(Unicode)
၁၉၉၁ ခုနှစ်မှာ Ratan Tata ဟာ တာတာစီးပွားရေးအုပ်စုရဲ့ ဥက္ကဌဖြစ်လာခဲ့ပါတယ်။ Tata Motors ဟာ အိန္ဒိယရဲ့ အကြီးဆုံး ထရပ်ကားထုတ်လုပ်ရေးကုမ္ပဏီကြီးဖြစ်ပါတယ်။ ဒီလိုထရပ်ကားတွေပဲ ထုတ်လုပ်လာရာကနေ ၁၉၉၈ ခုနှစ်မှာတော့ Ratan Tata ဟာ တာတာမော်တာကနေ အိမ်စီးကားတွေကိုပါ ထုတ်လုပ်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။
သူ့ဆုံးဖြတ်ချက်အတိုင်းပဲ ၁၉၉၈ ခုနှစ်မှာ တာတာရဲ့ ပထမဆုံး အိမ်စီးကားအနေနဲ့ Tata Indica ကားကို စတင်ထုတ်လုပ်နိုင်ခဲ့ပါတယ်။ Tata Indica ကား ဟာ အိန္ဒိယကုမ္ပဏီတခုအနေနဲ့ ပထမဆုံး ဒီဇိုင်းထုတ်ခဲ့တဲ့ ကားဖြစ်ခဲ့ပြီး ဒါဟာ Ratan Tata ရဲ့ အဓိကရည်မှန်းထားတဲ့ စီမံကိန်းလည်းဖြစ်ပါတယ်။ သူ့စိတ်ကူးထားတဲ့ စီမံကိန်း အမှန်တကယ်ဖြစ်လာဖို့ နေ့ရော ညရော မနားမနေကြိုးစားခဲ့ပါတယ်။
ဒါပေမယ့် ဒီကားအမျိုးအစားကို အရောင်းဈေးကွက်ထဲ တင်ခဲ့ပြီးနောက်မှာတော့ သူရည်မှန်းထားတဲ့အတိုင်းဖြစ်မလာခဲ့ပါဘူး။ ကားစီးရေ အနည်းငယ်သာ ရောင်းခဲ့ရပြီး လူကြိုက်နည်းခဲ့ပါတယ်။ အားသွန်ခွန်စိုက်ကြိုးစားကာ ရည်မှန်းထားတဲ့ စီမံကိန်း ဖြစ်မလာတဲ့အခါမှာတော့ Tata ကုမ္ပဏီအတွက် အဆင်မပြေတော့ပါဘူး။ နောက်ဆုံးမှာတော့ တာတာစီးပွားရေးအုပ်စု အနေနဲ့ သူတို့ရဲ့ ကားထုတ်လုပ်ရေးလုပ်ငန်းကို ရောင်းချပစ်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။
၁၉၉၉ ခုနှစ်မှာ ကမ္ဘာကျော် မော်တော်ကားကုမ္ပဏီဖြစ်တဲ့ ဖိုဒ့်ဟာ တာတာရဲ့ ကားထုတ်လုပ်ရေးလုပ်ငန်းကို ဝယ်ယူဖို့ စိတ်ဝင်စားခဲ့ပါတယ်။ မကြာမီမှာပဲ Tata တာဝန်ရှိသူတွေကို အမေရိကန် Detroit မြို့က သူတို့ရဲ့ ရုံးကို ဖိတ်ခေါ်ခဲ့ပါတယ်။ Ratan Tata နဲ့ သူ့အဖွဲ့ဟာ အိန္ဒိယကနေ အမေရိကန်အထိ သွားရောက်ခဲ့ကြပါတယ်။ နှစ်ဖက်တွေ့ဆုံပြီးတဲ့နောက် ၃နာရီကြာ အစည်းအဝေးကို ကျင်းပဆွေးနွေးခဲ့ပါတယ်။
အဲဒီအစည်းအဝေးမှာ အဲဒီအချိန်က ဖိုဒ့်ကုမ္ပဏီဥက္ကဌဖြစ်တဲ့ Bill Ford က Ratan Tata ကို “ခင်ဗျား ဘာမှမသိဘူး။ ဘာကြောင့် ဘာမှမသိပဲနဲ့ အိမ်စီးကားတွေထုတ်လုပ်ခဲ့တာလဲ။ အခုငါတို့ရဲ့ ကုမ္ပဏီကနေ ခင်ဗျားရဲ့ ကားထုတ်လုပ်ရေးလုပ်ငန်းကို ဝယ်လိုက်တာဟာ ကြီးမားတဲ့ အခွင့်အရေးပေးလိုက်တာပဲ” လို့ စကားဆိုခဲ့တယ်။
Ratan Tata အနေနဲ့ ရှက်သွားပေမယ့် ဒီလိုအရှက်ခွဲခဲ့တဲ့စကားကို ဘာမှ မတုံ့ပြန်ခဲ့ပါဘူး။ အဲဒီညမှာပဲ သူ့လုပ်ငန်းကို ဖိုဒ့်ထံမရောင်းဖို့ ဆုံးဖြတ်ပြီး သူနဲ့ သူ့အဖွဲ့ဟာ မွန်ဘိုင်းကို ပြန်သွားခဲ့ကြတယ်။ အဲဒီနောက်တော့ တဖွဲ့လုံးဟာ Tata Motors ကိုပဲ တိုးတက်ကောင်းမွန်အောင် ပြန်လည်ကြိုးစားခဲ့ကြတယ်။ တဖြည်းဖြည်း နဲ့ Tata Motors ထုတ်ကားတွေကို လူကြိုက်များလာခဲ့ပြီး ကမ္ဘာမှာ လူသိများတဲ့ ကားကုမ္ပဏီစာရင်းထဲမှာ ပါလာခဲ့ပါတယ်။ ၂၀၀၈ ခုနှစ်မှာတော့ Tata Motors ထုတ် ကားတွေဟာ ကားဈေးကွက်မှာ အရောင်းရဆုံးစာရင်းဝင်လာခဲ့ပါတယ်။
အဲဒီတချိန်တည်းမှာပဲ ဖိုဒ့်ကုမ္ပဏီဟာ အရောင်းဈေးကွက်မှာ အကျပ်အတည်းနဲ့ ရင်ဆိုင်နေရပါတယ်။ ၂၀၀၈ ခုနှစ်မှာ Tata Motors ဟာ ဖိုဒ့်ရဲ့ Jaguar နဲ့ Land Rover ကားတွေကို ဝယ်ယူဖို့ ကမ်းလှမ်းခဲ့ပါတယ်။ ဒီကားတွေဟာ ဖိုဒ့်ရဲ့ရောင်းချရမှုအနည်းဆုံးကားတွေဖြစ်ခဲ့ပြီး ဒီကားတွေကိုသာ ရောင်းချနိုင်ခဲ့ရင် အကျပ်အတည်းကို ပြေလည်အောင်ဖြေရှင်းပြီးဖြစ်သွားမှာပါ။ ဒါကြောင့် ဒီတခါမှာတော့ ဖိုဒ့်ကားကုမ္ပဏီ ဥက္ကဌ Bill Ford နဲ့ အဖွဲ့ဟာ အိန္ဒိယမွန်ဘိုင်းကို လာရောက်ရပါတော့တယ်။
ဒီတခါ အစည်းအဝေးမှာတော့ ဖိုဒ့်ကုမ္ပဏီဥက္ကဌ Bill Ford က Ratan Tata ကို “ကျွန်တော်တို့ဆီက Jaguar နဲ့ Land Rover ကားတွေကို ဝယ်ယူလိုက်တာဟာ အလွန်ကြီးမားတဲ့ အခွင့်အရေးပေးလိုက်သလိုပါပဲ။ ဒီအတွက် ကျေးဇူးတင်ပါတယ်” လို့ ပြောလိုက်တယ်။ ဒီအချိန်ဟာ Ratan Tata ရဲ့ အလှည့်ဖြစ်ပါတယ်။ သူ့တုန်းက ပြောခဲ့သလို အပေါ်စီးကနေ ပြောပြီးလက်စားချေဖို့ အခွင့်အရေးရှိနေပါပြီ။ ဒါပေမယ့် Ratan Tata ဟာ လက်တုံ့မပြန်ခဲ့ပဲ Jaguar နဲ့ Land Rover ကားတွေကို ဝယ်ယူခဲ့ပါတယ်။
ယနေ့အချိန်မှာတော့ ဒီကားတွေဟာ Tata Motors ရဲ့ အကောင်းဆုံး နဲ့ အရောင်းရဆုံး ကားတွေဖြစ်နေပါပြီ။ ယနေ့အချိန်မှာတော့ Tata Group ဟာ ကမ္ဘာ့အကြီးမားဆုံး ကုမ္ပဏီတခုဖြစ်လာခဲ့ပြီး ၂၀၁၉ ခုနှစ်မှာ အမေရိကန်ဒေါ်လာ ၁၁၃ ဘီလျံအထိ ဝင်ငွေရခဲ့ပါတယ်။ Ratan Tata ဟာလည်း သူ့ရဲ့ လုပ်ရပ်တွေကြောင့် အများက လေးစားအားကျရတဲ့ ပုဂ္ဂိုလ်ကြီးတယောက် ဖြစ်ခဲ့ပါတယ်။ စီးပွားရေးလုပ်ငန်းက အမြတ်ငွေ ရဲ့ ၆၆% ကိုလည်း ပရဟိတအဖွဲ့အစည်းတွေကို လှူဒါန်းလျက်ရှိပါတယ်။
Ratan Tata ရဲ့ ဒီဖြစ်ရပ်မှာ ကျွန်တော်တို့ကို သင်ကြားပေးလိုက်တာကတော့ ” အောင်မြင်အောင် လုပ်ဆောင်ပြလိုက်ခြင်းသည် အကောင်းဆုံး လက်စားချေခြင်းဖြစ်သည်” ဆိုတာပါပဲ။
Sarcasm ရဲ့ When Ratan Tata Took Revenge On Ford မှ
——— ——– ————
(Zawgyi)
တာတာေမာ္တာရဲ႕ ဖုိဒ့္ကုမၸဏီအေပၚ ခ်ဳိၿမိန္တဲ့လက္စားေခ်ျခင္း
၁၉၉၁ ခုႏွစ္မွာ Ratan Tata ဟာ တာတာစီးပြားေရးအုပ္စုရဲ႕ ဥကၠဌျဖစ္လာခဲ့ပါတယ္။ Tata Motors ဟာ အိႏၵိယရဲ႕ အႀကီးဆုံး ထရပ္ကားထုတ္လုပ္ေရးကုမၸဏီႀကီးျဖစ္ပါတယ္။ ဒီလုိထရပ္ကားေတြပဲ ထုတ္လုပ္လာရာကေန ၁၉၉၈ ခုႏွစ္မွာေတာ့ Ratan Tata ဟာ တာတာေမာ္တာကေန အိမ္စီးကားေတြကိုပါ ထုတ္လုပ္ဖုိ႔ ဆုံးျဖတ္ခဲ့ပါတယ္။
သူ႔ဆုံးျဖတ္ခ်က္အတုိင္းပဲ ၁၉၉၈ ခုႏွစ္မွာ တာတာရဲ႕ ပထမဆုံး အိမ္စီးကားအေနနဲ႔ Tata Indica ကားကို စတင္ထုတ္လုပ္ႏုိင္ခဲ့ပါတယ္။ Tata Indica ကား ဟာ အိႏၵိယကုမၸဏီတခုအေနနဲ႔ ပထမဆုံး ဒီဇုိင္းထုတ္ခဲ့တဲ့ ကားျဖစ္ခဲ့ၿပီး ဒါဟာ Ratan Tata ရဲ႕ အဓိကရည္မွန္းထားတဲ့ စီမံကိန္းလည္းျဖစ္ပါတယ္။ သူ႔စိတ္ကူးထားတဲ့ စီမံကိန္း အမွန္တကယ္ျဖစ္လာဖုိ႔ ေန႔ေရာ ညေရာ မနားမေနႀကဳိးစားခဲ့ပါတယ္။
ဒါေပမယ့္ ဒီကားအမ်ဳိးအစားကို အေရာင္းေစ်းကြက္ထဲ တင္ခဲ့ၿပိးေနာက္မွာေတာ့ သူရည္မွန္းထားတဲ့အတုိင္းျဖစ္မလာခဲ့ပါဘူး။ ကားစီးေရ အနည္းငယ္သာ ေရာင္းခဲ့ရၿပီး လူႀကဳိက္နည္းခဲ့ပါတယ္။ အားသြန္ခြန္စုိက္ႀကဳိးစားကာ ရည္မွန္းထားတဲ့ စီမံကိန္း ျဖစ္မလာတဲ့အခါမွာေတာ့ Tata ကုမၸဏီအတြက္ အဆင္မေျပေတာ့ပါဘူး။ ေနာက္ဆုံးမွာေတာ့ တာတာစီးပြားေရးအုပ္စု အေနနဲ႔ သူတုိ႔ရဲ႕ ကားထုတ္လုပ္ေရးလုပ္ငန္းကို ေရာင္းခ်ပစ္ဖုိ႔ ဆုံးျဖတ္ခဲ့ပါတယ္။
၁၉၉၉ ခုႏွစ္မွာ ကမာၻေက်ာ္ ေမာ္ေတာ္ကားကုမၸဏီျဖစ္တဲ့ ဖုိဒ့္ဟာ တာတာရဲ႕ ကားထုတ္လုပ္ေရးလုပ္ငန္းကုိ ၀ယ္ယူဖုိ႔ စိတ္၀င္စားခဲ့ပါတယ္။ မၾကာမီမွာပဲ Tata တာ၀န္ရွိသူေတြကို အေမရိကန္ Detroit ၿမဳိ႕က သူတုိ႔ရဲ႕ ရုံးကို ဖိတ္ေခၚခဲ့ပါတယ္။ Ratan Tata နဲ႔ သူ႔အဖြဲ႔ဟာ အိႏၵိယကေန အေမရိကန္အထိ သြားေရာက္ခဲ့ၾကပါတယ္။ ႏွစ္ဖက္ေတြ႔ဆုံၿပီးတဲ့ေနာက္ ၃နာရီၾကာ အစည္းအေ၀းကို က်င္းပေဆြးေႏြးခဲ့ပါတယ္။
အဲဒီအစည္းအေ၀းမွာ အဲဒီအခ်ိန္က ဖုိဒ့္ကုမၸဏီဥကၠဌျဖစ္တဲ့ Bill Ford က Ratan Tata ကို “ခင္ဗ်ား ဘာမွမသိဘူး။ ဘာေၾကာင့္ ဘာမွမသိပဲနဲ႔ အိမ္စီးကားေတြထုတ္လုပ္ခဲ့တာလဲ။ အခုငါတုိ႔ရဲ႕ ကုမၸဏီကေန ခင္ဗ်ားရဲ႕ ကားထုတ္လုပ္ေရးလုပ္ငန္းကို ၀ယ္လုိက္တာဟာ ႀကီးမားတဲ့ အခြင့္အေရးေပးလုိက္တာပဲ” လုိ႔ စကားဆုိခဲ့တယ္။
Ratan Tata အေနနဲ႔ ရွက္သြားေပမယ့္ ဒီလုိအရွက္ခြဲခဲ့တဲ့စကားကုိ ဘာမွ မတုံ႔ျပန္ခဲ့ပါဘူး။ အဲဒီညမွာပဲ သူ႔လုပ္ငန္းကို ဖုိဒ့္ထံမေရာင္းဖုိ႔ ဆုံးျဖတ္ၿပီး သူနဲ႔ သူ႔အဖြဲ႔ဟာ မြန္ဘုိင္းကို ျပန္သြားခဲ့ၾကတယ္။ အဲဒီေနာက္ေတာ့ တဖြဲ႔လုံးဟာ Tata Motors ကိုပဲ တုိးတက္ေကာင္းမြန္ေအာင္ ျပန္လည္ႀကဳိးစားခဲ့ၾကတယ္။ တျဖည္းျဖည္း နဲ႔ Tata Motors ထုတ္ကားေတြကို လူႀကဳိက္မ်ားလာခဲ့ၿပီး ကမာၻမွာ လူသိမ်ားတဲ့ ကားကုမၸဏီစာရင္းထဲမွာ ပါလာခဲ့ပါတယ္။ ၂၀၀၈ ခုႏွစ္မွာေတာ့ Tata Motors ထုတ္ ကားေတြဟာ ကားေစ်းကြက္မွာ အေရာင္းရဆုံးစာရင္း၀င္လာခဲ့ပါတယ္။
အဲဒီတခ်ိန္တည္းမွာပဲ ဖုိဒ့္ကုမၸဏီဟာ အေရာင္းေစ်းကြက္မွာ အက်ပ္အတည္းနဲ႔ ရင္ဆုိင္ေနရပါတယ္။ ၂၀၀၈ ခုႏွစ္မွာ Tata Motors ဟာ ဖုိဒ့္ရဲ႕ Jaguar နဲ႔ Land Rover ကားေတြကို ၀ယ္ယူဖုိ႔ ကမ္းလွမ္းခဲ့ပါတယ္။ ဒီကားေတြဟာ ဖုိဒ့္ရဲ႕ေရာင္းခ်ရမႈအနည္းဆုံးကားေတြျဖစ္ခဲ့ၿပီး ဒီကားေတြကိုသာ ေရာင္းခ်ႏုိင္ခဲ့ရင္ အက်ပ္အတည္းကို ေျပလည္ေအာင္ေျဖရွင္းၿပီးျဖစ္သြားမွာပါ။ ဒါေၾကာင့္ ဒီတခါမွာေတာ့ ဖုိဒ့္ကားကုမၸဏီ ဥကၠဌ Bill Ford နဲ႔ အဖြဲ႔ဟာ အိႏၵိယမြန္ဘုိင္းကို လာေရာက္ရပါေတာ့တယ္။
ဒီတခါ အစည္းအေ၀းမွာေတာ့ ဖုိဒ့္ကုမၸဏီဥကၠဌ Bill Ford က Ratan Tata ကို “ကြ်န္ေတာ္တုိ႔ဆီက Jaguar နဲ႔ Land Rover ကားေတြကို ၀ယ္ယူလုိက္တာဟာ အလြန္ႀကီးမားတဲ့ အခြင့္အေရးေပးလုိက္သလုိပါပဲ။ ဒီအတြက္ ေက်းဇူးတင္ပါတယ္” လုိ႔ ေျပာလုိက္တယ္။ ဒီအခ်ိန္ဟာ Ratan Tata ရဲ႕ အလွည့္ျဖစ္ပါတယ္။ သူ႔တုန္းက ေျပာခဲ့သလုိ အေပၚစီးကေန ေျပာၿပီးလက္စားေခ်ဖုိ႔ အခြင့္အေရးရွိေနပါၿပီ။ ဒါေပမယ့္ Ratan Tata ဟာ လက္တုံ႔မျပန္ခဲ့ပဲ Jaguar နဲ႔ Land Rover ကားေတြကို ၀ယ္ယူခဲ့ပါတယ္။
ယေန႔အခ်ိန္မွာေတာ့ ဒီကားေတြဟာ Tata Motors ရဲ႕ အေကာင္းဆုံး နဲ႔ အေရာင္းရဆုံး ကားေတြျဖစ္ေနပါၿပီ။ ယေန႔အခ်ိန္မွာေတာ့ Tata Group ဟာ ကမာၻ႔အႀကီးမားဆုံး ကုမၸဏီတခုျဖစ္လာခဲ့ၿပီး ၂၀၁၉ ခုႏွစ္မွာ အေမရိကန္ေဒၚလာ ၁၁၃ ဘီလ်ံအထိ ၀င္ေငြရခဲ့ပါတယ္။ Ratan Tata ဟာလည္း သူ႔ရဲ႕ လုပ္ရပ္ေတြေၾကာင့္ အမ်ားက ေလးစားအားက်ရတဲ့ ပုဂၢဳိလ္ႀကီးတေယာက္ ျဖစ္ခဲ့ပါတယ္။ စီးပြားေရးလုပ္ငန္းက အျမတ္ေငြ ရဲ႕ ၆၆% ကိုလည္း ပရဟိတအဖြဲ႔အစည္းေတြကို လွဴဒါန္းလ်က္ရွိပါတယ္။
Ratan Tata ရဲ႕ ဒီျဖစ္ရပ္မွာ ကြ်န္ေတာ္တုိ႔ကုိ သင္ၾကားေပးလုိက္တာကေတာ့ ” ေအာင္ျမင္ေအာင္ လုပ္ေဆာင္ျပလုိက္ျခင္းသည္ အေကာင္းဆုံး လက္စားေခ်ျခင္းျဖစ္သည္” ဆုိတာပါပဲ။
Sarcasm ရဲ႕ When Ratan Tata Took Revenge On Ford မွ
Discussion about this post