Friday, March 5, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

ဒုတိယကမ္ဘာစစ်ပုံရိပ်များ နှင့် ယနေ့မြင်ကွင်း ကွာခြားချက်

by Thutamm
October 15, 2019
Reading Time: 2min read
0
ဒုတိယကမ္ဘာစစ်ပုံရိပ်များ နှင့် ယနေ့မြင်ကွင်း ကွာခြားချက်
Share on FacebookShare on Twitter

(Unicode)

(၁)

ဒီဓာတ်ပုံကတော့ ဒုတိယကမ္ဘာစစ်အတွင်းက ရုရှားနိုင်ငံတောင်ပိုင်း စတာလင်ဂရက်မြို့မှာ ရိုက်ကူးခဲ့တဲ့ပုံဖြစ်ပါတယ်။ စတာလင်ဂရက်တိုက်ပွဲအတွင်းက ပုံဖြစ်ပါတယ်။ စတာလင်ဂရက်တိုက်ပွဲဟာ သြဂုတ် ၂၃ရက် ၁၉၄၂ခုနှစ်ကနေ ဖေဖော်ဝါရီလ ၂ရက်နေ့ ၁၉၄၃ခုနှစ်အထိ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲပါ။ ဒီတိုက်ပွဲမှာ ဆိုက်ဗီယက်ယူနီယံဟာ ဂျာမနီ ၊ ရိုမေးနီးယား ၊ အီတလီ ၊ ဟန်ဂေရီ ၊ ခရိုအေးရှား တပ်ပေါင်းစုနဲ့ တိုက်ခိုက်ခဲ့ရပါတယ်။ လူပေါင်း ၁သန်းကျော် သေကြေပျက်စီးခဲ့ရတဲ့ ဒီတိုက်ပွဲမှာ နောက်ဆုံးတော့ ဆိုဗီယက်က အနိုင်ရရှိခဲ့ပါတယ်။

ဒီပုံကတော့ ယနေ့မြင်ရတဲ့ စတာလင်ဂရက်မြို့ဖြစ်ပါတယ်။ စတာလင်ဂရက်လို့မခေါ်တော့ပဲ ဗော်လ်ဗိုဂရက်လို့ပြောင်းလဲခေါ်ဝေါ်ခဲ့ပြီး စစ်ရဲ့အထိမ်းအမှတ်အဖြစ် အမိမြေမှခေါ်သံ ရုပ်တုကြီးကို အထင်အရှားတွေ့နိုင်ပါတယ်။

(၂)

ဒီပုံကတော့ ဘယ်လ်ဂျီယံ နဲ့ လူဇင်ဘတ်နိုင်ငံ ၂ခုလုံးမှာပါဝင်နေတဲ့ အာဒန်စ် ဒေသအတွင်းမှာ ရိုက်ကူးခဲ့တဲ့ပုံဖြစ်ပါတယ်။ Bulge တိုက်ပွဲအတွင်းက ပုံဖြစ်ပြီး ဒီတိုက်ပွဲဟာ ၁၉၄၄ခုနှစ် ဒီဇင်ဘာ ၁၆ရက်ကနေ ၁၉၄၅ဇန်နီဝါရီ ၂၅ရက်နေ့ အထိ ဖြစ်ပွားခဲ့ပါတယ်။ အမေရိကန် ၊ ဗြိတိန် ၊ ပြင်သစ်တို့ဦးဆောင်တဲ့ မဟာမိတ်တပ်ပေါင်းစု နဲ့ နာဇီဂျာမနီတို့ တိုက်ခိုက်ခဲ့ကြပြီး နောက်ဆုံးမှာတော့ မဟာမိတ်တပ်တွေ အနိုင်ရရှိခဲ့ပါတယ်။

စစ်ရဲ့အထိမ်းအမှတ်အဖြစ်မြင်နိုင်တဲ့ ယနေ့မြင်ကွင်းပါ။

(၃)

ဟာဝိုင်ယီကျွန်းစုရဲ့ ပုလဲဆိပ်ကမ်းပါ။ ပုလဲဆိပ်ကမ်းတိုက်ပွဲအတွင်း ရိုက်ကူးခဲ့တာဖြစ်ပြီး ဒီပုံကိုတော့ ၁၉၄၁ခုနှစ် ဒီဇင်ဘာ ၇ ရက်နေ့က ရိုက်ကူးခဲ့ပါတယ်။ ပုလဲဆိပ်ကမ်းမှာ စခန်းချနေတဲ့ အမေရိကန်တပ်ကို ဂျပန်တပ်က အမှတ်မထင်ဝင်ရောက်တိုက်ခိုက်ခဲ့မှုကြောင့် အမေရိကန်ရေတပ်ရဲ့ စစ်သင်္ဘောကြီးများနစ်မြုပ်ပျက်စီးခဲ့ပါတယ်။ ဒီတိုက်ခိုက်မှုရဲ့အကျိုးဆက်ကနေ ဟီရိုရှီးမား နဲ့ နာဂါစကီ လို အနိဌာရုံဖြစ်ရပ်တွေ ဖြစ်ပွားခဲ့ရပါတယ်။

ဒီပုံကတော့ ယနေ့မြင်ရတဲ့ ပုလဲဆိပ်ကမ်း မြင်ကွင်းဖြစ်ပါတယ်။

(၄)

ဒုတိယကမ္ဘာစစ်အတွင်း ဂျပန်ပိုင် Iwo_Jima ကျွန်းမှာ ရိုက်ကူးခဲ့တဲ့ဓာတ်ပုံပါ။ Iwo_Jima တိုက်ပွဲဟာ ဖေဖော်ဝါရီ ၁၉ရက်ကနေ မတ်လ ၂၆ရက် ၁၉၄၅ခုနှစ် အထိဖြစ်ပွားခဲ့ပြီး အမေရိကန်နဲ့ ဂျပန်တို့ရဲ့တိုက်ပွဲပါ။ နှစ်ဖက်ပေါင်း လူ ၅သောင်းနီးပါး သေကြေပျက်စီးခဲ့ရပြီး အင်အားအဆပေါင်းများစွာပိုသာတဲ့ အမေရိကန်တို့အနိုင်ရရှိခဲ့ပါတယ်။

ဒါကတော့ Iwo Jima ကျွန်းရဲ့ ယနေ့မြင်ကွင်းဖြစ်ပါတယ်။

(၅)

အီဂျစ်မြို့ El Alamein မှာ ရိုက်ကူးထားတဲ့ပုံဖြစ်ပါတယ်။ El Alamein ဒုတိယတိုက်ပွဲအတွင်းက ပုံဖြစ်ပြီး ဂျာမနီ ၊ အီတလီ တပ်တွေ နဲ့ ဗြိတိန်ဦးဆောင်တဲ့ မဟာမိတ်တပ်တွေ တိုက်ခိုက်ခဲ့ကြတာပါ။ အောက်တိုဘာ ၂၃ ကနေ နိုဝင်ဘာ ၁၁ ရက်နေ့ ၁၉၄၂ခုနှစ်ထိ ဖြစ်ပွားခဲ့ပါတယ်။ ဒီစစ်ပွဲမှာ အမေရိကန်က လုံးလုံးလျားလျားပါဝင်ခြင်းမရှိပဲ လေကြောင်းအကူအဖြစ်သာ ပါဝင်ခဲ့ပါတယ်။ လူပေါင်း ၇သောင်းနီးပါး သေကြေခဲ့ရပြီး မဟာမိတ်တပ်တွေ အနိုင်ရရှိခဲ့ပါတယ်။

ယနေ့မှာတော့ ဒီနေရာမှာ စစ်ရဲ့အကျိုးဆက်အနေနဲ့ ကျဆုံးခဲ့တဲ့စစ်သားတွေရဲ့ သင်္ချိုင်းမှတ်တိုင်တွေကို အစီအရီမြင်ရမှာဖြစ်ပါတယ်။

(၆)

ဒုတိယကမ္ဘာစစ်အတွင်းက ပြင်သစ်နိုင်ငံ နော်မန်ဒီကမ်းခြေမှာ ရိုက်ကူးခဲ့တဲ့ ဓာတ်ပုံပါ။ နော်မန်ဒီကမ်းတက်တိုက်ပွဲအဖြစ် ကမ္ဘာကျော်ပါတယ်။ ၁၉၄၄ခုနှစ် ဇွန်လ ၆ရက်နေ့ကနေ ဇူလိုင်လ လယ်အထိ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲပါ။ မဟာမိတ်တပ်တွေ နဲ့ နာဇီဂျာမနီတို့တိုက်ခိုက်ခဲ့တဲ့ ဒီတိုက်ပွဲမှာ မဟာမိတ်ဘက်က အနိုင်ရရှိခဲ့ပြီး နှစ်ဖက်ပေါင်း လူ ၂သိန်းကျော် ကျဆုံးခဲ့ရပါတယ်။

ဒါကတော့ နော်မန်ဒီကမ်းခြေရဲ့ ယနေ့မြင်ကွင်းဖြစ်ပါတယ်။

(၇)

ဂျပန်နိုင်ငံ အိုကီနာဝါကျွန်းမှာ ရိုက်ကူးခဲ့တဲ့ပုံပါ။ အိုကီနာဝါတိုက်ပွဲဟာ ဒုတိယကမ္ဘာစစ်ရဲ့ နောက်ဆုံးတိုက်ပွဲကြီးဖြစ်ပြီး အမေရိကန်ဦးဆောင်တဲ့ တပ်တွေနဲ့ ဂျပန်တပ်တွေ တိုက်ခိုက်ခဲ့ကြတဲ့တိုက်ပွဲပါ။ အိုကီနာဝါတိုက်ပွဲဟာ ၁၉၄၅ခုနှစ် ဧပြီလ၁ရက်နေ့ကနေ ဇွန်လ ၂၂ရက်နေ့အထိ ဖြစ်ပွားခဲ့ပါတယ်။ အမေရိကန်ဘက်က ရေတပ်အနေနဲ့ ဗြိတိန် ၊ ကနေဒါ ၊ သြစတြေးလျ နဲ့ နယူးဇီလန်တပ်တွေပါဝင်တိုက်ခိုက်ခဲ့ကြပါတယ်။ လူပေါင်း ၁၃၀၀၀၀ ခန့်သေကြေခဲ့ရပြီး နောက်ဆုံးမှာတော့ အမေရိကန်တပ်တွေ အနိုင်ရရှိခဲ့ပါတယ်။

ယနေ့မှာတော့ ဒီနေရာဟာ စစ်ရဲ့အထိမ်းအမှတ်သင်္ချိုင်းတစ်ခုဖြစ်လာခဲ့ရပါတယ်။

(Zawgyi)

ဒုတိယကမာၻစစ္ပုံရိပ္မ်ား ႏွင့္ ယေန႔ျမင္ကြင္း ကြာျခားခ်က္

(၁)

ဒီဓာတ္ပုံကေတာ့ ဒုတိယကမာၻစစ္အတြင္းက ႐ုရွားႏိုင္ငံေတာင္ပိုင္း စတာလင္ဂရက္ၿမိဳ႕မွာ ႐ိုက္ကူးခဲ့တဲ့ပုံျဖစ္ပါတယ္။ စတာလင္ဂရက္တိုက္ပြဲအတြင္းက ပုံျဖစ္ပါတယ္။ စတာလင္ဂရက္တိုက္ပြဲဟာ ၾသဂုတ္ ၂၃ရက္ ၁၉၄၂ခုႏွစ္ကေန ေဖေဖာ္ဝါရီလ ၂ရက္ေန႔ ၁၉၄၃ခုႏွစ္အထိ ျဖစ္ပြားခဲ့တဲ့ တိုက္ပြဲပါ။ ဒီတိုက္ပြဲမွာ ဆိုက္ဗီယက္ယူနီယံဟာ ဂ်ာမနီ ၊ ႐ိုေမးနီးယား ၊ အီတလီ ၊ ဟန္ေဂရီ ၊ ခ႐ိုေအးရွား တပ္ေပါင္းစုနဲ႔ တိုက္ခိုက္ခဲ့ရပါတယ္။ လူေပါင္း ၁သန္းေက်ာ္ ေသေၾကပ်က္စီးခဲ့ရတဲ့ ဒီတိုက္ပြဲမွာ ေနာက္ဆုံးေတာ့ ဆိုဗီယက္က အႏိုင္ရရွိခဲ့ပါတယ္။

ဒီပုံကေတာ့ ယေန႔ျမင္ရတဲ့ စတာလင္ဂရက္ၿမိဳ႕ျဖစ္ပါတယ္။ စတာလင္ဂရက္လို႔မေခၚေတာ့ပဲ ေဗာ္လ္ဗိုဂရက္လို႔ေျပာင္းလဲေခၚေဝၚခဲ့ၿပီး စစ္ရဲ႕အထိမ္းအမွတ္အျဖစ္ အမိေျမမွေခၚသံ ႐ုပ္တုႀကီးကို အထင္အရွားေတြ႕ႏိုင္ပါတယ္။

(၂)

ဒီပုံကေတာ့ ဘယ္လ္ဂ်ီယံ နဲ႔ လူဇင္ဘတ္ႏိုင္ငံ ၂ခုလုံးမွာပါဝင္ေနတဲ့ အာဒန္စ္ ေဒသအတြင္းမွာ ႐ိုက္ကူးခဲ့တဲ့ပုံျဖစ္ပါတယ္။ Bulge တိုက္ပြဲအတြင္းက ပုံျဖစ္ၿပီး ဒီတိုက္ပြဲဟာ ၁၉၄၄ခုႏွစ္ ဒီဇင္ဘာ ၁၆ရက္ကေန ၁၉၄၅ဇန္နီဝါရီ ၂၅ရက္ေန႔ အထိ ျဖစ္ပြားခဲ့ပါတယ္။ အေမရိကန္ ၊ ၿဗိတိန္ ၊ ျပင္သစ္တို႔ဦးေဆာင္တဲ့ မဟာမိတ္တပ္ေပါင္းစု နဲ႔ နာဇီဂ်ာမနီတို႔ တိုက္ခိုက္ခဲ့ၾကၿပီး ေနာက္ဆုံးမွာေတာ့ မဟာမိတ္တပ္ေတြ အႏိုင္ရရွိခဲ့ပါတယ္။

စစ္ရဲ႕အထိမ္းအမွတ္အျဖစ္ျမင္ႏိုင္တဲ့ ယေန႔ျမင္ကြင္းပါ။

(၃)

ဟာဝိုင္ယီကြၽန္းစုရဲ႕ ပုလဲဆိပ္ကမ္းပါ။ ပုလဲဆိပ္ကမ္းတိုက္ပြဲအတြင္း ႐ိုက္ကူးခဲ့တာျဖစ္ၿပီး ဒီပုံကိုေတာ့ ၁၉၄၁ခုႏွစ္ ဒီဇင္ဘာ ၇ ရက္ေန႔က ႐ိုက္ကူးခဲ့ပါတယ္။ ပုလဲဆိပ္ကမ္းမွာ စခန္းခ်ေနတဲ့ အေမရိကန္တပ္ကို ဂ်ပန္တပ္က အမွတ္မထင္ဝင္ေရာက္တိုက္ခိုက္ခဲ့မႈေၾကာင့္ အေမရိကန္ေရတပ္ရဲ႕ စစ္သေဘၤာႀကီးမ်ားနစ္ျမဳပ္ပ်က္စီးခဲ့ပါတယ္။ ဒီတိုက္ခိုက္မႈရဲ႕အက်ိဳးဆက္ကေန ဟီ႐ိုရွီးမား နဲ႔ နာဂါစကီ လို အနိဌာ႐ုံျဖစ္ရပ္ေတြ ျဖစ္ပြားခဲ့ရပါတယ္။

ဒီပုံကေတာ့ ယေန႔ျမင္ရတဲ့ ပုလဲဆိပ္ကမ္း ျမင္ကြင္းျဖစ္ပါတယ္။

(၄)

ဒုတိယကမာၻစစ္အတြင္း ဂ်ပန္ပိုင္ Iwo_Jima ကြၽန္းမွာ ႐ိုက္ကူးခဲ့တဲ့ဓာတ္ပုံပါ။ Iwo_Jima တိုက္ပြဲဟာ ေဖေဖာ္ဝါရီ ၁၉ရက္ကေန မတ္လ ၂၆ရက္ ၁၉၄၅ခုႏွစ္ အထိျဖစ္ပြားခဲ့ၿပီး အေမရိကန္နဲ႔ ဂ်ပန္တို႔ရဲ႕တိုက္ပြဲပါ။ ႏွစ္ဖက္ေပါင္း လူ ၅ေသာင္းနီးပါး ေသေၾကပ်က္စီးခဲ့ရၿပီး အင္အားအဆေပါင္းမ်ားစြာပိုသာတဲ့ အေမရိကန္တို႔အႏိုင္ရရွိခဲ့ပါတယ္။

ဒါကေတာ့ Iwo Jima ကြၽန္းရဲ႕ ယေန႔ျမင္ကြင္းျဖစ္ပါတယ္။

(၅)

အီဂ်စ္ၿမိဳ႕ El Alamein မွာ ႐ိုက္ကူးထားတဲ့ပုံျဖစ္ပါတယ္။ El Alamein ဒုတိယတိုက္ပြဲအတြင္းက ပုံျဖစ္ၿပီး ဂ်ာမနီ ၊ အီတလီ တပ္ေတြ နဲ႔ ၿဗိတိန္ဦးေဆာင္တဲ့ မဟာမိတ္တပ္ေတြ တိုက္ခိုက္ခဲ့ၾကတာပါ။ ေအာက္တိုဘာ ၂၃ ကေန ႏိုဝင္ဘာ ၁၁ ရက္ေန႔ ၁၉၄၂ခုႏွစ္ထိ ျဖစ္ပြားခဲ့ပါတယ္။ ဒီစစ္ပြဲမွာ အေမရိကန္က လုံးလုံးလ်ားလ်ားပါဝင္ျခင္းမရွိပဲ ေလေၾကာင္းအကူအျဖစ္သာ ပါဝင္ခဲ့ပါတယ္။ လူေပါင္း ၇ေသာင္းနီးပါး ေသေၾကခဲ့ရၿပီး မဟာမိတ္တပ္ေတြ အႏိုင္ရရွိခဲ့ပါတယ္။

ယေန႔မွာေတာ့ ဒီေနရာမွာ စစ္ရဲ႕အက်ိဳးဆက္အေနနဲ႔ က်ဆုံးခဲ့တဲ့စစ္သားေတြရဲ႕ သခ်ႋဳင္းမွတ္တိုင္ေတြကို အစီအရီျမင္ရမွာျဖစ္ပါတယ္။

(၆)

ဒုတိယကမာၻစစ္အတြင္းက ျပင္သစ္ႏိုင္ငံ ေနာ္မန္ဒီကမ္းေျခမွာ ႐ိုက္ကူးခဲ့တဲ့ ဓာတ္ပုံပါ။ ေနာ္မန္ဒီကမ္းတက္တိုက္ပြဲအျဖစ္ ကမာၻေက်ာ္ပါတယ္။ ၁၉၄၄ခုႏွစ္ ဇြန္လ ၆ရက္ေန႔ကေန ဇူလိုင္လ လယ္အထိ ျဖစ္ပြားခဲ့တဲ့ တိုက္ပြဲပါ။ မဟာမိတ္တပ္ေတြ နဲ႔ နာဇီဂ်ာမနီတို႔တိုက္ခိုက္ခဲ့တဲ့ ဒီတိုက္ပြဲမွာ မဟာမိတ္ဘက္က အႏိုင္ရရွိခဲ့ၿပီး ႏွစ္ဖက္ေပါင္း လူ ၂သိန္းေက်ာ္ က်ဆုံးခဲ့ရပါတယ္။

ဒါကေတာ့ ေနာ္မန္ဒီကမ္းေျခရဲ႕ ယေန႔ျမင္ကြင္းျဖစ္ပါတယ္။

(၇)

ဂ်ပန္ႏိုင္ငံ အိုကီနာဝါကြၽန္းမွာ ႐ိုက္ကူးခဲ့တဲ့ပုံပါ။ အိုကီနာဝါတိုက္ပြဲဟာ ဒုတိယကမာၻစစ္ရဲ႕ ေနာက္ဆုံးတိုက္ပြဲႀကီးျဖစ္ၿပီး အေမရိကန္ဦးေဆာင္တဲ့ တပ္ေတြနဲ႔ ဂ်ပန္တပ္ေတြ တိုက္ခိုက္ခဲ့ၾကတဲ့တိုက္ပြဲပါ။ အိုကီနာဝါတိုက္ပြဲဟာ ၁၉၄၅ခုႏွစ္ ဧၿပီလ၁ရက္ေန႔ကေန ဇြန္လ ၂၂ရက္ေန႔အထိ ျဖစ္ပြားခဲ့ပါတယ္။ အေမရိကန္ဘက္က ေရတပ္အေနနဲ႔ ၿဗိတိန္ ၊ ကေနဒါ ၊ ၾသစေၾတးလ် နဲ႔ နယူးဇီလန္တပ္ေတြပါဝင္တိုက္ခိုက္ခဲ့ၾကပါတယ္။ လူေပါင္း ၁၃၀၀၀၀ ခန႔္ေသေၾကခဲ့ရၿပီး ေနာက္ဆုံးမွာေတာ့ အေမရိကန္တပ္ေတြ အႏိုင္ရရွိခဲ့ပါတယ္။

ယေန႔မွာေတာ့ ဒီေနရာဟာ စစ္ရဲ႕အထိမ္းအမွတ္သခ်ႋဳင္းတစ္ခုျဖစ္လာခဲ့ရပါတယ္။

Tags: militaryworld history

Related Posts

ဒေါ်လာ သန်း ၄၀ အကုန်အကျခံကာ အီဂျစ်အမွေအနှစ်များကို ကယ်တင်ခဲ့ကြခြင်း
History

ဒေါ်လာ သန်း ၄၀ အကုန်အကျခံကာ အီဂျစ်အမွေအနှစ်များကို ကယ်တင်ခဲ့ကြခြင်း

အီဂျစ်နိုင်ငံရဲ့ လူသိအများဆုံးနေရာတွေလို့ ပြောလိုက်တာနဲ့ ပိရမစ်ကြီးတွေနဲ့ အတူ ပါဝင်လာလေ့ရှိတာကတော့ Abu Simbel အဘူစင်ဘယ် ဆိုတဲ့နေရာပါ။ အဘူစင်ဘယ် ဆိုတာကတော့ အီဂျစ်နိုင်ငံတောင်ပိုင်း ဆူဒန်နိုင်ငံရဲ့နယ်စပ်အနီး နူဘီးယားဒေသမှာ တည်ရှိတဲ့ ရွာတရွာဖြစ်ပြီး အဲဒီမှာရှိတဲ့ ရှေးဟောင်းဘုရားကျောင်းတွေကြောင့် အဘူစင်ဘယ်...

History

အသားအဝါရောင်ပြောင်းခဲ့ရတဲ့ မိန်းကလေးများ

ကနေရီ မိန်းကလေးများ Canary Girls ဆိုတာကတော့ ပထမကမ္ဘာစစ်နဲ့ ဒုတိယကမ္ဘာစစ်ကာလအတွင်းက ဗြိတိန်တပ်မတော်အတွက် လက်နက်ခဲယမ်း တွေထုတ်လုပ်ပေးရတဲ့ အမျိုးသမီးတွေဖြစ်ကြပါတယ်။ Canary ငှက်ဆိုတာ အဝါရောင်ငှက်ဖြစ်တာကြောင့် Canary Girls ဟာ အဝါရောင်အမျိုးသမီးများလို့ အဓိပ္ပါယ်ရမှာဖြစ်ပါတယ်။ ယင်းအမျိုးသမီးတွေဟာဆိုရင်...

တချိန်တုန်းက စိတ်ဝင်စားစရာ နည်းပညာပုံရိပ်များ
History

တချိန်တုန်းက စိတ်ဝင်စားစရာ နည်းပညာပုံရိပ်များ

နည်းပညာ တိုးတက်ပြောင်းလဲမှုတွေဟာ တနှစ်ထက်တနှစ် အလွန်လျှင်မြန်တဲ့ အမြန်နှုန်းနဲ့ ပြောင်းလဲလျက်ရှိပါတယ်။ တိုးတက်တဲ့ နိုင်ငံကြီးတွေကို မဆိုထားနဲ့ ၊ ကျွန်တော်တို့ မြန်မာနိုင်ငံကို ကြည့်ရင်ပဲ လွန်ခဲ့တဲ့ ၁၀ နှစ်နဲ့ အခုအချိန်နဲ့ဟာ လုံး၀ ပြောင်းလဲသွားပါပြီ။ လွန်ခဲ့တဲ့...

လမ်းခင်းပစ်ခံလိုက်ရသော မြကန် ပိဋကတ်တိုက် နှင့် ပုဂံ နှစ်ထပ်အုတ်ကျောင်းများ
History

လမ်းခင်းပစ်ခံလိုက်ရသော မြကန် ပိဋကတ်တိုက် နှင့် ပုဂံ နှစ်ထပ်အုတ်ကျောင်းများ

ရေးသားသူ - ဘိက္ခု ကေသရ ပုဂံခေတ်ဦးပိုင်းတွင် ထင်ရှားသော ပိဋကတ်တိုက် (၂) လုံးရှိသည် ဟု ဆိုကြပေသည်။ ပထမ ပိဋကတ်တိုက်မှာ ပုဂံ မြို့ တံတိုင်းအတွင်း မှ အနော်ရထာမင်း၏ ပိဋကတ်တိုက်ဖြစ်၍ ဒုတိယ...

Next Post
မိတ္ထီလာကန်တော် အကြောင်း သိကောင်းစရာ

မိတ္ထီလာကန်တော် အကြောင်း သိကောင်းစရာ

Discussion about this post

No Result
View All Result

Categories

Tag

amazing ancient knowledge animals architecture buddhism buddhism monk chemistry cities countries empires feeling health health knowledge history inventions kaung htet knowledge military motivation myanmar history myanmar knowledge myanmar people myanmar places news pagodas photos places planets plants rivers science science knowledge Sport Sport people successful tech thinking tips world actors world companies world history world knowledge world news world people world places

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!