သဘာဝသည် တောနေ တိရစ္ဆာန်များအား အသက်ဘေးအန္တရာယ်မှ ကာကွယ်နိုင်စေရန် ယင်းတို့၏ အသွေးအရောင်နှင့် တော၏သဘာဝအရောင်များကို ဆင်တူယိုးမှား ဖြစ်လောက်အောင် ဖန်တီးပေးထားသည်။ ယင်းသို့ ရန်သူ့ဘေးအန္တရာယ်မှ ကင်းလွတ်စေရန် သဘာဝက ဖန်တီး ပေးထားသော အရောင်များကို ကာကွယ်ရောင်(camouflage ) ဟူ၍ သိရသည်။
အစာရှာထွက်ကြသည့် ငှက်များအနက် အချို့သည် အစာဖြစ်သည့် ပေါက်ဖတ်များကို မမြင်နိုင်လောက်အောင် မျက်စိမှောက်ကြရခြင်းမှာ၊ သဘာဝက ထိုပေါက်ဖတ်များကို သူတို့ ရှိရာ သစ်ကိုင်းများ၏ အရောင်နှင့်တူအောင် ဖန်တီးထားသောကြောင့်ပင် ဖြစ်သည်။ ငါးများတွင် အကြေးများ ပြာလဲ့လဲ့ ရှိနေသည်မှာလည်း ထိုနည်းတူပင်ဖြစ်သည်။
တစ်ခါတစ်ရံ၌မူ သဘာဝက ဖန်တီးပေးသည့် သားကောင် များကို ဖမ်းယူစားသောက်နိုင်ကြသည်။ ကျား၏ အရောင်စင်း များသည် တောနက်ကြီးထဲတွင် တော၏သဘာဝအရောင်နှင့် ဆင်တူနေသဖြင့် အချို့ သားကောင်များသည် ကျားကို လုံးလုံး မမြင်ရသောကြောင့် ကျား၏ ဖမ်းဆီးစားသောက်ခြင်းခံကြ သည်။ မြစ်တွင်းရှိ မိကျောင်းတို့၏ အရောင်သည်လည်း ရေ တွင် မျောနေသော သစ်တုံးကဲ့သို့ ထင်ယောင်ထင်မှား ဖြစ်စေ သောကြောင့် သားကောင်များ မကြာခဏ မိကျောင်းစာ ဖြစ်ကြ ရသည်။
ဘေးအန္တရာယ် အစဉ်ဝန်းရံလျက်ရှိသည့် သတ္တဝါများကို သဘာဝသည် ယင်းတို့နေထိုင်ရာ ပတ်ဝန်းကျင်နှင့် တူညီနိုင် သမျှ တူညီအောင် ဖန်တီးပေးသည်။ အထူးသဖြင့် မိမိကိုယ် ကို မိမိ မကာကွယ်နိုင်သည့် သတ္တဝါမျိုးကို သဘာဝသည် အရောင်များဖြင့် ပို၍ ကာကွယ်ပေးတတ်ပေသည်။ ထိုကြောင့် ကြီးနိုင်ငယ်ညှဉ်း တိရစ္ဆာန်လောကအတွင်း၌ နေကြရသော အားနွဲ့သတ္တဝါများသည် တာရှည် အသက်ရှင်နေနိုင်ကြခြင်း ဖြစ်ပေသည်။
ပင်လယ်၌ ကူးသွားနေသော ရေသတ္တဝါကလေးများသည် ထုတ်ချင်းပေါက်မြင်နိုင်သော ကိုယ်များ ရှိတတ်ကြ၍ ထို သတ္တဝါ ကလေးများကို ရေထဲတွင် ကောင်းကောင်း မမြင်နိုင် ချေ။ ကြိုးပြားပုံသဏ္ဌာန်ရှိသည့် ငရှဉ့်ငယ်များသည် ဖန်ကဲ့သို့ ကြည်လင်သည့် အရောင်များရှိကြသည်။ ငါးများသည် ရန်သူ နှင့်ဆိုင်မိလျှင် ထွက်ပြေးရုံမှလွဲ၍ အခြား ခုခံကာကွယ်စရာ မရှိပေ။ ထိုကြောင့် ကျောပေါ်တွင် ပြာလဲ့လဲ့ အရောင်ကလေး ကိုသာလျှင် အားကိုးအားထား ပြုကြရ၏။ ထိုအရောင်ကြောင့် ရေနက်သို့ရောက်သွားသောအခါ ယင်းတို့ကို မမြင်နိုင်လောက် အောင် ဖြစ်သွားသည်။ သဲကန္တာရရှိ သတ္တဝါများကို ကြည့်ပြန် လျှင်လည်း ယင်းတို့၏ အရောင်များကို မြေကြီးအရောင် သို့မဟုတ် သဲအရောင်နှင့် ဆင်တူရိုးမှား တွေ့ရသည်။
ဤသို့ဖြစ်ရခြင်းမှာ ရန်သူများ၏ အန္တရာယ်မှ ကာကွယ်ပေး သည့်အနေဖြင့် သဘာဝက ဖန်တီးပေးထားခြင်းပင် ဖြစ်သည်။ သစ်ရွက်များကို စားသောက်၍ နေထိုင်ကြသည့် ပိုးကောင် ကလေးများမှာလည်း သဘာဝအလျောက်ပင် သူတို့ နေထိုင်ရာ ဒေသရှိ အရောင်များနှင့် တူစေရန် အစိမ်းရောင်သော်လည်းကောင်း၊ အစိမ်းပြောက်ကလေးများသော်လည်းကောင်း ရှိတတ်ကြသည်။ ကွင်းပြင် တွင် နေထိုင်ကြသည့်သတ္တဝါများ၏ အရောင်မှာမူ သဘာဝ အလျောက် အညို ရင့်ရောင် ဖြစ်ကြ၏။ ထိုသတ္တဝါမျိုးရှိမှန်း ကို ယင်းတို့နေထိုင်ရာနေရာမှ ထွက်ခွာသောအခါကျမှ တွေ့မြင် သိရှိနိုင်လေသည်။
အချို့သတ္တဝါမျိုးသည် ဝပ်၍နေတတ်ကြသည်။ ထိုသတ္တဝါ မျိုးသည် ဝပ်၍နေသည့်အခါ သေနေသကဲ့သို့ ထင်မှတ်ရသဖြင့် တွေ့သည့်အခါ ကောက်၍ပင် ယူမိတတ်သည်။ သတ္တဝါများ သည် နိုးနေသည့်အခါများတွင် တိမ်းရှောင်နိုင်ကြသဖြင့် သတ္တဝါများသည် ဘေးအန္တရာယ်မများလှသော်လည်း အနားယူ နေသည့်အခါ၌ ဖြစ်စေ၊ အိပ်နေသည့်အခါ၌ဖြစ်စေ၊ ပို၍ ဘေး အန္တရာယ်များသည်။ ထိုကြောင့် သဘာဝအရောင်များသည် သတ္တဝါများကို ထိုအခါများ၌ ပို၍ ကာကွယ်ပေးနိုင်ရန် အရေးကြီးပေသည်။
သဘာဝအလျောက် ဖြစ်ပေါ်သည့် ကာကွယ်ရောင်၏ သတ္တိသည် အထူးသဖြင့် ငှက်များတွင် ပိုမိုထင်ရှား ပေါ်လွင် သည်။ ဥများကို ဝပ်၍ နေစဉ် ရန်သူမမြင်နိုင်ရန်မှာ အရေးကြီး သဖြင့် ငှက်မများတွင် ငှက်ဖိုကဲ့သို့ ပြောင်လက်သော အရောင် များ မရှိဘဲ ပတ်ဝန်းကျင်မှ အရောင်များသာ ရှိကြသည်။
ငှက်ဖိုများသည် ရန်သူနှင့် တွေ့ကြုံသည့်အခါ ခုခံနိုင်ကြပြီးလျှင် ပျံပြေးလိုက ပျံပြေးနိုင်ကြသောကြောင့် မိမိကိုယ်ရေးအတွက် ကောင်းစွာ ကာကွယ်နိုင်ကြသည်။ ငှက်မများမှာ ဥများကို ဝပ် ပေးရသည့်တာဝန်ရှိသဖြင့် အဖိုများကဲ့သို့ တောက်ပသည့် အရောင်များသာ ရှိခဲ့လျှင် အချို့ တိရစ္ဆာန်တို့၏ ရန်မူခြင်းကို မုချခံကြရပေမည်။ အချို့ငှက်ဖိုများ၌လည်း ငှက်မများကဲ့သို့ပင် သဘာဝအရောင်များ ရှိတတ်ကြသည်။ အဘယ်ကြောင့်ဆိုသော် ထိုငှက်ဖိုများသည် ငှက်မများကဲ့သို့ပင် ဥများကို ဝပ်ပေးတတ် ကြသောကြောင့်ဖြစ်၏။ အချို့ရန်သူများသည် ထိုငှက်မျိုးကို ရှာဖွေ၍ စားသောက်နိုင်ကြခြင်းမှာ အနံ့ခံနိုင်ကြခြင်းကြောင့် ဖြစ်သည်။
ခါတို့၏အရောင်များမှာ သူတို့ကျက်စားရာကွင်းများမှ မြက် ခြောက်များ၏ အရောင်ကဲ့သို့ ရှိကြသည်။ စနိုက်ကြီးတို့၏ အရောင်များမှာ သဘာဝအလျောက်ပင် တောမှ သစ်ရွက်ခြောက် များ၏ အရောင်ကဲ့သို့ ရှိကြ သည်။ အချို့သော တိရစ္ဆာန်များ သည် မိမိတို့၏အရောင်များကို သဘာဝအလျောက် ရာသီကို လိုက်၍ ပြောင်းလဲတတ်ကြရာ၊ နှင်းကျသော ဒေသများ၌ နေထိုင် ကြသည့် တိရစ္ဆာန်တို့၏အရောင်သည် ဆောင်းဥတု၌ အဖြူရောင်သို့ ပြောင်းလဲသွားတတ်လေသည်။
မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁) မှ
——- — ———–
(Zawgyi)
တိရစာၦန္ နဲ႔ အင္းဆက္ေတြကို သဘာဝကေပးထားတဲ့ ကာကြယ္ေရာင္
သဘာဝသည္ ေတာေန တိရစာၦန္မ်ားအား အသက္ေဘးအႏၲရာယ္မွ ကာကြယ္ႏိုင္ေစရန္ ယင္းတို႔၏ အေသြးအေရာင္ႏွင့္ ေတာ၏သဘာဝအေရာင္မ်ားကို ဆင္တူယိုးမွား ျဖစ္ေလာက္ေအာင္ ဖန္တီးေပးထားသည္။ ယင္းသို႔ ရန္သူ႔ေဘးအႏၲရာယ္မွ ကင္းလြတ္ေစရန္ သဘာဝက ဖန္တီး ေပးထားေသာ အေရာင္မ်ားကို ကာကြယ္ေရာင္(camouflage ) ဟူ၍ သိရသည္။
အစာရွာထြက္ၾကသည့္ ငွက္မ်ားအနက္ အခ်ိဳ႕သည္ အစာျဖစ္သည့္ ေပါက္ဖတ္မ်ားကို မျမင္ႏိုင္ေလာက္ေအာင္ မ်က္စိေမွာက္ၾကရျခင္းမွာ၊ သဘာဝက ထိုေပါက္ဖတ္မ်ားကို သူတို႔ ရွိရာ သစ္ကိုင္းမ်ား၏ အေရာင္ႏွင့္တူေအာင္ ဖန္တီးထားေသာေၾကာင့္ပင္ ျဖစ္သည္။ ငါးမ်ားတြင္ အေၾကးမ်ား ျပာလဲ့လဲ့ ရွိေနသည္မွာလည္း ထိုနည္းတူပင္ျဖစ္သည္။
တစ္ခါတစ္ရံ၌မူ သဘာဝက ဖန္တီးေပးသည့္ သားေကာင္ မ်ားကို ဖမ္းယူစားေသာက္ႏိုင္ၾကသည္။ က်ား၏ အေရာင္စင္း မ်ားသည္ ေတာနက္ႀကီးထဲတြင္ ေတာ၏သဘာဝအေရာင္ႏွင့္ ဆင္တူေနသျဖင့္ အခ်ိဳ႕ သားေကာင္မ်ားသည္ က်ားကို လုံးလုံး မျမင္ရေသာေၾကာင့္ က်ား၏ ဖမ္းဆီးစားေသာက္ျခင္းခံၾက သည္။ ျမစ္တြင္းရွိ မိေက်ာင္းတို႔၏ အေရာင္သည္လည္း ေရ တြင္ ေမ်ာေနေသာ သစ္တုံးကဲ့သို႔ ထင္ေယာင္ထင္မွား ျဖစ္ေစ ေသာေၾကာင့္ သားေကာင္မ်ား မၾကာခဏ မိေက်ာင္းစာ ျဖစ္ၾက ရသည္။
ေဘးအႏၲရာယ္ အစဥ္ဝန္းရံလ်က္ရွိသည့္ သတၱဝါမ်ားကို သဘာဝသည္ ယင္းတို႔ေနထိုင္ရာ ပတ္ဝန္းက်င္ႏွင့္ တူညီႏိုင္သမွ် တူညီေအာင္ ဖန္တီးေပးသည္။ အထူးသျဖင့္ မိမိကိုယ္ ကို မိမိ မကာကြယ္ႏိုင္သည့္ သတၱဝါမ်ိဳးကို သဘာဝသည္ အေရာင္မ်ားျဖင့္ ပို၍ ကာကြယ္ေပးတတ္ေပသည္။ ထိုေၾကာင့္ ႀကီးႏိုင္ငယ္ညႇဥ္း တိရစာၦန္ေလာကအတြင္း၌ ေနၾကရေသာ အားႏြဲ႕သတၱဝါမ်ားသည္ တာရွည္ အသက္ရွင္ေနႏိုင္ၾကျခင္း ျဖစ္ေပသည္။
ပင္လယ္၌ ကူးသြားေနေသာ ေရသတၱဝါကေလးမ်ားသည္ ထုတ္ခ်င္းေပါက္ျမင္ႏိုင္ေသာ ကိုယ္မ်ား ရွိတတ္ၾက၍ ထို သတၱဝါ ကေလးမ်ားကို ေရထဲတြင္ ေကာင္းေကာင္း မျမင္ႏိုင္ ေခ်။ ႀကိဳးျပားပုံသဏၭာန္ရွိသည့္ ငရွဥ့္ငယ္မ်ားသည္ ဖန္ကဲ့သို႔ ၾကည္လင္သည့္ အေရာင္မ်ားရွိၾကသည္။ ငါးမ်ားသည္ ရန္သူ ႏွင့္ဆိုင္မိလွ်င္ ထြက္ေျပး႐ုံမွလြဲ၍ အျခား ခုခံကာကြယ္စရာ မရွိေပ။ ထိုေၾကာင့္ ေက်ာေပၚတြင္ ျပာလဲ့လဲ့ အေရာင္ကေလး ကိုသာလွ်င္ အားကိုးအားထား ျပဳၾကရ၏။ ထိုအေရာင္ေၾကာင့္ ေရနက္သို႔ေရာက္သြားေသာအခါ ယင္းတို႔ကို မျမင္ႏိုင္ေလာက္ ေအာင္ ျဖစ္သြားသည္။ သဲကႏၲာရရွိ သတၱဝါမ်ားကို ၾကည့္ျပန္ လွ်င္လည္း ယင္းတို႔၏ အေရာင္မ်ားကို ေျမႀကီးအေရာင္ သို႔မဟုတ္ သဲအေရာင္ႏွင့္ ဆင္တူ႐ိုးမွား ေတြ႕ရသည္။
ဤသို႔ျဖစ္ရျခင္းမွာ ရန္သူမ်ား၏ အႏၲရာယ္မွ ကာကြယ္ေပး သည့္အေနျဖင့္ သဘာဝက ဖန္တီးေပးထားျခင္းပင္ ျဖစ္သည္။ သစ္႐ြက္မ်ားကို စားေသာက္၍ ေနထိုင္ၾကသည့္ ပိုးေကာင္ ကေလးမ်ားမွာလည္း သဘာဝအေလ်ာက္ပင္ သူတို႔ ေနထိုင္ရာ ေဒသရွိ အေရာင္မ်ားႏွင့္ တူေစရန္ အစိမ္းေရာင္ေသာ္လည္းေကာင္း၊ အစိမ္းေျပာက္ကေလးမ်ားေသာ္လည္းေကာင္း ရွိတတ္ၾကသည္။ ကြင္းျပင္ တြင္ ေနထိုင္ၾကသည့္သတၱဝါမ်ား၏ အေရာင္မွာမူ သဘာဝ အေလ်ာက္ အညိဳ ရင့္ေရာင္ ျဖစ္ၾက၏။ ထိုသတၱဝါမ်ိဳးရွိမွန္း ကို ယင္းတို႔ေနထိုင္ရာေနရာမွ ထြက္ခြာေသာအခါက်မွ ေတြ႕ျမင္ သိရွိႏိုင္ေလသည္။
အခ်ိဳ႕သတၱဝါမ်ိဳးသည္ ဝပ္၍ေနတတ္ၾကသည္။ ထိုသတၱဝါ မ်ိဳးသည္ ဝပ္၍ေနသည့္အခါ ေသေနသကဲ့သို႔ ထင္မွတ္ရသျဖင့္ ေတြ႕သည့္အခါ ေကာက္၍ပင္ ယူမိတတ္သည္။ သတၱဝါမ်ား သည္ ႏိုးေနသည့္အခါမ်ားတြင္ တိမ္းေရွာင္ႏိုင္ၾကသျဖင့္ သတၱဝါမ်ားသည္ ေဘးအႏၲရာယ္မမ်ားလွေသာ္လည္း အနားယူ ေနသည့္အခါ၌ ျဖစ္ေစ၊ အိပ္ေနသည့္အခါ၌ျဖစ္ေစ၊ ပို၍ ေဘး အႏၲရာယ္မ်ားသည္။ ထိုေၾကာင့္ သဘာဝအေရာင္မ်ားသည္ သတၱဝါမ်ားကို ထိုအခါမ်ား၌ ပို၍ ကာကြယ္ေပးႏိုင္ရန္ အေရးႀကီးေပသည္။
သဘာဝအေလ်ာက္ ျဖစ္ေပၚသည့္ ကာကြယ္ေရာင္၏ သတၱိသည္ အထူးသျဖင့္ ငွက္မ်ားတြင္ ပိုမိုထင္ရွား ေပၚလြင္ သည္။ ဥမ်ားကို ဝပ္၍ ေနစဥ္ ရန္သူမျမင္ႏိုင္ရန္မွာ အေရးႀကီး သျဖင့္ ငွက္မမ်ားတြင္ ငွက္ဖိုကဲ့သို႔ ေျပာင္လက္ေသာ အေရာင္ မ်ား မရွိဘဲ ပတ္ဝန္းက်င္မွ အေရာင္မ်ားသာ ရွိၾကသည္။
ငွက္ဖိုမ်ားသည္ ရန္သူႏွင့္ ေတြ႕ႀကဳံသည့္အခါ ခုခံႏိုင္ၾကၿပီးလွ်င္ ပ်ံေျပးလိုက ပ်ံေျပးႏိုင္ၾကေသာေၾကာင့္ မိမိကိုယ္ေရးအတြက္ ေကာင္းစြာ ကာကြယ္ႏိုင္ၾကသည္။ ငွက္မမ်ားမွာ ဥမ်ားကို ဝပ္ ေပးရသည့္တာဝန္ရွိသျဖင့္ အဖိုမ်ားကဲ့သို႔ ေတာက္ပသည့္ အေရာင္မ်ားသာ ရွိခဲ့လွ်င္ အခ်ိဳ႕ တိရစာၦန္တို႔၏ ရန္မူျခင္းကို မုခ်ခံၾကရေပမည္။ အခ်ိဳ႕ငွက္ဖိုမ်ား၌လည္း ငွက္မမ်ားကဲ့သို႔ပင္ သဘာဝအေရာင္မ်ား ရွိတတ္ၾကသည္။ အဘယ္ေၾကာင့္ဆိုေသာ္ ထိုငွက္ဖိုမ်ားသည္ ငွက္မမ်ားကဲ့သို႔ပင္ ဥမ်ားကို ဝပ္ေပးတတ္ ၾကေသာေၾကာင့္ျဖစ္၏။ အခ်ိဳ႕ရန္သူမ်ားသည္ ထိုငွက္မ်ိဳးကို ရွာေဖြ၍ စားေသာက္ႏိုင္ၾကျခင္းမွာ အနံ႔ခံႏိုင္ၾကျခင္းေၾကာင့္ ျဖစ္သည္။
ခါတို႔၏အေရာင္မ်ားမွာ သူတို႔က်က္စားရာကြင္းမ်ားမွ ျမက္ ေျခာက္မ်ား၏ အေရာင္ကဲ့သို႔ ရွိၾကသည္။ စႏိုက္ႀကီးတို႔၏ အေရာင္မ်ားမွာ သဘာဝအေလ်ာက္ပင္ ေတာမွ သစ္႐ြက္ေျခာက္ မ်ား၏ အေရာင္ကဲ့သို႔ ရွိၾက သည္။ အခ်ိဳ႕ေသာ တိရစာၦန္မ်ား သည္ မိမိတို႔၏အေရာင္မ်ားကို သဘာဝအေလ်ာက္ ရာသီကို လိုက္၍ ေျပာင္းလဲတတ္ၾကရာ၊ ႏွင္းက်ေသာ ေဒသမ်ား၌ ေနထိုင္ ၾကသည့္ တိရစာၦန္တို႔၏အေရာင္သည္ ေဆာင္းဥတု၌ အျဖဴေရာင္သို႔ ေျပာင္းလဲသြားတတ္ေလသည္။
ျမန္မာ့စြယ္စုံက်မ္း၊ အတြဲ(၁) မွ
Discussion about this post