• Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
Sunday, January 17, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

တခေတ်တခါက စွယ်စုံအနုပညာရှင်ကြီး ဝင်းဦး ဆိုသည်မှာ

by Thutamm
August 7, 2019
Reading Time: 1min read
0
တခေတ်တခါက စွယ်စုံအနုပညာရှင်ကြီး ဝင်းဦး ဆိုသည်မှာ
Share on FacebookShare on Twitter

ရေးသားသူ – သန်းဝင်းလှိုင်

စာရေးဆရာ၊ ရုပ်ရှင်သရုပ်ဆောင်၊ ဒါရိုက်တာ၊ စန္ဒာမဂ္ဂဇင်းထုတ်ဝေသူ၊ အဆိုတော်အဖြစ်အောင်မြင်ကျော်ကြားနေသောပြည်သူ့အချစ်တော် ဝင်းဦးသည်စွယ်စုံရအနုပညာရှင်ဖြစ်သည်။ ဝင်းဦးကို ၁၉၃၅ခုနှစ် မတ်လ ၁၃ ရက် ဗုဒ္ဓဟူးနေ့တွင် ရန်ကုန်မြို့၌ ဖွားမြင်ခဲ့သည်။ အမည်ရင်းမှာ လှမြင့်ဖြစ်ပြီး ငယ်နာမည်မှာ ကိုဦးဖြစ်သည်။ ဖခင်ဖြစ်သူမှာ ရန်ကုန်တက္ကသိုလ် အငြိမ်းစားသမိုင်း ပါမောက္ခဦးဘညွန့် (ချစ်ဒုက္ခဦးဘညွန့်)ဖြစ်ပြီး၊ မိခင်ဖြစ်သူမှာဒေါ်နှင်းရီ(မင်နီဘခတ်)ဖြစ်သည်။ ဖခင်ဦးဘညွန့်သည်ချစ်ဒုက္ခနှင့် ဆုထူးရွယ်ဓါတ်ပြား၏ တေးသံရှင်ဖြစ်သည်။ သီချင်းကြီးသီချင်းခံတို့ကို လေ့လာလိုက်စားခဲ့သည်။

၁၉၂၇တွင်ဝိဇ္ဇာဂုဏ်ထူး(သမိုင်း)ဘွဲ့၊၁၉၃ဝတွင် အိန္ဒိယမီးရထားဝန်ထမ်းဘွဲ့ရရှိခဲ့သည်။ ထို့နောက်မီးရထားဝန်ထောက်အဖြစ်ဝင်ရောက်လုပ်ကိုင်သည်။ ၁၉၃၈ တွင် မီးရထားဝန်ထောက်အဖြစ်မှ နုတ်ထွက်၍ ရန်ကုန်တက္ကသိုလ်တွင် သမိုင်းကထိက အဖြစ် ဆောင်ရွက်ခဲ့သည်။ ၁၉၅၁ခု တွင်မဟာဝိဇ္ဇာဘွဲ့ရရှိခဲ့ပြီး ၁၉၅၃တွင် အမေရိကန်ကောနဲလ်တက္ကသိုလ် နှင့် ကိုလံဗီယာတက္ကသိုလ်တွင် ဧည့်ပါမောက္ခအဖြစ်ထမ်းရွက်ခဲ့သူဖြစ် သည်။ အဘိုးဖြစ်သူသည် မြန်မာအမျိုးသားထဲမှ I.M.S(Indian Medical Senvice)ဘွဲ့ကို ပထမဆုံး ဆွတ်ခူးရရှိခဲ့သော ဆရာဝန်ကြီး ကာနယ်ဘခတ်ဖြစ်သည်။

ဒုတိယ ကမ္ဘာ စစ်ကြီးဖြစ်လာ၍ စစ်ကိုင်းတောင်ရိုး၌ စစ်ဘေးဒဏ်ရှောင်ရင်း မိခင်ကြီး ဒေါ်နှင်းရီ ကွယ်လွန်သွားရာ ဝင်းဦးသည် ငါးနှစ်သားအရွယ်မျှသာ ရှိသေးသဖြင့် ဒုတိယမိခင်ဒေါ်အုန်းခင်(အငြိမ်းစားကထိက)၏ ရင်ခွင်၌ ကြီးပြင်းခဲ့ရလေသည်။ ဝင်းဦးသည် မွေးချင်းကိုးယောက်အနက် တတိယမြောက်ဖြစ်သည်။ ငယ်စဉ်က ဆရာကြီးဦးဘ၏ တီတီစီ (ဆရာအတက်သင်လေ့ကျင့်ရေးကျောင်း)တွင် ပညာသင်ကြားခဲ့သည်။ ထိုကျောင်းမှ တက္ကသိုလ်ဝင်တန်း အောင်မြင်၍ ရန်ကုန်တက္က သိုလ်တွင် ဥပစာဝိဇ္ဖာတန်း အထိသင်ကြားခဲ့သည်။

၁၉၅၂ ခုနှစ်တွင် တပ်မတော်(ကြည်း) ဗိုလ်သင်တန်းတက်ခွင့်ရခဲ့သည်။ သင်တန်းဆင်းပြီးနောက် ဒုဗိုလ်အဖြစ် မေမြို့ (ပြင်ဦးလွင်)တွင် ခုနှစ်လကြာ တာဝန်ထမ်းရွက်ခဲ့သည်။ ယင်းနောက်(တပ်ရင်း (၇)သို့ ပြောင်းရွှေ့အမှုထမ်းခဲ့သည်။ ထိုမှတဖန်တပ်မဟာအမှတ်(၅)၏ လက်အောက်ခံ တပ်ရင်းသို့ ပြောင်းရွှေ့ စစ်မှုထမ်းပြီးနောက် မော်လမြိုင်ဘက်တွင် တာဝန်ထမ်းရွက်ခဲ့ရသည်။ မိခင် တပ်ရင်းကစေလွတ်၍ မှော်ဘီမြို့ ကြည်း၊ရေ၊လေ ပူးပေါင်းစစ်ဆင်ရေး လေထီးသင်တန်းသို့ တက်ရောက်ရာမှ ဗိုလ်မှူးသန်းညွှန့်(ချီကာဂို) နှင့်အတူ၁၉၅၉ ခုနှစ်တွင် သြစတေးလျနိုင်ငံသို့ သွားရောက်၍ လေထီးတပ်ဆိုင်ရာ စစ်ပညာရပ်များ သင်ကြား ခဲ့ရသည်။ တပ်မတော်တွင် အမှုထမ်းစဉ်က ဗိုလ်ကိုဦးဟု အမည်ခံယူခဲ့သည်။ ၁၉၆၁ ခုနှစ်တွင် ဗိုလ်ကြီးအဆင့်ဖြင့် တပ်မတော်မှ နုတ်ထွက်ခဲ့ပြီး နောက် စာပေနယ်သို့ ဝင်ရောက်ခဲ့သည်။

ဝင်းဦးသည် ကျောင်းသားဘဝကပင် စာပေဝါသနာထုံ၍ သွေးသောက်နှင့် ရှုမဝမဂ္ဂဇင်းများတွင် ‘ညိုမင်းလွင်’ အမည်ဖြင့် ကဗျာ ဝတ္ထုများ ရေးသားခဲ့သည်။ ညိုမင်းလွင်ကလောင်အမည်ဖြင့် ပထမဆုံးရေးသားခဲ့ သော ဝတ္ထုမှာ ဂျိန်း ဖြစ်သည်။ ဒဂုန်မဂ္ဂဇင်းမှ ဆရာညိုမြ၏ ညိုမင်းလွင်အမည်ရှိ ဝတ္ထုတိုကလေးကို နှစ်သက်စွဲလန်းရာမှ မိမိ၏ ပထမဆုံးကလောင်အမည်အဖြစ် ခံယူခဲ့ခြင်းဖြစ်သည်။ ညိုမင်းလွင် ကလောင်အမည်ဖြင့် သွေးသောက်မဂ္ဂဇင်း၌ ပထမဆုံး ဖေါ်ပြခဲ့ရသောဝတ္ထုမှာ သင်းမြေနဲ့ တကြိုင်ကြိုင် ဖြစ်သည်။

၁၉၆၀ ပြည့်နှစ်တွင် ရှုမဝမဂ္ဂဇင်းတွင်ရေးသားသော တက္ကသိုလ်ကျောင်းသားတစ်ဦး ဝတ္ထု ရှည်ကြီးမှ စ၍ အစ်မဖြစ်သူ ဒေါ်တင်တင်ဦး(မေယု) နှင့်အစ်ကိုဖြစ်သူ ကိုကျော်ဝင်း(ဝင်းညွန့်) တို့၏ အမည်မှ နောက်ဆုံးစာလုံးများကိုယူ၍ ဝင်းဦး ဟူသောက လောင်အမည်ကိုယူခဲ့ခြင်းဖြစ်သည်။ ရေးသားခဲ့သော လုံးချင်းဝတ္ထုများမှာ သိုး(၁၉၆၁)၊ နုနုငယ်ငယ်(၁၉၆၁)၊ ကျွန်တော်မွှေးတဲ့မီး (၁၉၆၉)၊ဆွေး(၁၉၇၀)၊ နှလုံးသားအသစ်နှင့် ချစ်မည့်သူ(၁၉၇၁)၊ငွေလှိုင်းဇာခြည်ပေါ်မှာ(၁၉၇၁)၊ နောင်အင်းလေး (၁၉၇၂)၊ ချစ်ဦိးသူနှင့် ချစ်ဖူးသူ(၁၉၇၂)၊ စသည်တို့ဖြစ်သည်။ လွမ်းလေသူ အမိုက်အမဲ (ဝတ္ထုတိုပေါင်းချုပ်) (၁၉၆၂)သည်လည်း ထင်ရှားသည်။

မန္တလေးသြင်္ကန်သို့ နှစ်စဉ်သွားရောက်သီဆိုဖျော်ဖြေခဲ့သည်။ ညွတ်နူးဖွယ်ရာ အတွေ့အကြုံတို့ကို ဆယ်စုခေတ် တစ်နှစ်စွန်းမန်းသြင်္ကန် အမည်ဖြစ်မှတ်တမ်းတင်ရေးသားခဲ့သည်။ ဝင်းဦးသည်မဂ္ဂဇင်း ဝတ္ထုရှည်များကိုလည်း ရေးသားခဲ့ရာ အချို့မှာ တက္ကသိုလ်ကျောင်းသားတစ်ဦး (၁၉၆၀-ရှုမဝ)၊ ယောက်ျားမပီသသူ(၁၉၆၁-ရှုမဝ)၊ အသည်းစားမဟာရာဇာ၏ရှင်းတမ်း(၁၉၆၂-ရှုမဝ) မုန်းလဲ မေ့ပါနိုင်(၁၉၆၂-ရှုမဝ)၊နှစ်ယောက်ထဲနေချင်တယ် ပန်းကြဲတဲ့ဖဲစက်ရာမှာ(၁၉၆၃-ရှုမဝ) စသည်တို့ဖြစ်သည်။ ဘာသာပြန် လုံးချင်းစာအုပ် နှစ်အုပ်ကိုလည်း ရေးသားခဲ့ရာ၊ ပုဂ္ဂိုလ်ကျော် ၁၃ဦးနှင့် အာကာသဒုံးယာဉ် လက်နက်များအမည်ရှိ စာအုပ်နှစ်အုပ်ဖြစ်သည်။

ဝင်းဦးသည် စန္ဒာရုပ်စုံ မဂ္ဂဇင်းကို တည်ထောင် ၁၉၆၉ခု ဧပြီလတွင် စတင်တည်ထောင်ထုတ်ဝေခဲ့သည်။ မဂ္ဂဇင်းအမှတ်(၁)တွင် ခေတ်ပြကြေးမုံအဖြစ် ရပ်တည်လိုသော အာသီသ၊ မြန်မာစာနှင့် မြန်မာစကားကို ထိန်းသိမ်းလိုသော ဦးတည်ချက်နှင့် စာကောင်းပေမွန် စသည့် မတိမ်းမယိမ်းသော သမာသမတ် စာပေများကို ဖွင့်ဆိုမည်ဟု သဝဏ်လွှာတွင် ဖေါ်ပြထားသည်။ ဝင်းဦးသည် စန္ဒာမဂ္ဂဇင်းတွင် ခင်မောင်ဝင့် အမည်ခွဲဖြင့် ရုပ်ရှင် ဆိုင်ရာ ဆောင်းပါးများ ကိုဦးအမည်ဖြင့် မဂ္ဂဇင်းအဖွင့်ကဗျာများ ရေးခဲ့သည်။

ဝင်းဦးသည် ရှေးဦးစွာ ဇာတ်ညွန်းရေးဆရာ အဖြစ်ဖြင့် ရုပ်ရှင်လောကသို့ ဝင်ရောက်လာခဲ့သူဖြစ်ပြီး သူ၏ပထမဆုံး ဇာတ်ညွန်းမှာ မင်းထင်ရွှေမှုန် ရာဇဝင်ဇာတ်ကား ဇာတ်ညွန်းဖြစ်သည်။ ထ့ိုနောက်၁၉၆၂ ခုနှစ်တွင် ဝင်းဦးရေးသားခဲ့သော မဂ္ဂဇင်းဝတ္ထုရှည်“ နှစ်ယောက်ထဲနေချင်တယ်”ကို ဒါရိုက်တာဦးတင်ယုက ဝင်းဦးကိုပင် ခေါင်းဆောက်မင်းသားတင်၍ ရိုက်ကူးရန်စီစဉ်ခဲ့ပြီး ဝင်းဦးကိုယ်တိုင် ဇာတ်ညွန်းရေး၍ ကားရိုက်ရန် ပြင်ဆင်နေကြခိုက်မှာပင် “ချစ်သောသူတစ်ယောက်” ဇာတ်ကား လက်ခံရိုက်ကူးပေးခဲ့ရသည်။ သို့သော် နောက်မှရိုက်ကူးသော “ချစ်သောသာတစ်ယောက်” ဇာတ်ကားက ပထမဆုံးရုံတင်ပြသဖြစ်ပြီး ထိုဇာတ်ကားဖြင့်ပင် ဝင်းဦးဟူသော အမည်သည် ရုပ်ရှင်လောကတွင် တဟုန်ထိုး ကျော်ကြားသွားခဲ့သည်။

ထို့နောက် ရုပ်ရှင်ကားများ ကို ဆက်တိုက်ရိုက် ကူးခဲ့ရပြီး ၁၉၆၇ ခုနှစ်တွင် ကိုယ်တိုင်ဒါရိုက်တာ လုပ်၍ ကိုယ်တိုင် ပါဝင်ရိုက်ကူးသော “ဆောင်းအိပ်မက်” ဇာတ်ကားဖြင့် ပထမဆုံး အကယ်ဒမီရွှေစင်ရုပ်ဆု ရရှိခဲ့သည်။ စန္ဒာရုပ်ရှင်အတွက်ဝင်းဦ်းနှင့်တွဲဖက်ဒါရိုက်တာထွန်းထွန်းရိုက်ကူးခဲ့သော ဆောင်းအိပ်မက်ဇာတ်ကား၌ ဝင်းဦးသည် နှစ်ကိုယ်ခွဲသရုပ်ဆောင်၍အကယ်ဒမီရရှိခဲ့ခြင်းဖြစ်သည်။ တဖန်ကိုယ်တိုင်ရေးသားပါဝင် ရိုက်ကူးသော “မှုန်ရွှေရည်” ဇာတ်ကားဖြင့် ၁၉၇၀ ပြည့်နှစ်တွင် ဒုတိယအကြိမ် အကယ်ဒမီရွှေစင်ရုပ်ဆု ရရှိခဲ့ပြန် သည်။

ဝင်းဦးပါဝင် ရိုက်ကူးခဲ့သော ဇာတ်ကားများမှာ “နှစ်ယောက်ထဲနေချင်တယ်၊ ချစ်သောသူတစ်ယောက်၊ ဆောင်းအိပ်မက်၊ ပိတောက်ရိပ်ဝယ်၊ မောင်မောင်နှင့်သိင်္ဂ ီ၊ ဆူထူးငယ်ပန်ရွယ်သွန်း၊ ဤစံအိမ်ဝယ်၊ မောင်တို့ချယ်ရီမြေ၊ မုန်းတလှည့်ပြုံးတလှည့်၊ တကျော့နှစ်ကျော့တေးကိုသီ၊ သိကြားစေသက်သေညွန်း၊ နှင်းပျောက်တဲ့နွေ၊ သက်တန့်ပေါ်ကလူတစ်ယောက်၊ ဗိမ္ဗိသာရ(ရိုက်ကူးပြီး မီးလောင်ပျက်စီး၍မပြဖြစ်)၊ ရည်းစားဓားပြ၊ ကျောက်မဲအကျဉ်းသား၊ သိုး၊ မုန်းပါတယ်မောင့် ကို ဝေဠ၊ ညီညီလွင်၊ မှုန်ရွှေရည်၊ အတွယ်အတာ၊ တိမ်လွှာမို့မို့လွင်၊ ငွေလှိုင်းဇာပေါ်မှာ၊ ချစ်သူရွေးမယ် ချစ်ဝဲလယ်၊ခိုင်မာလာနှင်းဆီ( ရိုက်ဆဲ) စသည်တို့ဖြစ်သည်။ ဝင်းဦိးရိုက်ကူးသော ချစ်သူရွေးမယ် ချစ်ဝဲလယ် ဇာတ်ကားသည် မြန်မာ့ရုပ်ရှင် လောကတွင် ပထမဆုံးငါ်းကိုယ်ခွဲဇာတ်ကားဖြစ်သည်။

ဝင်းဦးသည် စာပေနှင့် ရုပ်ရှင်လောကတွင် သာမက ဂီတလောကတွင်လည်း အဆိုကျော်တစ်ဦးဖြစ် အောင်မြင်ကျော် ကြားခဲ့သူဖြစ်သည်။ ပထမဆုံးသီဆိုခဲ့၍ လူကြိုက်များခဲ့သော သီချင်းများ “တေလေငှက်” သီချင်းဖြစ်ပြီး၊ ချစ်သောသူတစ်ယောက် ဇာတ်ကားတွင် သီဆိုခဲ့သည်။ ဝင်းဦးသည် အချစ်သီချင်း၊ အလွမ်းသီချင်း များသာမက သဘာဝသရုပ်ဖော်သီချင်း၊ တိုင်းပြုပြည်ပြု သီချင်းများကိုပါ သီဆိုခဲ့သည်။ ထို့ပြင် ခေတ်ဟောင်း ဂန္ထဝင်သီချင်းများနှင့် သီချင်းကြီး၊ သီချင်းခန့်များကို သီဆိုခဲ့ရာတွင်လည်း ပရိသတ်က နှစ်ခြိုက်စွာ လက်ခံခဲ့ကြသည်။

မြန်မာနိုင်ငံ အလေးမ အဖွဲ့ချုပ်တွင် ဒုတိယဥက္ကဌအဖြစ် တာဝန်ယူဆောင်ရွက်ခဲ့သည်။ ခင်မောင်ထွန်း(လမ်းမတော်) ၏ ဇာတ်ညွှန်း“ချစ်ပုံပြင် ၃၀၂” ရုပ်မြင်သံကြားဇာတ်လမ်းကို မြန်မာ့ရုပ်မြင်သံကြားမှ ကိုယ်တိုင်ပါဝင်ရိုက်ကူးလွှင့်ထုတ်ခဲ့သည်။ မြန်မာ့ အသံရေဒီယို ဇာတ်လမ်းများတွင် ပါဝင်ကူညီလွှင့်ထုတ်ခဲ့သည်။ ဝင်းဦိးသည် အိမ်ထောင်မပြုဘဲ လူပျိုကြီးအဖြစ်နေထိုင်ခဲ့သည်။ ၁၉၈၈-ခုတွင် မကျန်းမာ၍ လန်ဒန်မြို့၌ ဆေးဝါးကုသမှု ခံယူခဲ့စဉ် ဗြိတိန်နိုင်ငံတခွင် အလည်အပတ် ခရီးထွက်၍ အနားယူခဲ့သည်။

ရုပ်ရှင်၊ ဂီတ၊ စာပေအနုပညာ နယ်ပယ်တို့တွင် ၁၉၆၀ ပြည့်နှစ်ခန့်မှ စ၍ ထူးထူးခြားခြား အောင်မြင်ထင်ရှားပေါ်ထွန်းခဲ့သော ထပ်ဆင့်အကယ်ဒမီ ဝင်းဦးသည် ၁၉၈၈ ခုနှစ် ဒီဇင်ဘာလ ၁၄ ရက်နေ့တွင် ရန်ကုန်မြို့၌ ကွယ်လွန်ခဲ့သည်။ ကွယ်လွန်ပြီးသောအခါ ဝင်းဦး၏ အမွေများအား ဒေါ်အိုင်ရင်းတင်လှက ဆက်ခံရသည်။ ပေခြောက်ထောင်ကျော် ရိုက်ကူးထားကာ အပြီးမသတ် ရသေးသော ခိုင်မာလာနှင်းဆီ ဇာတ်ကားကို ဒေါ်အိုင်ရင်းတင်လှက ရုပ်ရှင်မင်းသားရန်အောင် နှင့် အစားထိုး အပြီးသတ် ရိုက်ကူးခဲ့သည် ကြွင်းကျန်သော ရုပ်ကလာပ်ကို နာနတ်တော ခရစ်ယာန်သုဿန်၌ ဂူသွင်း သဂြိုဟ်ခဲ့သည်။ ယခုအခါသချိုင်းဖျက်လိုက်သဖြင့် သူ့အုတ်ဂူလည်းမရှိတော့ပေ။

အလှကမ္ဘာမြေ ဝင်းဦး

Tags: myanmar people
Next Post
ဂျပန်နိုင်ငံမြို့တော် တိုကျိုအကြောင်း သိကောင်းစရာ

ဂျပန်နိုင်ငံမြို့တော် တိုကျိုအကြောင်း သိကောင်းစရာ

Discussion about this post

No Result
View All Result

Categories

Tag

amazing ancient knowledge animals architecture buddhism buddhism monk chemistry cities countries empires feeling health health knowledge history inventions kaung htet knowledge military motivation myanmar history myanmar knowledge myanmar people myanmar places news pagodas photos places planets plants rivers science science knowledge Sport Sport people successful tech thinking tips world actors world companies world history world knowledge world news world people world places

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

Follow Us

Facebook

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!