Wednesday, March 3, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

တခေတ်တခါက ကျိုက္ကဆံ မြင်းပြိုင်ကွင်း ဆိုတာ

by Thutamm
August 16, 2019
Reading Time: 1min read
0
တခေတ်တခါက ကျိုက္ကဆံ မြင်းပြိုင်ကွင်း ဆိုတာ
Share on FacebookShare on Twitter

တာမွေမြို့နယ်ထဲက ဧကပေါင်း ၁၅၀ခန့်ကျယ်ဝန်းတဲ့ ကျိုက်က္ကဆံကွင်းဟာ တစ်ချိန်က အထင်ကရနေရာတစ်ခု ဖြစ်ခဲ့ပါတယ်။ ကိုလိုနီခေတ်ရန်ကုန်မှာ မြို့ပေါ်က အထက်တန်းလွှာတွေအနေနဲ့ အပတ်စဉ် ပိတ်ရက်တိုင်း တွေ့ဆုံဖြစ်ကြတာကတော့ မြင်းပြိုင်ကွင်းတွေမှာပါ။ မြင်းစီးအားကစားကို အင်္ဂလိပ်လူမျိုးများက ၂၀ ရာစုအစောပိုင်းမှာ ရန်ကုန်မြို့ပေါ်ကို ယူသွင်းလာကြတာဖြစ်ပါတယ်။

မြင်းစီးအားကစားနဲ့ မြင်းပြိုင်ကွင်းတွေကို သွားရောက်တာဟာ ဂုဏ်သရေရှိမိသားစုများသာ ပြုလုပ်တဲ့ အထိမ်းအမှတ်တစ်ခုအဖြစ်လည်း သတ်မှတ်ကြပါတယ်။ ဒုတိယကမ္ဘာစစ်ကြီး မတိုင်ခင် ကာလတွေမှာ ရန်ကုန်က လူချမ်းသာများဟာ ကိုယ်ပိုင်မြင်းတွေကို ဝယ်ယူပြီး ပရော်ဖက်ရှင်နယ် မြင်းစီးသမား (ဂျော်ကီ) များကို စီးနင်းစေကာ ပြိုင်ပွဲဝင်တဲ့အလေ့အထတစ်ခုရှိကြပါတယ်။

လက်ရှိ ကျိုက္ကဆံ မြင်းပြိုင်ကွင်းဟာ ကိုလိုနီခေတ်များအတွင်းက Rangoon Turf Club လို့ခေါ်တွင်တဲ့ မြင်းပြိုင်ကွင်းတစ်ခုပါ။ ၁၈၈၇ နှစ်မှာ စတင်တည်ထောင်ခဲ့တာဖြစ်ပြီး ယခင်က မိုင်ဒါကွင်းနေရာမှာထားရှိခဲ့ပါတယ်။ နာမည်ကျော် သဌေးကြီး လင်ချင်းချောင်းက ဒီကလပ်ရဲ့ ဥက္ကဌဖြစ်ခဲ့ပါသေးတယ်။

၁၉၂၆ မှာတော့ ပြိုင်ကွင်းကို ကျိုက္ကဆံသို့ ပြောင်းရွှေ့ခဲ့ပါတယ်။ ကျိုက္ကဆံမြင်းပြိုင်ကွင်းကို အချိန် ၇ နှစ် ကြာအောင် တည်ဆောက်ခဲ့တာ ဖြစ်ပါတယ်။ ကိုလိုနီခေတ်က လူဖြူများသာ သွားလာကြတဲ့ အခြားသော ကလပ်များနဲ့ မတူတာကတော့ Turf Club ဟာ လူဖြူမဟုတ်သူများကိုပါ ဝင်ခွင့်ပေးတာပါပဲ။

ကျိုက္ကဆံကွင်းလို့ နာမည်တွင်ရခြင်းကတော့ ကျိုက္ကဆံဘုရား နဲ့ ဆက်စပ်ပြီးပေးခြင်းဖြစ်တယ်လို့ ဆိုကြပါတယ်။ ကိုလိုနီခေတ်သာမက လွတ်လပ်ရေးရခါစ အချိန်တွေအထိ မြင်းပြိုင်ပွဲတွေဟာ အလွန် ခေတ်စားခဲ့ပါတယ်။ မြင်းပြိုင်ကွင်းရဲ့ မနီးမဝေးမှာ သူဌေးကြီးတွေဟာ ခြံအကျယ်ကြီးတွေနဲ့ ပြိုင်မြင်းပေါင်းများစွာကို မွေးမြူလေ့ကျင့်ခဲ့ကြပါတယ်။ အနိုင်ရတဲ့ မြင်းတွေ ၊ ဂျော်ကီ(မြင်းစီးသမား) တွေဟာ အလွန်မျက်နှာပွင့်ပါသတဲ့။

ရုရှားခေါင်းဆောင် ဂေါဗာချော့ဗ် မြင်းပွဲလာကြည့်တုန်းက ဘရင်လေး(ဂျေ်ာကီ) ပြိုင်ပြတာကို သဘောကျလွန်းတာကြောင့် “ခင်ဗျားကို ရုရှားနိုင်ငံသားပေးချင်တယ်ဗျာ ၊ ဒါပေမယ့်ဟိုမှာ မြင်းပြိုင်ပွဲတွေမရှိတော့ ခင်ဗျားအလုပ်လက်မဲ့ ဖြစ်သွားမှာဗျ” လို့ အရွှန်းဖောက် ပြောဆိုခဲ့ဖူးပါတယ်။

မြင်းပွဲများကြည့်ရင်း မြင်းလောင်း(မြင်းပွဲထိုး)သည့် ဓလေ့မှာလည်း အလွန်ခေတ်စားခဲ့ဖူးပြီး မြင်းပြိုင်ပွဲများကျင်းပရာ တနင်္ဂနွေနေ့များမှာ အလွန်လူစည်တတ်ပါတယ်။ တချို့ဆိုလျှင်မြင်းလောင်းခြင်းကို အလွန်ဝါသနာပါရာမှ စည်းစိမ်ပြုတ်သွားတဲ့သူတွေလည်း မနည်းမနောရှိခဲ့ပါတယ်။ နှစ်ပေါင်းများစွာ မြင်းပွဲများကျင်းပလာခဲ့ပေမယ့် မဆလ အစိုးရတက်လာပြီးခဲ့တဲ့နောက် ဆိုရှယ်လစ်လမ်းစဉ်နဲ့ မကိုက်ညီဘူး ဆိုကာ မြင်းပွဲများကိုပိတ်လိုက်ရာမှ မြင်းပြိုင်ပွဲများ ရပ်တန့်သွားရပါတော့တယ်။

၁၉၇၄ ခုနှစ် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ဟောင်း ဦးသန့် ကွယ်လွန်ချိန်မှာ ကျန်ရှိတဲ့ ရုပ်အလောင်းကို လူအများကြည့်ရှုနိုင်အောင် အစိုးရအာဏာပိုင်များက မြင်းပြိုင်ကွင်းထဲကို သယ်ဆောင်ထားရှိခဲ့တဲ့ သမိုင်းဖြစ်ရပ်တွေ တည်ရှိခဲ့တဲ့နေရာလည်းဖြစ်ပါတယ်။ ယခုတော့ အားကစားနှင့် ကာယသိပ္ပံရှိနေပြီး ၊ တခါတရံ ပျော်ပွဲရွှင်ပွဲ အခမ်းအနားတွေကို ကျင်းပရာနေရာ အဖြစ်ပဲ တည်ရှိနေပါတော့တယ်။

Yangon Heritage Trust မှ

 

Tags: myanmar places

Related Posts

ကမ္ဘာပေါ်က သက်တမ်းအရှည်ဆုံး ဟိုတယ်
Places

ကမ္ဘာပေါ်က သက်တမ်းအရှည်ဆုံး ဟိုတယ်

ဟိုတယ် ဆိုတာဟာ အပန်းဖြေ နားခိုဖို့အပြင် အစားအစာနဲ့ အခြားဝန်ဆောင်မှုတွေ ရရှိနိုင်တဲ့ နေရာတခုဆိုတာ အားလုံးသိပြီးသားပါ။ ဟိုတယ်တွေဟာ အလွန်ဆုံးအနေနဲ့ ဒီဘက် ရာစုနှစ်တွေမှာမှ စတင်ပေါ်ပေါက်လာတာ လို့ ထင်စရာရှိပေမယ့် ကမ္ဘာပေါ်က အစောဆုံးဟိုတယ်အဖြစ် သတ်မှတ်ခံထားရတဲ့ ဒီဟိုတယ်ကတော့...

ကမ္ဘာတလွှား အလှပဆုံးသော ရေခဲဂူများ
Amazing

ကမ္ဘာတလွှား အလှပဆုံးသော ရေခဲဂူများ

ရေခဲပြင်လိုဏ်ဂူများ Glacier Cave များသည် ရေခဲမြစ်များအတွင်းရှိသော ဖွဲ့စည်းမှု ပုံစံတမျိုးဖြစ်ပြီး အများစုက ရေခဲဂူများဟု အလွယ်တကူပင်ခေါ်လေ့ရှိသည်။ ဂူအမျိုးအစားများစွာအနက်က တမျိုးဖြစ်ပြီး တနှစ်ပတ်လုံးရေခဲနေတတ်သော ရခဲမြစ်များအောက်ရှိ ကျောက်သားလိုဏ်ဂူများကိုလည်း ရေခဲဂူဟုပင် ခေါ်ကြလေ့ရှိသည်။ ရေခဲဂူအများစုမှာ ရေခဲမြစ်၏ အောက်ခြေတွင်...

ကမ္ဘာ့အကြီးဆုံး အားကစားကွင်းကြီးများ
Knowledge

ကမ္ဘာ့အကြီးဆုံး အားကစားကွင်းကြီးများ

အရင်တခါကတော့ ကမ္ဘာ့အကြီးဆုံး ဘောလုံးကွင်းကြီး ၁၀ ခု ရဲ့ အကြောင်းကို တင်ခဲ့ပြီးပါပြီ။ ဒီတခါတော့ ပရိသတ်ဝင်ဆံ့မှုအရ ကမ္ဘာ့အကြီးဆုံး အားကစားကွင်းကြီး ၅ ခုရဲ့ အကြောင်း ကို ထပ်ပြီးတော့ ဝေမျှလိုက်ပါတယ်။ အားကစား ဆိုတဲ့အတွက်ကြောင့်...

မြန်မာပြည်မြောက်ဖျားက ဆီနှင်းများ ဖုံးလွှမ်းနေတဲ့ ရွာကလေး
Places

မြန်မာပြည်မြောက်ဖျားက ဆီနှင်းများ ဖုံးလွှမ်းနေတဲ့ ရွာကလေး

ရေးသားသူ - Wai Lin Photo - Sar Aung Marphang မြန်မာပြည်အစွန်အဖျားမှာ ဆီနှင်းတွေ အမြဲဖုံးလွှမ်းနေတဲ့ ရွာလေးတစ်ရွာရှိပါတယ်။ သွားရေလာရေးခက်ခဲပေမယ့် ဥရောပလို လှပတဲ့ ဆီနှင်းတွေရှိတဲ့ ရွာလေးပါ။ ရွာနာမည်က ရှိန်းခေါင်ဖြစ်ပြီး လူဦးရေ ၁၅၀၀...

Next Post
ကမ္ဘာကျော် ခရီးသည်ကြီး မာကိုပိုလို

ကမ္ဘာကျော် ခရီးသည်ကြီး မာကိုပိုလို

Discussion about this post

No Result
View All Result

Categories

Tag

amazing ancient knowledge animals architecture buddhism buddhism monk chemistry cities countries empires feeling health health knowledge history inventions kaung htet knowledge military motivation myanmar history myanmar knowledge myanmar people myanmar places news pagodas photos places planets plants rivers science science knowledge Sport Sport people successful tech thinking tips world actors world companies world history world knowledge world news world people world places

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!