Saturday, February 27, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

တစ်ရက်အတွင်း မယုံနိုင်စရာ ပြောင်းလဲသွားတဲ့ မြန်မာအပါအဝင် ကမ္ဘာ့နေရာများ

by Thutamm
August 6, 2019
Reading Time: 2min read
0
တစ်ရက်အတွင်း မယုံနိုင်စရာ ပြောင်းလဲသွားတဲ့ မြန်မာအပါအဝင် ကမ္ဘာ့နေရာများ
Share on FacebookShare on Twitter

ကမ္ဘာကြီးမှာ ၂၄နာရီအတွင်း ဘာမဆိုဖြစ်နိုင်တယ် ၊ ပြောင်းလဲသွားနိုင်တယ်ဆိုတာ အားလုံးသိပြီးသားပါ။ ဘယ်လောက်ကြာရှည်ခဲ့တယ် ဘယ်လောက်ခိုင်ခန့်ပါတယ် ၊ ဘိလပ်မြေနဲ့တည်ဆောက်ထားတဲ့လမ်းမကြီး တွေ ၊ သံမဏိအဆောက်အဦးကြီးတွေသာမက နှစ်ပေါင်းကြာရှည်စွာတည်တံ့ခဲ့တဲ့ မီးတောင်လို သဘာဝနေရာတွေတောင် မျက်စိတစ်မှိတ်အတွင်း ပြောင်းလဲပျက်စီးသွားနိုင်ပါတယ်။

အခုပုံရိပ်တွေကတော့ တစ်ရက်တာအတွင်း ကမ္ဘာကြီးရဲ့နေရာတချို့ဟာ မယုံနိုင်လောက်အောင် ပြောင်းလဲသွားပုံကို နှိုင်းယှဉ်ပြထားတာပါ။

ဘာတွေဘယ်လောက်ပြောင်းလဲသွားသလဲ..ကြည့်လိုက်ရအောင်။

၁၀။ စိန့်ဟယ်လင်မီးတောင်ပေါက်ကွဲမှု

စိန့်ဟယ်လင်ဆိုတာ အမေရိကန်နိုင်ငံ ဝါရှင်တန်မြို့အနီးက လူသိများတဲ့မီးတောင်ကြီးဖြစ်ပါတယ်။ ဒီမီးတောင်ကြီးဟာ ၁၉၈၀ခုနှစ် နွေဦးမှာပေါက်ကွဲခဲ့ပါတယ်။ ဒီမီးတောင်ပေါက်ကွဲမှုဟာ အလွန်ပြင်းထန်ခဲ့ပြီး ပြာတွေဟာ ၁၅မိုင်အမြင့်ထိ မြင့်တက်ခဲ့ကာ ပြည်နယ် ၁၁ခုကို ပြာတွေပျံ့ခဲ့ပါတယ်။ လူပေါင်း ၅၇ဦး သေဆုံးခဲ့တဲ့ ဒီမီးတောင်ပေါက်ကွဲမှုကြောင့် မီးတောင်အနီးဒေသတစ်ခုလုံးဟာ ကျောက်ခဲတွေ ချော်ရည်ကျောက်တုံးတွေနဲ့ ရစရာမရှိအောင်ပျက်စီးကာ မီးတောင်ကြီးဟာလည်း ၁ရက်အတွင်း အသွင်ပြောင်းခဲ့ပါတယ်။

၉။ ချာနိုဘိုင်းနျူကလီးယားစက်ရုံပေါက်ကွဲမှု

၁၉၈၆ခုနှစ် မှာ ဖြစ်ခဲ့တဲ့ ဒီပေါက်ကွဲမှုဟာ ယူကရိန်း(အဲဒီတုန်းက ရုရှားပိုင်) နိုင်ငံချာနိုဘိုင်းမြို့နျူကလီးယားစက်ရုံမှာဖြစ်ခဲ့တာပါ။ နျူကလီးယားစွမ်းအင်အသုံးပြုမှုသမိုင်းမှာ အဆိုးရွားဆုံးဖြစ်ခဲ့ပါတယ်။ အတားအဆီးမရှိတာကြောင့် ရေဒီယိုသတ္တိကြွ နျူကလီးယားအကြွင်းအကျန်တွေဟာ ဗြိတိန် နဲ့ အမေရိကန်သို့တိုင်အောင် လွင့်စင်မျောပါခဲ့ပါတယ်။ ရုရှား ၊ ယူကရိန်း နဲ့ ဘယ်လာရုနိုင်ငံတွေက ဒီဒဏ်ကိုအခံရဆုံးဖြစ်ပါတယ်။ ဒီပေါက်ကွဲမှုကြောင့် ချာနိုဘိုင်းနဲ့ ပရီပယက်မြို့က လူပေါင်း ၂သိန်းကျော်သာ ချက်ချင်းပြောင်းပြေးခဲ့ရပြီးမြို့ပျက်ကြီးတွေဖြစ်သွားခဲ့ရပါတယ်။

၈။ ဆာဟာရက အပူချိန်ကွာခြားမှု

ဆာဟာရသဲကန္တာရဆိုတာ ကမ္ဘာပေါ်က အပူဆုံးနေရာတစ်ခုဆိုတာ အားလုံးသိပြီးသားဖြစ်မှာပါ။ အလွန်ခြောက်သွေ့တဲ့ ဒီသဲကန္တာရကြီးမှာ ပြီးခဲ့တဲ့ ဇန်နဝါရီလကတော့ နှင်းတွေကျပါသတဲ့။ ဘယ်လောက်တောင် ကျသလဲဆိုရင် ဆာဟာရနေရာတော်တော်များများမှာ နှင်းတွေကျခဲ့ပြီး တချို့နေရာတွေဆိုရင် ဆီနှင်းအထူ ၁၅လက်မတောင် ရှိပါသတဲ့။

၇။ ဂျပန်ဆူနာမီ

ပစိဖိတ်သမုဒ္ဒရာအတွင်းမှာ ပြင်းထန်တဲ့ငလျှင်ကြီးလှုပ်ခတ်မှုကြောင့် ဂျပန်နိုင်ငံ ဟွန်ရှုး အရှေ့ပိုင်းကမ်းရိုးတန်းမှာ ကြီးမားပြင်းထန်တဲ့ဆူနာမီကြီးတွေဖြစ်ပေါ်လာခဲ့ပါတယ်။ ပြင်းထန်တဲ့လှိုင်းလုံးကြီးတွေဟာ အမြင့်ပေ ၁၃၀လောက်အထိ ဖြစ်ပေါ်ခဲ့ပြီး သူသွားတဲ့လမ်းကြောင်းတစ်လျှောက်က အရာအားလုံးကို ဖျက်စီးပစ်ခဲ့ပါတယ်။ သဘာဝတရားကြီးက သူ့ရဲ့ကြီးမားတဲ့စွမ်းအင်ကို လူသားတွေကို ပြသသွားတာပဲဖြစ်ပါတယ်။

၆။ ဘာလင်တံတိုင်းကျဆုံးခြင်း

ဂျာမဏီနိုင်ငံဟာ စစ်ရှုံးပြီးတဲ့နောက်မှာ မဟာမိတ်တွေရဲ့ ခွဲဝေယူခြင်းကိုခံခဲ့ရပြီး အရှေ့ဂျာမဏီ အနောက်ဂျာမဏီဆိုပြီး နှစ်ပိုင်းပိုင်းသွားခဲ့ပါတယ်။ ဒီနှစ်ခုကို ခွဲခြားထားတာကတော့ အခိုင်အမာတည်ဆောက်ထားတဲ့ ဘာလင်တံတိုင်းကြီးပါ။ ၂၈နှစ်ကြာတဲ့အထိ ဒီတံတိုင်းကြီးဟာခိုင်မြဲစွာတည်ရှိခဲ့ပါတယ်။ ဒါပေမယ့် နောက်နေ့မနက် (၁၉၈၉ခုနှစ်)မှာတော့ ခွဲခြားမှုကိုမခံနိုင်တဲ့ ပြည်သူအားလုံးနဲ့ စစ်တပ်လက်တွဲညီစွာ ဒီတံတိုင်းကြီးကို ဖြိုချဖျက်စီးပစ်လိုက်တဲ့အခါမှာတော့ ဘာလင်တံတိုင်းကြီးဟာ ပြိုလဲပျက်စီး သွားရပါတော့တယ်။

၅။ ဟာဗေး ဟာရီကိန်းမုန်တိုင်းကြီး

၂၀၁၇ခုနှစ်တုန်းက အမေရိကန် တက္ကဆက်ပြည်နယ်မှာ ဟာဗေးလို့အမည်ရတဲ့ မုန်တိုင်းကြီးတိုက်ခိုက်ခဲ့ပါတယ်။ ရလဒ်အဖြစ် အဲဒီဒေသတစ်ခုလုံး မိုးသည်းထန်စွာရွာသွန်းကာ တစ်ရက်အတွင်း ရေကြီးရေလျံမှုတွေဖြစ်ခဲ့ရပါတယ်။ ဒီနေ့သာယာနေ့တဲ့မြို့ကြီးဟာ နောက်တစ်ရက်မှာ ရေကြီးရေလျံနဲ့ ထိတ်လန့်စရာမြို့အသွင်ပြောင်းလဲသွားတာ ယုံနိုင်စရာမဟုတ်ပေမယ့် တကယ်ဖြစ်ခဲ့ရပါတယ်။

၄။ ဟေတီငလျှင် ၊ ၂၀၁၀

၂၀၁၀ မှာဖြစ်ခဲ့တဲ့ ဒီငလျှင်ကြီးဟာ အသေအပျောက် အပျက်အစီး အများဆုံး ငလျှင်တွေထဲကတစ်ခုလို့ ဆိုရမှာပါ။ ပြင်းအား ရစ်ချ်တာစကေး ၇.၀ ရှိတဲ့ငလျှင်ကြီးအပြင် ၊ ပြင်းအား ၄.၅ ရှိတဲ့ငလျှင်ပေါင်း ၅၂ခု လှုပ်ခြင်းကိုခံခဲ့ရတာပါ။ လူပေါင်း ၃သိန်းကျော်သေဆုံးခဲ့ကာ ၁သန်းကျော် အိုးအိမ်မဲ့ဖြစ်ခဲ့ရပါတယ်။ နေအိမ်ပေါင်း ၂သိန်းခွဲကျော် နဲ့ စီးပွားရေးအဆောက်အဦးပေါင်း ၃သောင်းခန့်ကို ပျက်စီးစေခဲ့ပါတယ်။ သဘာဝဘေးကို လူတွေဘယ်လိုမှ ဟန့်တားလို့မရကြောင်း ပြသခဲ့တာပါ။

၃။ အိန္ဒိယ သမုဒ္ဒရာငလျှင်

အိန္ဒိယ သမုဒ္ဒရာငလျှင်ဟာ ၂၀၀၄ခုနှစ်တုန်းက အင်ဒိုနီးရှားနိုင်ငံ ဆူမတြားကျွန်းနားမှာ ဖြစ်ပေါ်ခဲ့တာပါ။ ကြီးမားပြင်းထန်လွန်းပြီး ဆူနာမီများစွာကိုဖြစ်ပေါ်စေခဲ့တဲ့ အတွက် နိုင်ငံပေါင်းများစွာဟာ ဆူနာမီဒါဏ်ကိုခံစားခဲ့ရပါတယ်။ အကြီးမားဆုံးဆူနာမီအဖြစ်လည်းမှတ်တမ်းဝင်ခဲ့ကာ လူပေါင်း ၂သိန်းကျော်ကို သေစေခဲ့ပါတယ်။ ပြင်းထန်လွန်းတဲ့အတွက် အရှေ့တောင်အာရှ ၊ အာရှနိုင်ငံများသာမကတောင်အာဖရိကလို အဝေးကြီးကနိုင်ငံတွေကိုပါ ဆူနာမီလှိုင်းလုံးကြီးတွေရောက်ရှိခဲ့ပါတယ်။ ယခုပုံကတော့ အင်ဒိုနီးရှားနိုင်ငံ Banda Aceh မြို့ရဲ့ ဆူနာမီ မဖြစ်ခင် နဲ့ဖြစ်ပြီး ၁ရက်အကွာက ပုံဖြစ်ပါတယ်။

၂။ မုန်တိုင်းကြီး ကပ်ထရီနာ

အမေရိကန်သမိုင်းတစ်လျှောက် အဆိုးရွားဆုံးပျက်စီးစေခဲ့တဲ့ မုန်တိုင်းတစ်ခုဖြစ်ခဲ့ပါတယ်။ ၂၀၀၅ခုနှစ် နယူးအော်လန်ပြည်နယ်မှာ ဖြစ်ပွားခဲ့ပြီး မြို့ပေါင်းများစွာကိုရေကြီးရေလျံဖြစ်ကာ အိုးအိမ်အဆောက်အဦးများစွာကို ဖျက်စီးပစ်ခဲ့ပါတယ်။ လေတိုက်နှုန်းလည်း အလွန်ပြင်းထန်ပြီး တစ်နာရီ၁၇၅မိုင်နှုန်းအထိတောင်ပြင်းထန်ခဲ့ပါတယ်။ ဒီမုန်တိုင်းကြီးဖျက်စီးခဲ့တဲ့အပျက်အစီးစုစုပေါင်းရဲ့ခန့်မှန်းခြေတန်ဖိုးက ၁၂၅ဘီလျံတောင် ရှိခဲ့ပါသတဲ့။

၁။ နာဂစ်မုန်တိုင်း

မြန်မာနိုင်ငံသမိုင်းတွင် အဆိုးရွားဆုံး သဘာဝဘေးအန္တရာယ်ဖြစ်ခဲ့ပြီး ၂၀၀၈ခုနှစ် မေလမှာ ဖြစ်ပွားခဲ့တာပါ။ လူပေါင်း သိန်းနဲ့ချီသေဆုံးခဲ့ကာ သန်းနဲ့ချီအိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရပါတယ်။ လေတိုက်နှုန်း ၁နာရီကို ၁၀၅မိုင်နှုန်းအထိရှိခဲ့ပြီး တချို့ရွာများဆိုလျှင် ရွာလုံးကျွတ်ပျောက်ခဲ့သည်အထိ ဖျက်စီးပစ်ခဲ့ပါတယ်။ ပျက်စီးဆုံးရှုံးမှုတန်ဖိုး အမေရိကန် ၁၀ဘီလျံတန်ဖိုး ခန့်ရှိခဲ့ပါတယ်။ ၁၀နှစ်ခန့်ကြာသွားပြီဖြစ်ပေမယ့် မြစ်ဝကျွန်းပေါ်ဒေသက လူတွေအတွက် ယနေ့တိုင်မမေ့နိုင်သေးတဲ့ ဖြစ်ရပ်ဆိုးကြီးတစ်ခုဖြစ်နေဆဲပါ။

Ref:
Bright Side

Tags: amazingworld knowledge
Next Post
သင်္ကြန်ရဲ့ သမိုင်းကြောင်း

သင်္ကြန်ရဲ့ သမိုင်းကြောင်း

Discussion about this post

No Result
View All Result

Categories

Tag

amazing ancient knowledge animals architecture buddhism buddhism monk chemistry cities countries empires feeling health health knowledge history inventions kaung htet knowledge military motivation myanmar history myanmar knowledge myanmar people myanmar places news pagodas photos places planets plants rivers science science knowledge Sport Sport people successful tech thinking tips world actors world companies world history world knowledge world news world people world places

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!