• Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
Saturday, January 23, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

တိုက်တန်းနစ်ပုံစံတူသင်္ဘော တည်ဆောက်ခဲ့တဲ့ အော်တစ်ဇင် ကလေးငယ်

by Thutamm
July 29, 2020
Reading Time: 4min read
0
တိုက်တန်းနစ်ပုံစံတူသင်္ဘော တည်ဆောက်ခဲ့တဲ့ အော်တစ်ဇင် ကလေးငယ်
Share on FacebookShare on Twitter

တိုက်တန်းနစ်သင်္ဘောနစ်မြုပ်သွားခဲ့တာ အခုဆိုရင် နှစ်ပေါင်း ၁၀၈နှစ် ရှိသွားပါပြီ။ ဒါပေမယ့်လည်း တိုက်တန်းနစ်အကြောင်းကို ယနေ့တိုင် လူတွေပြောနေကြတုန်းပါ။ တိုက်တန်းနစ်သင်္ဘောကျော်ကြားလာတာကတော့ ဒါရိုက်တာကြီး James Cameron ရိုက်ခဲ့တဲ့ တိုက်တန်းနစ်ရုပ်ရှင်ကားကြောင့်ဖြစ်ပါတယ်။ ဒီကားဟာ ရုပ်ရှင်သမိုင်းတလျှောက် တတိယအများဆုံး ဝင်ငွေရခဲ့တဲ့ကားအဖြစ် စံချိန်တင်ခဲ့နိုင်ပါတယ်။

တိုက်တန်းနစ် ကိုပုံစံမျိုးစုံနဲ့ ပြန်လည်ဖန်တီးကြတဲ့အထဲမှာ အိုက်စလန်က ၁၀နှစ် အရွယ်ကလေးငယ် တယောက်ရဲ့ဖန်တီးမှုဟာလည်း တမူထူးခြားစွာပါဝင်နေပါတယ်။ ဒီကလေးငယ်ရဲ့ နာမည်က Brynjar Karl Bigisson ဖြစ်ပြီး အိုက်စလန် ရေးခီးဗက်မြို့မှာ နေထိုင်ပါတယ်။ ပုံမှန်ကလေးတယောက်တော့ မဟုတ်ပဲ အော်တစ်ဇင်ကလေးငယ်တယောက်ဖြစ်ပါတယ်။ Autism အော်တစ်ဇင်ဆိုတာက ဦးနှောက်နဲ့ အာရုံကြောဖွံ့ဖြိုးမှု ကြန့်ကြာတတ်တဲ့ အခြေအနေတခုဖြစ်ပါတယ်။ သူတို့ဟာ အခြားသူတွေနဲ့ ပြောဆိုဆက်ဆံဖို့ အခက်အခဲရှိတတ်သလို ပုံမှန်ကလေးတွေနဲ့ မတူတဲ့ အမှုအကျင့်တွေ ထူးထူးခြားခြား အာရုံခံစားမှုတွေ ရှိနေတတ်ပါတယ်။

ကလေးငယ် Brynjar Karl ကတော့ အော်တစ်ဇင်ဖြစ်ပေမယ့် သူဖြစ်ချင်တာကို မရရအောင် အကောင်အထည်ဖော်နိုင်ခဲ့ပါတယ်။ ၁၀နှစ်သား အရွယ်မှာတင် LEGO တုံးပေါင်း ၅၆၀၀၀ ကို အသုံးပြုကာ တိုက်တန်းနစ်ပုံစံတူကို တည်ဆောက်နိုင်ခဲ့ပါတယ်။ သူ့ရဲ့တည်ဆောက်မှုဟာ ၁၁လထိတောင် ကြာမြင့်ခဲ့ပေမယ့် တစိုက်မတ်မတ် မဖြစ်ဖြစ်အောင် အကောင်အထည်ဖော်ခဲ့တဲ့အတွက် နောက်ဆုံးမှာတော့ တိုက်တန်းနစ်သင်္ဘောနဲ့ အားလုံးနီးပါးတူညီတဲ့ LEGO သင်္ဘောကို ဖန်တီးနိုင်ခဲ့ပါတယ်။ သူ့ရဲ့ဖန်တီးမှုဟာ LEGO တွေနဲ့ တိုက်တန်းနစ်သင်္ဘောဖန်တီးမှုမှာ ကမ္ဘာ့အကြီးဆုံးအဖြစ် စံချိန်တင်နိုင်ခဲ့ပါတယ်။

“LEGO ဟာ ငယ်စဉ်ကတည်းက ကျွန်တော့်အတွက် အရေးကြီးတဲ့နေရာက ပါဝင်နေပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်ကပုံမှန်မဟုတ်ဘူး။ တခြားသူတွေနဲ့ ပေါင်းသင်းဆက်ဆံဖို့အခက်အခဲရှိတော့ အမြဲတယောက်တည်းပဲ ဆော့ရပါတယ်။ ဒီတော့ LEGO တွေဟာ ကျွန်တော့်ရဲ့အကောင်းဆုံးသူငယ်ချင်း ဖြစ်လာတာပေါ့” လို့ သူက ဆိုပါတယ်။

“LEGO နဲ့ ကျွန်တော်ဖြစ်ချင်တာတွေ ဖန်တီးချင်တာတွေကို ဖန်တီးတယ် တည်ဆောက်တယ်။ ဒီလို တည်ဆောက်နေရင် ကိုယ့်ကိုယ်ကို အထီးကျန်နေတယ်ဆိုတာ သတိမရတော့ဘူး။ ဒီတည်ဆောက်မှုတွေနဲ့ပဲ အရမ်းအလုပ်များခဲ့တာပေါ့” လို့ ထပ်ပြောပါတယ်။

သူ ၉နှစ်သား အရွယ်က ဒိန်းမတ်မှာရှိတဲ့ LEGOLAND အပန်းဖြေစခန်းကို သွားခဲ့ပါတယ်။ အဲဒီမှာ အဆောက်အအုံတွေ အရာဝထ္ထုတွေကို ကြီးမားတဲ့ LEGO တုံးတွေနဲ့ တည်ဆောက်ထားတာကို တွေ့ခဲ့ရပြီး အရမ်းအံသြခဲ့ပါတယ်။ သူလည်း LEGO တွေနဲ့ သင်္ဘောတစီးတည်ဆောက်ချင်ခဲ့ပါတယ်။ သူတည်ဆောက်ချင်တဲ့သင်္ဘောကတော့ တိုက်တန်းနစ် သင်္ဘောဖြစ်ပါတယ်။ LEGO တည်ဆောက်နည်းတွေကိုတော့ အင်တာနက်ကနေပဲ ရှာဖွေလေ့လာခဲ့တာလို့ သူကပြောပါတယ်။

၂၆ပေ အလျားရှိတဲ့ သင်္ဘောပုံစံတူကို ကျွန်တော်တယောက်တည်း ဖန်တီးတာဆိုပေမယ့် ကျွန်တော်မလုပ်နိုင်တဲ့ ကိစ္စတချို့အတွက် ကူညီဖို့လူတွေ လိုပါတယ်။ ကျွန်တော့်အဘွားက Lulli က တိုက်တန်းနစ်အသေးစိတ်ပုံကြမ်းပေါ်မှာ LEGO တွေ တပ်ဆင်ဖို့ အထူးညွှန်ကြားချက်တွေပေးခဲ့ပါတယ်။ ဒီလိုကူညီတဲ့အတွက် သူအလွဲလွဲအမှားမှားတပ်ဆင်ထားတာတွေကို ပြန်ပြင်နိုင်ခဲ့ပါတယ်။

ဒီတည်ဆောက်မှုမှာ LEGO တွေဝယ်ဖို့ ငွေလိုအပ်မှုအတွက်တော့ မိခင်ဖြစ်သူက fund Page လေးဖွင့်ပေးခဲ့ပါတယ်။ သူ့ရဲ့တည်ဆောက်မှုကို အားပေးသူတွေက ထည့်ဝင်ထောက်ပံ့ကြရာကနေ LEGO တွေကို ဝယ်ယူနိုင်ခဲ့ပါတယ်။ နေ့တိုင်းကျောင်းက ဆင်းလာတာနဲ့ ၃နာရီ ၄နာရီလောက် ဒါကိုပဲတည်ဆောက်ခဲ့တာဖြစ်ပါတယ်။ ၁၁လ ဆက်တိုက် မပျက်မကွက် တည်ဆောက်မှုအပြီးမှာတော့ LEGO တိုက်တန်းနစ်သင်္ဘောကို ဖန်တီးနိုင်ခဲ့ပါတော့တယ်။

အခုအချိန်မှာတော့ အော်တစ်ဇင်ကလေးငယ်တယောက်ရဲ့ ဖန်တီးမှုဟာ လူတွေ တအံတသြကြည့်ရတဲ့ ဖန်တီးမှု ဖြစ်ခဲ့ပါတယ်။ Brynjar Karl က သူ့ရဲ့ဒီဖြစ်ရပ်ကို TEDx အစီအစဉ်မှာလည်း ပြန်လည်ဝေမျှခဲ့နိုင်ခဲ့ပါ။ အခုတော့ သူ့ရဲ့အသက်ဟာ ၁၇နှစ်ရှိသွားပြီဖြစ်ပြီး သင်္ဘောကတ်ပတိန်တယောက်ဖြစ်အောင် ကြိုးစားမယ်လို့ သူကဆိုပါတယ်။ အရင်ကထက်စာရင် အခြေအနေအများကြီးကောင်းလာပြီး သူငယ်ချင်းတွေရှိလာသလို ပေါင်းသင်းဆက်ဆံရေးလည်း အတော်ကြီးတိုးတက်ခဲ့ပြီလို့ သိရပါတယ်။

—— ——- ———-

(Zawgyi)

တိုက္တန္းနစ္ပုံစံတူသေဘၤာ တည္ေဆာက္ခဲ့တဲ့ ေအာ္တစ္ဇင္ ကေလးငယ္

တိုက္တန္းနစ္သေဘၤာနစ္ျမဳပ္သြားခဲ့တာ အခုဆိုရင္ ႏွစ္ေပါင္း ၁၀၈ႏွစ္ ရွိသြားပါၿပီ။ ဒါေပမယ့္လည္း တိုက္တန္းနစ္အေၾကာင္းကို ယေန႔တိုင္ လူေတြေျပာေနၾကတုန္းပါ။ တိုက္တန္းနစ္သေဘၤာေက်ာ္ၾကားလာတာကေတာ့ ဒါ႐ိုက္တာႀကီး James Cameron ႐ိုက္ခဲ့တဲ့ တိုက္တန္းနစ္႐ုပ္ရွင္ကားေၾကာင့္ျဖစ္ပါတယ္။ ဒီကားဟာ ႐ုပ္ရွင္သမိုင္းတေလွ်ာက္ တတိယအမ်ားဆုံး ဝင္ေငြရခဲ့တဲ့ကားအျဖစ္ စံခ်ိန္တင္ခဲ့ႏိုင္ပါတယ္။

တိုက္တန္းနစ္ ကိုပုံစံမ်ိဳးစုံနဲ႔ ျပန္လည္ဖန္တီးၾကတဲ့အထဲမွာ အိုက္စလန္က ၁၀ႏွစ္ အ႐ြယ္ကေလးငယ္ တေယာက္ရဲ႕ဖန္တီးမႈဟာလည္း တမူထူးျခားစြာပါဝင္ေနပါတယ္။ ဒီကေလးငယ္ရဲ႕ နာမည္က Brynjar Karl Bigisson ျဖစ္ၿပီး အိုက္စလန္ ေရးခီးဗက္ၿမိဳ႕မွာ ေနထိုင္ပါတယ္။ ပုံမွန္ကေလးတေယာက္ေတာ့ မဟုတ္ပဲ ေအာ္တစ္ဇင္ကေလးငယ္တေယာက္ျဖစ္ပါတယ္။ Autism ေအာ္တစ္ဇင္ဆိုတာက ဦးေႏွာက္နဲ႔ အာ႐ုံေၾကာဖြံ႕ၿဖိဳးမႈ ၾကန႔္ၾကာတတ္တဲ့ အေျခအေနတခုျဖစ္ပါတယ္။ သူတို႔ဟာ အျခားသူေတြနဲ႔ ေျပာဆိုဆက္ဆံဖို႔ အခက္အခဲရွိတတ္သလို ပုံမွန္ကေလးေတြနဲ႔ မတူတဲ့ အမႈအက်င့္ေတြ ထူးထူးျခားျခား အာ႐ုံခံစားမႈေတြ ရွိေနတတ္ပါတယ္။

ကေလးငယ္ Brynjar Karl ကေတာ့ ေအာ္တစ္ဇင္ျဖစ္ေပမယ့္ သူျဖစ္ခ်င္တာကို မရရေအာင္ အေကာင္အထည္ေဖာ္ႏိုင္ခဲ့ပါတယ္။ ၁၀ႏွစ္သား အ႐ြယ္မွာတင္ LEGO တုံးေပါင္း ၅၆၀၀၀ ကို အသုံးျပဳကာ တိုက္တန္းနစ္ပုံစံတူကို တည္ေဆာက္ႏိုင္ခဲ့ပါတယ္။ သူ႔ရဲ႕တည္ေဆာက္မႈဟာ ၁၁လထိေတာင္ ၾကာျမင့္ခဲ့ေပမယ့္ တစိုက္မတ္မတ္ မျဖစ္ျဖစ္ေအာင္ အေကာင္အထည္ေဖာ္ခဲ့တဲ့အတြက္ ေနာက္ဆုံးမွာေတာ့ တိုက္တန္းနစ္သေဘၤာနဲ႔ အားလုံးနီးပါးတူညီတဲ့ LEGO သေဘၤာကို ဖန္တီးႏိုင္ခဲ့ပါတယ္။ သူ႔ရဲ႕ဖန္တီးမႈဟာ LEGO ေတြနဲ႔ တိုက္တန္းနစ္သေဘၤာဖန္တီးမႈမွာ ကမာၻ႔အႀကီးဆုံးအျဖစ္ စံခ်ိန္တင္ႏိုင္ခဲ့ပါတယ္။

“LEGO ဟာ ငယ္စဥ္ကတည္းက ကြၽန္ေတာ့္အတြက္ အေရးႀကီးတဲ့ေနရာက ပါဝင္ေနပါတယ္။ ဘာလို႔လဲဆိုေတာ့ ကြၽန္ေတာ္ကပုံမွန္မဟုတ္ဘူး။ တျခားသူေတြနဲ႔ ေပါင္းသင္းဆက္ဆံဖို႔အခက္အခဲရွိေတာ့ အၿမဲတေယာက္တည္းပဲ ေဆာ့ရပါတယ္။ ဒီေတာ့ LEGO ေတြဟာ ကြၽန္ေတာ့္ရဲ႕အေကာင္းဆုံးသူငယ္ခ်င္း ျဖစ္လာတာေပါ့” လို႔ သူက ဆိုပါတယ္။

“LEGO နဲ႔ ကြၽန္ေတာ္ျဖစ္ခ်င္တာေတြ ဖန္တီးခ်င္တာေတြကို ဖန္တီးတယ္ တည္ေဆာက္တယ္။ ဒီလို တည္ေဆာက္ေနရင္ ကိုယ့္ကိုယ္ကို အထီးက်န္ေနတယ္ဆိုတာ သတိမရေတာ့ဘူး။ ဒီတည္ေဆာက္မႈေတြနဲ႔ပဲ အရမ္းအလုပ္မ်ားခဲ့တာေပါ့” လို႔ ထပ္ေျပာပါတယ္။

သူ ၉ႏွစ္သား အ႐ြယ္က ဒိန္းမတ္မွာရွိတဲ့ LEGOLAND အပန္းေျဖစခန္းကို သြားခဲ့ပါတယ္။ အဲဒီမွာ အေဆာက္အအုံေတြ အရာဝထၳဳေတြကို ႀကီးမားတဲ့ LEGO တုံးေတြနဲ႔ တည္ေဆာက္ထားတာကို ေတြ႕ခဲ့ရၿပီး အရမ္းအံၾသခဲ့ပါတယ္။ သူလည္း LEGO ေတြနဲ႔ သေဘၤာတစီးတည္ေဆာက္ခ်င္ခဲ့ပါတယ္။ သူတည္ေဆာက္ခ်င္တဲ့သေဘၤာကေတာ့ တိုက္တန္းနစ္ သေဘၤာျဖစ္ပါတယ္။ LEGO တည္ေဆာက္နည္းေတြကိုေတာ့ အင္တာနက္ကေနပဲ ရွာေဖြေလ့လာခဲ့တာလို႔ သူကေျပာပါတယ္။

၂၆ေပ အလ်ားရွိတဲ့ သေဘၤာပုံစံတူကို ကြၽန္ေတာ္တေယာက္တည္း ဖန္တီးတာဆိုေပမယ့္ ကြၽန္ေတာ္မလုပ္ႏိုင္တဲ့ ကိစၥတခ်ိဳ႕အတြက္ ကူညီဖို႔လူေတြ လိုပါတယ္။ ကြၽန္ေတာ့္အဘြားက Lulli က တိုက္တန္းနစ္အေသးစိတ္ပုံၾကမ္းေပၚမွာ LEGO ေတြ တပ္ဆင္ဖို႔ အထူးၫႊန္ၾကားခ်က္ေတြေပးခဲ့ပါတယ္။ ဒီလိုကူညီတဲ့အတြက္ သူအလြဲလြဲအမွားမွားတပ္ဆင္ထားတာေတြကို ျပန္ျပင္ႏိုင္ခဲ့ပါတယ္။

ဒီတည္ေဆာက္မႈမွာ LEGO ေတြဝယ္ဖို႔ ေငြလိုအပ္မႈအတြက္ေတာ့ မိခင္ျဖစ္သူက fund Page ေလးဖြင့္ေပးခဲ့ပါတယ္။ သူ႔ရဲ႕တည္ေဆာက္မႈကို အားေပးသူေတြက ထည့္ဝင္ေထာက္ပံ့ၾကရာကေန LEGO ေတြကို ဝယ္ယူႏိုင္ခဲ့ပါတယ္။ ေန႔တိုင္းေက်ာင္းက ဆင္းလာတာနဲ႔ ၃နာရီ ၄နာရီေလာက္ ဒါကိုပဲတည္ေဆာက္ခဲ့တာျဖစ္ပါတယ္။ ၁၁လ ဆက္တိုက္ မပ်က္မကြက္ တည္ေဆာက္မႈအၿပီးမွာေတာ့ LEGO တိုက္တန္းနစ္သေဘၤာကို ဖန္တီးႏိုင္ခဲ့ပါေတာ့တယ္။

အခုအခ်ိန္မွာေတာ့ ေအာ္တစ္ဇင္ကေလးငယ္တေယာက္ရဲ႕ ဖန္တီးမႈဟာ လူေတြ တအံတၾသၾကည့္ရတဲ့ ဖန္တီးမႈ ျဖစ္ခဲ့ပါတယ္။ Brynjar Karl က သူ႔ရဲ႕ဒီျဖစ္ရပ္ကို TEDx အစီအစဥ္မွာလည္း ျပန္လည္ေဝမွ်ခဲ့ႏိုင္ခဲ့ပါ။ အခုေတာ့ သူ႔ရဲ႕အသက္ဟာ ၁၇ႏွစ္ရွိသြားၿပီျဖစ္ၿပီး သေဘၤာကတ္ပတိန္တေယာက္ျဖစ္ေအာင္ ႀကိဳးစားမယ္လို႔ သူကဆိုပါတယ္။ အရင္ကထက္စာရင္ အေျခအေနအမ်ားႀကီးေကာင္းလာၿပီး သူငယ္ခ်င္းေတြရွိလာသလို ေပါင္းသင္းဆက္ဆံေရးလည္း အေတာ္ႀကီးတိုးတက္ခဲ့ၿပီလို႔ သိရပါတယ္။

Tags: amazing
Next Post
ကမ္ဘာ့အမွေအနှစ် အဆောက်အဦးတချို့ကို ဒစ်ဂျစ်တယ်နည်းပညာနဲ့ ပြန်လည်တည်ဆောက်ပြခဲ့

ကမ္ဘာ့အမွေအနှစ် အဆောက်အဦးတချို့ကို ဒစ်ဂျစ်တယ်နည်းပညာနဲ့ ပြန်လည်တည်ဆောက်ပြခဲ့

Discussion about this post

No Result
View All Result

Categories

Tag

amazing ancient knowledge animals architecture buddhism buddhism monk chemistry cities countries empires feeling health health knowledge history inventions kaung htet knowledge military motivation myanmar history myanmar knowledge myanmar people myanmar places news pagodas photos places planets plants rivers science science knowledge Sport Sport people successful tech thinking tips world actors world companies world history world knowledge world news world people world places

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

Follow Us

Facebook

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!