိုက်ကြပါတော့တယ်။

Bismarck သင်္ဘောကြီးပေါ်မှာ တာဝန်ထမ်းဆောင်ခဲ့ကြတဲ့ သင်္ဘောသား ၂၀၀၀ ခန့်သေဆုံးခဲ့ပြီး ၁၁၄ဦးသာ အသက်ရှင်ခဲ့ပါတယ်။ နစ်မြုပ်သွားတဲ့ Bismarck သင်္ဘောပျက်ကြီးကို ၁၉၈၉ခုနှစ်မှာမှ သမုဒ္ဒရာဓာတ်ပုံဆရာ Robert Ballard က တိုက်တန်းနစ်သင်္ဘောပျက်ကို ပြန်လည်ရှာဖွေနေရင်း ပြင်သစ်နိုင်ငံ Brest မြို့ရဲ့အနောက်ဘက် မိုင် ၄၀၀ အကွာခန့် ရေအောက်အနက်ပေ ၁၅၇၁၉ မှာ ရှာဖွေတွေ့ရှိခဲ့ပါတယ်။  နာဇီဂျာမနီတို့ရဲ့ အကြီးဆုံး စစ်သင်္ဘောကြီးဖြစ်တဲ့ Bismarck သင်္ဘောကြီးဟာ ဝထ္ထုတွေ ရုပ်ရှင်တွေအကြိမ်ကြိမ် ရေးသားရိုက်ကူးခံပြီး ဒုတိယကမ္ဘာစစ်ရဲ့ နာမည်အကြီးဆုံးစစ်သင်္ဘောအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

 

Tags: militaryworld history
Next Post
ကမ္ဘာပေါ်က ရေဒီယိုသတ္တိကြွမှုကြောင့် အန္တရာယ်အရှိဆုံးနေရာ (၁၀) ခု

ကမ္ဘာပေါ်က ရေဒီယိုသတ္တိကြွမှုကြောင့် အန္တရာယ်အရှိဆုံးနေရာ (၁၀) ခု

Discussion about this post

No Result
View All Result

Categories

Tag

amazing ancient knowledge animals architecture buddhism buddhism monk chemistry cities countries empires feeling health health knowledge history inventions kaung htet knowledge military motivation myanmar history myanmar knowledge myanmar people myanmar places news pagodas photos places planets plants rivers science science knowledge Sport Sport people successful tech thinking tips world actors world companies world history world knowledge world news world people world places

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

Follow Us

Facebook

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!