၁၉၄၂ခုနှစ် ဖေဖော်ဝါရီလ ၂၇ရက်နေ့ ဒုတိယကမ္ဘာစစ်ကာလအတွင်းက နယ်သာလန်ရေတပ်မတော်ရဲ့စစ်ရေယာဉ်(၃)စင်းဟာ အရှေ့တောင်အာရှမှာရှိတဲ့ အင်ဒိုနီးရှားနိုင်ငံရဲ့ ဂျာဗားပင်လယ်ပြင်မှာ ဂျပန်ရေတပ်ရဲ့လက်ချက် နဲ့နစ်မြုပ်ခံခဲ့ရပါတယ်။ မဟာမိတ်တပ်တွေဘက်က ရှာဖွေမှုတွေပြုလုပ်ခဲ့ကြပေမဲ့ နှစ်ပေါင်းများစွာရှာဖွေခဲ့ပေမဲ့ မတွေ့ခဲ့တာကြောင့် ပျက်စီးစာရင်းအစား ပျောက်ဆုံးစာရင်းသာ ဖွင့်ထားခဲ့ရပါတယ်။ ဟော်လန်ရဲ့ရေကြောင်းသမိုင်းမှာဆိုရင် ယင်းနစ်မြုပ်ခဲ့တဲ့ စစ်ရေယာဉ်တွေနဲ့အတူ ဟော်လန်စစ်သည်(၂၀၀၀)ကျော်ကျဆုံးခဲ့ရတာမို့ သမိုင်းဝင် အမှတ်တရ တစ်ခုအဖြစ်လည်းရှိနေခဲ့တာဖြစ်ပါတယ်။
စစ်ကြီးပြီးဆုံးချိန်မှာလည်း အဲဒီစစ်သင်္ဘောတွေအတွက် နယ် သာလန် ကာကွယ်ရေးဝန်ကြီးဌာနဘက်က နိုင်ငံတကာစုံစမ်းစစ်ဆေးရေးကော်မရှင်တွေအထိဖွဲ့စည်းပြီး လိုက်လံရှာဖွေခဲ့ပေမဲ့ မထူးခြားပဲ အင်ဒိုကမ်းလွန်ဒေသတစ်လျှောက်မှာလည်း ယင်းသဘောၤတွေရဲ့ အပျက်အစီးလို့ဆိုရမဲ့ ပစ္စည်းတစုံတရာကိုလည်း ရှာဖွေတွေ့ရှိခဲ့ခြင်းမရှိခဲ့တာဖြစ်ပါတယ်။
နယ်သာလန်ရေတပ်ရဲ့ပျောက်ဆုံးစစ်ရေယာဉ်တွေဖြစ်ကြတဲ့ HNLMS De Ruyter ၊ HNLMS Java နဲ့ HNLMS Kortenaer တို့ဟာနစ်မြုပ်သွားကြတာလား၊ ဒါမှမဟုတ် ပျောက်ကွယ်သွားကြတာလားဆိုတာကတော့ ကမ္ဘာရေကြောင်းသမိုင်းမှာ မေးခွန်း ထုတ်စရာဖြစ်ခဲ့ပြီး ဘာမြူဒါလိုနေရာမျိုးတွေ ဂျာဗားပင်လယ်ပြင်မှာရှိနေသလားလို့ တောင်သတင်းတွေထွက်ပေါ်ဖူးပါတယ်။ De Ruyter သင်္ဘောရဲ့ အလျားက ၅၆၀ပေ ၊ Java သင်္ဘောက ၅၀၉ပေ နဲ့ Kortenaer သင်္ဘောက ၃၂၁ပေ အသီးသီး ရှိကြပါတယ်။
ယင်းစစ်ရေယာဉ်တွေနဲ့ ပတ်သက်ပြီး သတိပြုစရာတစ်ချက်က တည်ဆောက်ရာမှာအ သုံးပြုထားတဲ့ သံမဏိတွေဖြစ်ပါတယ်။ (၁၉၄၅)နောက်ပိုင်းကာလက Trinity Test လို့ သိကြတဲ့ ကမာ့္ဘပထမဆုံးနူးကလီးယားစမ်းသပ်ချက်တွေကနေ နမူနာယူပြီးပညာရှင်တွေ ကရေဒီယိုသတ္တိကြွမှုဒဏ်ကိုခံနိုင်တဲ့ သံမဏိတွေကိုဖန်တီးလာနိုင်တာဖြစ်ပါတယ်။ နစ်မြုပ်သင်္ဘောတွေမှာသုံးထားတဲ့ သံမဏိတွေဟာ (၁၉၄၄) အရှေပိုင်းကာလတွေဖြစ် တာကြောင့် ပြင်းထန်တဲ့ရေဒီယိုသတ္တိကြွမှုတွေကို ခံနိုင်ရည်မရှိပါဘူး။ ဒါဆိုရင် ဂျာဗား ပင်လယ်မှာ အန ္တရာယ်ရှိလောက်တဲ့ ရေဒီယိုသတ္တိကြွမှုတွေရှိနေလို့လား။ ဒါကလည်း စူးစမ်းမှုတွေအရ မဖြစ်နိုင်ပါဘူး။
စစ်ဘက်ဆိုင်ရာအချက်အလက်တွေအရတော့ ဒုတိယကမ္ဘာစစ်အတွင်း မဟာမိတ်တပ်တွေနဲ့ ဂျပန်စစ်တပ် ရေကြောင်း တိုက်ပွဲတွေပြင်းပြင်းထန်ထန်ဖြစ် ပွားခဲ့တဲ့ အင်ဒိုနီးရှား၊စင်ကာပူနဲ့ မလေးရှားပင်လယ်ကမ်းလွန်တွေအထဲမှာတော့ စစ်ရေယာဉ်နဲ့ ရေငုပ်သင်္ဘော (၁၀၀)ကျော်လောက် နစ်မြုပ်ခဲ့တယ်လို့သိရပါတယ်။ နှစ်ဘက်စစ်မှတ်တမ်းတွေမှာလည်း ပျက်စီးသွားတဲ့ရေယာဉ်အမျိုးအစား၊လူသူအရေအတွက်ကိုပါ မှတ်တမ်းတင်နိုင်ခဲ့တဲ့အပြင် ထင်ရှားသိသာတဲ့အပျက်အစီးတွေကို လည်းရှာဖွေပြီး တွဲဖက်မှတ်တမ်းတင်နိုင်ခဲ့တာကိုတွေ့ရပါတယ်။
(2002) ခုနှစ်မှာတော့ The New Straits Times သတင်းစာကတော့ မလေးရှားရေငုပ်သမားအုပ်စုတစ်စုဟာ ဂျာဗားပင်လယ်ပြင်မှာပဲ ပျောက်ဆုံးဟော်လန်စစ်ရေယာဉ်တွေကနေ ပေါက်ကွဲထွက် လာဖွယ်ရှိတယ်ဆိုတဲ့ သံမဏိ၊အလူမီနီယံ နဲ့ကြေးဝါတွေအပိုင်းအစတွေကို ရှာတွေ့ခဲ့ တယ်လို့ဖော်ပြမှုတွေရှိခဲ့ပါတယ်။ ကျွမ်းကျင်သူတွေအဆိုကတော့ ယင်းအပိုင်းအစတွေဟာ ပျောက်ဆုံးစစ်ရေယာဉ်တွေရဲ့ အပျက်အစီးတွေ သာမက (၁၉၄၂)ခုနှစ်က နစ်မြုပ်သွားတဲ့ အမေရိကန်ပြည်ထောင်စုရဲ့ သင်္ဘောသား(၆၅၀)ပါဝင် တဲ့ US Navy USS Houston ရဲ့အပိုင်းအစတွေလည်းပါဝင်ကြောင်း အတည်ပြုပေးခဲ့ ပါတယ်။
နယ်သာလန်ရေတပ်ရဲ့စစ်သင်္ဘော(၃)စင်းဟာ မဟာမိတ်တွေနဲ့ ဂျပန်တွေဖြစ်ပွားခဲ့တဲ့ ဂျာဗားတိုက်ပွဲအတွင်းပါဝင်ခဲ့ကြတာဖြစ်ပြီး စစ်ဦးပိုင်းရလဒ်အရ ဂျပန်တွေသာ အပြတ်သတ်အောင်ပွဲခံပြီး ဒတ်တွေရဲ့အရှေအိန္ဒိယထိန်းချုပ်နယ်မြေအားလုံးဟာ ဂျပန် တွေလက်ထဲကျခဲ့ရပါတယ်။ တိုက်ပွဲအခြေအနေအရ ဟော်လန်စစ်သင်္ဘော(၃)စင်း ဟာတစ်ချိန်တည်းမှာပဲ ရန်သူရဲ့နစ်မြုပ်တိုက်ခိုက်ခြင်းကိုခံခဲ့ရပုံဖြစ်ပါတယ်။
ဒုတိယကမ္ဘာစစ်ကာလအတွင်းကနေ (၂၀၀၂)ခုနှစ်မတိုင်ခင်အချိန်အထိ ဟော်လန်စစ် ရေယာဉ်တွေရဲ့ အပျက်အစီးတွေကိုရှာတွေ့ခဲ့ခြင်းမရှိပဲ နောက်ဆုံးမှာတော့ မလေး ရှားအပျော်တမ်းရေငုပ်သမားတွေရဲ့ ကောင်းမှုနဲ့ပြန်လည်ရှာတွေခဲ့ပါတယ်။ ရှာတွေ့တယ်ဆိုပေမဲ့ HNLMS Kortenaer ရေယာဉ်ရဲ့ အပိုင်းအစတစ်ခုက လွဲရင် ကျန် အစိတ်အပိုင်းတွေဟာ အတည်ပြုနိုင်တယ်ဆိုတဲ့ သက်သေငယ်တစ်ခု အနေ အထားပဲကျန်ရှိပါတော့တယ်။
ယင်းတွေ့ရှိ တဲ့နေရာဟာ ယင်းစစ်ရေယာဉ်တွေမှာထမ်းဆောင်ခဲ့တဲ့ဟော်လန်လူမျိုး (၂၀၀၀)ကျော် ရဲ့အမှတ်တရ ရေပြင်ဖြစ်ခဲ့သလို ပြန်လည်တွေ့ရှိချိန်ဟာလည်း ဂျာဗားတိုက်ပွဲအမှတ်တရ (၇၅)နှစ်ပြည့်ဖို့တစ်နှစ်သာလိုတဲ့ အချိန်နဲ့လည်းသွားရောက်တိုက်ဆိုင်နေခဲ့ပါတယ်။ ဂျာဗားတိုက်ပွဲ ဟာ မဟာမိတ်တပ်တွေနဲ့ ဂျပန်တပ်မတော်တို့ အကြား ၁၉၄၂ခုနှစ် ဖေဖော်ဝါရီလ ၂၇ ရက်နေ့ကနေ မတ်လ ၁၂ရက်နေ့အထိ ဖြစ်ပွားခဲ့သော တိုက်ပွဲကြီးဖြစ်ပါတယ်။ ဒီတိုက်ပွဲမှာ နယ်သာလန် ၊ဗြိတိန် ၊ သြစတြေးလျ နဲ့ အမေရိကန်တပ်တွေ ပူးပေါင်းတိုက်ခိုက်ခဲ့ကြပေမယ့် အကျအရှုံးများစွာနဲ့ ရင်ဆိုင်ခဲ့ရပြီး ဂျပန်တပ်မတော်က အနိုင်ရသွားခဲ့ပါတယ်။
Discussion about this post