Wednesday, March 3, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

တိုက်တန်းနစ်ရဲ့ အငွေ့အသက်ကို လက်တွေ့ခံစားနိုင်မယ့်နေရာ

by Thutamm
July 29, 2019
Reading Time: 2min read
0
တိုက်တန်းနစ်ရဲ့ အငွေ့အသက်ကို လက်တွေ့ခံစားနိုင်မယ့်နေရာ
Share on FacebookShare on Twitter

တိုက်တန်းနစ် ဆိုတာနဲ့ ပင်လယ်သမုဒ္ဒရာအောက် ၂မိုင်ကျော်အနက်မှာ လဲလျှောင်းနေတဲ့ ကမ္ဘာကျော် သင်္ဘောကြီးဆိုတာကို အားလုံးသိပြီးဖြစ်မှာပါ။ ၁၉၈၇ ခုနှစ်တုန်းက ဒါရိုက်တာ John Joslyn ဟာ သမိုင်းတွင်မယ့် ရိုက်ကူးမှု အဖွဲ့တစ်ဖွဲ့ကို ဦးဆောင်ခဲ့ရပါတယ်။ ဒါကတော့ ရေအာက်မှာ လဲလျှောင်းနေတဲ့ တိုက်တန်းနစ်သင်္ဘောကြီးကို လေ့လာရိုက်ကူးမှုဖြစ်ပါတယ်။ သူ့အတွက်တော့ ဒါဟာ အလွန်စိတ်လှုပ်ရှားဖို့ကောင်းတဲ့ ခရီးစဉ်ဖြစ်ခဲ့ပြီး သူကြုံတွေ့ခဲ့တာတွေကို အခြားသူတွေထံဝေမျှ ချင်ခဲ့ပါတယ်။ တခြားသူတွေအတွက် ရေအောက် ၂.၄မိုင်အနက်က တိုက်တန်းနစ်သင်္ဘောကြီးကို မြင်ရဖို့ဆိုတာ လွယ်မှ မလွယ်ကူပဲကို..

John Joslyn ဟာ သူ့ရဲ့အကြံအစည်ကို တခြားသူတွေကို ဝေမျှဖို့ အကောင်အထည်ဖော်ခဲ့ပါတယ်။ ဒါကတော့ အမေရိကန် Missouri ပြည်နယ်မှာ Branson မြို့မှာ တိုက်တန်းနစ်ပုံစံတူလုပ်ထားတဲ့ တိုက်တန်းနစ် ပြတိုက်ကို ၂၀၀၆ခုနှစ်မှာဖွင့်လှစ်လိုက်တာပါပဲ။ သူ့ရဲ့တိုက်တန်းနစ် ပြတိုက်မှာ အထပ်နှစ်ထပ်ပါရှိပြီး တကယ့်တိုက်တန်းနစ်သင်္ဘောအတွင်းဘက် အတိုင်းကိုပြင်ဆင်ထားတာပါ။

တိုက်တန်းနစ်ပြတိုက်ရဲ့ အရွယ်အစားဟာ တကယ့်တိုက်တန်းနစ်သင်္ဘောရဲ့အရွယ်အစား တစ်ဝက်ပဲ ရှိပါတယ်။ တကယ့်သင်္ဘောအတိုင်း ရေထဲမှာ ကျောက်ဆူးကြိုးကို ချထားတာ မြင်ရမှာပါ။ တိုက်တန်းနစ်ကို တိုက်မိခဲ့တဲ့ ဧရာမရေခဲတုံးကြီးပုံစံကိုလည်း တည်ဆောက်ပြသထားပါတယ်။ ဒီရေခဲတုံးကြီးဟာ ပြတိုက်အတွက်တော့ ဝင်ပေါက်ဖြစ်ပါတယ်။ ဒါ့အပြင် အထဲရောက်သွားတာနဲ့ သင်္ဘောစီးနေသလို ခံစား အသံတွေကြားနိုင်ဖို့ ဂျက်အင်ဂျင်နှစ်လုံးကိုလည်း မောင်းနှင်ပြီး အသံထုတ်ထားပါသေးတယ်။

တိုက်တန်းနစ် သင်္ဘောရဲ့လှေကားတွေ ၊ စားသောက်ခန်းမ ၊ ပထမတန်း ၊ ဒုတိယတန်း ၊ တတိယတန်းစား အခန်းတွေကိုလည်း တကယ့်တိုက်တန်းနစ်သင်္ဘောထဲက အတိုင်းပုံစံတူပြင်ဆင်ထားပါတယ်။ နစ်မြုပ်သွားတဲ့ တိုက်တန်းနစ်ကို ပြန်လည်ရှာဖွေတွေ့ရှိစဉ်က ရိုက်ကူးထားတဲ့ ပုံရိပ်ပေါင်း ၄၀၀ကျော်ကိုလည်း ပြခန်း ၂၀ခွဲပြီး ပြသထားပါသေးတယ်။ ထူးခြားချက် နောက်တစ်ခုကတာ့ သင်္ဘောကတ်ပတိန်အပါအဝင် တိုက်တန်းနစ် သင်္ဘောထဲက အဓိကဇာတ်ကောင်တွေနဲ့ ပုံစံတူဝတ်စုံနဲ့ ဝန်ထမ်းတွေကို ထည့်သွင်းထားခြင်းပါ။

ခမ်းနားတဲ့ နှစ်ဖက်လှေကားကြီးကလည်း တကယ့်တိုက်တန်းနစ်သင်္ဘောက လှေကားနဲ့ ချွတ်စွပ်တည်ဆောက်ထားပြီး သူတစ်ခုတည်းရဲ့ ကုန်ကျစရိတ်တင် ဒေါ်လာ ၁သန်းရှိပါတယ်။

လှေကားကနေ တက်လိုက်တာနဲ့ ပထမဆုံးမြင်ရမှာကတော့ ပထမတန်းစား အခန်းပါ။

လှေကားအောက်ဘက်ကို ဆင်းလိုက်မယ်ဆိုရင်တော့ တတိယတန်းစား အခန်းကိုတွေ့ရပါလိမ့်မယ်။

ဆက်သွားမယ်ဆိုရင်တော့ သင်္ဘောကြီးကိုမောင်းနှင်တဲ့ အင်ဂျင်ခန်းကိုရောက်မှာဖြစ်ပါတယ်။ ဒီအင်ဂျင်ခန်းထဲမှာ ပုံစံတူလုပ်ထားတဲ့ ဘွိုင်လာထဲသို့ ကျောက်မီးသွေးတွေကို ဂေါ်ပြားနဲ့ကလော်ထည့်ပြီး သင့်ကိုယ်သင် အမှုထမ်းတစ်ယောက်လို ခံစားနိုင်ပါသေးတယ်။

အဲဒီနောက်တော့ စိတ်ဝင်စားဖို့ကောင်းတဲ့ နစ်မြုပ်ခန်းကိုရောက်ပါမယ်။ သင်္ဘောနစ်မြုပ်စဉ်က ကြုံရသလို ကြမ်းပြင်ဟာစောင်းနေပြီး သင်ဟာ အသက်ကယ်လှေပေါ်ကို တက်ရောက်နိုင်ပါတယ်။ လှေပေါ်ကိုထိုင်ချပြီး လှေဘေးက ရေကိုစမ်းလိုက်မယ်ဆိုရင်တော့ အလွန်တရာအေးခဲနေတဲ့ ရေပြင်ရဲ့ အထိအတွေ့ကို တကယ့်အပြင်မှာတုန်းက အတိုင်းခံစားရမှာပါ။

နောက်ဆုံးမြင်ရမယ့် အခန်းကတော ဝမ်းနည်းဖွယ်အထိမ်းအမှတ်အခန်း ဖြစ်ပါတယ်။ ဒီနေရာမှာတော့ သင်္ဘောနစ်မြုပ်စဉ်က လိုက်ပါခဲ့ကြတဲ့ ခရီးသည် ၂၂၀၈ယောက်စလုံးရဲ့ ဓာတ်ပုံတွေနဲ့ အတူ တစ်ယောက်ချင်းစီရဲ့ ကိုယ်ရေးအကျဉ်းကို လိုက်လံဖတ်ရှုနိုင်မှာဖြစ်ပါတယ်။

Joslyn ဟာ ဒီလိုမျိုး တိုက်တန်းနစ်ပုံစံတူ အထိမ်းအမှတ်ပြတိုက်ကို နှစ်ခုဖန်တီးခဲ့တာဖြစ်ပါတယ်။ နောက် တိုက်တန်းနစ်ပြတိုက်ကတော့ Tennessee ပြည်နယ် Pigeon Forge မှာ တည်ရှိနေပါတယ်။



သုတဇုန်

Tags: amazingworld places

Related Posts

ကမ္ဘာပေါ်က သက်တမ်းအရှည်ဆုံး ဟိုတယ်
Places

ကမ္ဘာပေါ်က သက်တမ်းအရှည်ဆုံး ဟိုတယ်

ဟိုတယ် ဆိုတာဟာ အပန်းဖြေ နားခိုဖို့အပြင် အစားအစာနဲ့ အခြားဝန်ဆောင်မှုတွေ ရရှိနိုင်တဲ့ နေရာတခုဆိုတာ အားလုံးသိပြီးသားပါ။ ဟိုတယ်တွေဟာ အလွန်ဆုံးအနေနဲ့ ဒီဘက် ရာစုနှစ်တွေမှာမှ စတင်ပေါ်ပေါက်လာတာ လို့ ထင်စရာရှိပေမယ့် ကမ္ဘာပေါ်က အစောဆုံးဟိုတယ်အဖြစ် သတ်မှတ်ခံထားရတဲ့ ဒီဟိုတယ်ကတော့...

တဘဝလုံးနီးပါး သံ အဆုတ် စက်ထဲမှာ နေခဲ့ရသူ
Amazing

တဘဝလုံးနီးပါး သံ အဆုတ် စက်ထဲမှာ နေခဲ့ရသူ

ပိုလီယိုဗိုင်းရပ်စ်ကြောင့်ဖြစ်တဲ့ ပိုလီယို အကြောသေရောဂါ Poliomyelitis ဟာ တချိန်က လူသားတို့ကို အကြီးအကျယ် ဒုက္ခပေးခဲ့ဖူးပါတယ်။ ခေတ်မီ ကာကွယ်ဆေးတွေကြောင့် ယခုအချိန်မှာတော့ ရောဂါခံစားရသူ ရှားပါးသွားပြီဖြစ်ပေမယ့် ခံစားနေရသူ အနည်းငယ်သော အရေအတွက်တော့ ရှိနေဆဲပါ။ အမေရိကန်နိုင်ငံ တက်ဆက်ပြည်နယ်...

ကမ္ဘာတလွှား အလှပဆုံးသော ရေခဲဂူများ
Amazing

ကမ္ဘာတလွှား အလှပဆုံးသော ရေခဲဂူများ

ရေခဲပြင်လိုဏ်ဂူများ Glacier Cave များသည် ရေခဲမြစ်များအတွင်းရှိသော ဖွဲ့စည်းမှု ပုံစံတမျိုးဖြစ်ပြီး အများစုက ရေခဲဂူများဟု အလွယ်တကူပင်ခေါ်လေ့ရှိသည်။ ဂူအမျိုးအစားများစွာအနက်က တမျိုးဖြစ်ပြီး တနှစ်ပတ်လုံးရေခဲနေတတ်သော ရခဲမြစ်များအောက်ရှိ ကျောက်သားလိုဏ်ဂူများကိုလည်း ရေခဲဂူဟုပင် ခေါ်ကြလေ့ရှိသည်။ ရေခဲဂူအများစုမှာ ရေခဲမြစ်၏ အောက်ခြေတွင်...

ကမ္ဘာ့အကြီးဆုံး အားကစားကွင်းကြီးများ
Knowledge

ကမ္ဘာ့အကြီးဆုံး အားကစားကွင်းကြီးများ

အရင်တခါကတော့ ကမ္ဘာ့အကြီးဆုံး ဘောလုံးကွင်းကြီး ၁၀ ခု ရဲ့ အကြောင်းကို တင်ခဲ့ပြီးပါပြီ။ ဒီတခါတော့ ပရိသတ်ဝင်ဆံ့မှုအရ ကမ္ဘာ့အကြီးဆုံး အားကစားကွင်းကြီး ၅ ခုရဲ့ အကြောင်း ကို ထပ်ပြီးတော့ ဝေမျှလိုက်ပါတယ်။ အားကစား ဆိုတဲ့အတွက်ကြောင့်...

Next Post
ရှင်စောပုဘုရင်မကြီး ရဲ့ ခေါင်းဆောင်းတော် နှင့် မြန်မာတို့၏ စက္ကောမ ယန္တရားအတတ်

ရှင်စောပုဘုရင်မကြီး ရဲ့ ခေါင်းဆောင်းတော် နှင့် မြန်မာတို့၏ စက္ကောမ ယန္တရားအတတ်

Discussion about this post

No Result
View All Result

Categories

Tag

amazing ancient knowledge animals architecture buddhism buddhism monk chemistry cities countries empires feeling health health knowledge history inventions kaung htet knowledge military motivation myanmar history myanmar knowledge myanmar people myanmar places news pagodas photos places planets plants rivers science science knowledge Sport Sport people successful tech thinking tips world actors world companies world history world knowledge world news world people world places

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!