တပင်တိုင်မြနန်း အကြောင်း သိကောင်းစရာ - Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
Sunday, January 17, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

တပင်တိုင်မြနန်း အကြောင်း သိကောင်းစရာ

by Thutamm
August 14, 2019
1 min read
0
တပင်တိုင်မြနန်း အကြောင်း သိကောင်းစရာ
Share on FacebookShare on Twitter

မူရင်းရေးသားသူ နှင့် ဓာတ်ပုံ – ဆရာသက်နိုင်ဦး(မုံရွာတက္ကသိုလ်)

သူငယ်ချင်း Dr.အေးဝင်းကြည် ဖိတ်လို့ တောင်ကြီးဖက်ကို ခဏရောက်ဖြစ်တယ်။ ရှမ်းပြည်လို နေရာ ရောက်ရင် ကျနော် အတွေ့ချင်ဆုံး အပင်ကတော့ တပင်တိုင်မြနန်းပင်ဖြစ်ပါတယ်။ ဘာ့ကြောင့်လည်းဆိုတော့ ဒီအပင်က ရှမ်းပြည်မှာသာ အများဆုံးပေါက်ကြလို့ဖြစ်တယ်။ ပေပေါင်း ၃၀၀၀ -၄၀၀၀ ကျော်မှာ သဘာဝပေါက်ပင် အဖြစ်ပေါက်သော အပင်လည်းဖြစ်တယ်။

ဒီအပင်ကို ချင်းပြည်ဖက်မှာ တွေ့ခဲ့ဖူးသော်လည်း ရှမ်းပြည်လောက်မပေါပါဘူး၊ အချို့ဆို တပင်တိုင်မြနန်းလို့တောင်မသိကြဖူး၊ စွတ်စိုထိုင်း မှိုင်းပြီး အေးမြသော ရာသီ ဥတုဟာ တပင်တိုင်မြနန်း ပင်တွေ နှစ်သက်သော အခြေအနေဖြစ်တယ်။ ရွာငံဒေသမှာ သဘာ၀ အတိုင်း ပွင့် ဖူးနေသော တပင်တိုင် မြနန်း အပင်ကို တွေ့ရတော့ ပျော်လိုက်သည်ဖြစ်ခြင်း။

ပါလာသော ph camera လေးနဲ့ ပုံပေါင်းများစွာ မှတ်တမ်းတင်ဖြစ်တယ်။ ကျနော်တို့ အုပ်စုကို ထမင်းဖိတ်ကြွေးသော ဓနု မိသားစု အိမ်လေးမှာလည်း တပင်တိုင်မြနန်းကို အလှအပင် အနေနဲ့ စိုက်ထားကြတယ်။ အစိမ်းအဖြူ အရွက်လေးတွေကြောင့် အလှအပ အနေနဲ့ စိုက်ရင်လည်း သင့်တော်သည့် အပင်ဖြစ်ပါတယ်။ သူနှစ်သက်တဲ့နေရာမို့လားမသိ ပွင့်နေတာများ အားရစရာပါ။ ဒီအပင်လေးက ရှမ်းပြည် တောင်ပိုင်း သာမက မြောက်ပိုင်းမှာလည်း ပေါက်တယ်လို့သိရပါတယ်။

ရွာငံဒေသ ကတော့ သဘာ၀ တောကြီးများရှိနေသေးတော့ အများဆုံးတွေ့နေရဆဲပါ။ ရေပြာအိုင် နားက သစ်ခွ ဆိုင်တန်းမှာလည်း တပင်တိုင်မြနန်းဥတွေ ရောင်းချနေတာကို တွေ့ခဲ့ရတယ်။ ဈေးလည်းချိုလှတယ်၊ တဥကို ၅၀၀ ကျပ်သာသာ နဲ့ရောင်းနေတာပါ။ အပင်ပေါက်လေးတွေလည်းရောင်းချပေးတယ်။ ဒီအပင်က စိုက်ပျိုးရ လွယ်ကူပါတယ်။ ဥ ကနေ ဒါမှ မဟုတ် သက်ရင့် အကိုင်းကနေ ပင်ပိုင်းပွားပြီး စိုက်လို့ ရပါတယ်။ အချို့လည်း ရှမ်းပြည်ရောက် အမှတ်တရ အဖြစ် တင်တိုင်မြနန်းအပင်လေးတွေ ဝယ်ယူနေတာ တွေ့ရတယ်။

တပင်တိုင်မြနန်း အပင်၏ သိပ္ပံအမည်က Cissus discolor ဖြစ်ပါတယ်။ မျိုးရင်း Vitaceae ( စပျစ်မျိုးရင်း) ထဲမှာပါပါတယ်။ ယခင်က ဒီအပင်၏ အမည်မှာ Vitis discolor Dolz. အဖြစ် သုံးခဲ့သော်လည်း ယခုအခါမှာတော့ Cissus discolor အဖြစ်ပြောင်းလဲခဲ့ဘီဖြစ်သည်။ တပင်တိုင်မြနန်းမှာ အခြား အမည် အဖြူမျိုး အနီမျိုး အနက်မျိုး စသည်ဖြင့် အမျိုးမျိုး ရှိသည်ဟု ဖော်ပြကြသော်လည်း ကျနော်ကတော့ ယခု ဖေါ်ပြသော မျိုးကိုသာ အဓိက ဖေါ်ပြခြင်ပါတယ်။

အပင်ကိုတတ်သိနိုင်သောလက္ခဏာများ

နံမည်ကြီးလှသော တပင်တိုင်မြနန်းပင်ကို ဘယ်လိုခွဲခြားကြ မလည်း? အပင်၏ လက္ခဏာတွေကတော့
တပင်တိုင်မြနန်းအပင်ဟာ နှစ်ရှည်ခံသော နွယ်ပင်တမျိုးသာဖြစ်တယ်။ မြေကြီးထဲမှာ tuber ဥ ရှိပါတယ်။ တပင်လုံးမှာ ဆေးဖက် အဝင်ဆုံး အပိုင်း က မြေထဲက ဥ သာဖြစ်ပါတယ်။ သဘာ၀ ဆေးထုတ်လုပ်ရာမှာ အမြစ် ဥ ကိုသာ အသုံးပြုကြပါတယ်။

ဆေးဝင်အပိုင်းကို တူးယူကြရင်း ဒီအပင်က တဖြည်းဖြည်း ရှားပါးသွားတာ ဖြစ်တယ်၊ အရင်ကဆို ပုပ္ပါးတောင်မကြီးပေါ်မှာ ပေါများစွာ တွေ့ခဲ့ရသော်လည်း ယခုအခါ မတွေ့ရသလောက် ရှားပါးသွားပါတယ်။ စံနစ်တကျ စိုက်ပျိုး ပြီး စီးပွားဖြစ် ထုတ်ယူနိုင်သည့် အပင်လည်း ဖြစ်ပါတယ်။

Stems ပင်စည်လေးတွေကလည်း ထူးခြားလှတယ်။ လုံးဝန်းမနေ polygonal ဒေါင့် အစင်း လေးတွေပါပါတယ်။ နီညိုရောင်လည်း သန်းလို့နေပါတယ်။ အရည်ရွှမ်းသော ပုံစံရှိနေပါတယ်။ ပင်စည်ကနေ နှာမောင်း tendrils လေးတွေထွက်ပါတယ်။ ထိပ်မှာ ၂ ခွဖြာ bifurcate လို့နေပါတယ်။ တပင်လုံးမှာ အထင်ရှားဆုံးက အရွက်တွေဖြစ်ပါတယ်။ အရွက်များက ရွက်ထီး ရွက်လွှဲ ထွက်တယ်။

သေးငယ်သော stipules ရွက်စွယ် က saccate ပုံစံဖြစ်နေတယ်။ အရွက်ပုံစံက အီလစ်ပုံစံဆန်သော လှံသွားပုံ elliptic-lanceolate ဖြစ်တယ်။ အရောင်က reddish green ဖြစ်တယ် ။ ရွက်သားက ပါးသော membranous လက္ခဏာဖြစ်တယ်။ အရွက်အရင်းက ထိပ်ပြတ်ပုံ truncate ရှိသော်လည်း ရွက်နားမှာ serrate လွှသွားပုံရှိကြတယ်။ အရွက်ပေါ်မှာ အဖြူရောင် အကွက်များဖြင့် အလှဆင်ထားလေ့ရှိတယ်။

ပန်းခိုင် inflorescences က umbel of dichotomous cyme ဖြစ်ပြီး အရွက်ထွက်သော ဖက် နှင့် မျက်နှာခြင်းဆိုင်ထွက်ပါတယ်။ သေးငယ်သော ပန်းလေးတွေက bisexual လိင်စုံ ပြီး actinomorphic လေးချမ်းညီကြတယ်။ လေးအင်္ဂါဆ tetramerous ပန်းလေးတွေဖြစ်ပြီး ပန်းပွင့်ရင် ပုံထဲကလို အောက်ဖက်ကို ငိုက်ပြီး ပွင့်ကြတယ်။ ပွင့်ဖတ်အုံ calyx က minute သေးငယ်ကာ cupliform ပုံစံဖြစ်တယ် ။

ပွင့်ချပ် ၄ ခုပါပြီး ပန်းပွင့်မှသာ အောက်ကို လန်ပြီးနေပါတယ်။ အနားလေးတွေမှာ အနီရောင်စွတ်ပါတယ်။ ဝတ်ဆံဖို ၄ ခုပါပြီး petal ပွင့်ချပ်နှင့် မျက်နှာခြင်းဆိုင်ထွက်တယ် ( ဒီအချက်ဟာ vitaceae ရဲ့ ထင်ရှားသော လက္ခဏာ တခုဖြစ်တယ်) ။ ပန်းအောက်ခြေမှာ ထင်ရှားသော disc တခု ပါတယ်။ အစေ့အိမ် ovary က အမြင့်အစေ့အိမ် ဖြစ်ပြီး အခန်း ၂ ခုပါတယ်။ တခန်းမှာ အစေ့လောင်း ၂ စေ့စီပါတယ်။ ဝတ်မှုံခံ့လေးတွေက ပန်းရောင်သန်းတယ်။ အသီးရင့်မှည့်ရင် dark red အရောင်ကို ပြောင်းပါတယ်။ အတွင်းမှာ အညိုရောင် အစေ့များပါပါတယ်။

ဆေးဝင်ပုံ

တပင်တိုင်မြနန်းပင်ဆိုလျှင် တွဲဖက်သိကြတာက ကင်ဆာရောဂါဖြစ်တယ်၊ အရပ် ထဲမှာ ဘာမှန်းတော့မသိ..ကင်ဆာပျောက်သော အပင်လို့သာ ပြောကြပါတယ်၊ အပင်မှာပါသော constituents တွေက အစွမ်းထက်လွန်းလို့ ဒီအတိုင်းအသုံးမပြုသင့်ပါဘူး၊ အလွန် အန္တရာယ်ရှိပါတယ်၊ နားလည် တတ်ကျွမ်းသော တိုင်းရင်းဆေးသမားတော်များ ၏ ညွှန်ကြားမှုဖြင့်သာ အသုံးပြုသင့်ပါတယ်၊ မြေကြီးထဲရသောဥကို တိုက်ရိုက် အသုံးမပြုသင့်ပါဘူး၊ တခါတရံ Fungus တွေပါလာနိုင်ပါတယ်၊

ကျနော်ကိုယ်တိုင် သမားတော်မဟုတ်ပါ၊ အပင်ကိုသာ မျိုးခွဲပေးသော မျိုးခွဲသူ Taxonomist တဦးသာဖြစ်ပါတယ်၊ ဒီအပင်နဲ့ပတ်သက်ပြီး မြဝတီ နဲ့ ဒေါက်တာခင်မောင်လွင် (Fame) တို့ အမေးအဖြေ လုပ်ထားသော အပိုင်းလေးကို ကူးယူပြီး ဗဟုသုတ အလို့ငှါ ထည့်ပေးလိုက်ပါတယ် …

Dr.KML: တပင်တိုင်မြနန်းမှာပါတဲ့ Glycoside နဲ့ Flavonoid တွေဟာ အင်မတန်မှ အစွမ်းထွက်ပါတယ်..

(၁) အရေပြားအနာအမျိုးမျိုးကို သက်သာပျောက်ကင်းစေပါတယ်.. သူ့မှာ Antibiotic action ရှိလို့ မွှေးကျွတ်နာကအစ Carbuncle လို့ခေါ်တဲ့ အနာပဆုပ်မျိုးအထိ သက်သာပျောက်ကင်းစေပါတယ်.. အနောက်တိုင်းဆေး Antibiotic တွေနဲ့ ကုသလို့မလွယ်ကူတဲ့ ရောဂါပိုးတွေကိုတောင် သေစေနိုင်တာ တွေ့ရပါတယ်.. အရွက်ကိုတော့ အနာတွေအပေါ်မှာ အုပ်ပေးရင်ရောဂါပိုးတွေကို သေစေပြီး အနာကျက်မြန်တာ တွေ့ရပါတယ်.. အမြစ်(ဥ) ကို သွေးလိမ်းလို့ပဲဖြစ်ဖြစ် ပါးစပ်ကသောက်လို့ပဲဖြစ်ဖြစ် အသုံးပြုနိုင်ပါတယ်..

(၂) သူ့မှာ Antitumor activity ရှိပါတယ်.. အဖုအကျိတ်မျိုးစုံကို ပျောက်ကင်းစေပါတယ်.. အထူးသဖြင့် အမျိုးသမီးတွေရဲ့သားအိမ်မှာဖြစ်တဲ့ Myoma လို့ခေါ်တဲ့ အကျိတ်တွေကို ကုသရာမှာ များစွာထိရောက်ပါတယ်.. အနောက်တိုင်းဆေးပညာအရတော့ သားအိမ်မှာအလုံးဖြစ်တယ်ဆိုတာနဲ့ ခွဲစိတ်ကုသမှပျောက်ပါတယ်.. ဒါပေမယ့် လောလောဆယ်ခွဲစိတ်ဖို့မလိုသေးရင် သေးသွားအောင် တပင်တိုင်မြနန်းဥကိုစားပြီး ကုသပျောက်ကင်းနိုင်ပါတယ်.. သက်ဆိုင်ရာမီးယပ်သားဖွားပါရဂူများနဲ့လဲ ပူးတွဲစမ်းသပ်လျက်ရှိတာ အောင်မြင်လျက်ရှိပါတယ်..

Myoma uterus ဆိုတဲ့ သားအိမ်မှာအလုံးအကြိတ်ဖြစ်တဲ့ရောဂါဟာ အမျိုးသမီးတွေမှာ အင်မတန်မှအဖြစ်များပါတယ်.. တချို့လဲ တစ်ခုဖြစ်တတ်ပြီး တခါတလေမှာ အများအပြားလဲ ဖြစ်လေ့ရှိပါတယ်.. အသက် ၃၀ ကျော်ရင် ဖြစ်ဖို့အလားအလာရှိနေပြီး အသက် ၃၀ ကျော်အမျိုးသမီး ၁၀၀ မှာ ၂၀ ကနေ ၃၀ အထိလောက် ဖြစ်တာတွေ့ရပါတယ်.. အဲလိုဖြစ်ရင် ရာသီမမှန်တာတို့၊ သွေးဆင်းများတာတို့၊ သားအိမ်နေရာက ကိုက်ခဲတာတို့၊ ဆီးသွားလို့ခက်ခဲတာတို့ ဖြစ်တတ်ပါတယ်..

သူ့အနေနဲ့ ကင်ဆာအကျိတ်မဟုတ်လို့ သိပ်စိုးရိမ်စရာမဟုတ်ပေမယ့် ကြီးလာရင် ဒုက္ခပေးနိုင်ပါတယ်.. အသက်ငယ်သေးရင်တော့ သားအိမ်ကိုချန်ပြီး ခွဲစိတ်ကုသရလို့ အသက်ကြီးရင်တော့ သားအိမ်ပါထုတ်ပစ်ပြီး ခွဲစိတ်ကုသရလေ့ရှိပါတယ်..

(၃) နာတာရှည်အစာအိမ်ရောဂါကိုလဲ သက်သာပျောက်ကင်းစေပါတယ်.. သူ့မှာ အစာအိမ်ရောဂါပိုးဖြစ်တဲ့ H.pylori ကိုသတ်နိုင်တဲ့သတ္တိရှိတဲ့အပြင် အနာကျက်စေတဲ့အာနိသင်ပါရှိလို့ဖြစ်ပါတယ်..

MWD: ဘက်တီးရီးယားရောဂါပိုးတွေကို ထိရောက်နှိမ်နင်းတယ်ဆိုတော့ ကျွန်မတို့နိုင်ငံမှာအဖြစ်များတဲ့ TB ရောဂါအပေါ်မှာရော ဘယ်လိုများ အကျိုးသက်ရောက်မှုရှိသလဲဆိုတာ သိပါရစေ..

Dr.KML: အရင်တုန်းကတော့ တပင်တိုင်မြနန်းဟာ TB ရောဂါပိုးကိုပါ နှိမ်နင်းနိုင်တယ်လို့ ယူဆခဲ့ကြပါတယ်.. ဒါပေမယ့် ကျန်းမာရေးဝန်ကြီးဌာန ဆေးသုတေသနဦးစီးဌာနမှာ လေ့လာချက်အရရော ကျွန်တော်တို့ကိုယ်တိုင်လေ့လာချက်အရပါ ကြည့်ရင်တော့ TB ပိုးကိုနှိမ်နင်းနိုင်မှု မရှိဘူးဆိုတာ သိရပါတယ်..

အခုဆိုရင် တပင်တိုင်မြနန်းပင် ဆိုတာ ဘယ်လိုအပင်လည်းဆိုတာ သိလောက်ပါဘီ ၊ တကယ်လို့များ ရှမ်းပြည်ဖက်ရောက်ခဲ့ရင် တပင်တိုင်မြနန်းအပင်လေးတွေဝယ်ခဲ့ဖို့ မမေ့ပါနဲ့ ..ဆေးအတွက်သာမက အလှအပအနေနဲ့သာ စိုက်လို့ရတဲ့ အပင်လေးတွေမို့ပါ…

သက်နိုင်ဦး
မုံရွာတက္ကသိုလ်

Tags: knowledge
Next Post
ဆေးထိုး၍ သေဒဏ်စီရင်ခြင်း အကြောင်း

ဆေးထိုး၍ သေဒဏ်စီရင်ခြင်း အကြောင်း

Discussion about this post

No Result
View All Result

Categories

Tag

amazing ancient knowledge animals architecture buddhism buddhism monk chemistry cities countries empires feeling health health knowledge history inventions kaung htet knowledge military motivation myanmar history myanmar knowledge myanmar people myanmar places news pagodas photos places planets plants rivers science science knowledge Sport Sport people successful tech thinking tips world actors world companies world history world knowledge world news world people world places

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

Follow Us

Facebook

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!