အေဒီ-၇၉ ခုနှစ်တွင် အီတလီကျွန်းဆွယ် တောင်ပိုင်း နေပဲလ်(စ) ပင်လယ်ကွေ့အနီးရှိ ဗီဆူး ဗီးယပ်(စ) မီးတောင်ကြီး ပေါက်ကွဲသည်။ မီးတောင်မှ ထွက်လာသည့် ချော်ရည်ချော်မြှုပ် တို့ကြောင့် အနီးရှိ ပွန်ပီမြို့ကြီး ပျက်စီးခဲ့သည်။ မီးတောင်ပေါက်၍ တစ်မြို့လုံးဘေးလွတ်ရာ ပြေးလွှားတိမ်းရှောင်ကြစဉ် အစောင့်စစ်သည် တစ် ဦးသည် ဘယ်သို့မှ မထွက်ခွာ ၊ မိမိတာဝန် ကျရာ နေရာမှာပင် လုံခြုံရေးတာဝန်ကို ဆက်၍ ထမ်းဆောင် နေ သည်။ တစ်မြို့လုံး ချော်ရည်တွေ ဖုံးသွားသည့် အခါ၌ မြို့စောင့် စစ်သားသည် သ့ူနေရာ၌ပင် ကျဆုံး ကျန်ရစ် သည်။
စစ်သည်၏ ခန္ဓာကိုယ် အသွေးအသားတို့မှာ သူ့အား ဖုံးလွှမ်းခဲ့သည့် ချော်ရည်ချော်ခဲများ ပြာမှုန်ပြာစ များနှင့် ရောနှော ပျောက်ကွယ်ခဲ့ပြီ ဖြစ်သော်လည်း ထိုစဉ်ကာလ လွန်ခဲ့သော နှစ်ပေါင်း ၁၉၀၀ ကျော်က သူ ဆငယ် င် ခဲ့သည့် သံခမောက်၊ ချပ်ဝတ်အင်္ကျီနှင့် သူစွဲကိုင်သည့် လှံရှည်တ့ိုမှာ နေပဲလ်(စ) မြို့ရှိ ပြတိုက် တစ်ခုတွင် ပြသထားဆဲ ဖြစ်ရာ သည်အမှတ်တရ ပစ္စည်းများ နှင့်အတူ သူ၏ ဝိညာဉ် သူ၏စိတ်ဓာတ်တို့တို့ ဆက်လက် ရှင်သန်လျက် ရှိသည်ဟု ဆိုရပါမည်။ ပွန်ပီမြို့စောင့် စစ်သား၏ လုပ်ရပ် ကို စူးစမ်းဆင်ခြင်သည့်အခါ သူ၌ အဓိက ချီးကျူးရမည့် အရာသည် သူ၏ တာဝန်သိစိတ် ဖြစ်ကြောင်း တွေ့ရှိရသည်။
ပွန်ပီစစ်သား၏ ရဲစွမ်းသတ္တိကိုလည်း အများသိမှတ် ကြပါသည်။ သ့ိုသော် ယခုကိစ္စ၌ သတ္တိ ရှိမရှိ ထက် တာဝန် သိမသိက ပို၍ ပဓာန ကျပါသည်။ အကြောင်းကား သူ့ထက် သတ္တိရှိသူ၊ တိုက်ရဲခိုက်ရဲ သေရဲ သတ်ရဲသူ ဖြစ်သော်လည်း တာဝန်သိစိတ်သာ မရှိက ထိုနေရာမှ အဆောတလျင် ထွက်ခွာသွားမှာ သေချာ သောကြောင့် ဖြစ်သည်။ ယခု စစ်သည်ကမူ တာဝန်သိစိတ် စွဲမြဲခိုင်မာသူ ဖြစ်သည်။သူသည် သတ္တိမည်မျှ ကောင်းသည် ဆိုစေ၊ လူသဘာဝ အလျောက် သူ၌ အသက်ဘေးအတွက် တွေးကြောက်သည့် စိတ်လည်း ရှိရပါလိမ့်မည်။ သ့ိုသော် တာဝန်မကျေမှာ ကြောက်သည့်စိတ်က အသက်သေမှာ ကြောက်သည့် စိတ်ထက်ပိုခဲ့၊ လွှမ်းမိုးခဲ့ လိမ့်မည်ဟု မှတ်ယူပါသည်။
ဂရိတွေးခေါ်ရှင်ကြီး ဆော့ခရေတ္တိ (Socrates ဘီစီ ၄၆၉-၃၉၉) အား သူနေထိုင်ရာ အက်သင်း မြို့ပြ နိုင်ငံ၏ နတ်ဘုရားများကို မကြည်ညို မကိုးကွယ်သူ၊ လူငယ်များအား လွဲမှားသော အယူအဆများ ရိုက်သွင်း ဖျက်ဆီးသူ ဟူသော စွပ်စွဲချက်များဖြင့် ရုံးတင်စစ်ဆေးကာ အက်သင်းတရားရုံးက သေဒဏ် အမိန့် ချမှတ်ခဲ့ သည်။ အမိန့်ချပြီးနောက် အကြောင်း တစ်ခုကြောင့် သူ့အား မြန်မြန်ဆန်ဆန် မစီရင်နိုင်ဘဲ အကျဉ်းထောင်တွင် တစ်လခန့်မျှ ချုပ်နှောငထ် ားရသည်။
သည်အတွင်း သူ၏တပည့် တပန်းများ၊ သူ့အား လေးစားခင်မင်သည့် မိတ်ဆွေများနှင့် တွေ့ဆုံ နှီးနှောခွင့် ရသည်၊ သည်တွင် “ခရီတို” အမည်ရှိ ပုဂ္ဂိုလ် ဦးဆောင်သည့် မိတ်ဆွေတစ်စုက ထောင် အမှု ထမ်းအား တံစိုး လက်ဆောင် အမြောက်အမြား ပေးပြီး သူ့အား ခိုးထုတ်ယူရန် ကြံစည်ကြသည်။ သည် အကြံကို ဆော့ခရေတ္တိ အား တင်ပြသည့်အခါ သူလက်မခံ။ အကြောင်းကား တရားရုံး၏ စီရင်ချက်သည် မှန်ကန်သည်ဟု သူမယူဆ။ သို့သော် သူတပါးအမှားကို မိမိအမှားဖြင့် ပြန်ထေတာမျိုး သူမလုပ်နိုင်။
သူသည် လူပရိသတ် ကြီးငယ်တု့ိ အလည်၌ သူရသတ္တိ အကြောင်း၊ လူ၏ ဂုဏ်သိက္ခာ အကြောင်း၊ နိုင် ငံသားကောင်း တို့၏ တာဝန်ဝတ္တရားများ အကြောင်းနှင့် တရားဥပဒေကို လေးစား လိုက်နာအပ်သည့် အကြောင်းများ အစဉ် ဟောပြော ပို့ချခဲ့သည်။ ယခု အသက်ဘေး ကြုံသည့်အခါမှ တံစိုးလက်ဆောင် ပေး၍ ထွက်ပြေးဖို့မှာ သူ့အတွက် မဖြစ်နိုင်။
သူ့အား တရားရုံးတွင် အမှုစစ်ဆေးစဉ်က စွဲချက်များကို လက်ခံ နားထောင်ခဲ့ပြီး ကိုယ်တိုင်လည်း ပြန်လည် ချေပ လျှောက်လဲခဲ့သည်။ ထိုစဉ်က သူ့ဘက်က အနိုင် ရအောင်သော် လည်းကောင်း၊ အနိုင်မရ သည့်တိုင် သေဒဏ်အစား သက်သာသည့် ပြစ်ဒဏ်ရရှိရန် သော်လည်းကောင်း၊ သူလျှောက်လဲ တောင်းခံ နိုင်သော အနေအထား ရှိခဲ့သည်။ သို့သော် အပြစ်ဒဏ် လျော့ပါးလိုမှုအတွက် သူလေးစား တန်ဖိုးထားသည့် အရာများကို မစွန့်ပယ်ခဲ့။ သေဒဏ်ကို မထေမဲ့မြင်ပြုကာ သူ့ယုံကြည်ချက် သူ့အတွေးအမြင်များကို ပို၍ ခိုင်မာ ပြတ်သားစွာပင် တင်ပြ ပြောဆိုခဲ့သည်။ ထိုသို့ ပြုခဲ့ပြီး နောက်တွင်မှ အကျဉ်းထောင်မှ ထွက်ပြေး တိမ်းရှောင်ဖို့မှာ လုံးဝ မလျော်ကန်သော အရာသာ ဖြစ်သည်။ သို့ဖြင့်ဆော့ခရေတ္တိသည် ငိုကြွေးသူ၊ တောင်းပန်သူ၊ ဖျောင်းဖျနားချ သူများကို ရှင်းလင်းဖြေသိမ့်ကာ ထွက်ပြေးရန် အကြံအစဉ်ကို ငြင်းဆန် ပယ် ဖျက်ခဲ့ပြီး စီရင်သည့် နေ့၌ ထောင် အ မှုထမ်း ကမ်းသည့် အဆိပ်ခွက်ကို တည်ငြိမ်စွာ လက်ခံခဲ့သည်။ မိမိ ဂုဏ်သိက္ခာ၊ မိမိ ဟောကြားခဲ့သည့် အတွေးအခေါ် စကား စသည့် သူတန်ဖိုးထားသော အရာ များ မသိမ်ဖျင်း မပွန်းပဲ့စေရန် အလို့ငှာ အသက်ကို သူပေးအပ်ခဲ့ခြင်း ဖြစ်သည်ဟု မှတ်ယူရပါမည်။
ပွန်ပီ မြို့စောင့်စစ်သားနှင့် ဂရိပညာရှိ ဆော့ခရေတ္တိ။
အခြားအရာများမှာ တူစရာ သိပ်မရှိ သော်လည်း မိမိတန်ဖိုးထားသော အရာအတွက် အသက်ကို ပေးအပ် ရာ၌ကား သူတု့နိ ှစ်ဦး တူညီကြပါသည်။
စင်စစ် သူတို့ကဲ့သို့ လေးစားလောက်သော အတိုင်းအတာထိ မရောက်သည့်တိုင် ကျွန်တော်တို့ အားလုံးမှာပင် မိမိ တန်ဖိုးထားသောအရာ မိမိ သစ္စာစောင့်သိ ရမည်ဟု ယုံမှတ်ထားသည့် အရာ၊ မိမိ လုပ်ဆောင် ရမည့် တာဝန်ဟု မိမိဘာသာ ပြဋ္ဌာန်းမိသည့် အရာများ ရှိပါသည်။
ဒါတွေကို ကျေပွန်အောင် ထမ်းရွက်ဖို့ ကျွန်တော်တို့ ကြိုးစားမြဲ ဖြစ်ပါသည်။ ကျေပွန်အောင် ထမ်းရွက် နိုင်သော် ကျွန်တော်တ့ို ဝမ်းသာပိတိ ဖြစ်ကြသည်။ ကျေပွန်ခဲ့သော မိမိကိုယ်တိုင် အတွက်လည်း ဂုဏ်ယူ မိကြသည်။ တာဝန် မကျေပွန်ခဲ့လျှင်၊ သို့မဟုတ် သစ္စာဖျောက်ဖျက် ဆန့်ကျင်ဘက် အလုပ်ကလုပ်မိခဲ့လျှင်ကား အကြီးအကျယ် စိတ်မချမ်းမြေ့ခြင်း ဖြစ်ကြလိမ့်သည်။ မိမိအတွင်းစိတ်၏ ကဲ့ရဲ့ ရှုတ်ချ ခြင်းကိုလည်း မိမိဘာသာ အပြင်းအထန် ခံရပေလိမ့်မည်။
ဆရာဖေမြင့် ရဲ့ တန်ဖိုးထားအပ်သောအရာများ စာအုပ်မှ
Discussion about this post