တရုတ်နိုင်ငံ၊ ကျန်းစုပြည်နယ် အတွင်းရှိ ဟွာစီးကျေးရွာသည် တရုတ်နိုင်ငံ၏ အချမ်းသာဆုံးကျေးရွာအဖြစ် အမည် တပ်ခံထားရပြီး ၇၂ ထပ်မိုးမျှော် တိုက်၊ ရဟတ်ယာဉ်တက္ကစီ၊ အပန်းဖြေ အားကစားကွင်း နှင့်ဗီလာများကို မြင် တွေ့နိုင်သည်ဟု သိရသည်။
ဒေသခံ ၂၀၀၀ ၏ ဘဏ်စာရင်းတိုင်းတွင် အနည်းဆုံး ဒေါ်လာ ၁၄၃၀၀၀ ကိုယ်စီရှိသည်။ ရွာသို့ပြောင်းရွှေ့လာသည် နှင့် အာဏာပိုင်များက မိသားစုတစ်စုအတွက် ကား တစ်စီး နှင့် ဗီလာတစ်လုံးပေးလေ့ရှိသော် လည်း ရွာမှထွက်သွားသည်နှင့် ပိုင်ဆိုင်မှု များကို ထားခဲ့ရလေ့ရှိသည်။
ဟွာစီးကျေးရွာသည် ပြီးခဲ့သည့်နှစ်နှစ်က ရွာတည်ထောင်သည့် ၅၅ နှစ်ပြည့် အထိမ်းအမှတ်အောင်ပွဲခံခဲ့ကြသည်။ စိုက်ပျိုးသီးနှံအထွက်တိုးပြီး လှပသော ရှုမျှော်ခင်းများကြောင့် လူသိများသည့် ကမ်းရိုးတန်း ဒေသလေးဖြစ်ပြီး ရှန်ဟိုင်း မြို့မှနှစ်နာရီကြာ ကားမောင်းသွားလျှင် ရောက်ရှိနိုင်သည်။
နှစ်ပေါင်းများစွာ အတွင်းတရုတ်အာဏာပိုင်များက ကွန်မြူနစ်အုပ်ချုပ်ရေး၏ အောင်မြင်မှုတစ်ခု အနေဖြင့် ရာစုနှစ်ဝက်အတွင်း ဆင်းရဲ သော ရွာငယ်လေးမှ ချမ်းသာကြွယ်ဝသော ရွာအဖြစ်ပြောင်းလဲနိုင်ခဲ့ပုံကို ဥပမာပြပြောဆိုလေ့ရှိသည်။
ဟွာစီးကျေးရွာ ဝင်ပေါက်တွင် ‘တစ်မိုးအောက်တစ် ယောက်ကျေးရွာ’ဟု ရေးသားထားသော ဆိုင်းဘုတ်ကြီးကို ချိတ်ဆွဲထားသည်။ ဒီကျေးရွာအား ၁၉၆၁ခုနှစ်မှ စတင်တည်ထောင်သည်ဖြစ်၍ ကျေးရွာသက်တမ်းမှာ နှစ်ပေါင်း ၆၀ခန့်သာ ရှိသေးသည်။
၂၀၀၃ ခုနှစ်က ဟွာစီးကျေးရွာ၏ နှစ်စဉ်စီးပွားရေးဝင်ငွေသည် ဒေါ်လာ ၁၄ဒသမ၄ ဘီလျံရှိသောကြောင့် မီဒီယာများတွင် ဖော်ပြခံခဲ့ရသည်။ တစ်နှစ်အကြာတွင် ဟွာစီးကျေးရွာက ဒေသခံများ၏ နှစ်စဉ်ပျမ်းမျှဝင်ငွေသည် ဒေါ်လာ ၁၇၇၁၇ ခန့်ရှိသည်ဟု ကြေညာခဲ့ပြီး ၎င်းမှာ တရုတ်နိုင်ငံတစ်ဝှမ်းမှ လယ်သမားများ၏ ပျမ်းမျှဝင်ငွေထက် အဆ ၄၀ကျော် ပိုမိုများပြားနေသည်။


ကျေးရွာ၏ စီးပွားရေး အင်အားတောင့်တင်းမှုကို ပြသရန် ၂၀၁၁ ခုနှစ်တွင် ဒေါ်လာသန်း ၄၃၀ အကုန်အကျခံ၍ Hanging Village ဟု ခေါ်ဆိုသောမိုးမျှော်တိုက်ကြီးကို တည် ဆောက်ခဲ့သည်။ ၁၀၇၆ ပေအမြင့်ရှိသော မိုးမျှော်တိုက်ကြီးသည် ပဲရစ်ရှိ ၁၀၆၃ ပေမြင့်သော အီဖယ်တာဝါထက် ၁၃ ပေ၊ နယူးယောက်ရှိ ၁၀၄၇ အမြင့်ရှိသော Chrysler Building ထက်ပေ ၃၀ နှင့် လန်ဒန်ရှိ ၁၀၁၄ ပေ မြင့်သောShard တာဝါထက် ၅၉ ပေပိုမြင့်သည်။
မိုးမျှော်တိုက်တွင် ကြယ်ငါးပွင့် Long Wish နိုင်ငံတကာဟိုတယ်ကိုဖွင့်လှစ်ထား ပြီး အထပ် ၆၀ မြောက်တွင် ရွှေအတိဖြင့်ထု လုပ်ထားသောနွားရုပ်ကြီးကို တွေ့မြင်နိုင် သည်။ ထိုဟိုတယ်တွင် အခန်းပေါင်း ၈၂၆ခန်း ရှိပြီးထိုအထဲတွင် presidential suites ၁၆ခန်းနှင့် ‘gold’ presidential suite တစ်ခန်းပါဝင်သည်။ ထိုအခန်းတွင် တစ်ညတည်းခိုခမှာ ဒေါ်လာ ၁၅၀၀၀ ဖြစ်သည်။

အနီးအနားရှိမြို့များသို့ ၁၀ မိနစ် အတွင်းရောက်ရှိနိုင်စေရန် Tongyong Airline ကုမ္ပဏီက ရဟတ်ယာဉ်များ ပြေးဆွဲပေးလျက်ရှိသည်။ ထိုသို့ချမ်းသာရခြင်းမှာ စတော့အိတ်ချိန်းစာရင်းဝင်း multi-sector စက်မှုကုမ္ပဏီကြီးကြောင့်ဖြစ်ပြီး ရွာသားအားလုံး ထို ကုမ္ပဏီကြီး၏ ရှယ်ယာများအသီးသီးပိုင်ဆိုင်ထားကြသည်ဟုဆိုသည်။
သို့သော်လည်း ထိုအချက်မှာ အတိအကျအကြောင်းအရင်းမဟုတ်ပေ။ ဒေသခံများက မိမိတို့ချမ်းသာနေရသည့်အကြောင်းရင်းများ ကို လျှို့ဝှက်ထားကြပြီး မီဒီယာများကို လည်းဝင်ရောက်ခွင့်တင်းကျပ်ထားသည်။
ကျေးရွာ၏ ကွန်မြူနစ်ပါတီခေါင်း ဆောင်ဟောင်းဝူရန်ပေါင်၏ ရိုးသားကြိုး စားသောခေါင်းဆောင်မှုများကြောင့် ဖြစ်သည်ဟုသာဆိုကြပြီး ဝူရန်ပေါင်သည် ၂၀၁၃ ခုနှစ်တွင် ကွယ်လွန်သွားခဲ့ပြီဖြစ် သော်လည်း ကျေးရွာတွင် ဝူရန်ပေါင်၏ပုံရိပ်များကိုမြင်တွေ့နေရဆဲဖြစ်သည်။ ဝူရန်ပေါင်သည် အလူမီနီယံလုပ်ငန်းအား အဓိကလုပ်ခဲ့ပြီး ကျေးရွာအားချမ်းသာစေခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။ သူကွယ်လွန်ပြီးခဲ့သည့်နောက်ပိုင်း လက်ရှိကျေးရွာခေါင်းဆောင်မှာ ဝူရန်ပေါင်၏ သား Wu Xiéen ဖြစ်သည်။


စီးပွားရေး အခွင့်အလမ်းကောင်းလှသဖြင့် လူဦးရေ ၂၀၀၀ခန့်သာ ရှိသောထိုကျေးရွာသို့ အခြားဒေသမှ အလုပ်သမား ၂သောင်းကျော် နှင့် အနီးအနားရွာများမှ အလုပ်သမား ၂သောင်းကျော်တို့ လာရောက်လုပ်ကိုင်လျှက်ရှိသည်။
ကျေးရွာအတွင်းရှိ အပန်းဖြေကစားကွင်း ကြီးထဲတွင်လည်း မဟာမတံတိုင်းကြီး နှင့် တားမြစ်မြို့တော် အပါအဝင် ကမ္ဘာတစ်ဝှမ်းမှ အထင်ကရအ ဆောက်အအုံများ၏ ပုံစံတူ အဆောက်အအုံများ ဖန်တီဆောက်လုပ်ထားသေးသည်။ ကျေးရွာ တည်ဆောက်သည့် ၅၅ နှစ်ပြည့်အထိမ်း အမှတ်အခမ်းအနားကို ကြီးကျယ်ခမ်းနားစွာ ကျင်းပကာ တရုတ်နိုင်ငံ၏နာမည် ကျော်အနုပညာရှင်များကို ဖိတ်ကြားခဲ့ကြသည်ဟု သိရသည်။


မီဒီယာများကတော့ ဟွာစီးကျေးရွာ အလွန်အမင်းချမ်းသာနေရခြင်းမှာ ကွန်မြူနစ်တို့၏ ဝါဒဖြန့်ခြင်းတစ်ရပ်ဟု စွပ်စွဲကြသည်။ ကျန်းစုပြည်နယ်မှ လူ့အခွင့်အရေးလှုပ်ရှားသူ Gu Zhijian ကတော့ တစ်ရွာလုံး၏ပိုင်ဆိုင်မှု စုစုပေါင်း ၉၀% မှာ ဝူရန်ပေါင်မိသားစု၏ ပိုင်ဆိုင်မှုဖြစ်ပြီး ရွာသူရွာသားများအား ခွဲဝေပေးခဲ့ခြင်းဖြစ်သည်ဟု US အခြေစိုက် တရုတ်ချန်နယ် New Tang Dynasty Television ကိုပြောသည်။
မည်သို့ပင်ဖြစ်စေ နှစ်ပေါင်း ၆၀ မပြည့်သေးသည့် ဝူရန်ပေါင်တည်ထောင်ခဲ့သော ဟွားစီးကျေးရွာသည် အချမ်းသာဆုံး ထူးဆန်းသည့်ရွှာတစ်ရွာအဖြစ် ရပ်တည်လျှက်ရှိပါသည်။
VIDEO
Via : Popular Myanmar
Daily Mail
Discussion about this post