(Unicode)
IJN(Imperial Japanese Navy) လို့သိကြတဲ့ဂျပန်ရေတပ်က Yamato စစ်သင်္ဘောကြီးကို တည်ဆောက်ရတဲ့ ရည်ရွယ်ချက်ကတော့ အတ္တလန္တိတ်ဒေသစစ်မြေပြင်မှာ ပွဲကြမ်းမယ့်သူတို့ရဲ့မဟာမိတ် ဂျာမန်တွေရဲ့ KMS Bismarck စစ်သင်္ဘောကြီးရှိနေပြီဖြစ်တဲ့အတွက် ဂျပန်တွေဘက်ကလည်း ပစိဖိတ်သမုဒ္ဒရာရေပြင်မှာနယ်မြေစိုးမိုးရေးနဲ့ အင်အားကြီးနိုင် ငံတစ်ခုဖြစ်တဲ့အကြောင်းကို သိသာထင်ရှားစေလိုတဲ့ရည်ရွယ်ချက်နဲ့ Yamato စစ်သင်္ဘောကြီးကို တည်ဆောက်ခြင်းဖြစ်ပါတယ်။
Yamato ဟာဒုတိယကမ္ဘာစစ် အတွင်းကတိုက်ပွဲဝင်ခဲ့တဲ့ စစ်သင်္ဘောတွေအနက်မှာ တော့အကြီးမားဆုံးနဲ့ အပြင်းထန်ဆုံးသောစွမ်းအားမြှင့်ဖျက်အားပြင်းလက်နက်တွေ အပြင် အထူးကဲဆုံးသံချပ် ကာတွေ တပ်ဆက်ထားမှုအများဆုံး စစ်သင်္ဘော ကြီး ဖြစ် ပါတယ်။ ဒီစစ်သင်္ဘောကြီးကိုတော့ ဂျပန်ရေတပ်ရဲ့ တည်ဆောက်ရေး အင်ဂျင်နီယာ တပ်ခွဲတစ်ခုဖြစ်တဲ့ Kure Naval Arsenal အဖွဲ့ကနေတည်ဆောက်ခဲ့ပြီး ကမ္ဘာပေါ်မှာရှိခဲ့တဲ့မျိုးတုန်းပျောက်ကွယ်သွားပြီဖြစ် တဲ့ mammoth လို့သိကြတဲ့ မွှေးရှည်ဆင်ကြီးတွေရဲ့ပုံစံဒီဇိုင်းထုတ်ရေးဆွဲထားပါတယ်။
Yamato မှာ တပ်ဆင် ထားတဲ့ Type 94 အမျိုးအစား အမြောက်တွေဟာ ၄၆ cm(၁၈.၁ လက်မ)လောက် မလောက်ရှိပြီး ကိုယ်ထည်မှာတပ်ဆင်ထားတဲ့ သံချပ်ကာတွေရဲ့ အထူဟာ(၂၅.၆)လက်မအထိအထူရှိတဲ့အပိုင်းတွေပါဝင်နေတာကြောင့် ယင်းခေတ် အခါက စစ်သင်္ဘောတွေထဲမှာတော့ အကြီးဆုံး စက်သေနတ်တွေနဲ့ အထူကဲဆုံး သံချပ်ဝတ်တပ်ဆက်ထားတဲ့ စစ်သင်္ဘောကြီး အဖြစ် မှတ်တမ်းဝင်သွားခဲ့ပါတယ်။
Yamato စစ်သင်္ဘောကြီးဟာဒုတိယကမ္ဘာစစ်အတွက် ရည်ရွယ်တည်ဆောက် ခဲ့တာဖြစ်ပြီးသူနဲ့တွဲဖက်တည်ဆောက်တဲ့ညီအစ်မစစ်သင်္ဘောကတော့ Musashi စစ် သင်္ဘော ဖြစ်ပါတယ်။ Yamato စစ်သင်္ဘောကြီးကို (၁၉၃၇)ခုနှစ်၊နိုဝင်ဘာ(၄)ရက်နေ့မှာ စတင်တည်ဆောက်ခဲ့ပြီး (၁၉၄၀)၊သြဂုတ်လ (၈) ရက်နေ့မှာတော့ ရေချခဲ့ကာ ၁၉၄၁ခုနှစ် ဒီဇင်ဘာလမှာတော့ စစ်ဘက်ဆိုင်ရာတာဝန်တွေကို စတင်ထမ်းဆောင်ခဲ့ပါတယ်။
စစ်သင်္ဘောကြီးရဲ့စုစုပေါင်း အရှည်ဟာ(၈၆၂)ပေ (၁၀)လက်မရှိပြီး အနံကတော့ (၁၂၇) ပေ (၇)လက်မအထိရှိပါတယ်။ ရေစူးအမှတ်ကတော့(၃၆)ပေနဲ့(၁)လက်မဖြစ်ပြီး (၁) နာရီကိုရေမိုင်(၂၇)မိုင် (၅၀)ကီလိုမီတာအထိရောက်အောင် အမြန်ဆုံးမောင်းနှင်နိုင်ပါတယ်။ စစ်သ င်္ဘောကြီးရဲ့ပျှမ်းမျှတင်ဆောင်နိုင်တဲ့တန်ချိန်ကတော့ (၆၅၀၂၇)တန် ဖြစ်ပြီး ကုန်အပြည့်တင်မယ်ဆိုရင်တော့ (၇၁၆၅၉) တန်လောက်အထိသယ်ဆောင်နိုင် ပါတယ်။
ယင်းကာလကနိုင်ငံတကာ စစ်ရေယာဉ်ဆိုင်ရာတည်ဆောက်ရေး အမြင့်ဆုံး တန်ချိန်နှုန်းထားက(၃၅၀၀၀)တန်သာဖြစ်တယ်လို့သတ်မှတ်ထားပေမယ့် ဂျပန်တွေက တော့ သူတို့ရည်ရွယ်ချက်အတိုင်း ဆက်တိုက်လုပ်ဆောက်ခဲ့ပါတယ်။ တည်ဆောက်ရေး လုပ်ငန်းကို လုပ်ကိုင်နေချိန်မှာလည်း ပြည်သူလူထုကိုတောင် အသိမပေးကဲ လျို့ဝှက် လုပ်ဆောင်ခဲ့ကြပါတယ်။ ဂျပန်တပ်မတော်ရဲ့ရည်ရွယ်ချက်ကတော့ရှင်းပါတယ်။ သူတို့ဘက်က ကမ္ဘာအကြီးဆုံးနဲ့စွမ်းအားအကြီဆုံး စစ်သင်္ဘောကိုတည်ဆောက်မယ်နဲ့ စစ်ပွဲကို မုချအောင်မြင်ရမယ်ဆိုတာပါ။
ဂျပန်စစ်ဘက်ဆိုင်ရာတာဝန်ရှိသူတွေ သတိမထားမိတဲ့အချက်ကတော့ ရေကြောင်းတိုက်ပွဲတွေဟာ သင်္ဘောအချင်းချင်း ရိုးရှင်းစွာတိုက်ခိုက်ကြတာချည်းမဟုတ်ပဲ လေတပ်အင်အားပိုင်ဆိုင်မှုနဲ့လည်း တော်တော်များများကို ပတ်သက်နေတယ်ဆိုတဲ့အချက် ဖြစ်ပါတယ် ။ ဒါအပြင် သူတို့ရဲ့ အဓိကပြိုင်ဘက်ဖြစ်လာမဲ့ အမေရိကန်ပြည်ထောင်စုဆိုတာ သိထားပေမယ့် အမေရိကန် တွေရဲ့ တိုက်ပွဲဝင်စွမ်းရည်မြှင့် လက်နက်တွေရဲ့ အကြောင်းကိုဂျပန်တွေဟာ သဲသဲကွဲကွဲသိရှိခြင်းလည်း မရှိပါဘူး။
ဂျပန်တွေ တွက်ဆထားတာကတော့ အမေရိကန်ဘက်က Yamatoစစ်သင်္ဘောကို ရင်ဆိုင်တိုက်ခိုက်မဲ့ စစ်ရေယာဉ် တွေတည်ဆောက်ခဲ့ရင်တောင် သူတို့ရဲ့စစ်သင်္ဘောတွေကို အမေရိကန်ပြည်ထောင်စု အရှေဘက်ပိုင်းမှာထားရှိရမှာဖြစ်ပါတယ်။ စစ်မြေပြင်အနေအထားအရ အရှေဘက် ကမ်းရိုးတန်းက အမေရိကန်စစ်သင်္ဘောတွေဟာ ပစိဖိတ်စစ်မြေပြင်ကို အလုံးအရင်းနဲ့ လာရောက်ရင်တော့ ကျိန်းသေပနာမားတူးမြောင်းကို ဖြတ်ရပါမယ်။
ဒီအချိန်ကျရင် အမေရိကန်တွေဘက်မှာ တည်ဆောက်ပြီးစီးလောက်တဲ့ Yamato စစ်သင်္ဘောလို တန်ချိန်မြင့်မားတဲ့ စစ်ရေယာဉ်ကြီးတွေဟာ ပနားမားတူးမြောင်းရဲ့အနေအထားအရ အချိန်မရွေးဖြတ်သန်းနိုင်ဖို့ ရှိမနေတာကြောင့် ဂျပန်တွေအတွက် စစ်ရေးမှာ တစ်ပန်းသာသွားမယ့် အချက်ကိုလည်းထည့်တွက်ထားပါတယ်။Yamato ဆိုတဲ့အမည် ကတော့ ရှေးဟောင်းဂျပန်လူမျိုးတွေရဲ့သမိုင်းမှာ ထွန်းပြောင်ခဲ့တဲ့ ယခု Yamato ပြည်နယ်က Yamato မျိုးနွယ်စုတွေကိုအစွဲပြုပြီးနာမည် ပေးထားတာဖြစ်ပြီး ဂျပန်လို အဓိပ္ပါယ်ကတော့ ကြီးမြတ်တဲ့ညီညွတ်ခြင်း လို့အဓိပ္ပါယ်ရပါတယ်။
Yamato စစ်သင်္ဘောရဲ့ အပြင်ပန်းမှာတော့ ဒုတိယကမ္ဘာစစ်မတိုင်ခင်က ဂျပန်တွေရဲ့ စစ်ရေယာဉ်တည်ဆောက်မှုပုံစံတွေအတိုင်းတည်ဆောက်ခဲ့တာကိုတွေ့ရမှာဖြစ်ပြီးစစ်သင်္ဘောကြီးရဲ့ဦးပိုင်းမှာဆိုရင် (၁၈) လက်မလောက်အချင်းရှိတဲ့ တာဝေးပစ် ဆုံလည်အမြောက်ကြီး (၂) ခုကိုတပ်ဆင်ထားပါတယ်။ ပဲ့ပိုင်းမှာဆိုရင်လည်း (၁၈)လက်မလောက်ရှိတဲ့ ဆုံလည်အမြောက်ကြီး(၁)ခုကိုတပ်ဆင်ထားပါတယ်။ ယင်းအမြောက်ကြီးတွေဟာ Yamato ရဲ့ထင် ရှားတဲ့အမှတ်အသားတွေဖြစ်ပြီး ယင်းနေရာမှာတပ်ဆင်ထားတဲ့ သံချပ်ကာတွေ ဟာသင်္ဘောတစ်ခုလုံးမှာ အထူဆုံးအပိုင်းတွေဖြစ်ပြီး (၂၅.၆)လက်မ အထူရှိပါ တယ်။
အဲဒီဆုံလည် အမြောက်ကြီးတွေရဲ့ အနီးမှာလည်း (၁၂x6.1”) နဲ့ (၁၂x ၅” ) စီအချင်းရှိတဲ့ ပစ်ခတ်အားအလွန်ပြင်းတဲ့ စက်သေနတ်များကို တွဲဖက်တပ်ဆင်ထားတာကို တွေ့ရပါတယ်။ လေကြောင်းရန်ကာကွယ်ဖို့အတွက်ကတော့ (၂၄x၂၅ mm) အမြောက် တွေနဲ့ (၄x၁၃.၂mm) ရှိတဲ့ စက်သေနတ်ကြီးတွေကိုထားရှိပါတယ်။ Yamato စစ်သင်္ဘောပေါ်မှာတင် ဂျပန်လေတပ်မတော်ရဲ့တိုက်ခိုက်ရေးလေယာဉ်တွေဖြစ်တဲ့ Nakajima E8N (or) Nakajima E4N တိုက်လေယာဉ်(၇)စင်းလောက်ကို တစ်ပါတည်းထားရှိနိုင်ပါတယ်။
သင်္ဘောကြီးရဲ့အတွင်းပိုင်းမှာဆိုရင်တော့ စက်ဝန်းပြတ်သဏ္ဍာန်အခန်း တည်ဆောက်မှု တွေ ကိုတွေ့ ရပြီး ရေယာဉ်ရဲ့အောက်ခြေပိုင်းတွေကို လိုတာထက်ပိုတဲ့သံမဏိထုထည်တွေနဲ့ အကန့်တွေထားပြီးတည်ဆောက်ထားကြပါတယ်။ ရေယာဉ် ဦးပိုင်းကနေ ပဲ့ပိုင်းအထိဟာ ပေ(၈၀၀)ကျော်ရှည်လျားပြီး အနံဟာပေ(၁၂၀)ကျော်လွန်တဲ့ Yamato စစ်သင်္ဘောကြီးရဲ့ အောက်ခြေကြံ့ခိုင်မှုဟာအတော်ကိုခိုင်မာပြီး တိုက်ပွဲဝင်ရာမှာလည်း လိုအပ်တဲ့ အရေးပေါ်သတင်းအချက်အလက်ဖြန့်ဝေခန်းတွေ၊ နီးစပ်ရာ စစ်ရေယာဉ်အုပ် တွေ မြေပြင်၊ဝေဟင်ဆက်သွယ်ရေးစခန်းတွေနဲ့ချိတ်ဆက်ရာမှာလည်း အခြေအနေ မရွေး၊ရာသီဥတုမရွေးဆက်သွယ်နိုင်တဲ့ ကွန်ယက်များစွာကိုလည်း ဖန်တီးထားရှိပါတယ်။ ဖော်ပြပါ လုံခြုံရေးဆိုင်ရာနဲ့ ကြံ့ခိုင်ရေးဆိုင်ရာ တည်ဆောက်မှုတွေကြောင့် စစ်သင်္ဘောကြီးဟာ သူရဲ့ဖွင့်ပွဲကိုတောင် အခမ်းအနားများစွာနဲ့ ပြုလုပ်ဖို့အချိန်မရပဲ အားချင်းပဲ စစ်ရေးတာဝန်တွေကိုထမ်းဆောင် ခဲ့ရပါတယ်။
Yamato စစ်သင်္ဘောကြီးဟာအလံတင်သင်္ဘောအနေနဲ့ ရေတပ်ဗိုလ်ချုပ်ကြီး Isoroku Yamamoto ဦးဆောင်ပြီး (၁၉၄၂)ခုနှစ်အမေရိကန်နဲ့ဖြစ်ပွားခဲ့တဲ့ Midway တိုက်ပွဲမှာ ပါဝင်လာခဲ့ပါတယ်။ ဒီစစ်ပွဲဟာ ဂျပန်တို့ပုလဲဆိပ်ကမ်းကိုဗုံးကြဲပြီးလို့(၆)ပတ်အကြာမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး ယခုအမေရိကန်နိုင်ငံပိုင် Midway ကျွန်းအနီးမှာဖြစ်ပါတယ်။ ရလဒ် ကတော့ ဂျပန်စစ်သည်(၃၀၅၇)ယောက်ကျဆုံး၊(၃၇)ယောက်အဖမ်းခံနဲ့ အမေရိကန် ဘက်က (၃၀၇)ဦးကျဆုံးကာ ဂျပန်တွေရှုံးနိမ့်သွားခဲ့ပါတယ်။ ယင်းတိုက်ပွဲအပြီးမှာတော့ Yamato စစ်သင်္ဘောကြီးရဲ့လေကြောင်းကာကွယ်ရေးစနစ်အတွက်အသုံးပြု နေတဲ့ (၁၅၅)mm အမြောက်တွေကို ဖယ်ရှားခဲ့ပါတယ်။
(၁၉၄၄)မှာတော့ Yamato ဟာသူရဲ့ ညီအမစစ်ရေယာဉ် Musashi နဲ့အတူ Leyte Gulf တိုက်ပွဲကို ဆင်နွှဲခဲ့ရပြီး ယင်းတိုက်ပွဲမှာ အမေရိကန်ရေတပ်ရဲ့လက်ချက်နဲ့ Musashi ရေယာဉ်နစ်မြုပ်သွားခဲ့ရ ပါတယ်။ Yamato ကတော့အမေရိကန်ရေတပ်ကော၊လေတပ်ကပါ တိုက်ခိုက်တဲ့ ဗုံးဒဏ်၊အမြောက်ဒဏ်၊တော်ပီဒိုဒဏ်တွေကို ကြံ့ကြံ့ခံရင်းပြန်လည်ဆုတ်ခွာလာနိုင်ပေမယ့် သင်္ဘောရဲ့နေရာရာအတော်များများဟာ အကြီးစားပြင်ဆင်မှုတွေပြုလုပ်ဖို့ လိုအပ်နေခဲ့ ပါတယ်။ ယင်းကာလတွေမှာပဲ အမေရိကန်နဲ့သူမဟာမိတ်တပ်တွေဟာ ဥရောပမှာ ဂျာမန်တွေအပေါ်အပြတ်သက် အသာရသွားပြန်တာကြောင့် အာရှဘက်ကိုခြေဦးလှည့်လာ နေကာ ဂျပန်အင်ပါယာရဲ့ရှုံးပွဲတွေဟာ ဆက်တိုက်ကိုများပြားလာနေပါတယ်။ဒါကြောင့် ဂျပန်တို့အနေနဲ့ Yamato ရဲ့ပြင်ဆင်မှုအပိုင်းကို အချိန်မပေးနိုင်တော့တာဖြစ်ပါတယ်။
ဂျပန်တွေကတော့ နောက်ဆုံးအခြေအနေမှာ Yamato စစ်သင်္ဘောကြီးကို မိမိတို့ ကိုယ်တိုင် နှစ်မြုပ်ပစ်ဖို့ ဆုံးဖြတ်ထားခဲ့ပါတယ်။ Yamato ရဲ့နောက်ဆုံးတာဝန် ထမ်းဆောင်ပေးခဲ့တဲ့ဂျပန်ရေတပ်စခန်းတွေကတော့ Truk နဲ့ Kure ရေတပ်စခန်းတွေ အတွက်ဖြစ်ပြီး ယင်းစခန်းတွေဟာ အမေရိကန်ရဲ့ထိုးစစ်ကိုအဓိကဟန့်တားနေရတဲ့ ဂျပန်ရဲ့နောက်ဆုံးခံတပ်တွေလို့တောင် ပြောနိုင်ပါတယ်။(၁၉၄၅)ခုနှစ်ဧပြီလမှာတော့ Okinawa ကမ်းလွန်မှာ စစ်ဆင်ရေးတာဝန်တွေထမ်း ဆောင်နေခဲ့တဲ့ Yamato စစ်သင်္ဘောကြီးဟာ အမေရိကန်လေတပ်ရဲ့တိုက်ခိုက်မှုကို အပြင်းအထန်ခံခဲ့ရပါတယ်။ နောက်ပိုင်းမှာတော့ အမေရိကန် တိုက်ခိုက်ရေးစစ်သင်္ဘော အုပ်စုတွေ၊ရေငုပ်သင်္ဘောတွေပါ ယင်းတိုက်ပွဲအတွင်းပါဝင်လာခဲ့ပြီး Yamato စစ်သ င်္ဘောကြီးကို နှစ်မြုပ်ပစ်ရန် အပြင်းအထန်ကြိုးစားခဲ့ကြပါတယ်။
ဂျပန်ဘက်ကတော့ ရှိသမျှလေယာဉ်၊စစ်သင်္ဘောတွေနဲ့ ထောက်ကူပေးခဲ့ပေမယ့် အင်အားရော၊လက်နက်ပါ အသာစီးရနေတဲ့ အမေရိကန်တွေကိုတားမြစ်ခြင်းငှာ မစွမ်းသာခဲ့ပါဘူး။ တော်ပီဒိုတွေ၊ မီးလောင်ဗုံးတွေ၊ ရာနဲ့ချီတဲ့ အမြောက်ဒဏ်တွေကြောင့် Yamatoရဲ့အနောက်ပိုင်း ကုန်း ပတ်ဟာမီးစတင်လောင်ကျွမ်းခဲ့ပြီး ထိန်းမရတဲ့မီးလောင်မှုအသွင် ပြောင်းသွားခဲ့ပါတယ်။ တိုက်ပွဲအတွင်းမှာပဲ Yamatoရဲ့လေကြောင်း ကာကွယ်ရေးစနစ်ဟာ လုံးဝပျက်စီးသွားခဲ့ပြီး အမေရိကန်လေတပ်ရဲ့ စိတ်ကြိုက်ပစ်ခတ်မှုကို နာရီပေါင်းများစွာခံခဲ့ရပါတယ်။
ယင်းအချိန်က Yamato သင်္ဘောကြီးဆီက ပေါက်ကွဲမှုတွေဟာ ယင်းနေရာကနေမိုင်(၁၂၀)လောက်ဝေးတဲ့ ဂျပန်နိုင်ငံတောင်ပိုင်း ကတောင် အတိုင်းသာကြားနေခဲ့ရတယ်လို့ သိရပါတယ်။ ဂျပန်ရေတပ်ရဲ့ထုတ်ပြန်ချက် အရတော့ Yamato စစ်သင်္ဘောရဲ့အဓိကနေရာ(၆)နေရာကို ဗုံးဆံ(၆)နေရာတိုက်ရိုက် ပေါက်ကွဲခဲ့မှုနဲ့ တော်ပီဒို (၁၃)ချက်ထိမှန်ခဲ့ပြီး (၂)နာရီအတွင်းမှာပဲ သင်္ဘောကြီးနစ်မြုပ်သွားခဲ့ပြီး အတွင်းပိုင်းမှာတာဝန် ထမ်း ဆောင်နေတဲ့သင်္ဘောသား (၂၀၀၀)ကျော်အနက်က (၂၈၀)လောက်ကိုတော့ ကယ်ဆယ်နိုင်ခဲ့တယ် လို့သိရပါတယ်။ (၁၉၄၅)ခုနှစ်၊ဧပြီလ(၇)ရက်နေ့မှာတော့ ဒုတိယကမ္ဘာစစ်ရဲ့အကြီးဆုံး၊အမာဆုံးသော ဂျပန်စစ်သင်္ဘော Yamato ဟာ Okinawa ကျွန်းရဲ့မြောက်ပိုင်းမှာနစ်မြုပ်ခဲ့ရတာဖြစ်ပါတယ်။
ဂျပန်နိုင်ငံ Hiroshima စီရင်စုအတွင်းက Kure မြို့မှာတော့ Yamato Museum (Kure Maritime Museum) ကိုထားရှိပြီး Yamato ရဲ့အမှတ်တရပစ္စည်းများစွာကိုထားရှိပါတယ်။ ယင်းပြ တိုက်မှာပဲ Yamato သင်္ဘောရဲ့(၁၀)ပုံ(၁)ပုံလောက်ရှိတဲ့ ပုံစံတူစစ်သင်္ဘောတစ်စင်းကို လည်းတည်ဆောက်ထားတာကိုတွေ့ရပြီး အသေးစိတ်အချက်အလက်ကအစ လေ့လာ နိုင်တယ်လို့သိရပါတယ်။
(Zawgyi)
ဒုတိယကမာၻစစ္ရဲ့အၾကီးဆံုး နဲ႔ စြမ္းအားအျမင့္ဆုံး စစ္သေဘၤာႀကီး ရာမာတုိ
IJN(Imperial Japanese Navy) လို႔သိၾကတဲ့ဂ်ပန္ေရတပ္က Yamato စစ္သေဘၤာၾကီးကို တည္ေဆာက္ရတဲ့ ရည္ရြယ္ခ်က္ကေတာ့ အတၱလႏိၱတ္ေဒသစစ္ေျမျပင္မွာ ပြဲၾကမ္းမယ့္သူတို႔ရဲ့မဟာမိတ္ ဂ်ာမန္ေတြရဲ့ KMS Bismarck စစ္သေဘၤာၾကီးရွိေနျပီျဖစ္တဲ့အတြက္ ဂ်ပန္ေတြဘက္ကလည္း ပစိဖိတ္သမုဒၵရာေရျပင္မွာနယ္ေျမစိုးမိုးေရးနဲ႔ အင္အားႀကီးနိုင္ ငံတစ္ခုျဖစ္တဲ့အေၾကာင္းကို သိသာထင္ရွားေစလိုတဲ့ရည္ရြယ္ခ်က္နဲ႔ Yamato စစ္သေဘၤာၾကီးကို တည္ေဆာက္ျခင္းျဖစ္ပါတယ္။
Yamato မွာ တပ္ဆင္ ထားတဲ့ Type 94 အမ်ိဳးအစား အေျမာက္ေတြဟာ ၄၆ cm(၁၈.၁ လက္မ)ေလာက္ မေလာက္ရွိၿပီး ကိုယ္ထည္မွာတပ္ဆင္ထားတဲ့ သံခ်ပ္ကာေတြရဲ႕ အထူဟာ(၂၅.၆)လက္မအထိအထူရွိတဲ့အပိုင္းေတြပါဝင္ေနတာေၾကာင့္ ယင္းေခတ္ အခါက စစ္သေဘၤာေတြထဲမွာေတာ့ အႀကီးဆုံး စက္ေသနတ္ေတြနဲ႔ အထူကဲဆုံး သံခ်ပ္ဝတ္တပ္ဆက္ထားတဲ့ စစ္သေဘၤာႀကီး အျဖစ္ မွတ္တမ္းဝင္သြားခဲ့ပါတယ္။
Yamato စစ္သေဘၤာႀကီးဟာဒုတိယကမာၻစစ္အတြက္ ရည္႐ြယ္တည္ေဆာက္ ခဲ့တာျဖစ္ၿပီးသူနဲ႔တြဲဖက္တည္ေဆာက္တဲ့ညီအစ္မစစ္သေဘၤာကေတာ့ Musashi စစ္ သေဘၤာ ျဖစ္ပါတယ္။ Yamato စစ္သေဘၤာႀကီးကို (၁၉၃၇)ခုႏွစ္၊ႏိုဝင္ဘာ(၄)ရက္ေန႔မွာ စတင္တည္ေဆာက္ခဲ့ၿပီး (၁၉၄၀)၊ၾသဂုတ္လ (၈) ရက္ေန႔မွာေတာ့ ေရခ်ခဲ့ကာ ၁၉၄၁ခုႏွစ္ ဒီဇင္ဘာလမွာေတာ့ စစ္ဘက္ဆိုင္ရာတာဝန္ေတြကို စတင္ထမ္းေဆာင္ခဲ့ပါတယ္။
Yamato စစ္သေဘၤာႀကီးဟာဒုတိယကမာၻစစ္အတြက္ ရည္ရြယ္တည္ေဆာက္ ခဲ့တာျဖစ္ျပီးသူနဲ႔တြဲဖက္တည္ေဆာက္တဲ့ညီအစ္မစစ္သေဘၤာကေတာ့ Musashi စစ္ သေဘၤာ ျဖစ္ပါတယ္။ Yamato စစ္သေဘၤာၾကီးကို (၁၉၃၇)ခုနွစ္၊နုိဝင္ဘာ(၄)ရက္ေန႔မွာ စတင္တည္ေဆာက္ခဲ့ၿပီး (၁၉၄၀)၊ၾသဂုတ္လ (၈) ရက္ေန႔မွာေတာ့ ေရခ်ခဲ့ကာ ၁၉၄၁ခုနွစ္ ဒီဇင္ဘာလမွာေတာ့ စစ္ဘက္ဆိုင္ရာတာဝန္ေတြကို စတင္ထမ္းေဆာင္ခဲ့ပါတယ္။
စစ္သေဘၤာၾကီးရဲ့စုစုေပါင္း အရွည္ဟာ(၈၆၂)ေပ (၁၀)လက္မရွိျပီး အနံကေတာ့ (၁၂၇) ေပ (၇)လက္မအထိရွိပါတယ္။ ေရစူးအမွတ္ကေတာ့(၃၆)ေပနဲ႔(၁)လက္မျဖစ္ျပီး (၁) နာရီကိုေရမိုင္(၂၇)မိုင္ (၅၀)ကီလိုမီတာအထိေရာက္ေအာင္ အျမန္ဆံုးေမာင္းနွင္နိုင္ပါတယ္။ စစ္သ ေဘၤာၾကီးရဲ့ပ်ွမ္းမ်ွတင္ေဆာင္နိုင္တဲ့တန္ခ်ိန္ကေတာ့ (၆၅၀၂၇)တန္ ျဖစ္ျပီး ကုန္အျပည့္တင္မယ္ဆိုရင္ေတာ့ (၇၁၆၅၉) တန္ေလာက္အထိသယ္ေဆာင္နိုင္ ပါတယ္။
ယင္းကာလကနိုင္ငံတကာ စစ္ေရယာဥ္ဆိုင္ရာတည္ေဆာက္ေရး အျမင့္ဆံုး တန္ခ်ိန္နႈန္းထားက(၃၅၀၀၀)တန္သာျဖစ္တယ္လို႔သတ္မွတ္ထားေပမယ့္ ဂ်ပန္ေတြက ေတာ့ သူတို႔ရည္ရြယ္ခ်က္အတိုင္း ဆက္တိုက္လုပ္ေဆာက္ခဲ့ပါတယ္။ တည္ေဆာက္ေရး လုပ္ငန္းကို လုပ္ကိုင္ေနခ်ိန္မွာလည္း ျပည္သူလူထုကိုေတာင္ အသိမေပးကဲ လ်ိဳ႕ဝွက္ လုပ္ေဆာင္ခဲ့ၾကပါတယ္။ ဂ်ပန္တပ္မေတာ္ရဲ့ရည္ရြယ္ခ်က္ကေတာ့ရွင္းပါတယ္။ သူတို႔ဘက္က ကမာၻအၾကီးဆံုးနဲ႔စြမ္းအားအၾကီဆံုး စစ္သေဘၤာကိုတည္ေဆာက္မယ္နဲ႔ စစ္ပြဲကို မုခ်ေအာင္ျမင္ရမယ္ဆိုတာပါ။
ဂ်ပန္စစ္ဘက္ဆိုင္ရာတာဝန္ရွိသူေတြ သတိမထားမိတဲ့အခ်က္ကေတာ့ ေရေၾကာင္းတိုက္ပြဲေတြဟာ သေဘၤာအခ်င္းခ်င္း ရိုးရွင္းစြာတိုက္ခိုက္ၾကတာခ်ည္းမဟုတ္ပဲ ေလတပ္အင္အားပိုင္ဆိုင္မႈနဲ႔လည္း ေတာ္ေတာ္မ်ားမ်ားကို ပတ္သက္ေနတယ္ဆိုတဲ့အခ်က္ ျဖစ္ပါတယ္ ။ ဒါအျပင္ သူတို႔ရဲ့ အဓိကျပိဳင္ဘက္ျဖစ္လာမဲ့ အေမရိကန္ျပည္ေထာင္စုဆိုတာ သိထားေပမယ့္ အေမရိကန္ ေတြရဲ့ တိုက္ပြဲဝင္စြမ္းရည္ျမွင့္ လက္နက္ေတြရဲ့ အေၾကာင္းကိုဂ်ပန္ေတြဟာ သဲသဲကြဲကြဲသိရွိျခင္းလည္း မရွိပါဘူး။
ဂ်ပန္ေတြ တြက္ဆထားတာကေတာ့ အေမရိကန္ဘက္က Yamatoစစ္သေဘၤာကို ရင္ဆိုင္တိုက္ခိုက္မဲ့ စစ္ေရယာဥ္ ေတြတည္ေဆာက္ခဲ့ရင္ေတာင္ သူတို႔ရဲ့စစ္သေဘၤာေတြကို အေမရိကန္ျပည္ေထာင္စု အေရွဘက္ပိုင္းမွာထားရွိရမွာျဖစ္ပါတယ္။ စစ္ေျမျပင္အေနအထားအရ အေရွဘက္ ကမ္းရိုးတန္းက အေမရိကန္စစ္သေဘၤာေတြဟာ ပစိဖိတ္စစ္ေျမျပင္ကို အလံုးအရင္းနဲ႔ လာေရာက္ရင္ေတာ့ က်ိန္းေသပနာမားတူးေျမာင္းကို ျဖတ္ရပါမယ္။
ဒီအခ်ိန္က်ရင္ အေမရိကန္ေတြဘက္မွာ တည္ေဆာက္ၿပီးစီးေလာက္တဲ့ Yamato စစ္သေဘၤာလို တန္ခ်ိန္ျမင့္မားတဲ့ စစ္ေရယာဥ္ႀကီးေတြဟာ ပနားမားတူးေျမာင္းရဲ႕အေနအထားအရ အခ်ိန္မေ႐ြးျဖတ္သန္းႏိုင္ဖို႔ ရွိမေနတာေၾကာင့္ ဂ်ပန္ေတြအတြက္ စစ္ေရးမွာ တစ္ပန္းသာသြားမယ့္ အခ်က္ကိုလည္းထည့္တြက္ထားပါတယ္။Yamato ဆိုတဲ့အမည္ ကေတာ့ ေရွးေဟာင္းဂ်ပန္လူမ်ိဳးေတြရဲ႕သမိုင္းမွာ ထြန္းေျပာင္ခဲ့တဲ့ ယခု Yamato ျပည္နယ္က Yamato မ်ိဳးႏြယ္စုေတြကိုအစြဲျပဳၿပီးနာမည္ ေပးထားတာျဖစ္ၿပီး ဂ်ပန္လို အဓိပၸါယ္ကေတာ့ ႀကီးျမတ္တဲ့ညီၫြတ္ျခင္း လို႔အဓိပၸါယ္ရပါတယ္။
Yamato စစ္သေဘၤာရဲ႕ အျပင္ပန္းမွာေတာ့ ဒုတိယကမာၻစစ္မတိုင္ခင္က ဂ်ပန္ေတြရဲ႕ စစ္ေရယာဥ္တည္ေဆာက္မႈပုံစံေတြအတိုင္းတည္ေဆာက္ခဲ့တာကိုေတြ႕ရမွာျဖစ္ၿပီးစစ္သေဘၤာႀကီးရဲ႕ဦးပိုင္းမွာဆိုရင္ (၁၈) လက္မေလာက္အခ်င္းရွိတဲ့ တာေ၀းပစ္ ဆုံလည္အေျမာက္ႀကီး (၂) ခုကိုတပ္ဆင္ထားပါတယ္။ ပဲ့ပိုင္းမွာဆိုရင္လည္း (၁၈)လက္မေလာက္ရွိတဲ့ ဆုံလည္အေျမာက္ႀကီး(၁)ခုကိုတပ္ဆင္ထားပါတယ္။ ယင္းအေျမာက္ႀကီးေတြဟာ Yamato ရဲ႕ထင္ ရွားတဲ့အမွတ္အသားေတြျဖစ္ၿပီး ယင္းေနရာမွာတပ္ဆင္ထားတဲ့ သံခ်ပ္ကာေတြ ဟာသေဘၤာတစ္ခုလုံးမွာ အထူဆုံးအပိုင္းေတြျဖစ္ၿပီး (၂၅.၆)လက္မ အထူရွိပါ တယ္။
အဲဒီဆုံလည္ အေျမာက္ႀကီးေတြရဲ႕ အနီးမွာလည္း (၁၂x6.1”) နဲ႔ (၁၂x ၅” ) စီအခ်င္းရွိတဲ့ ပစ္ခတ္အားအလြန္ျပင္းတဲ့ စက္ေသနတ္မ်ားကို တြဲဖက္တပ္ဆင္ထားတာကို ေတြ႕ရပါတယ္။ ေလေၾကာင္းရန္ကာကြယ္ဖို႔အတြက္ကေတာ့ (၂၄x၂၅ mm) အေျမာက္ ေတြနဲ႔ (၄x၁၃.၂mm) ရွိတဲ့ စက္ေသနတ္ႀကီးေတြကိုထားရွိပါတယ္။ Yamato စစ္သေဘၤာေပၚမွာတင္ ဂ်ပန္ေလတပ္မေတာ္ရဲ႕တိုက္ခိုက္ေရးေလယာဥ္ေတြျဖစ္တဲ့ Nakajima E8N (or) Nakajima E4N တိုက္ေလယာဥ္(၇)စင္းေလာက္ကို တစ္ပါတည္းထားရွိႏိုင္ပါတယ္။
သေဘၤာႀကီးရဲ႕အတြင္းပိုင္းမွာဆိုရင္ေတာ့ စက္ဝန္းျပတ္သ႑ာန္အခန္း တည္ေဆာက္မႈ ေတြ ကိုေတြ႕ ရၿပီး ေရယာဥ္ရဲ႕ေအာက္ေျခပိုင္းေတြကို လိုတာထက္ပိုတဲ့သံမဏိထုထည္ေတြနဲ႔ အကန႔္ေတြထားၿပီးတည္ေဆာက္ထားၾကပါတယ္။ ေရယာဥ္ ဦးပိုင္းကေန ပဲ့ပိုင္းအထိဟာ ေပ(၈၀၀)ေက်ာ္ရွည္လ်ားၿပီး အနံဟာေပ(၁၂၀)ေက်ာ္လြန္တဲ့ Yamato စစ္သေဘၤာႀကီးရဲ႕ ေအာက္ေျခႀကံ့ခိုင္မႈဟာအေတာ္ကိုခိုင္မာၿပီး တိုက္ပြဲဝင္ရာမွာလည္း လိုအပ္တဲ့ အေရးေပၚသတင္းအခ်က္အလက္ျဖန႔္ေဝခန္းေတြ၊ နီးစပ္ရာ စစ္ေရယာဥ္အုပ္ ေတြ ေျမျပင္၊ေဝဟင္ဆက္သြယ္ေရးစခန္းေတြနဲ႔ခ်ိတ္ဆက္ရာမွာလည္း အေျခအေန မေ႐ြး၊ရာသီဥတုမေ႐ြးဆက္သြယ္ႏိုင္တဲ့ ကြန္ယက္မ်ားစြာကိုလည္း ဖန္တီးထားရွိပါတယ္။ ေဖာ္ျပပါ လုံၿခဳံေရးဆိုင္ရာနဲ႔ ႀကံ့ခိုင္ေရးဆိုင္ရာ တည္ေဆာက္မႈေတြေၾကာင့္ စစ္သေဘၤာႀကီးဟာ သူရဲ႕ဖြင့္ပြဲကိုေတာင္ အခမ္းအနားမ်ားစြာနဲ႔ ျပဳလုပ္ဖို႔အခ်ိန္မရပဲ အားခ်င္းပဲ စစ္ေရးတာဝန္ေတြကိုထမ္းေဆာင္ ခဲ့ရပါတယ္။
Yamato စစ္သေဘၤာႀကီးဟာအလံတင္သေဘၤာအေနနဲ႔ ေရတပ္ဗိုလ္ခ်ဳပ္ႀကီး Isoroku Yamamoto ဦးေဆာင္ၿပီး (၁၉၄၂)ခုႏွစ္အေမရိကန္နဲ႔ျဖစ္ပြားခဲ့တဲ့ Midway တိုက္ပြဲမွာ ပါဝင္လာခဲ့ပါတယ္။ ဒီစစ္ပြဲဟာ ဂ်ပန္တို႔ပုလဲဆိပ္ကမ္းကိုဗုံးႀကဲၿပီးလို႔(၆)ပတ္အၾကာမွာ ျဖစ္ပြားခဲ့တာျဖစ္ၿပီး ယခုအေမရိကန္ႏိုင္ငံပိုင္ Midway ကြၽန္းအနီးမွာျဖစ္ပါတယ္။ ရလဒ္ ကေတာ့ ဂ်ပန္စစ္သည္(၃၀၅၇)ေယာက္က်ဆုံး၊(၃၇)ေယာက္အဖမ္းခံနဲ႔ အေမရိကန္ ဘက္က (၃၀၇)ဦးက်ဆုံးကာ ဂ်ပန္ေတြရႈံးနိမ့္သြားခဲ့ပါတယ္။ ယင္းတိုက္ပြဲအၿပီးမွာေတာ့ Yamato စစ္သေဘၤာႀကီးရဲ႕ေလေၾကာင္းကာကြယ္ေရးစနစ္အတြက္အသုံးျပဳ ေနတဲ့ (၁၅၅)mm အေျမာက္ေတြကို ဖယ္ရွားခဲ့ပါတယ္။
(၁၉၄၄)မွာေတာ့ Yamato ဟာသူရဲ့ ညီအမစစ္ေရယာဥ္ Musashi နဲ႔အတူ Leyte Gulf တိုက္ပြဲကို ဆင္ႏႊဲခဲ့ရျပီး ယင္းတိုက္ပြဲမွာ အေမရိကန္ေရတပ္ရဲ့လက္ခ်က္နဲ႔ Musashi ေရယာဥ္နစ္ျမဳပ္သြားခဲ့ရ ပါတယ္။ Yamato ကေတာ့အေမရိကန္ေရတပ္ေကာ၊ေလတပ္ကပါ တိုက္ခိုက္တဲ့ ဗံုးဒဏ္၊အေျမာက္ဒဏ္၊ေတာ္ပီဒိုဒဏ္ေတြကို ၾက့ံၾက့ံခံရင္းျပန္လည္ဆုတ္ခြာလာနိုင္ေပမယ့္ သေဘၤာရဲ့ေနရာရာအေတာ္မ်ားမ်ားဟာ အၾကီးစားျပင္ဆင္မႈေတြျပဳလုပ္ဖို႕ လိုအပ္ေနခဲ့ ပါတယ္။ ယင္းကာလေတြမွာပဲ အေမရိကန္နဲ႔သူမဟာမိတ္တပ္ေတြဟာ ဥေရာပမွာ ဂ်ာမန္ေတြအေပၚအျပတ္သက္ အသာရသြားျပန္တာေၾကာင့္ အာရွဘက္ကိုေျခဦးလွည့္လာ ေနကာ ဂ်ပန္အင္ပါယာရဲ့ရံႈးပြဲေတြဟာ ဆက္တိုက္ကိုမ်ားျပားလာေနပါတယ္။ဒါေၾကာင့္ ဂ်ပန္တို႔အေနနဲ႔ Yamato ရဲ့ျပင္ဆင္မႈအပိုင္းကို အခ်ိန္မေပးနိုင္ေတာ့တာျဖစ္ပါတယ္။
ဂ်ပန္ေတြကေတာ့ ေနာက္ဆံုးအေျခအေနမွာ Yamato စစ္သေဘၤာၾကီးကို မိမိတို႔ ကိုယ္တိုင္ နွစ္ျမဳပ္ပစ္ဖို႔ ဆံုးျဖတ္ထားခဲ့ပါတယ္။ Yamato ရဲ့ေနာက္ဆံုးတာဝန္ ထမ္းေဆာင္ေပးခဲ့တဲ့ဂ်ပန္ေရတပ္စခန္းေတြကေတာ့ Truk နဲ႔ Kure ေရတပ္စခန္းေတြ အတြက္ျဖစ္ျပီး ယင္းစခန္းေတြဟာ အေမရိကန္ရဲ့ထိုးစစ္္ကိုအဓိကဟန္႔တားေနရတဲ့ ဂ်ပန္ရဲ့ေနာက္ဆံုးခံတပ္ေတြလို႔ေတာင္ ေျပာနိုင္ပါတယ္။(၁၉၄၅)ခုနွစ္ဧျပီလမွာေတာ့ Okinawa ကမ္းလြန္မွာ စစ္ဆင္ေရးတာဝန္ေတြထမ္း ေဆာင္ေနခဲ့တဲ့ Yamato စစ္သေဘၤာၾကီးဟာ အေမရိကန္ေလတပ္ရဲ့တိုက္ခိုက္မႈကို အျပင္းအထန္ခံခဲ့ရပါတယ္။ ေနာက္ပိုင္းမွာေတာ့ အေမရိကန္ တိုက္ခိုက္ေရးစစ္သေဘၤာ အုပ္စုေတြ၊ေရငုပ္သေဘၤာေတြပါ ယင္းတိုက္ပြဲအတြင္းပါဝင္လာခဲ့ျပီး Yamato စစ္သ ေဘၤာၾကီးကို ႏွစ္ျမဳပ္ပစ္ရန္ အျပင္းအထန္ၾကိဳးစားခဲ့ၾကပါတယ္။
ဂ်ပန္ဘက္ကေတာ့ ရွိသမ်ွေလယာဥ္၊စစ္သေဘၤာေတြနဲ႔ ေထာက္ကူေပးခဲ့ေပမယ့္ အင္အားေရာ၊လက္နက္ပါ အသာစီးရေနတဲ့ အေမရိကန္ေတြကိုတားျမစ္ျခင္းငွာ မစြမ္းသာခဲ့ပါဘူး။ ေတာ္ပီဒိုေတြ၊ မီးေလာင္ဗံုးေတြ၊ ရာနဲ႔ခ်ီတဲ့ အေျမာက္ဒဏ္ေတြေၾကာင့္ Yamatoရဲ့အေနာက္ပိုင္း ကုန္း ပတ္ဟာမီးစတင္ေလာင္ကၽြမ္းခဲ့ျပီး ထိန္းမရတဲ့မီးေလာင္မႈအသြင္ ေျပာင္းသြားခဲ့ပါတယ္။ တိုက္္ပြဲအတြင္းမွာပဲ Yamatoရဲ့ေလေၾကာင္း ကာကြယ္ေရးစနစ္ဟာ လံုးဝပ်က္စီးသြားခဲ့ျပီး အေမရိကန္ေလတပ္ရဲ့ စိတ္ၾကိဳက္ပစ္ခတ္မႈကို နာရီေပါင္းမ်ားစြာခံခဲ့ရပါတယ္။
ယင္းအခ်ိန္က Yamato သေဘၤာၾကီးဆီက ေပါက္ကြဲမႈေတြဟာ ယင္းေနရာကေနမိုင္(၁၂၀)ေလာက္ေဝးတဲ့ ဂ်ပန္နိုင္ငံေတာင္ပိုင္း ကေတာင္ အတိုင္းသာၾကားေနခဲ့ရတယ္လို႔ သိရပါတယ္။ ဂ်ပန္ေရတပ္ရဲ့ထုတ္ျပန္ခ်က္ အရေတာ့ Yamato စစ္သေဘၤာရဲ့အဓိကေနရာ(၆)ေနရာကို ဗံုးဆံ(၆)ေနရာတိုက္ရိုက္ ေပါက္ကြဲခဲ့မႈနဲ႔ ေတာ္ပီဒို (၁၃)ခ်က္ထိမွန္ခဲ့ျပီး (၂)နာရီအတြင္းမွာပဲ သေဘၤာၾကီးနစ္ျမဳပ္သြားခဲ့ၿပီး အတြင္းပိုင္းမွာတာဝန္ ထမ္း ေဆာင္ေနတဲ့သေဘၤာသား (၂၀၀၀)ေက်ာ္အနက္က (၂၈၀)ေလာက္ကိုေတာ့ ကယ္ဆယ္နိုင္ခဲ့တယ္ လို႔သိရပါတယ္။ (၁၉၄၅)ခုနွစ္၊ဧျပီလ(၇)ရက္ေန႔မွာေတာ့ ဒုတိယကမာၻစစ္ရဲ့အၾကီးဆံုး၊အမာဆံုးေသာ ဂ်ပန္စစ္သေဘၤာ Yamato ဟာ Okinawa ကၽြန္းရဲ့ေျမာက္ပိုင္းမွာနစ္ျမဳပ္ခဲ့ရတာျဖစ္ပါတယ္။
ဂ်ပန္နိုင္ငံ Hiroshima စီရင္စုအတြင္းက Kure ျမိဳ႕မွာေတာ့ Yamato Museum (Kure Maritime Museum) ကိုထားရွိျပီး Yamato ရဲ့အမွတ္တရပစၥည္းမ်ားစြာကိုထားရွိပါတယ္။ ယင္းျပ တိုက္မွာပဲ Yamato သေဘၤာရဲ့(၁၀)ပံု(၁)ပံုေလာက္ရွိတဲ့ ပံုစံတူစစ္သေဘၤာတစ္စင္းကို လည္းတည္ေဆာက္ထားတာကိုေတြ႔ရျပီး အေသးစိတ္အခ်က္အလက္ကအစ ေလ့လာနုိုင္တယ္လို႔သိရပါတယ္။
Discussion about this post