Saturday, March 6, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

ဒဏ္ဍာရီများထဲမှ လူတစ်ပိုင်း တိရစ္ဆာန်တစ်ပိုင်း သတ္တဝါများ

by Thutamm
July 29, 2019
Reading Time: 2min read
0
ဒဏ္ဍာရီများထဲမှ လူတစ်ပိုင်း တိရစ္ဆာန်တစ်ပိုင်း သတ္တဝါများ
Share on FacebookShare on Twitter

ရေးသားသူ – ကောင်းစည်သူ (သုတစွယ်စုံ)

သိပ္ပံပညာရှင်များ၏ ဖော်ထုတ်တွေ့ရှိချက်များအရ မျိုးဗီဇမတူညီသော သက်ရှိ သတ္တဝါများသည် တစ်ကောင် နှင့်တစ်ကောင်ပေါင်းစပ်ကာ မျိုးပွား၍ မရနိုင်ပါချေ။မျိုးဗီဇချင်း တူညီသည့် ကြက်သည် ခိုနှင့်ပေါင်းစပ်လျှင် ကြက်ခိုဟု ခေါ်ကြသည့် ကြက်တူခိုတူ အကောင်ငယ်လေးများ ပေါက်ဖွားလေ့ရှိသော်လည်း ကြက်သည် မျိုးဗီဇကွဲသော ဘဲနှင့် မျိုးစပ်၍ မရနိုင်ပါချေ။ သက်ရှိသတ္တဝါများတွင် လူသည် ဦးနှောက် စွမ်းဆောင်ရည် အမြင့်မားဆုံး သတ္တဝါဖြစ်ကာ လူအချင်းချင်းမှလွဲ၍ အခြားတိရစ္ဆာန်များနှင့် မျိုးစပ်၍ မရနိုင်ပါချေ။

သို့သော်လည်း စိတ်ကူးဉာဏ် ဆန်းသစ်ထွေပြားသည့် လူသတ္တဝါများသည် လူတစ်ပိုင်း တိရစ္ဆာန်တစ်ပိုင်း သတ္တဝါများကို ချစ်ခင်စေရန်၊ ကြောက်ရွံ့စေရန်၊ အံ့သြစေရန်၊အားကျစေရန်၊ ကြည်ညိုစေရန် စသည်ဖြင့် ရည်ရွယ်ချက်မျိုးစုံဖြင့် စိတ်ကူး ပုံဖော်ခဲ့ကြသည်။ ကမ္ဘာပေါ်ရှိ နိုင်ငံအသီးသီး၏ ယဉ်ကျေးမှု အသီးသီးတွင် လူတစ်ပိုင်း သတ္တဝါများကို ကြားသိနိုင်ကြကာ ပုံဖော် ရုပ်ပုံကားချပ်များမှသည် တိုးတက်ခေတ်မီသော ရုပ်သေရုပ်ရှင်များကိုပင် ဖန်တီးခဲ့ကြပေသည်။

ကမ္ဘာတွင် လူသိများ၊ လူကြိုက်များသည့် စိတ်ကူးထဲမှ လူတစ်ပိုင်း သတ္တဝါများအနက် အောက်ဖော်ပြပါ သတ္တဝါ (၁၀) မျိုးသည် အထင်ရှားဆုံး ဖြစ်ပေသည်။

လူတစ်ပိုင်း ဆိတ်တစ်ပိုင်း

အချို့သော ဒဏ္ဍာရီလာ သတ္တဝါများသည် ခန္ဓာကိုယ် အပေါ်ပိုင်းက လူဖြစ်ပြီး အောက်ပိုင်းက ဆိတ်သဏ္ဌာန် ဖြစ်သည်။ ဖောန် (Faun)၊ ပန် (Pan)၊ ဆေတာ (Satyr)၊ ဆလန်းနပ်စ် (Silenus) နှင့် မကောင်းဆိုးဝါး (the Devil) များသည် လူသိများ ထင်ရှားသော လူတစ်ပိုင်း ဆိတ်တစ်ပိုင်း သတ္တဝါများ ဖြစ်ကြသည်။

ဖောန်သည် သစ်တောကို အစိုးရသည့် ရောမနတ်ဘုရားဖြစ်၍ သိုးအုပ်များကို ထိန်းကျောင်းပေးသော ဂရိနတ်ဘုရား ပန်နှင့် သူ၏အဖော်ဖြစ်သူ သစ်တောနတ် ဆေတာတို့နှင့် ပတ်သက်ဆက်နွယ်မှုရှိသည်။ ဆလန်းနပ်စ်သည် ဝိုင်ယမကာကို စောင့်ရှောက်သည့် ဂရိနတ်ဘုရား ဖြစ်ပြီး ဆေတာထက် ပို၍သက်တမ်းရှည်ကြာသူ ဖြစ်သည်။

အခြား လူတစ်ပိုင်း ဆိတ်တစ်ပိုင်း သတ္တဝါတစ်မျိုး ဖြစ်သည့် Devil ခေါ် မကောင်းဆိုးဝါးသည် ဂရိဒဏ္ဍာရီများမှ အစချီကာ ဘာသာအမျိုးမျိုး၊ ယဉ်ကျေးမှုအမျိုးမျိုးတွင် ဘုရားသခင်၏ ရန်သူတော်ကြီး အဖြစ်လည်းကောင်း၊ မကောင်းမှု ဒုစရိုက်တို့၏ သက်ရှိပြယုဂ်အဖြစ် လည်းကောင်း သတ်မှတ်ခံထားရသူ ဖြစ်သည်။

ထို့အပြင် ဟိန္ဒူယဉ်ကျေးမှု ရာဇဝင်ထဲမှ ဘရာမား နတ်ဘုရား၏ သားဖြစ်သူဘုရင် ဒက်ရှာ (Daksha)မှာ ခေါင်းဖြတ်ကွပ်မျက်ခံရပြီးသည့်နောက် ၎င်း၏ လူဦးခေါင်းနေရာတွင် ဆိတ်ဦးခေါင်းတစ်ခုဖြင့် အစားထိုးခဲ့သည်ဟု ဆိုသည်။

လူတစ်ပိုင်း ငှက်တစ်ပိုင်း

ဂရိနှင့်ရောမ ဒဏ္ဍာရီများတွင် ဟားပီးစ် (Harpies) ခေါ် မိစ္ဆာမများကို ငှက်ခန္ဓာနှင့် လူမိန်းမ မျက်နှာရှိသော ကြောက်မက်ဖွယ် သတ္တဝါများအဖြစ် သရုပ်ဖော်ထားပြီး ဂျူးဒဏ္ဍာရီထဲမှ လီလစ် (Lilith)မှာမူ လူ့ခန္ဓာကိုယ်တွင် ငှက်အတောင်ပံနှင့် ငှက်ခြေထောက်များ ပါရှိသော နတ်ဆိုးမ ဖြစ်သည်။

ပင်လယ်ခရီးသွား ယောက်ျားများကို ၎င်းတို့၏ ထူးခြားအံ့သြဖွယ် သီချင်းဆိုသံဖြင့် အရာအားလုံးကို မေ့လျော့ မှင်သက်သွားအောင် ညှို့ယူ ဖမ်းစားတတ်သည့် ဂရိဒဏ္ဍာရီလာ ဆိုင်ရန် (Siren)၊ ရုရှဒဏ္ဍာရီလာ ဆိုင်ရင် (Sirin) နှင့် အယ်လ်ကိုနော့စ် (Alkonost) တို့သည်လည်း လူတစ်ပိုင်း ငှက်တစ်ပိုင်း သတ္တဝါမများ ဖြစ်သည်။ ရုရှားရိုးရာပုံပြင်များထဲမှ ဂမယွန် (Gamayun) သည် လူမိန်းမဦးခေါင်းပါရှိသော ပုရောဟိတ် ငှက်တစ်ကောင် ဖြစ်ပြီး ဉာဏ်ပညာ ဗဟုသုတ အလွန်ကြီးမားသည်ဟု ဆိုသည်။

အခြားထင်ရှားသည့် လူတစ်ပိုင်း ငှက်တစ်ပိုင်း သတ္တဝါများမှာ အရှေ့တောင်အာရှ ဒဏ္ဍာရီများထဲမှ ကိန္နရီ၊ ကိန္နရာများ ဖြစ်ပြီး ၎င်းတို့ကို နတ်သီချင်းသည်များအဖြစ် လည်းကောင်း၊ ထာဝရသစ္စာ ခိုင်မြဲသော ချစ်သူများအဖြစ်လည်းကောင်း ဖော်ညွှန်းလေ့ရှိသည်ကို တွေ့ရှိနိုင်သည်။

ဂျပန် ဒဏ္ဍာရီလာ ကရုရာ (Karura)သည် လူခန္ဓာကိုယ်၊ ငှက်ဦးခေါင်းနှင့် သတ္တဝါတစ်မျိုးဖြစ်ပြီး ဟိန္ဒူရာဇဝင်ထဲမှ ဂရုဒါး (Garuda) ခေါ် ဂဠုန်ကို လူခန္ဓာကိုယ်ရှိသော ခွန်အားကြီးမားသည့် လင်းယုန်ငှက်ကြီး တစ်မျိုးအဖြစ် ဖော်ပြထားသည်။ အီဂျစ်နတ်ဘုရားများတွင်လည်းမွန်တူ (Montu)၊ ဟိုးရပ်စ် (Horus)၊ ဆီကာ (Seker) နှင့် ရား (Ra) တို့သည်လည်း လူတစ်ပိုင်း ငှက်တစ်ပိုင်း နတ်ဘုရားများ ဖြစ်ကြသည်။

လူတစ်ပိုင်း ငါးတစ်ပိုင်း

ဒဏ္ဍာရီလာ အထင်ရှားဆုံး လူတစ်ပိုင်း ငါးတစ်ပိုင်း သတ္တဝါများကို ပြပါဆိုလျှင် ရေသူမ၊ရေသူထီးများကို ညွှန်ပြရပေလိမ့်မည်။ ယင်းရေသူမ၊ ရေသူထီးများ အကြောင်းကို ဥရောပ၊အာရှ၊ အာဖရိက အပါအဝင် ကမ္ဘာတစ်လွှားရှိ ယဉ်ကျေးမှု အတော်များများတွင် တွေ့ရှိနိုင်သည်။ ရေသူထီး၊ ရေသူမများ ပထမဆုံး ပေါ်ပေါက်လာခဲ့သည်မှာ အဆီးရီးယန်း ဒဏ္ဍာရီတွင်ဖြစ်ပြီး နတ်ဘုရားမ အတာဂေးတစ် (Atargatis) ခေါ် ဒါဆီတို (Derceto)မှ စတင်ခဲ့သည်။

ဂရိပင်လယ်နတ်ဘုရားဖြစ်သည့် ထရိုင်တန် (Triton) သည် လူခန္ဓာကိုယ် အပေါ်ပိုင်းနှင့် ငါးကဲ့သို့ အကြေးခွံပါ အမြီးတစ်ခုကို ပိုင်ဆိုင်ထားသော ရေသူထီးတစ်ဦး ဖြစ်သည်။

အလားတူ သတ္တဝါများတွင် ဖိလစ်ပိုင် ဒဏ္ဍာရီထဲမှ ဆိုင်ရန်နာ (Sirena) နှင့် ဒိုင်ဆီဘယ်လ် (Dyesebel)၊ ကင်မရွန်းနိုင်ငံ ဆာဝါရိုးရာ ယဉ်ကျေးမှုမှ ဂျန်ဂု (Jengu) တို့ ပါဝင်ကြသည်။

မက်ဆိုပိုတေးမီးယန်း လူမျိုးတို့၏ သားဆုပန် နတ်ဘုရားဖြစ်သော ဒါဂွန်သည် လူတစ်ပိုင်း ငါးတစ်ပိုင်း ဖြစ်ပြီး သမ္မာကျမ်းစာတွင်လည်း ဒါဂွန့်အကြောင်းကို ဖော်ပြထားသည်။

ဟိန္ဒူနတ်ဘုရား တစ်ပါးဖြစ်သည့် ဗိဿနိုး ၏ကိုယ်ပွား တစ်ခုမှာ လူခန္ဓာကိုယ် ငါးအမြီးနှင့်ဖြစ်ပြီး မတ်စယာ (Matsya) ဟု အမည်တွင်သည်။

ကွတ်ကျွန်းစုများ ဒဏ္ဍာရီထဲမှ နတ်ဘုရားနှင့် လူသားတို့၏ဖခင် လနတ်ဒေဝတာ အဗာတီ (Avatea)သည် ထူးထူးခြားခြား ခန္ဓာကိုယ် ညာဘက်ခြမ်းက လူဖြစ်ပြီး ဘယ်ဘက်ခြမ်းက ငါးဖြစ်သည်ဟု ဖော်ပြထားသည်။

လူတစ်ပိုင်း မြွေတစ်ပိုင်း

အများအားဖြင့် မြွေကို အန္တရာယ်ရှိသော တိရစ ္ဆာန်တစ်ကောင်အဖြစ် ရှုမြင်ကြသော်လည်း ကမ ္ဘာအနှံ့အပြားမှ ဒဏ္ဍာရီများတွင်မူ မြွေခန္ဓာနှင့် လူခန္ဓာ တွဲစပ်ထားသည့် ထူးဆန်း သတ္တဝါအမျိုးမျိုးကို တွေ့ရှိနိုင်ပေသည်။

ဟိန္ဒူ ဒဏ္ဍာရီတွင် လငပုပ်ဖမ်းသူ အသူရိန်နတ်ကြီး ကီတု (Ketu)ကို အလွန်တရာ ကြီးမားသော မြွေခန္ဓာကိုယ် ပိုင်ရှင်အဖြစ် သရုပ်ဖော်ထားသည်။

ဂရိဒဏ္ဍာရီထဲမှ ကြောက်မက်ဖွယ် သတ္တဝါကြီးများ၏ မိခင်ဖြစ်သူ အခစ်ဒ်နာ (Echidna) သည် ချောမောလှပသည့် လူမျက်နှာနှင့် မြွေခန္ဓာကိုယ်ရှိသော မြစ်စောင့်နတ်တစ်ပါး ဖြစ်သကဲ့သို့ တန်ခိုးကြီး ဇူးစ်နတ်ဘုရား၏ မောင်းမတစ်ဦးဖြစ်သူ လာမီယာ (Lamia)သည်လည်း ၎င်း၏ ခါးနေရာမှစ၍ မြွေနဂါးတစ်ကောင်၏ အမြီး သဏ္ဌာန် ဖြစ်နေကြောင်း ဖော်ပြထားသည်။

ဂရိဒဏ္ဍာရီထဲမှပင် ဂေါ်ဂွန် (Gorgon) ညီအစ်မများ ဖြစ်ကြသည့် စသီနို (Stheno)၊ ယူရီရဲလ်လေး (Euryale)နှင့် မဒူဆာ (Medusa) တို့သည် ယင်းတို့၏ ဦးခေါင်းတွင် ဆံပင်ပေါက်ရမည့်အစား မြွေများ ရှိနေခြင်းကြောင့် လူသိများ ထင်ရှားကြသည်။

တရုတ်ဒဏ္ဍာရီလာ နု၀ (Nuwa) နှင့် ဖူစီ (Fu Xi) နတ်မောင်နှမ နှစ်ပါးသည် လူခန္ဓာကိုယ်၊ မြွေအမြီးနှင့် ဖြစ်ကြပြီး ဧရာမ နေနတ်မင်းတစ်ပါးဖြစ်သည့် ဇူလောင် (Zhulong)သည် လူမျက်နှာနှင့် မြွေခန္ဓာကိုယ် ရှိသည်။

ထို့အပြင် အီဂျစ်နတ်ဘုရားမများဖြစ်သည့် ကောကတ် (Kauket) နှင့် မရက်ဆီဂျာ (Meretseger) တို့သည်လည်း မြွေတစ်ပိုင်း လူတစ်ပိုင်း နတ်ဘုရားများ ဖြစ်ကြသည်။

လူတစ်ပိုင်း မြင်းတစ်ပိုင်း

ဂရိဒဏ္ဍာရီထဲမှ စင်တော် (Centaur) များသည် ထင်ရှားသော လူတစ်ပိုင်း မြင်းတစ်ပိုင်း သတ္တဝါများ ဖြစ်ကြသည်။ စင်တော်များတွင် လူဦးခေါင်း၊ လူကိုယ်လုံး၊ လူ့လက်များနှင့်အတူ မြင်းခန္ဓာကိုယ် နောက်ဘက်ပိုင်းနှင့် မြင်းခြေထောက်များ တွဲစပ်ပါဝင်ကြသည်။ စင်တော်အမများကို စင်တော်ရိုဒ် (Centauride) ဟုခေါ်ပြီး ဖိလစ်ပိုင် ဒဏ္ဍာရီထဲမှ အန်ဂျီတေး (Anggitay)သည် စင်တော်အမ တစ်ကောင်ဖြစ်သည်။

ဂရိဒဏ္ဍာရီလာ စင်တော်ကဲ့သို့သော အခြားသတ္တဝါတစ်မျိုးမှာ အိုင်ပိုတိန်း (Ipotanes) များဖြစ်ပြီး ၎င်းတို့တွင် မြင်းနားရွက်များ ရှိကြသည်ဟု ဆိုသည်။ အစ္စလာမ်ဒဏ္ဍာရီထဲမှ အယ်လ်ဘာရက် (Al-Buraq)၊ ဟိန္ဒူဒဏ္ဍာရီထဲမှ ဟာယာဂရီဗာ (Hayagriva)၊ ဖိလစ်ပိုင် ရိုးရာပုံပြင်များထဲမှ တစ်ခ်ဘလန် (Tikbalang) တို့အားလုံးသည် မြင်းခေါင်းနှင့် လူခန္ဓာ ကိုယ်ကို ပိုင်ဆိုင်ထားကြ သော ထူးဆန်းသတ္တဝါများ ဖြစ်ကြသည်။

လူတစ်ပိုင်း ငှက်တစ်ပိုင်းဟု အများက ယူဆထားသည့် ကိန္နရီကိန္နရာ များကို အချို့သော အိန္ဒိယ ဒဏ္ဍာရီများတွင် လူတစ်ပိုင်း မြင်းတစ်ပိုင်း ဖြစ်သည်ဟူ၍ ဖော်ပြထားကြောင်းကိုလည်း တွေ့ရှိနိုင်သည်။

လူတစ်ပိုင်း ခြင်္သေ့တစ်ပိုင်း

တောဘုရင် ခြင်္သေ့ကိုလည်း များစွာသော ဒဏ္ဍာရီများတွင် လူခန္ဓာကိုယ်နှင့် ပုံစံအမျိုးမျိုး တွဲစပ်ပြီး ထူးဆန်း အံ့သြဖွယ် လူတစ်ပိုင်း ခြင်္သေ့တစ်ပိုင်း သတ္တဝါများအဖြစ် တွေ့ရှိနိုင်သည်။

လူဦးခေါင်းနှင့် ခြင်္သေ့ခန္ဓာ ရှိသော စဖင့်စ် (Sphinx) ကို ဂရိ၊ အီဂျစ်နှင့် အာရှ ဒဏ္ဍာရီများတွင် အထင်အရှား တွေ့နိုင်ပြီး တစ်ခါတစ်ရံတွင် စဖင့်စ်ခန္ဓာကိုယ်၌ အတောင်ပံများကိုပါ ထည့်သွင်း သရုပ်ဖော်လေ့ရှိသည်။

မန်တီကိုး (Manticore) သည် ပါရှန်းဒဏ္ဍာရီထဲမှ စဖင့်စ်ဖြစ်ပြီး လာမာ့စ်စု (Lamassu)ကမူ လူဦးခေါင်း၊ ခြင်္သေ့ကိုယ်နှင့် လင်းယုန်ငှက် အတောင်ပံများ ပိုင်ဆိုင်သော အဆီးရီးယန်း ဒဏ္ဍာရီလာ နတ်ဘုရားတစ်ပါး ဖြစ်သည်။

အီဂျစ်စစ်နတ်ဘုရားများဖြစ်သည့် မားဟီးစ် (Maahes) နှင့် ဆက်ခ်မတ် (Sekhmet)တို့ နှစ်ဦးစလုံးသည် လူခန္ဓာနှင့် ခြင်္သေ့ဦးခေါင်း ရှိကြသူများ ဖြစ်ကြသည်။

ဟိန္ဒူရာဇဝင်များတွင် ဗိဿနိုးနတ်မင်း၏ ကိုယ်ပွားတစ်ခုဖြစ်သော နာရာစီမာ(Narasima)၏ အဆင်းသဏ္ဍာန်ကို လူခန္ဓာကိုယ်၊ ခြင်္သေ့မျက်နှာနှင့် ခြေသည်း၊ လက်သည်းများ ပါရှိကြောင်း ဖော်ပြထားသည်။

၇။ လူတစ်ပိုင်း ခွေးတစ်ပိုင်း

တရုတ်ဒဏ္ဍာရီထဲမှ ပန်ဂေါင် (Penghou) အမည်ရှိ ရုက္ခစိုးနတ်၊ ဂျပန်ဒဏ္ဍာရီထဲမှ တန်ဂူ (Tengu)၊ ဂရိနှင့် အီဂျစ်ဒဏ္ဍာရီများထဲမှ ဆင်နိုကပ်ဖလီ (Cynocephaly)၊ ဂရင်းလန်းဒေသ အင်နုဒဏ္ဍာရီထဲမှ အက်ဒ်လတ် (Adlet) တို့မှာ လူနှင့် ခွေးခန္ဓာ ပေါင်းစပ်ထားသော ထူးဆန်းသတ္တဝါများ ဖြစ်ကြသည်။

၈။ လူတစ်ပိုင်း နွားသိုးတစ်ပိုင်း

အဆီးရီးယန်း ဒဏ္ဍာရီတွင် လူခေါင်း၊ ခြင်္သေ့ကိုယ်နှင့် လင်းယုန်အတောင်ပံများ ပါဝင်သည့် လာမာ့စ်စုကဲ့သို့ပင် လူခေါင်း၊ နွားသိုးကိုယ်နှင့် လင်းယုန်အတောင်ပံများ ပါဝင်သည့် နောက်ထပ် လာမာ့စ်စု နတ်ဘုရား တစ်မျိုးလည်း ရှိသေးသည်။

ရှေးဟောင်း ဂရိပုံပြင်များထဲမှ မီနိုတော (Minotaur) သတ္တဝါကြီးမှာ လူခန္ဓာကိုယ်နှင့် နွားသိုး ဦးခေါင်း ရှိသည့် သတ္တဝါဖြစ်သည်။

လူတစ်ပိုင်း နွားသိုးတစ်ပိုင်း နောက်တစ်မျိုးမှာ တရုတ်ဒဏ္ဍာရီလာ ချီယု (Chi Yu) ခေါ် ကြောက်မက်ဖွယ် သတ္တဝါကြီးဖြစ်ပြီး ဟိန္ဒူဒဏ္ဍာရီထဲမှ တံခါးစောင့် နန္ဒီ (Nandi)မှာလည်း လူခန္ဓာ၊ နွားသိုး မျက်နှာနှင့် ဖြစ်သည်။

အခြား လူတစ်ပိုင်း တိရစ္ဆာန်တစ်ပိုင်းများ

အထက်ဖော်ပြပါ သတ္တဝါများသာမက ကမ္ဘာ့နေရာအနှံ့အပြားမှ ဒဏ္ဍာရီအသီးသီးတွင် အခြားသော လူတစ်ပိုင်း တိရစ္ဆာန်တစ်ပိုင်း ထူးဆန်းသတ္တဝါများစွာ ရှိပါသေးသည်။

ဟိန္ဒူနတ်ဘုရား လူတစ်ပိုင်း မျောက်တစ်ပိုင်း ဟာနုမာန် (Hanuman)၊လူတစ်ပိုင်း ဆင်တစ်ပိုင်း နတ်ဘုရား ဂါနီရှာ (Ganesha)၊ လူခန္ဓာကိုယ်တွင် အတောင်ပံများ ပါရှိသည့် ဖယ်ရီ(Fairies) ခေါ် နတ်သူငယ်ကလေးများ စသည်တို့ အပါအဝင် အများအပြား ကျန်ရှိနေ သေးသည်။

သဏ္ဌာန်ပြောင်းသူများ (Shape Shifters)

လူတစ်ပိုင်း တိရစ္ဆာန်တစ်ပိုင်းများအပြင် နောက်ထပ်ထူးခြားသော ဒဏ္ဍာရီလာ သတ္တဝါအမျိုးအစားမှာ သဏ္ဌာန်ပြောင်း သတ္တဝါများ ဖြစ်သည်။

ဘရာဇီးလ် ရိုးရာပုံပြင်များထဲမှ အန်ကန်တေဒို (Encantado) များသည် လူအသွင် ပြောင်းလဲနိုင်သည့် လင်းပိုင်များဖြစ်ပြီး ရုပ်သဏ္ဌာန် ပြောင်းလဲနိုင်သည့် မြွေများအဖြစ် တစ်ခါတစ်ရံ ရည်ညွှန်းကြသည်။

ဥရောပ ရိုးရာပုံပြင်များထဲမှ သမန်းဝံပုလွေ၊ သမန်းကြောင်၊ သမန်းခွေး စသည်တို့သည်လည်း သဏ္ဌာန်ပြောင်း သတ္တဝါများ ဖြစ်ကြပေသည်။

မြန်မာနိုင်ငံတွင်လည်း ပါးစပ်ရာဇဝင်လာ သမန်းကျားများသည် လပြည့် လကွယ် ညများတွင် လူမှ ကျားအဖြစ်သို့ ပြောင်းလဲနိုင်ကြသည့် လူတစ်ပိုင်း ကျားတစ်ပိုင်း သတ္တဝါဟု အဆို ရှိခဲ့ပေသည်။

ပြင်ပလောကတွင် မည်သူမျှ မမြင်ဘူး မတွေ့ဘူးသည့် လူတစ်ပိုင်း သတ္တဝါများသည် အမှန်တကယ် မရှိခဲ့သော်လည်း လူသားများ၏ စိတ်အာရုံကို ဖမ်းစားရုံနိုင်မျှသာမက ယုံကြည်ကိုးကွယ်မှုများအထိပင် ဖြစ်စေခဲ့ပေသည်။ လူသားများသည် ထူးဆန်းသော အာရုံကို သာယာတတ်သည့် သဘာ၀ ရှိကြသည့်အလျောက် ယနေ့ခေတ်မှာပင် လူတစ်ပိုင်း သတ္တဝါများကို ရုပ်ရှင်ကားများတွင် ခေတ်မီနည်းပညာဖြင့် ဖန်တီး ပြသလေ့ရှိရာ အလွန် လူကြိုက်များသော သတ္တဝါများ ဖြစ်လာခဲ့ပေသည်။

ဒိုဘီကဲ့သို့သော မှင်စာလေးများသည် ရုပ်ရှင် ဇာတ်လမ်းများတွင် အလွန် လူကြိုက်များခဲ့ကာ နောင်နှစ်ပေါင်း ထောင်နှင့်ချီ၍ ကြာမြင့်ချိန်တွင် ခေတ်မီ နည်းပညာများဖြင့် ဖန်တီးပြုလုပ် ထားသည့် လူတစ်ပိုင်း သတ္တဝါများကို နှောင်းလူများက အမှန်ရှိခဲ့သည်ဟုပင် ထင်ကြဖွယ် ရှိပေသည်။

(၂၀၁၆ ခုနှစ် ဇူလိုင်လထုတ် သုတစွယ်စုံမဂ္ဂဇင်း)
မောင်သာ ရှေးဟောင်းသုတေသန

Tags: amazingworld knowledge

Related Posts

လင်းပိုင် နဲ့ လင်းရှူး ဘာကွာသလဲ
Knowledge

လင်းပိုင် နဲ့ လင်းရှူး ဘာကွာသလဲ

လင်းပိုင်(Dolphin) တွေကိုတော့ စာတွေ ပုံတွေထဲမှာ မကြာခဏ ဖတ်ဖူး မြင်ဖူးကြတဲ့အတွက် တော်တော်များများ သိကြပြီး ဖြစ်မှာပါ။ လင်းရှူး(Porpoise) တွေကိုတော့ နာမည်သာ ကြားဖူးကြပြီး သိတဲ့သူ နည်းမယ် ထင်ပါတယ်။ ဒီတခါတော့ လင်းပိုင် နဲ့...

ဟိုချီမင်းမြို့ အကြောင်း သိကောင်းစရာ
Knowledge

ဟိုချီမင်းမြို့ အကြောင်း သိကောင်းစရာ

ဟိုချီမင်းမြို့ဟာ အရှေ့တောင်အာရှ နိုင်ငံတနိုင်ငံဖြစ်တဲ့ ဗီယက်နမ် ရဲ့ အရှေ့တောင်ပိုင်းမှာတည်ရှိပြီး နိုင်ငံရဲ့ လူဦးရေအများဆုံးနဲ့ အကြီးဆုံးမြို့ဖြစ်ပါတယ်။ ဆိုင်ဂုံမြစ်အနီးမှာ တည်ရှိပြီး သမိုင်းထဲမှာတော့ ဆိုင်ဂုံ ဆိုတဲ့အမည်နဲ့ ထင်ရှားခဲ့တဲ့ ဗီယက်နမ်မြို့တော်ဟောင်း ဖြစ်ပါတယ်။ ဟိုချီမင်းမြို့ဟာ ဗီယက်နမ်ရဲ့ စီးပွားရေး...

လင်းယုန် နဲ့ သိမ်းငှက် ဘာကွာသလဲ
Knowledge

လင်းယုန် နဲ့ သိမ်းငှက် ဘာကွာသလဲ

အမဲလိုက်ငှက်အမျိုးအစားတွေဖြစ်ကြတဲ့ လင်းယုန်(eagle) နဲ့ သိမ်းငှက်(hawk) တို့ဟာ အက်ကဆစ်ပစ်ထရီဒီ မျိုးရင်းထဲမှာ ပါဝင်နေပါတယ်။ ကမ္ဘာပေါ်မှာ လင်းယုန်အမျိုးအစား ၆၀ ကျော်ရှိပြီး သိမ်းငှက်အမျိုးအစားကတော့ ၂၅၀ ကျော်အထိ ရှိတယ်လို့ သိရပါတယ်။ လင်းယုန် နဲ့ သိမ်းငှက်တွေဟာ...

ကမ္ဘာပေါ်က ဝန်ထမ်းအများဆုံး ကုမ္ပဏီကြီး ၅ ခု
Knowledge

ကမ္ဘာပေါ်က ဝန်ထမ်းအများဆုံး ကုမ္ပဏီကြီး ၅ ခု

ကမ္ဘာပေါ်မှာ ဝန်ထမ်းဦးရေအလိုက် အကြီးဆုံး ကုမ္ပဏီကြီးတွေ စာရင်းမှာတော့ အမေရိကန် ၊ တရုတ် ၊ ထိုင်ဝမ် ၊ ဂျာမနီ နဲ့ ယူကေ နိုင်ငံတွေက ကုမ္ပဏီတွေက ဦးဆောင်နေပါတယ်။ ကုမ္ပဏီအများစုကတော့ လက်လီစတိုးဆိုင် ၊...

Next Post
၁၉၆၂ ခုနှစ်က ဖြစ်ပွားခဲ့သော တရုတ်-အိန္ဒိယစစ်ပွဲ

၁၉၆၂ ခုနှစ်က ဖြစ်ပွားခဲ့သော တရုတ်-အိန္ဒိယစစ်ပွဲ

Discussion about this post

No Result
View All Result

Categories

Tag

amazing ancient knowledge animals architecture buddhism buddhism monk chemistry cities countries empires feeling health health knowledge history inventions kaung htet knowledge military motivation myanmar history myanmar knowledge myanmar people myanmar places news pagodas photos places planets plants rivers science science knowledge Sport Sport people successful tech thinking tips world actors world companies world history world knowledge world news world people world places

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!