Thursday, February 25, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

ဒူဘိုင်း ရဲတွေစီးတဲ့ တန်ဖိုးကြီးကားများ

by Thutamm
November 13, 2020
Reading Time: 5min read
0
ဒူဘိုင်း ရဲတွေစီးတဲ့ တန်ဖိုးကြီးကားများ
Share on FacebookShare on Twitter

ယူအေအီးနိုင်ငံမှာ ရှိတဲ့ ဒူဘိုင်းကို ခေတ်မီဆန်းပြားတဲ့ အဆောက်အအုံတွေ အပန်းဖြေဇိမ်ခံနေရာတွေနဲ့အတူ ကမ္ဘာကျော် မြို့တော်အဖြစ် လူသိများပါတယ်။ လူဦးရေ ၃သန်းကျော် နေထိုင်တဲ့ ဒူဘိုင်းမှာ အမူအခင်းတွေ နည်းပါးစေဖို့ အထိက စောင့်ကြပ် ထိန်းချုပ်ပေးတာကတော့ ဒူဘိုင်း ရဲဌာန ဖြစ်ပါတယ်။ statista ရဲ့ စာရင်းအရ ၂၀၁၈ ခုနှစ် ဒူဘိုင်းရဲ့ပြစ်မှုဖြစ်ပွားနှုန်းဟာ လူ ၁သိန်းမှာ ၃၃.၄ဦး လို့ သိရပါတယ်။

ဒူဘိုင်းရဲဌာနကို ၁၉၅၆ ခုနှစ်က ဒူဘိုင်း Naif နယ်မြေမှာ စတင်ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။ ဖွဲ့စည်းစဉ်က အဖွဲ့ဝင်စုစုပေါင်းဟာ ၂၉ ဦးသာ ရှိခဲ့ရာကနေ ယနေ့အခါမှာတော့ အဖွဲ့ဝင် ၁၇၅၀၀ ဝန်းကျင် ရှိနေပြီဖြစ်ပါတယ်။ အာရပ်ရဲဌာတွေအနက် ဒုဘိုင်းရဲဌာနဟာ အတိုးတက်ဆုံးဖြစ်ပြီး အဖွဲ့ဝင်အများစုဟာလည်း အဆင့်မြင့် ပညာရေးပြီးဆုံးသူတွေ ဖြစ်ကြပါတယ်။

ခေတ်မီမြို့တော်ဖြစ်တာနဲ့ အညီ ဒူဘိုင်းရဲဌာနဟာလည်း ခေတ်မီနည်းပညာတွေကို အသုံးပြုလေ့ရှိပါတယ်။ အီလက်ထရောနစ် လက်ဗွေရာခြေရာခံခြင်း ၊ ဒီအန်အေစမ်းသပ်ခြင်း ၊ GPS စနစ် နဲ့ ခိုးယူသွားသော ယာဉ်များကို ထောက်လှမ်းဖမ်းဆီးရေး စတာတွေကို အသုံးပြုကြပါတယ်။ ၂၀၁၇ ခုနှစ်ကဆိုရင် အနာဂတ်အစီအစဉ်တွေအတွက် ပထမဆုံး ရဲအရာရှိ စက်ရုပ်ကို ချပြခဲ့ပြီး ၂၀၃၀ခုနှစ်မှာဆိုရင် ရဲဌာန အဖွဲ့ဝင်စုစုပေါင်းရဲ့ ၂၅% ဟာ စက်ရုပ်တွေနေရာယူသွားမှာဖြစ်တယ်လို့ ကြေငြာခဲ့ပါတယ်။

ဒူဘိုင်း ရဲတပ်ဖွဲ့ဝင်တွေဟာ ခေတ်မီလက်နက်တွေကို ကိုင်ဆောင်ကြတဲ့အပြင် ယာဉ်တွေအနေနဲ့လည်း မော်တော်ကား ၊ မော်တော်ဆိုင်ကယ် ၊ ဟယ်ရီကော်ပတာ နဲ့ မော်တော်ဘုတ်တွေကိုလည်း ပိုင်ဆိုင်ထားပါသေးတယ်။ ဒူဘိုင်းရဲဌာနဲ့အတူ ထင်ရှားတာကတော့ တန်ဖိုးကြီး ပြိုင်ကားတွေဖြစ်ပါတယ်။ ဒူဘိုင်းရဲဌာနဟာ သူဌေးသူကြွယ်တွေသာ ဝယ်ယူစီးနင်းနိုင်တဲ့ တန်ဖိုးအကြီးဆုံး အမြန်ဆုံးဆိုတဲ့ ကားအများစုကို ပိုင်ဆိုင်ထားပါတယ်။

ဒူဘိုင်းရဲဌာနရဲ့ ကားတွေထဲမှာ Rolls-Royce ၊ Porsche ၊ McLaren ၊ Mercedes-Benz ၊ Ferrari ၊ Lamborghini ၊ Hummer ၊ Bugatti ၊ Aston Martin ၊ BMW ၊ Bentley ၊ Ford ၊ Audi စတဲ့ တန်ဖိုးကြီး ကားပေါင်းများစွာပါဝင်နေသလို မော်တော်ဆိုင်ကယ်တွေအနေနဲ့လည်း BMW,Yamaha ဆိုင်ကယ်တွေအပြင် Hoversurf Scorpion 3 လို မိုးပျံ ဒရုန်းဆိုင်ကယ်တွေလည်း ပါဝင်နေပါတယ်။ ဒီတန်ဖိုးကြီးကားတွေကိုတော့ ဒူဘိုင်းမြို့တွင်းမှာ ကင်းလှည့်စောင့်ကြည့်တဲ့အခါ အသုံးပြုလေ့ရှိတာဖြစ်ပါတယ်။

ဒူဘိုင်းရဲအဖွဲ့ဝင်တွေ ပိုင်ဆိုင်ထားတဲ့ မော်တော်ယာဉ်အချို့ကို ဖော်ပြလိုက်ပါတယ်။

Aston Martin One-77

Audi R8

Bentley Continental GT

Mercedes SLS

Lamborghini Aventador

Ferrari FF

Bugatti Veyron

BMW i8

Hummer H3

McLaren 650S

Mercedes-AMG GT 63 S

Porsche 918 Spyder

Rolls-Royce Wraith

Maserati GranTurismo

BMW Motorcycles

Hoversurf Scorpion 3

Tags: techworld knowledge
Next Post
ပျူခေတ် ဘာသာရေးအဆောက်အအုံတွေ အကြောင်း

ပျူခေတ် ဘာသာရေးအဆောက်အအုံတွေ အကြောင်း

Discussion about this post

No Result
View All Result

Categories

Tag

amazing ancient knowledge animals architecture buddhism buddhism monk chemistry cities countries empires feeling health health knowledge history inventions kaung htet knowledge military motivation myanmar history myanmar knowledge myanmar people myanmar places news pagodas photos places planets plants rivers science science knowledge Sport Sport people successful tech thinking tips world actors world companies world history world knowledge world news world people world places

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!