• Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
Tuesday, January 19, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

တူနာငါး တို့အကြောင်း သိကောင်းစရာ

by Thutamm
December 29, 2020
Reading Time: 2min read
0
တူနာငါး တို့အကြောင်း သိကောင်းစရာ
Share on FacebookShare on Twitter

တူနာငါးတွေဟာ ကမ္ဘာပေါ်မှာ လူတွေအများဆုံးစားသုံးလေ့ရှိတဲ့ ငါးမျိုးစိတ်ထဲကတမျိုးဖြစ်ပြီး လက်ရှိအချိန်ထိတော့ မျိုးစိတ်ခွဲ (၈) ခု လာက်နေရှိနေပါတယ်။ မျိုးစိတ်အားလုံးရဲ့တူညီတဲ့အချက်ကတော့ နေရာဒေသတစ်ခုတည်းမှာ ကြာရှည်နေထိုင်လေ့မရှိတာဖြစ်ပါတယ်။ တနည်းပြောရရင်တော့ သူတို့ရဲ့ရှင်သန်နေထိုင်ချိန်တွေဟာ နေရာဒေသများစွာမှာရှိနေတတ်ကြတာဖြစ်ပါတယ်။ အဓိကနေထိုင်ရာနေရာကတော့ အပူလျော့ပိုင်းရေပြင်တွေမှာ အများအားဖြင့်တည်ရှိနေတဲ့ အတ္တလန္တိတ်သမုဒ္ဒရာ၊ မြေထဲပင်လယ်၊ ပင်လယ်နက်ဒေသတွေမှာ ဖြစ်ပါတယ်။

ဒါ့အပြင် ကမ္ဘာ့အခြားသောနေရာအပိုင်း တွေမှာလည်း မြင်တွေ့ရပြီး အထူးသဖြင့်ဂျပန်နဲ့ သြစတေးလျနိုင်ငံတွေရဲ့သမုဒ္ဒရာရေပြင်ပိုင်းတွေမှာဆိုရင် တူနာငါးတွေကိုဖမ်းယူရရှိလေ့ရှိပါတယ်။ အလွန်အကျွံငါးဖမ်းခြင်းလုပ်ငန်းတွေကပဲ တူနာငါးမျိုးစိတ်များစွာကိုပျက်စီးစေခဲ့ပြီး (၂၀)ရာစုအစောပိုင်းကာလတွေကနေစတင်ပြီး ယနေ့အထိတူနာငါးအရေအတွက်ရဲ့ (၉၀)ရာခိုင်နှုန်းကျော်အထိ အလွန်အကျွံငါးဖမ်းလုပ်ငန်းတွေကြောင့် လျော့နည်းသွားခဲ့ရကြောင်း လေ့လာမှုတွေအရသိခဲ့ရပါတယ်။ အချို့ တူနာငါးမျိုးစိတ်တွေဟာ မျိုးတုံးဖို့ အန္တရာယ်နဲ့ ရင်ဆိုင်နေရပေမယ့်လည်း ယနေ့တိုင် အဆက်မပြတ် ဖမ်းဆီးမှုကို ခံနေကြရဆဲဖြစ်ပါတယ်။

တူနာငါးတွေရဲ့စိတ်ဝင်စားစရာအချက်အလက်များ

တူနာတွေဟာငါးကြီးမျိုးနွယ်တွေဖြစ်ပြီး တူနာငါးတစ်ကောင်ဟာ (၆)ပေခွဲလောက် အရွယ်အစားနဲ့ အလေးချိန်အားဖြင့်ပေါင် (၅၅၀)ဝန်းကျင်ထိ ရှိနေနိုင်ပါတယ်။

၁၉၇၉ ခုနှစ်ကနေဒါနိုင်ငံ အရှေ့ပိုင်း Nova Scotia ဒေသမှာ ဖမ်းယူရမိခဲ့တဲ့ တူနာငါးကြီးဆိုလျှင် အလျား ၁၅ပေခန့်ရှိပြီး အလေးချိန် ၁၅၀၀ အထိ ရှိခဲ့ဖူးပါတယ်။

တူနာငါးမျိုးစိတ် ၈ ခုကတော့ Albacore တူနာ ၊ Southern bluefin တူနာ ၊ Bigeye တူနာ ၊ Pacific bluefin တူနာ ၊ Atlantic bluefin တူနာ ၊ Blackfin တူနာ ၊ Longtail တူနာ နဲ့ Yellowfin တူနာ တို့ဖြစ်ပါတယ်။ ဒီအထဲမှာ Atlantic bluefin တူနာငါးတွေက အရွယ်အစားအကြီးမားဆုံးဖြစ်ပြီး Blackfin တူနာ တွေက အရွယ်အငယ်ဆုံးဖြစ်ပါတယ်။

တူနာငါးတွေဟာ သူတို့နေထိုင်ရာရေပြင်ရဲ့ အရောင်ကိုလိုက်ပြီး ပြောင်းလဲတတ်ကြလေ့ရှိကာ နောက်ကျောပိုင်းဟာ နက်ပြာရောင်ရှိတတ်ပြီး ဝမ်းဗိုက်ကတော့ ငွေရောင်ရှိတတ်ကြပါတယ်။

တူနာငါးတွေဟာ အကောင်ကြီးမျိုးများဖြစ်ကြပေမဲ့လည်း ရေကူးရာမှာအလွန်လျှင်မြန်ကြပြီးတစ်နာရီအတွင်း(၄၄)မိုင်ကနေ(၆၂)မိုင်အထိကူးခတ်နိုင်ကြလေ့ရှိပါတယ်။

တူနာငါးတွေဟာ ၎င်းမှာပါဝင်နေတဲ့ကျောပိုင်းနဲ့ ရင်အုပ်ပိုင်းကဆူးတောင်တွေရဲ့တည်နေရာကိုပြောင်းလဲပြီး ရေကူးခတ်တဲ့အရှိန်ကို အလျော့အတင်းပြုလုပ်နိုင်ကြပါတယ်။

တူနာငါးတွေဟာ ရေပြင်အပေါ်ပိုင်းမှာ ကူးခတ်နေထိုင်ကြသလို ရေအနက်ပေ(၃၀၀၀)လောက်မှာလည်းနေထိုင်နိုင်ကြပါတယ်။ အများအားဖြင့်တော့အစာရှာထွက်ရာမှာ ရေအနက်ပိုင်းတွေကို ရောက်ရှိသွားလေ့ရှိပါတယ်။

တူနာတွေဟာအသားစားငါးတွေဖြစ်ကြပြီး အခြားငါးငယ် ၊ ကင်းမွန် နဲ့ ပုဇွန်တွေဟာ သူတို့ရဲ့အဓိကအစာဖြစ်ပါတယ်။

အခြားသောငါးမျိုးစိတ်တွေနဲ့ကွဲပြားတာကတော့ တူနာငါးတွေဟာ ရေမျက်နှာပြင်အထက်အပူချိန်ဒီဂရီအနည်းငယ်လောက်မှာတင်ခန္ဓာကိုယ်အပူချိန်ကိုမြှင့်တင်ထိန်းသိမ်းထားနိုင်စွမ်းရှိနေတာဖြစ်ပါတယ်။ တူနာတွေရဲ့ယင်းဝိသေသနလက္ခဏာတွေကြောင့်သွေးနွေးသတ္တဝါအုပ်စုတွင်းထည့်သွင်းခြင်းခံထားရပါတယ်။

တူနာငါးတွေရဲ့ကြွက်သားတွေအနီးမှာ rete mirabile လို့ခေါ်တဲ့သေးငယ်တဲ့သွေးလွှတ်ကြောတွေ၊သွေးပြန်ကြောတွေရှိနေတတ်ပြီး တူနာတွေကိုသွေးနွေးသတ္တဝါတွေအဖြစ်ရောက်ရှိစေကာ ပိုမိုလျှင်မြန်ပြီးစွမ်းဆောင်ရည်ပြည့်ဝတဲ့ငါးတစ်ကောင်အဖြစ် ဖန်တီးပေးပါတယ်။တူနာငါးတစ်ကောင်ဟာပုံမှန်ကူးခတ်နိုင်ဖို့ရေထဲက အောက်ဆီဂျင်ကိုရှူသွင်းဖို့လိုပါတယ်။

တူနာတွေရဲ့ထူးခြားချက်ကတော့ အလွန်ဝေးကွာတဲ့ခရီးမိုင်တွေကို အချိန်ခဏလေးနဲ့ သွားရောက်လေ့ရှိတာဖြစ်ပါတယ်။ သူတို့ဟာ တစ်နာရီကို(၁၆)မိုင်နှုန်းလောက်ရေကူးခတ်ပြီး ရက်ပေါင်း(၃၀)ကာလနဲ့ အတ္တလန္တိတ်သမုဒ္ဒရာကို ဖြတ်ကူးနိုင်စွမ်းရှိကြပါတယ်။

တူနာငါးတွေဟာ လူသားတွေအပြင် ဝေလငါးနဲ့ ငါးမန်းတွေရဲ့ တိုက်ခိုက်ဖမ်းဆီး စားသောက်ခြင်းကို ခံရလေ့ရှိပါတယ်။

တူနာတွေဟာ ဝန်းကျင်ဒေသကိုမူတည်ပြီးမိတ်လိုက်ရာသီကွဲပြားလေ့ရှိပါတယ်။ မက္ကဆီကိုပင်လယ်ကွေ့အတွင်းက တူနာတွေရဲ့မိတ်လိုက်ရာသီကတော့ ဧပြီလလယ်ကနေဇွန်လလယ်အထိကာလဖြစ်ပြီး အတ္တလန္တိတ် နဲ့မြေထဲပင်လယ်ပိုင်းမှာဆိုရင် ဇွန်လကနေသြဂုတ်လအတွင်း ကာလတွေဟာ တူနာတွေရဲ့မိတ်လိုက်ရာသီတွေဖြစ်ကြပါတယ်။

တူနာငါးမတစ်ကောင်ဟာ သားဥပေါင်း(၃၀)သန်းလောက်ကို ဥချလေ့ရှိပေမယ့် ယင်းထဲက(၂)ကောင်လောက်သာအရွယ်ရောက်တဲ့အထိ ရှင်သန်ကြီးထွားနိုင်ကြပါတယ်။ အကြောင်းကတော့ တူနာငါးတွေရဲ့ဥတွေကို အခြားသော ပင်လယ်ရေနေသတ္တဝါတွေက စားသောက်ပစ်လိုက်ကြလို့ ဖြစ်ပါတယ်။

တူနာငါးတွေရဲ့ သက်တမ်းဟာ အမျိုးအစားအလိုက် ကွာခြားလေ့ရှိပါတယ်။ Blackfin တူနာတွေရဲ့ ပျမ်းမျှ သက်တမ်းဟာ ၅နှစ်ဝန်းကျင်ပဲရှိပေမယ့် Atlantic bluefin တူနာတွေကတော့ နှစ်ပေါင်း ၃၅နှစ်ကနေ ၅၀ ဝန်းကျင်အထိ ရှင်သန်နေထိုင်နိုင်ကြပါတယ်။ Atlantic bluefin တူနာ နဲ့ Bigeye တူနာ ငါးမျိုးစိတ်တွေဟာ မျိုးတုံးဖို့ အန္တရာယ်ရှိနေတဲ့ ငါးမျိုးစိတ်တွေဖြစ်ပါတယ်။

တူနာတွေထဲမှာ bluefin တူနာတွေဟာ အလွန်ဈေးကြီးကြပြီး ဂျပန်ငါးဈေးကွက်မှာဆိုရင် ၁ပေါင်ကို ဒေါ်လာ ၅၀၀၀ ဝန်းကျင်အထိ ပေါက်ဈေးရှိပါတယ်။ တန်ဖိုးအကြီးဆုံး တူနာငါးကတော့ ၂၀၁၉ ခုနှစ်တုန်းက ဂျပန်ဆူရှီသူဌေးကြီး Kiyoshi Kimura ဝယ်ယူခဲ့တဲ့ တူနာငါးဖြစ်ပါတယ်။ bluefin တူနာငါးအမျိုးအစားဖြစ်ပြီး ၆၁၂ပေါင် အလေးချိန်ရှိတဲ့ဒီငါးကို အမေရိကန်ဒေါ်လာ ၃.၁သန်း အထိ ပေးကာ ဝယ်ယူခဲ့တာဖြစ်ပါတယ်။

Tags: animals
Next Post
ဒေါ်လာ သန်း ၄၀ အကုန်အကျခံကာ အီဂျစ်အမွေအနှစ်များကို ကယ်တင်ခဲ့ကြခြင်း

ဒေါ်လာ သန်း ၄၀ အကုန်အကျခံကာ အီဂျစ်အမွေအနှစ်များကို ကယ်တင်ခဲ့ကြခြင်း

Discussion about this post

No Result
View All Result

Categories

Tag

amazing ancient knowledge animals architecture buddhism buddhism monk chemistry cities countries empires feeling health health knowledge history inventions kaung htet knowledge military motivation myanmar history myanmar knowledge myanmar people myanmar places news pagodas photos places planets plants rivers science science knowledge Sport Sport people successful tech thinking tips world actors world companies world history world knowledge world news world people world places

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

Follow Us

Facebook

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!