• Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
Wednesday, January 27, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

တရုတ်ပြည်ရဲ့ နောက်ဆုံးဧကရာဇ်

by Thutamm
May 17, 2020
Reading Time: 2min read
0
တရုတ်ပြည်ရဲ့ နောက်ဆုံးဧကရာဇ်
Share on FacebookShare on Twitter

ဖူယီ(puyi) ကို(၁၉၀၆)ခုနှစ်၊ ဖေဖော်ဝါရီ(၇)ရက်နေ့က တရုတ်နိုင်ငံ၊ ဘေဂျင်းမြို့တော်မှာ မင်းသား Chun နဲ့ကြင်ရာတော် Youlan တို့ကမွေးဖွားခဲ့ပါတယ်။ သူရဲ့ငယ်ဘဝကို တော့ အခြားမင်းညီမင်းသားတွေလိုပဲ ကမ္ဘာကလူသိနည်းတဲ့ Qing မင်းဆက်ရဲ့အင်ပါယာနန်းတော်အတွင်းကြီးပြင်းခဲ့ပါတယ်။ (၁၉၀၈)ခုနှစ်၊နိုဝင်ဘာ(၁၄)ရက်နေ့မှာတော့ Qing မင်းဆက်ရဲ့(၁၁)ဆက်မြောက်ဘုရင် Guangxu ကွယ်လွန်သွားခဲ့တာကြောင့် မင်းသား ငယ်လေး ဖူယီ( puyi)ဟာ Qingမင်းဆက်ရဲ့(၁၂)ဆက်မြောက်ဘုရင်ဖြစ်လာခဲ့ပါတယ်။

နန်းတက်ချိန်မှာ(၁၉၀၈)ခုနှစ်၊ဒီဇင်ဘာမှာဆိုရင် မင်းသားလေးဖူယီရဲ့အသက်ဟာ (၂)နှစ်နဲ့(၁၀)လသာရှိပါသေးတယ်။ ဘုရင်လေး ဖူယီဟာမင်းခမ်းမင်းနားတွေ ဆိုရင် ကလေးပီပီငိုကြွေးလေ့ရှိပြီး ကလေးသဘာဝသာရှိနေခဲ့တာကြောင့် တရုတ်ပြည်ရဲ့ အမည်ခံဘုရင်လေးသာဖြစ်ပါတယ်။ ဒါပေမဲ့နန်းတော်တွင်းကသူတွေကတော့ ဖူယီကို ဘုရင်တစ်ပါးလိုသာ ဆက်ဆံပြီး သူနန်းစံခဲ့တဲ့ (၄)နှစ်တာကာလအတွင်းမှာ ကလေးပီပီသူတောင်းဆိုတဲ့ အရာတွေကို ဘုရင်လေး စိတ်ဆန္ဒပြည့်ဝအောင်လုပ်ဆောင်ပေးခဲ့တာချည်းဖြစ်ပါတယ်။ အဲဒီအချိန် နန်းတွင်းကိုအုပ်ချုပ်သူတွေကတော့ ယွမ်ရှီခိုင်တို့ အုပ်စုနဲ့ မိဖုရားခေါင်ကြီးတို့သာ ဖြစ်ပါတယ်။

(၁၉၁၁)ခုနှစ်မှာတော့ Qing မင်းဆက်ကို အတိအလင်းဆန့်ကျင်တဲ့ လူထုတော်လှန်ရေး တစ်ခုပေါ်ပေါက်လာခဲ့ပြီးတရုတ်နိုင်ငံရဲ့ဘုရင်စနစ်ပျက်သုဉ်းကာ တရုတ်ပြည်သူ့သမ္မတနိုင်ငံဆိုပြီးအစိုးရတစ်ဖွဲ့ပေါ်ပေါက်လာခဲ့ပါတယ်။ (၁၉၁၂)ခုနှစ်မှာတော့ ဖူယီကိုတရားဝင် ထီးနန်းစွန့်ဖို့ အာဏာပိုင်တွေကဖိအားပေးခဲ့ပါတော့တယ်။ ယင်းနောက်မှာတော့ဖူယီမှာ လုံးဝအာဏာမရှိတော့ပါဘူး။ အစိုးရကတော့အာဏာကိုထိန်းချုပ်ခဲ့ပေမယ့် ဖူယီကိုတော့ မူလအဆောင်အယောင်တွေအတိုင်း တားမြစ်နန်းတော်အတွင်းမှာ ဆက်လက်နေထိုင်ခွင့်ပြုခဲ့ပြီး အစိုးရအပေါ်မှာတော့ လုံးဝအာဏာသက်ရောက်ခွင့်မရှိတော့ပါဘူး။

၁၉၁၇ ခုနှစ်ရောက်ချိန်မှာတော့ ဗိုလ်ချုပ် Zhang Xun ဟာတရုတ်အစိုးရကိုပြန်လည် ပုန်ကန်ပြီး ဖူယီကိုတရုတ်နိုင်ငံဧကရာဇ်အဖြစ်ပြန်လည်နန်းတင်ခဲ့ပါသေးတယ်။ ဒါပေမဲ့ ဖူယီရဲ့နန်းသက်ဟာ ယင်းနှစ်ဇူလိုင်(၁)ရက်နေ့ကနေ (၁၂)ရက်အထိသာ ကြာညောင်းခဲ့ပါတယ်။ တရုတ် ရီဘာဘလီကန်အစိုးရကတစ်နိုင်ငံလုံးကို အလျှင်အမြန်ပြန်လည်ထိန်းချုပ်နိုင်ခဲ့တာကြောင့် ဖြစ်ပါတယ်။ ယင်းအရေးအခင်းနောက်ပိုင်းမှာတော့ ဖူယီဘုရင်လေးဟာ အာဏာပိုင်တွေရဲ့ကန့်သတ်ချက်များစွာပြုလုပ်ထားတဲ့ သူ့ဖခင် မင်းသားချွမ်ရဲ့ စံအိမ်တော်မှာပဲ နှစ်ပေါင်းများစွာ ဇာတ်မြှုပ်နေထိုင်ခဲ့ရရှာပါတယ်။

(၁၉၂၄)ခုနှစ် ရောက်ချိန်မှာတော့ ဖူယီဟာသူရဲ့ဂုဏ်ဒြပ်အားလုံးကို စွန့်လွှတ်ပြီးသာမန်နိုင်ငံသားတစ်ယောက်အဖြစ်နေထိုင်ဖို့အတွက် အာဏာပိုင်တွေရဲ့အကျယ်ချုပ်ဘဝကနေ လွတ်မြောက်လာခဲ့ပါတော့တယ်။ ဒီအတွက် သူဟာယင်းကာလက ဂျပန်တွေထိန်းချုပ်ထားတဲ့ Tianjin မြို့ကိုပို့ဆောင်ခြင်းခံခဲ့ရပါတယ်။ (၁၉၃၂)ခုနှစ်ရောက်ချိန်မှာတော့ ဂျပန်အာဏာပိုင်တွေက ဖူယီကို တရုတ်နိုင်ငံမြောက်ဘက်စွန်းဒေသဖြစ်တဲ့ Manchukuo ဒေသရဲ့ဘုရင်အဖြစ်ခန့်အပ်ခဲ့ပါတယ်။ အမှန်တော့ဖူယီဟာ အာဏာအနည်းငယ်သာရှိပြီး ဂျပန်တွေအလိုကျရုပ်သေးဘုရင်သာဖြစ်ပါတယ်။

ဒုတိယကမ္ဘာစစ်အပြီး (၁၉၄၅)ခုနှစ်မှာတော့ ဂျပန်တွေဟာစစ်ရှုံးခဲ့တာကြောင့် ဂျပန်ဘက်တော်သားလိုဖြစ်နေတဲ့ ဖူယီဟာဆိုဗီယက်တပ်တွေရဲ့ဖမ်းဆီးခြင်းကိုခံခဲ့ရပါတော့တယ်။ ဖူယီဟာဆိုဗီယက်တွေရဲ့အကျဉ်းသားအဖြစ် (၄)နှစ်လောက်ထိန်းသိမ်းခံခဲ့ရပြီး (၁၉၄၉)မှာ တော့ ကွန်မြူနစ်တွေကြီးစိုးနေပြီဖြစ်တဲ့ တရုတ်နိုင်ငံကိုပြန်လည်ပို့ဆောင်ခြင်းခံခဲ့ရပြန်ပါတယ်။ ကံဆိုးတယ်ပဲပြောရမလား ဖူယီဟာတရုတ်အစိုးရရဲ့(၁၀)နှစ်လောက်ထိန်းသိမ်းခြင်းကိုထပ်မံခံခဲ့ရပြန်ပြီး (၁၉၅၉)ကာလရောက်ချိန်မှသာပြန်လည်လွတ်မြောက်လာခဲ့ရပါတယ်။

ယင်းအချိန်ရောက်မှသာ ဖူယီဟာတရုတ်ပြည်သူသမ္မတနိုင်ငံရဲ့ နိုင်ငံသားတစ်ယောက်အဖြစ်ကို လွတ်လွတ်လပ်လပ်ရရှိခဲ့ပါတယ်။ သူဟာပထမတော့ဥယျာဉ်မှုးတစ်ယောက်အဖြစ် အသက်မွေးဝမ်းကြောင်းပြုခဲ့ပြီးနောက်ပိုင်းမှာတော့ စာပေသုသေသနပြု သူအဖြစ်ကူးပြောင်းသွားခဲ့ပါတယ်။ ဒါအပြင်ဖူယီဟာ From Emperor to Citizen အမည် ရကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိကိုလည်းရေးသားကာ သူဘဝအကြောင်းကိုအများသိအောင် ဖော်ပြခဲ့ပါတယ်။ သူအသက်(၆၁)နှစ်အရွယ်၊ (၁၉၆၇)ခုနှစ် အောက်တိုဘာ(၁၇)ရက် နေ့ရောက်ချိန်မှာတော့ ဖူယီဟာကျောက်ကပ်ကင်ဆာရောဂါနဲ့ ဘေဂျင်းမှာရှိတဲ့ Peking တက္ကသိုလ်ဆေးရုံမှာကွယ်လွန်ခဲ့ပါတယ်။ သူရဲ့ရုပ်အလောင်းကိုတော့ Hebei ပြည်နယ်၊ Yi ကောင်တီအတွင်းက Hualong Imperial Cemetery မှာမြုပ်နှံခဲ့ပါတယ်။

တရုတ်ပြည်ရဲ့နောက်ဆုံးအင်ပါယာဧကရာဇ်ဖူယီနဲ့ ပတ်သက်ပြီးစိတ်ဝင်စားစရာအချက် တွေကတော့

(၁) သူရဲ့အဘိုးဖြစ်သူ တရုတ်ဧကရာဇ် Xianfeng ဟာဆိုရင် အလွန်ကျော်ကြားတဲ့ စစ်ဘုရင်တစ်ပါးဖြစ်ပြီး တရုတ်နိုင်ငံကို (၁၈၅၀)ကနေ (၁၈၆၁) ရောက်ချိန်အထိ အုပ်စိုးခဲ့ပါတယ်။

(၂) ဖူယီရဲ့ဘဝအကြောင်းကိုရိုက်ကူးထားတဲ့ The Last Emperor ဟာဆိုရင် အကောင်းဆုံးဓာက်ပုံဆုအပါအဝင် တရုတ်နိုင်ငံရဲ့အကယ်ဒမီထူးချွန်ဆု (၉)ခုလောက်ကိုဆွတ်ခူး နိုင်ခဲ့ပါတယ်။

(၃)ဖူယီရဲ့တရားဝင်ဧကရာဇ်ဘွဲ့ကတော့ Xuantong Emperor ဆိုပြီးဖြစ်ပါတယ်။

(၄) ဖူယီဟာ တရုတ်ဧကရာဇ်တွေထဲမှာ အင်္ဂလိပ်စာကို ပထမဆုံးသင်ယူခဲ့တဲ့ ဘုရင်ဖြစ်သလို အနောက်တိုင်းဝတ်စုံကို ပထမဆုံး ဝတ်ခဲ့သူလည်း ဖြစ်ပါတယ်။

(၅) ဖူယီဟာသူဘဝတလျှောက် မိန်းမ(၅) ယောက်အထိလက်ထပ်ခဲ့ပေမယ့် သားသမီးရတနာတော့ မထွန်းကားခဲ့ပါဘူး။

(၆) အနောက်တိုင်းမှာတော့ ဖူယီကို အင်္ဂလိပ်နာမည် ဟင်နရီ Henery ဆိုတဲ့အမည်နဲ့ တရုတ်အင်ပါယာဘုရင်အဖြစ် ခေါ်ဆိုလူသိများပါတယ်။

Tags: world people
Next Post
စိတ်ကူးကို မဖြစ်ဖြစ်အောင် အကောင်အထည်ဖော်သူ (သို့) ခေတ်ပျက်ဘီလျံနာသူဌေးဖြစ်လာသူ

စိတ်ကူးကို မဖြစ်ဖြစ်အောင် အကောင်အထည်ဖော်သူ (သို့) ခေတ်ပျက်ဘီလျံနာသူဌေးဖြစ်လာသူ

Discussion about this post

No Result
View All Result

Categories

Tag

amazing ancient knowledge animals architecture buddhism buddhism monk chemistry cities countries empires feeling health health knowledge history inventions kaung htet knowledge military motivation myanmar history myanmar knowledge myanmar people myanmar places news pagodas photos places planets plants rivers science science knowledge Sport Sport people successful tech thinking tips world actors world companies world history world knowledge world news world people world places

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

Follow Us

Facebook

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!