• Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
Monday, January 25, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

နက်ပကျွန်း (သို့) ဂြိုဟ်ပြာကြီးရဲ့အကြောင်း

by Thutamm
September 21, 2020
Reading Time: 1min read
0
နက်ပကျွန်း (သို့) ဂြိုဟ်ပြာကြီးရဲ့အကြောင်း
Share on FacebookShare on Twitter

နက်ပကျွန်းဂြိုလ် သည် နေအဖွဲ့အစည်းအတွင်း၌ ၈ ခုမြောက်နှင့် နေမှအဝေးဆုံးဂြိုလ်ဖြစ်သည်။နက်ပကျွန်းသည် ဓာတ်ငွေ့အမြောက်အများနှင့် ဖွဲ့စည်းထားသော ဂြိုလ်ဖြစ်ပြီး မြင်နိုင်ရန်ခက်ခဲသော ခါးပတ်ကွင်း ၄ ခုရှိသည်။ နေအဖွဲ့အစည်းအတွင် စတုတ္ထမြောက်အကြီးဆုံးနှင့် တတိယမြောက်အလေးဆုံးဂြိုလ်ဖြစ်သည်။  နက်ပကျွန်းဂြိုလ်သည် ရောမနတ်ဘုရား ပိုဆီဒွန် (Poseidon) ကို အကြောင်းပြု၍ မှည့်ခေါ်ထားခြင်းဖြစ်ပြီး သူ၏ အာကာသဆိုင်ရာ သင်္ကေတမှာ Astronomical symbol for Neptune ဖြစ်သည်။

နက်ပကျွန်းဂြိုဟ်သည် ကမ္ဘာဂြိုဟ်ထက် ၁၇ ဆပိုလေးကာ ထုထည်အားဖြင့် ၅၈ဆ ပိုကြီးပါတယ်။ နေမှ ၃ဝ.၁ AU ကွာဝေးသည်။ နက်ပကျွန်းဂြိုဟ်သည် သာမန်မျက်စိနှင့် မမြင်ရပေ။ ယင်းအား ရှာဖွေလေ့လာမှုထက် သင်္ချာနည်းလမ်းအရ ကြိုတင်ခန့်မှန်းခြင်းဖြင့်တွေ့ရှိသည့် တစ်ခုတည်းသောဂြိုဟ်တစ်စင်းပင်ဖြစ်သည်။ နက်ပကျွန်းဂြိုဟ်အား ဗွိုင်ယေဂျာ ၂ အာကာသယာဉ်မှ ၁၉၈၉ ခုနှစ် ဩဂုတ်လ ၂၅ ရက်နေ့တွင် လည်ပတ်ခဲ့သည်။ နောက်ပိုင်းတွင် ဟာဘဲလ် အာကာသမှန်ပြောင်းနှင့် မြေပြင်အခြေစိုက် တယ်လီစကုပ်ကြီးများက အသေးစိတ်ကျသော လေ့လာမှုများအား လုပ်ဆောင်နိုင်ခဲ့သည်။

နက်ပကျွန်းဂြိုလ်၏လေထု (ဂြိုလ်၏အပေါ်တွင်လွှင့်မျောနေသော ဓာတ်ငွေ့အလွှာ) မှာ ဟိုက်ဒရိုဂျင်ဓာတ်ငွေ့ နှင့် ဟီလီယံဓာတ်ငွေ့တို့ဖြင့် ဖွဲ့စည်းထားပြီး မီသိန်းဓာတ်အနည်းငယ်မျှပါဝင်သည်။ ထို့ကြောင့် ဂြိုလ်၏အရောင်မှာ အပြာရောင်ဖြစ်နေသည်။ နက်ပကျွန်းဂြိုလ်၏ အပြာရောင်မှာ မီသိန်းဓာတ်ငွေ့ ဆတူမျှပါရှိသော ယူရေးနပ်ဂြိုလ်၏အပြာရောင်ထက် များစွာပို၍တောက်ပသည်။ ထို့ကြောင့် နက်ပကျွန်းဂြိုလ် အပြာရောင်တောက်ပခြင်းမှာ အခြားအကြောင်းများလည်း ရှိနိုင်သည်။ နက်ပကျွန်းဂြိုလ်၏ မျက်နှာပြင်ပေါ်တွင် တိုက်ခတ်သော လေမှာ နေအဖွဲ့အစည်း အတွင်းရှိ အခြားဂြိုလ်များနှင့် နှိုင်းယှဉ်လျှင် အပြင်းထန်ဆုံးဖြစ်ပြီး အမြန်ဆုံးအနေနှင့် တစ်နာရီလျှင် ၂၁၀၀ ကီလိုမီတာနှုန်း (မိုင် ၁၃၀၀ နှုန်း) အထိတိုက်ခတ်သည်ဟု တိုင်းတာရရှိသည်။

ရှာဖွေတွေ့ရှိမှု

နက်ပကျွန်းဂြိုဟ်အား ရှာဖွေတွေ့ရှိခဲ့သူ အာဘိန်လီ ဗဲရီယာ အချို့သော အစောဆုံး မှတ်တမ်းများအား တယ်လီစကုပ်များမှ ပြုလုပ်ခဲ့သည်။ ၁၆၁၂ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် ဂယ်လီလီယိုမှ မှတ်တမ်းတင်ခဲ့သည်။ သူသည် ကြယ်တစ်စင်းနှင့် နက်ပကျွန်းဂြိုဟ်အား မှားယွင်းခဲ့ဟန်တူသည်။ နက်ပကျွန်းဂြိုဟ်ကို အာကာသပညာရှင်များ ဖြစ်သော အာဘိန်လီဗဲရီယာ(Urbain Le Verrier) နှင့် ဂျွန်ကော့ရှ်အဒမ်(John Couch Adams) တို့က ရှာဖွေတွေ့ရှိခဲ့ခြင့်းဖြစ်ပြီး ၂ ဦးစလုံးမှာ ရှာဖွေတွေ့ရှိမှုအတွက် ဂုဏ်ပြုခံခဲ့ရသည်။ ထိုဂြိုဟ်မှာ တယ်လီစကုပ်ကို သုံး၍ ရှာဖွေတွေ့ရှိခဲ့ခြင်းမဟုတ်ပဲ သင်္ချာနည်းဖြင့်တွက်ချက်မှုကြောင့် ရှာဖွေတွေ့ရှိခဲ့သော ပထမဆုံးဂြိုဟ်ဖြစ်သည်။

ဂြိုဟ်ရံလများ

နက်ပကျွန်းဂြိုဟ်တွင် ဂြိုဟ်ရံလ ၁၄ စင်းရှိသည်။ ထရီတွန် (Triton)သည် အကြီးဆုံးဖြစ်ပြီး ထိုဂြိုဟ်အား ရှာဖွေတွေ့ရှိခဲ့ပြီး ၁၇ ရက်အကြာတွင် ဝီလီယံ ဟာရှယ်ဆိုသူမှ ရှာဖွေတွေ့ရှိခဲ့ခြင်း ဖြစ်ပါသည်။ တချိန်တုန်းကမူ ကျူးပါး ခါးပတ်ထဲမှ ဂြိုဟ်သိမ်ဟု သတ်မှတ်ခဲ့နိုင်ကောင်းပါသည်။ ၁၉၈၉ ခုနှစ်တွင် ထရိုင်တွန်သည် ကမ္ဘာမြေနှင့် အနီးဆုံးအကွာအဝေးသို့ ရောက်ရှိခဲ့ပါသည်။ ထရိုင်တွန်သည် နောင်နှစ်ပေါင်း ၃.၆ ဘီလီယံအကြာတွင် ကျိုးကြေပျက်စီးသွားမည်ဖြစ်သည်။ ထရိုင်တွန်၏ ပတ်လမ်းမှာ အခြားသာမန်ဂြိုဟ်ရံလများနှင့်ဆန့်ကျင်ဘက် ပတ်လမ်းအတိုင်း ၂၃ ဒီဂရီတိမ်းစောင်းလျက် နက်ပကျွန်းဂြိုဟ်အား လှည့်ပတ်နေသည်။ ထရိုင်တန်သည် ကျွန်တော်တို့ ကမ္ဘာဂြိုဟ်ရံလနှင့် ပလူတိုဂြိုဟ်သိမ်ထက်ပင် ကြီးမားပါသည်။

နက်ပကျွန်းဂြိုဟ်၏ အခြားဒုတိယအကြီးဆုံးဂြိုဟ်ရံလမှာ နီရီး (Nereid) ဖြစ်ပြီး ၁၉၈၉ ခုနှစ်တွင် ဗွိင်ယေဂျာ ၂ မှ တွေ့ရှိခဲ့သည်။ နီးရီးဂြိုဟ်ရံလသည် ထရိုင်တွန်၏ ဝ.၂၅ ရာခိုင်နှုန်းသော ထုထည်သာ ရှိသည်။ အခြားသော ပုံစံမမှန်သော အတွင်းဘက်ဂြိုဟ်ရံလများအား ၂ဝဝ၂ ခုနှစ်မှ ၂ဝဝ၄ ခုနှစ်တွင် ရှာဖွေတွေ့ရှိခဲ့သည်။ နောက်ဆုံးနှင့် အသေးငယ်ဆုံးသော ဂြိုဟ်ရံလကိုမူ ၂ဝ၁၃ ခုနှစ်တွင် ရှာဖွေတွေ့ရှိခဲ့သည်။

ယူရေးနပ်ဂြိုဟ်သည် သူ၏နေပတ်လမ်းကြောင်းအတွင်း ထူးခြားသော ရွေ့လျားမှုများကြောင့် အာကာသပညာရှင်များသည် ဂြိုဟ်အသစ်ကို ရှာဖွေစေခဲ့သည်။ နက်ပကျွန်းဂြိုဟ်ကို ဗွိုင်ယေဂျာ ၂ အာကာသယာဉ်တစ်စင်းကသာ ၁၉၈၉ ခုနှစ် ဩဂုတ်လ ၂၅ရက်တွင် ရောက်ရှိခဲ့သေးသည်။  နတ်ပကျွန်းမှာ အလွန်ကြီးမားတဲ့မုန်တိုင်း “မဟာမှောင်မဲသောအစက်”ဟု လူသိတဲ့မုန်တိုင်းကို ဗွိုင်ယေဂျာ ၂ အာကာသယာဉ်က ၁၉၈၉ ခုနှစ်မှာ တွေ့ခဲ့သည်။ မည်သို့ပင်ဆိုစေကာမူ အမှောင်စက်ကြီးအား ၁၉၉၄ ခုနှစ်တွင် မြင်ခဲ့ရသည် မဟုတ်ပါ။ ထိုအချိန်နောက်ပိုင်းကတည်းက အသစ်သော အစက်များကိုလည်း မြင်ခဲ့ရပါသည်။ အဘယ်ကြောင့် အမည်းစက် ပျောက်ကွယ်ခဲ့သည်ကိုမူ မသိရပေ။ နာဆာ၏ အနာဂါတ်အာကာသယာဉ်များက နက်ပကျွန်းဂြိုဟ်အကြောင်း ပိုမိုသိရှိရန် အကြံပေးထားပါသည်။

နက်ပကျွန်းဂြိုဟ်အကြောင်း စိတ်ဝင်စားစရာ  အချက်များ

၁။ ကမ္ဘာမြေပေါ်က ပေါင် ၁၀၀ ရှိတဲ့လူဟာ နက်ပကျွန်းဂြိုဟ်ပေါ်ရောက်တဲ့အခါမှာ ပေါင် ၁၁၀ ဖြစ်သွားပါလိမ့်မယ်။ နက်ပကျွန်းရဲ့ ကမ္ဘာရဲ့ မြေဆွဲအားကွာခြားချက်ကြောင့်ဖြစ်ပါတယ်။ နက်ပကျွန်းရဲ့မြေဆွဲအားဟာ ကမ္ဘာထက် ၁.၁၃ဆ ပိုများပါတယ်။

၂။ ကမ္ဘာမှာ ၂၄နာရီဟာ ၁ရက်ဖြစ်ပေမယ့် နက်ပကျွန်းဂြိုဟ်ပေါ်မှာတော့ ၁၆နာရီဟာ ၁ရက်ဖြစ်ပါတယ်။

၃။ ဂြိုဟ်ကြီးရှစ်လုံးထဲမှာ နက်ပကျွန်းဟာ အဝေးဆုံးဂြိုဟ်ဖြစ်ပြီး နေကနေ မိုင်သန်းပေါင်း ၃ထောင်ခန့် ကွာဝေးပါတယ်။ ကမ္ဘာနဲ့နေရဲ့အကွာအဝေးထက် အဆ ၃၀ ပိုဝေးတာဖြစ်ပါတယ်။

၄။ ဂြိုဟ်ကြီးရှစ်လုံးအနက် ကျန်ဂြိုဟ်အားလုံးကို ကမ္ဘာကနေ သာမန်မျက်စိနဲ့မြင်ရပေမယ့် နက်ပကျွန်းဂြိုဟ်ကိုတော့ အားကောင်းတဲ့တယ်လီစကုပ်နဲ့ ကြည့်မှ မြင်ရပါလိမ့်မယ်။ ကမ္ဘာ နဲ့ နက်ပကျွန်းဂြိုဟ်ဟာ မိုင်သန်းပေါင်း ၂၇၀၀ ကွာဝေးပါတယ်။

၅။ နက်ပကျွန်းဂြိုဟ်ဟာ နေကိုတစ်ပတ်ပတ်ရန်ကြာချိန်ဟာ ကမ္ဘာမြေရဲ့နှစ်ပေါင်း ၁၆၅နှစ် ဖြစ်ပါတယ်။

၆။ တခါတရံမှာ ပလူတိုဂြိုဟ်ဟာ နက်ပကျွန်းဂြိုဟ်လမ်းကြောင်းကို ဖြတ်သန်းသွားလေ့ရှိပါတယ်။ ဒါပေမယ့် ဘယ်တုန်းကမှ ဒီဂြိုဟ်နှစ်ခုဟာ တိုက်မိခြင်းမရှိခဲ့ပါဘူး။

၇။ နက်ပကျွန်းဂြိုဟ်ပေါ်မှာဖြစ်ပေါ်လေ့ရှိတဲ့ မုန်တိုင်းတွေဟာ ရက်သတ္တပတ် အနည်းငယ်ကနေ နှစ်ပေါင်း ရာနဲ့ချီပြီးကြာလေ့ရှိပါတယ်။

၈။ နက်ပကျွန်းရဲ့ အကြီးဆုံးဂြိုဟ်ရံလဖြစ်တဲ့ Triton ဟာ နေစကြဝဠာအဖွဲ့အစည်းမှာ အအေးဆုံးနေရာလို့ ဆိုနိုင်ပါတယ်။ ဒီဂြိုဟ်ရံလရဲ့ အပူချိန်ဟာ အနုတ် ၂၃၅ဒီဂရီဆဲစီးယပ် အထိကျဆင်းလေ့ရှိပါတယ်။

၉။ စေတန်ဂြိုဟ်လိုပဲ နက်ပကျွန်းမှာ ဂြိုဟ်ကွင်းတွေရှိနေပေမယ့် စေတန်ဂြိုဟ်ရဲ့ ဂြိုဟ်ကွင်းတွေလို လှပပြီးအရောင်စုံခြင်း မရှိပါဘူး။ နက်ပကျွန်းမှာ ဂြိုဟ်ကွင်း ငါးခုရှိပေမယ့် အလွန်ပါးလွှာပြီး အစိတ်အပိုင်းတော်တေ်ာများများကို မြင်နိုင်ခြင်း မရှိပါဘူး။ ဂြိုဟ်ကွင်းတွေရဲ့နာမည်ကို နက္ခတ်ဗေဒပညာရှင်တွေဖြစ်တဲ့  Galle, Le Verrier, Lassell , Arago နဲ့ Adams တို့ရဲ့အမည်ကိုပေးထားပါတယ်။

၁၀။ နက်ပကျွန်းဟာ လေးခုမြောက်အကြီးဆုံးဂြိုဟ်ဖြစ်ပြီး သူ့ရဲ့နွေရာသီ နဲ့ ဆောင်းရာသီတွေဟာ ၄၁နှစ် စီကြာမြင့်ပါတယ်။

Beautiful Facts of Neptune – factretriever
Myanmar Wikipedia

 

Tags: knowledgeplanets
Next Post
နေ ဆိုတဲ့ ကြယ်ကြီးအကြောင်း

နေ ဆိုတဲ့ ကြယ်ကြီးအကြောင်း

Discussion about this post

No Result
View All Result

Categories

Tag

amazing ancient knowledge animals architecture buddhism buddhism monk chemistry cities countries empires feeling health health knowledge history inventions kaung htet knowledge military motivation myanmar history myanmar knowledge myanmar people myanmar places news pagodas photos places planets plants rivers science science knowledge Sport Sport people successful tech thinking tips world actors world companies world history world knowledge world news world people world places

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

Follow Us

Facebook

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!