(Unicode)
ရေးသားသူ – ချော (အစိမ်းရောင်လွင်ပြင်)
အင်ဒိုနီးရှားနိုင်ငံဟာ ထူးခြားဆန်းပြားတဲ့ သဘာဝပတ်ဝန်းကျင်နဲ့ မြေမျက်နှာ သွင်ပြင်များစွာ ရှိတဲ့နိုင်ငံ တစ်နိုင်ငံ ဖြစ်ပါတယ် ။ အဲဒီထဲကမှ စိတ်ဝင်စားမိတဲ့ သဘာဝ ပတ်ဝန်းကျင်ကတော့ လူတွေရဲ့ ဖန်တီးမှုမပါဘဲ အရောင် သုံးမျိုးဖြစ်ပေါ်နေတဲ့ ရေကန်ကြီးများ အကြောင်းပါ။
မီးတောင်တွေ များစွာရှိတဲ့ နိုင်ငံဖြစ်တာကြောင့် အဲဒီ မီးတောင်တွေကြောင့်ပင် ထူးဆန်းတဲ့ မြေပြင်နဲ့ အံ့သြဖွယ် ပတ်ဝန်းကျင်တွေကို ဖြစ်ပေါ်စေနိုင်ခဲ့ပါတယ်။ ထူးထူးဆန်းဆန်း ဥပမာတစ်ခုကို ပြရမယ်ဆိုရင် Flores ကျွန်းပေါ်က သုံးရောင်ခြယ် ရေကန်ကြီးကို ပြချင်ပါတယ်။
KELIMUTU တောင်ပေါ်က မီးတောင်ထိပ်ဝဟောင်း တစ်ခုပေါ်မှာ ဖြစ်ပေါ်နေတဲ့ ရေကန်သုံးခုဟာ အံ့သြဖို့ကောင်းလောက်အောင် ရေရဲ့အရောင်ဟာ တစ်ကန်နဲ့တစ်ကန် မတူညီဘဲ တစ်မျိုးစီသော အရောင်အဆင်းဖြင့် ထူးခြားစွာ ဖြစ်ပေါ်နေခဲ့ပါတယ်။ တောင်ထိပ်ပေါ်က အရောင်သုံးမျိုးရေကန်ဟာ နိုင်ငံခြားခရီးသွား ဧည့်သည်တွေ အထူး စိတ်ဝင်စားကြပြီး လာရောက်လည်ပတ်ကြတာကြောင့် ကမ္ဘာကျော်နေရာတစ်ခု ဖြစ်လာပါတယ်။
မြို့ငယ်လေးဖြစ်တဲ့ Moni ကနေ ကီလိုမီတာ ၅၀ ခန့်ဝေးတဲ့နေရာမှာ တည်ရှိပြီး အရောင်သုံးမျိုးစီ ဖြစ်နေတဲ့ ရေကန်များဟာ နာမည်ကိုယ်စီ ရှိနေပါတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက ဒေသခံ လူမျိုးတွေဟာ ရေကန်ကြီးမှာ ရှေးခေတ် အဆက်ဆက်က သေဆုံးသွားသူ ဘိုးဘွားလူကြီးတွေ၊ လူငယ်လူရွယ်တွေရဲ့ ဝိညာဉ်တွေ နားခိုနေကြတယ်လို့ ယုံကြည်ကြပါတယ်။
ရေကန်ကြီးရဲ့ အရောင်တွေဟာလည်း သေဆုံးသူ ဝိညာဉ်တွေရဲ့ စိတ်နေ စိတ်ထားပေါ်မူတည်ပြီး ဖြစ်ပေါ်နေတယ်လို့ဆိုပါတယ်။ တောင်ထိပ်ရေကန်ထဲက ရေတွေဟာလည်း မကြာခဏ အရောင်အမျိုးမျိုးပြောင်းလဲနေတတ်တယ်လို့ သိရပါတယ်။
Tiwu Ata Mbupu Lake
ရေကန်သုံးခုမှာ အရှေ့ဘက်နားကျတဲ့ ရေကန်ကြီးကတော့ အင်ဒိုနီးရှားဘာသာနဲ့ Tiwu Ata Mbupu ဖြစ်ပြီး သက်ကြီးရွယ်အို ရေကန်လို့ အမည်ရပါတယ်။ ၎င်းရေကန်ရဲ့ ရေတွေကတော့ စိမ်းပြာရောင်(အပြာရောင်ဘက်ပိုရောက်) ဖြစ်ပြီးတော့ အသက်ကြီးသူတွေ သေဆုံးသွားတဲ့အခါ သူတို့ဝိဉာဉ်တွေက အဲဒီရေကန်မှာ နေထိုင်ကြတယ်လို့ ယုံကြည်ကြတာကြောင့် အသက်ကြီးရွယ်အို ရေကန်လို့ အမည်တွင်ပါတယ်။
Tiwu Nuwa Muri Koo Fai Lake
နောက်ထပ် ရေကန်တစ်ခုကတော့ Tiwu Nuwa Muri Koo Fai လို့ အမည်ရပြီး လူငယ်လူရွယ်ရေကန်လို့ အမည်ပေးထားကြပါတယ်။ သေဆုံးသွားတဲ့ လူငယ်လူရွယ်တွေရဲ့ ဝိညာဉ်တွေကတော့ အဲဒီ ရေကန်မှာ နားခိုနေထိုင်ကြတယ်လို့ ဆိုပါတယ်။ ရေကန်ရဲ့ အရောင်ကတော့ စိမ်းပြာရောင်(အစိမ်းဘက်ပိုရောက်) ဖြစ်ပါတယ်။
Tiwu Ata Polo Lake
သူနဲ့ကပ်လျှပ်မှာ ရှိနေတဲ့ နီညိုရောင် ရေကန်ကတော့ Tiwu Ata Polo ဖြစ်ပြီး သက်ကြီးရွယ်အိုဖြစ်စေ၊ ယောကျ်ားမိန်းမ ၊ လူငယ်မရွေး မသေခင်မှာ ဆိုးမိုက် ရမ်းကားတဲ့ သူတွေ၊ မကောင်းတဲ့သူတွေ သေဆုံးသွားတဲ့အခါ သူတို့တွေရဲ့ ဝိဉာဉ်တွေက အဲဒီ နီညိုရောင် ရေကန်မှာ နေထိုင်ကြရတယ်လို့ ဆိုပါတယ်။ အဲဒီရေကန်က ရေတွေဟာ တစ်ခါတစ်ရံမှာ အငွေ့တလူလူနဲ့ ဆူပွက်နေတာမျိုးကိုလည်း မြင်တွေ့ရတတ်ပါတယ်။
တောင်ထိပ်တစ်ခုတည်းမှာ ဖြစ်ပေမဲ့ ရေကန်သုံးခုပေမဲ့ ရေရဲ့အရောင်တွေဟာ မတူညီ ကွဲပြားစွာ ဖြစ်ပေါ်နေတာ ဟာလည်း ဘူမိဗေဒပညာရှင်တွေအတွက် စိတ်ဝင်တစား စူးစမ်းလေ့လာစရာ ဖြစ်နေခဲ့ပါတယ်။ ရေကန်ကြီးရဲ့ အရောင်တွေ မတူညီရခြင်းကို သိပ္ပံနည်းကျ စူးစမ်းကြည့်ရမယ်ဆိုရင်တော့ ရေပြင်အောက်ခြေက မြေအောက်ထဲမှာရှိနေတဲ့ ဓာတ်ငွေ့တွေနဲ့ ဓာတ်သတ္တုတွေ ပါဝင်မှု ကွဲပြားနေတာကြောင့် ခုလို အရောင်စုံ ဖြစ်ပေါ်ရတယ်လို့ ဆိုပါတယ်။
တောင်ပေါ်ကနေ ရေကန်ရဲ့ အလှအပကိုသာမက တောင်ပေါ်ဒေသရဲ့ လှပတဲ့ အာရုဏ်ဦးရှုခင်းကိုလည်း ရှုစားနိုင်တာကြောင့် ခရီးသွားဧည့်သည်များဟာ မနက်စောစော တောင်ထိပ်ပေါ်ကို တက်ရောက်ပြီး အလွန်လှပတဲ့ ဆည်းဆာမနက်ခင်းကို ကြည့်ရှုလေ့ရှိကြပါတယ်။ အင်ဒိုနီးရှားနိုင်ငံက အရောင်စုံ ရေကန်ကြီးများအကြောင်းကို ဗဟုသုတဖြစ်ဖွယ်ရှာဖွေ တင်ပြလိုက်ရပါတယ်..
VIDEO
အားလုံးသော မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာ ရှိကြပါစေရှင်
ချော (အစိမ်းရောင်လွင်ပြင်)
(Zawgyi)
တစ္ေနရာတည္းေပမယ့္ ေရအေရာင္ မတူတဲ့ ကန္ ၃ ကန္
ေရးသားသူ – ေခ်ာ (အစိမ္းေရာင္လြင္ျပင္)
အင္ဒိုနီးရွားႏိုင္ငံဟာ ထူးျခားဆန္းျပားတဲ့ သဘာဝပတ္ဝန္းက်င္နဲ႔ ေျမမ်က္ႏွာ သြင္ျပင္မ်ားစြာ ရွိတဲ့ႏိုင္ငံ တစ္ႏိုင္ငံ ျဖစ္ပါတယ္ ။ အဲဒီထဲကမွ စိတ္ဝင္စားမိတဲ့ သဘာဝ ပတ္ဝန္းက်င္ကေတာ့ လူေတြရဲ႕ ဖန္တီးမႈမပါဘဲ အေရာင္ သုံးမ်ိဳးျဖစ္ေပၚေနတဲ့ ေရကန္ႀကီးမ်ား အေၾကာင္းပါ။
မီးေတာင္ေတြ မ်ားစြာရွိတဲ့ ႏိုင္ငံျဖစ္တာေၾကာင့္ အဲဒီ မီးေတာင္ေတြေၾကာင့္ပင္ ထူးဆန္းတဲ့ ေျမျပင္နဲ႔ အံ့ၾသဖြယ္ ပတ္ဝန္းက်င္ေတြကို ျဖစ္ေပၚေစႏိုင္ခဲ့ပါတယ္။ ထူးထူးဆန္းဆန္း ဥပမာတစ္ခုကို ျပရမယ္ဆိုရင္ Flores ကြၽန္းေပၚက သုံးေရာင္ျခယ္ ေရကန္ႀကီးကို ျပခ်င္ပါတယ္။
KELIMUTU ေတာင္ေပၚက မီးေတာင္ထိပ္ဝေဟာင္း တစ္ခုေပၚမွာ ျဖစ္ေပၚေနတဲ့ ေရကန္သုံးခုဟာ အံ့ၾသဖို႔ေကာင္းေလာက္ေအာင္ ေရရဲ႕အေရာင္ဟာ တစ္ကန္နဲ႔တစ္ကန္ မတူညီဘဲ တစ္မ်ိဳးစီေသာ အေရာင္အဆင္းျဖင့္ ထူးျခားစြာ ျဖစ္ေပၚေနခဲ့ပါတယ္။ ေတာင္ထိပ္ေပၚက အေရာင္သုံးမ်ိဳးေရကန္ဟာ ႏိုင္ငံျခားခရီးသြား ဧည့္သည္ေတြ အထူး စိတ္ဝင္စားၾကၿပီး လာေရာက္လည္ပတ္ၾကတာေၾကာင့္ ကမာၻေက်ာ္ေနရာတစ္ခု ျဖစ္လာပါတယ္။
ၿမိဳ႕ငယ္ေလးျဖစ္တဲ့ Moni ကေန ကီလိုမီတာ ၅၀ ခန႔္ေဝးတဲ့ေနရာမွာ တည္ရွိၿပီး အေရာင္သုံးမ်ိဳးစီ ျဖစ္ေနတဲ့ ေရကန္မ်ားဟာ နာမည္ကိုယ္စီ ရွိေနပါတယ္။ လြန္ခဲ့တဲ့ ႏွစ္ေပါင္းမ်ားစြာကတည္းက ေဒသခံ လူမ်ိဳးေတြဟာ ေရကန္ႀကီးမွာ ေရွးေခတ္ အဆက္ဆက္က ေသဆုံးသြားသူ ဘိုးဘြားလူႀကီးေတြ၊ လူငယ္လူ႐ြယ္ေတြရဲ႕ ဝိညာဥ္ေတြ နားခိုေနၾကတယ္လို႔ ယုံၾကည္ၾကပါတယ္။
ေရကန္ႀကီးရဲ႕ အေရာင္ေတြဟာလည္း ေသဆုံးသူ ဝိညာဥ္ေတြရဲ႕ စိတ္ေန စိတ္ထားေပၚမူတည္ၿပီး ျဖစ္ေပၚေနတယ္လို႔ဆိုပါတယ္။ ေတာင္ထိပ္ေရကန္ထဲက ေရေတြဟာလည္း မၾကာခဏ အေရာင္အမ်ိဳးမ်ိဳးေျပာင္းလဲေနတတ္တယ္လို႔ သိရပါတယ္။
Tiwu Ata Mbupu Lake
ေရကန္သုံးခုမွာ အေရွ႕ဘက္နားက်တဲ့ ေရကန္ႀကီးကေတာ့ အင္ဒိုနီးရွားဘာသာနဲ႔ Tiwu Ata Mbupu ျဖစ္ၿပီး သက္ႀကီး႐ြယ္အို ေရကန္လို႔ အမည္ရပါတယ္။ ၎ေရကန္ရဲ႕ ေရေတြကေတာ့ စိမ္းျပာေရာင္(အျပာေရာင္ဘက္ပိုေရာက္) ျဖစ္ၿပီးေတာ့ အသက္ႀကီးသူေတြ ေသဆုံးသြားတဲ့အခါ သူတို႔ဝိဉာဥ္ေတြက အဲဒီေရကန္မွာ ေနထိုင္ၾကတယ္လို႔ ယုံၾကည္ၾကတာေၾကာင့္ အသက္ႀကီး႐ြယ္အို ေရကန္လို႔ အမည္တြင္ပါတယ္။
Tiwu Nuwa Muri Koo Fai Lake
ေနာက္ထပ္ ေရကန္တစ္ခုကေတာ့ Tiwu Nuwa Muri Koo Fai လို႔ အမည္ရၿပီး လူငယ္လူ႐ြယ္ေရကန္လို႔ အမည္ေပးထားၾကပါတယ္။ ေသဆုံးသြားတဲ့ လူငယ္လူ႐ြယ္ေတြရဲ႕ ဝိညာဥ္ေတြကေတာ့ အဲဒီ ေရကန္မွာ နားခိုေနထိုင္ၾကတယ္လို႔ ဆိုပါတယ္။ ေရကန္ရဲ႕ အေရာင္ကေတာ့ စိမ္းျပာေရာင္(အစိမ္းဘက္ပိုေရာက္) ျဖစ္ပါတယ္။
Tiwu Ata Polo Lake
သူနဲ႔ကပ္လွ်ပ္မွာ ရွိေနတဲ့ နီညိဳေရာင္ ေရကန္ကေတာ့ Tiwu Ata Polo ျဖစ္ၿပီး သက္ႀကီး႐ြယ္အိုျဖစ္ေစ၊ ေယာက်္ားမိန္းမ ၊ လူငယ္မေ႐ြး မေသခင္မွာ ဆိုးမိုက္ ရမ္းကားတဲ့ သူေတြ၊ မေကာင္းတဲ့သူေတြ ေသဆုံးသြားတဲ့အခါ သူတို႔ေတြရဲ႕ ဝိဉာဥ္ေတြက အဲဒီ နီညိဳေရာင္ ေရကန္မွာ ေနထိုင္ၾကရတယ္လို႔ ဆိုပါတယ္။ အဲဒီေရကန္က ေရေတြဟာ တစ္ခါတစ္ရံမွာ အေငြ႕တလူလူနဲ႔ ဆူပြက္ေနတာမ်ိဳးကိုလည္း ျမင္ေတြ႕ရတတ္ပါတယ္။
ေတာင္ထိပ္တစ္ခုတည္းမွာ ျဖစ္ေပမဲ့ ေရကန္သုံးခုေပမဲ့ ေရရဲ႕အေရာင္ေတြဟာ မတူညီ ကြဲျပားစြာ ျဖစ္ေပၚေနတာ ဟာလည္း ဘူမိေဗဒပညာရွင္ေတြအတြက္ စိတ္ဝင္တစား စူးစမ္းေလ့လာစရာ ျဖစ္ေနခဲ့ပါတယ္။ ေရကန္ႀကီးရဲ႕ အေရာင္ေတြ မတူညီရျခင္းကို သိပၸံနည္းက် စူးစမ္းၾကည့္ရမယ္ဆိုရင္ေတာ့ ေရျပင္ေအာက္ေျခက ေျမေအာက္ထဲမွာရွိေနတဲ့ ဓာတ္ေငြ႕ေတြနဲ႔ ဓာတ္သတၱဳေတြ ပါဝင္မႈ ကြဲျပားေနတာေၾကာင့္ ခုလို အေရာင္စုံ ျဖစ္ေပၚရတယ္လို႔ ဆိုပါတယ္။
ေတာင္ေပၚကေန ေရကန္ရဲ႕ အလွအပကိုသာမက ေတာင္ေပၚေဒသရဲ႕ လွပတဲ့ အာ႐ုဏ္ဦးရႈခင္းကိုလည္း ရႈစားႏိုင္တာေၾကာင့္ ခရီးသြားဧည့္သည္မ်ားဟာ မနက္ေစာေစာ ေတာင္ထိပ္ေပၚကို တက္ေရာက္ၿပီး အလြန္လွပတဲ့ ဆည္းဆာမနက္ခင္းကို ၾကည့္ရႈေလ့ရွိၾကပါတယ္။ အင္ဒိုနီးရွားႏိုင္ငံက အေရာင္စုံ ေရကန္ႀကီးမ်ားအေၾကာင္းကို ဗဟုသုတျဖစ္ဖြယ္ရွာေဖြ တင္ျပလိုက္ရပါတယ္..
VIDEO
အားလုံးေသာ မိတ္ေဆြမ်ား ကိုယ္စိတ္ႏွစ္ျဖာ က်န္းမာခ်မ္းသာ ရွိၾကပါေစရွင္
ေခ်ာ (အစိမ္းေရာင္လြင္ျပင္)
Discussion about this post