တရုတ်လူမျိုးတို့၏ ကံကောင်းစေသော အကြံပေးချက်ကို အောက်တွင်ဖော်ပြထားသည်။ သင်ယုံချင်မှ ယုံပါလိမ့်မည်။ သို့သော် ယင်းတို့သည် တကယ် ကံကောင်းစေသော အကြံပေးချက်များ ဖြစ်သည်။ အားလုံးကို ဖတ်ကြည့်သွားပါက မှတ်သားစရာ တစ်စုံတစ်ရာ ရနိုင်ကောင်းပါသည်။
၁။ လူတွေကို သူတို့မျှော်လင့်ထားတာထက် ပိုပြီး ရွှင်လန်းတက်ကြွစွာ ပေးကမ်းလိုက်ပါ။
၂။ သင်နှင့် လေပေးဖြောင့်သူကို လက်ထပ်ပါ။ သင်အိုမင်းလာသောအခါ သူတို့၏ စကားပြောကျွမ်းကျင်မှုသည် တခြားအရာများ ကဲ့သို့ပင် အရေးပါလာ ပါလိမ့်
မည်။
၃။ ကြားသမျှမယုံ၊ ရှိသမျှမသုံး၊ အိပ်ချင်သလောက်မအိပ်ပါနှင့်။
၄။ “မင်းကိုချစ်တယ် ”ဟု ပြောကြားသည့်အခါ တကယ် အလေးအနက် ပြောပါ။
၅။ “ကျွန်တော်စိတ်မကောင်းပါဘူး” ဟု ပြောကြားသည့်အခါ ထိုသူ၏ မျက်လုံးကိုကြည့်ပြီးမှ ပြောပါ။
၆။ အနည်းဆုံး ခြောက်လ စေ့စပ်ထားပြီးမှ လက်ထပ်ပါ။
၇။ မြင်မြင်ချင်း ချစ်တတ်တာကို ယုံပါ။
၈။ တစ်စုံတစ်ယောက်၏ မျှော်လင့်ချက် အိပ်မက်များကို ဘယ်သောအခါမှ ပြက်ရယ်မပြုပါနှင့်။ မျှော်လင့်ချက် အိပ်မက်များ မရှိသူသည် အများကြီး မအောင်မြင်နိုင်။
၉။ နက်နက်ရှိုင်းရှိုင်းနှင့် ပြင်းပြင်းပြပြ ချစ်မြတ်နိုးပါ။ သင်စိတ်ထိခိုက်နာကျင် ( အသည်းကွဲ) နိုင်သော်လည်း အချစ်သည် ဘဝမှာ ပိုပြီးပြည့်စုံစွာ နေနိုင်ရန်တစ်ခုတည်းသောနည်းလမ်းဖြစ်သည်။
၁၀။ သဘောထား ကွဲလွဲမှုများတွင် တရားသဖြင့် ငြင်းခုံပါ။ ဆဲရေးတိုင်းထွာခြင်းမပြုပါနှင့်။
၁၁။ လူတွေကို သူတို့၏ ဆွေမျိုးအသိုင်းအဝိုင်းကို ကြည့်ပြီးအကဲမဖြတ်ပါနှင့်။
၁၂။ ဖြည်းဖြည်းပြောပါ။ သို့သော် လျှင်မြန်စွာ စဉ်းစားပါ။
၁၃။ သင်မဖြေချင်သည့် မေးခွန်းကို တစ်ယောက်ယောက်က မေးလာသည့်အခါ ပြုံးပြီးမေးလိုက်ပါ။ “ခင်ဗျား ဘာဖြစ်လို့သိချင်တာလဲ” လို့။
၁၄။ ထူးကဲသော ချစ်ခြင်းနှင့် ကြီးမားသော အောင်မြင်မှုများမှာနက်ရှိုင်းသောစွန့်စားမှု ပါဝင်နေသည်ကို သတိရပါ။
၁၅။ သင်ဆုံးရှုံးရချိန်တွင် သင်ခန်းစာယူပါ။
၁၆။ အနည်းငယ် သဘောထား ကွဲလွဲမှုကြောင့် ကြီးမားသော ခင်မင်ရင်းနှီးမှုကို မထိခိုက်ပါစေနှင့်။
၁၇။ အမှားလုပ်မိကြောင်းသိသိချင်း ပြင်ဆင်ဖို့ကြိုးစားပါ။
၁၈။ တယ်လီဖုန်း ကောက်ကိုင်ချိန်မှာ ပြုံးနေပါ။ ဖုန်းခေါ်သူက သင့်အပြုံးကိုသင့် အသံထဲမှာ ကြားရပါလိမ့်မယ်။
၁၉။ တစ်ချို့အချိန်တွေမှာ တစ်ကိုယ်တည်းနေပါ။
Discussion about this post