Friday, February 26, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

နယ်သာလန်မြို့တော် အမ်စတာဒမ် အကြောင်း

by Thutamm
August 21, 2020
Reading Time: 1min read
0
နယ်သာလန်မြို့တော် အမ်စတာဒမ် အကြောင်း
Share on FacebookShare on Twitter

ကမ္ဘာပေါ်က နာမည်ကြီးမြို့တစ်မြို့ဖြစ်တဲ့ အမ်စတာဒမ် Amsterdam ကတော့ နယ်သာလန်နိုင်ငံရဲ့မြို့တော်ဖြစ်ပြီး နိုင်ငံရဲ့လူဦးရေအများဆုံး နဲ့ အထူထပ်ဆုံးမြို့တော်ဖြစ်ပါတယ်။ မြို့ပေါ်နေလူဦးရေ ၉သိန်းခန့်ရှိပြီး ဒေသတစ်ခုလုံးမှာဆိုရင်တော့ ၂.၄သန်းခန့် ရှိနိုင်ပါတယ်။ အမ်စတာဒမ်ဟာ ကျွန်းငယ်ပေါင်း အခု ၉၀ ဆက်စပ်ပြီး တည်ရှိနေတဲ့မြို့ဖြစ်ပါတယ်။

အမ်စတာဒမ် Amsterdam ဆိုတဲ့နာမည်ဖြစ်ပေါ်လာတာကတော့ ၁၁၇၀ နဲ့ ၁၁၇၃ ခုနှစ် အဲဒီဒေသမှာ ရေလွှမ်းမိုးမှုအပြီးကနေ စတင်ခဲ့ပါတယ်။ ရေလွှမ်းမိုးမှုကြောင့် အဲဒီဒေသမှာ နေထိုင်သူတွေဟာ အနီးမှာရှိတဲ့ Amstel မြစ်ပေါ်ကို ဖြတ်ပြီး တံတားတစ်ခုထိုးခဲ့သလို ဆည်(Dam) တစ်ခုလည်း တည်ဆောက်ခဲ့ကြပါတယ်။ မြစ် နဲ့ ဆည်ကိုပေါင်းပြီး အဲဒီနားက ရွာကို Amstelredamme လို့ပေးခဲ့ကြတယ်။ ၁၃၂၇ ခုနှစ်ကနေစလို့ Amstelredamme ကိုချုံ့ပြီး Amsterdam လို့ပြောင်းလဲခေါ်ဆိုခဲ့ကြတယ်။

၁၂ ရာစုအထိ သာမန် တံငါရွာလေးတစ်ရွာသာ ဖြစ်ခဲ့ပေမယ့် ၁၇ ရာစု ဒတ်ချ်တို့ရဲ့ရွှေခေတ်မှာတော့ ကုန်သွယ်ရေးလမ်းကြောင်းအတွက် အရေးပါတဲ့ ဆိပ်ကမ်းမြို့တစ်ခု ဖြစ်လာခဲ့တယ်။ ၁၉ ရာစု နဲ့ ၂၀ ရာစုတွေမှာတော့ အနီးအနားမှာ မြို့ကွက်အသစ်တွေဖော်ပြီး မြို့ကိုချဲ့ထွင်ခဲ့ကြတယ်။ အမ်စတာဒမ်မြို့ကွက် ဘယ်လောက်စနစ်ကျတယ်ဆိုတာ အပေါ်စီးကနေကြည့်ရုံနဲ့ မြင်နိုင်ပါတယ်။ လက်ရှိအချိန်မှာတော့ ကမ္ဘာ့ထိပ်တန်းမြို့တစ်မြို့ဖြစ်သလို နယ်သာလန်ရဲ့ ယဉ်ကျေးမှုမြို့တော်လည်း ဖြစ်ပါတယ်။

ကမ္ဘာ့ကုမ္ပဏီကြီးတော်တေ်ာများများ ဥရောပဈေးကွက်ကို ဝင်ရောက်ရာမှာ အမ်စတာဒမ်မှာ ရုံးချုပ်တွေထားလေ့ရှိတယ်။ နည်းပညာ ကုမ္ပဏီကြီးတွေဖြစ်တဲ့ Uber, Netflix နဲ့ Tesla တို့ ဆိုရင် ဥရောပအတွက် သူတို့ရဲ့ကုမ္ပဏီရုံးချုပ်တွေကို အမ်စတာဒမ်မှာ တည်ဆောက်ထားကြတယ်။ နေထိုင်လို့အကောင်းဆုံးမြို့စာရင်းမှာ နံပါတ် ၂ ၊ နည်းပညာအထွန်းကားဆုံးစာရင်းမှာ နံပါတ် ၄ ချိတ်ထားတဲ့မြို့လည်းဖြစ်တယ်။ ကမ္ဘာပေါ်က အစောဆုံး စတော့ရှယ်ယာဈေးကွက်တစ်ခုဖြစ်တဲ့ Euronext Amsterdam ဟာလည်း အမ်စတာဒမ်မှာ စတင်ခဲ့တာဖြစ်တယ်။

အမ်စတာဒမ်မြို့ထဲမှာ တူးမြောင်းပေါင်း ၁၆၅ခုခန့် ရှိနေပါတယ်။ တူးမြောင်းတွေကို ဖြတ်ထိုးထားတဲ့ တံတားအစင်းပေါင်းကလည်း ၁၂၀၀ကျော် ရှိနေပါတယ်။ တံတားတွေထဲမှာ ရှေးအကျဆုံးနဲ့ အကျယ်ဆုံးတံတားကတော့ ၁၆၄၈ခုနှစ်မှာတည်ဆောက်ခဲ့တဲ့ De Torensluis တံတားပဲ ဖြစ်ပါတယ်။ တူးမြောင်းဘေးတလျှောက်မှာ အိမ်တွေဆောက်လုပ်နေထိုင်ကြသလို တူးမြောင်းထဲမှာရှိနေတဲ့ လှေအိမ်ပေါင်းကလည်း ၂၅၀၀လောက်ရှိပါတယ်။ ဒီလှေအိမ်တွေကိုတော့ မြို့သူမြို့သားတွေပဲပိုင်တာဖြစ်ပြီး ခရီးသွားတွေအတွက် ငှားရမ်းပေးလေ့ရှိပါတယ်။

အမ်စတာဒမ်ကို စက်ဘီးမြို့တော်လို့လည်းခေါ်နိုင်ပါတယ်။ မြို့နေလူဦးရေ ၉သိန်းနီးပါးရှိသလို စက်ဘီးအစီးပေါင်းကလည်း ၉သိန်းနီးပါး ရှိတဲ့အတွက် ၁ယောက်ကို ၁စီးနှုန်းခန့် ပိုင်ဆိုင်တယ်လို့ ဆိုရမှာပါ။ စက်ဘီးနင်းဖို့ လမ်းတွေရဲ့ စုစုပေါင်းအရှည်ကလည်း ၇၆၇ ကီလိုမီတာ တောင်ရှိနေပါတယ်။

အမ်စတာဒမ်ကို သစ်လုံးတွေပေါ်က မြို့လို့လည်းခေါ်နိုင်ပါတယ်။ အကြောင်းကတော့ အမ်စတာဒမ်ရှိရာ မြေဟာ ရွှံမြေဖြစ်ပြီး ပုံမှန်ထက်ပျော့တာကြောင့် အဆောက်အဦးတွေတည်ဆောက်တဲ့အခါ သစ်လုံးတွေကို မြေကြီးထဲမှာ အရင်ရိုက်ပြီးထည့်ရလို့ဖြစ်ပါတယ်။ ၁၇ ရာစုက စလို့ ဒီနည်းလမ်းကိုသုံးခဲ့တာဖြစ်ပြီး တစ်မြို့လုံးရဲ့မြေအောက်မှာဆိုရင် သစ်လုံးပေါင်း ၁၁သန်းခန့်ရှိနေပါတယ်။  Amsterdam Centraal မီးရထားဘူတာအောက်မှာတင် သစ်လုံးပေါင်း ၉၀၀၀ ခန့်ရှိနေတယ်လို့ သိရပါတယ်။ ပျမ်းမျှအားဖြင့် ပုံမှန်အိမ်တစ်လုံးရဲ့အောက်မှာ သစ်လုံး ၁၀လုံးခန့် ရိုက်ထည့်ရပြီး သစ်လုံးတွေရဲ့အရှည်ကတော့ ၁၅မီတာကနေ မီတာ ၂၀ အထိ ရှိပါတယ်။

အမ်စတာဒမ်ဟာ ကော်ဖီဆိုင်ယဉ်ကျေးမှု ထွန်းကားတဲ့မြို့ဖြစ်ပါတယ်။ နေရာအနှံ့မှာ ကော်ဖီဆိုင်တွေနဲ့ အရက်ဘားတွေ ရှိနေတတ်ပါတယ်။ တစ်မြို့လုံးမှာ ဆိုင်ပေါင်း ၁၅၀၀ ခန့် ရှိနေပြီး အဲဒီဆိုင်တွေမှာ အပျောစားဆေးခြောက်တွေကို တရားဝင်ရောင်းချလေ့ရှိပါတယ်။ မီးရောင်နီရပ်ကွက် De Wallen မှာတော့ ပြည့်တန်ဆာလုပ်ငန်းကို တရားဝင်လုပ်ကိုင်ခွင့်ပြုထားပါတယ်။

အမ်စတာဒမ်အခြေစိုက် အကြီးဆုံးနဲ့ အကျော်ကြားဆုံး ဘောလုံးအသင်းကတော့ အေဂျက်စ် Ajax အသင်းပဲဖြစ်ပါတယ်။ အေဂျက်စ်အသင်းရဲ့ နာမည်အပြည့်အစုံက Amsterdamsche Football Club Ajax ဖြစ်ပြီး သက်တမ်းကတော့ ၁၉၀၀ပြည့်နှစ်ကတည်းက တည်ထောင်ခဲ့တာဖြစ်တာကြောင့် နှစ်ပေါင်း ၁၂၀နီးပါးရှိပါပြီ။ အေဂျက်စ်အသင်းဟာ ဥရောပတိုက်ရဲ့အအောင်မြင်ဆုံး အသင်းတစ်သင်းဖြစ်ပြီး ချန်ပီယံလိဂ်ဖလားကို ၄ကြိမ်ရရှိထားပြီး အဲဒီ ၄ကြိမ်မှာ ၃ကြိမ်က ၃နှစ်ဆက်တိုက် ရရှိခဲ့တာဖြစ်ပါတယ်။

၂၀၁၄ခုနှစ်က ဒီမြို့ကို ကမ္ဘာလှည့်ခရီးသွား ၅သန်းခန့်သာ လာရောက်ခဲ့ပေမယ့် ၂၀၁၅ခုနှစ်မှာတော့ ၁၈သန်းကျော် လာရောက်တဲ့အထိ များပြားလာခဲ့ပါတယ်။ နေထိုင်သူလူဦးရေထက် လာရောက်လည်ပတ်တဲ့ဦးရေက အဆ ၂၀နီးပါး ပိုများနေတာဖြစ်ပါတယ်။

ထင်ရှားတဲ့နေရာတွေကတော့ အမ်စတာဒမ်တူးမြောင်းလို သမိုင်းဝင်တူးမြောင်းတွေ ၊ ဒတ်အမျိုးသားပြတိုက် Rijksmuseum ၊ ဗင်းဆင့်ဗန်ဂိုးပြတိုက် ၊  ကမ္ဘာ့အကောင်းဆုံးဇာတ်ရုံတစ်ခုဖြစ်တဲ့ Concertgebouw ၊ Amsterdam ပြတိုက် ၊ တော်ဝင်နန်းတော်တွေ ၊ မီးရောင်နီရပ်ကွက် De Wallen Red Light District ၊ Vondelpark ပန်းခြံ ၊ နာဇီလက်ကပုန်းအောင်းရင်း ကမ္ဘာကျော်ဒိုင်ယာရီကိုရေးခဲ့တဲ့ ဂျူးကောင်မလေး Anne Frank ရဲ့အိမ် စတာတွေအပြင် အခြားထင်ရှားတဲ့ နေရာပေါင်းများစွာ ရှိနေပါတယ်။

(Zawgyi)

အလွဆုံးၿမဳိ႕တစ္ၿမုိ႕ျဖစ္တဲ့ ဒတ္ခ်္တုိ႔ရဲ႕ၿမုိ႕ေတာ္ အမ္စတာဒမ္

ကမာၻေပၚက နာမည္ႀကီးၿမဳိ႕တစ္ၿမုိ႕ျဖစ္တဲ့ အမ္စတာဒမ္ Amsterdam ကေတာ့ နယ္သာလန္ႏုိင္ငံရဲ႕ၿမုိ႕ေတာ္ျဖစ္ၿပီး ႏုိင္ငံရဲ႕လူဦးေရအမ်ားဆုံး နဲ႔ အထူထပ္ဆုံးၿမုိ႕ေတာ္ျဖစ္ပါတယ္။ ၿမုိ႕ေပၚေနလူဦးေရ ၉သိန္းခန္႔ရွိၿပီး ေဒသတစ္ခုလုံးမွာဆုိရင္ေတာ့ ၂.၄သန္းခန္႔ ရွိႏုိင္ပါတယ္။ အမ္စတာဒမ္ဟာ ကြ်န္းငယ္ေပါင္း အခု ၉၀ ဆက္စပ္ၿပီး တည္ရွိေနတဲ့ၿမုိ႕ျဖစ္ပါတယ္။

အမ္စတာဒမ္ Amsterdam ဆုိတဲ့နာမည္ျဖစ္ေပၚလာတာကေတာ့ ၁၁၇၀ နဲ႔ ၁၁၇၃ ခုႏွစ္ အဲဒီေဒသမွာ ေရလႊမ္းမုိးမႈအၿပီးကေန စတင္ခဲ့ပါတယ္။ ေရလႊမ္းမုိးမႈေၾကာင့္ အဲဒီေဒသမွာ ေနထုိင္သူေတြဟာ အနီးမွာရွိတဲ့ Amstel ျမစ္ေပၚကို ျဖတ္ၿပီး တံတားတစ္ခုထုိးခဲ့သလုိ ဆည္(Dam) တစ္ခုလည္း တည္ေဆာက္ခဲ့ၾကပါတယ္။ ျမစ္ နဲ႔ ဆည္ကိုေပါင္းၿပီး အဲဒီနားက ရြာကုိ Amstelredamme လုိ႔ေပးခဲ့ၾကတယ္။ ၁၃၂၇ ခုႏွစ္ကေနစလုိ႔ Amstelredamme ကိုခ်ဳံ႕ၿပီး Amsterdam လုိ႔ေျပာင္းလဲေခၚဆုိခဲ့ၾကတယ္။

၁၂ ရာစုအထိ သာမန္ တံငါရြာေလးတစ္ရြာသာ ျဖစ္ခဲ့ေပမယ့္ ၁၇ ရာစု ဒတ္ခ်္တုိ႔ရဲ႕ေရႊေခတ္မွာေတာ့ ကုန္သြယ္ေရးလမ္းေၾကာင္းအတြက္ အေရးပါတဲ့ ဆိပ္ကမ္းၿမုိ႕တစ္ခု ျဖစ္လာခဲ့တယ္။ ၁၉ ရာစု နဲ႔ ၂၀ ရာစုေတြမွာေတာ့ အနီးအနားမွာ ၿမဳိ႕ကြက္အသစ္ေတြေဖာ္ၿပီး ၿမုိ႕ကိုခ်ဲ႕ထြင္ခဲ့ၾကတယ္။ အမ္စတာဒမ္ၿမဳိ႕ကြက္ ဘယ္ေလာက္စနစ္က်တယ္ဆုိတာ အေပၚစီးကေနၾကည့္ရုံနဲ႔ ျမင္ႏုိင္ပါတယ္။ လက္ရွိအခ်ိန္မွာေတာ့ ကမာၻ႔ထိပ္တန္းၿမဳိ႕တစ္ၿမဳိ႕ျဖစ္သလုိ နယ္သာလန္ရဲ႕ ယဥ္ေက်းမႈၿမုိ႕ေတာ္လည္း ျဖစ္ပါတယ္။

ကမာၻ႔ကုမၸဏီႀကီးေတာ္ေတ္ာမ်ားမ်ား ဥေရာပေစ်းကြက္ကုိ ၀င္ေရာက္ရာမွာ အမ္စတာဒမ္မွာ ရုံးခ်ဳပ္ေတြထားေလ့ရွိတယ္။ နည္းပညာ ကုမၸဏီႀကီးေတြျဖစ္တဲ့ Uber, Netflix နဲ႔ Tesla တုိ႔ ဆုိရင္ ဥေရာပအတြက္ သူတုိ႔ရဲ႕ကုမၸဏီရုံးခ်ဳပ္ေတြကုိ အမ္စတာဒမ္မွာ တည္ေဆာက္ထားၾကတယ္။ ေနထုိင္လုိ႔အေကာင္းဆုံးၿမဳိ႕စာရင္းမွာ နံပါတ္ ၂ ၊ နည္းပညာအထြန္းကားဆုံးစာရင္းမွာ နံပါတ္ ၄ ခ်ိတ္ထားတဲ့ၿမုိ႕လည္းျဖစ္တယ္။ ကမာၻေပၚက အေစာဆုံး စေတာ့ရွယ္ယာေစ်းကြက္တစ္ခုျဖစ္တဲ့ Euronext Amsterdam ဟာလည္း အမ္စတာဒမ္မွာ စတင္ခဲ့တာျဖစ္တယ္။

အမ္စတာဒမ္ၿမုိ႕ထဲမွာ တူးေျမာင္းေပါင္း ၁၆၅ခုခန္႔ ရွိေနပါတယ္။ တူးေျမာင္းေတြကို ျဖတ္ထုိးထားတဲ့ တံတားအစင္းေပါင္းကလည္း ၁၂၀၀ေက်ာ္ ရွိေနပါတယ္။ တံတားေတြထဲမွာ ေရွးအက်ဆုံးနဲ႔ အက်ယ္ဆုံးတံတားကေတာ့ ၁၆၄၈ခုႏွစ္မွာတည္ေဆာက္ခဲ့တဲ့ De Torensluis တံတားပဲ ျဖစ္ပါတယ္။ တူးေျမာင္းေဘးတေလွ်ာက္မွာ အိမ္ေတြေဆာက္လုပ္ေနထုိင္ၾကသလုိ တူးေျမာင္းထဲမွာရွိေနတဲ့ ေလွအိမ္ေပါင္းကလည္း ၂၅၀၀ေလာက္ရွိပါတယ္။ ဒီေလွအိမ္ေတြကုိေတာ့ ၿမဳိ႕သူၿမဳိ႕သားေတြပဲပုိင္တာျဖစ္ၿပီး ခရီးသြားေတြအတြက္ ငွားရမ္းေပးေလ့ရွိပါတယ္။

အမ္စတာဒမ္ကုိ စက္ဘီးၿမဳိ႕ေတာ္လုိ႔လည္းေခၚႏုိင္ပါတယ္။ ၿမဳိ႕ေနလူဦးေရ ၉သိန္းနီးပါးရွိသလုိ စက္ဘီးအစီးေပါင္းကလည္း ၉သိန္းနီးပါး ရွိတဲ့အတြက္ ၁ေယာက္ကို ၁စီးႏႈန္းခန္႔ ပုိင္ဆုိင္တယ္လုိ႔ ဆုိရမွာပါ။ စက္ဘီးနင္းဖုိ႔ လမ္းေတြရဲ႕ စုစုေပါင္းအရွည္ကလည္း ၇၆၇ ကီလုိမီတာ ေတာင္ရွိေနပါတယ္။

အမ္စတာဒမ္ကုိ သစ္လုံးေတြေပၚက ၿမုိ႕လုိ႔လည္းေခၚႏုိင္ပါတယ္။ အေၾကာင္းကေတာ့ အမ္စတာဒမ္ရွိရာ ေျမဟာ ရႊံေျမျဖစ္ၿပီး ပုံမွန္ထက္ေပ်ာ့တာေၾကာင့္ အေဆာက္အဦးေတြတည္ေဆာက္တဲ့အခါ သစ္လုံးေတြကို ေျမႀကီးထဲမွာ အရင္ရုိက္ၿပီးထည့္ရလုိ႔ျဖစ္ပါတယ္။ ၁၇ ရာစုက စလုိ႔ ဒီနည္းလမ္းကိုသုံးခဲ့တာျဖစ္ၿပီး တစ္ၿမုိ႕လုံးရဲ႕ေျမေအာက္မွာဆုိရင္ သစ္လုံးေပါင္း ၁၁သန္းခန္႔ရွိေနပါတယ္။  Amsterdam Centraal မီးရထားဘူတာေအာက္မွာတင္ သစ္လုံးေပါင္း ၉၀၀၀ ခန္႔ရွိေနတယ္လုိ႔ သိရပါတယ္။ ပ်မ္းမွ်အားျဖင့္ ပုံမွန္အိမ္တစ္လုံးရဲ႕ေအာက္မွာ သစ္လုံး ၁၀လုံးခန္႔ ရုိက္ထည့္ရၿပီး သစ္လုံးေတြရဲ႕အရွည္ကေတာ့ ၁၅မီတာကေန မီတာ ၂၀ အထိ ရွိပါတယ္။

အမ္စတာဒမ္ဟာ ေကာ္ဖီဆုိင္ယဥ္ေက်းမႈ ထြန္းကားတဲ့ၿမဳိ႕ျဖစ္ပါတယ္။ ေနရာအႏွံ႔မွာ ေကာ္ဖီဆုိင္ေတြနဲ႔ အရက္ဘားေတြ ရွိေနတတ္ပါတယ္။ တစ္ၿမဳိ႕လုံးမွာ ဆုိင္ေပါင္း ၁၅၀၀ ခန္႔ ရွိေနၿပီး အဲဒီဆုိင္ေတြမွာ အေပ်ာစားေဆးေျခာက္ေတြကို တရား၀င္ေရာင္းခ်ေလ့ရွိပါတယ္။ မီးေရာင္နီရပ္ကြက္ De Wallen မွာေတာ့ ျပည့္တန္ဆာလုပ္ငန္းကို တရား၀င္လုပ္ကုိင္ခြင့္ျပဳထားပါတယ္။

အမ္စတာဒမ္အေျခစုိက္ အႀကီးဆုံးနဲ႔ အေက်ာ္ၾကားဆုံး ေဘာလုံးအသင္းကေတာ့ ေအဂ်က္စ္ Ajax အသင္းပဲျဖစ္ပါတယ္။ ေအဂ်က္စ္အသင္းရဲ႕ နာမည္အျပည့္အစုံက Amsterdamsche Football Club Ajax ျဖစ္ၿပီး သက္တမ္းကေတာ့ ၁၉၀၀ျပည့္ႏွစ္ကတည္းက တည္ေထာင္ခဲ့တာျဖစ္တာေၾကာင့္ ႏွစ္ေပါင္း ၁၂၀နီးပါးရွိပါၿပီ။ ေအဂ်က္စ္အသင္းဟာ ဥေရာပတုိက္ရဲ႕အေအာင္ျမင္ဆုံး အသင္းတစ္သင္းျဖစ္ၿပီး ခ်န္ပီယံလိဂ္ဖလားကို ၄ႀကိမ္ရရွိထားၿပီး အဲဒီ ၄ႀကိမ္မွာ ၃ႀကိမ္က ၃ႏွစ္ဆက္တုိက္ ရရွိခဲ့တာျဖစ္ပါတယ္။

၂၀၁၄ခုႏွစ္က ဒီၿမဳိ႕ကို ကမာၻလွည့္ခရီးသြား ၅သန္းခန္႔သာ လာေရာက္ခဲ့ေပမယ့္ ၂၀၁၅ခုႏွစ္မွာေတာ့ ၁၈သန္းေက်ာ္ လာေရာက္တဲ့အထိ မ်ားျပားလာခဲ့ပါတယ္။ ေနထုိင္သူလူဦးေရထက္ လာေရာက္လည္ပတ္တဲ့ဦးေရက အဆ ၂၀နီးပါး ပိုမ်ားေနတာျဖစ္ပါတယ္။

ထင္ရွားတဲ့ေနရာေတြကေတာ့ အမ္စတာဒမ္တူးေျမာင္းလုိ သမုိင္း၀င္တူးေျမာင္းေတြ ၊ ဒတ္အမ်ဳိးသားျပတုိက္ Rijksmuseum ၊ ဗင္းဆင့္ဗန္ဂုိးျပတုိက္ ၊  ကမာၻ႔အေကာင္းဆုံးဇာတ္ရုံတစ္ခုျဖစ္တဲ့ Concertgebouw ၊ Amsterdam ျပတုိက္ ၊ ေတာ္၀င္နန္းေတာ္ေတြ ၊ မီးေရာင္နီရပ္ကြက္ De Wallen Red Light District ၊ Vondelpark ပန္းၿခံ ၊ နာဇီလက္ကပုန္းေအာင္းရင္း ကမာၻေက်ာ္ဒုိင္ယာရီကိုေရးခဲ့တဲ့ ဂ်ူးေကာင္မေလး Anne Frank ရဲ႕အိမ္ စတာေတြအျပင္ အျခားထင္ရွားတဲ့ ေနရာေပါင္းမ်ားစြာ ရွိေနပါတယ္။

Tags: cities
Next Post
ဦးသန့်ရေးခဲ့သော “သူငယ်နာမစင်သေးသော ကျနော်တို့လူမျိုး”

ဦးသန့်ရေးခဲ့သော "သူငယ်နာမစင်သေးသော ကျနော်တို့လူမျိုး"

Discussion about this post

No Result
View All Result

Categories

Tag

amazing ancient knowledge animals architecture buddhism buddhism monk chemistry cities countries empires feeling health health knowledge history inventions kaung htet knowledge military motivation myanmar history myanmar knowledge myanmar people myanmar places news pagodas photos places planets plants rivers science science knowledge Sport Sport people successful tech thinking tips world actors world companies world history world knowledge world news world people world places

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!