Monday, March 1, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

နာဆာ အာကာသ ဝတ်စုံတွေ အကြောင်း သိကောင်းစရာ

by Thutamm
November 10, 2020
Reading Time: 3min read
0
နာဆာ အာကာသ ဝတ်စုံတွေ အကြောင်း သိကောင်းစရာ
Share on FacebookShare on Twitter

အာကာသဝတ်စုံတွေကိုတော့ ဆွဲအားမရှိတဲ့ အာကာသထဲမှာ အာကာသယာဉ်မှူးတွေဟာ အန္တရာယ်ကင်းစွာ အသင်ရှင်နိုင်ဖို့ ဝတ်ဆင်ကြရပါတယ်။ သူတို့ရဲ့အဓိကတာဝန်ကတော့ လေဟာနယ်မှာ အသက်ရှုစေဖို့ နဲ့ သင်တော်တဲ့အပူချိန်ကို ထိန်းညှိပေးဖို့ဖြစ်ပါတယ်။ ယနေ့အချိန်မှာတော့ အာကာသဝတ်စုံတွေကို နိုင်ငံတကာ အာကာသစခန်းမှာ အသုံးပြုလျက်ရှိပါတယ်။ ဒီနေ့ခေတ်မှာတော့ နည်းပညာမြင့် ခေတ်မီ အာကာသဝတ်စုံသစ်တွေ ရှိလာခဲ့ပြီဖြစ်ပေမယ့် တချိန်တခါတုန်းကတော့ နာဆာဟာ ခေတ်မမီတဲ့ အခြား အာကာသဝတ်စုံတွေကို အသုံးပြုခဲ့ရပါတယ်။

အစောပိုင်း အာကာသ ဝတ်စုံများ

နာဆာ အာကာသယာဉ်မှူးတွေရဲ့ အစောဆုံး အာကာသဝတ်စုံကတော့ မာကျူရီပရောဂျက်မှာ အသုံးပြုခဲ့တဲ့ အာကာသဝတ်စုံတွေဖြစ်ပါတယ်။ မာကျူရီဟာ အမေရိကန်တို့ရဲ့ ပထမဆုံး အာကာသခရီးစဉ်ဖြစ်ပြီး ၁၉၅၈ ခုနှစ်ကနေ ၁၉၆၃ ခုနှစ်အထိ လုပ်ဆောင်ခဲ့ပါတယ်။ သူ့ရဲ့ရည်ရွယ်ချက်က အာကာသယာဉ်မှူးတွေဟာ ကမ္ဘာကိုပတ်ပြီး မြေပြင်ပေါ်ကို ချောမွေ့အဆင်ပြေစွာ ဆင်းသက်နိုင်ရေးဖြစ်ပါတယ်။ အဲဒီအချိန်တုန်းက သုံးခဲ့တဲ့ မာကျူရီ အာကာသဝတ်စုံတွေကိုတော့ အာကာသယာဉ်အတွင်းမှာပဲ ဝတ်ဆင်အသုံးပြုနိုင်တာ ဖြစ်ပါတယ်။

အာကာသယာဉ်အပြင်ဘက်မှာ ပထမဆုံးဝတ်ဆင်နိုင်တဲ့ အာကာသဝတ်စုံကတော့ Gemini ဝတ်စုံဖြစ်ပါတယ်။ ဒီဝတ်စုံတွေကိုတော့ ဒုတိယ အာကာသပရောဂျက်ဖြစ်တဲ့ Gemini ပရိုဂရမ်မှာ အသုံးပြုခဲ့တာဖြစ်ပါတယ်။ ဒီဝတ်စုံဟာ မာကျူရီအာကာသဝတ်စုံထက် သာလွန်ပေမယ့် ယနေ့ခေတ်ဝတ်စုံ ဒီဇိုင်းတွေနဲ့ နှိုင်းယှဉ်ရင်တော့ အလွန်ရိုးရှင်းနေပါတယ်။ ဂျမ်မနိုင် အာကာသဝတ်စုံမှာ ကိုယ်ပိုင်အသက်ရှှု ထောက်ပံ့ရေးစနစ် မပါရှိပါဘူး။ အာကာသယာဉ်ကနေ ပိုက်တချောင်းနဲ့ ဆက်သွယ်ထားပြီး အောက်ဆီဂျင်ကို ရှုရတာဖြစ်ပါတယ်။

လကမ္ဘာပေါ် ဆင်းသက်စဉ် အာကာသဝတ်စုံတွေ

ဒီအာကာသဝတ်စုံတွေကိုတော့ အပိုလို ပရိုဂရမ်မှာ စတင်အသုံးပြုခဲ့တာဖြစ်ပြီး မာကျူရီ နဲ့ ဂျမ်မနိုင်ဝတ်စုံတွေ မလုပ်နိုင်တဲ့ တော်တော်များများကို ထောက်ပံ့ပေးနိုင်ပါတယ်။ အာကာသယာဉ်မှူးတွေ လပေါ်မှာ လမ်းလျှောက်တဲ့အခါ အဆင်ပြေစေဖို့ အပိုလို အာကာသဝတ်စုံတွေက ကာကွယ်ပေးထားပါတယ်။ ဝတ်စုံနဲ့ တဆက်တည်း ဘွတ်ဖိနပ်တွေပါရှိပြီး ဒီဖိနပ်တွေဟာ မညီညာတဲ့ ကျောက်သားမြေပြင်ပေါ်မှာ လျှောက်နိုင်ဖို့ ကူညီပေးပါတယ်။ ကိုယ်ပိုင်အသက်ရှုစနစ်ပါဝင်တဲ့အတွက် အာကာသယာဉ် နဲ့ အတော်လှမ်းလှမ်း အကွာအဝေးထိ သွားရောက်နိုင်ပါတယ်။

အပိုလိုခရီးစဉ်တွေ ပြီးဆုံးချိန်မှာတော့ အာကာသယာဉ်မှူးတွေဟာ Skylab လို့ခေါ်တဲ့ အာကာသစခန်းကနေ ကမ္ဘာကို လှည့်ပတ်နိုင်ခဲ့ပြီဖြစ်ပါတယ်။ ဒီစခန်းမှာတော့ အပိုလို အာကာသဝတ်စုံတွေကို အသုံးပြုသလို ဂျမ်မနိုင် နဲ့ ဒီဇိုင်းတူပြီး အသက်ရှုစနစ်အတွက် ပိုက်နဲ့ အာကာသယာဉ်ကို ဆက်ထားတဲ့ အာကာသ ဝတ်စုံတွေကိုလည်း အသုံးပြုကြပါတယ်။

အာကာသယာဉ် ထဲမှာဆိုရင် ဘယ်လိုဝတ်စုံတွေ ဝတ်ဆင်ကြသလဲ

အာကာသယာဉ် တက်တဲ့အချိန် နဲ့ မြေပြင်ပေါ်ကို ဆင်းသက်တဲ့အခါမျိုးမှာတော့ လိမ္မော်ရောင် ဝတ်စုံတွေကို ဝတ်ဆင်ကြရပါတယ်။ ဒီဝတ်စုံတွေဟာ ယာဉ်အတွင်းမှာပဲ ဝတ်ဆင်အသုံးပြုနိုင်တာဖြစ်ပါတယ်။ အာကာသယာဉ် နဲ့ အာကာသစခန်း အပြင်ဘက်ထွက်ဖို့အတွက်တော့ လေးလံကြီးမားတဲ့ အာကာသဝတ်စုံကြီးတွေကို ဝတ်ဆင်ကြရပါတယ်။

အခြား အာကာသဝတ်စုံများ

နာဆာ အာကာသယာဉ်မှူးတွေမှာ အခြား အာကာသဝတ်စုံတွေကိုလည်း ဝတ်ဆင်ကြပါသေးတယ်။ ဒီအထဲက ထင်ရှားတဲ့ ဝတ်စုံကတော့ ရုရှားရဲ့ Orlan အာကာသဝတ်စုံဖြစ်ပါတယ်။ ဒီဝတ်စုံကိုတော့ အာကာသထဲမှာ spacewalk လုပ်နိုင်ဖို့ ရုရှားနည်းပညာကုမ္ပဏီ NPP Zvezda က ဖန်တီးပေးထားတာဖြစ်ပါတယ်။ ရုရှားနိုင်ငံရဲ့ အာကာသ ပရောဂျက်တွေအပြင် နာဆာ နဲ့ အခြားနိုင်ငံတွေက အာကာသဆိုင်ရာပရောဂျက်တွေမှာလည်း ဒီဝတ်စုံကို ဝတ်ဆင် အသုံးပြုကြပါတယ်။

ရုရှားရဲ့ အာကာယာဉ်တွင်း ဝတ်ဆင်နိုင်တဲ့ ဝတ်စုံကတော့ Sokol အာကာသဝတ်စုံဖြစ်ပါတယ်။ ဆိုဗီယက်တို့ရဲ့ Soyuz အာကာသယာဉ်မှာ ၁၉၇၃ ခုနှစ်က စတင်အသုံးပြုခဲ့တဲ့ ဝတ်စုံဖြစ်ပြီး ယနေ့ ၂၀၂၀ ကာလတိုင်အောင် ဒီအမျိုးအစား ဝတ်စုံတွေကို အသုံးပြုနေကြပါသေးတယ်။ ဒီဝတ်စုံတွေကတော့ အာကာသယာဉ်အတွင်း လေထုဖိအားလျှော့ကျမှုလို မတော်တဆမှုတွေ ဖြစ်တဲ့အခါမျိုးမှာ ဆက်လက်ရှင်သန်နိုင်ဖို့ အကူအညီပေးပါတယ်။

အစိတ်အပိုင်းမျိုးစုံကို တပေါင်တည်း ထည့်သွင်းထားရတဲ့အတွက် အာကာသဝတ်စုံတွေဟာ အလွန်လေးပါတယ်။ ကမ္ဘာပေါ်မှာဆိုရင် ဒီဝတ်စုံတခုရဲ့ အလေးချိန်ဟာ ပေါင် ၂၅၀ နဲ့အထက် ရှိနေမှာဖြစ်ပါတယ်။ ၈ နာရီကြာ အသက်ရှုနိုင်မှုစနစ်အပြင် မိနစ် ၃၀ကြာ အရံအသက်ရှုနိုင်မှု စနစ်ကိုလည်း ထည့်သွင်းထားပါတယ်။ အာကာသထဲမှာ အပူချိန်ဟာ ၂၅၀ ဒီဂရီဖာရင်ဟိုက်အထိ မြင့်တက်နိုင်သလို အနှုတ် ၂၅၀ ဒီဂရီဖာရင်ဟိုက်အထိလည်း ကျဆင်းနိုင်ပါတယ်။ အာကာသ ဝတ်စုံက ဒီလို အပူချိန်ကွာခြားချက်ကနေ ကာကွယ်ပေးပါတယ်။

အနာဂတ် အာကာသဝတ်စုံများ

နာဆာဟာ ဂြိုဟ်သိမ်တွေနဲ့ မားစ်ဂြိုဟ် လို သာမန်လူသားတို့ တခါမှ မရောက်ဖူးတဲ့နေရာမျိုးတွေကို ပို့ဆောင်သွားဖို့ ရည်ရွယ်ထားပါတယ်။ ဒီအတွက် ပိုမိုကောင်းမွန်တဲ့ အာကာသဝတ်စုံတွေကို လိုအပ်နေပါသေးတယ်။ ဒါကြောင့်လည်း နာဆာဟာ ၂၀၀၉ ခုနှစ်မှာ အကာသဝတ်စုံပရောဂျက်မှာ အမေရိကန်ဒေါ်လာ သန်း ၂၀၀ အထိ ရင်းနှီးမြုပ်နှံပြီး ပိုမိုကောင်းမွန်တဲ့ အာကာသဝတ်စုံတွေဖန်တီးနိုင်ဖို့ ကြိုးစားလျက်ရှိပါတယ်။

အာကာသဝတ်စုံတွေ ဈေးကြီးရခြင်း

အာကာသဝတ်စုံတွေဟာ အလွန်ဈေးကြီးပါတယ်။ ၁၉၇၄ ခုနှစ်က ဆိုရင် အာကာသဝတ်စုံတွေအတွက်ချည်းပဲ ကုန်ကျစရိတ်က အမေရိကန်ဒေါ်လာ ၁၅ သန်း နဲ့ ၂၂သန်း ကြား ရှိခဲ့တယ်လို့သိရပါတယ်။ ယနေ့ခေတ်ငွေဈေး နဲ့ တွက်ရင်တော့ ဒေါ်လာ သန်း ၁၅၀ ဝန်းကျင်အထိ ကုန်ကျခဲ့တာဖြစ်ပါတယ်။

အာကာသဝတ်စုံတွေ ဈေးအလွန်ကြီးရခြင်းရဲ့ အကြောင်းရင်းများစွာလည်း ရှိနေပါတယ်။ ယနေ့ခေတ် အာကာသဝတ်စုံတွေရဲ့ ဖွဲ့စည်းတည်ဆောက်ပုံဟာ အလွန်ရှုပ်ထွေးပါတယ်။ အာကာသ လေဟာနယ်ထဲမှာ အသက်ရှင်စေဖို့ ၊ နေ နဲ့ အခြားအရာတွေရဲ့ ရောင်ခြည်ဖြာထွက်ခြင်းကနေ ကာကွယ်နိုင်ဖို့ ၊ ၁နာရီ မိုင်ထောင်သောင်းချီ အမြန်နှုန်းနဲ့ သွားနေတဲ့အရာတွေကနေ ကာကွယ်ဖို့ ၊ ဆက်သွယ်ရေးစနစ်များ ၊ တိုင်းတာပြီး သတင်းအချက်လက်ပို့ဆောင်ရေး အပြင် အခြားအကြောင်းအရာတွေ မျိုးစုံအတွက်ကို ဝတ်စုံတခုထဲမှာ အားလုံးပါဝင်နိုင်အောင် ထည့်သွင်းတည်ဆောက်ထားရလို့ ဖြစ်ပါတယ်။

Tags: knowledgetech
Next Post
မြန်မာသီလရှင် ဘယ်တုန်းက စခဲ့သလဲ

မြန်မာသီလရှင် ဘယ်တုန်းက စခဲ့သလဲ

Discussion about this post

No Result
View All Result

Categories

Tag

amazing ancient knowledge animals architecture buddhism buddhism monk chemistry cities countries empires feeling health health knowledge history inventions kaung htet knowledge military motivation myanmar history myanmar knowledge myanmar people myanmar places news pagodas photos places planets plants rivers science science knowledge Sport Sport people successful tech thinking tips world actors world companies world history world knowledge world news world people world places

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!