Saturday, February 27, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

ဒေါင်လိုက်သင်္ဘော (သို့) RP FLIP

by Thutamm
September 14, 2019
Reading Time: 1min read
0
ဒေါင်လိုက်သင်္ဘော (သို့) RP FLIP
Share on FacebookShare on Twitter

(Unicode)

ရေးသားသူ – ကိုကျော်စွာ

ဒီသင်္ဘောအမည်ကိုတော့ RP FLIP ((FLoating Instrument Platform) လို့ခေါ်ပြီး အမေရိကန်ရေကြောင်းသုတေသန အဖွဲ့က ပိုင်ဆိုင်တဲ့ သင်္ဘောဖြစ်ပါတယ်။ ရေပေါ်မှာ အလျှားလိုက် သွားနိုင်သလို သုတေသန ပြုလုပ်တဲ့အချိန်မှာတော့ ၉၀ ဒီဂရီ ဒေါင့်မတ်ပုံစံ သင်္ဘောကို ထောင်လိုက်ပုံစံ ထားလို့ရပါတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀ ကျော်လောက်က Drs. Fred Fisher နဲ့ Fred Spiess တို့က ဒီဇိုင်းထုတ်ပြီး Gunderson Brothers Engineering က တည်ဆောက်ခဲ့တာဖြစ်ပါတယ်။

ဒီသင်္ဘောကိုတော့ ပင်လယ်ပြင်သုတေသန အတွက် အသုံးပြုတာပါ။ ပင်လယ်ရေစီးကြောင်းတွေ ဘယ်လို စီးဆင်းတယ်၊ ဘယ်လိုမျိုး ကြီးမားတဲ့ လှိုင်းကြီးတွေ ဖြစ်ပေါ်လာရတယ်၊ လှိုင်းတွေ ဘယ်လိုရွှေ့လျှားတယ်၊ လေထုနဲ့ ပင်လယ်ကြားမှာ အပူတွေ ဘယ်လိုပုံစံနဲ့ ဖလှယ်နေကြတယ်၊ ပင်လယ်ရေအောက်က သတ္တဝါတွေဟာ ဘယ်လိုမျိုး အသံလှိုင်းတွေကို ထုတ်လွှတ်ကြတယ် စတဲ့ စမ်းသပ်မှု့များစွာကို ဒီသင်္ဘောကို အသုံးပြုပြီး လေ့လာနိုင်ခဲ့ကြပါတယ်။

ဒေါင်လိုက်ပုံစံအတွက် အထူးဒီဇိုင်းထုတ်ရတာကတော့ ပင်လယ်ပြင်မှာ ပိုမို တည်ငြိမ်တဲ့ အခြေအနေလိုချင်တဲ့အတွက်ပါ။ အလျှားလိုက်ပုံစံထက်၊ ဒေါင်လိုက်ပုံစံဟာ ပိုမိုတည်ငြိမ်စေပြီး လှိုင်းကြောင့် သင်္ဘော လူးခြင်းကိုလည်း သက်သာစေပါတယ်။ သင်္ဘောရဲ့အရွယ်အစားကတော့ အလျား ၃၅၅ပေ အနံ ၂၆ပေ နဲ့ အလေးချိန်ကတော့ တန် ၇၀၀ ဖြစ်ပါတယ်။

ဒီသင်္ဘောမှာ ပါဝါအနေနဲ့ ၁၅၀ကီလိုဝပ် ဒီဇယ်ဂျင်နရေတာ ၂လုံး နဲ့ ၄၀ကီလိုဝပ် Aux ဂျင်နရေတာ တစ်လုံးကို တပ်ဆင်ထားပြီး တစ်နာရီကို ၁၂မိုင် အမြန်နှုန်းနဲ့ မောင်းနှင်နိုင်ပါတယ်။ သင်္ဘောပေါ်မှာတော့ သင်္ဘောအမှုထမ်း ၅ဦး နဲ့ သုတေသနသမား ၁၁ ဦး လိုက်ပါစီးနင်းနိုင်ပါတယ်။ ဒီသင်္ဘောကို ၁၉၆၂ ခုနှစ် ဇူလိုင်လကတည်းက ရေချခဲ့တာဖြစ်ပြီး ကုန်ကျစရိတ်အနေနဲ့ အမေရိကန်ဒေါ်လာ၆သိန်းခန့် ကုန်ကျခဲ့ပါတယ်။

ဒီသင်္ဘောဟာ အလျှားလိုက်အနေအထားကနေ ဒေါင်လိုက်အနေအထားကို ရောက်ရှိဖို့ ကတော့ သင်္ဘောရဲ့ အရှေ့ပိုင်းကို လေဖြည့်သွင်းပြီး သင်္ဘောရဲ့အနောက်ပိုင်းက အခန်းတွေကိုတော့ ရေဖြည့်သွင်းခြင်းဖြင့် ဒေါင်လိုက်ပုံစံ ဖြစ်ပေါ်စေပါတယ်။ ဒေါင်လိုက်အချိန်မှာတော့ သင်္ဘောရဲ့ ပေ ၃၀၀ လောက်ဟာ ရေအောက်ကို ရောက်ရှိသွားပါတယ်။

အဲ့ဒီအချိန်မှာပဲ သင်္ဘောရဲ့ အရှေ့ပိုင်း ၅ ထပ်(၅၅ပေ) ကတော့ ရေပေါ်မှာ ဒေါင်လိုက်ပေါ်နေပြီးတော့ သုတေသန ပြုလုပ်ရန် အဆင်သင့် ဖြစ်နေပါပြီ။ ဒီလိုမျိုး အလျှားလိုက်ကနေ ဒေါင်လိုက်အခြေအနေကို ရောက်ရှိဖို့ ပျမ်းမျှ ၂၈ မိနစ်လောက်အချိန်ယူရပါတယ်။ အဲ့ဒီအချိန်မှာ သင်္ဘောပေါ်မှာ ရှိတဲ့လူတွေဟာလည်း သင်္ဘောကုန်းပတ်ပေါ်မှာ ထွက်နေရပါတယ်။

ဒီလို သင်္ဘောတွေမှာ တပ်ဆင်ထားတဲ့ အသုံးအဆောင်ပစ္စည်းတွေကလည်း စိတ်ဝင်စားစရာကောင်းပါတယ်။ သင်္ဘောဟာ အလျှားလိုက်ရွှေ့လျှားနေတဲ့အချိန်မှာလည်း အသုံးအဆောင်တွေ သုံးစွဲနိုင်သလို ဒေါင်လိုက်အခြေအနေမှာလည်း အသုံးပြုနိုင်ဖို့ အထူးဒီဇိုင်းထုတ်ထားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အလျှားလိုက်အခြေအနေမှာ သင်နင်းနေတဲ့ ကြမ်းပြင်ဟာ ဒေါင်လိုက်အခြေအနေမှာ နံရံဖြစ်သွားပြီးတော့၊ နံရံဟာ ကြမ်းပြင်အဖြစ်ကို ပြောင်းလဲသွားမှာ ဖြစ်တဲ့အတွက်ကြောင့်ပါ။


ဒီအတွက် ကုတင်တွေ၊ ဘေစင်တွေ၊ အိမ်သာတွေ အားလုံးဟာ Dimension နှစ်မျိုးစလုံးနဲ့ အသုံးပြုနိုင်အောင် ဒီဇိုင်းလုပ်ထားပါတယ်။ လက်ရှိမှာတော့ ဒီသင်္ဘောကို ကယ်လီဖိုးနီးယားအခြေစိုက် Scripps ပင်လယ် နှင့် ရေကြောင်းဆိုင်ရာ လေ့လာရေးအဖွဲ့က အသုံးပြုလျှက်ရှိပါတယ်။ အောက်မှာတော့ ဒီသင်္ဘော သုသေသန ပြုလုပ်မယ့် အချိန်မှာ သင်္ဘောကို ထောင်နေတဲ့ video လေးကို ကြည့်ရှု့နိုင်ပါတယ်။

VIDEO

(Zawgyi)

ေဒါင္လုိက္သေဘၤာ (သုိ႔) RP FLIP

ေရးသားသူ – ကုိေက်ာ္စြာ

ဒီသေဘၤာအမည္ကုိေတာ့ RP FLIP ((FLoating Instrument Platform) လို႔ေခၚၿပီး အေမရိကန္ေရေၾကာင္းသုေတသန အဖြဲ႔က ပုိင္ဆုိင္တဲ့ သေဘၤာျဖစ္ပါတယ္။ ေရေပၚမွာ အလွ်ားလိုက္ သြားႏုိင္သလို သုေတသန ျပဳလုပ္တဲ့အခ်ိန္မွာေတာ့ ၉၀ ဒီဂရီ ေဒါင့္မတ္ပံုစံ သေဘၤာကို ေထာင္လိုက္ပံုစံ ထားလို႕ရပါတယ္။ လြန္ခဲ့တဲ့ ႏွစ္ေပါင္း ၅၀ ေက်ာ္ေလာက္က Drs. Fred Fisher နဲ႕ Fred Spiess တို႔က ဒီဇုိင္းထုတ္ၿပီး Gunderson Brothers Engineering က တည္ေဆာက္ခဲ့တာျဖစ္ပါတယ္။

ဒီသေဘၤာကိုေတာ့ ပင္လယ္ျပင္သုေတသန အတြက္ အသံုးျပဳတာပါ။ ပင္လယ္ေရစီးေၾကာင္းေတြ ဘယ္လို စီးဆင္းတယ္၊ ဘယ္လိုမ်ိဳး ၾကီးမားတဲ့ လိႈင္းၾကီးေတြ ျဖစ္ေပၚလာရတယ္၊ လိႈင္းေတြ ဘယ္လိုေရႊ႕လွ်ားတယ္၊ ေလထုနဲ႕ ပင္လယ္ၾကားမွာ အပူေတြ ဘယ္လိုပံုစံနဲ႕ ဖလွယ္ေနၾကတယ္၊ ပင္လယ္ေရေအာက္က သတၱ၀ါေတြဟာ ဘယ္လိုမ်ိဳး အသံလိႈင္းေတြကို ထုတ္လႊတ္ၾကတယ္ စတဲ့ စမ္းသပ္မႈ႕မ်ားစြာကို ဒီသေဘၤာကို အသံုးျပဳျပီး ေလ့လာႏုိင္ခဲ့ၾကပါတယ္။

ေဒါင္လိုက္ပံုစံအတြက္ အထူးဒီဇုိင္းထုတ္ရတာကေတာ့ ပင္လယ္ျပင္မွာ ပိုမို တည္ျငိမ္တဲ့ အေျခအေနလိုခ်င္တဲ့အတြက္ပါ။ အလွ်ားလိုက္ပံုစံထက္၊ ေဒါင္လိုက္ပံုစံဟာ ပိုမိုတည္ျငိမ္ေစျပီး လိႈင္းေၾကာင့္ သေဘၤာ လူးျခင္းကိုလည္း သက္သာေစပါတယ္။ သေဘၤာရဲ႕အရြယ္အစားကေတာ့ အလ်ား ၃၅၅ေပ အနံ ၂၆ေပ နဲ႔ အေလးခ်ိန္ကေတာ့ တန္ ၇၀၀ ျဖစ္ပါတယ္။

ဒီသေဘၤာမွာ ပါ၀ါအေနနဲ႔ ၁၅၀ကီလုိ၀ပ္ ဒီဇယ္ဂ်င္နေရတာ ၂လုံး နဲ႔ ၄၀ကီလုိ၀ပ္ Aux ဂ်င္နေရတာ တစ္လုံးကို တပ္ဆင္ထားၿပီး တစ္နာရီကုိ ၁၂မုိင္ အျမန္ႏႈန္းနဲ႔ ေမာင္းႏွင္ႏုိင္ပါတယ္။ သေဘၤာေပၚမွာေတာ့ သေဘၤာအမႈထမ္း ၅ဦး နဲ႔ သုေတသနသမား ၁၁ ဦး လုိက္ပါစီးနင္းႏုိင္ပါတယ္။ ဒီသေဘၤာကို ၁၉၆၂ ခုႏွစ္ ဇူလုိင္လကတည္းက ေရခ်ခဲ့တာျဖစ္ၿပီး ကုန္က်စရိတ္အေနနဲ႔ အေမရိကန္ေဒၚလာ၆သိန္းခန္႔ ကုန္က်ခဲ့ပါတယ္။

ဒီသေဘၤာဟာ အလွ်ားလိုက္အေနအထားကေန ေဒါင္လိုက္အေနအထားကို ေရာက္ရွိဖို႕ ကေတာ့ သေဘၤာရဲ႕ အေရွ႕ပိုင္းကို ေလျဖည့္သြင္းျပီး သေဘၤာရဲ႕အေနာက္ပိုင္းက အခန္းေတြကိုေတာ့ ေရျဖည့္သြင္းျခင္းျဖင့္ ေဒါင္လိုက္ပံုစံ ျဖစ္ေပၚေစပါတယ္။ ေဒါင္လိုက္အခ်ိန္မွာေတာ့ သေဘၤာရဲ႕ ေပ ၃၀၀ ေလာက္ဟာ ေရေအာက္ကို ေရာက္ရွိသြားပါတယ္။

အဲ့ဒီအခ်ိန္မွာပဲ သေဘၤာရဲ႕ အေရွ႕ပိုင္း ၅ ထပ္(၅၅ေပ) ကေတာ့ ေရေပၚမွာ ေဒါင္လိုက္ေပၚေနျပီးေတာ့ သုေတသန ျပဳလုပ္ရန္ အဆင္သင့္ ျဖစ္ေနပါျပီ။ ဒီလိုမ်ိဳး အလွ်ားလိုက္ကေန ေဒါင္လိုက္အေျခအေနကို ေရာက္ရွိဖို႕ ပ်မ္းမွ် ၂၈ မိနစ္ေလာက္အခ်ိန္ယူရပါတယ္။ အဲ့ဒီအခ်ိန္မွာ သေဘၤာေပၚမွာ ရွိတဲ့လူေတြဟာလည္း သေဘၤာကုန္းပတ္ေပၚမွာ ထြက္ေနရပါတယ္။

ဒီလို သေဘၤာေတြမွာ တပ္ဆင္ထားတဲ့ အသံုးအေဆာင္ပစၥည္းေတြကလည္း စိတ္၀င္စားစရာေကာင္းပါတယ္။ သေဘၤာဟာ အလွ်ားလိုက္ေရႊ႕လွ်ားေနတဲ့အခ်ိန္မွာလည္း အသံုးအေဆာင္ေတြ သံုးစြဲႏုိင္သလို ေဒါင္လိုက္အေျခအေနမွာလည္း အသံုးျပဳႏုိင္ဖို႕ အထူးဒီဇုိင္းထုတ္ထားပါတယ္။ ဘာျဖစ္လို႕လဲဆိုေတာ့ အလွ်ားလိုက္အေျခအေနမွာ သင္နင္းေနတဲ့ ၾကမ္းျပင္ဟာ ေဒါင္လိုက္အေျခအေနမွာ နံရံျဖစ္သြားျပီးေတာ့၊ နံရံဟာ ၾကမ္းျပင္အျဖစ္ကို ေျပာင္းလဲသြားမွာ ျဖစ္တဲ့အတြက္ေၾကာင့္ပါ။


ဒီအတြက္ ကုတင္ေတြ၊ ေဘစင္ေတြ၊ အိမ္သာေတြ အားလံုးဟာ Dimension ႏွစ္မ်ိဳးစလံုးနဲ႕ အသံုးျပဳႏိုင္ေအာင္ ဒီဇုိင္းလုပ္ထားပါတယ္။ လက္ရွိမွာေတာ့ ဒီသေဘၤာကို ကယ္လီဖုိးနီးယားအေျခစုိက္ Scripps ပင္လယ္ ႏွင့္ ေရေၾကာင္းဆုိင္ရာ ေလ့လာေရးအဖြဲ႔က အသုံးျပဳလွ်က္ရွိပါတယ္။ ေအာက္မွာေတာ့ ဒီသေဘၤာ သုေသသန ျပဳလုပ္မယ့္ အခ်ိန္မွာ သေဘၤာကို ေထာင္ေနတဲ့ video ေလးကို ၾကည့္ရႈ႕ႏုိင္ပါတယ္။

VIDEO

Tags: tech
Next Post
မြန်မာ့ရုပ်ရှင်သမိုင်းထဲမှ ရဲဝံ့စွန့်စား စတန့်မင်းသား ချစ်ရွှေကြီး

မြန်မာ့ရုပ်ရှင်သမိုင်းထဲမှ ရဲဝံ့စွန့်စား စတန့်မင်းသား ချစ်ရွှေကြီး

Discussion about this post

No Result
View All Result

Categories

Tag

amazing ancient knowledge animals architecture buddhism buddhism monk chemistry cities countries empires feeling health health knowledge history inventions kaung htet knowledge military motivation myanmar history myanmar knowledge myanmar people myanmar places news pagodas photos places planets plants rivers science science knowledge Sport Sport people successful tech thinking tips world actors world companies world history world knowledge world news world people world places

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!