Wednesday, March 3, 2021
  • Login
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
  • Home
  • news
  • Knowledge
  • People
  • Places
  • History
  • Amazing
  • Successful
  • Science & Tech
  • Thinking
  • Health
No Result
View All Result
Thutazone
No Result
View All Result

တစ်နှစ်မှာ (၆၅)ရက်ခန့် နေကို မမြင်ရတဲ့မြို့

by Thutamm
November 19, 2019
Reading Time: 1min read
0
တစ်နှစ်မှာ (၆၅)ရက်ခန့် နေကို မမြင်ရတဲ့မြို့
Share on FacebookShare on Twitter

အမေရိကန်ပြည်ထောင်စု၊ Alsaka ပြည်နယ်အတွင်းက Utqiagvik မြို့လေးဟာ ရုတ်တရက်ကြည့်လိုက်မယ်ဆိုရင် အာတိတ်စက်ဝိုင်းအတွင်းကမြို့လေး တစ်မြို့ နဲ့တူညီပါတယ်။ ကမ္ဘာပေါ်ကအအေးဆုံးနေရာတွေအနက်က တစ်ခုဖြစ်တဲ့ Utqiagvik ဟာ နှင်းတွေနဲ့အစဉ်ဖုံးလွှမ်းလျက်ရှိနေတဲ့အပြင် သူရဲ့ကောင်းကင်ပြင်ကလည်း တစ်နှစ်ပတ် လုံးနီးပါး မှောင်ရိပ်သန်းနေပါတယ်။ Utqiagvikမြို့ရဲ့ဧရိယာစုစုပေါင်း ဟာ (၂၁.၄၈)စတုရန်းမိုင် ရှိပြီး ကုန်းမြေ(၁၈.၇၇)စတုရန်းမိုင်နဲ့ ရေပြင်(၂.၇၁)စတုရန်းမိုင် ရှိပါတယ်။ ပင်လယ်ရေပြင်အထက် (၁၀)ပေသာမြင့်ပြီး လူဦးရေသိပ်သည်းဆကတော့ (၁)စတုရန်းမိုင်မှာ (၂၃၉)ဦးနေထိုင်ကြပါတယ်။

အမေရိကန်ပြည်ထောင်စုက နေရာအများစုနဲ့ ရေမြေသဘာဝမတူညီပေမဲ့ ဒီမြို့လေးမှာ နေထိုင်သူဦးရေက ၄၅၀၀ခန့် ရှိပြီး အများစုကတော့ Alsakan ဒေသ ခံမျိုးနွယ်စုတွေပဲဖြစ်ကြပါတယ်။ Alsakan တွေဟာ ကမ္ဘာကြီးရဲ့မြောက်ဘက်အကျဆုံး လူအဖွဲ့အစည်းတွေအနက်ကတစ်ခုဖြစ်ပြီး Utqiagvikမြို့လေးကတော့ မြောက်ဝင်ရိုး စွန်းနဲ့အတော်လေးဝေးကွာနေပါသေးတယ်။

ဒါပေမဲ့ အမေရိကန်ပြည်ထောင်စုရဲ့အခြား သောမြို့တွေနဲ့နှိုင်းယှဉ်မယ်ဆိုရင်တော့ Utqiagvikဟာ မြောက်ဘက်အကျဆုံးအပိုင်း မှာရှိနေပါတယ်။ ဒေသခံတွေဟာလည်း ဒီအချက်အပေါ်ဂုဏ်ယူနေကြပြီး မီဒီယာတွေထက်မှာ သူတို့ရဲ့ ဇာတိ မြို့လေး Utqiagvikကို The Northernmost American City အဖြစ်ခေါင်းစဉ်တပ်လေ့ရှိပါတယ်။

အရင်တုန်းကတော့ ဒီမြို့ကို Barrow လို့ခေါ်ခဲ့ပြီး North Slope Borough အပိုင်းရဲ့ အဓိကစီးပွားရေးဇုံအဖြစ်တည်ရှိနေပါတယ်။ မြို့ရဲ့အဓိကစီးပွားရေးလုပ်ငန်းကတော့ ရေနံတူးဖော်ရေးလုပ်ငန်း၊ခရီးသွားလုပ်ငန်း၊တို့ဖြစ်ကြပြီး အစိုးရဝန်ထမ်းများစွာလည်း ရှိနေကြပါတယ်။ သူစိမ်းဧည့်သည်တစ်ယောက်အဖို့ ဒီနေရာကိုရောက်ခဲ့ရင်တော့ အများဆုံး မေးလေ့ရှိတဲ့ မေးခွန်းက မြောက်ဝင်ရိုးစွန်းနဲ့ အတော်လေးဝေးကွာနေပါလျက် ဘာကြောင့်ဝင်ရိုးစွန်းဆန်တဲ့ ရာသီဥတုမျိုးဖြစ်ပေါ်နေတာလဲဆိုတာသာ ဖြစ်ပါတယ်။

Utqiagvikဟာ အာတိတ်ဒေသကမြို့တွေနဲ့ ဘာကြောင့်တူညီနေတာလဲဆိုရင်တော့ နေရောင်ခြည်ကျရောက်ချိန် ကွဲပြားမှုကြောင့်ဖြစ်ပေါ်တဲ့ ဖြစ်တောင့်ဖြစ်ခဲ သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ ပြောင်းလဲမှုဖြစ်စဉ်အချို့ကြောင့်ဖြစ်ပါတယ်။ ဒီထဲကထင်ရှားတဲ့ အကြောင်းအရာတစ်ခုကိုပြသပါဆိုရင် သန်းခေါင်ချိန်မှာနေထွက်မှု ဖြစ်စဉ်ဟာတစ်ခု အပါအဝင်ဖြစ်ပါတယ်။

ဒီဖြစ်စဉ်ဟာအာတိတ်စက်ဝိုင်းရဲ့ နွေကာလတွေမှာ အမြဲတမ်းဖြစ်ပေါ်နေတာဖြစ်ပြီး Utqiagvik မှာလည်း midnight sun(သန်းခေါင်ချိန်နေရောင်) ဖြစ်ပေါ်ပါတယ်။ ဒီအချိန်မှာ ရာသီဥတုအခြေအနေကောင်းမွန်မယ်ဆိုရင်တော့ နေဟာ(၂၄)ရီအထိ သာပြီးသန်းခေါင်ချိန်အထိ နေရောင်ကိုမြင်နိုင်မှာပါ။ အာတိတ်ဒေသကမြို့တော်ကြီး တွေမှာဆိုရင်တော့ ဒီကာလကိုရောက်ချိန်တိုင်းမှာ ပျော်ပွဲရွှင်ပွဲအခမ်းအနားတွေကို ကျင်းပလေ့ရှိပြီး ကမ္ဘာတစ်ဝှမ်းကခရီးသွားတွေကို ဆွဲဆောင်လေ့ရှိပါတယ်။ နေဟာ သန်းခေါင်ချိန်အထိ ထိန်လင်းလျက်ရှိတာကြောင့် Magical moment အဖြစ်လည်း ညွှန်းဆိုဖော်ပြလေ့ရှိပါတယ်။

Midnight sun ဖြစ်စဉ်တစ်ခုတည်းက Utqiagvik ကို အာတိတ်ဒေသကရာသီဥတုဖြစ် စဉ်မျိုးဖန်တီးတာတော့မဟုတ်ပါဘူး။ Alaskan ကအခြားမြို့တော်ကြီးတွေနဲ့မတူတဲ့ အချက်ကတော့ Utqiagvikမြို့ဟာဆောင်းတွင်းကာလရောက်ချိန်မှာဆိုရင် ဝင်ရိုးစွန်း ဒေသကညအချိန်တွေလိုပဲ (၆၅)ရက်တိတိအမှောင်ကျတာဖြစ်ပါတယ်။ ဒါဟာ Utqiagvikရဲ့ညတစ်ညရဲ့အရှည်ဟာ (၆၅)ရက်အထိကြာမြင့်တယ်ဆိုတဲ့ သဘောမျိုး သက်ရောက်ပါတယ်။

Utqiagvik ဟာနွေရာသီရောက်ချိန်မှာတော့ midnight sun ဖြစ်စဉ်ကိုတွေ့ရမှာဖြစ်ပြီး ဆောင်းတွင်းကာလမှာတော့ (၆၅)ရက်တာအမှောင်ထုလွှမ်း တဲ့ညကိုဖြတ်သန်းရမှာပါ။ နောက်ဆုံးအကြိမ်အဖြစ်တော့ (၂၀၁၈)ခုနှစ်၊နိုဝင်ဘာ(၁၈)ရက်နေ့မှာတော့ Utqiagvik မြို့မှာနေဝင်သွားခဲ့ပြီး ဇန်နဝါရီ(၂၃)ရက်နေ့မှာသာ နေရောင်ကိုပြန်လည်မြင်ခဲ့ရပါတယ် ဒါတောင်မိုးကုတ်စက်ဝိုင်းအပြည့်ထွန်းလင်းတောက်ပခြင်းမျိုးမဟုတ်ပဲ နောက်တစ်ပတ် ကြာမြင့်မှသာ နေသာတယ်ဆိုတဲ့ရက်ကို ကြုံတွေ့ကြရတာဖြစ်ပါတယ်။

Polar night လို့လည်းသိကြတဲ့ Utqiagvik ရဲ့အမှောင်မိုက်ဆုံးကာလတွေဖြစ်တဲ့ ခရစ်စမတ်ကာလဝန်းကျင်မှာ ဆည်းဆာချိန်လိုကာလမျိုးတွေကိုတော့မြင်တွေ့ရတတ် ပါတယ်။ ဆောင်းယဉ်စွန်းချိန်ကျရောက်တဲ့ ဒီဇင်ဘာ(၂၂)ရက်နေ့လောက်ကနေစပြီး မြင်တွေ့ရတတ်တဲ့ ဆည်းဆာချိန်ကာလဟာလျော့နည်းလာလေဖြစ်ပြီး Utqiagvik ရဲ့ပုံမှန် ဆည်းဆာချိန်ကာလကတော့ (၃)နာရီမျှသာဖြစ်ပါတယ်။ ဒီမြို့ဟာ ကမ္ဘာ့တိမ်အထူထပ်ဆုံးနေရာတွေထဲမှာ တစ်ခုအပါအဝင်လည်း ဖြစ်ပါတယ်။ ရေခဲမြူတွေထူထပ်တဲ့ အဲဒီအချိန်မျိုးတွေဟာ ဒီနေရာရဲ့ ပျမ်းမျှအပူချိန်ဟာ -၃၄ဒီဂရီ ဆဲစီးယပ်စ်အထိ ကျဆင်းတတ်လေ့ရှိပါတယ်။

Utqiagvikမြို့သူ/သားတွေဟာ ပုံမှန်ဆိုရင်တော့ နေရာင်ခြည်ကို ဇန်နဝါရီလကုန် ရောက်ချိန်မှသာ ပြန်လည်မြင်တွေ့ရလေ့ရှိပါတယ်။မြို့ရဲ့ဆောင်းတွင်းကာလအများစုက တော့ အလင်းရောင်အလွန်နည်းပါးပြီး အမှောင်ထုကာလအတွင်းမှာပဲအများဆုံးနေထိုင် ကြရပါတယ်။ ယင်းနောက်မှာတော့ Utqiagvik ဒေသခံတွေဟာ မကြာခင်ကျရောက်မယ့် နွေဦးရာသီချိန်အတွက်ပြင်ဆင်ကြပြီး ကမ္ဘာတစ်ဝှမ်းမှာ ကြုံတွေ့ရလေ့နည်းပါးတဲ့ midnight sun (သန်းခေါင်ယံနေရောင်) ဖြစ်စဉ်ကိုထပ်မံကြုံတွေ့ခွင့်ရရှိပါတော့တယ်။

ဒီမြို့ကိုသွားရောက်လည်ပတ်ချင်ရင်တော့ လေယာဉ်နဲ့သွားမှပဲ ရပါလိမ့်မယ်။ ဘာလို့လဲဆိုတော့ ဒီမြို့ဟာ အခြားမြို့တွေနဲ့ ကားလမ်းဖောက်ထားခြင်း မရှိတဲ့အပြင် မြို့တွင်းလမ်းအများစုကလည်း ကြမ်းတမ်းတဲ့ ကျောက်ခင်းလမ်းတွေသာ ဖြစ်ပါတယ်။ များသောအားဖြင့် အမှောင်ကျနေတဲ့အတွက်ကြောင့် ဒီနေရာမှာ နေထိုင်တဲ့ ကုန်ကျစရိတ်ဟာ အခြားအမေရိကန်မြို့တွေရဲ့ ၃ဆနီးပါး ပိုမိုမြင့်မားတတ်ပါတယ်။ ဒါပေမယ့် ဒီနေရာမှာနေထိုင်သူတွေဟာ စီးပွားရေးကောင်းမွန်ပြီး ကြွယ်ဝသူတွေများပါတယ်။ ဒီမြို့က သာမန်လူလတ်တန်းစားတစ်ယောက်ရဲ့ နှစ်စဉ်ပျမ်းမျှဝင်ငွေဟာ ဒေါ်လာ ၈၀၀၀၀ ခန့်ရှိပါတယ်။

အာတိတ်ဒေသ(တစ်နည်းပြောရရင်)မြောက်ဝင်ရိုးစွန်းဒေသနဲ့ အလွန်ဝေးကွာစွာတည် ရှိနေပေမဲ့ ယင်းဒေသကဲ့သို့သော ရာသီဥတုဖြစ်စဉ်မျိုးဖြစ်ပွားနေတဲ့ အမေရိကန် ပြည်ထောင်စုအတွင်းက Utqiagvik မြို့လေးဟာ ရေခံမြေခံ၊သဘာဝဝန်းကျင် သာယာမှု မရှိပေမယ့် ဒီလိုအထူးအဆန်းရာသီဥတုဖြစ်ရပ်တွေ ပုံမှန်နဲ့မတူတဲ့ နေဝင် နေထွက်ချိန်တွေကြောင့် လာရောက်လည်ပတ်သူများပြားတဲ့ မြို့လေးဖြစ်ပါတယ်။ ဒီမြို့ရဲ့ Polar night ကို အခြေခံပြီး ရိုက်ကူးထားတဲ့ 30 Days of Night ဆိုတဲ့ horror အမျိုးအစား ရုပ်ရှင်တစ်ကားလည်း ထွက်ခဲ့ဖူးပါတယ်။

VIDEO – Last sunset of season for Barrow, Alaska

Ref:
CNN Travel :This Alaskan town won’t see the sun for 65 days
Wikipedia – Utqiagvik, Alaska

Tags: world places

Related Posts

ကမ္ဘာပေါ်က သက်တမ်းအရှည်ဆုံး ဟိုတယ်
Places

ကမ္ဘာပေါ်က သက်တမ်းအရှည်ဆုံး ဟိုတယ်

ဟိုတယ် ဆိုတာဟာ အပန်းဖြေ နားခိုဖို့အပြင် အစားအစာနဲ့ အခြားဝန်ဆောင်မှုတွေ ရရှိနိုင်တဲ့ နေရာတခုဆိုတာ အားလုံးသိပြီးသားပါ။ ဟိုတယ်တွေဟာ အလွန်ဆုံးအနေနဲ့ ဒီဘက် ရာစုနှစ်တွေမှာမှ စတင်ပေါ်ပေါက်လာတာ လို့ ထင်စရာရှိပေမယ့် ကမ္ဘာပေါ်က အစောဆုံးဟိုတယ်အဖြစ် သတ်မှတ်ခံထားရတဲ့ ဒီဟိုတယ်ကတော့...

ကမ္ဘာတလွှား အလှပဆုံးသော ရေခဲဂူများ
Amazing

ကမ္ဘာတလွှား အလှပဆုံးသော ရေခဲဂူများ

ရေခဲပြင်လိုဏ်ဂူများ Glacier Cave များသည် ရေခဲမြစ်များအတွင်းရှိသော ဖွဲ့စည်းမှု ပုံစံတမျိုးဖြစ်ပြီး အများစုက ရေခဲဂူများဟု အလွယ်တကူပင်ခေါ်လေ့ရှိသည်။ ဂူအမျိုးအစားများစွာအနက်က တမျိုးဖြစ်ပြီး တနှစ်ပတ်လုံးရေခဲနေတတ်သော ရခဲမြစ်များအောက်ရှိ ကျောက်သားလိုဏ်ဂူများကိုလည်း ရေခဲဂူဟုပင် ခေါ်ကြလေ့ရှိသည်။ ရေခဲဂူအများစုမှာ ရေခဲမြစ်၏ အောက်ခြေတွင်...

ကမ္ဘာ့အကြီးဆုံး အားကစားကွင်းကြီးများ
Knowledge

ကမ္ဘာ့အကြီးဆုံး အားကစားကွင်းကြီးများ

အရင်တခါကတော့ ကမ္ဘာ့အကြီးဆုံး ဘောလုံးကွင်းကြီး ၁၀ ခု ရဲ့ အကြောင်းကို တင်ခဲ့ပြီးပါပြီ။ ဒီတခါတော့ ပရိသတ်ဝင်ဆံ့မှုအရ ကမ္ဘာ့အကြီးဆုံး အားကစားကွင်းကြီး ၅ ခုရဲ့ အကြောင်း ကို ထပ်ပြီးတော့ ဝေမျှလိုက်ပါတယ်။ အားကစား ဆိုတဲ့အတွက်ကြောင့်...

မြန်မာပြည်မြောက်ဖျားက ဆီနှင်းများ ဖုံးလွှမ်းနေတဲ့ ရွာကလေး
Places

မြန်မာပြည်မြောက်ဖျားက ဆီနှင်းများ ဖုံးလွှမ်းနေတဲ့ ရွာကလေး

ရေးသားသူ - Wai Lin Photo - Sar Aung Marphang မြန်မာပြည်အစွန်အဖျားမှာ ဆီနှင်းတွေ အမြဲဖုံးလွှမ်းနေတဲ့ ရွာလေးတစ်ရွာရှိပါတယ်။ သွားရေလာရေးခက်ခဲပေမယ့် ဥရောပလို လှပတဲ့ ဆီနှင်းတွေရှိတဲ့ ရွာလေးပါ။ ရွာနာမည်က ရှိန်းခေါင်ဖြစ်ပြီး လူဦးရေ ၁၅၀၀...

Next Post
ပုဂံက မလာဖြစ်ဂူဘုရား နဲ့ မလုံးဖြစ်ဂူဘုရား

ပုဂံက မလာဖြစ်ဂူဘုရား နဲ့ မလုံးဖြစ်ဂူဘုရား

Discussion about this post

No Result
View All Result

Categories

Tag

amazing ancient knowledge animals architecture buddhism buddhism monk chemistry cities countries empires feeling health health knowledge history inventions kaung htet knowledge military motivation myanmar history myanmar knowledge myanmar people myanmar places news pagodas photos places planets plants rivers science science knowledge Sport Sport people successful tech thinking tips world actors world companies world history world knowledge world news world people world places

Categories

  • Amazing
  • Buddhism
  • Feeling
  • Health
  • History
  • Knowledge
  • motivation
  • news
  • None
  • People
  • Places
  • Science & Tech
  • Successful
  • Thinking
  • To Know

© 2019. Thutazone.

No Result
View All Result
  • About Us
  • Contact Us
  • Home
  • Privacy Policy

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In
error: Content is protected !!