Newcastle upon Tyne ကိုတော့ Newcastle (နယူးကာဆယ်)လို့ပဲ လူသိများပြီး အင်္ဂလန်နိုင်ငံ အရှေ့မြောက်ပိုင်းမှာတည်ရှိပါတယ်။ မြောက်ပင်လယ်( north sea) ကနေ(၈.၅)မိုင်အကွာ၊ တိုင်းမြစ်ရဲ့မြောက်ဘက်စွန်းကမ်းပါးပေါ်မှာတည်ရှိနေပြီး (၂၀၂၀)ခုနှစ်၊ မတ်လစာရင်းတွေအရတော့ နယူးကာဆယ်မြို့ရဲ့လူဦးရေဟာ (၃၂၀၀၀၀)ခန့်ရှိတယ်လို့သိရပါတယ်။ ဧရိယာစတုရန်းမိုင်အားဖြင့်(၄၄)မိုင် ကျယ်ဝန်းပြီး ပင်လယ်ရေမျက်နှာပြင်ထက်အမြင့်ပေ (၂၉.၅)ပေခန့်အကွာမှာတည်ရှိနေပါတယ်။
လွန်ခဲ့တဲ့နှစ်ပေါင်း(၂၀၀၀)ကာလလောက်ကတော့ နယူးကာဆယ်မြို့ဟာ ရောမ၊ အိန်ဂျယ် နဲ့ နော့စ်မန်မျိုးနွယ်စုဝင်တွေရဲ့ထိန်းချုပ်ရာနယ်မြေတခုအဖြစ် ရှိနေခဲ့ပါတယ်။ ရောမခေတ်ကာလတလျှောက် ရောမတွေ ပထမဆုံးသော အခြေချနေထိုင်ခဲ့တဲ့ နေရာကတော့ ယခု Tyne တံတားအနီးနေရာမှာဖြစ်ပြီး ခံတပ်တခု တည်ဆောက်နေထိုင်ခဲ့ပါတယ်။ နယူးကာဆယ်ခရိုင်နဲ့ နယူးကာဆယ်ဆိုတဲ့အမည်ဟာ အင်္ဂလန်ဘုရင် ဝီလီယံ(၁)ရဲ့အကြီးဆုံးသား ရော်ဘတ်(၂) ၊ ၁၀၈၀ခုနှစ်ကတည်ဆောက်ခဲ့တဲ့ Norman castle က နေဆင်းသက်လာတာဖြစ်ပါတယ်။
(၁၂)ရာစုရောက်ချိန်မှာဆိုရင်လည်း နယူးကာဆယ်ခံတပ်မြို့ဟာ ဗြိတိန်အရှေဘက်ကျွန်းဆွယ်က စကော့တလန်တိုက်ပွဲတွေအတွက် အလွန်အရေးပါတဲ့ ခံစစ်တံတိုင်းဖြစ်လာတာကြောင့် အစိုးရရဲ့တည်ဆောက်ပြုပြင်မှုများစွာပြုလုပ်ခဲ့ရတဲ့နေရာဖြစ်လာခဲ့ပါတယ်။ (၁၁၇၂) ကနေ (၁၁၇၇)ခုနှစ်ကာလတွေအထိ ရောဘတ်မင်းသားရဲ့ရဲတိုက်နေရာမှာ အင်္ဂလန်စစ်သည်တွေ တိုင်းမြစ်ကိုဖြတ်ကူးနိုင်မဲ့ထုထည်ကြီးမားတဲ့ကျောက်တုံးကြီးတခုကိုတည်ထားခဲ့ပါတယ်။ ရဲတိုက်ရဲ့အနောက်မြောက်ဘက်နေရာတွေမှာတော့ အုတ်တံတိုင်းကာရံထားရှိပါတယ်။
(၁၄)ရာစုရောက်ချိန်မှာတော့ နယူးကာဆယ်ဒေသဟာ အင်္ဂလန်နိုင်ငံသိုးမွေးရောင်းဝယ်ရေးလုပ်ငန်းရဲ့ အရေးပါတဲ့နေရာ ဖြစ်လာခဲ့ခြင်းနဲ့အတူ အရေးပါတဲ့ ပြောင်းလဲတည်ဆောက်ရေးလုပ်ငန်းတွေ စတင်နိုင်ခဲ့ပါတယ်။ ယင်းနောက်ပိုင်းကာလတွေမှာလည်း စက်မှုလုပ်ငန်းတွေအတွက် ယင်းကာလက အထူးအရေးပါတဲ့ ကျောက်မီးသွေးထွက်ရှိရာ ဧရိယာများစွာကို ပိုင်ဆိုင်ထားပြန်တာကြောင့် နိုင်ငံခေါင်းဆောင်တွေအာရုံစိုက်ရတဲ့ အုပ်ချုပ်ရေးနယ်မြေဖြစ်လာခဲ့ပြန်ပါတယ်။ ယင်းကာလအထိ နယူးကာဆယ်ဟာ မြို့အဖြစ်ကို ရောက်ရှိခြင်း မရှိသေးပါဘူး။
(၁၆)ရာစုမှာဆိုရင် နယူးကာဆယ်ရဲ့ဆိပ်ကမ်းဟာ တဟုန်ထိုးစည်ကားလာခဲ့ပါတယ်။ အကြောင်းကတော့ တိုင်းမြစ်ကမ်းတလျှောက်ပေါ်ထွန်းလာတဲ့ သင်္ဘောဒေါက်ကျင်းတွေကြောင့်ဖြစ်ပါတယ်။ ယင်းကာလတွေကဆိုရင် နယူးကာဆယ်ဟာဗြိတိန်ကျွန်းမကြီး အတွက် အလွန်အရေးပါတဲ့ သင်္ဘောတည်ဆောက်ရေးလုပ်ငန်းတွေတည်ရှိရာအဖြစ် အခြားသော ဥရောပထိပ်တန်းသင်္ဘောကျင်းကြီးတွေနဲ့အပြိုင်ဖြစ်ခဲ့ပါတယ်။ (၁၈၈၂)ခုနှစ်၊ ဇွန်လ(၃)ရက်နေ့ရောက်ချိန်မှသာ နယူးကာဆယ်ဟာ မြို့အဖြစ်အဆင့်တိုးမြှင့်သတ်မှတ်ပေးခြင်း ခံခဲ့ရပါတော့တယ်။
(၁၉)ရာစုကာလရောက်ချိန်မှာတော့ သင်္ဘောကျင်းလုပ်ငန်းတွေ၊ တည်ဆောက်ရေးဆိုင်ရာ အင်ဂျင်နီယာလုပ်ငန်းများစွာနဲ့ နယူးကာဆယ်မြို့တော်ရဲ့ကြွယ်ဝချမ်းသာမှုဟာ ကြီးစွာတိုးပွားလာခဲ့ပြီး အင်္ဂလန်စက်မှုတော်လှန်ရေးရဲ့အရေးပါတဲ့နယ်မြေ၊အစိတ်အပိုင်းတခုအဖြစ်ရပ်တည်နိုင်ခဲ့ပါတယ်။ ယနေ့အချိန်ထိလည်း နယူးကာဆယ်မြို့ဟာ ဗြိတိန်ရဲ့ အဓိကစီးပွားရေး၊ယဉ်ကျေးမှုနဲ့ ကုန်စည်ရောင်းဝယ်ဖောက်ကားမှုဆိုင်ရာ အချက်အချကျတဲ့ မြို့တော်ကြီးအဖြစ် ဆက်လက်ရပ်တည်နေဆဲလည်းဖြစ်ပါတယ်။
အလယ်ခေတ်ကာလ ကတည်ဆောက်ခဲ့တဲ့ ခံတပ်ဖြစ်တဲ့ နယူးကာဆယ်ရဲတိုက်ကို အစွဲပြုပြီး နယူးကာဆယ်မြို့ ဆိုပြီးဖြစ်လာခဲ့ပါတယ်။ဒါကြောင့်မြို့တော်ရဲ့အထင်ကရနေရာအတော်များများဟာလည်း ခံတပ်ရဲ့အစိတ်အပိုင်းတွေသာဖြစ်ပါတယ်။ ထင်ရှားတဲ့နေရာတွေကတော့ ကျောက်သားမျှော်စင်၊ အနက်ရောက်ဝင်ပေါက်(Black Gate)၊ ခံစစ်ဂိတ်တဲတွေပဲဖြစ်ပါတယ်။
တိုင်းမြစ်ကမ်းပေါ်မှာတည်ရှိတဲ့ နယူးကာဆယ်မြို့တော်ရဲ့နာမည်ကျော်အဆောက်အအုံ ကတော့ St Nicholas ခရစ်ယာန်ဘုရားကျောင်းဖြစ်ပြီး နယူးကာဆယ်ဒေသရဲ့ဂိုဏ်းချုပ် ဘုန်းတော်ကြီးကျောင်းထိုင်ရာနေရာအဖြစ်လည်းရှိနေပါတယ်။ ယင်းဘုရားကျောင်းဟာ အင်္ဂလန်မြောက်ဘက်တလွှားက ခရစ်ယာန်ဘုရားကျောင်းအများစုရဲ့မူရင်းကျောင်း တိုက်ကြီးအဖြစ်လည်းတည်ရှိနေပါတယ်။
Seven bridges တံတားတွေဟာဆိုရင်လည်း တိုင်းမြစ်ကိုဖြန့်ကားလျက်တည်ဆောက် ထားရှိပြီး ယင်းအနက်ကတံတား(၃)စင်းဟာဆိုရင် နိုင်ငံတကာတံတားတည်ဆောက် ရေးလောကရဲ့နောက်ဆုံးပေါ်ဒီဇိုင်းဆန်းတွေကို အသုံးပြုတည်ဆောက်ထားပြီး အင်္ဂလန် ရဲ့အမြတ်တနိုးဖော်ပြခြင်းပြုရတဲ့ ခေတ်မီတံတားတွေအဖြစ်သတ်မှတ်ခြင်းခံထားရပါတယ်။
နာမည်ကျော် Tyne Bridge ဟာဆိုရင် နယူးကာဆယ်ကနေအင်္ဂလန်အရှေ့မြောက်ဘက်ပိုင်းနေရာကို ဆက်သွယ်တည်ဆောက်ထားပြီး Mott ၊ Hay နဲ့ Anderson ဒီဇိုင်းကုမ္ပဏီက သြစတေးလျနိုင်ငံ ဆစ်ဒနီမြို့တော်က Harbour တံတားနဲ့အပြိုင်ပုံစံဒီဇိုင်း ဆွဲတည်ဆောက်ထားတာဖြစ်ပါတယ်။ ယင်းတံတား (၂)စင်းစလုံးဟာလည်း အမေရိကန်ပြည်ထောင်စု၊နယူးယောက်မှာရှိတဲ့ Hell Gate တံတားကို တုပတည်ဆောက်ထားတာလည်းဖြစ်ပါတယ်။ တိုင်းမြစ်ကူးတံတားကိုတော့ (၁၉၂၈)ခုနှစ်၊အောက်တိုဘာ(၁၀)ရက်နေ့က တိုင်းမြစ်ရဲ့သင်္ကေတအမှတ်အသားအဖြစ် အင်္ဂလန်ဘုရင် ဂျော့ဂျ်(၅)ကနေ မင်းခမ်းမင်းနားနဲ့တရားဝင်ဖွင့်လှစ်ပေးခဲ့တာဖြစ်ပါ တယ်။
နယူးကာဆယ်ရဲ့အထင်ကရတံတားတခုကတော့ Gateshead Millennium Bridge ဖြစ်ပြီး တိုင်းမြစ်တောင်ဘက်ကမ်းပါးမှာရှိတဲ့ Gateshead’s Quays arts quarter နဲ့ မြောက်ဘက်ကမ်းက နယူးကာဆယ်ဆိပ်ကမ်းကို ဆက်သွယ်ပေးထားပါတယ်။(၂၀၀၁)ခု နှစ်ကတရားဝင်ဖွင့်လှစ်ခဲ့ပြီး ဒီဇိုင်းပိုင်းဆိုင်ရာသေသပ်လှပမှု ဆုတံဆိပ်တွေရရှိထားခဲ့ကာ ဗိသုကာပညာရှင် WilkinsonEyre နဲ့အင်ဂျင်နီယာ Gifford တို့ရဲ့ပူးပေါင်းဖန်တီးမှုလက်ရာဖြစ်ပါတယ်။
အင်္ဂလန်ရဲ့ထိပ်တန်းအထိမ်းအမှတ်အဆောက်အအုံစာရင်းမှာပါဝင်နေတဲ့ Grey’s Monument ကိုတော့ Charles Grey နဲ့ ဒုတိယမြောက် Earl Grey တို့က(၁၈၃၈)ခုနှစ်မှာ နယူးကာဆယ်မြို့အလယ်မှာတည်ဆောက်ပေးခဲ့ပါတယ်။ အင်္ဂလန်နိုင်ငံရဲ့ဖွဲ့စည်းပုံ ဆိုင်ရာပြုပြင်ပြောင်းလဲရေးဖြစ်တဲ့ (၁၈၃၂)ခုနှစ် Great Reform Act ကိုအကောင်အထည်နိုင်ခဲ့တဲ့ ဝန်ကြီးချုပ်ဟောင်း Earl Grey ကိုဂုဏ်ပြုသောအားဖြင့် တည်ဆောက်ထားပြီး Grey လမ်းထိပ်မှာတည်ရှိပါတယ်။ယင်းနေရာမှာပဲ ပေ(၁၃၀)မြင့် မားတဲ့ ဂရေးရဲ့ပုံတူ ရုပ်တုတည်ရှိလို့နေပါတယ်။
နယူးကာဆယ်ရဲ့ အသည်းနှလုံးလို့ညွှန်းဆိုရမဲ့နေရာကိုပြပါဆိုရင်တော့ Grainger Town area ကိုပြသရမှာဖြစ်ပြီး ယင်းနေရာကိုသမိုင်းဝင်လမ်းမကြီးတွေကိုတော့ (၁၈၃၅) ကနေ(၁၈၄၂)ကာလအကြားက နယူးကာဆယ်ရဲ့နာမည်ကျော် တည်ဆောက်သူ ပညာရှင် ရီချက် ဂရန်ဂျာက ဖောက်လုပ်ပေးခဲ့ပါတယ်။ သူဟာနယူးကာဆယ်မြို့တော် တည်ဆောက်ရေးကို အဓိကတာဝန်ယူခဲ့သူဖြစ်ပြီး မြို့တော်ရဲ့အဆောက်အအုံပေါင်း (၄၅၀)လောက်ကို တည်ဆောက်ခဲ့ပါတယ်။ ယင်းအနက်က စာရင်းဝင်တဲ့အဆောက်အအုံက (၂၄၄)ခုရှိခဲ့ပြီး ထိပ်တန်းအဖြစ်သတ်မှတ်နိုင်ခဲ့တာ( Grade 1) က ၂၉ခု၊ Grade 2 အဖြစ် သတ်မှတ်ခံခဲ့ရတာကတော့ အဆောက်အအုံ(၄၉)ခုအထိ စာရင်းဝင်ခဲ့ပါတယ်။
Newcastle Quayside (နယူးကာဆယ်) ဆိပ်ကမ်းဧရိယာဟာဆိုရင် တိုင်းမြစ်ကမ်းနှစ် ဘက်စလုံးပါဝင်နေပြီး ဥရောပစက်မှုတော်လှန်ရေးကာလတွေတုန်းကတော့ အင်္ဂလန်ရဲ့ အရေးပါတဲ့ စက်မှုဇုန်နယ်မြေအဖြစ်တည်ရှိခဲ့ဖူးပါတယ်။ ဒါအပြင်ကမ်းနားဈေးဆိုင်အများစုတည်ရာနေရာဖြစ်ပြီး ယခုချိန်မှာဆိုရင် ပြန်လည်တည်ဆောက်မှုများစွာနဲ့အတူ ခေတ်မီမြို့တော်ကြီးတွေရဲ့ ပုံစံအတိုင်း ခေတ်ပေါ်တည်ဆောက်မှုဒီဇိုင်းတွေ၊ ဂီတအနု ပညာရပ်တွေဝေဆာနေတဲ့နေရာအဖြစ်လည်း ရှိနေပြီဖြစ်ပါတယ်။
နယူးကာဆယ်လို့ပြောလိုက်တာနဲ့ မြန်မာလူမျိုးအများစုရင်းနှီးတာကတော့ ပရီးမီးယား လိဂ်ဘောလုံးအသင်းဖြစ်တဲ့ နယူးကာဆယ်ယူနိုက်တက်ပဲဖြစ်ပါတယ်။ နယူးကာဆယ် ဘောလုံးအသင်းကိုတော့ The Magpies(ငှက်ကျား)တွေအဖြစ်လည်းသိကြပြီး လွန်ခဲ့တဲ့နှစ်ပေါင်း (၁၂၇)နှစ်အကြာ (၁၈၉၂)ခုနှစ်၊ဒီဇင်ဘာ ၉ ရက်နေ့က စတင်တည် ထောင်ခဲ့ကာ St James’ Park ကွင်းကိုအိမ်ကွင်းအဖြစ်အသုံးပြုပါတယ်။ ပရီးမီးယားလိဂ်ဖလား ၄ ကြိမ် ၊ အက်ဖ်အေဖလား ၆ ကြိမ် ရရှိထားတဲ့အသင်းဖြစ်ပါတယ်။ နယူးကာဆယ်အသင်းနဲ့ ပတ်သက်လို့ လူသိအများဆုံး အအောင်မြင်ဆုံးကစားသမားကတော့ အလန်ရှီးယားဖြစ်ပြီး အသင်းအတွက် ဂိုးပေါင်း ၂၀၆ဂိုး စံချိန်တင် သွင်းပေးခဲ့သူလည်းဖြစ်ပါတယ်။
(၁၉၈၁)ခုနှစ် ကတည်းက နယူးကာဆယ်မှာကျင်းပခဲ့တဲ့ Great North Run မာရသွန်ပြိုင်ပွဲ ဟာဆိုရင်ကမ္ဘာကျော်အပြေးပြိုင်ပွဲတခုဖြစ်ပြီး နှစ်စဉ်အပြေးသမားပေါင်း (၆၀၀၀၀) ကျော်လောက် ပါဝင်ဆင်နွှဲကြလေ့ရှိပါတယ်။ (၂၀၁၉)ခုနှစ်ကဆိုရင် အင်္ဂလန်မှာရှိတဲ့ ခရီးသွားနယ်မြေအားလုံးအနက်က နယူးကာဆယ်မြို့တော်ကို Friendliest City အဖြစ်လာရောက်လည်ပတ်သူတွေက ဆန္ဒပြုရွေးချယ်ခဲ့ပါတယ်။ မြို့တော်သူ/သားတွေရဲ့ အနောက်တိုင်း သိပ်မဆန်တဲ့ ရင်းနှိးဖော်ရွေတတ်တဲ့ အလေ့ကြောင့်ဖြစ်ပါတယ်။
—— —- ———
(Zawgyi)
နယူးကာဆယ္ ၿမဳိ႕ေတာ္အေၾကာင္း
Newcastle upon Tyne ကိုေတာ့ Newcastle (နယူးကာဆယ္)လို႔ပဲ လူသိမ်ားျပီး အဂၤလန္နိုင္ငံ အေရွ႔ေျမာက္ပိုင္းမွာတည္ရွိပါတယ္။ ေျမာက္ပင္လယ္( north sea) ကေန(၈.၅)မိုင္အကြာ၊ တုိင္းျမစ္ရဲ့ေျမာက္ဘက္စြန္းကမ္းပါးေပၚမွာတည္ရွိေနၿပီး (၂၀၂၀)ခုနွစ္၊ မတ္လစာရင္းေတြအရေတာ့ နယူးကာဆယ္ၿမိဳ႕ရဲ့လူဦးေရဟာ (၃၂၀၀၀၀)ခန္႔ရွိတယ္လို႔သိရပါတယ္။ ဧရိယာစတုရန္းမိုင္အားျဖင့္(၄၄)မိုင္ က်ယ္ဝန္းျပီး ပင္လယ္ေရမ်က္နွာျပင္ထက္အျမင့္ေပ (၂၉.၅)ေပခန္႔အကြာမွာတည္ရွိေနပါတယ္။
လြန္ခဲ့တဲ့နွစ္ေပါင္း(၂၀၀၀)ကာလေလာက္ကေတာ့ နယူးကာဆယ္ၿမိဳ႕ဟာ ေရာမ၊ အိန္ဂ်ယ္ နဲ႔ ေနာ့စ္မန္မ်ိဳးႏြယ္စုဝင္ေတြရဲ့ထိန္းခ်ဳပ္ရာနယ္ေျမတခုအျဖစ္ ရွိေနခဲ့ပါတယ္။ ေရာမေခတ္ကာလတေလ်ွာက္ ေရာမေတြ ပထမဆံုးေသာ အေျခခ်ေနထိုင္ခဲ့တဲ့ ေနရာကေတာ့ ယခု Tyne တံတားအနီးေနရာမွာျဖစ္ျပီး ခံတပ္တခု တည္ေဆာက္ေနထိုင္ခဲ့ပါတယ္။ နယူးကာဆယ္ခရိုင္နဲ႔ နယူးကာဆယ္ဆိုတဲ့အမည္ဟာ အဂၤလန္ဘုရင္ ဝီလီယံ(၁)ရဲ့အၾကီးဆံုးသား ေရာ္ဘတ္(၂) ၊ ၁၀၈၀ခုနွစ္ကတည္ေဆာက္ခဲ့တဲ့ Norman castle က ေနဆင္းသက္လာတာျဖစ္ပါတယ္။
(၁၂)ရာစုေရာက္ခ်ိန္မွာဆိုရင္လည္း နယူးကာဆယ္ခံတပ္ျမိဳ႕ဟာ ျဗိတိန္အေရွဘက္ကြ်န္းဆြယ္က စေကာ့တလန္တိုက္ပြဲေတြအတြက္ အလြန္အေရးပါတဲ့ ခံစစ္တံတိုင္းျဖစ္လာတာေၾကာင့္ အစိုးရရဲ့တည္ေဆာက္ျပဳျပင္မႈမ်ားစြာျပဳလုပ္ခဲ့ရတဲ့ေနရာျဖစ္လာခဲ့ပါတယ္။
(၁၁၇၂) ကေန (၁၁၇၇)ခုနွစ္ကာလေတြအထိ ေရာဘတ္မင္းသားရဲ့ရဲတိုက္ေနရာမွာ အဂၤလန္စစ္သည္ေတြ တုိင္းျမစ္ကိုျဖတ္ကူးနိုင္မဲ့ထုထည္ၾကီးမားတဲ့ေက်ာက္တံုးၾကီးတခုကိုတည္ထားခဲ့ပါတယ္။ ရဲတိုက္ရဲ့အေနာက္ေျမာက္ဘက္ေနရာေတြမွာေတာ့ အုတ္တံတိုင္းကာရံထားရွိပါတယ္။
(၁၄)ရာစုေရာက္ခ်ိန္မွာေတာ့ နယူးကာဆယ္ေဒသဟာ အဂၤလန္နိုင္ငံသိုးေမြးေရာင္းဝယ္ေရးလုပ္ငန္းရဲ့ အေရးပါတဲ့ေနရာ ျဖစ္လာခဲ့ျခင္းနဲ႔အတူ အေရးပါတဲ့ ေျပာင္းလဲတည္ေဆာက္ေရးလုပ္ငန္းေတြ စတင္နိုင္ခဲ့ပါတယ္။ ယင္းေနာက္ပိုင္းကာလေတြမွာလည္း စက္မႈလုပ္ငန္းေတြအတြက္ ယင္းကာလက အထူးအေရးပါတဲ့ ေက်ာက္မီးေသြးထြက္ရွိရာ ဧရိယာမ်ားစြာကို ပိုင္ဆိုင္ထားျပန္တာေၾကာင့္ နိုင္ငံေခါင္းေဆာင္ေတြအာရံုစိုက္ရတဲ့ အုပ္ခ်ဳပ္ေရးနယ္ေျမျဖစ္လာခဲ့ျပန္ပါတယ္။ ယင္းကာလအထိ နယူးကာဆယ္ဟာ ၿမိဳ႔အျဖစ္ကို ေရာက္ရွိျခင္း မရွိေသးပါဘူး။
(၁၆)ရာစုမွာဆိုရင္ နယူးကာဆယ္ရဲ့ဆိပ္ကမ္းဟာ တဟုန္ထိုးစည္ကားလာခဲ့ပါတယ္။ အေၾကာင္းကေတာ့ တုိင္းျမစ္ကမ္းတေလ်ွာက္ေပၚထြန္းလာတဲ့ သေဘၤာေဒါက္က်င္းေတြေၾကာင့္ျဖစ္ပါတယ္။ ယင္းကာလေတြကဆိုရင္ နယူးကာဆယ္ဟာျဗိတိန္ကြ်န္းမၾကီး အတြက္ အလြန္အေရးပါတဲ့ သေဘၤာတည္ေဆာက္ေရးလုပ္ငန္းေတြတည္ရွိရာအျဖစ္ အျခားေသာ ဥေရာပထိပ္တန္းသေဘၤာက်င္းၾကီးေတြနဲ႔အျပိဳင္ျဖစ္ခဲ့ပါတယ္။ (၁၈၈၂)ခုနွစ္၊ ဇြန္လ(၃)ရက္ေန႔ေရာက္ခ်ိန္မွသာ နယူးကာဆယ္ဟာ ၿမိဳ႕အျဖစ္အဆင့္တိုးျမွင့္သတ္မွတ္ေပးျခင္း ခံခဲ့ရပါေတာ့တယ္။
(၁၉)ရာစုကာလေရာက္ခ်ိန္မွာေတာ့ သေဘၤာက်င္းလုပ္ငန္းေတြ၊ တည္ေဆာက္ေရးဆိုင္ရာ အင္ဂ်င္နီယာလုပ္ငန္းမ်ားစြာနဲ႔ နယူးကာဆယ္ၿမိဳ႕ေတာ္ရဲ့ၾကြယ္ဝခ်မ္းသာမႈဟာ ၾကီးစြာတိုးပြားလာခဲ့ျပီး အဂၤလန္စက္မႈေတာ္လွန္ေရးရဲ့အေရးပါတဲ့နယ္ေျမ၊အစိတ္အပိုင္းတခုအျဖစ္ရပ္တည္နိုင္ခဲ့ပါတယ္။ ယေန႔အခ်ိန္ထိလည္း နယူးကာဆယ္ၿမိဳ႕ဟာ ျဗိတိန္ရဲ့ အဓိကစီးပြားေရး၊ယဥ္ေက်းမႈနဲ႔ ကုန္စည္ေရာင္းဝယ္ေဖာက္ကားမႈဆိုင္ရာ အခ်က္အခ်က်တဲ့ ျမိဳ႕ေတာ္ၾကီးအျဖစ္ ဆက္လက္ရပ္္တည္ေနဆဲလည္းျဖစ္ပါတယ္။
အလယ္ေခတ္ကာလ ကတည္ေဆာက္ခဲ့တဲ့ ခံတပ္ျဖစ္တဲ့ နယူးကာဆယ္ရဲတိုက္ကို အစြဲျပဳျပီး နယူးကာဆယ္ၿမိဳ႕ ဆိုျပီးျဖစ္လာခဲ့ပါတယ္။ဒါေၾကာင့္ျမိဳ႕ေတာ္ရဲ့အထင္ကရေနရာအေတာ္မ်ားမ်ားဟာလည္း ခံတပ္ရဲ့အစိတ္အပိုင္းေတြသာျဖစ္ပါတယ္။ ထင္ရွားတဲ့ေနရာေတြကေတာ့ ေက်ာက္သားေမ်ွာ္စင္၊ အနက္ေရာက္ဝင္ေပါက္္(Black Gate)၊ ခံစစ္ဂိတ္တဲေတြပဲျဖစ္ပါတယ္။
တုိင္းျမစ္ကမ္းေပၚမွာတည္ရွိတဲ့ နယူးကာဆယ္ၿမိဳ႕ေတာ္ရဲ့နာမည္ေက်ာ္အေဆာက္အအံု ကေတာ့ St Nicholas ခရစ္ယာန္ဘုရားေက်ာင္းျဖစ္ျပီး နယူးကာဆယ္ေဒသရဲ့ဂိုဏ္းခ်ဳပ္ ဘုန္းေတာ္ၾကီးေက်ာင္းထိုင္ရာေနရာအျဖစ္လည္းရွိေနပါတယ္။ ယင္းဘုရားေက်ာင္းဟာ အဂၤလန္ေျမာက္ဘက္တလႊားက ခရစ္ယာန္ဘုရားေက်ာင္းအမ်ားစုရဲ့မူရင္းေက်ာင္း တိုက္ၾကီးအျဖစ္လည္းတည္ရွိေနပါတယ္။
Seven bridges တံတားေတြဟာဆိုရင္လည္း တုိင္းျမစ္ကိုျဖန္႔ကားလ်က္တည္ေဆာက္ ထားရွိျပီး ယင္းအနက္ကတံတား(၃)စင္းဟာဆိုရင္ နိုင္ငံတကာတံတားတည္ေဆာက္ ေရးေလာကရဲ့ေနာက္ဆံုးေပၚဒီဇိုင္းဆန္းေတြကို အသံုးျပဳတည္ေဆာက္ထားျပီး အဂၤလန္ ရဲ့အျမတ္တနိုးေဖာ္ျပျခင္းျပဳရတဲ့ ေခတ္မီတံတားေတြအျဖစ္သတ္မွတ္ျခင္းခံထားရပါတယ္။
နာမည္ေက်ာ္ Tyne Bridge ဟာဆိုရင္ နယူးကာဆယ္ကေနအဂၤလန္အေရွ႔ေျမာက္ဘက္ပိုင္းေနရာကို ဆက္သြယ္တည္ေဆာက္ထားျပီး Mott ၊ Hay နဲ႔ Anderson ဒီဇုိင္းကုမၸဏီက ၾသစေတးလ်နိုင္ငံ ဆစ္ဒနီၿမဳိ႕ေတာ္က Harbour တံတားနဲ႔အျပိဳင္ပံုစံဒီဇိုင္း ဆြဲတည္ေဆာက္ထားတာျဖစ္ပါတယ္။ ယင္းတံတား (၂)စင္းစလံုးဟာလည္း အေမရိကန္ျပည္ေထာင္စု၊နယူးေယာက္မွာရွိတဲ့ Hell Gate တံတားကို တုပတည္ေဆာက္ထားတာလည္းျဖစ္ပါတယ္။ တုိင္းျမစ္ကူးတံတားကိုေတာ့ (၁၉၂၈)ခုနွစ္၊ေအာက္တိုဘာ(၁၀)ရက္ေန႔က တုိင္းျမစ္ရဲ့သေကၤတအမွတ္အသားအျဖစ္ အဂၤလန္ဘုရင္ ေဂ်ာ့ဂ်္(၅)ကေန မင္းခမ္းမင္းနားနဲ႔တရားဝင္ဖြင့္လွစ္ေပးခဲ့တာျဖစ္ပါ တယ္။
နယူးကာဆယ္ရဲ့အထင္ကရတံတားတခုကေတာ့ Gateshead Millennium Bridge ျဖစ္ျပီး တုိင္းျမစ္ေတာင္ဘက္ကမ္းပါးမွာရွိတဲ့ Gateshead’s Quays arts quarter နဲ႔ ေျမာက္ဘက္ကမ္းက နယူးကာဆယ္ဆိပ္ကမ္းကို ဆက္သြယ္ေပးထားပါတယ္။(၂၀၀၁)ခု နွစ္ကတရားဝင္ဖြင့္လွစ္ခဲ့ျပီး ဒီဇိုင္းပိုင္းဆိုင္ရာေသသပ္လွပမႈ ဆုတံဆိပ္ေတြရရွိထားခဲ့ကာ ဗိသုကာပညာရွင္ WilkinsonEyre နဲ႔အင္ဂ်င္နီယာ Gifford တို႔ရဲ့ပူးေပါင္းဖန္တီးမႈလက္ရာျဖစ္ပါတယ္။
အဂၤလန္ရဲ့ထိပ္တန္းအထိမ္းအမွတ္အေဆာက္အအံုစာရင္းမွာပါဝင္ေနတဲ့ Grey’s Monument ကိုေတာ့ Charles Grey နဲ႔ ဒုတိယေျမာက္ Earl Grey တို႔က(၁၈၃၈)ခုနွစ္မွာ နယူးကာဆယ္ၿမိဳ႕အလယ္မွာတည္ေဆာက္ေပးခဲ့ပါတယ္။ အဂၤလန္နိုင္ငံရဲ့ဖြဲ႔စည္းပံု ဆိုင္ရာျပဳျပင္ေျပာင္းလဲေရးျဖစ္တဲ့ (၁၈၃၂)ခုနွစ္ Great Reform Act ကိုအေကာင္အထည္နိုင္ခဲ့တဲ့ ဝန္ၾကီးခ်ဳပ္ေဟာင္း Earl Grey ကိုဂုဏ္ျပဳေသာအားျဖင့္ တည္ေဆာက္ထားျပီး Grey လမ္းထိပ္မွာတည္ရွိပါတယ္။ယင္းေနရာမွာပဲ ေပ(၁၃၀)ျမင့္ မားတဲ့ ဂေရးရဲ့ပံုတူ ရုပ္တုတည္ရွိလို႔ေနပါတယ္။
နယူးကာဆယ္ရဲ့ အသည္းနွလံုးလို႕ညႊန္းဆိ္ုရမဲ့ေနရာကိုျပပါဆိုရင္ေတာ့ Grainger Town area ကိုျပသရမွာျဖစ္ျပီး ယင္းေနရာကိုသမိုင္းဝင္လမ္းမၾကီးေတြကိုေတာ့ (၁၈၃၅) ကေန(၁၈၄၂)ကာလအၾကားက နယူးကာဆယ္ရဲ့နာမည္ေက်ာ္ တည္ေဆာက္သူ ပညာရွင္ ရီခ်က္ ဂရန္ဂ်ာက ေဖာက္လုပ္ေပးခဲ့ပါတယ္။ သူဟာနယူးကာဆယ္ၿမိဳ႕ေတာ္ တည္ေဆာက္ေရးကို အဓိကတာဝန္ယူခဲ့သူျဖစ္ျပီး ျမိဳ႕ေတာ္ရဲ့အေဆာက္အအံုေပါင္း (၄၅၀)ေလာက္ကို တည္ေဆာက္ခဲ့ပါတယ္။ ယင္းအနက္က စာရင္းဝင္တဲ့အေဆာက္အအံုက (၂၄၄)ခုရွိခဲ့ျပီး ထိပ္တန္းအျဖစ္သတ္မွတ္နိုင္ခဲ့တာ( Grade 1) က ၂၉ခု၊ Grade 2 အျဖစ္ သတ္မွတ္ခံခဲ့ရတာကေတာ့ အေဆာက္အအံု(၄၉)ခုအထိ စာရင္းဝင္ခဲ့ပါတယ္။
Newcastle Quayside (နယူးကာဆယ္) ဆိပ္ကမ္းဧရိယာဟာဆိုရင္ တုိင္းျမစ္ကမ္းနွစ္ ဘက္စလံုးပါဝင္ေနျပီး ဥေရာပစက္မႈေတာ္လွန္ေရးကာလေတြတုန္းကေတာ့ အဂၤလန္ရဲ့ အေရးပါတဲ့ စက္မႈဇုန္နယ္ေျမအျဖစ္တည္ရွိခဲ့ဖူးပါတယ္။ ဒါအျပင္ကမ္းနားေစ်းဆိုင္အမ်ားစုတည္ရာေနရာျဖစ္ျပီး ယခုခ်ိန္မွာဆိုရင္ ျပန္လည္တည္ေဆာက္မႈမ်ားစြာနဲ႔အတူ ေခတ္မီျမိဳ႕ေတာ္ၾကီးေတြရဲ့ ပံုစံအတိုင္း ေခတ္ေပၚတည္ေဆာက္မႈဒီဇိုင္းေတြ၊ ဂီတအနု ပညာရပ္ေတြေဝဆာေနတဲ့ေနရာအျဖစ္လည္း ရွိေနျပီျဖစ္ပါတယ္။
နယူးကာဆယ္လို႔ေျပာလို္က္တာနဲ႔ ျမန္မာလူမ်ိဳးအမ်ားစုရင္းနွီးတာကေတာ့ ပရီးမီးယား လိဂ္ေဘာလံုးအသင္းျဖစ္တဲ့ နယူးကာဆယ္ယူနိုက္တက္ပဲျဖစ္ပါတယ္။ နယူးကာဆယ္ ေဘာလံုးအသင္းကိုေတာ့ The Magpies(ငွက္က်ား)ေတြအျဖစ္လည္းသိၾကျပီး လြန္ခဲ့တဲ့နွစ္ေပါင္း (၁၂၇)နွစ္အၾကာ (၁၈၉၂)ခုနွစ္၊ဒီဇင္ဘာ ၉ ရက္ေန႔က စတင္တည္ ေထာင္ခဲ့ကာ St James’ Park ကြင္းကိုအိမ္ကြင္းအျဖစ္အသံုးျပဳပါတယ္။ ပရီးမီးယားလိဂ္ဖလား ၄ ႀကိမ္ ၊ အက္ဖ္ေအဖလား ၆ ႀကိမ္ ရရွိထားတဲ့အသင္းျဖစ္ပါတယ္။ နယူးကာဆယ္အသင္းနဲ႔ ပတ္သက္လုိ႔ လူသိအမ်ားဆုံး အေအာင္ျမင္ဆုံးကစားသမားကေတာ့ အလန္ရွီးယားျဖစ္ၿပီး အသင္းအတြက္ ဂုိးေပါင္း ၂၀၆ဂုိး စံခ်ိန္တင္ သြင္းေပးခဲ့သူလည္းျဖစ္ပါတယ္။
(၁၉၈၁)ခုနွစ္ ကတည္းက နယူးကာဆယ္မွာက်င္းပခဲ့တဲ့ Great North Run မာရသြန္ျပိဳင္ပြဲ ဟာဆိုရင္ကမာၻေက်ာ္အေျပးျပိဳင္ပြဲတခုျဖစ္ျပီး နွစ္စဥ္အေျပးသမားေပါင္း (၆၀၀၀၀) ေက်ာ္ေလာက္ ပါဝင္ဆင္ႏႊဲၾကေလ့ရွိပါတယ္။ (၂၀၁၉)ခုနွစ္ကဆိုရင္ အဂၤလန္မွာရွိတဲ့ ခရီးသြားနယ္ေျမအားလံုးအနက္က နယူးကာဆယ္ၿမိဳ႕ေတာ္ကို Friendliest City အျဖစ္လာေရာက္လည္ပတ္သူေတြက ဆႏၵျပဳေရြးခ်ယ္ခဲ့ပါတယ္။ ျမိဳ႕ေတာ္သူ/သားေတြရဲ့ အေနာက္တိုင္း သိပ္မဆန္တဲ့ ရင္းႏွိးေဖာ္ေရြတတ္တဲ့ အေလ့ေၾကာင့္ျဖစ္ပါတယ္။
Discussion about this post