ကွားလား (Koala) ဝက်ဝံ(သို့) ကိုလာဝက်ဝံ တွေဟာ ချစ်စဖွယ်ကောင်းပြီး သားပိုက်ကောင်ကဲ့သို့သားငယ်ကို ဝမ်းဗိုက်မှာအိတ်နဲ့သယ်ဆောင်တဲ့သတ္တဝါဖြစ်ပါတယ်။ ဝက်ဝံနဲ့တူလို့ bear လို့တပ်ခေါ်ပေမယ့် ကွားလားတွေဟာ ဝက်ဝံမျိုးနွယ်မဟုတ်ပဲ သားပိုက်ကောင်မျိုးနွယ်သာဖြစ်ပါတယ်။ မူရင်းဒေသကတော့သြစတေးလျှဖြစ်ပြီး ယူကလစ်တောတွေမှာနေထိုင်ကြပါတယ်။
ကိုရိုလာဝက်ဝံတွေရှင်သန်ကျက်စားတဲ့ဒေသတွေရဲ့ ၈၀ ရာခိုင်နှုန်းဟာဖျက်စီးခံခဲ့ရပါတယ်။ ၎င်းတို့ မှီခိုနေထိုင်မယ့်နေရာနည်းလာတာနဲ့အမျှ အရေအတွက်ဟာလည်း အလွန်နည်းပါးလာခဲ့ပါတယ်။ သို့ပေမယ့် မျိုးတုံးပျောက်ကွယ်ဖို့အန္တရာယ်ရှိတဲ့ မျိုးစိတ်စာရင်းမှာတော့မပါဝင်ပါဘူး။
ကွားလားဝက်ဝံ ၂မျိုးရှိပါတယ်။ သြစတေးလျှ မြောက်ပိုင်းဒေသမှာ ရှင်သန်ကျက်စားကြတဲ့ ကွားလားကောင်တွေဟာ အရွယ်အစားအလွန်သေးငယ်ပြီး မီးခိုးရောင်သန်းတဲ့အမွှေးများရှိပါတယ်။ တောင်ပိုင်းဒေသမှာရှိတဲ့အကောင်တွေကတော့ အရွယ်အစားကြီးမားပြီး အညိုရောင်သန်းတဲ့အမွှေးများရှိပါတယ်။ ခန္ဓာကိုယ်အလျား ၃ပေခန့် အထိရှည်လားပြီး ၃၃ပေါင်ခန့် အလေးချိန်ရှိတတ်ပါတယ်။
ယူကလစ်မျိုးစိတ်ပင်ပေါင်း ၇၀၀ ကျော်ရှိပေမယ့် ကိုရိုလာတွေကတော့ မျိုးစိတ် ၅၀ ကိုသာစားသုံးကြပါတယ်။ ၎င်းသတ္တဝါတွေဟာ အမြင်အာရုံအာနည်းပြီး အနံခံအာရုံကောင်းမွန်ကြပါတယ်။ ထို့ကြောင့် သူတို့ကြိုက်နှစ်သက်တဲ့ ယူကလစ်အမျိုးအစားကို အနံ့ခံပြီးရှာဖွေကြပါတယ်။
ညဘက်မှာအစာရှာထွက်တဲ့သတ္တဝါတွေဖြစ်ပြီး တစ်ညကို သစ်ရွက် ၁.၁ ပေါင်မှ ၂.၂ ပေါင်စားသုံးကြပါတယ်။ ယူကလစ်ရွက်တွေဟာ အစိုဓာတ်ရှိတဲ့အတွက်ကြောင့် ကိုရိုလာတွေက ရေသောက်စရာမလိုပါဘူး။ သူ့နာမည် Koala ကိုတည်းက no water(ရေမလိုဘူး) ဆိုတဲ့အဓိပ္ပါယ်ကို သြစတြေးလျ Aborigine ဘာသာစကားနဲ့ ခေါ်ခြင်းဖြစ်ပါတယ်။ ယူကလစ်ပင်တွေဟာ အဆိပ်အတောက်ကိုဖြစ်စေပေမယ့် ကိုရိုလာတွေရဲ့အစာချေစနစ်ဟာ အဆိပ်ကိုဖယ်ရှားပေးတဲ့အတွက် အန္တရာယ်မဖြစ်ပါဘူး။
အချိန်အများစုကိုသစ်ပင်ပေါ်မှာကုန်ဆုံးစေပြီး သူတို့ရဲ့သန်မာတဲ့ခြေလက်များ ၊ ချွန်ထက်တဲ့လက်သည်းများကိုအသုံးပြုပြီး အပင်ပေါ်ကိုတက်ကြပါတယ်။ သူတို့ရဲ့လက်ချောင်း၂ ချောင်းဟာအခြားလက်ချောင်းတွေနှင့်ခွဲထွက်နေတဲ့အတွက်ကြောင့် သစ်ကိုင်းများကိုဆုတ်ကိုင်ထားနိုင်ပါတယ်။
ကွားလားတွေဟာ လူသားတွေလိုပဲ လက်ဗွေရာပါရှိတဲ့ ထူးထူးခြားခြား တိရစ္ဆာန်တွေဖြစ်ပါတယ်။ အိပ်ချိန်ကတော့ နည်းနည်းများပါတယ်။ ပုံမှန်အားဖြင့် တစ်နေ့ကို ၁၆ နာရီမှ ၂၀နာရီ အထိအိပ်လေ့ရှိကြပြီး တချို့ကတော့ ၂၂နာရီအထိတောင် အိပ်လေ့ရှိပါတယ်။
ကိုယ့်ပိုင်နက်နဲ့ ကိုယ်နေထိုင်တဲ့သတ္တဝါတွေဖြစ်ပြီး သူတို့နေထိုင်တဲ့ အပင်များအနီးတဝိုက်ကို ၎င်းတို့ရဲ့ပိုက်နက်အဖြစ်ခံယူထားကြပါတယ်။ အသံအမျိုးမျိုးပြုလုပ်နိုင်ပြီး အထူးသဖြင့်မိတ်လိုက်တဲ့အချိန်တွေမှာ အသံတွေဟာကျယ်လောင်ကြပါတယ်။
သူတို့ဟာ အိပ်တဲ့အချိန်တွေမှာ စူးစူးဝါးဝါးအော်ဟောက်တတ်ကြပါတယ်။ ကိုယ်ဝန်ဆောင်ချိန် ၃၃ရက်ကနေ ၃၅ ရက်ကြာတဲ့အခါ ကွားလားအကောင်ပေါက်လေးတွေကို မွေးဖွားကြပါတယ်။ အကောင်ပေါက်တွေဟာ ၂ စင်တီမီတာရှည်ပြီး အမွှေးမရှိပါဘူး။ နားထိုင်းပြီးမျက်လုံးများဟာလည်းအမြင်အာရုံမရကြသေးပါဘူး။ ၎င်းရဲ့ဖွံ့ဖြိုးမှုလုပ်ငန်းပြီးမြောက်အောင်ကူညီပေးတဲ့မိခင်ရဲ့သားပိုက်အိတ်ထဲကိုတွားသွားပြီးဝင်ကြပါတယ်။
မွေးပြီး ၅ လခွဲကြာတဲ့အခါမှာ မိခင်ရဲ့သားပိုက်အိတ်အတွင်းမှ ပထမဆုံးအကြိမ်ထွက်ပါတယ်။ အရွယ်အစားအလွန်ကြီးမားတဲ့အချိန်(၈ လဝန်းကျင်) ရောက်တဲ့အချိန်မတိုင်ခင်အထိ သားပိုက်အိတ်အတွင်းပြန်ဝင်ပြီးနေထိုင်ကြပါတယ်။ အဲဒီနောက်တော့ အကောင်ပေါက်တွေဟာ မိခင်ရဲ့ကျောပေါ်မှာ တွယ်ကပ်၍ နေတတ်ပါတယ်။ ကိုရိုလာအကောင်ပေါက်တွေကို “joeys” လို့ခေါ်ကြပါတယ်။
ကွားလားကောင်တွေဟာ လူတွေနဲ့ ရင်းရင်းနှီးနှီးနေတတ်တဲ့ တိရစ္ဆာန်လည်းဖြစ်ပါတယ်။ သူတို့တွေဟာ သဘာဝအတိုင်းနေထိုင်လျှင် သက်တမ်း ၁၀-၁၄ နှစ်ရှင်သန်ပြီး တိရစ္ဆာန်ရုံတွေမှာ စနစ်တကျမွေးမြူထားခဲ့ရင်တော့ ၁၆ နှစ်အထိသက်တမ်းရှိပါတယ်။
VIDEO
Discussion about this post