ရေးသားသူ – သမိုင်းပုံရိပ်ဘလော့
ဒိုင်းခင်ခင်၏ ဖခင်အရင်းသည် ကန်နီမြို့စား ဖြစ်လေသည်။ ကန်နီမြို့စားသည် ဒိုင်းဝန်မင်းကြီးကတော်၏ မောင်အရင်း ဖြစ်လေသည်။ ဒိုင်းဝန်မင်းကြီးတို့သည် သားသမီး မထွန်းကားသဖြင့် ကန်နီမြို့စား၏ သမီးတော်လေး ကို မွေးစားခဲ့ကြပြီး ခင်ခင်ကြီး ဟု နာမည်ပေးခဲ့ကြသည်။ ဖခင်နာမည် ကို အစွဲပြု ကာ ဒိုင်းခင်ခင် ဟု လူသိများခဲ့လေသည်။ ဒိုင်းဝန်မင်းကြီးတို့သည် ရွှေကူမင်းသား၏ မြေးတော် မောင်ဖေငယ်ကိုလည်း သားကဲ့သို့ ချစ်မြတ်နိုးသဖြင့် အခွင့်ရတိုင်း ဒိုင်းခင်ခင်ဖြင့် ငယ်စဉ်ကတည်းက ဆော့စေရာ အရွယ်ရောက်သော် မောင်ဖေငယ်သည် ဒိုင်းခင်ခင်ကို ချစ်ခင်စွဲမက်လေတော့သည်။
မောင်ဖေငယ်၊ ရနောင်မောင်မောင်တုတ် နှင့် သီပေါမင်း တို့သည် ငယ်သူငယ်ချင်း များဖြစ်ကြလေ၏။ မောင်ဖေငယ်သည် မင်းသားမျိူ းရိုးဖြစ်သဖြင့် သီပေါမင်း နှင့် ငယ်စဉ်က ကျောင်းနေဖက် ဖြစ်သည်။ မောင်မောင်တုတ် မှာမူ အမတ်မျိူ းရိုး၊ရဲမက်မျိူ းရိုးဖြစ်ရာ သီပေါမင်းတို့နှင့် စာသင်ခွင့်မရှိပေ။ သို့သော် မောင်မောင်တုတ် သည် သီပေါမင်းသား အပေါ် အလွန် သစ္စာရှိပြီး ညီအစ်ကိုကဲ့သို့ လေးစားစွာဆက်ဆံ၏။
မောင်ဖေငယ်သည် ကဗျာဘက်တွင် ထက်မြက်သူဖြစ်ရာ သီပေါမင်းမှ စုဖုရားလတ်ကို ပိုးပန်းခဲ့စဉ်က အချစ်ကဗျာ ရေးသားပေးကာ သီပေါမင်းနှင့်စုဖုရားလတ်တို့ကို နီးစပ်စေခဲ့လေသည်။ သီပေါမင်းမှ ထီးနန်းကို သိမ်းပိုက်နိုင်ပြီး ဘုရင်ဖြစ်သည့်အခါ မောင်ဖေငယ်နှင့် မောင်မောင်တုတ်တို့ကို သီပေါမင်းမှ အထူးချီးမြှောက်လေသည်။ မောင်မောင်တုတ်သည် ရနောင်မြို့ကို စားရသည့်အပြင် မဟာမင်းလှမင်းထင်စည်သူ ဘွဲ့ကိုရကာ နန်းတော်သို့ အချိန်မရွှေး ဝင်ရောက်ခစားနိုင်လေသည်။ မင်းသားအဆင့်အထိ ဘုရင်သီပေါမှ ချီးမြှောက်ခဲ့ရာ မောင်မောင်တုတ် သည် သြဇာညောင်းသူ တဦးဖြစ်လာလေသည်။
ထိုပြင် မောင်မောင်တုတ်၏ မိခင်သည် စုဖုရားလတ်၏ နို့ထိန်းဖြစ်လေသည်။ မောင်ဖေငယ်ကိုမူ သီပေါမင်းမှ ရနောင်မောင်မောင်တုတ်၏ အကူအညီဖြင့် ကင်းဝန်မင်းကြီး တို့ထံမှ အာဏာပြန်သိမ်းနိုင်သည့်အခါ ရွှေတိုက်စိုး အဖြင့် ရာထူးခန့်သည့်အပြင် တောင်သမန်အင်းကြီးနှင့် လယ်မြေများကို အပိုင်ပေးသဖြင့် တောင်သမန် လယ်စား မောင်ဖေငယ်ဟု အမည်ထင်ရှားလာသည်။
မောင်ဖေငယ်၏ ကောင်းမူကြောင့် ဒိုင်းဝန်မင်းမှာလည်း ပုဂံမြို့ကို အပိုင်ပေးစားခံရကာ အတွင်းဝန်မင်းကြီး အထိ ရာထူးတိုးမြင့်ခြင်းခံရလေသည်။ နန်းတော်တွင်လည်း စုဖုရားလတ် သည် မိဖုရားခေါင်နေရာကို ရရန် အထူးကြို းပမ်းလေသည်။ အစဉ်အလာအရ သီပေါမင်း ဘိသိတ်ခံရာတွင် စုဖုရားကြီးသည် အကြီး ဖြစ်သည့်အတွက် မိဖုရားခေါင်နေရာ တွင် ရှိပြီး စုဖုရားလတ်မှာမူ မိဖုရားကြီးနေရာ တွင်သာ ရှိသည်။
သို့သော် ဘိသိတ်ပွဲတွင် စုဖုရားလတ်သည် ရာဇပလ္လင်ပေါ် တက်ထိုင်လေ၏။ သီပေါမင်း၏ အချစ်ဆုံး ဖြစ်သဖြင့် သူ့ကိုလည်း ဘိသိတ်သွန်းရမည်ဟု ခပ်ပြတ်ပြတ်ဆိုသဖြင့် သီပေါမင်းကို ညီအစ်မ နှစ်ပါးစုံညီစွာဖြင့် ဘိသိတ်သွင်းခဲ့ကြလေသည်။ စုဖုရားကြီးမှာ မိဖုရားခေါင်ကြီး ဟု အမည်ခံရုံသာဖြစ်ပြီး သီပေါမင်းသည်လည်း အဆောင်တော် မကူးပေ။ အဆောင်မကူးရန်လည်း စုဖုရားလတ်မှ သီပေါမင်းကို ခက်ခက်ထန်ထန် တားမြတ်ထား၏။ စုဖုရားလတ်သည် မိမိချစ်ရသူ လင်တော်မောင်ကို ဘယ်သူကိုမှ မမျှဝေနိုင်ဟူသော အချစ်မာနကို ကိုင်ဆွဲကာ တလင်တမယားစနစ်ကို စတင်အကောင်အထည်ဖော်လေသည်။
ထိုခေတ်က မိန်းမများများ ယူသော စနစ်ကြီးကိုလည်း စုဖုရားလတ်မှ မကြိုက်ပေ။ သို့ဖြင့် စုဖုရားလတ်တွင် ကိုယ်ဝန်ရှိလာ၏။ အဦးအဖျားဖြစ်သဖြင့် ဘုရင်နှင့်စုဖုရားလတ်တို့မှ ထုံးစံအတိုင်း ဗေဒင်မေးကြလေသည်။ ဟူးရာဖြူ ၊ဟူးရားညို တို့မှ သားဦးမွေးမည် ဖြစ်ကြောင်း လျှောက်တင်ကြလေသည်။ လျှောက်တင်သည့်အတိုင်း သားတော်လေး တပါး မွေးဖွားလေသည်။ သီပေါမင်းနှင့် စုဖုရားလတ်တို့အလွန် ပျော်ရွှင်ကြလေ၏။ သို့သော် မကြာမီပင် လသားအရွယ် မင်းသားလေးသည် ကျောက်ရောဂါဖြင့် လွန်တော်မူလေ၏။ စုဖုရားလတ် သည် ဝမ်းနည်းကြေကွဲ စိတ်ကို ပြေပျောက်စေရန် နန်းတော်အတွင်း အလှူ အဒါန်း ပွဲလမ်းသဘင်ကို ဆင်ယင် ကျင်းပစေလေ၏။
ထိုပြင် သီပေါမင်းကိုလည်း ဘုန်းကျက်သရေ ထပ်မံ တိုးစေရန် ဘိသိတ်သွန်း အခမ်းအနားကိုပါ ကျင်းပရန် ပြင်ဆင်ကြလေသည်။ ထိုဘိသိတ်သွန်း ပွဲတွင် အစဉ်အလာအရ ဘိသိတ်တော်ဆက် အပျိူ တော် ကို ရွေးချယ်ရေး ကိစ္စ ပေါ်ပေါက်လာသည်။ ထို အပျိူ တော် သည် နဝရတ်ကိုးပါးစီခြယ်ထားသော ရွှေဖလား ကို ကိုင်ဆောင်ရမည်ဖြစ်ပြီး ထိုကိုင်မည့် မိန်းကလေးမှာလည်း အပြစ်ခြောက်ပါး ကင်းစင်သည့် ကညာစင် ဖြစ်ရမည်။ ထိုအပျိူ တော်ကို ရွေးရန် အတွက် မိန်းမကိစ္စတွင် နာမည်ကြီးသည့် ရနောင်မောင်မောင်တုတ်ကို စုဖုရားလတ်မှ တာဝန် ပေးလိုက်လေ၏။
ရနောင်မောင်မောင်တုတ်သည် အကြံသမားပီပီ နေပြည်တော် တရပ်လုံး အလွန်ချောမောလှပသည့် မိန်းကလေး များကို ရှာဖွေလေ၏။ နောက်ဆုံး တွင် သူငယ်ချင်း မောင်ဖေငယ်၏ အိမ်တွင် ရောက်ရှိနေသည့် ဒိုင်းခင်ခင်ကို တွေ့သည့်အခါ သဘောကျပြီး ဘိသိတ်တော်ဆက် အပျိူ တော်အဖြစ် ရွေးချယ်လေတော့သည်။ ထိုဘိသိတ်သွန်းသည့်နေ့တွင် ဒိုင်းခင်ခင်သည် သင်ကြားပေးသည့်အတိုင်း အောင်မြင်စွာ ပြု လုပ်နိုင်ခဲ့လေသည်။ ထိုအတွက်ကြောင့် စုဖုရားလတ်မှ သဘောကျကာ အပျိူ တော်အဖြစ် ခေါ်ယူထားလေတော့သည်။
စုဖုရားလတ်၏ အပျိူ တော် ဖြစ်သဖြင့် သီပေါမင်းကို ခစားတိုင်း အမြဲပါရလေ၏။ ဒိုင်းခင်ခင်သည် တခြားအပျိူ တော် များထက် လှသူဖြစ်လေရာ သီပေါမင်းမှ စတင် မျက်စိကျလေတော့သည်။ထိုစဉ် စုဖုရားလတ်မှ သမီးတော် လေး မွေးဖွားလေရာ သီပေါမင်းသည် သမီးတော်လေး ကို အကြောင်းပြု ပြီး ညီလာခံပြီးတိုင်း အဆောင်တော် လာလေ၏။ လာတိုင်း မိမိ၏ အဆောင်သို့ မပြန်လို သမီးတော်လေးကို အကြောင်းပြပြီး စုဖုရားလတ် အဆောင်တွင် နေလေ၏။ ထုံးတိမ်းအစဉ်အလာအရ မသင့်တော်လို့သာ စက်တော်ခေါ်ချိန်တွင်သာ သီပေါမင်း အဆောင်သို့ ပြန်ကြွ၏။
သီပေါမင်းသည် ဒိုင်းခင်ခင်ကို အလွန်တွယ်တာနေရာ နောက်ဆုံး မဖုံးနိုင်တော့ဘဲ ရနောင်မောင်မောင်တုတ် နှင့် မောင်ဖေငယ်တို့ကို ဖွင့်ပြောလေတော့သည်။ ရနောင်မောင်မောင်တုတ်သည် မအံ့သြသော်လည်း မောင်ဖေငယ်မှာမူ အလွန်အံ့သြသွားလေတော့၏။ ဒိုင်းခင်ခင်သည် မိမိ၏ ငယ်ချစ်ဦး ဖြစ်သည်က တကြောင်း၊ ဒီအကြောင်းကို စုဖုရားလတ်သိလျှင် ဒိုင်းခင်ခင်၏ ဘဝပျက်မည်ကို သုံးသပ်မိသဖြင့် အလွန် စိတ်ပူသောက ရောက်လေတော့၏။ မိမိရင်ထဲတွင် မီးမြိုက်သကဲ့သို့ ခံစားရသော်လည်း ဘုရင့်ရှေ့ဖြစ်သဖြင့် မျိူ သိပ်ထားရလေ၏။
နောက်ဆုံးတွင် ဘုရင်သီပေါမင်းအတွက် ရနောင်မောင်မောင်တုတ်နှင့် မောင်ဖေငယ်တို့ အမူထမ်းရလေတော့သည်။ ဒိုင်းခင်ခင်ကို နားချရန် မောင်ဖေငယ်မှ တာဝန်ယူလေ၏။ ဒိုင်းခင်ခင်ကို စုဖုရားလတ် အဆောင်မှ ညတိုင်း ရနောင်မောင်မောင်တုတ် နှင့် မောင်ဖေငယ်တို့မှ လာရောက် ခေါ်ဆောင်ကာ သီပေါမင်းထံ ပို့ ဆောင်ပေးကြလေသည်။ တွေ့ဖန်များလာကာ ဒိုင်းခင်ခင်သည် သီပေါမင်းကို စတင်မေတ္တာဝင်ကာ ချစ်မိလေတော့၏။
သီပေါမင်းနှင့် ဒိုင်းခင်ခင်တို့သည် နောက်ဆုံးတွင် မည်သူမှ မခွဲနိုင်သော ချစ်သူများအဖြစ်သို့ ရောက်သွားလေတော့သည်။ သို့သော် သီပေါမင်းသည် စုဖုရားလတ်အကြောင်း ကို သိသဖြင့် တရားဝင် မတွေ့သေးပေ။ ရနောင်မောင်မောင်တုတ်တို့ အကူအညီဖြင့်သာ တွေ့နေရလေသည်။ တနေ့တွင် စုဖုရားလတ် သိသွားလေတော့၏။ စုဖုရားလတ်သည် အလွန်စိတ်ဆိုးဒေါသထွက်ကာ သီပေါမင်းမှ မိမိအဆောင်လာစဉ် သီပေါမင်းအား အပြစ်ဆိုကာ ရဲရဲတင်းတင်းစကားများကို ဆိုလေတော့သည်။ ထိုအခါ သီပေါမင်းသည် အလွန်ဒေါသထွက်ပြီး မိမိလက်သုံးတော်ဓါးဖြင့် စုဖုရားလတ်ကို ခုတ်ရန် ပြင်လေတော့သည်။
ထိုအခါ စုဖုရားလတ်သည် သီပေါမင်းဒေါသထွက်သည်ကို တခါမှ မတွေ့ဖူးသဖြင့် အလွန်ကြောက်လန့်ကာ မယ်တော်ဆင်ဖြူ မရှင် အဆောင်သို့ ပြေးလေ၏။ သီပေါမင်းလည်း နောက်ကွယ်မှ လိုက်လာလေရာ နောက်ဆုံး ဆင်ဖြူ မရှင် မှ မိမိသမီးတော်ကို အဆောင်ထဲတွင် ပုန်းစေပြီး သီပေါမင်းကို အကျိူ းအကြောင်းပြောကာ ဒေါသကို လျော့စေလေသည်။ သီပေါမင်းလည်း ဒေါသလျော့ကာ အဆောင်တော်သို့ ပြန်လေသည်။ စုဖုရားလတ်သည် မိမိ၏ အချစ်တော် သီပေါမင်း မှ ဒိုင်းခင်ခင်ကို တမ်းတမ်းတ စွဲလမ်းသွားသည့်အတွက် အလွန် ဒေါသထွက်ကာ ပါဝင်သူများကို ဖျက်စီးရန် ပြင်ဆင်တော့၏။
စုဖုရားလတ်သည် မိမိ၏ အချစ်တော် လင်တော်မောင် သီပေါမင်း အမျက်ပြေချိန်တွင် ပရိယာရ်ဖြင့် ချဉ်းကပ်ကာ အကြောင်းအရင်းများကို မေးမြန်းလေသည်။ သီပေါမင်းမှ ဒိုင်းခင်ခင်ကို စုဖုရားလတ်ကဲ့သို့ ချစ်မြတ်နိုးသဖြင့် မြောက်နန်းစံမိဖုရားအဖြစ် တင်မြှောက်လိုကြောင်း ဆိုလာလေသည်။ စုဖုရားလတ်မှ ဖြစ်စေရပါမည်ဟု မိန်းမမာယာဖြင့် လျှောက်တင်ခဲ့လေ၏။ သီပေါမင်းမှာ အလွန်ပျော်ရွှင်ကာ မြောက်နန်းဆောင်ကို စတင်ရှင်းလင်းစေကာ အဆောင်တော်ကိုလည်း ပြန်လည် ပြင်ဆင်စေလေသည်။
သို့သော် စုဖုရားလတ်သည် ထိုကိစ္စကို စတင်ခဲ့သော ရနောင်မောင်မောင်တုတ်ကို ရှင်းလင်းရန် စတင်တော့သည်။ သီပေါမင်းသည် ဒိုင်းခင်ခင်ကို လွတ်လပ်စွာ တွေ့ရသဖြင့် အလွန်ပျော်ရွှင်နေတော့သည်။ သို့သော် ကံဆိုးသည်မှာ မိုးနဲစော်ဘွားပုန်ကန်မူဖြစ်ပွားလေသည်။ ဖြစ်ပုံမှာ မိုးနဲစော်ဘွား၏ သမီးတော်သည် စုဖုရားလတ်၏ ဒုတိယသမီးတော်ကို ထိန်းရသော အပျိူ တော်ဖြစ်လေသည်။ သို့သော် စုဖုရားလတ်မှ ဒေါသထွက်တိုင်း မိုးနဲမင်းသမီးလေးကို နှိပ်စက်ရာ မခံနိုင်သဖြင့် ရွှေမြို့တော်မှ ထွက်ပြေးပြီး လမ်းခုလတ်တွင် ဘုရင့်ရဲမက် လက်ချက်ဖြင့် ကွယ်လွန်ရလေသည်။
ထိုအတွက်ကြောင့် မိုးနဲစော်ဘွားမှ ဒေါသထွက်ကာ သီပေါမင်းထံ အခစားမဝင်ဘဲ နေလေသည်။ ထိုသို့ အခစား မဝင်သောကြောင့် လွှတ်တော်မှ ၁၈၈၁ ခုနှစ် ၁၂ လပိုင်း ၂၀ ရက်တွင် မိုးနဲစော်ဘွားကို ဖမ်းဆီးရန် စစ်အင်အား ၃ ထောင်ကျော်ဖြင့် စေလွှတ်လေသည်။ ထိုအခါ နန်းတော်တွင် မိုးနဲစော်ဘွားအရေးဖြင့် ရူပ်ထွေးနေခိုက်ဖြစ်လေသည်။ ထိုတိုင်းပြည်အရေး မငြိမ်သက်သည်ကို အခွင့်ကောင်းယူကာ စုဖုရားလတ်မှ သီပေါမင်းအား ဘုရင့်အနားတွင် သစ္စာမရှိသူ များစွာ ရှိနေသေးသည် မယုံပါက လေးပြင်လေးရပ်တွင် တိုင်စာ များကို လက်ခံပါလေ ဟု ဘုရင်ကို နားချလေ၏။ သီပေါမင်းလည်း စုဖုရားလတ်ပြောသည့်အတိုင်း လေးပြင်လေးရပ်တွင် ရွှေသေတ္တာ ထောင်ကာ တိုင်စာများကို လက်ခံလေသည်။
စုဖုရားလတ်သည် စီစဉ်ထားသည့်အတိုင်း ရနောင်မောင်မောင်တုတ်၏ မကောင်းမူများစွာကို ထို တိုင်စာထဲ ရောက်အောင် ပြု လုပ်လေ၏။ ရနောင်မောင်မောင်တုတ်သည်လည်း အမှန်တကယ် လူမုန်းများသူဖြစ်သဖြင့် တိုင်သူများလေ၏။ထိုရွှေသေတ္တာများ ဘုရင့်ထံရောက်သော် တိုင်စာများ ထက်ဝက်ကျော်သည် ရနောင်မောင်မောင်တုတ်၏ လာဘ်စားပုံ၊မိန်းမလိုက်စားပုံ၊ နန်းတော်အပြင်တွင် ဘုရင်ကဲ့သို့ နေပုံ၊ ရနောင်၏ အိမ်တော်တွင် ဘုရင်ကဲ့သို့ ရွှေပလ္လင်ဖြင့် နေပုံ များစွာ ပါရှိသဖြင့် သီပေါမင်း အမျက်ထွက်လေ၏။ထိုပြင် စုဖုရားလတ်သည် ဒိုင်းခင်ခင် နှင့် မောင်ဖေငယ်တို့သည် ဘုရင့်နောက်တွင် ရည်ငံနေသည်ဟု ချောက်တွန်း ပြန်လေသည်။ မောင်ဖေငယ်၏ အလွမ်းကဗျာများကို စုဖုရားလတ်မှ သက်သေအဖြစ်ပြသလေ၏။
အချစ်အဆိပ်သင့်ကာ သီပေါမင်းသည် အလွန်အမျက်ထွက်ပြီး အားလုံးကို ဖမ်းရန် အမိန့်ထုတ်လေတော့သည်။ မောင်ဖေငယ်ကို မိုးကောင်းသို့ ပို့ပြီး နောက်ဆုံး သေဒဏ်ပါ ပေးလေတော့သည်။ ဒိုင်းခင်ခင်ကိုလည်း ထောင်သွင်းချ စေလေသည်။ ဒိုင်းခင်ခင်၏ မွေးစားဖခင် ဒိုင်းဝန်မင်းကြီး ကိုပါ ဖမ်းဆီးစေသည်။ ရနောင်မောင်မောင်တုတ်ကိုလည်း ဖမ်းဆီးထောင်သွင်းချကာ သေဒဏ်ချလေ၏။ ဒိုင်းဝန်မင်းကြီးလည်း စုဖုရားလတ် နူတ်မိန့်ဖြင့် ထောင်ထဲတွင် အသတ်ခံရလေသည်။
၁၈၈၂ ခုနှစ် ၂ လပိုင်း ၁၇ ရက်နေ့တွင် မိုးကောင်းတွင် ရှိသော တောင်တမန် လယ်စား မောင်ဖေငယ်ကို ကွပ်မျက်လေသည်။ ရနောင်မောင်မောင်တုတ်သည်လည်း အကျဉ်းထောင်တွင်မိမိကိုယ်ကို အဆုံးစီရင်လေသည်။ ထိုဖမ်းစီးခံရချိန် ဒိုင်းခင်ခင်တွင် ဘုရင့်ရင်သွေးရှိနေပြီ ဖြစ်သဖြင့် တိုင်းတာမင်းကြီးတို့မှ သီပေါမင်းအား လွှတ်ပေးပါရန် သနားတင်လျှောက်ထားပါသော်လည်း သီပေါမင်းမှ မလွှတ်ပေးခဲ့ပေ။ စုဖုရားလတ် မှ အောင်ပွဲခံနိုင်ခဲ့လေသည်။
နောက်ဆုံး မိမိ၏ အချစ်ကို လုယူခဲ့သော ဒိုင်းခင်ခင်ကို နန်းဝတ်နန်းစားများ ချွတ်စေပြီး (အဝတ်အစားမဝတ်စေရ) ဆံကေသာအား အာဏာပါးကွက်သားတို့က တပတ်၊ နှစ်ပတ် ရစ်ပတ်ကိုင်ကာ မြေပြင်တွင် ဒူးထောက်စေလျက် ဦးခေါင်းကို မော့စေပြီး ဝါးစိမ်းဒုတ်ဖြင့် လည်မြို အား ရိုက်ကာ သတ်စေဟု စုဖုရားလတ်မှ အမိန့်တော်ချခဲ့လေသည်။
သမိုင်းပုံရိပ်ဘလော့မှ
Discussion about this post