Monday, March 1, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

နည်းပညာမြင့် ကမ္ဘာ့ပထမဆုံး ရေပေါ်နွားခြံ

by Thutamm
August 13, 2019
Reading Time: 1min read
0
နည်းပညာမြင့် ကမ္ဘာ့ပထမဆုံး ရေပေါ်နွားခြံ
Share on FacebookShare on Twitter

ဥရောပတိုက်က နယ်သာလန်အခြေစိုက် စားသောက်ကုန် ကုမ္ပဏီတစ်ခုဖြစ်တဲ့ Belado ကတော့ ပင်လယ်ဆိပ်ကမ်းမြို့ဖြစ်တဲ့၊ရိုသာဟန်မြို့မှာ ကမ္ဘာပထမဆုံးသော ရေပေါ် မွေးမြူရေးခြံတစ်ခုကိုတည်ဆောက်ဖွင့်လှစ်ဖို့ တရားဝင်ကြေငြာခဲ့ပါတယ်။ ကမ္ဘာမြေကြီးက ပေးအပ်ထားတဲ့ သယံဇာတတွေကို နည်းပညာနဲ့ပေါင်းစပ်ပြီး မြေပြင် ကမွေးမြူရေး ခြံတစ်ခြံပမာ ဖန်တီးခဲ့တဲ့ဒီနည်းဟာ မျက်မှောက်ခေတ်မှာကြုံတွေ့နေ ရတဲ့ စိုက်ပျိုး/မွေးမြူရန်မြေဧရိယာ မရှိသလောက် ရှားပါးတဲ့အခက်အခဲကို အကောင်းဆုံးကျော်ဖြတ်နိုင်တော့မယ့်သိပ္ပံနည်းပညာဆိုင်ရာအနာဂက်ခြေလှမ်းလည်းဖြစ်ကောင်း၊ဖြစ်နိုင်ပါတယ်။

အလွန်ရှည်လျားတဲ့ဝမ်းပြားရေယာဉ်ပေါ်မှာ မြေမဲ့စိုက်ပျိုးခြင်းနည်းပညာ (Hydroponic)နည်းအတိုင်း ပြုလုပ်ထားတဲ့ ရေပေါ်စိုက်ခင်းတွေပါတဲ့ မွေးမြူရေးခြံဟာ နယ်သာလန်နိုင်ငံရဲ့ စိုက်ပျိုး/မွေးမြူရေးကဏ္ဍကို များစွာ အထောက်အကူပြုပေးနိုင်မယ်လို့ ပညာရှင်တွေက ယုံကြည်နေကြပါတယ်။ ရေပေါ်မှာပေါ်နေတဲ့ မွေးမြူရေးခြံဆိုတဲ့အချက်နဲ့တင် လူအများစုရဲ့ အာရုံစိုက်မှုကို များစွာ ခံယူနေရတဲ့ အဲဒီ ခြံဟာ သမရိုးကျ မြေပေါ်မှာ၇ှိနေတဲ့မွေးမြူရေးခြံတွေနဲ့ ဘယ်လို ကွဲပြားမှုရှိနေသလဲနဲ့ အနာဂတ်မှာ တောက်လျောက်စခန်းသွားလို့ ဖြစ်ပါ့မလားဆိုတဲ့ မေးခွန်းတွေဟာလည်း မရှေးမနှောင်းမှာပဲ ပေါ်ထွက်လာခဲ့ပါတယ်။

အဲဒီရေပေါ် မွေးမြူရေးခြံကို စတင်ဖန်တီးခဲ့တဲ့ ကုမ္ပဏီကတော့ နယ်သာလန်နိုင်ငံ အခြေစိုက်လယ်ယာ မွေးမြူရေးလုပ်ငန်း ကုမ္ပဏီတစ်ခုဖြစ်တဲ့ Belado ကဖြစ်ပြီး ရေပေါ်မွေးမြူရေးခြံလို့အမည်ရတဲ့ပရောဂျက်တစ်ခုကိုရေးဆွဲအကောင်အထည်ဖော်ခဲ့တာ ဖြစ်ပါတယ်။ ယခုဖွင့်လှစ်တော့မဲ့ ရေပေါ်မွေးမြူရေးခြံဟာ နွားအကောင်(၄၀)လောက် ကိုခြံသွင်းမွေးမြူနိုင်မှာဖြစ်ပါတယ်။ အဲဒီနို့စားနွားတွေကတစ်ဆင့် တစ်နေ့ကို နွားနို့ (၈၀၀) Liters လောက်ထုတ်လုပ်နိုင်မှာလည်းဖြစ်ပါတယ်။

Belado ကုမ္ပဏီအနေနဲ့ ရိုသာဟန်ဆိပ်ကမ်းမြို့က မြို့တော်ဧရိယာအတွင်းမှာပဲ အဲဒီရေ ပေါ်မွေးမြူရေးခြံကို ဖန်တီးခဲ့ရတဲ့အကြောင်းရင်းကတော့ နည်းပညာသစ်ရဲ့ ပထမဆုံး ခြေလှမ်းကို လူသိများစေလိုတဲ့ရည်ရွယ်ချက်နဲ့ဖြစ်ပါတယ်။ မြို့ပြစိုက်ပျိုး/မွေးမြူရေးကို အကောင်အထည်ဖော်လိုပြီး တစ်ဖက်ကလည်း ရိုသာဟန်ဆိပ်ကမ်းဟာ သဘာဝပထဝီဝင် အနေအထားအရ ဟာရီကိန်းစတဲ့ မုန်တိုင်း ဒဏ်ကို အကာအကွယ်ပေးနိုင်တဲ့ ဒေသဖြစ်တာကြောင့်လည်း ဖြစ်ပါတယ်။

မြို့ပြစိုက်ပျိုးမွေးမြူရေးလုပ်ငန်းကို အကောင်အထည်ဖော်ဖို့ တပ်လှန့်လိုက်ခြင်းလား ရေပေါ်စိုက်ပျိုး/မွေးမြူရေးလုပ်ငန်း အစီအစဉ်ဟာမြို့ပြ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းကို အကောင် အထည်ဖော်ရန်ကြိုးပမ်းမှုဖြစ်တာကြောင့်် တစ်ဖက်ကလည်း ဒါဟာသမရိုးကျဖြစ်စဉ် မဟုတ်တာကြောင့် တိုးချဲ့ဆောင်ရွက်ဖို့ မသင့်တော်တဲ့ အစီစဉ်ဖြစ်ကြောင်း ထောက်ပြ ပြောဆိုကြပါတယ်။ (ကမ္ဘာမြို့တော် အတော်များများက မြို့တော်နယ်နိမိတ်အတွင်း စီးပွားဖြစ် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းတွေကို မပြုလုပ်ဖို့ ဥပဒေအရ တားမြစ်ထားပါ တယ်။) တစ်ဖက်ကလည်း ဒါဟာ တစ်နေ့တစ်ခြား များပြားလာတဲ့ ကမ္ဘာလူဦးရေ အတွက် လိုအပ်တဲ့အစာအဟာရကို အကောင်းဆုံးအထောက်အကူ ပေးနိုင်မှာ ဖြစ်ပြီး အနာဂက်မှာ ယှဉ်ဆိုင်လာရနိုင်တဲ့ အစားအဟာရ ပြတ်တောက်မှု ဖြစ်စဉ်တွေကို ဖြေရှင်းဖို့ အကောင်းဆုံး အဖြေဖြစ်တယ်လို့လည်း ဆိုကြပါတယ်။

Belardo ကုမ္ပဏီက ရေပေါ်မွေးမြူရေးလုပ်ငန်းအစီစဉ်ကို ဦးဆောင်ရေးဆွဲခဲ့တဲ့ ဟော်လန်လူမျိုး Peter Van Wingerden ကတော့ ကျွန်တော်တို့ရဲ့ ရေပေါ်မွေးမြူရေးလုပ်ငန်းတွေကနေတစ်ဆင့် တစ်နှစ်ကို နွားနို့ (၃၂၀၀၀၀) Liters နဲ့ ကြက်ဥ/ဘဲဥ တစ်နေ့ကို အလုံးပေါင်း(၇၀၀၀)လောက်ထုတ်လုပ်နိုင်မှာပါ။ ဒါအပြင် မြေမဲ့စိုက်ပျိုးမှုနည်းစနစ်သုံး စိုက်ခင်းတွေကလည်း တစ်နှစ်ကို ဟင်းသီးဟင်းရွက် တန်ချိန် သန်းနဲ့ချီပြီးထုတ်လုပ်ပေးနိုင်မှာပဲ ဖြစ်ပါတယ်။ အချိန်ကြာလာတာနဲ့အမျှ ဒီထက်ပိုများတဲ့ ပမာဏကိုထုတ်လုပ်ပေးနိုင်မှာလည်း ဖြစ်ပါတယ်။

ပြောချင်တာက တော့ အခြေခံလိုအပ်ချက်ဖြစ်တဲ့အစားအသောက်ကို ရိုသာဟန်မြို့တော်တွင်းကပဲ ထုတ်လုပ်ပေးနိုင်မှာဖြစ်လို့မြို့တော်တာဝန်ရှိသူတွေအနေနဲ့ အခြားသောနယ်ပယ်တွေမှာ ပိုမိုအားစိုက်ထုတ်လို့ ရမှာပါ။ ရိုသာဟန်မြို့ဟာ ကျွန်တော်တို့ရဲ့ ရေပေါ်စိုက်ပျိုးမွေးမြူရေးလုပ်ငန်း အခြေချဖို့အကောင်းဆုံးနေရာ ဖြစ်လို့ ရွေးချယ်ခဲ့ တာပါ။ ဒါပေမဲ့ ကျွန်တော်တို့ရဲ့အစီစဉ်ဟာ အာရှနဲ့ အာဖရိကတိုက်တွေမှာတော့ ပိုမို သင့်တော်ပါလိမ့်မယ်။ များမကြာမီကာလတွေမှာလည်း ငတ်မွတ်ခေါင်းပါးမှု များစွာ ဖြစ်နေတဲ့ အာရှနဲ့ အာဖရိကတိုက်တွေဆီ ရေပေါ်စိုက်ပျိုးမွေးမြူရေးလုပ်ငန်းအစီစဉ် တွေကို သယ်ဆောင်သွားနိုင်မယ်လို့ မျှော်လင့်ပါကြောင်း Holland Herald သတင်းဌာ နနဲ့ တွေ့ဆုံခန်းမှာ Peter Van Wingerdenက ပြောကြားခဲ့တာပါ။

သူကပဲဆက်လက်ပြီး “ကမ္ဘာနိုင်ငံတွေအားလုံးဟာ စီးပွားရေးနဲ့ နည်းပညာ ကဏ္ဍမှာ တစ်နိုင်ငံနဲ့ တစ်နိုင်ငံ မှီတည်နေတာကိုတွေ့မြင်ရမှာဖြစ်ပြီး အထူးသဖြင့်အိမ်နီးချင်း နိုင်ငံ တွေရဲ့ တိုးတက်မှုအနည်း/အများဟာ ပတ်ဝန်းကျင်နိုင်ငံတွေအပေါ်များစွာ ရိုက်ခတ် မှုရှိနေတာကို မြင်တွေ့ရမှာလည်းဖြစ်ပါတယ်။အထူးသဖြင့် တစ်နေ့တစ်ခြား တိုးတက် လာတဲ့ လူဦးရေကြောင့် စိုက်ပျိုးရေးနည်းစနစ်တွေကို နည်းပညာနဲ့ ယှဉ်တွဲပြီး အထွက်တိုးလာအောင် ပြုလုပ်လာကြတာကိုတွေ့ရပါတယ်။ စိုက်ပျိုးမြေဧရိယာ ကိုနေရာ အနှံ့ ချဲ့ထွင်လာခဲ့ရာ အချိန်ကာလကြာလာတာနဲ့အညီ သစ်တောဧရိယာ တွေရှားပါးလာတဲ့ ဘက်ကိုရောက်သွားပါလိမ့်မယ်။

ကမ္ဘာကြီးပူနွေးလာမှုရဲ့ အကြောင်း တစ်ရပ်ဖြစ်တဲ့ သစ်တောတွေ ပြုန်းတီးလာမှုဟာ ယခုဆိုရင် အတော်လေးကို ဆိုးရွား နေပြီဖြစ်ပါတယ်။ အထူးသဖြင့် အာရှနဲ့ အာဖရိကက ဆင်းရဲတဲ့ နိုင်ငံ အတော်များများ မှာ သစ်တောပြုန်းတီးမှု အကျိုးဆက်ကို ကြုံတွေ့နေရပါုပီ။ ဒီအခက်အခဲကို ကျွန်တော် တို့ရဲ့ ရေပေါ်စိုက်ပျိုးမွေးမြူရေးခြံ နည်းစနစ်နဲ့ ကျော်လွှားနိုင်ဖိုံ ရည်ရွယ်ထား ပါတယ်။ ကျွန်တော်တို့ရဲ့ ရေပေါ်စိုက်ပျိုးမွေးမြူရေးခြံ နည်းစနစ်ဟာ အနာဂက်မှာ မြေဆီလွှာ ကိုမသုံးစွဲပဲ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းတွေကို အကောင်အထည်ဖော်သွားနိုင်ဖို့လည်း ရည်ရွယ်ထားပါတယ်။

VIDEO

ဖြစ်စေချင်တာကတော့ ကမ္ဘာထိပ်သီးခေါင်းဆောင်တွေ အနေနဲ့ ကျွန်တော်တို့ရဲ့ ရေပေါ်စိုက်ပျိုးမွေးမြူရေးခြံ နည်းစနစ်ကို အကောင်းဘက်ကမြင်ပြီး လက်တွဲခေါ်ဆောင်ပေးကြဖို့ပါ။ ဒါမှ ကျွန်တော်တို့ရဲ့ အစီစဉ်ကို ကမ္ဘာမြို့တော်ကြီးတွေ မှာအကောင်အထည်ဖော်ဆောင်ရွက်နိုင်မှာပါ။ မကြာသေးခင်ကတော့ စင်ကာပူနိုင်ငံ က ကျွန်တော်တို့နဲ့လက်တွဲပြီးလုပ်ဆောင်ဖို့ ဖိတ်ခေါ်ထားပါတယ်။

ပြီးတော့  ၂၀၂၀ တိုကျိုအိုလံပစ်ပွဲတော်မှာ လာရောက်ကြတဲ့ အားကစားသမားတွေ အတွက် လတ်ဆတ်သန့်ရှင်းလှတဲ့ သဘာဝ အဟာရတွေကို ထောက်ပံ့ဖို့ အားကစားကော်မတီကလည်း အကျိုးတူပူးပေါင်းဖို့ ဖိတ်ခေါ်ထားပါတယ်။ ဒါ့အပြင် အလယ်အမေရိက က Nicaragua အစိုးရကလည်း ညစ်ညမ်းနေပြီဖြစ်တဲ့ မြို့တော်ဝန်းကျင်က ရေအိုင်တွေကို သန့်ရှင်းပေးမယ့်နည်းစနစ်ကို အကောင်အထည်ဖော်ဆောင်ရွက်ပေးဖို့ ကျွန်တော်တို့ကို ဖိတ်ခေါ်ထားပါတယ်” လို့ Peter Van Wingerdenက အတည်ပြုပြောကြားခဲ့ပါတယ်။

သုတဇုန်

Tags: amazingtechworld news
Next Post
ပုဂံက ထင်ရှားတဲ့ ဥမင်များအကြောင်း

ပုဂံက ထင်ရှားတဲ့ ဥမင်များအကြောင်း

Discussion about this post

No Result
View All Result

Categories

Tag

amazing ancient knowledge animals architecture buddhism buddhism monk chemistry cities countries empires feeling health health knowledge history inventions kaung htet knowledge military motivation myanmar history myanmar knowledge myanmar people myanmar places news pagodas photos places planets plants rivers science science knowledge Sport Sport people successful tech thinking tips world actors world companies world history world knowledge world news world people world places

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!