Thursday, March 4, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

ဒေါ်လာ ၁၁ ဘီလျံ ကြယ်ငါးပုံလေဆိပ်ကြီးကို ဖွင့်လှစ်လိုက်တဲ့ တရုတ်နိုင်ငံ

by Thutamm
September 26, 2019
Reading Time: 1min read
0
ဒေါ်လာ ၁၁ ဘီလျံ ကြယ်ငါးပုံလေဆိပ်ကြီးကို ဖွင့်လှစ်လိုက်တဲ့ တရုတ်နိုင်ငံ
Share on FacebookShare on Twitter

ဒီလေဆိပ်ကြီးရဲ့ အမည်က Daxing International Airport ဖြစ်ပေမယ့် တည်ဆောက်ထားတဲ့ ပုံသဏ္ဍာန်က ကြယ်ငါးပုံဖြစ်တာကြောင့် starfish လို့ပဲ ခေါ်ဝေါ်ကြပါတယ်။ ဘေဂျင်းမြို့နဲ့  Langfang မြို့ရဲ့အစပ် Hebei ပြည်နယ်ထဲမှာ တည်ရှိတာဖြစ်ပြီး ဘေဂျင်းရဲ့ ဒုတိယမြောက်နိုင်ငံတကာ လေဆိပ်ကြီးလည်း ဖြစ်ပါတယ်။

မူလဘေဂျင်းလေဆိပ်ဟာ ကမ္ဘာ့ခရီးသွားလာမှု အများဆုံးလေဆိပ်တွေထဲမှာ ပါဝင်ပြီး ခရီးသည်သန်းပေါင်းများစွာ ဝင်ထွက်သွားလာနေတာကြောင့် ဒီဝန်ထုပ်ဝန်ပိုးကိုလျှော့ချဖို့အတွက် Daxing လေဆိပ်ကို တည်ဆောက်ခဲ့ခြင်းဖြစ်ပါတယ် ။ ဒီလေဆိပ်ကြီးဟာ စတုရန်းပေ ၁၁သန်းခန့် ကျယ်ဝန်းပြီး အဆောက်အအုံတစ်ခုတည်းမှာပဲရှိနေတဲ့ ကမ္ဘာ့အကြီးဆုံးလေဆိပ် terminal ဖြစ်ပါတယ်။

၂၀၀၈ ခုနှစ်လောက်ကတည်းက ဒုတိယလေဆိပ်ကို ဆောက်ဖို့အစီအစဉ်ရှိခဲ့ပေမယ့် ၂၀၁၄ ခုနှစ်မှ စတင်ဆောက်လုပ်နိုင်ခဲ့ပါတယ်။ လေဆိပ်ကြီးမှာ လေယာဉ်ပြေးလမ်း ၇ ခုပါဝင်ပြီး အဲဒီထဲက ၆ခုဟာ ခရီးသွားတွေအတွက်ဖြစ်ကာ ၁ခုကတော့ စစ်တပ်အတွက်ဖြစ်ပါတယ်။ ၂၃မိုင် အရှည်ရှိတဲ့ Beijing–Xiong’an နဲ့ Beijing West ရထားပြေးလမ်းတွေကိုပါထည့်သွင်းတည်ဆောက်ခဲ့တာကြောင့် လေဆိပ်တစ်ခုလုံးရဲ့ ကုန်ကျစရိတ်ဟာ အမေရိကန်ဒေါ်လာ ၁၁.၂ဘီလျံခန့် ကျသင့်ခဲ့ပါတယ်။

လေဆိပ်ရဲ့ဒီဇိုင်းကိုတော့ တရုတ်နိုင်ငံလေကြောင်းလိုင်းဆောက်လုပ်ရေးကုမ္ပဏီ CACC က ရေးဆွဲထားတာဖြစ်ပြီး မီးရထားလမ်းကြောင်း ၊ ဘတ်စ်ကားလမ်းကြောင်းတွေ အပြင် လေဆိပ်အတွင်း သယ်ယူပို့ဆောင်မှုစနစ်တွေကိုပါ ထည့်သွင်းတည်ဆောက်ထားပါတယ်။ အဆောက်အဦးရဲ့ဒီဇိုင်းကတော့ ဗြိတိသျှဗိသုကာကုမ္ပဏီ Zaha Hadid Architects ၊ ပြင်သစ်ကုမ္ပဏီ ADPI နဲ့ ဘေဂျင်းဗိသုကာကျောင်း BIAD တို့က ပူးပေါင်းရေးဆွဲထားတာပဲဖြစ်ပါတယ်။ အလယ်စင်တာကို လက်တံခြောက်ခု နဲ့ ဆက်သွယ်ထားတဲ့ ပုံသဏ္ဍာန်ဖြစ်ပါတယ်။

တည်ဆောက်ချိန် ၄နှစ်ကျော်ကြာမြင့်ခဲ့ပြီး ၂၀၁၉ခုနှစ် ဇွန်လကုန်မှာ တည်ဆောက်မှုပြီးစီးခဲ့ပါတယ်။  စက်တင်ဘာလ ၂၅ ရက်နေ့မှာတော့ တရုတ်သမ္မတရှီကျင့်ဖျင်က လေဆိပ်ကြီးကို ဖွင့်လှစ်ပေးခဲ့ပါတယ်။ ဖွင့်လှစ်တဲ့ ညနေမှာပဲ တရုတ်လေကြောင်းလိုင်း ၇ ခုပြေးဆွဲခဲ့ပါတယ်။ ဒီလေဆိပ်ကြီးဟာ China United လေကြောင်းလိုင်းရဲ့အချက်အခြာဖြစ်လာသလို  China Eastern လေကြောင်းလိုင်းနဲ့ China Southern အပါအဝင် ခရီးသွားလေကြောင်းလိုင်း ၁၀ ခုဟာ ဒီလေဆိပ်ကြီးကနေ ပြေးဆွဲသွားမှာဖြစ်ပါတယ်။

အဆောက်အအုံအတွင်းမှာတော့ နောက်ဆုံးပေါ်နည်းပညာတွေနဲ့ အတူ ခမ်းနားတဲ့ဒီဇိုင်းတွေ ထည့်သွင်းတည်ဆောက်ထားပြီး 5G အင်တာနက် ရရှိနေမှာပါ။ ဒီလေဆိပ်ကြီးကြောင့် နိုင်ငံသားတွေအတွက် အလုပ်အကိုင်ပေါင်း ၆သိန်းခန့် ရှိလာစေမှာ ဖြစ်တယ်လို့လည်း သိရပါတယ်။ ဒီလေဆိပ်ကြီးဟာ ၂၀၂၅ ခုနှစ်မှာ ခရီးသည်ပေါင်း ၁၇၀ သန်းခန့်အထိကို ဝန်ဆောင်မှုပေးနိုင်လိမ့်မယ်လို့ ခန့်မှန်းထားပါတယ်။

Tags: amazingtechworld places

Related Posts

ပလတ်စတစ်စားတဲ့ ရောနှောဘက်တီးရီးယားကို ဖန်တီးကြသူများ
news

ပလတ်စတစ်စားတဲ့ ရောနှောဘက်တီးရီးယားကို ဖန်တီးကြသူများ

ဒီတပတ်တော့ ပလပ်စတစ်ကို ခြေဖျက်တဲ့ bacterial cocktail လို့ခေါ်တဲ့ ရောနှောဘက်တီးရီးယားကို ဟန်ဂေရီက ဇီဝဓါတုပညာရှင် ၂ ဦး ဖန်တီးလိုက်တဲ့ အကြောင်း ပြောပြပေးပါမယ်။ Liz Madaras။ ။ “ကျမတို့က Poliloop ကုမ္ပဏီကို...

ကမ္ဘာပေါ်က သက်တမ်းအရှည်ဆုံး ဟိုတယ်
Places

ကမ္ဘာပေါ်က သက်တမ်းအရှည်ဆုံး ဟိုတယ်

ဟိုတယ် ဆိုတာဟာ အပန်းဖြေ နားခိုဖို့အပြင် အစားအစာနဲ့ အခြားဝန်ဆောင်မှုတွေ ရရှိနိုင်တဲ့ နေရာတခုဆိုတာ အားလုံးသိပြီးသားပါ။ ဟိုတယ်တွေဟာ အလွန်ဆုံးအနေနဲ့ ဒီဘက် ရာစုနှစ်တွေမှာမှ စတင်ပေါ်ပေါက်လာတာ လို့ ထင်စရာရှိပေမယ့် ကမ္ဘာပေါ်က အစောဆုံးဟိုတယ်အဖြစ် သတ်မှတ်ခံထားရတဲ့ ဒီဟိုတယ်ကတော့...

တဘဝလုံးနီးပါး သံ အဆုတ် စက်ထဲမှာ နေခဲ့ရသူ
Amazing

တဘဝလုံးနီးပါး သံ အဆုတ် စက်ထဲမှာ နေခဲ့ရသူ

ပိုလီယိုဗိုင်းရပ်စ်ကြောင့်ဖြစ်တဲ့ ပိုလီယို အကြောသေရောဂါ Poliomyelitis ဟာ တချိန်က လူသားတို့ကို အကြီးအကျယ် ဒုက္ခပေးခဲ့ဖူးပါတယ်။ ခေတ်မီ ကာကွယ်ဆေးတွေကြောင့် ယခုအချိန်မှာတော့ ရောဂါခံစားရသူ ရှားပါးသွားပြီဖြစ်ပေမယ့် ခံစားနေရသူ အနည်းငယ်သော အရေအတွက်တော့ ရှိနေဆဲပါ။ အမေရိကန်နိုင်ငံ တက်ဆက်ပြည်နယ်...

ကမ္ဘာတလွှား အလှပဆုံးသော ရေခဲဂူများ
Amazing

ကမ္ဘာတလွှား အလှပဆုံးသော ရေခဲဂူများ

ရေခဲပြင်လိုဏ်ဂူများ Glacier Cave များသည် ရေခဲမြစ်များအတွင်းရှိသော ဖွဲ့စည်းမှု ပုံစံတမျိုးဖြစ်ပြီး အများစုက ရေခဲဂူများဟု အလွယ်တကူပင်ခေါ်လေ့ရှိသည်။ ဂူအမျိုးအစားများစွာအနက်က တမျိုးဖြစ်ပြီး တနှစ်ပတ်လုံးရေခဲနေတတ်သော ရခဲမြစ်များအောက်ရှိ ကျောက်သားလိုဏ်ဂူများကိုလည်း ရေခဲဂူဟုပင် ခေါ်ကြလေ့ရှိသည်။ ရေခဲဂူအများစုမှာ ရေခဲမြစ်၏ အောက်ခြေတွင်...

Next Post
ကမ္ဘာပေါ်က နျူကလီးယားလက်နက် စမ်းသပ်မှု အများဆုံး နိုင်ငံများ

ကမ္ဘာပေါ်က နျူကလီးယားလက်နက် စမ်းသပ်မှု အများဆုံး နိုင်ငံများ

Discussion about this post

No Result
View All Result

Categories

Tag

amazing ancient knowledge animals architecture buddhism buddhism monk chemistry cities countries empires feeling health health knowledge history inventions kaung htet knowledge military motivation myanmar history myanmar knowledge myanmar people myanmar places news pagodas photos places planets plants rivers science science knowledge Sport Sport people successful tech thinking tips world actors world companies world history world knowledge world news world people world places

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!